《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-69
Advertisement
အပိုင်း-69
သူတို့မင်ယွဲ့ နန်းဆောင်ကိုပြန်လာတော့ လင်းကျန့်ယွမ် ယုန်လေး ပိုက်ထားရင်းတံခါးဝမှာစောင့်နေ၏။ သူ့ညီမကိုမြင်တော့ ဝုန်းဒိုင်းကြဲရောက်လာတယ်။
"ငါ့ညီမလေးက ငါမပါပဲ အပြင်ထွက်ဆော့တယ်!!"
လင်းဖေးလု အပြုံးလေးနဲ့နှစ်သိမ့်ပေးတယ်. "ဒီညီမလေးက အပြင်ထွက်ကစားတာ မဟုတ်ဘူး။ စီးပွားရေးလုပ်ဖို့ အပြင်ထွက်တာ"
အိတ်သေးသေးလေးကိုဖြုတ်ပြီး သူ့ဘက်ကပ်ပေးလိုက်သည်။ "ဒီရနံ့မဆိုးဘူးမလား?"
လင်းကျန့်ယွမ် ရှူရိူက်တော့ ချက်ချင်း "ကောင်းလိုက်တာ!!"
လင်းဖေးလု ပြုံးပြီးယုန်လေးကို လက်နှစ်ဖက်နဲ့ပုတ်လိုက်တယ်။ အိမ်ထဲဝင်လာတော့ လက်လိမ်းခရင်လုပ်ဖို့လိုအပ်တဲ့ ပစ္စည်းစာရင်းများ ရေးချပြီး ယုရူကိုပေးကာ ပစ္စည်းများထုတ်ဖို့ အင်ပါယာ အတွင်းဌာနကို သွားခိုင်သည်။
ထိုအရာများအရေးမပါတာကြောင့် အလွယ်အကူရနိုင်သည်လေ။
ချင်းရန်ကိုလည်း လျိုဇု ဗီလာ ဆီ မီးသွေးခြင်း ပို့ခိုင်းလိုက်သည်။
အခုမင်ယွဲ့ နန်းဆောင်က ကြင်ယာတော် ရွမ်ရဲ့ ကာကွယ်မှုအောက်ရှိတာကြောင့် သူတို့ ဂိုထောင်မှာ မီးသွေးရှိသည်။ တချို့ကို လက်ဆောင်ပေးလိုက်တာအဆင်ပြေတယ် ဒါပေမဲ့ ချင်းရန် တုန့်ဆိုင်းနေ၏။မင်းသမီးက အင်ပါယာမောင်နှမများ၊ အထက်တန်းလွှာက လူများနှင့် ဆက်ဆံရေးထိန်းသိမ်းထားတာ မှန်တယ် ဒါပေမဲ့ ဘာလို့ ရန်သူတိုင်းပြည်က ဧည့်သည်ဓားစာခံမင်းသားကို ဂရုစိုက်သင့်တာလဲ?"
အဲလိုကိစ္စ ဝင်ပါတာ ကောင်းတဲ့အရာမဟုတ်ဘူး။
ဒါပေမဲ့ အခု မင်ယွဲ့ နန်းဆောင် ထဲမှာ လင်းဖေးလု ဂုဏ်သိက္ခာက ရှောင်လန်ထက်မြင့်သည်။ ချင်းရန်မသေချာပေမဲ့လည်း မင်းသမီးအမိန့်ကိုမေးခွန်းမထုတ်ဝံ့ပေ။
မီးသွေးခြင်းထဲ လင်းဖေးလု သူမ အခုသုံးနေတဲ့လက်ဆွဲမီးဖိုလေးပါ ချင်းရန် မသွားခင်ထည့်ပေးလိုက်သည်။
လျိုဇု ဗီလာကို ပထမဆုံးအကြိမ် သွားလည်ပတ်တာဖြစ်ပြီး ချင်းရန် စိုးရိမ်နေ၏။ ဝါးသစ်တောထဲ အချိန်အတော်ကြာ မတ်တပ်ရပ်နေခဲ့ပြီး သတ္တိမွေးကာ တံခါးခေါက်လိုက်သည်။
သူ့သခင် လက်ရေးလှကျင့်ချိန်ဖြစ်လို့ မင်သွေးပေးနေရာကနေ တံခါး ခေါက်သံ အံ့အားသင့်စွာကြားလိုက်ရတဘ်။
သူတို့ဆီလာလည်သမျှလူတိုင်းကိုမကြိုက်ဘူး။
ဒီနေရာက အန္တရဘ်အပြည့်ရှိတယ်။ ဝိဉာဏ်တစ်ခုလေးတောင် ညှာတာဖို့စေတနာမရှိဘူး။ တစ်စုံတစ်ယောက်လာလည်တိုင်း သူတို့အမြဲလိုလို ပြသာနာဖြစ်ရသည်လေ.
