《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-80
Advertisement
အပိုင်း-80
ရှောင်လန် ရုံးတော်စားသောက်ပွဲကိုတက်ရောက်တာ ပထမဆုံးအကြိမ်ဖြစ်သည်။ မျက်နှာပေါ် ထိတ်လန့်နေတာမျိုးမရှိ။ တခြားသူများမတ်တပ်ရပ်တော့ သူပါ မတ်တပ်ရပ်ပြီး တခြားသူများ ဝိုင်ခွက်ကိုင်ကာ ဆုတောင်းတော့ သူလည်းထိုအတူ ကောင်းချီးပေးဆုတောင်းသည်။ ပွဲပြီးဆုံးတော့ ထိုင်ချပြီး ခေါင်းငုံ့ကာ စကားမပြောပဲ တိတ်တဆိတ်စားကာ လင်းဖေးလု စားဖို့ ကူညီပေးတယ်။
ဘေးပတ်လည်က ကိုယ်လုပ်တော် တွေရှောင်လန် မျက်နှာပေးခြင်းမခံရတာ သိတယ်။အခုလို စားသောက်ပွဲကိုတက်နိုင်တာ ကြင်ယာတော် ရွမ် နေရာစီစဉ်ထားလို့ပဲ။ သူတို့ ဘက်ကရှေးရူပြီးစကားမပြောကြဘူး။သို့ပေမဲ့ သူတို့မင်းသမီး ၅ အကြောင်းအနည်းငယ်သိချင်တာကြောင့် သူတို့ ထိုင်ခုံကနေ မကြာခဏ ကြည့်ကြည့်လာတယ်။
အမေနဲ့သမီး အလွန်ရိုးရှင်းစွာဝတ်ဆင်ထားသည်။ဒါပေမဲ့ သူတို့ရဲ့ သဘာဝအလှကိုဖုံးကွယ်ထားလို့မရနိုင်ပေ။အထူးသဖြင့် မင်းသမီး ၅ ၊ အသက် ၅ နှစ်ရှိသေးပေမဲ့လည်း ချစ်ဖို့ကောင်းစွာ အလွန်လှပစွာ အခုလိုမျိုးမွေးဖွားလာသည်။ အင်ပါယာဧကရာဇ် သူမကိုမြင်ခဲ့ရင် သေချာပေါက် သဘောကျနှစ်သက်မှု ပြန်လည်ရရှိလိမ့်မည်။
မဟုတ်ဘူး။ သူတို့ သဘောမကျတဲ့အထိ မြင့်တက်သွားလိမ့်မည်။
မနာလိုဖြစ်စွာ ကိုယ်လုပ်တော် များ ချက်ချင်းဒီအတွေးကိုငြင်းဆန်ကြတယ်။ ဧကရာဇ်သာ သူ့ကိုမြင်ခဲ့ရင် ရူးကြောင်ကြောင်ဖြစ်နေသည့် သားတော် ကို ပြန်တွေးမိလိမ့်မည်။ ဧကရာဇ် နှလုံးသားထဲ ဒီအရာစွဲစွဲမြဲမြဲရှိနေသည်။မဟုတ်ရင် ရှောင်လန် ရဲ့အလှတရား နဲ့ ဆိုရင် ဒီလိုထိ လျော့သွားရမှာလဲ?
