《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-86

Advertisement

အပိုင်း-86

ရှောင်လန် ခေါင်းခါယမ်းကာ "အဲလိုမထင်ဘူး။ အမေ ခေါင်းကိုက်တယ်လို့ ဆင်ခြင်ပေးပြီး သူ့ကိုခါချခဲ့တာ။ဒါပေမဲ့ အင်ပါယာကိုယ်လုပ်တော်ဂျင်းရဲ့သတင်းမနက်ပြန့်သွားရင် နားလည်သွားလိမ့်မယ်။"

လင်းဖေးလု ပြုံးပြီး "သိရင်တောင် ဘာလုပ်နိုင်မှာလဲ?အမှန်တိုင်းပြောဝံ့သလား? အဲဒါထက် သူ ဘယ်တော့မှ မင်ယွဲ့ နန်းဆောင်နဲ့ နီးနီးကပ်ကပ်လာရဲမှာမဟုတ်ဘူး"

နန်းတွင်းအစေခံပြောတဲ့အရာတိုင်းက ရှောင်လန်သူ့နောက်ကိုလိုက်ပါစေဖို့လှည့်စားပြောတာ။အင်ပါယာကိုယ်လုပ်တော် ဂျင်းက ရှောင်လန် သူ့အမေကို လွမ်းနေတာ သိတယ်။ဒါ့ကြောင့် လူတိုင်းကြယ်ကြည့်ခန်းမ သွားနေချိန် သခင်မရှောင်နာမည်အောက်က အစေခံနာမည်ကိုယူသုံးပြီး ဝါးတောအုပ်ထဲ မှာလှည့်စားဖို့ညွန်ကြားခဲ့တာ။

အင်ပါယာကိုယ်လုပ်တော်ဂျင်း နန်းတွင်းအစောင့်ကို အထဲမှာပုန်းနေဖို့ညွန်ကြားခဲ့ ပြီး ရှောင်လန်ရောက်တာနဲ့ဝါးတောထဲ ဆွဲချဖို့ ဖြစ်တယ်။

လင်းဖေးလု သာ ထိုစာလေးမဖတ်ဖြစ်ခဲ့ရင် ရှောင်လန် အင်ပါယာကိုယ်လုပ်တော် ဂျင်းရဲ့ထောင်ချောက်ထဲမိနေလောက်ပြီ။ ဒီနေ့ည ရင်ဆိုင်ရမဲ့လူကအင်ပါယာကိုယ်လုပ်တော် ဂျင်း အစားရှောင်လန်ဖြစ်နေလောက်ပြီ။

အင်ပါယာကိုယ်လုပ်တော်ဂျင်းရဲ့ ရက်စက်မှုက တဖက်လူကို ရူပ်ထွေးစေပြီးအသက်ရှင်ဖို့မဖြစ်နိုင်လောက်တဲ့အထိလုပ်ထားတာ။

ရှောင်လန်နဲ့ ရှောင်လန်ရဲ့မိသားစုအသက်တွေကိုပျက်စီးဖို့လုပ်သည်လား? ပြောရရင် မျက်လုံးတစ်လုံးအတွက် မျက်လုံး။ သွားတစ်ချောင်း အတွက် သွားပဲ။ဒါက ရက်စက်တယ်ဆိုသော်လည်း လင်းဖေးလုက သူတို့ကို မျက်နှာသာပေးရမည်လား။

လင်းဖေးလု နန်းတွင်းအစောင့်နဲ့ပထမဆုံးတွေ့တော့

နန်းတွင်းအစောင့် အစက စကားပြောဖို့ဆန္ဒမရှိဘူး။ အသက် ၅ နှစ်အရွယ်ကလေးက ဒီအကြံရဲ့အသေးစိတ်ကို ပြောပြဖော်ထုတ်မှ တကယ်ကြီးလန့်သွားခဲ့ရတယ်။

ထိုလူက သူ့မိသားစုထဲ က ညီမငယ်လေး ၂ ယောက်အတွက် နန်းတွင်းအစောင့်အဖြစ်လာလုပ်တာ။ သူ့ညီမလေး ၂ ယောက်တည်းက ၁ ယောက်ကသေပြီ။ အခု တစ်ယောက်က အင်ပါယာကိုယ်လုပ်တော်ဂျင်းရဲ့နန်းဆောင်မှာ အစေခံအနေနဲ့လုပ်နေတာ။ သူ့ညီမလေးကို ကာကွယ်ဖို့ အင်ပါယာကိုယ်လုပ်တော် ဂျင်းရဲ့အမိန့်နာခံဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိခဲ့ဘူး။

လင်းဖေးလု သူ့ကိုပြောခဲ့သည်က "မင်း ညီမလေး အမှားမရှိဘူး ဒါပေမဲ့ ငါနဲ့ငါ့မယ်တော်ကကော?အပြစ်ကင်းတဲ့လူတွေမဟုတ်ဘူးလား? ဒီလိုရက်စက်တဲ့နည်းလမ်းသုံးပြီး ငါ့မယ်တော် ၊ငါနဲ့ငါ့အစ်ကိုကြီးကို ထိခိုက်အောင်လုပ်တယ်။ ရှောင်မိသားစု တစ်ခုလုံးပါ သက်ရောက်လိမ့်မယ်။ မင်း ဒီအတွက် အပြစ်ရှိတယ်လို့မခံစားမိဘူးလား?"

