《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-92

Advertisement

အပိုင်း-92

အမဲလိုက်ကွင်းအင်ပါယာနန်းတော် ရဲ့အစွန်ဘက်ခြမ်း၌တည်ရှိပြီး နန်းဆောင်တွေနဲ့အတော်လေး ဝေး၏။ လင်းဖေးလု လမ်းတစ်ဝက်မှာတင်လိုက်ဖို့ သဘောတူမိသည်အတွက်နောင်တရလာတယ်။

အေးတယ်. မျက်နှာသေးသေးရေခဲလိုအေးစက်လာသည်။ မလိုက်ချင်တော့ဘူး ဒါပေမဲ့ ရှီရှင်းဂျန် တလျှောက်လုံး အမဲလိုက်ကွင်းဆီ ဆွဲခေါ် လာတယ်.

လင်းဖေးလု ပုံမှန်လေ့ကျင့်ခန်းလုပ်ဖြစ်ပေမဲ့ ကိုယ်ခံပညာ တက်ကျွမ်းတဲ့လူနဲ့ဘယ်လိုလုပ်ယှဉ် နိုင်မှာလဲ? မကြာခင် အသက်ခပ်ပြင်းပြင်းရူသွင်းရတယ်။အေးစက်စက်လေများကြောင့် ရုတ်တရက် ချောင်းဆိုးပြီး မျက်ရည်များနှင့် နာကျင်လာ၏။

ရှီရှင်းဂျန် အလျင်စလိုလက်လွှတ်ပေးလိုက်သည်။ သူမရှေ့ဆောင့်ဆောင့်ထိုင်ချကာ သူ့အင်္ကျီနဲ့ သူမ မျက်ရည်များသုတ်ပေးပြီး "မသွားချင်ရင်လည်း မသွားတော့ဘူး။အဲလိုမငိုနဲ့!!'

လင်းဖေးလု ဒေါသတကြီး "ဘယ်သူငိုလို့လဲ!!ချောင်းဆိုးတာ!!"

ရှီရှင်းဂျန် အသံထွက်ရီတယ်။ သူမ ရှေ့ဆက်လက်ထိုင်ပြီး စနောက်တယ်။

"ငါ့ ကိုအစ်ကိုရှင်းဂျန်လို့ခေါ်။ဒါဆို မင်းကို ကုန်းပိုးခေါ် သွားမယ်"

လင်းဖေးလု ငြင်းဆန်ပြီး လစ်လျုရူလိုက်တယ်။ ဝတ်ရုံလေးလံစွာ တင်းမာသည့် ခြေထောက်များနှင့်ရှေ့ သို့လှမ်းလိုက်၏။

အမဲလိုက်ကွင်း နံရံတွေ မြင်နေရပြီ. ဒီရာသီဉတုအောက် မင်းသားများ ရံဖန်ရံခါ မြင်းစီးလေ့ကျင့်တက်တာမျိုး သိပ်မရှိ။ ထိုနေရာ၌ အစောင့်အနည်းငယ်ရှိပြီး အမဲလိုက်ကွင်း ထဲ ဘာမှမရှိပုံရတယ်။ရှီရှင်းဂျန် ရှိနေတာကြောင့် အစောင့် သေချာပေါက် သူ့ကိုမတားဘူး ဒါပေမဲ့ ဝတ်ရုံ ထူထူ ဝတ်ထားတဲ့ ကလေးလေးကိုချောင်းကြည့်ကြသည်။

သူတို့ဘာမှမရှိသည့် အမဲလိုက်ကွင်းထဲဝင်လာတော့ မြင်းစီးသံကြားရတယ်။ မကြာခင် လေလိုအရှိန်နဲ့ မြှားတစ်စင်း လင်းဖေးလု ရဲ့ အနောက်ပစ်မှတ်ဘုတ်ပြားကိုထိမှ်သွား၏။

မြှားပစ်သူကောင်ငယ်လေးက ရုတ်တရက် တစ်စုံတစ်ယောက်ထွက်လာလိမ့်မယ်လို့ မမျှော်ထားချေ။ လန့်သွားပြီး လေးကိုချိန်ရွယ်ပစ်လိုက်တာ ပြန်ရုတ်ဖို့ သိပ်နောက်ကျလွန်းသွားတာကြောင့်အော်ပြောလိုက်တယ်။

"လှုပ်ရှားတော့!!"

