《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-85
Advertisement
အပိုင်း-85
လူတိုင်းအာရုံ အစောင့်ပေါ် မှာသာရှိနေ၏။ ထိုနန်းတွင်းအစောင့် အနည်းငယ်ဖျော့တော့နေပြီး အင်ပါယာကိုယ်လုပ်တော်ဂျင်း ထက်ပိုပြီးအသိဉာဏ်ရှိပုံပေါ် ၏။လက်သီးတင်းတင်းဆုပ်ထားပြီးသွားတင်းတင်းကြိတ်ထား၏။ ခဏကြာတော့ သူ့စိတ်ပိုင်းဖြတ်ပြီး ဧကရီကို "ဒီငယ်သားက အင်ပါယာကိုယ်လုပ်တော် ဂျင်းကိုမသိပါဘူး။ ဒီငယ်သားရဲ့တဏှာကြောင့် သူ့ကို ပြန်ပေးဆွဲ မိတာပါ။ဒီငယ်သား အပြစ်ကိုသေဆုံးခြင်းနဲ့ပြန်ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်!!"
ပြောပြီး အဆက်မပြတ်ငိုနေသည့်အင်ပါယာကိုယ်လုပ်တော် ဂျင်းကိုလေးနက်စွာပြန်လှည့်ကြည့်လိုက်သည်။ လူတိုင်းတုန့်ပြန်တာမစောင့်ဆိုင်းပဲ ခါးက ဓားထုတ်ကာ ရုတ်တရက် သူ့ကိုယ်သူ သတ်သေသွား၏။
ထိုအဖြစ်အပျက်မြန်ဆန်လွန်းတာကြောင့် ဘယ်သူမှတားမြစ်ဖို့ မတုန့်ပြန်နိုင်ဘူး. အော်ဟစ်သံများနဲ့ သွေးများ ပက်ဖြန်းသည့်မြင်ကွင်း များနဲ့အစောင့်မြေပြင်ပေါ် လဲကျသွား၏. သူ့မျက်လုံးက လူအုပ်က တနေရာဆီ ရုန်းကန်စွာကြည့်နေဆဲပင်။
ဘယ်သူ့ကိုကြည့်မှန်းမသိပေမဲ့ ပြုံးနေ၏။ ထို့နောက်အသက်မဲ့သွားလေပြီ။
ကိုယ်လုပ်တော် များ ထိုမြင်ကွင်းကြောင့် ဖျော့တော့ထိတ်လန့်သွား၏။ တချို့ ထိုနေရာတင်မေ့လဲသွား၏။ ဧကရီ ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ထားချေ။ လူတိုင်းလည်း ထိုနေရာတင် ကြောက်ရွံ့တုန်လှုပ်သွား၏။ ကံကောင်းတာက အချိန်မှီ ကင်းစောင့်များရောက်ရှိလာသည်။ နန်းတွင်းထဲကအစေခံများ အလျင်စလို သူ့သခင်မ များနှင့် ထွက်သွားကြပြီး ကင်းစောင့် အစောင့်များသာ ထိုမြင်ကွင်းနဲ့သက်ဆိုင်သူအဖြစ်ကျန်ရစ်ခဲ့သည်။
လင်းဖေးလု ရှည်လျားသည့်လူအုပ်ကြီးနဲ့အတူလျှောက်လာသည်။ ပရမ်းပတာမြင်ကွင်း ထဲ အင်ပါယာကိုယ်လုပ်တော် ဂျင်းကိုအဝေးသို့ ဆွဲခေါ် သွားသည့်မြင်ကွင်းနဲ့ နန်းတွင်းအစောင့်ရဲ့ခန္ဓာကိုယ်အလောင်းသယ်သွားတဲ့ မြင်ကွင်းကိုကြည့်နေ၏.နောက်ဆုံး လင်းတန်က လင်းဖေးလု လက်ကိုင်လာ၏။ နွေးထွေးသည့်လက်ချောင်းများ က သူမ မျက်လုံးကိုအုပ်ထားပြီး တီးတိုး "မကြည့်နဲ့ လုလေး။ သွားစို့"
အနည်းငယ်ရူးကြောင်ကြောင်ဖြစ်နေ၏။ လင်းတန် လုလေးမှာစောင့်ကြပ်တဲ့အခြံအရံမရှိတာမြင်တယ်။ ဒါ့ကြောင့် သူမရဲ့ နန်းဆောင် ကို ကိုယ်တိုင်လိုက်ပို့ချင်တယ်။ ဒါပေမဲ့ ကြင်ယာတော်ရွယ် နှလုံးသားထဲက အကြောက်တရားနဲ့သူ့ကို ခေါ် လာတယ်။
လင်းတန်လည်း သူ့အစေခံကို လင်းဖေးလုကိုခြံရံလိုက်ပို့ပေးဖို့ပြောလိုက်တယ်။လမ်းတစ်ဝက်ရောက်တော့ ချင်းရန်က သူ့ကိုလာကြိုတယ်။ချင်းရန် ယွမ်ရှီနန်းဆောင်ကအစေခံကိုကျေးဇူးတင်ကြောင်းပြောပြီးလင်းဖေးလု လက်ဆွဲကာ မင်ယွဲ့ဆီပြန်လာခဲ့တယ်။
ချင်းရန် အကြောက်တလန့် "မင်းသမီးလေး။ တစ်ယောက်ယောက်သေတယ်လို့ ကျွန်မကြားခဲ့တယ်။ ဒါ တအားလန့်ဖို့ကောင်းတယ်"
လင်းဖေးလု အသံပြန်ထွက်လာတယ်။" မယ်တော် ကော?"
