《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-65
Advertisement
အပိုင်း-65
လင်းဖေးလု မျက်လုံးငုံ့ကျသွားပြီး အနည်းငယ်ဝမ်းနည်းစွာ "လုလေးတို့တော်ဝင်အဖေက လုလေးရဲ့အစ်ကိုကြီးကိုမကြိုက်ဘူး။ဒါ့ကြောင့် လုလေးကိုလည်းမကြိုက်ဘူး။ အစ်မတော် နဲ့အတူ လုလေးသွားရင် အနာဂတ်မှာ တော်ဝင်အဖေ က အစ်မတော် ကိုတစ်မျိုးတစ်ဖုံဆက်ဆံလိမ့်မယ်။ ဒါဆို အစ်မတော် အတွက် ပြသာနာဖြစ်လာလိမ့်မယ်"
လင်းနန်းရှီ မျက်လုံးကိုကြည့်ပြီး ညင်သာစွာ အတည်ပြုပြောသည်။
" လုလေး ကောင်းကျိုးအတွက် အစ်မတော် ကို ပြသာနာအဖြစ်မခံနိုင်ဘူး"
လင်းနန်းရှီ လင်းဖေးလု စကားကြောင့် ချက်ချင်း ခံစားသွား၏။
ဒီနန်းတော် မှာသူ့ဆီက အကျိုးအမြတ်မလိုချင်တဲ့လူမရှိဘူး။မင်းသမီး ၃ လင်းရှီတောင်မှ သူတို့ငယ်ငယ်တည်းကဆက်ဆံရေးကောင်းလို့ မကြာခဏ ဧကရာဇ် လင်းနဲ့တွေ့ဖို့ တွေ့ဆုံခွင့်ရတာဖြစ်တယ်။ ဒီနည်းနဲ့လင်းရှီ ဧကရာဇ် ဆီ က မျက်နှာသာပေးမှုရရှိတာ။
ဒါပေမဲ့ ဒီဖေးလု သူမကို ဒီအတိုင်းရိုးရှင်းစွာ သဘောကျတာဖြစ်တယ်။လင်းဖေးလု သူ့အတွက်ရှေးရူပေးပြီးအခု ပြသာနာမဖြစ်စေဖို့ ဂရုစိုက်နေပြန်ပြီ။
ဘယ်လောက်တောင် ချစ်ဖို့ကောင်းပြီး နူးညံ့လိုက်တဲ့ နတ်သမီးလေးလဲ!!
လင်းဖေးလုကြည့်ပြီး စတင်ရီမောတယ်။ "ဒါ့အပြင် လုလေး ငယ်သေးတယ်။ အင်ပါယာကျောင်းမှာ စာသင်ကြားဖို့ အလျင်မလိုပါဘူး"
လင်းနန်းရှီ တွေးတွေးဆဆ နက်နဲစွာတွေးနေပြီး ရုတ်တရက် အစေခံ ကြောငြာသံကြားလိုက်ရတယ်။ "သခင်မပြန်လာပါပြီ"
ကြင်ယာတော် ဟိုင်ရဲ့အသံ အပြင်ဘက်တံခါးကနေ ထွက်လာ၏။ " လက်ရှိ မင်းသမီးဘာလုပ်နေလဲ?"
"မင်းသမီးနဲ့ မင်းသမီး ၅ အခု အထဲမှာအတူကစားနေပါတယ်"
"မင်းသမီး ၅?"
