《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-93

Advertisement

အပိုင်း-93

လင်းချင်း ခေါင်းအနည်းငယ်ညိတ်သည်။ ရပ်နေတဲ့လူနှစ်ယောက် အဆင်ပြေ အသံ ကြားတော့ တင်းကြပ်နေသည့်မျက်ခုံးနှစ်ဖက် ပြေကျသွား၏။လင်းဖေးလု အရင်က ဒီမင်းသားအကြောင်းကြားဖူးတယ်။ လူတိုင်း သူ့ရဲ့စံပြ အပြုအမူကိုချီးကျုးကြတယ်။ ညင်သာတယ်။ ယဉ်ကျေးတယ်။ နှိမ့်ချကျိုးနွံပြီး ကြိုးစားအားထုတ်မှုရှိတယ်။ ဧကရာဇ် သူ့အရမ်းသဘောကျတာ အံ့ဩဖွယ်မဟုတ်တော့ဘူး။

လူကိုယ်တိုင်မြင်လိုက်တော့ ကောလဟာလ သေချာပေါက်အမှန်ဖြစ်ပုံရတယ်။ အိမ်ရှေ့စံ ဖြစ်သော်လည်း အထက်တန်းလွှာ လေထုမျိုးသယ်ဆောင်ထားပြီး အရမ်းနှစ်လိုဖွယ်ကောင်းကာယဉ်ကျေးတယ်။ မျက်လုံးထဲ အထက်တန်းလွှာတွေလို အထက်စီးဆန်ဆန်အောက်ငုံ့ ကြည့်တက်တဲ့မျက်လုံးမျိုး မရှိဘူး။သို့ပေမဲ့ တခြားသူကို ကြည့်တဲ့အကြည့်တိုင်း အနည်းငယ်ပြင်းထန်တယ်လို့ခံစားရတယ်။ အတွေးအများကြီးဖုံးကွယ်ထားပြီး သူ့အသက်အရွယ်နဲ့ မသင့်တော် တဲ့ ဟန်ပန်မျိုးထိန်းသိမ်းထားရတယ်။

ရှီရှင်းဂျန်ရဲ့အရင်က လှုပ်ရှားမှုနဲ့ ယှဉ်ရင် အခု ရှီရှင်းဂျန်က ပိုနာခံပြီး ရို့ကျိုးတယ်။ သူမ ရှင်းလင်းစွာစကားပြောလိုက်တယ်။

" ညီမတော် ၅ အရှင့်သားကိုနှုတ်ဆက်ပါတယ်"

လင်းဖေးလု လင်းချင်းရဲ့အပြုအမူကိုလေ့လာသလိုပဲ လင်းချင်းကလည်း သူ့ကိုလေ့လာတယ်။မျှတတဲ့နှင်းဆီရောင်ပါးနှစ်ဖက်နဲ့ ကျန်းမာရေးကောင်းမွန်တဲ့ ပန်းရောင်နှုတ်ခမ်း သွားဖွေးဖွေးလေးတွေ နဲ့ ကလေးမလေး။မျက်လုံးထဲ စိတ်အားထက်သန်မှုအပြည့်တောက်ပနေ၏။ ပြုံးလိုက်တိုင်း ပေါက်စီပါးနှစ်ဖက် ပေါ်ထွက်လာတယ်။ ပြောရရင် ချစ်ဖို့ကောင်းတဲ့ကလေးလေး။

ရှီရှင်းဂျန်က လင်းဖေးလုကိုခေါ် လာတာ မြင်တော့ မတက်နိုင်ပဲမေးတယ်။ "ရှင်းဂျန် ဒါ မင်းညီမလား?"

ရှီရှင်းဂျန် သရဲတစ်ကောင်လိုကြည့်ပြီး "ဘာ? အရှင့်သား ကိုယ့်ညီမကိုယ်မသိဘူးလား?"

လင်းချင်းအနောက်သို့ဆုတ်လိုက်ပြီး လင်းဖေးလုကိုပြန်ကြည့်တယ်။ တိတ်တဆိတ် လေးနက်စွာ တွေးနေပြီး ခေါင်းခါယမ်းလိုက်ကာ ပြုံးပြသည်။

"မင်းကိုကြည့်ရတာ တနည်းနည်းနဲ့ရင်းနှီးနေတယ်။မင်းက ငါ့အင်ပါယာညီမတော် ၅ လား?"

