《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-79

Advertisement

အပိုင်း-79

ရှောင်လန်နှင့် လင်းဖေးလု တို့ နှစ်ကုန်ပွဲတော် အတွက် ပြင်ဆင်ထားတဲ့ ဝတ်စုံများမှာ ရိုးရှင်းပြီး နှစ်လိုဖွယ်ကောင်းသည်။ စိမ်းပြာရောင်၊ အပြာရောင်နှင့်အဖြူရောင်တို့ ဖြစ်သည်။ ဒီဇိုင်းများ မျက်စိနောက်ဖွယ်မရှိ။ ရှောင်လန် ကြင်ယာတော် ရွမ် လက်ဆောင်ပေးတဲ့ ရတနာများကိုအသုံးမပြုချေ။ ထို့အစား လင်းဖေးလု ထိုအထဲမှ တစ်ဝက်ကို ယူခဲ့တယ်..

လင်းဖေးလု ရတနာများကို ဘယ်အတွက်ရည်ရွယ်ပြီးယူသလဲမမေးချေ.အားလုံးခြုံပြောရရင် သူ့သမီးလေးက သူတို့ဘဝရှင်သန်ရပ်တည်ဖို့အတွက် အဓိကသံတိုင်လည်းဖြစ်သည်။

နှစ်ကုန် စားသောက်ပွဲသာမက ဧကရီ အတွက် ဗုဒ္ဓဆီ ဆုတောင်းပေးတာပါ ပါဝင်သည်။ တစ်နှစ်မှ တစ်ကြိမ်ကျင်းပလေ့ရှိပြီး ကြီးကျယ်ခမ်းနားသည့် ပွဲတော်တစ်ခုလည်းဖြစ်သည်။မောင်းမဆောင်မှ ကိုယ်လုပ်တော်များ သူတို့ရဲ့အနုပညာဖျော်ဖြေရုံသာမက မီးရှူးမီးပန်းများလည်းရှိသည်။ ရှေးခေတ် ကာလများတွင် မီးရှူးမီးပန်းမြင်ရလေ့မရှိချေ။ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုးကောင်းကင်ပေါ် ပြသစေသည်။

လင်းနန်းရှီ မီးရှူးမီးပန်းများကို အထူးနှစ်သက်တယ်။ ထိုအကြောင်းပြောတိုင်း အရမ်းစိတ်လှုပ်ရှားတက်ပြီး လင်းဖေးလုလည်း " အရမ်းအံ့ဩဖို့ကောင်းမဲ့ပုံပဲ။!! လုလေး လည်း တကယ်ကြည့်ချင်တယ်!!"

လင်းနန်းရှီ ဂုဏ်ယူစွာရှင်းပြတယ်။ "စားသောက်ပွဲပြီးသွားရင် လူတိုင်း ကြယ်ကြည့်ခန်းမမှာ မီးပန်းသွားကြည့်ကြတယ်။ စားသောက်ပွဲပြီးရင် ငါ့နောက်လိုက်ခဲ့။ မြင်ကွင်းအကောင်းဆုံးနေရာ ငါသိတယ်!!"

လင်းဖေးလု အထပ်ထပ်အခါခါခေါင်းညိတ်တယ်။

မကြာခင် နှစ်ကုန်စားသောက်ပွဲကျင်းပမည့် နေ့ ရောက်လာခဲ့တယ်။ဒီနေ့ ဒီတနှစ်တာရဲ့နောက်ဆုံးနေ့။

ဖိတ်ကြားခံရတဲ့ ကိုယ်လုပ်တော်များနေရာယူရောက်ရှိလာတယ်။ ခြေလှမ်းတလှမ်းခြင်း ဖြင့်

ယလင်းဖေးလု ရှောင်လန် ရဲ့ ဉီးဆောင်မှုနောက်ကနေ လိုက်လာတယ်။ မျက်နှာပေါ် သိချင်စိတ်အပြည့်ရှိပြီး ငယ်ငယ်ရွယ်ရွယ်သိချင်စိတ်ပြင်းပြနေသည့် ကလေးတယောက်မျက်နှာမျိုးအပြည့်ရှိသည်။

