《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-67

Advertisement

အပိုင်း-67

ချင်းရန် လင်းဖေးလု အကြည့်တိုင်းကြည့်လိုက်သည်။ သစ်ပင်ပေါ် က ငယ်ငယ်ရွယ်လူငယ်လေးကိုမြင်တာနဲ့အထိတ်တလန့် အလျင်စလို အရိုအသေပေးနှုတ်ဆက်လိုက်သည်။

"ဒီနိမ့်ကျတဲ့အစေခံက မြို့စားငယ်ကို နှုတ်ဆက်ပါတယ်။ အရှင် ကျေးဇူးပြုပြီး ကျွန်တော်မျိုးမ တို့ရဲ့မင်းသမီးငယ်လေးကို စနောက်နေတာရပ်ပေးပါ"

ရှီရှင်းဂျန် အသံထွက်ရီပြီး "ပဲစေ့လေး စိတ်ဆိုးနေတာလား? မင်းကြောက်သွားသလား?

လင်းဖေးလု အဓိပ္ပာယ်ပါပါအကြည့်တစ်ချက်ပေးပြီး " လုလေး မကြောက်ဘူး!!! ဆင်းလာခဲ့!!"

ရှီရျင်းဂျန် လက်ပိုက်ထားပြီး သစ်ပင်ပေါ် ခြေချိတ်ထား၏။ "အဲအစား မင်းဘာလို့ ဒီအပေါ် တက်မလာတာလဲ?"

လင်းဖေးလု မျက်နှာပျက်သွားပြီး "မျောက်တွေပဲ သစ်ပင်ပေါ် တက်တာ!!"

ထိုအခိုက်အတန့် ရှီရှင်းဂျန် တောင့်ခဲသွားပြီး ရုတ်တရက် ရွှင်မြူးစွာ "ဒီပေါ် ကို တက်တယ်လို့ ဘယ်သူပြောလဲ? ငါ ပျံလိုက်လို့ ဒီရောက်လာတာ!"

"ဘယ်လိုပျံလဲမင်းကို ပြမယ်"

ချင်းဂေါင်စတိုင်ဖြင့် (တရုတ်ရိုးရာ သိုင်းတစ်မျိုး) နဲ့သစ်ပင်ပေါ် ကနေ ဆင်းချလာတယ်။

ထိုကောင်လေးဆင်းချလာတော့ အနက်ရောင်ဘရိုကိတ်နဲ့ အနက်ရောင်ဆံနွယ်များလေထဲ လှုပ်ရှားလျက်။ ချောမောတဲ့ သူ့ပုံရိပ် ပန်းချီကားတစ်ချပ်နဲ့တူ၏။

လင်းဖေးလု ရှေ့ပျံသန်းခုန်ချလိုက်သည်။ ထိုအခိုက်အတန့် တစ်ခုခု လွဲချော်နေတာနားလည်လိုက်သည်။

လင်းဖေးလု ပြုံးဖြဲဖြဲနဲ့ " ဘာလို့ ဆင်းချလာတာလဲ?"

ရှီရှင်းဂျန်"?"

သူမ မှန်တယ်။ သူဘာလို့ ဆင်းချလာတာလဲ?

ရှီရှင်းဂျန် သူ အရူံးလုပ်ခံလိုက်ရတာ။ ပဲစေ့လေး သူ့ကိုကစားချသွားတာသိလိုက်သည်။

သို့ပေမဲ့ သူ ဒေါသမထွက်ဘူး။ ဒီလှည့်စားမှုသေးသေးလေးကို ပျော်ဖို့ကောင်းတယ် စိတ်ဝင်စားဖို့ကောင်းတယ်လို့တွေးမိတယ်။ ပဲစေ့လေး ဆံထုံးတစ်ဖက်ဆီ လက်လှမ်းလိုက်သည်။ လင်းဖေးလု ဒါကို မျှော်လင့်နေတာ။ အလျင်စလို သူ့ခေါင်းသေးသေးလေးကိုကာကွယ်ဖို့ အနောက်ငယ်နောက်ဆုတ်ပြီး ခက်ထန်စွာ "လုလေး ဆံထုံးလေးကို မထိနဲ့"

