《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-98
Advertisement
Ch-98
ရှောင်လန် အနည်းငယ်ပြင်ဆင်ထားသည်။ ပါးနှစ်ဖက် ဘရက်ပါးပါးဖျော့တော့ စွာ ဖိကပ်ထားကာ ရိုးရှင်းတဲ့ပြောင်အဝတ်အစားများသာ ဝတ်ဆင်ထားက
ပြီး ဆံပင်များသေချာဖြီးသင်ထား၏။ မျက်ခုံးနှစ်ဘက် ရိုးရှင်းစွာ ကော့တက်နေ၏။ မျက်လုံးများ ရှင်းလင်းပြီး ဝေ့သီနေကာ ဆောင်းတွင်းမြင်ကွင်းထက်ပို လန်းဆန်းသစ်လွင်၏။
အနီရောင်ဇီးပန်းပွင့်ချပ်လေးများခေါင်းထပ်ရှိနေ၏။ ဇီးပန်းပင်များဝန်းရံထားသည့် ဉယျာဉ် ထဲ အားနည်းစွာပြုံးနေပုံ က သန့်စင်ရှိးရှင်းပြီး သိပ်လှပ၏။
ရှောင်လန်ရဲ့ အလှက မောင်းမဆောင်က ကိုယ်လုပ်တော် တွေနဲ့တုနှိုင်းလို့မရဘူး။ဒါ့ကြောင့်ပဲ ရှောင်လန် နှစ်များစွာ နှစ်သက်ခံရခြင်းကျဆင်းသွားပေမဲ့ ခြိမ်းခြောက်ခြင်းခံစားရဆဲပဲလို့ ကိုယ်လုပ်တော် တွေခံစားနေရတာပဲ။ မောင်းမဆောင်ထဲကိုအသက် ၁၆ နှစ်တည်းကဝင်ရောက်ခဲ့ပြီး အခု အသက် ၂၀ ကျော်ပြီ။အမှန်ပြောရရင် သူ့ နှစ်လိုဖွယ်အလှကို တခြားသူ ဘယ်လိုလုပ် ခုခံနိုင်မည်လဲ?
လူတိုင်းအပေါ် ခံစားချက်တွေမသေချာတာတောင်မှ ဧကရာဇ်လင်း သူမအလှအပေါ် သေချာပေါက် လှုပ်ရှားသွားခဲ့သည်။
အကြည့်တစ်ချက်နဲ့တင် သူမ ကို မရင်းနှီးပုံရသည်။ ရင်ထဲက ရူပ်ထွေးသည့်ခံစားချက်ကြောင့် စိတ်ရူပ်သွား၏။ သူ့မောင်းမဆောင်ထဲ ဒီလိုလှပတဲ့ ကိုယ်လုပ်တော်တကယ်ရှိလောက်တာဖြစ်နိုင်ပေမဲ့သူ မမြင်ဖူးလောက်ဘူး။
"မင်း က ဘယ်သူလဲ?"
ရှောင်လန် ညင်သာစွာတီးတိုး "ရှောင်လန် အရှင့်ကိုနှုတ်ဆက်ပါတယ်"
ဧကရာဇ် လင်း ပြန်စဉ်းစားကြည့်တော့ ကြင်ယာတော် ရွမ် ပြုံးပြီး "အရှင် မိန်းမပျိုလန်ကို အရှင် ကျက်သရေရှိ အမျိုးသမီး ရာထူးချီးမြှင့်ခဲ့တာ အရှင် မေ့သွားတာလား?"
ရှောင်လန်? ကျက်သရေရှိအမျိုးသမီး လန်?