ဒါကိုစဉ်းစားရင်း မနာလိုဖြစ်သည့် ကိုယ်လုပ်တော်များ စိတ်ဝင်စားမှု အားလုံးပျောက်သွား၏။
စားသောက်ခန်းမ ထဲ ကချေသည်များဝင်ရောက်လာပြီး စတင်ဖျော်ဖြေသည်။ ညဘက်တဖြေးဖြေးရောက်လာတော့ တက်ရောက်သူတိုင်းအချင်းချင်း ခွက်မြှောက်ကာ သောက်ကြစားကြပြီးပျော်ရွှင်မှုများနှင့်ပြည့်နှက်နေ၏။
အင်ပါယာမင်းသားနှင့်မင်းသမီးများ သူတို့မယ်တော်တွေ နဲ့အတူထိုင်နေကြသည်။လင်းဖေးလု သူမ ထိုင်ခုံကနေ လင်းဂျင်းယွမ်ကို ရှာမတွေ့ဘူး။ ဒါ့ကြောင့် စိတ်အားထက်သန်စွာအင်ပါယာကိုယ်လုပ်တော်ဂျင်းနဲ့ လင်းရှီ ကိုကြည့်လိုက်သည်။ သူမ ရှာဖွေနေရင်း တိုက်တိုက်ဆိုင်ဆိုင် လင်းရှီ သူမကိုကြည့်နေတာ မြင်လိုက်သည်။ ခန်းမထဲ ဆူညံသံများ ပြည့်နေပြီး လင်းရှီ ရဲ့ မျက်နှာပေါ် က ဘာအမူအရာမှ ရှင်းရှင်းလင်းလင်းမမြင်ရဘူး။
ဒါပေမဲ့ လင်းရှီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့အကြည့်ကို လင်းဖေးလု ခံစားမိတယ်။
ခေါင်းစောင်း ပြုံးကာ လက်ဘက်ရည်ခွက်မယူပြီး လင်းရှီ ကိုအဝေးကနေ ဆုတောင်းဂုဏ်ပြုတဲ့အကြည့်တစ်ချက်ပေးလိုက်သည်။
ကချေသည်များ ကပြဖျော်ဖြေပြီးနောက် ကိုယ်လုပ်တော်များ သရုပ်ဖော်ကခုန်ကြတယ်။ တူရိယာ တီးမှုတ်သူ တစ်ချို့ နဲ့ ကပြသူ တစ်ချို့ရှိ၏။ လင်းဖေးလု ကလပ်က နှစ်ကူးပါတီတစ်ခု စောင့်ကြည့်နေရသလိုမျိုး ခံစားရပြီး ကံမကောင်းတာက အခုပွဲက လှပတဲ့မိန်းမများသာ ပါဝင်ပြီး ချောမောသည့် ယောကျာ်းများမပါဝင်ချေ။
ရုတ်တရက် အတိတ်ဘဝ ကလပ်တက်တုန်းက အချိန်ကို လွမ်းဆွတ်လာတယ်။
ထိုအချိန် စားသောက်ပွဲပြီးတော့ အခု မီးပန်းကြည့်ရူချိန် ရောက်လာသည်။ ဧကရာဇ် လင်း စားသောက်ပွဲခန်းမက အစောကြီးထွက်သွားပြီး သူ့မှာတခြားအလုပ် ရှိသေးပုံရသည်။ မထွက်သွားခင် ဝိုင်ခွက်မြောက်ကာ စကားအနည်းငယ်ပြောပြီးနောက် ထွက်သွား၏။ လင်းဖေးလု ဧကရာဇ် က ဘော့စ် တစ်ယောက်နဲ့တူတယ်လို့ခံစားရတယ်။
ဧကရာဇ် ဘော့စ် ထွက်သွားတော့ ခန်းမထဲ ရုတ်တရက် စိတ်လှုပ်ရှားစွာ ရီသံ ဆူညံသံများပိုကြားရတယ်။ အားလုံးခြုံပြောရရင် အခု ဧကရာဇ် ထွက်သွားတော့ သူတို့ အပြုအမူ သိပ်ဂရုစိုက်နေဖို့ မလိုတော့ဘူး။ ဧကရီကလည်း ဒါကို သတိထားမိတော့ မတ်တပ်ရပ်ပြီး " ငါတို့ သွားမယ်။မင်းတို့အားလုံး ငါနဲ့အတူ လိုက်ပါပြီးမီးပန်းကြည့်ရူလို့ရတယ်။ နှင်းကျနေသည့် ကောင်းကင်ပေါ် အနာဂတ်မှာ အလွန်လှပတဲ့ မှတ်ဉာဏ်ကျန်ရှိခဲ့ မှာပဲ"
.
