《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-84
Advertisement
အပိုင်း-84
ဒီကလေးမလေးက မွေးကင်းစ ကလေးမသာသာလေးပဲရှိသေးတာ ထင်ရှားတယ်။ ဘယ်လိုလုပ် ဒီကလေးမက သူ့အကြံကို စီမံခန့်ခွဲနိုင်ရတာလဲ? အလှည့်အပြောင်းဖြစ်သွားအောင် ဆန့်ကျင်နိုင်ရတာလဲ? ဘယ်လိုလုပ်...ဒါကလေးတစ်ယောက်ပဲမလား? သိသာတယ်..အဲကလေး မကောင်းဆိုးဝါးစွဲကပ်နေတာ!!
ဟုတ်တယ်။ လင်းရှီ သူ့ကိုကန်ထဲတွန်းချတဲ့နေ့ကစပြီး အားလုံး စတင်လာတာပဲ။
သေချာပေါက် အင်ပါယာကိုယ်လုပ်တော်ဂျင်း သူ့သမီး လင်းဖေးလုကို သတ်လိုက်တာသိတယ်။အဲကလေး အဖျားကြီးပြီး သတိလစ်နေတာလဲသိတယ်။ အဲကလေးထပ်နိုးလာတော့ လင်းရှီ သရဲနဲ့ထပ်ကြုံရတယ်။ အဲကလေးမ သူ့နန်းဆောင် ကိုလာလည်တော့ မကောင်းဆိုးဝါးကိုမြင်တယ်လို့ပြောတယ်။နောက်ပိုင်း အင်ပါယာကိုယ်လုပ်တော်ဂျင်း မျက်နှာသာဆုံးရူံးသွားခဲ့ပြီး သူ့သမီးလည်း နန်းဆောင် အကျယ်ချုပ်ဖြစ်သွားတယ်။ ဒီနေ့ အကွက်ချထားတာက..မကောင်းဆိုးဝါးတစ်ကောင်ရဲ့လက်စားချေခြင်းနဲ့တူမနေဘူးလား?
အင်ပါယာကိုယ်လုပ်တော် ဂျင်း အခု အသိစိတ်ပျောက်လုနီးပါးဖြစ်နေ၏။ လင်းရှီ သူ့ဆီပြေးလာပြီးငိုယိုကာ သူ့အမေနာမည်ခေါ်တာတောင် မတုန့်ပြန်နိုင်တော့. အင်ပါယာကိုယ်လုပ်တော်ဂျင်း ကြက်သေသေနေစဉ် နန်းတွင်းအစေခံ တစ်ယောက်က ပန်းဉယျာဉ်ထဲ က အစေခံကိုတွေ့ပြီလို့ကြေငြာတယ်။
ဒီအစေခံက အင်ပါယာယာကိုယ်လုပ်တော်ဂျင်း ရဲ့နန်းဆောင်မှာ ခစားတဲ့အစေခံဖြစ်သည်။ ထိုအစေခံနိုးလာပြီး အရှေ့ကမြင်ကွင်းကိုမြင်တော့ မျက်နှာထားဖျော့တော့သွားတာ ချက်ချင်းဒူးထောက်တယ်။
ဧကရီမျက်နှာထားတင်းတင်းနဲ့မေးတယ်။ "မင်းအမှန်တိုင်းပြောဖို့ ငါ အမိန့်ပေးတယ်။ အခုဘာဖြစ်နေတာလဲ? ဘာလုပ်ဖြစ်ပြီး မင်းသတိမေ့သွားတာလဲ? အစက စပြော!!"