"သခင်မက ဝိုင်သောက်တာများသွားလို့ခေါင်းကိုက် နေတယ် ပြန်ရောက်တာ ကြာပြီ။တစ်ခုခုဖြစ်တယ်ကြားလို့ သခင်မက မင်းသမီးလေးကိုအမြန်သွားကြိုဖို့ ကျွန်မကိုလွှတ်လိုက်တာပဲ။ မင်းသမီးလေး စိတ်မချမ်းမြေ့ဖွယ်တစ်ခုခု မြင်လိုက်သေးလား?'
ထိုသတင်းသိပ်မပျံသေးတာကြောင့် လင်းဖေးလုတိတ်တဆိတ် ခေါင်းခါယမ်းလိုက်၏.
မင်ယွဲ့ နန်းဆောင် ပြန်လာတော့ ရှောင်လန် စိတ်ပူလို့ အရှေ့ဂိတ်မှာစောင့်ဆိုင်းနေ၏. သူ့သမီးပြန်လာတာမြင်တော့ အလျင်စလို လျှောက်လာပြီး ချီလိုက်တယ်။ရှောင်လန် သူ့သမီးနောက်ကျော ကိုပုတ်ပေးပြီး အိမ်ထဲ ပြန်ဝင်လာတယ်။
လင်းဖေးလု သူ့အမေကိုပြန်ပွေ့ဖက်ပြီး အချိန်အတော်ကြာမှ စတင်စကားပြောတယ်။
"မယ်တော် သူသေပြီ"
ရှောင်လန် တုန်ယင်သွား၏။ဒါပေမဲ့ သူ့သမီးကိုစကားတခွန်းမှမပြောပဲ ဆက်ပွေ့ထား၏.
လင်းဖေးလု ဆက်ပြောတယ်။ "သူသေတော့ လုလေးကိုကြည့်နေတာ။ လုလေးတို့ကို ကတိ တည်ဖို့ သတိပေးနေသလိုကြီး"
ရှောင်လန် ထိတ်လန့် နေတာ ဒါမှမဟုတ် ဝမ်းနည်းနေတာလား မရှင်းလင်းပဲ မျက်ရည်များကျဆင်းလာသည်။ သွားတင်းတင်းကြိတ်ကာစကားပြောတယ်။
"လုအာ ကိုယ်ကိုကိုယ်အပြစ်မတင်ရဘူး။အခုလိုဖြစ်လာတာ မယ်တော် တို့အမှားမဟုတ်ဘူး။ မယ်တော် တို့ ကိုယ်ဟာကိုယ် ကာကွယ်တာ။ အားလုံး အဲမိန်းမ အမှားပဲ။အဲ့မိန်းမ မဖြစ်ခဲ့ရင် အဲနေရာမှာ ဒီနေ့ မယ်တော် တို့ဖြစ်နေမှာ!"
လင်းဖေးလု သူ့လက်မောင်းသေးသေးလေးနဲ့ ရှောင်လန် ရဲ့လည်ပင်းကို ချိတ်ထားပြီး သက်ပြင်းလေးလံစွာ ရူထုတ်၏။ တီးတိုး "မယ်တော်။ လူတစ်ယောက်သေတာ စောင့်ကြည့်တာ လုလေးအတွက် ပထမဆုံးပဲ။လုလေး ကြောက်တယ်"
ရှောင်လန် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပြီး "မကြောက်နဲ့။လုအာ။မယ်တော် ရှိတယ်"
လင်းဖေးလု ခေါင်းညိတ်တယ်။ အနည်းငယ်တည်ငြိမ်သွားတော့ သူမ မေးလိုက်တယ်။
"မယ်တော် အဲအစေခံ တစ်ခုခု သတိထားမိသေးလား?"