အရင်က မင်းသမီးငယ်လေးကို သင်ခန်းစာပေးဖို့ နန်းအာကို သူပြောခဲ့ဖူးတယ်။ ဆိုတော့ကား ဘာလို့သူတို့နန်းဆောင် ကိုခေါ် လာသလဲ? တစ်ခုခု အမှားလုပ်ခဲ့မိရင်တောင် မင်းသမီး ၅က တော်ဝင်သွေးသားပဲဖြစ်တယ်။ ဧကရီသာ ဒီကိစ္စကိုစုံစမ်းစစ်ဆေးရင် သူလည်း ဒီအရူပ်ကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။
ကြင်ယာတော် ဟိုင် စိုးရိမ်စွာ လာကြည့်တယ်။
ထိုကလေး မီးဖိုငယ်လေး ကိုင်ထားရင်း ဖရဲစေ့ စားသောက်နေကြတယ်။မြင်ကွင်းက နွေးထွေးပြီးလိုက်ဖက်ညီလှတယ်။
ဖြေးဖြေးချင်း ကြင်ယာတော် ဟိုင် ရဲ့ စိုးရိမ်စိတ်ကနေ မေးခွန်းထုတ်လိုစိတ်ကိုကူးပြောင်းသွား၏။
လင်းနန်းရှီ ပျော်ရွှင်စွာ ခေါ် လိုက်သည်။
"မယ်တော်"
လင်းဖေးလု နာခံစွာ အရိုအသေပေးလိုက်တယ်။ "ဖေးလုလေး ကြင်ယာတော် ဟိုင်ကို နှုတ်ဆက်ပါတယ်"
ကြင်ယာတော် ဟိုင် ပထမဆုံး လင်းဖေးလုကိုမြင်ဖူးတာဖြစ်တယ်။ ကြင်ယာတော် ရွမ်ရဲ့ အရိုး (နောက်ခံ)တွေကို မုန်းတီးတယ်။ဒါကြောင့် သူ နွေးထွေးစွာမကြိုဆိုချေ။ အေးစက်စက် " ခေါင်းမော့နိုင်ပြီ"
ထို့နောက် သူ့သမီးကိုမကျေမနပ်အပြုအမူနဲ့ကြည့်ပြီး "ဘာလို့ စကားလုံးတွေ မလေ့ကျင့်သေးတာလဲ? မင်း ဘာလုပ်နေတာလဲ?"
လင်းနန်းရှီ ချစ်မြတ်နိုးစွာကလေးလေး တစ်ယောက်လို "မနက်ကပဲ လေ့ကျင့်ပြီးပါပြီ။နန်းအာ ညီမတော် ၅ နဲ့ ပဟေဋိကွင်းအတူကစားနေကြတာ။ ဖြေရှင်းပြီးတဲ့ ပဟေဋိကွင်းကို ယူပြီး ပြောလိုက်သည်။
"မယ်တော် ကြည့် ...!! နန်းအာ ဖြေရှင်းပြီးပြီ!!"
ကြင်ယာတော် ဟိုင်ရဲ့မျက်နှာပေါ် ကအပြုံးနောက်ဆုံးတော့ ပေါ်ထွက်လာ၏။ ဧကရာဇ် က ထက်မြက်တဲ့မင်းသား၊မင်းသမီးတွေကို သဘောကျသည်လေ။ သူ့သမီးငယ်ငယ်ရွယ်ရွယ်နဲ့ထက်မြတ်စွာ မွေးဖွားလာသည့်အတွက် အရမ်းဂုဏ်ယူမိသည်။
လင်းဖေးလုကို တစ်ချက်ကြည့်ပြီး တိတ်တဆိတ် "မင်းသမီး စာဖတ်ဖို့ ရှိသေးတယ်။ ကိစ္စမရှိရင် မင်းသမီး ၅ ကိုယ့်နန်းဆောင် ကိုယ် ပြန်သင့်ပြီ"
လင်းဖေးလု နာခံစွာ အရိုအသေပေးလိုက်သည်။
သူ့မယ်တော် လင်းဖေးလုအပေါ် ဆိုးဝါးတဲ့စိတ်သဘောထားကိုမြင်တော့ လင်းနန်းရှီ ပါးစပ်ပိတ်ထားပြီး ဝင်မပြောရဲချေ။ကြင်ယာတော် ဟိုင် အာရုံစိုက်မနေသည့်အချိန် လင်းဖေးလုကိုမျက်လုံးမှိတ်ပြလိုက်သည်။
လင်းဖေးလုလေး သူ့ကိုပြန်ပြုံးလာတယ်။ လက်နှစ်ဖက်က မီးဖိုငယ်ကိုင်ထားရင်း ယောင်ဟွားနန်းဆောင် ကထွက်လာခဲ့သည်။
လင်းဖေးလု ထွက်သွားတဲ့အချိန် ကြင်ယာတော် ဟိုင် စတင် ဆုံးမတယ်။
"အပြင်မှာ သင်ခန်းစာပေးဖို့ ပြောခဲ့တာ။ ဘာလို့ ဒီနန်းဆောင် ကိုခေါ် လာတာလဲ? သူ့လက်ထဲက မီးဖိုငယ်က သူ့ကိုပေးလိုက်တာလား?"
"ဟုတ်ပါတယ်"
ကြင်ယာတော် ဟိုင် မကျေမနပ်ဖြစ်သွားကာ "သူ့ကိုသွားမနှောက်ယှက်နဲ့။ သူ့ကြောင့် မင်းသား ၁က လင်းရှီ ကို အပြစ်ပေးလိုက်တာသိပြီးပြီလား?"
