《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-91

Advertisement

အပိုင်း-91

လိမ္မာပါးနပ်မှုမရှိသော လူအချို့၏ ပြုမူပုံကြောင့် အချို့သောသူများသည် အဘယ်ကြောင့် တစ်ကိုယ်ရေဘ၀ကို နှစ်သက်ရွေးချယ်ကြသည်ကို အံ့သြစရာမဟုတ်ပေ။

ဆောင်းယု ဝမ်းနည်းသွားတာ စိတ်ပူနေပြီး ခေါင်းလှည့်ကြည့်ကာ " မြို့စားငယ် အတွက်လက်ဘက်ရည် သွားယူ"

ဆောင်းယု နာနာခံခံနဲ့ အခန်းထဲကထွက်သွားတယ်။သိသိသာသာ ရှီရှင်းဂျန် တုန့်ပြန်တယ်။ "ရေမဆာဘူး"

လင်းဖေးလု သူ့ကိုလစ်လျုရူပြီးထို့အစား မေးဖို့တောင် စိတ်တိုလာတယ်။ " ဘာလို့ စစ်ပွဲထဲရောက်သွားတာလဲ!!?"

ရှီရှင်းဂျန် ဂုဏ်ယူစွာ စတင်ပြောဆိုတယ်။ "သေချာပေါက်။ ငါ့အဖေ နဲ့အတူ ငယ်ငယ်တုန်းက နယ်စပ်ကိုလိုက်သွားတာ။ အဲနေရာဘယ်လိုမျိုးလဲမင်းသိလား? ဒီနေရာထက်ပိုအေးတယ်။ မြစ် ဆို ခဲနေတာ ထူပိန်းနေတာပဲ. စစ်သားတွေ ဆောင်းတွင်းရောက်ရင် မြစ်ပေါ် က လမ်းလျှောက်လို့ရတယ်"

ငယ်ဘဝ မှတ်ဉာဏ်များကိုပြောပြရင်း ပျော်ရွှင်မှုအပြည့်ဖြစ်လာသည်။ ပုံပြောကောင်းသူတစ်ယောက်လို လွမ်းဆွတ်နေသလား (ဒါမှမဟုတ်) သူမ ကြောက်နေတာပြေစေဖို့ အာရုံ လွဲသည်လား မသေချာချေ။

"ယောင်အင်ပါယာက အရှေ့တန်းကလူတွေ ရံဖန်ရံခါ ငါတို့ကို ထိခိုက်ဖို့ လူလွှတ်လေ့ရှိတယ်။ ငါ့ အဖေက စစ်သား ၃၀၀၀ ဉီးဆောင်ပြီး သူတို့အားလုံးကိုသင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ငါ အဲတုန်းက ရိက္ခာတွေကြားပုန်းနေတာ။ သူတို့ လူမစုခင် အဖေက ငါ့ ကိုရှာတွေ့သွားတယ်.အဲအချိန်တုန်းက ငါ့ ကိုပြန်ပို့ဖို့ အရမ်းနောက်ကျသွားပြီဆိုတော့ အဖေက စခန်းမှာနေခဲ့ဖို့ နဲ့ဘယ်မှမသွားဖို့ မှာတယ်"

လင်းဖေးလု ခေါင်းတညိတ်ညိတ်နဲ့ " မြို့စားငယ်ဆန့်ကျင်ဘက်ကိုလုပ်ခဲ့တာဖြစ်ရမယ်"

ရှီးရှင်းဂျန် စိုက်ကြည့်ပြီး " စကားဖြတ်မပြောနဲ့!!"

လင်းဖေးလု "..."

"ညလယ်ခေါင်ပြိး ယောင်စစ်တပ်က စခန်းကိုဝင်တိုက်တယ်။ အဖေ စခန်းထဲ လူလျော့ပြီး ဘာလို့ ခံစစ်တိုက်သလဲ သူတို့လုံးဝမသိဘူး။ ယောင်စစ်တပ် ငါတို့ စခန်းဆီရောက်လာမဲ့အချိန်ကိုစောင့်နေတာ။ ငါတို့ ဆီရောက်တော့ အပြင်က စစ်သားအားလုံးက သူတို့ကိုဝိုင်းလိုက်တာ။ !! စစ်ပွဲထဲ ငါတို့ စစ်သား 3000 က ယောင်တိုင်းပြည်က စစ်သား 10000 ကို သတ်ပလိုက်တာ။ အလောင်းတွေဆိုတာအများကြီးပဲ နှင်းတောထဲ သွေး အပြည့် ပက်ဖြန်းပလိုက်တာ!"

"အာ.."

ရှီရှင်းဂျန် အခုဖြစ်နေသည့်ကိစ္စမေ့ပျောက်သွားပြီး စိတ်လှုပ်ရှားစွာဆက်ပြောတယ်. ခန့်မှန်းကြည့်သလောက်သူ့ပုံပြင်အဆုံးသတ်သွားမှ သူ့စိတ်လှုပ်ရှားတဲ့စိတ်လည်းအနည်ထိုင်ကျသွားတယ်။ ရုတ်တရက် တစ်ခုခုတွေးမိပြီး စိတ်အားထက်သန်စွာ မေးတယ်။ "အမဲလိုက်ကွင်းကို ခရီးသွားရင် ဘယ်လိုလဲ? မင်း မှာ မြင်းရှိလား?"

ဟမ့်..အရင်ကသေချာပေါက် မြင်းမစီးတက်တာတော့ ဘယ်ဟုတ်မလဲ။

လင်းဖေးလု မေးတယ်။

"အမဲလိုက်ကွင်းက ဘယ်မှာလဲ?"

.

"အင်ပါယာနန်းဆောင်ထဲ အတွင်းမှာ တစ်ခုရှိတယ်။ မင်းရဲ့ အင်ပါယာအစ်ကိုတော် တွေမြင်းစီးပြီးမြှားပစ်လေ့ကျင့်တဲ့နေရာပေါ့။မင်း အရင်က လုံးဝမရောက်ဖူးဘူးလား? ကောင်းပြီ။ ငါမင်းကိုခေါ် သွားမယ်။!! ဟိုမှာ မြင်းငယ်လေးတစ်ကောင် ငါမွေးထားတယ်။မင်းကို စီးခွင့်ပြုမယ်။"

လင်းဖေးလု အပြင်မထွက်တာ ရက်အချို့ရှိပြီ။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကောင်းတစ်ခုဆိုတာနားလည်လိုက်ပြီး သူ့ကမ်းလှမ်းဖိတ်ကြားချက်ကိုမငြင်းဆန်ချေ။ နေ့လည် အစီအစဉ်ကိုရှောင်လန်ကိုပြောပြပြီးနောက် နွေးထွေးသည့် ဝတ်ရုံ ဝတ်ဆင်ကာ အပြင်ဘက်ရှီးရှင်းဂျန် အနောက်လိုက်လာခဲ့သည်။

နှင်းမကျသော်လည်း လေအေးတိုက်ခိုက်လျက်ရှိသည်။ အေးစက်တဲ့ရာသီဉတု နဲ့ နှစ်ကုန်စားသောက်ပွဲ မတော်တဆကြောင့် လူတိုင်း အပြင်ထွက်ဖို့ တုန့်ဆိုင်းနေကြပြီး အင်ပါယာ နန်းတော် လုံးဝ တိတ်ကျနေ၏။ စွန့်ပစ်ထားသလိုပင်။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click