လင်းလေးလု နာနာခံခံနဲ့တုန့်ပြန်တယ်။ "ဟုတ်ပါတယ်။

ရှီရှင်းဂျန် လက်ပိုက်ထားရင်း ဘေးနားကနေ နှာရူံ့တယ်။ "အရှင့်သားမှာ ဒီလိုချစ်ဖို့ကောင်းတဲ့ ညီမလေး ရှိနေတာ အခုမှသိတယ်။ ကျွန်တော် အရမ်းမနာလိုဖြစ်တယ်။ ကျွန်တော့်မှာ အဲလိုညီမလေး ရှိရင် သေချာပေါက် ပွေ့ဖက်ပြီး လေပေါ် မြှောက်တိုင်းကစားမှာ"

လင်းဖေးလု "..."

လင်းချင်း"...."

ဒီကောင် သောက်ရမ်းမိုက်နေပါလား။

ကံကောင်းတာက ထိုအကြောင်းအရာဆက်မပြောတော့ခြင်းဖြစ်တယ်။ ထို့အစား မြှားအများကြီးစိုက်ဝင်နေသည့် ပစ်မှတ်ဘုတ်ပြားကိုကြည့်ပြီး လင်းချင်းကိုမေးလိုက်တယ်။ "ဒီနေ့ အပြင်မှာအေးတယ်။ အရှင့်သား ဘယ်လိုဖြစ်ပြီးတယောက်တည်းမြှားပစ်လေ့ကျင့်နေရတာလဲ?"

လင်းချင်း ပါးပါးလေးပြုံးပြီး "ရာသီဉတုအေးပေမဲ့ ငါ့လေ့ကျင့်မှု လစ်လျုရူလိုက်ဖို့ မရဲဘူး"

ရှီရှင်းဂျန် ပြုံးဖြဲဖြဲနဲ့ " ကျွန်တော် လောင်းပြီးပြောရဲတယ်။ အရှင့်သား နွေဉီးအမဲလိုက်ပွဲတော်မှာ ပထမရချင်လို့ တိတ်တဆိတ်လေ့ကျင့်နေတာ ဟုတ်တယ်မလား?'

လင်းချင်း မျက်လုံးအေးစက်သွားကာ ချက်ချင်းသာမန်လိုပြန်ဖြစ်သွား၏။ အောက်ငုံ့ကြည့်ကာ ပြုံးပြီး "ရှင်းဂျန် မင်းကတော့ စနောက်နေပြန်ပြီ"

လင်းဖေးလုရုတ်တရက် ခံစားမိတာက လင်းချင်း အုပ်ချုပ်သူတစ်ယောက်ဖြစ်လာရင် ရှီရှင်းဂျန်က သူ့လက်အောက်ငယ်သားထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်။ လင်းချင်းက သူ့ခေါင်းကိုဖြတ်ဖို့ သိပ်မကြာတဲ့အထိ မြင့်မားနေသလိုပဲ။

ရှီရှင်းဂျန်း ပိုပြောနေတာကြည့်ရင်းလင်းဖေးလု ဝတ်ရုံထဲကနေ နှာအနည်းငယ်ချေကာ သူတို့နှစ်ယောက် စကားဝိုင်းကိုနှောက်ယှက်မိသွားတယ်။ သူမကိုကြည့်ပြီး လင်းချင်းက မေးတယ်။ "ညီမတော် ၅ အအေးမိနေတာလား?"

မတက်နိုင်ပဲ ရှီရှင်းဂျန်ကိုမေးတယ်။ "ရာသီဉတုအေးတယ်။ ဘာလို့ သူမကိုဒီခေါ် လာတာလဲ?ဒီနေရာက တခြားနန်းဆောင်ထက်ပိုအေးသေးတယ်"

" ကျွန်တော့်မြင်းကြည့်ချင်တယ်ဆိုလို့ ခေါ် လာတာ။မြင်းစီးတာနဲ့ မြှားပစ်တာ သင်ပေးဖို့"

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click