《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-64

Advertisement

လင်းဖေးလု သူ့ဆံထုံးလေးကိုထိထားရင်း ခဏစဉ်းစားတယ်။

"လုလေး သိပ်တော့ မသိဘူး။ အတူလေ့လာကြမလား?"

လင်းနန်းရှီပျော်ရွှင်စွာခေါင်းညိတ်တယ်။ "ကောင်းပြီ!!လုပ်ကြစို့!!"

သူတို့နှစ်ယောက် ပဟေဋိကွင်း ၉ ကွင်းကိုအတူလေ့လာကြတယ်.

လင်းဖေးလု ဒါ ကိုလုံးမမဆော့ဖူးဘူး ဒါပေမဲ့ သူမ IQ မြင့်မားစေဖို့ ဉီးနှောက်အတွက်ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းကို မလုပ်ပဲမနေနိုင်ဘူး။ မူလတန်းတုန်းက သူမRubik's Cubeပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တယ်။ပဟေဋိ ကိုးကွင်းနဲ့ လင်းနန်းရှီ ကစားပုံကိုမြင်တော့ ဒီဂိမ်းရဲ့ သဘောသဘာဝကိုချက်ချင်းဖမ်းဆုပ်နိုင်ခဲ့တယ်။

အမှန်က ဘယ်လိုဖြေရှင်းရမလဲသိထားပြီးသား။သို့ပေမဲ့ လင်းနန်းရှီ ကိုချုပ်ကိုင်ထားနိုင်ဖို့ သူမ သူ့ထက် ထက်မြက်တာ ပြသလို့မဖြစ်ဘူး။

ဒါ့ကြောင့် သူမ ဒီပဟေဋိကွင်းကိုဖြေရှင်းဖို့လုံလောက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိသူလို့ လင်းနန်းရှီ ထင်မြင်အောင် သဲလွန်စတစ်ချို့ အကြံပေးခဲ့ပေမဲ့လည်း လက်တွေ့မှာ သူမကိုယ်တိုင် အရင်လင်းဖေးလုနဲ့ ယှဉ်ရင် အနည်းငယ်ချို့တဲ့နေသေးတယ်။

အစေခံ ပန်းထိုးရုံကပြန်လာတော့ လင်းနန်းရှီ လပေါင်းများစွာ ဒုက္ခပေးခဲ့တဲ့ ကွင်းကိုးကွင်းပဟေဋိ အောင်မြင်သွားပြီ။

လင်းနန်းရှီ ဝမ်းသာသွား၏။ ချက်ချင်း သူ့ ညီမတော် ကိုမတူညီစွာကြည့်လိုက်သည်။

အရူးမလင်းရှီ ဒီလောက်အရိုးရှင်းဆုံး ကွင်းကိုးကွင်းကို ဘယ်လိုဖြေရှင်းရမလဲ ဘယ်တော့မှနားမလည်ဘူး။သူ့သင်ပြရတာ ကျွဲပါးစောင်းတီးနေသလိုပင်။ဖေးလုလေး သူ့ကိုအကြံပေးခဲ့ပြီး အတားအဆီးတစ်ချို့ မလုပ်တက်သေးဘူး။ သူ့သင်ကြားပြသမှုကြောင့် လုလေးဖြတ်လာနိုင်ခဲ့တယ်။ အနည်းဆုံး သူမမှာ ဒီဖြစ်စဉ်ရဲ့ ကိုယ်ပိုင်အတွေးလေးရှိတယ်။

လင်းဖေးလု နဲ့မတွေ့ခင်က လင်းရှီ စုံစမ်းပေးတာကိုနားထောင်ခဲ့တယ်။ဒါ့ကြောင့် ဒီညီမတော် ၅ ကိုမကြိုက်နှစ်သက်ခဲ့တာ။ဒါပေမဲ့အခုတော့ ဘယ်သူ့စကားကစိတ်မချရသလဲဆိုတာ နားလည်လိုက်ပြီ။

မနေ့က လင်းရှီ အပြစ်တင်တာကိုတွေးမိပြီး လင်းဖေးလုကိုမေးလိုက်တယ်။ "မနေ့က အင်ပါယာကျောင်းကိုသွားခဲ့သလား?"