ထိုနန်းတွင်းအစေခံ ဘာဖြစ်နေသလဲအပြည့်အဝ သတိမထားမိသေး။ အခုလို ကြုံတော့ တုန်ယင်နေ၏။
"ဒီနိမ့်ကျတဲ့အစေခံ...ဒီအစေခံက အင်ပါယာကိုယ်လုပ်တော် ဂျင်းနဲ့အတူ ကြယ်ကြည့် ခန်းမကိုအပြေးရောက်လာခဲ့ပါတယ်။ ဒီအစေခံတို့ဖြတ်လာတော့ ရုတ်တရက်တစ်ယောက်ယောက် သခင်မ နာမည်ကိုခေါ် တာ ရုတ်တရက်ကြားလိုက်ပါတယ်။ သခင်မက ဒီနိမ့်ကျတဲ့အစေခံကိုစောင့်နေဖို့အမိန့်ပေးတော့ ဒီအစေခံ မတ်တပ်ရပ်နေပါတယ်။ နောက်ပိုင်း တစ်ယောက်ယောက်က ဒီအစေခံ ကို မေ့အောင်လုပ်သွားတာပါ"
အထက်တန်းလွာကြင်ယာတော်ရွယ် ကြားဖြတ်မေးတယ်။ "မင်း စကားအရဆိုရင် အင်ပါယာကိုယ်လုပ်တော် ဂျင်း ကိုယ်တိုင်အဲနေရာကိုသွားခဲ့တယ်ပေါ့? သူ့ကိုခေါ် တဲ့လူကိုမင်းမြင်လား?"
နန်းတွင်းအစေခံ က အမြဲတမ်း သူ့ကိုယ်သူ အမြဲတမ်းကြည့်ရူစောင့်ရှောက်သူဖြစ်သည်။ ဒီလိုတင်းကျပ်တဲ့အခြေအနေမျိုး လုံးဝမကြုံဘူးတာကြောင့် မလိမ်ညာဝံ့ပဲ ရိုးသားစွာငိုယိုပြီး "ဒီနိမ့်ကျတဲ့အစေခံ ဘယ်သူလဲမမြင်လိုက်ပါဘူး။အသံက ယောကျာ်းတစ်ယောက်အသံပါ။"
ဒါက အင်ပါယာကိုယ်လုပ်တော်ဂျင်းပြောတဲ့စကားနဲ့လုံးဝ မတူချေ။
အလိုမတူ မဟုတ်ပဲ ထိုယောကျာ်းဆီကို ကိုယ်တိုင် လျှောက်လှမ်းသွားတာ ရှင်းလင်း၏။
ဧကရီလည်း ထိတ်လန့်သွား၏။ သူ့စောင့်ကြည့်မှုအောက် မောင်းမဆောင်ထဲ ဒီလိုမတော်တဆ ဖြစ်လာသည်လေ။ ဒါ့အပြင် လူအများကြီးရှေ့ သူတို့အပြုအမူကိုဖမ်းမိသွားတာဖြစ်တယ်. အင်ပါယာမိသားစု ကျက်သရေကိုညှိုးစေပြီး ရှက်ဖို့ကောင်းတဲ့ကိစ္စလည်းဖြစ်တယ်။
ထိုအခိုက်အတန့် မှာပဲ အင်ပါယာကိုယ်လုပ်တော် ဂျင်း လင်းဖေးလုရဲ့ကြောက်မက်ဖွယ်အပြုံးကနေ ပြန်လည်သက်သာလာ၏။ အမှန်တိုင်းပြောဆိုတဲ့ နန်းတွင်းအစေခံစကားကြားတော့ မိန်းမကြမ်းကြီးတစ်ယောက်လို ထိုအစေခံကိုရိုက်ပြီးအော်ဟစ်ပြောတယ်။
"ခွေးမ!! မင်းလိမ်နေတာ! မင်း ငါ့ကို သပ်သပ်ခြောက်ချတာ!! မင်း ငါ့ ကို သပ်သက်အကွက်ချကြံစည်တာ!"
အင်ပါယာကိုယ်လုပ်တော် ဂျင်း ပထမဆုံးနားလည်လိုက်တာက နန်းတွင်းအစောင့် က သူ နေခိုင်းတဲ့နေရာမှာမနေတာကြောင့် လန့်သွားပြီး ဘာလို့ လဲလို့ မေးဖို့ လျှောက်လာတာ။ မမျှော်လင့်စွာ ထိုအစောင့်က နန်းတွင်းအစေခံကို ရုတ်တရက်မေ့အောင်လုပ်လိုက်တယ်. သူ့ ကိုပါးစပ်ပိတ်ဆွဲခေါ် ပြီး ပန်းဉယျာဉ်ထဲ ဆွဲချလာတာ။
ဒါပေမဲ့ ဧကရီ ကို ဒါတွေ ဘယ်လိုလုပ်ပြောနိုင်မှာလဲ? ဒါတွေက ရှောင်လန် အတွက်လုပ်ထားတာလို့ ပြောရမှာလား?
