《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-90

Advertisement

အပိုင်း-90

လင်းဖေးလု နန်းတွင်းအစောင့်သေသွားတဲ့အပြစ်စိတ်နဲ့ရက်များစွာနေခဲ့သည်။နေ့တိုင်း ဘုရားရှေ့ဆုတောင်းပြီး နောက်ဖတ်လိုက် စာရေးလိုက်လုပ်လေ့ရှိသည်။ရက်အချို့ ထိ အခန်းထဲက ထွက်ဖို့ဆန္ဒမရှိခဲ့ဘူး။

ဒီနေ့ အခန်းထဲ ဆောင်းယုကို ကိုယ်နာမည်ရေးတက်အောင် သင်ပေးချိန် ရုတ်တရက် ပြတင်းပေါက်ကို ကျောက်စရစ်ခဲနဲ့ ထုသံကြားရတယ်။

တဖြေးဖြေးကျောက်စရစ်ခဲများမိုးရွာသလိုမျိုး ပစ်သံကြားရတယ်။ ဆောင်းယု တိတ်ဆိတ်နေကာ စကားပြောနည်းသူဖြစ်ပေမဲ့ ကြောက်တက်တယ်။ သူ့သခင်က ဆူညံတဲ့မြင်ကွင်းနောက် အသတ်ခံမဲ့ ကံကြမ္မာအောက် ကာကွယ်ပေးခဲ့တာ အမှတ်ရသေးသည်။လင်းဖေးလု ပထမ ဆောင်းဂျင်းလန် လို့ထင်လိုက်ပေမဲ့လည်း ချက်ချင်းငြင်းဆန်တယ်။

.

ဒီလိုနေသာတဲ့ကောင်းကင်အောက် ချောမောတဲ့ကောင်လေးလုပ်တက်တဲ့အကျင့်မဟုတ်ဘူး။

ဆောင်းယုကို ခေါ် ပြီး ပြတင်းပေါက်နား ကိုယ်တိုင်လျှောက်လာသည်။ နှင်းများကလွဲပြီး မရှိချေ။ တိမ်က နေရောင်ကိုကွယ်ထားပြီး အလင်းရောင်အနည်းငယ်ဖြာကျနေ၏။ သူတို့အိမ်အပေါ် သစ်ကိုင်များ၌ နှင်းများတင်ကျန်လျက်ရှိသည်။ အဖြူရောင်နှင်းပင်လယ် တစ်ခုရှိပြီး သစ်ပင်ပေါ် ရှီရှင်းဂျန် အနက်ရောင်ဝတ်စုံနဲ့သစ်ပင်ပေါ် ထိုင်နေ၏။

ပြတင်းပေါက်အပြင်ဘက်ကနေ လက်မြှောက်ပြီး ထပ်ပစ်ဖို့ လုပ်နေ၏။ ပြတင်းပေါက် ဖွင့်တာမြင်တော့ ကျောက်စရစ်များ အဝေးပစ်လိုက်ပြီး အပြုံးတစ်ခုနဲ့လေချွန်ပြတယ်။

လင်းဖေးလု ဒေါသတကြီးကျိန်ဆဲတယ်။ "မင်း.-!! လူဆိုး!!"

ဒါကရှီရှင်းဂျန် အတွက်အနှောက်အယှက်မဖြစ်ဘူး။ အားလက်ရက်ရသလိုမျိုးခြေနှစ်ဖက်လွဲယမ်းကာ အပြုံးလေးနဲ့မေးတယ်။ "ပဲစေ့လေး ငါ့လက်ဆောင် ဘယ်မလဲ?"

ဒီရက်ပိုင်းအများကြီးဖြစ်ပျက်သွားခဲ့တာကြောင့် လင်းဖေးလု လုံးဝမေ့သွားခဲ့သည်။ သူမ အပြုအမူကိုမြင်တော့ ရှီရှင်းဂျန် ခေါင်းအနည်းငယ်ငုံ့ကျသွားကာ ကျယ်လောင်တဲ့အသံနဲ့ရုတ်တရက်ပြောတယ်။

"ဝိုး..ဆိုတော့ မင်းမေ့သွားတယ်ပေါ့? မင်း ..လူလိမ်မလေး!"

