《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-71

Advertisement

အပိုင်း-71

လင်းဖေးလု ခေါင်းမော့ကြည့်ပြီး ပြုံးရင်း ဆက်ပြောပြတယ်။

"ဟုတ်တယ်။ လုလေး လုပ်ထားတာ။အရင်တစ်ခေါက်က အရှင့်သားလက်မှာနှင်းကိုက်ရာတွေ့ခဲ့လို့။ ဒီလက်လိမ်းခရင် က ညင်သာပြီး အသားအရည်ကိုနူးညံ့စေတယ်။ အရှင့်သားလက်ကိုကာကွယ်ပေးလိမ့်မယ်။ ဒါကိုလိမ်းဖို့အမှတ်ရထားနော်"

ဆောင်းဂျင်းလန် လက်မသိမသာတုန်ယင်သွား၏။

သူ့ရှေ့က ဆောင်းတွင်းဝတ်ရုံ ဝတ်ဆင်ထားသည့် ကလေးမလေး နှင်းတစ်ချို့ ခါထုတ်ပြီး လက်ယမ်းပြကာ " အခု သွားပြီနော်"

ဆောင်းဂျင်းလန် မျက်လုံးငုံ့ကြည့်ပြီး နူးညံ့ညင်သာစွာ ပြုံးရင်း ပြန်တုန့်ပြန်သည်။

"ကျေးဇူးတင်ပါတယ်။ မင်းသမီး ၅"

လင်းဖေးလု လက်ဆောင်ပေးပြီး ပြန်ထွက်သွား၏။ သူမ ဝင်ပေါက် နားရောက်တော့ တစ်ခုခု သတိရသွားကာ ပြန်လှည့်လာပြီး ပျော်ရွှင်စွာ "စကားမစပ် အရှင့်သား ဒီနှစ်မှာ ဒါ ပထမဆုံးနှင်းကျတာတဲ့. ပထမဆုံးနှင်းကျတဲ့နေ့မှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်တဲ့. ဆုတောင်းဖို့မမေ့နဲ့ "

ဆောင်းဂျင်းလန် တောင့်ခဲ အံ့ဩသွားပြီး ပြုံးကာ ခေါင်းညိတ်တုန့်ပြန်တယ်။"ကောင်းပါပြီ"

တန်ဒေါင် အပြင်ဘက်ခြံဝန်းထိ လိုက်ပါ ပို့ဆောင်ပြီး မင်းသမီး ၅ ရဲ့အစေခံ အပြင်မှာစောင့်နေတာ မြင်လိုက်ရသည်။ မင်းသမီး ၅ အကွာအဝေးတစ်ခုထိ ထွက်သွားတာ ကြည့်ပြီးနောက် အထဲပြန်ဝင်လာခဲ့သည်။

အိမ်ထဲဝင်လာတော့ ဆောင်းဂျင်းလန် ထိုဗူးလေးကိုလေ့လာနေ၏။ သူမပြောသလို ခရင်ခ် ကပေါ့ပေါ့ ပါးပါးနဲ့ နူးညံ့သည်။ လက်ဒဏ်ရာပေါ် လိမ်းပြီးနောက် ခြောက်သွေ့မှုလျော့ သွားခံစားရတယ်။

တန်ဒေါင်လည်း အံ့အားသင့်နေ၏။ ဆက်တိုက်မေးတယ်။ "အရှင်မင်းသား။ မင်းသမီး ၅ အခုပြောလိုက်တာ တကယ်အမှန်ပဲလား? ဒီနေ့ ဆုတောင်းရင် ပြည့်နိုင်လား?"

"မင်းကြိုးစားကြည့်"

တန်ဒေါင် တံခါးပြင်ဘက်ပြေးထွက်သွား၏။ လက်အုပ်ချီ ဆုတောင်းဖို့လုပ်နေရင်း လှည့်ကြည့်ပြီးမေးတယ်။ "အရှင့်သား ဆီမှာ တခြားဆုတောင်းရှိလား? အခုနှင်းကျနေသေးတယ်။မြန်မြန်လာဆုတောင်း"

ဆောင်းဂျင်းလန် မတူညီတဲ့မျက်နှာထားနဲ့ကျနေသည့်နှင်းများကိုကြည့်နေ၏. အသံသေးသေးလေးနဲ့ "ကောင်းကင်က ခွင့်ပြုမှ ငါ့ ဆုတောင်းပြည့်တာမျိုးမလိုဘူး"

***

လင်းဖေးလု လျိုဇု ဗီလာ က ထွက်လာတော့ ချက်ချင်းမင်ယွဲ့ နန်းဆောင် ကိုမပြန်သေး.

အစေခံများ လမ်းမပေါ် ရှိနေပြီး ကြည့်ရတာ လမ်းမအရင်ကထက် အသက်ဝင်လျက်ရှိသည်။

သူတို့ ယောင်ဟွားနန်းဆောင် ကိုရောက်တော့ လင်းဖေးလု ချင်းရန်ကို နန်းဆောင် ပြန်ခိုင်းလိုက်သည်။

.

" ငါ အစ်မတော် နဲ့အချိန်အချို့အတူစကားပြောလိုက်ဉီးမယ်။အပြင်မှာအေးတယ်။ မင်း နန်းဆောင် အရင်ပြန်"

ချင်းရန် အခု မင်းသမီး ၁ နဲ့ သူ့ မင်းသမီးလေး ဆက်ဆံရေးကောင်းမွန်တာသိတာကြောင့် မစိုးရိမ်ပဲ မင်းသမီးလေး စကားအတိုင်းပြန်ထွက်လာခဲ့သည်။ လင်းဖေးလု ဝတ်ရုံကိုအနည်းငယ်ခါ လိုက်သည်။ တစ်ဖက်က လက်ဆွဲမီးအိမ်ကိုင်ထားရင်း လျှောက်လာသည်။

.

ယောင်ဟွားနန်းဆောင် ဂိတ်တံခါးနား အစေခံများ မတ်တပ်ရပ်စောင့်နေကြသည်။ သူတို့ မျက်လုံချင်းဆုံတော့ လင်းဖေးလုကို အရိုအသေပေးလိုက်သည်။

"အင်ပါယာအစ်မတော် အထဲမှာလား?"

"မင်းသမီး ၅ ခဏလောက်စောင့်ပေးပါ။ ဒီငယ်သား မင်းသမီးရောက်ရှိကြောင်း သွားတင်ပြလိုက်ပါမယ်" လင်းဖေးလု ခေါင်းညိတ်တယ်။ခဏကြာတော့ နန်းတွင်းအစေခံ လာနှုတ်ဆက်သည်။ခေါင်းငုံ့ထားပြီး " ကြင်ယာတော် ဟိုင် အထဲမှာ စောင့်ဆိုင်းနေပါတယ်။"

ဒီယောင်ဟွားနန်းဆောင် တကယ် ရင်းနှီးတဲ့ဖော်ရွေတာပဲ။

လင်းဖေးလု စိတ်ထဲညည်းတွားပြီး အထဲကိုလျှောက်လှမ်းလာ၏။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click