ရှီရှင်းဂျန် အခိုင်အမာ "ဒီအရှေ့နန်းဆောင်မှာ ဒီလိုချစ်ဖို့ကောင်းတဲ့ဆံထုံးလေးရှိရမယ်လို့ ဘယ်သူမင်းကိုခွင့်ပြုချက်ပေးလို့လဲ?"

သူ့ပဲစေ့လေး အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားကာ မျက်နှာ အဝေးလှည့်သွားသည်။ဒါပေမဲ့ ချက်ချင်းပြန်လှည့်ကြည့်ပြီး ဆက်ဆူပူတယ်။ " အဲလိုဆိုရင်တောင် ထိ ခွင့်မပြုဘူး!!"

ရှီရှင်းဂျန် ချစ်ဖို့ကောင်းနေမှုကို တောင့်မခံနိုင်တော့ပဲ လက်နက်ချတဲ့ပုံစံမျိုးလက်နှစ်ဖက်မြောက်ပြီး "ကောင်းပြီ..ကောင်းပြီ.. ငါမထိတော့ဘူး"

ပဲစေ့လေး သူ့ကိုစကားပြောတိုင်း တကယ်ခေါင်းကြောမာသည်။ ပဲစေ့လေးရှေ့ခြေလှမ်းတိုးလာပြီး ဆောင့်ဆောင့် ထိုင်ချလိုက်သည်။

ဆောင့်ဆောင့်ထိုင်ပြီးနောက် သူမဆီက လတ်ဆတ်တဲ့ရနံလေးကို နှာခေါင်းထဲဝင်ရောက်လာသည်။ရှီရှင်းဂျန် ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး ခါးမှာရှိတဲ့ အိတ်လေးကိုမြင်တော့ လက်ညိုးထိုးကာ မေးတယ်။ "ဒါက ဘ

ထိုအချိန် သူ့ပဲစေ့လေး ပြောင်းလဲသွားကာ နူးညံ့ချစ်ဖို့ကောင်းတဲ့အသံလေးနဲ့ "အဖြူရောင်ဇီးပန်းပွင့်လေးတွေ"

ရှီရှင်းဂျန် စိတ်ဝင်စားလာပြီး "မင်း မွေးရနံ့ အိတ်လေးလုပ်ရင် အနည်းငယ်လောက်ဆိုလုံလောက်ပြီ။ ဒီလောက်အများကြီးဘာလုပ်ဖို့ကြိုးစားနေတာလဲ? သိပ်လည်းမလှပဲနဲ့အထဲထည့်ထားတယ်"

ဒီကောင်လေးရိုင်းစိုင်းပြီး မှုန်ကုပ်ကုပ်ဖြစ်နေပေမဲ့ သူ့တွေးခေါ် ပုံက တကယ်ကိုစေ့စပ်၏.

မောက်မောက်မာမာဖြင့် လင်းဖေးလု ခေါင်းမော့ပြီး " လုလေး မပြောပြဘူး!!"

ဒီစကားကြားတော့ ရှီရှင်းဂျန် အိတ်သေးသေးလေးကိုဖိအားပေးဆွဲယူပြီး ရယ်မောတယ်။ "မင်း ငါ့ ကိုမပြောရင် ငါမင်းကိုပြန်မပေးဘူး"

လင်းဖေးလု သူ့အိတ်ကို ပြန်ယူတယ်။

ရှီးရှင်းဂျန် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ပိုက်ထားရင်း ရယ်မောတယ်။ အိတ်သေးသေးလေးရဲ့ ကြိုးကိုင်ထားရင်းလေထဲမြှောက်သည်။

"မင်းဘာပြောလိုက်တာလဲ?"

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click