ကြယ်ကြည့် ခန်းမသည် စားသောက်ပွဲ ခန်းမနဲ့သိပ်မဝေးသည့်နေရာ၌ရှိသည်။ လမ်းကြောင်းတလျှောက် နန်းတွင်းအစေခံများ မီးပုံးများထွန်းညှိထား၏။
လင်းဂျင်းယွမ် ထိုင်နေရာက စိတ်အားထက်သန်စွာထတယ်။ ဧကရီ ထွက်သွားတော့ သူလည်းနောက်ဆုံးစားပွဲခုံကို အလျင်စလို သွားတယ်။ ရှောင်လန် လင်းဖေးလု ခန္ဓာကိုယ်ပေါ် ဝတ်ရုံ တင်ပေးချိန် လင်းဂျင်းယွမ်က အော် ပြောတယ်။ "လုလေး။ မီးပန်းအတူသွားကြည့်စို့!"
လင်းဖေးလု ခေါင်းစောင်းပြီး ညင်သာစွာ "သေချာတာပေါ့။ အင်ပါယာအစ်မတော် နဲ့အတူ သွားစို့"
Advertisement
- In Serial10 Chapters
Apocalypse: Generic System
Jeb Trapper tried to kill himself. The gun jammed. Two months later the vet is participating in underground trials of ecstacy to treat his PTSD. Everything seemed to be going great until... >>>The System has Been InstalledNow he's got to choose the difficulty of his tutorial. Just one problem.He's high as a kite, and nothing seems Impossible. A:GS book one is up and running on Amazon! Book 2!Book 3!
8 156 - In Serial21 Chapters
Roar Of Greatness - A LitRPG of Draconic Proportions
Isaac's home planet, Earth, is destroyed. These things happen, shockingly often actually. Normally, there's no loose souls floating around, needing to end up somewhere. Due to a clerical error, and a chaotic god, Isaac's next life is going to be much different to his first. Tasked with ruining the easy farming grounds of Gaia, Isaac simply decides to roll with his role for now. He wasn't an emperor in his past life or anything like that, but Without anything better to do, why not take over the world in his spare time?
8 223 - In Serial56 Chapters
The Abandoned Disciple
Relic's entire world consisted of only himself and his master. Although he wasn't the strongest nor the most talented, the two spent their passing days happily in each other's comapny. So then why did one day his master decided to abandon him and destroy any hopes of him living? His questions are soon answered and even though though he was abandoned, he will not abandon his master! ”I will accept whatever reasoning master gives me….But if she still needs me, then I will spend my entire life to fulfill her wish. ” "place holder cover"
8 156 - In Serial101 Chapters
J`nk: Refuse Refuge
Jason is an ordinary teen that one day falls asleep in class. When he wakes up he finds himself abducted and naked in a dark room with masses of other humans. Thrust into a situation he was never prepared for he must survive and become a hero to one day make it back home.
8 70 - In Serial54 Chapters
Follow the Plot
In many stories, there is many tropes, clichés and so more.However, there is this one, specific trope, in which is called, the reincarnation into another world trope. Otome games, novels, another world. There is countless of them.In this plots, our heroines would always reincarnate into something they do not desire to be. Such as, the villainess or side character that will meet the bad end, aka, the death flag.And now, it seems, it has happen once again. And to stay alive, Estorea will do anything to survive. Even if it means ruining the lives of others.
8 194 - In Serial107 Chapters
JenLisa Oneshots
All about jenlisa ❤Best ranks#1 in convo#5 in poetry #7 in shortstorycollection#15 in letters#102 in randomStarted: May 2018Completed:
8 123