နေရာချစီစဉ်ထားသည့် ထိုင်ခုံများမှာကိုယ်လုပ်တော်ရဲ့ အဆင့်အရ ဖြစ်ပြီး ဖိတ်ကြားခံရတဲ့ ကိုယ်လုပ်တော်များကြားရှောင်လန်က အနိမ့်ကျဆုံး လုနီးပါးဖြစ်သည်။ အားလုံးခြုံပြောရရင် သူ့ထက်နိမ့်ကျတဲ့ကိုယ်လုပ်တော် မရှိဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က ဧကရာဇ်လင်း တိုင်းပြည်အရေးကိစ္စကြောင့် စိုးရိမ်နေခဲ့ပြီး ကိုယ်လုပ်တော်အသစ်ရွေးချယ်ဖို့အချိန်မရှိတာကြောင့် ချစ်မြတ်နိုးချင်းခံရတဲ့ ကိုယ်လုပ်တော် အသစ်ရယ်လို့မရှိဘူး။ အတိတ်က အနည်းငယ်ချစ်မြတ်နိုးချင်းခံရတာနဲ့ ရာထူးအဆင့်တက်သွားပြီး အနည်းဆုံး ကျက်သရေရှိအမျိုးသမီးရာထူးမှာရှိကြတယ်။ ဒ့ါကြောင့် ရှောင်လန်နေရာက ခန်းမဝင်ပေါက်နား နီးကပ်စွာရှိသည်။ .

စားပွဲသောက်ပွဲ ကျင်းပသည့်ခန်းမ ကြီးမားပြီး နှစ်လိုင်းခွဲထား၏။ အင်ပါယာ ဧကရာဇ် နဲ့ ဧကရီတို့ ခန်းမ အဆုံး အမြင့်ဆုံး၌ ထိုင်ကြသည်။လင်းဖေးလု မျက်လုံးအမြင်ကောင်းသော်လည်း ခန်းမ ထဲက အရာများကိုရှင်းရှင်းလင်းလင်းမြင်ရသည်အထိတော့ မဟုတ်ဘူး။

ကြင်ယာတော် မျက်နှာကိုတောင် သူမ မမြင်ရဘူး။

အထက်တန်းလွှာ ကြင်ယာတော် နှစ်ယောက်ရဲ့ အလှကိုမြင်ချင်ပေမဲ့လည်း ဧကရာဇ် နဲ့နီးကပ်သည့်နေရာ၌ ရှိနေတာကြောင့် သူမ ထိုင်တဲ့ထိုင်ခုံကနေ ဘာမှမမြင်ရဘူး။

သူမ အကြည့်ပြောင်းပြီး တခြားနေရာကြည့်တော့ ပန်းများဝေဝေဆာဆာ နဲ့ ရတနာများ ဆင်ယင်ထားတဲ့ ကိုယ်လုပ်တော် များတွေ့ရတယ်။ အိပ်ရာဝင်နိုင်ဖို့စောင့်နေသည့် ပန်းတွေပဲ တခြားဘာမှမဟုတ်ဘူး.

အင်ပါယာဧကရာဇ် မှာ ဘယ်လိုလုပ်ပြီး မိန်းမတွေ အများကြီးရှိနေတာလဲ?နှစ်သက်ရင်လည်းရိုးရိုးရှင်းရှင်းတစ်ယောက်ပဲ နှစ်သက်လေ။ဘယ်လိုဖြစ်ပြီး တခြားသူတွေအများကြီးနဲ့အိပ်နိုင်ရတာလဲ?

စည် သုံးချက်မြည်သည်နှင့် စားသောက်ပွဲ တရားဝင်စတင်သည်။ သူတို့မျက်နှာများမြင်ဖို့မဖြစ်နိုင်သည်သာမက ဧကရာဇ် နဲ့ ဧကရီတို့မိန့်ခွန်းလည်း မကြားရချေ။ လင်းဖေးလုနဲ့ရှောင်လန် တို့ထိုင်သည့်နေရာက အရမ်းလေတိုးသည်။ဒါ့အပြင် ဧကရာဇ် နဲ့ဧကရီတို့ ပြုမူတဲ့အပြုအမူကိုကြည့်ရင် သူတို့အတွက် ခန်းမ ထဲ ကျယ်လောင်စွာပြောဆိုတာ ကျိုးကြောင်းမသင့်ဘူးလေ။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click