ထိုအခိုက်အတန့် ရှီရှင်းဂျန်ပြောတာ ကြားရတယ်။ "မကြောက်နဲ့။မင်းက ပုတယ်။!"

လင်းဖေးလု "???'

မြှား ခေါင်းပေါ် က ဖြတ်သွားပြီး ပစ်မှတ်ကို သွားထိ၏။

သူမ တကယ်ကြောက်လန့်သွား၏။ အားလုံးခြုံပြောရရင်ဒီလိုအတွေ့အကြုံမျိုးမရှိခဲ့ဖူးဘူး. ဖြေးဖြေးချင်းခေါင်းပြန်လှည့်ကြည့်တော့ ရှီရှင်းဂျန် သူမဘေး အလွန်ယုံကြည်ချက်ရှိစွာ ပြုံးဖြဲနေတာမြင်ရတယ်။

"တွေ့လား ? ငါပြောသားပဲ.မင်းက ပုတယ်လို့!!"

ရှီးရှင်းဂျန်စနောက်နေသေးပေမဲ့ မြှားက သူမကိုလုံးဝမမှန်တာ အလွန်ယုံကြည်ချက်ရှိနေလို့ဖြစ်တယ်။

ငယ်ရွယ်တဲ့မြှားပစ်သူကောင်လေး ပစ်တဲ့ ပစ်မှတ်ဘုတ်ပြားက ရှည်သည်။ သူ့ပဲစေ့လေးအရပ်ကိုထည့် တွက်ပြီး မြှားပစ်သူ မျက်ကန်းဖြစ်ပြီးမြေပြင်ပေါ် မပစ်ဘူးလို့ တွေးကြည့်ရင် မြှားက သူမကိုထိမှန်ဖို့မဖြစ်နိုင်ဘူး.အမှန်ပြောရရင် သူမ မလှုပ်ရှားသရွေ့ လုံခြုံတယ်။

လင်းဖေးလု သူ့ခြေထောက်ကို ကန်လိုက်တာကြောင့် ရှီးရှင်းဂျန် အသိစိတ်ပြန်လည်လာတယ်.

လင်းဖေးလု သူ့ကို စိုက်ကြည့်နေပြီး မြှားပစ်တဲ့ကောင်လေး သူတို့ဆီရောက်လာကာ ရပ်တန့်သွားသည်။ မြင်းပေါ် က ခုန်ဆင်းပြီး သူတို့ဆီအလျင်စလိုလျှောက်လာတယ်။ ထိတ်လန့်စွာမေးတယ်။ "မင်းထိခိုက်သွားလား?'

လင်းဖေးလု ထိုကောင်လေးကိုလှည့်ကြည့်တယ်။

ရှီရှင်းဂျန်နဲ့အသက်တူ ရွယ်တူလောက်ပဲ ။ နီညိုရောင် မြှားပစ်ဝတ်စုံ ဝတ်ထားပြီး သူ့ခါး၌ ကျောက်စိမ်းတစ်ခုချိတ်ဆွဲထားသည်။ လှပ နှစ်လိုဖွယ်ကောင်းစွာ ဝတ်ဆင်ထား၏။ နောက်ကျော ကို

ရွှေချည်များဖြင့် ထိုး သွင်းထားပြီး လှုပ်ရှားလိုက်တိုင်းတောက်ပနေ၏။ ကြည့်ရုံနဲ့သာမန်လူတစ်ယောက်မဟုတ်တာပြောနိုင်တယ်။

လင်းဖေးလု ရှီရှင်းဂျန်ပြောတဲ့ စကားပေါ်မူတည်ပြီး ဘယ်သူဆိုတာ အတည်ပြုထားပြီးဖြစ်တယ်။

လက်နှစ်ဘက်ယှက် အရိုအသေပေးကာ "အရှင့်သား"

ပြုံးပြီး ဆက်ပြောတယ်။ "ဘယ်သူမှမထိခိုက်ပါဘူး. အမှန်ပြောရရင် တော်တော်လေးဝေးပါတယ်"

သေချာပြီ။ အဲကောင်ငယ်လေးက သူမရဲ့အင်ပါယာအစ်ကိုတော် ၃၊ ဧကရီရဲ့သား _အိမ်ရှေ့စံ လင်းချင်း။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click