လင်းဖေးလု စိုက်ကြည့်လိုက်သည်။ လင်းနန်းရှီ ဒီအကြောင်းသိနေလိမ့်မယ်လို့ မမျှော်လင့်ထားချေ။ အလျင်စလို ရှင်းပြတယ်။ "လုလေး .လုလေး .အထဲမဝင်ပါဘူး။ လှေကားနားမှာပဲနေတာပါ"

လင်းနန်းရှီ သက်တောင့်သက်သာအသံဖြင့် " ငါ မင်းကို စွပ်စွဲဖို့ ကြိုးစားနေတာမဟုတ်ဘူး။မကြောက်ပါနဲ့ ဒီအတိုင်း သိချင်လို့ပါ။ ဘာလို့ အင်ပါယာကျောင်းကိုသွားချင်ရတာလဲ?"

လင်းဖေးလုခေါင်းငုံ့ကျသွားပြီး ဆံထုံးလေးနှစ်ဖက်ကိုပဲမြင်ရ၏။ အသံတိုးတိုးလေးနဲ့ "အစ်ကိုတော်မင်းသား 4 က အင်ပါယာကျောင်းဆိုတာ တော်ဝင်ကလေးတွေ စာလေ့လာတဲ့နေရာလို့ပြောတာကြားတယ်။ ဒါပေမဲ့ လုလေး တစ်ခါမှမရောက်ဘူးတော့ သိချင်ပြီးတစ်ချက်သွားကြည့်ချင်ခဲ့တာ"

လင်းနန်းရှီ နန်းတော်ထဲ ကွဲပြားနေတာ ရှိတာ နားလည်တယ်။

ဧကရာဇ်က မျက်နှာသာမရတဲ့ မင်းသား၊မင်းသမီးတွေက ကျောင်းကိုတက်ဖို့ အရည်အချင်းမပြည့်မှီဘူး။ဒါပေမဲ့ သူ ဒါကိုပိုနားလည်တယ်။ နားမလည်ပဲ ဘယ်နေမလဲ။

လင်းရှီ အရူးလိုအဆင့်နဲ့ သူ့ကြောင့် အင်ပါယာကျောင်းမှာတက်နိုင်တာ။ ညီမတော် ၅ လေးက အရမ်းထက်မြက်တာ ဘာလို့မတက်နိုင်ရမှာလဲ?

လင်းနန်းရှီ မှာ ပြင်းထန်တဲ့စိတ်ထားရှိတယ်။ ဧကရာဇ် လင်းရဲ့ချစ်မြတ်နိုးမှုကြောင့် သူမ အမြဲတမ်းတည့်တိုးဆန်ပြီး လိုချင်တာ ဘာမဆိုတည့်တိုးပြောတယ်။ ချက်ချင်း ထိုင်ခုံက ထခုန်မတက် လင်းဖေးလု ကိုဆွဲကာ "လာခဲ့ ..ဧကရာဇ် နဲ့တွေ့ဖို့ ခေါ် သွားပေးမယ်။ အင်ပါယာကျောင်းမှာတက်ခွင့်ပြုမလား သွားမေးစို့"

မမျှော်လင့်စွာ လင်းဖေးလု မပျော်ရွှင်ဘူး။ ပထမ ဆုံး အရမ်း အံ့ဩသွားတယ်။ လင်းဖေးလု လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး အထိတ်တလန့် "အဲလို လုပ်လို့မဖြစ်ဘူး အစ်မကြီး!!"

လင်းနန်းရှီ မကျေနပ်စွာ "ဘာလို့လဲ? မင်းကောင်းမွန်တာ ငါ တော်ဝင်ဖခင်ကို သွားပြောပေးမယ်။ တော်ဝင်ဖခင်က ငါ့ ကိုအရမ်းချစ်တာ သေချာပေါက် ငါ့ ဆန္ဒကိုသဘောတူမှာပဲ"

လင်းဖေးလု သူ့အင်္ကျီကို ဆွဲပြီး တီးတိုးတခွန်းစီ ပြောတယ်။ "အင်ပါယာအစ်မတော် ဒါ အလုပ်မဖြစ်ဘူး"

သာသာမှ။

ဒါလေး Paid မှာပြီးပြီနော်။ဝင်လို့ ရပါပြီဗျ။

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click