နန်းတွင်းအစေခံလည်းတောင်းပန်ရို့ ကြိုး ခယတယ်။ ထိုမြင်ကွင်းတစ်ခုလုံးပရမ်းပတာဖြစ်နေ၏။
ဧကရီ က အင်ပါယာကိုယ်လုပ်တော် ရဲ့အပြုအမူကိုစောင့်ထိန်းဖို့အမိန့်ပေးလိုက်သည်။ထို့နောက် တည်ငြိမ်အောင် ချုပ်ထိန်းပြီးတချိန်လုံးတိတ်တဆိတ်ဖြစ်နေသည့် နန်းတွင်းအစောင့်
ကို တင်းကြပ်စွာမေးလိုက်တယ်။
"မင်း ရဲ့ တာဝန်ချိန် ဘယ်နေရာလဲ ? မင်းနဲ့ အင်ပါယာကိုယ်လုပ်တော် ဂျင်း ဘယ်လိုဆက်ဆံရေးလဲ?"
Advertisement
- In Serial48 Chapters
Hatred: The Journey of the Madman [Old]
This story is cancelled and has been rewritten. The Rewrite is already online, follow this link: https://royalroadl.com/fiction/13819/journey-of-the-madman Sorry for the inconvenience.
8 153 - In Serial23 Chapters
Archaic Avalon
Set in a medieval fantasy setting. The story branches out, initially following Astor Jacobs on his journey throughout the newly established continent of Mayland. Growing up in the tragedy of war, Astor attempts to return to a normal life while discovering his true future. The purer concepts of magic are utilized by few with ancient knowledge scattered across the world. A world where hints of the ancient past is obscure and dispersed, but continues to be powerful and influential. With tribes of different magical races dispersed regionally across the globe. A story about rediscovery, culture, and the legacy left by past generations. [18+] A blend of Dark and light themes. Mature content will vary as close to realistically suitable for the time period. The first few chapters are heavily action orientated, but this is not the main focus.
8 180 - In Serial7 Chapters
Shifting Tunnels
The tale of a shape-shifting monster born into a young dungeon. Having been created in a rush from the corpse of the dungeons past victim. The young monster posses a will separate to that of the dungeon it was created in, as well as access to the system. But, due to this, are under constant threat of both invaders and the dungeon it serves.
8 67 - In Serial43 Chapters
Reincarnator’s Road to World Domination
Hello, there dearest friends, What is it that your heart desires the most? Fame? Money? Power?Well, I could solve that for you. Just follow this simple guide.1. DIE2. ????3. Profit
8 108 - In Serial37 Chapters
Critique And Editing Info
I critique and edit
8 95 - In Serial21 Chapters
The Street Festival: How A Wallflower Became The Hero (updated)
Marty, is a quiet, shy kid, a loner with no close friends. He's always felt like an odd, uncomfortable, awkward person with zero social skills. With no positive male role model in his life, he hasn't gained much insight into what it means to be a man. He doesn't know how to act manly and doesn't show interest in traditionally manly pursuits. As a result, he's picked on and made fun of at school, called a wimp, a weakling and worse. When you add to that his straight "A" status in all his classes and his reputation for preferring the company of sci-fi stories & movies and comics over other humans, you start to understand the other name they call him, "nerd." He doesn't see the perks of being a wallflower and doesn't want to continue going through life as one. When his mom lands a job in another city, he sees an opportunity to reinvent himself, become the cool jock, or someone else the people at his new school will respect, and want to get to know.But will it be easy to do and will it work out like he plans?*This story was written by Sabrynabrooklynne on Wattpad. If you aren't reading it there, it's been stolen. Please report the website. It's probably not the final version either.*
8 121