ဆောင်းဂျင်းလန် လက်ရေးလှကျင့်တာမရပ်ပေ။ နှုတ်ခမ်းတွန့်တွေးကာ ပြုံးနေပြီး သာမန်ဆန်စွာ "အခု မီးသွေးနဲ့ဆိုရင် ငါတို့နွေးထွေးလိမ့်မယ်။ တံခါးသွားဖွင့်လိုက်"
တန်ဒေါင် အမိန့်အတိုင်း တံခါးသွားဖွင့်သည်။ မြေပြင်ပေါ် မီးသွေးခြင်းရှိနေပြီး ထိတ်လန့်နေသည့် နန်းတွင်းအစေခံကိုမြင်လိုက်သည်။ သူက အလျင်စလို " မင်းသမီး၅ ဒီအစေခံကို မီးသွေးပို့ခိုင်းလိုက်တာ။"
ပြောပြီးပြေးထွက်သွားသည်။ တန်ဒေါက် အံ့ ဩသွား၏။
ချက်ချင်းမီးသွေးကို ထည့်ဖို့ အိမ်ထဲရွေ့လာ၏။ အေးစက်သည့်အခန်း တဖြေးဖြေးနွေးထွေးလာသည်။
ဆောင်းဂျင်းလန် လက်ရေးလှကျင့်ပြီးနောက် မီးဖိုနားသို့လျှောက်လာကာ လက်ရဲရဲလေးနှစ်ဖက်ကိုရှေ့သို့ဆန့်တန်းလိုက်သည်။
သက်တောင့်သက်သာမဖြစ်စွာ တန်ဒေါင် သက်ပြင်းချပြီး "အရှင့်မင်းသား ရဲ့ လက် နှင်းကိုက်တာအခြေအနေ ဆိုးဝါးလာတယ်။ ဓားရေးကျင့်တာ ခဏ ရပ်လိုက်ရင် အကောင်းဆုံးဖြစ်နိုင်လောက်လား?"
ဆောင်းဂျင်းလန် ဘာမှမဖြစ်သလို တုန့်ပြန်တယ်။ "အဲလောက်လေးနဲ့ ဘာမှမဖြစ်သွားဘူး"
တန်ဒေါင် သေးငယ်တဲ့မီးဖိုငယ်ပေးလိုက်သည်။ "အရှင် ဒီလက်ဆွဲမီးဖိုငယ်က မင်းသမီး ၅ ကျွန်တော်တို့ကို ပြန်ပေးတာ။ ကျွန်တော်တို့အရင်ဟာနဲ့သိပ်မတူဘူး"
ဆောင်းဂျင်းလန် လက်ဆွဲမီးဖိုငယ်ဆီလက်ကမ်းယူ၏။
Advertisement
- In Serial1126 Chapters
Super Detective In The Fictional World
Luke has transmigrated to the United States, but eventually realizes that this United States is different from the United States of his previous life. Here, the superpowers and characters from the movies in his previous life actually exist. How will Luke fare in a world where such terrifying superpowers exist?
8 4686 - In Serial6 Chapters
Son Of A King
In the land of Alkebulan the rules of the ancestors' reign supreme. What happens when a king saves a twin who was meant to die...
8 158 - In Serial53 Chapters
What is god to a non believer
Reincarnated as Godzilla. Cultivation world, monsters, angry GOD, god and many others. King of the Monsters vs all. PS: Sorry for any mistakes I make. English is not my language. I am still learning. I do not own any pictures I will post here
8 128 - In Serial22 Chapters
Chronicles of Dread and Porcelain (A Progression Fantasy)
A doll. A master. A desire for glory. Six months after a magical event left the Queendom of Asden with more questions than answers, the slums around the capital are the stage for a reckoning that sets May in a Path that might make her a worthy companion of her master. And she is not alone. All over Asden, different creatures arise, claiming their Gifts and united by a thread the world doesn’t remember. Once again, Creation stirs. Will this be the end? Or a new beginning? Original cover art by LoveBizarreOdities - https://www.deviantart.com/lovebizarreoddities Chapters every Sunday! 4k to 5k words each! Enjoy!
8 195 - In Serial43 Chapters
Realm of Opportunity
Enter the Realm of Opportunity, a realm-fiction from the world of DanMachi.---Xavier doesn't hope for a better future. His life is relatively simple, (just the way he likes it,) and hope... complicates things. But his simple life is turned upside down when he find out that his poetry has been stolen... for the absolute oddest of reasons.
8 136 - In Serial49 Chapters
Depth
Cairo is a very closed off person. She has a lot of layers to her and most of those layers she won't let anyone see or hear about. Her life as she knows it is about to change and she will never be the same.
8 155