ဧကရာဇ် လင်း ထပ်ကြည့်လိုက်သည်။ နောက်ဆုံးတော့ မှတ်မိသွားပြီ။
ကျက်သရေရှိအမျိုးသမီးလန်က သူ့ကိုရူးကြောင်ကြောင်သားတော် မွေးပေးတဲ့ သူဆိုတာ ပြန်တွေးမိလိုက်သည်။ သူ့မျက်နှာရုတ်တရက် နှစ်ဝင်သွား၏။
ရှောင်လန် နန်းတော်ထဲဝင်ချိန် မျှော်လင့်ထားသလို လှပပြီး စာပေများသင်ယူတဲ့ နေရာ၌ အရည်အချင်းရှိသူ ဖြစ်သည်။သို့ပေမဲ့ သူ့ကိုယ်ရေးက စိတ်ကျေနပ်ဖို့မကောင်းဘူး။ အမြဲတမ်းအတင်းလုပ်ယူထားတဲ့အပြုံးတို့တပ်ဆင်ထားသည်။ ဒါကိုထည့်မတွက်ရင် သူ သူမကိုအတော်လေး နှစ်သက်ခဲ့သည်။ ဒုတိယနှစ် ထဲ ရှောင်လန် မင်းသားတစ်ပါးဖွားမြင်ပေးခဲ့သည်။သိပ်ပျော်ရွှင်ခဲ့ပြီး ဧကရာဇ် လင်းသူ့ကို ကျက်သရေရှိအမျိုးသမီးလန် ဘွဲ့ကိုအပ်နှင်းချီးမြှင့်ခဲ့သည်။
နိုင်ငံရေးဂယက်ရိုက်တာတွေ မရှိရင် နောက်နှစ်ကျရင် ကိုယ်လုပ်တော် ရာထူးထိ ပေးဖို့တွေးထားခဲ့သည်။ အားလုံးခြုံပြောရရင် ရှောင်လန်ရဲ့ဖခင်က အရေးမပါသည့် ရာထူးတစ်ခု ရှိသူဖြစ်သည်။ ကျက်သရေရှိအမျိုးသမီး ဘွဲ့ကိုချီးမြှင့်ပေးတာ နဲ့တင်မတန်မဆဖြစ်နေပြီ။ စဉ်းစားကြည့်ရရင် ရှောင်လန် အင်ပါယာနန်းဆောင်ထဲဝင်ခဲ့တာ ၂ နှစ်ပဲရှိသေးတယ်။
သို့ပေမဲ့ ကလေးက တဖြေးဖြေး ကြီးလာတော့ ရူးကြောင်ကြောင်အပြုအမူတွေ စတင်ပေါ် ပေါက်လာခဲ့သည်။ လမစေ့ပဲ မွေးဖွားခဲ့သည်လို့တွေးရင်တောင် ကလေးအခြေအနေ အားနည်းရမည်လေ ဘယ်လိုကြောင့် အရူးတစ်ယောက်ဖြစ်သွားရသည်လဲ?
ဧကရာဇ် လင်းလို နာမည်ဂုဏ်သတင်းကိုစွဲလမ်းသူအနေနဲ့ အရူးဆိုတာ သိသိကြီးနဲ့ ဘယ်လို ရပ်တည်ရမည်လဲ?
ပြောရရင်ကိုယ်လုပ်တော် များ တော်ဝင် သွေးသားကို လွယ်ပေးခြင်းက မြင့်မြတ်တဲ့သွေးများဖြစ်ပြီး ကောင်းကင်ဘုံရဲ့ အလိုတော် ရဲ့သင်္ကေတဖြစ်တယ်။ဒါ့အပြင် သူ့ကလေးတိုင်းက အရည်အချင်းရှိရမယ်။ မှတ်သားထားတက်ရမယ်။ ဘာကြောင့် ရှောင်လန် အခုလိုဖြစ်သွားရတာလဲ? သူတို့ ရှောင်လန်ကို ကံဆိုးခြင်းရဲ့လက္ခဏာတစ်ရပ်လို့ တွေးခဲ့ကြတယ်။ ကောင်းကင်ဘုံကိုတစ်နည်းနည်းနဲ့စော်ကားခဲ့လို့ကောင်းကင်ဘုံက အပြစ်ဒဏ်ခတ်လိုက်တာ။
ဧကရာဇ် လင်း ဗုဒ္ဓကိုးကွယ်သူဖြစ်တယ်။မဟုတ်ရင် ဟောင်ဂူဘုန်းကြီးကျောင်းကို သန်သန်မာမာကိုးကွယ်မည်မဟုတ်။ ရူးကြောင်ကြောင်သားရှိနေတာ မပျော်ရွှင်စေဘူး ဒီလိုစကားတွေ ထွက်လာတော့ ဒါကျိုးကြောင်းသင့်တယ်လို့တွေးမိတယ်။ဒါ့ကြောင့် ရှောင်လန်ကိုလစ်လျုရူခဲ့တည်းက မင်ယွဲ့ နန်းဆောင်ကိုဘယ်တော့မှမသွားတော့။
သို့ပေမဲ့ ထိုချိန်က ရှောင်လန် နောက်ထပ်ကိုယ်ဝန်ဆောင်ထားရချိန်ဖြစ်တယ်။ ကိုယ်ဝန် နုနုလေးရှိသေးတာ ဘယ်သူမှသတိမထားမိဘူး။ နောက်တော့ တင်ပြသူဆီက ကျက်သရေရှိရှောင်လန် သမီးတစ်ယောက်မွေးဖွားကြောင်း သတင်းရရှိခဲ့တယ်။ နှလုံးသားထဲက အထင်သေးခဲ့သည်။နောက်ထပ် အရူးတစ်ယောက်မွေးပြန်ပြီလို့တွေးခဲ့ပြီး လစ်လျုရူခဲ့သည်။ ရှောင်လန် နဲ့ ကလေးတွေကို အသိအမှတ်မပြုတာ ၅ နှစ်ကျော် ပြီ။
Advertisement
- In Serial171 Chapters
Dimensional Paradise
Awakening in a strange place, Aleen is forced to fight for his life in a strange game filled with beasts, monsters, and bloodthirsty killers. But while he tries to survive that nightmare, things more important than his life are at stake; and the safety of his loved ones will depend on how much power he can obtain.
8 236 - In Serial19 Chapters
The World Destroyer