စကားဆုံးတော့ သစ်ပင်ပေါ် က ပြတင်းပေါက်နားခုန်ဆင်းချလာတယ်။ ခန္ဓာကိုယ်တစ်ဝက်ပြတင်းပေါက်နားရောက်လာကာ သူမ ဆံထုံးလေးကိုထိဖို့လက်မြှောက်လိုက်၏။

လင်းဖေးလု သူ့ခေါင်းသူပြန်ကိုင်ပြီးအနောက်ဆုတ်ကာ ပြင်းပြင်းထန်ထန်တုန့်ပြန်တယ်။"လုလေး မမေ့ဘူး!"

ရှီရှင်းဂျန်ရဲ့ လက်ရပ်တန့် သွားကာ လက်ဖဝါးဖြန့် ပြီး "ဒါဆို ငါ့ ကိုပေးလေ!"

လင်းဖေးလု သူ့ကိုစိုက်မကြည့်ခင် ထိတ်လန့်နေသည့်ဆောင်းယုကိုညွန်ကြားလိုက်တယ်။

"သွား ငါ့သေတ္တာထဲက လက်လိမ်းခရင်န် သွားယူ"

ဆောင်းယု ချက်ချင်းနောက်ဆုတ်သွား၏။ "လက်လိမ်းခရင်န် " ဆိုသည့်စကားကြားတော့ ရှီရှင်းဂျန် နည်းနည်းသိချင်သွားတယ်။လက်ထဲရောက်ချိန် ဖွင့်ကြည့်တော့ နူးညံ့တဲ့ရနံ့တစ်ခုတက်လာသည်။ ရုတ်တရက် သူက "ဒါက ဘာလဲ?"

"လက်လိမ်းခရင်! ဒါ လိမ်းရင်း နှင်းကိုက်တာ ကာကွယ်ပေးတယ်။!မလိုချင်ရင် ပြန်ပေး!"

ရှီရှင်းဂျန် သူမကိုကြည့်ပြီး ထိုပစ္စည်းကိုရင်ဘတ်အိတ်ကပ်ထဲထည့်ကာ " ငါမလိုချင်ဘူးလို့ ဘယ်သူပြောလဲ?"

ရှီရှင်းဂျန် ပြတင်းပေါက် ဘောင်နားမှီကာ "ပဲစေ့လေး။ လွန်ခဲ့တဲ့ ရက်ပိုင်းက အင်ပါယာနန်းဆောင်မှာ တစ်ယောက်ယောက်သေတယ်လို့ ကြားတယ်"

ဒီအကြောင်းကိုစိတ်အားထက်သန်စွာယူလာတယ်။လင်းဖေးလု ဒီသတင်းကြားတော့ အဆင်မပြေဖြစ်သွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားပေ။ အနားက အစေခံတောင်တင်းကျပ်တဲ့အပြုအမူနဲ့ရှိပြီး ခေါင်းငုံ့ထား၏။

ရှီရှင်းဂျန် ပြန်ရုတ်သွား၏။ သူ့ သိမ်ဖျင်းတဲ့အမူအရာ တောင်အနည်းငယ်ထိတ်လန့်သွား၏။

"အာ..ထားလိုက်တော့။ ငါဒီအတိုင်းမေးကြည့်တာ။ မင်း ကြောက်သွားလား?"

လက်ထုတ်ကာ သူမခေါင်းလေးကိုပုတ်ပေးလိုက်၏။

" ဟုတ်ပြီ။ မကြောက်နဲ့တော့။ ပြောရရင် လူတစ်ယောက်သေသွားတာပဲလေ ဟုတ်တယ်မလား? စစ်ပွဲထဲ လူအများကြီးသေတာ ငါမြင်ဖူးတယ်"

လင်းဖေးလု "..."

သာသာမှ။

ဒါလေး paid မှာ အစအဆုံးပြီးပြီနော်။ ၃၀၀၀ပါ။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click