ထိုအစောင့်စကားမပြောပဲ သူလုပ်နိုင်တာတစ်ခုက လင်းဖေးလုကိုတောင်းပန်တာတစ်ခုပဲရှိ၏။

လင်းဖေးလု ဒေါသမထွက်ပဲ ထို့အစား တည်ငြိမ်စွာပြောဆို ကူညီတယ်။ "ဒါ့အပြင် မင်းညီမ ကို အနာဂတ်မှာ သူကကောင်းကောင်းဆက်ဆံလိမ့် မယ်လို့ တကယ်ကြီးယုံကြည်ထားတာလာ;? မင်းက ငါမယ်တော် ကို အကွက်ချရင်မင်းရဲ့ သေဆုံးခြင်း သေချာပေါက်ရှောင်လို့ရမှာမဟုတ်ဘူး။မင်းသေရင်မင်းညီမတစ်ယောက်တည်း ဒီကမ္ဘာမှာကျန်ခဲ့လိမ့်မယ်။ အင်ပါယာကိုယ်လုပ်တော်ဂျင်းက မင်းက မင်းညီမကိုဒီအကြောင်းပြောထားတယ်လို့ သံသယဖြစ်မှာပဲ။ ဒါဆို မင်းသေပြီရင် မင်း ညီမကို သူဘာလုပ်လိမ့်မယ်ထင်သလဲ?"

ထိုအစောင့် ထိတ်လန့်စွာနားထောင်နေ၏။ သူ့ညီမကြောင့် ဒီမသမာမှုအတွက် ပြင်ဆင်ပြီးပြီ။ သို့ပေမဲ့ လင်းဖေးလု စကားလုံးတိုင်းက သူတကယ်ဖြစ်ရမဲ့လမ်းကြောင်းကိုနားလည်စေတယ်။

ဒါပေမဲ့ အနောက်ပြန်လှည့်လို့မဖြစ်တော့ဘူး။သူ မလုပ်ရင် အင်ပါယာကိုယ်လုပ်တော်ဂျင်းတစ်ယောက်ယောက်ရှာပြီးလုပ်ခိုင်းမှာပဲ။ သူက ဒီအကြောင်းသိနေပြီးသားဖြစ်သည်အတွက် အင်ပါယာကိုယ်လုပ်တော် ဂျင်း သူနဲ့သူညီမလေးကို သေချာပေါက်နှုတ်ပိတ်မှာပဲ။

ဒါ့ကြောင့် လင်းဖေးလု ရဲ့ တန်ပြန်တိုက်ခိုက်တဲ့ အကြံကိုနားထောင်ပီး သဘောတူခဲ့တယ်။

"အင်ပါယာကိုယ်လုပ်တော် ဂျင်းက တခြားသူထိခိုက်နစ်နာစေဖို့ မင်းကိုဗီလိန်အနေနဲ့ ကစားဖို့ ဖိအားပေးတယ်။ ငါအကြုံပြုချင်တာက မင်းဗီလိန် နေရာကစားပြီး ငါ့မိသားစုကိုကာကွယ်ပေးပါ။ ငါ တခြားသူကို ထိခိုက်လိုစိတ်မရှိဘူးဒါပေမဲ့ မင်းကို သဘောကျလို့မင်းချစ်ရတဲ့လူ အတွက်နေရာတစ်ခုလုံခြုံစေရမယ်။ မင်းသေရင် အင်ပါယာကိုယ်လုပ်တော် ဂျင်း အအေးနန်းဆောင် ပို့ခံရမှာပဲ။ကျန့်ရန် နန်းဆောင်က လူတိုင်းလည်း တခြားနေရာ ပို့ခံရလိမ့်မယ်။ ဒါဆို မင်းညီမကို မင်ယွဲ့ နန်းဆောင် ပို့ပေးဖို့ ငါတောင်းဆိုလိုက်မယ်။ငါ အသက်ရှင်နေသမျှ မင်းညီမကို ကာကွယ် ပေးမယ်လို့ ငါ အာမခံတယ်"

သာသာ။

သာသာရဲ့ လုလေးကို အစအဆုံးဖတ်နိုင်ပြီနော်။အစအဆုံး ၃၀၀၀ပါဗျ။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click