Advertisement
- In Serial10 Chapters
Terrortorial
Dead yet not dead. Blood but not mine. Carnage all around, destruction throughout time. I'll take this here land and put down a sign. Fight if you want but this territory mine! A simple verse that conveys my feelings, I'll protect what is mine regardless of the opposition. I am Z and I will thrive.
8 59 - In Serial22 Chapters
Genius has an Infinite Capacity
Alevier is a student of Magic, aspiring to become an Archmage: someone who is able to summon powers untold - split the mountains and shake the earth. But, one problem stood in his way: his utter lack of talent. And no matter how hard he worked, he could never fill the gap between him and his peers. But could that really stop someone in a world where wonders could come true, and magic was omnipresent?After a particularly traumatic incident, he finally obtained the magical powers he had yearned for, along with a strange grimoire from an ancient being. It seemed that fate had great things in store for him. That or an irresponsible creditor had dumped his responsibilities onto him. Perhaps it was preordained that one must pay a price to gain something. Geniuses have infinite potential, and Alevier has just stepped into the realm of geniuses. But he is yet to discover what pains he must bear, for creatures so terrifying that they could kill him with a single glance are now out for him. But the game is not over, yet. Cover by ValetheHowl, he is an awesome person. Discord Link
8 164 - In Serial28 Chapters
The Cursed Girl
This is a story about a girl, stolen into a universe filled with magic, monsters, and advanced technology. Can she become a master of all three? In a Universe torn apart by war, where lives fade into darkness like nebulae of dead stars, stands a lonely girl whose destiny will intertwine with the fate of the Universe. Her name is Jocelyn Dark, one of a few surviving humans, and she's dying. In a far away land warlords want to enslave her, empires wants to wield her as a weapon of magic, and the gods wishes to use her for their own purposes -- all while her rotten blood slowly kills her. All Jocelyn wants is to experience the one thing that's alluded her all her life: the feeling of meaning something to someone. Can Jocelyn find a way to save her own life, while surviving the threats of warring gods, evil empires, and the monsters lying in wait? **** Note: New Chapters will be released on Mondays, Wednesdys, and Fridays. This is not a LitRPG btw -- it's best described as a science fantasy or space opera w/ intersting new magic systems!
8 218 - In Serial16 Chapters
Thalia Prince
For as long as Thalia can remember she's always felt alone and isolated. Her parents always kept her hidden from the outside world and would never let her do anything on her own. Now she's finally grown and has gotten a small taste of freedom. But when Thalia's Parents aren't who they said they were Thalia will have to forget about the world she's always known and learn how to live in a new one. Not only will she have to discover new creatures and beings, but she will also have to learn to live life like royalty. But what does her Mystery girl have to do with this?! ******** "Trust me, I understand the emotional dilemma you're going through. For the longest time, I wondered why all these people had to die and why I had to be a part of this battle. But now I realize that the best thing I can do for these people is help lay their souls to rest by ending this battle. So that their families and future generations won't have to go through this too." I look at her, noticing the downtrodden expression on her face before she looks up at me and smiles, trying to mask her pain. But she couldn't mask it. Because I had already seen it. And for the first time, I recognize how alike we truly are. Of course, I've noticed how guarded she was with her emotions but that could've been for a multitude of reasons. But now that I've seen this side of her I can't help but think that maybe she's just as lonely as I am. I reach out and silently link my pinky finger with hers trying to show comfort in a subtle way. I want her to know that if no one else will be, I'll always stand by her side. [Participant in the Royal Road Writathon challenge]
8 212 - In Serial200 Chapters
Characters by Zodiac
Which characters are you from you favorite shows/ movies?// I don't own any of these characters.//
8 249 - In Serial66 Chapters
|| BNHA Imagines ||
looking for some good fluffy, angsty, spicy stuff to read? well come on over, we've got it all! i do any character, male or female. have fun ( ͡° ͜ʖ ͡°) i'm taking requests right now, so if you want one, please message me or go to the chapter that says: R E Q U E S T S (Part 2). that's where I'll accept recommendations from. any other chapter with the name requests is old. thank you
8 142