လင်းနန်းရှီ နှုတ်ခမ်းဖိကိုင်ထားပြီး " ဒါတော့ သူ့ မိုက်မဲမှုကြောင့်ပဲ။ မယ်တော် အနာဂတ်မှာ လင်းရှီ နဲ့အချိန်ဖြုန်းတာ လျော့ဖို့ ဆုံးဖြတ်လိုက်ပြီ"
"ဘာလို့လဲ? မင်းတို့ ညီအစ်မ တွေ အတူကြီးပြင်းတာမဟုတ်ဘူးလား?"
လင်းနန်းရှီ စိတ်အားထက်သန်စွာ "ဆိုရိုးစကားအတိုင်း မင်နားကပ်နေတာလူနဲ့နေရင် မဲလာလိမ့်မယ်တဲ့။ သူ့ရဲ့မိုက်မဲ ပြီး အနှုတ်သဘောဆောင်တဲ့အပြုအမူတွေ နန်းအာရဲ့ဉာဏ်ရည်ကိုသက်ရောက်လာမှာ စိုးရိမ်တယ်"
ကြင်ယာတော် ဟိုင် "...."
Advertisement
- In Serial119 Chapters
Light of Returning Darkness
[participant in the Royal Road Writathon challenge] Reincarnated with a mission ... and failure would spell complete destruction.MC cultivated his new bloodline ability ... to rid the world of its incoming calamity. After there was no one strong enough to fight the 'darkness', Young Emperor Feng Luotian together with his father was forced to perform a unique ritual to go back in time and prevent an incoming calamity. Could they both prepare everything in time? Well, the Young Emperor certainly had his way, as he created his own unique bloodline with an RPG cheat system that was practically able to do anything other cultivators were not. But was that enough? Let's follow the reincarnated Young Emperor's journey to conquer the whole world and protect everyone in it.
8 355 - In Serial12 Chapters
Dream Tower
In a world where everything seems ordinary, a realm of mysteries and realities exist for those who stumble upon it or seek it. Axis stumbles into this world out of sheer curosity and is now on a journey through his dreams to survive. Will he be another victim of this world? Will he finally give in to his desires? or will he hold his Survival as a priority? Follow his journey through this shadow world of magic and mystery.
8 159 - In Serial24 Chapters
The King (Kralyat)
Balhkara – a kingdom once known for its glory and beauty before corruption and exploitation left its people gobbled up by hatred and greed. Twenty years ago, that kingdom lost its last King and since then it had been slowly sinking in an endless pit of abyss. Even though no one knows how the King died and who was responsible for the royal family’s demise – story has it that the late King was betrayed by someone close. One version of the story has it that his second wife was a spy and killed him, then burned his children during the infamous “Palace Accident”. Another version has it that a maid was jealous of the Queen and poisoned the whole family. With time passing, the story twisted further and blurred in with people’s imagination to the point that no one truly remembers the initial version. Interesting enough, one day three hunters from Balhkara receive a mysterious invitation for a private mission to look for a missing person. Upon meeting the employer, they learn that the Prince of Balhkara is still alive. Will they manage to find the Prince? Will that Prince, however, return to his rightful place and restore the glory of Balhkara? A story full with adventures, moral dilemmas that creates an allegory of today’s world and its state. You may notice some chapters are marked with one or more letters. These letters show you the specific quality the chapter is at. Legend of chapter quality as follow: P-ranked: Proofread chapterI-ranked: Illustrated chapterT-ranked: Real-facts chapterF-ranked: Final version
8 222 - In Serial70 Chapters
Traditional Position | JJK +18
Both you and Jungkook can't disagree to the arranged marriage, how will the two of you turn out?🔞 SMUT STORY.
8 333 - In Serial144 Chapters
Real Love | Big Scarr
Kodi is just a normal girl who loves having a good time and making money. What will happen after having fun takes a turn for the worst, and she's saved by Scarr, a trapper. Will this turn out to be the best encounter that has ever happened or a wicked one?
8 145 - In Serial18 Chapters
That bakery girl [Gojoxreader]
Gojo Satoru x readerWanting to leave the past and someone behind ,Y/n came back to her home village planning to stay and live there forever until one faithful day...- the plot follows the anime so SPOILER WARNING- you have red eyes WARNING - I know Gojo is 28 in the anime, here we will say he is 26 and Y/n is a student so it's a student/teacher relationship!!!!
8 115