---Warning for people with suicidal tendencies--- Life was going well for the rich, intelligent and athletic girl Pacific Hanasaki. But she suddenly decided to commit suicide because of her logical reasoning, “What’s the point of living if you already have what you want?” Yet she didn’t die at all, because Judgment Day has arrived: where God decides who goes to Heaven. He decided that he wants to bring every human to Heaven. There is an exception though, the Sinners: living people who attempted suicide. There is only one way for a Sinner to go to heaven: kill everyone and be the last one alive. In a world where no one is born and everyone will die, the Sinners are tasked to purge the Earth with the help of a companion, Angels, each with different powers. Pacific was given the Angel of Secrets, Raziel. Can Pacific successfully kill everyone and remain alive while other Sinners do the same and hunt each other down? How can she even kill other sinners? Also featuring some of my art. This is my first story so I really appreciate constructive criticism especially because I tried writing such a controversial topic. Thank you.
8 155 - In Serial10 Chapters
An Unlikely Haven
A story about a small bar inside an alley of the Imperial Capital and how it's more than what it seems to be...
8 165 - In Serial9 Chapters
The Promise of Yuuko Asahino: Volume 3
Even though it's their first day of high school, Yuuko and Yuya are already late, but things begin to change when Yuya encounters a blonde boy being pummeled to the ground. "Are you okay Luka?" Can the thoughts of two strangers have any affect on a boy who has none for himself-- “You see New Kid, a community is made of like-minded people. Like-minded people work well together, they support each other.....when someone acts out from the group, they destroy the balance." --especially in a case where someone may not want to move at all?
8 121 - In Serial28 Chapters
sewing flowers | tewkesbury ✔︎
In which a seamstress and a viscount navigate life in London together. One second, Octavia Corbynn is saving a boy from death. The next, that same boy is living with her, spraying flora fumes and working his way into her heart. -[Follows the storyline of the Netflix movie Enola Holmes from Tewkesbury's perspective, with a few added touches] Completed on 12.2.21
8 153 - In Serial10 Chapters
Missing - A Ninjago Lava Fanfiction - Sequel to Back to the Beginning [STOPPED]
After years of nothing, chaos broke in Ninjago City. Citizens have mysteriously gone missing, leaving the ninja in confusion. Weeks passed of this crisis, making the saviors feel useless, not being able to find a lead. Police have scouted the streets day in, day out, and alongside the ninja who traveled in shadows and atop rooftops. Their last adventure seemed to create consequences they never thought would snowball into something big. As a new force arises, the ninja struggle to keep up with the problems caused by their successful mission before, and the trouble being created by yet another villain.
8 98

