《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-59

Advertisement

ဆောင်းဂျင်းလန် အပိုင်းအစ တစ်ခုယူစားလိုက်သည်။ သူ့စားသောက်တဲ့ပုံစံလေးကိုက မျက်စိကို ကျေနပ်စေတယ်။ နှစ်လိုဖွယ်ကောင်းပြီး နှစ်ပေါင်းများစွာကျင့်ကြံထားသည်အတိုင်းပင်။ တစ်ခု စားပြီးနောက် ရပ်သွား၏။ ညင်သာစွာ" အရသာရှိတယ်။ကျေးဇူးတင်ပါတယ်။ မင်းသမီး ၅ "

လင်းဖေးလု ရုတ်တရက် ဝမ်းနည်းသွား၏။

ဒီကောင်လေးနဲ့ ပတ်သက်ပြီး အပြစ်ရှာမတွေ့ဘူး။ တကယ်ကို ပြီးပြည့်စုံပြီး ဘယ်သူမှ သူ့ကိုမချဉ်းကပ်ရဲချေ။ သူ့ကိုယ်သူ ဖန်ဘောင်တစ်ခုထဲ တံဆိပ်ခတ်ထားသလိုပဲ .ဘယ်တော့မှ ထိုအပြင်ဘက်သို့မထွက်ခွာချေ။ ဒီလိုနည်းနဲ့ သူဘယ်တော့မှ အမှားလုပ်မှာမဟုတ်ဘူး။ဒါပေမဲ့ နေထိုင်ရတာ ပင်ပန်းပြီး ခက်ခဲတဲ့နည်းတစ်ခုလည်းဖြစ်တယ်။

လင်းဖေးလု ဒါကိုကောင်းကောင်းနားလည်တယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ ရန်သူ နိုင်ငံကိုအပို့ခံရတယ်။ သူ့နိုင်ငံက စွန့်ပစ်ခံရတဲ့ အချက်ကို ဂရုမစိုက်ပဲ ဒီမှာ မထီမဲ့မြင်ပြုတာ (သို့မဟုတ်) အနိုင်ကျင့်ခြင်းခံရရင် ခြေတလှမ်းလှမ်းရုံနဲ့ အလွယ်တကူသေဆုံးသွားနိုင်တယ်.ငယ်ငယ်တည်းက သူ့ခံစားချက်တွေ ထိန်းထားဖို့ သင်ယူခဲ့ပြီး တုန်လှုပ်ချောက်ခြားဖို့ကောင်းတဲ့ဒီနေရာမှာ အေးဆေးနေထိုင်နိုင်ဖို့ သင်ယူခဲ့တာဖြစ်နိုင်တယ်.

ထိုသို့ ခက်ခဲတဲ့အခြေအနေ မျိုးကြုံတွေ့ရပေမဲ့လည်း မနေ့က သူမကိုကူညီပေးခဲ့ပြီး လင်းရှီ ကိုဒေါသထွက်စေခဲ့တယ်။

သူ့ လုပ်ရပ်ကနေ အကျိုးဆက် ကိုမတွေးခဲ့ဘူးလား?

လင်းဖေးလု မျက်တောင် တခတ်ခတ်နဲ့ အသံတိုးတိုးဖြင့် " အရှင့်မင်းသား မနေ့က ဘာလို့ ကူညီခဲ့တာလဲ?"

တန်ဒေါင် ရေနွေးအိုး နဲ့အတူ အခန်းထဲဝင်လာသည်။

လက်ထဲ အချိန်အတော်ကြာ ကိုင်ထားပြီး ဆောင်းဂျင်းလန် သူမ အတွက် တစ်ခွက်လောင်းထည့်ပေးသည်။နွေးထွေးသည့်အငွေ့အသက်ကြား ပြုံးပြီး "မင်းသမီးလေးက ချစ်ဖို့ကောင်းပြီး လိမ်မာတယ်။ မနေ့က ဒီလိုအခက်အခဲနဲ့တွေ့တော့ ဘယ်သူမဆို မင်းသမီးလေးကို ကူညီချင်လိမ့်မယ်လို့ ဒီမင်းသား ယုံကြည်တယ်"

အိုး ဘုရားသခင် . ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့ကောင်လေးလဲ။ ကြည့်စမ်း!

ဆောင်းဂျင်းလန် မင်ယွဲ့ နန်းဆောင်ထက် ပိုဝေးတဲ့နေရာမှာနေထိုင်တယ်။ သူ့ကိုယ်သူ လှည့်စားနေသလား မသေချာပေမဲ့ ဒီမှာပိုအေးတယ်။ လျိုဇု ဗီလာ အနီးတစ်ဝိုက်မှာ ရေကန်တွေရှိတာကြောင့် လေထု က ပိုစိုစွတ်တယ်။

မနက်တည်းက ဒီနေ့ အေးတယ်. ပွင့်နေသည့် ပြတင်းပေါက် က လေအေးဝင်ပြီး မီးဖိုမှာလည်း မပူချေ။ လင်းဖေးလု အေးစက်စက်ဖြင့်ထိုင်နေ၏။

သူမကိုထိန်းထားနိုင်တဲ့အရာမှာဆောင်းဂျင်းလန် ရဲ့ ချောမောတဲ့မျက်နှာဖြစ်တယ်။

ဆောင်းဂျင်းလန် တစ်ခုခုလွဲနေတာ သတိပြုမိပြီး သူ့အစေခံ တန်ဒေါင်ကို " သွား မီးဖိုထဲ သွားဖြည့် အပူချိန် အဆင်ပြေအောင်လုပ် သေချာပလေ့စေ"

တန်ဒေါင် ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြီး အမိန့်အတိုင်းလျင်မြန်စွာထွက်သွား၏။ သိပ်မကြာခင် ပူနွေးနွေး မီးဖိုနဲ့အတူ ပြန်လာ၏။ ဆောင်းဂျင်းလန်

သူမ အတွက် အရမ်းပူမှာစိုးတာကြောင့် အပူချိန်ကိုအရင်စစ်ဆေးဖို့ ယူလိုက်သည်။

"ဒီမှာ မင်းသမီး ..ယူသွား"

သူမ သုံးနေကျ လက်ဆွဲမီးဖိုလေးနဲ့မတူဘူး။ ရိုးရိုး ရေနွေးအိုးလို ရှေးအကျဆုံးအရာလည်းဖြစ်တယ်။ ကြားခံဖြင့် မထုပ်ထားတာကြောင့် မီးလောင်ဒဏ်ရာ အလွယ်တကူဖြစ်စေပြီး လျင်မြန်စွာအေးသွားလိမ့်မယ်။ သို့ပေမဲ့ ဒါက မျက်နှာပြင်ချောမွေ့ ပြီးအပြစ်အနာအဆာ ကင်းသည်။ ကြေးနီအလွှာ အရောင်အသွေးမရှိတာမြင်တော့ ဒီလက်ဆွဲမီးဖိုကို ပုံမှန်အသုံးပြုနေကျ ဖြစ်ရမယ်လို့တွေးမိတယ်။

သူမ အလွန်အေးစက်နေတာကြောင့် သူ့ကမ်းလှမ်းချက်ကိုမငြင်းဆန်ချေ။ လက်ခံယူဖို့လက်ဆန့်လိုက်တော့ ဆောင်းဂျင်းတန် သူ့ လက်များကို သူ့အင်္ကျီလက်အောက် မထင်မရှားဖုံးထားတာတွေ့လိုက်ရတယ်။

ဒါ အလိုလိုက်ခံထားရတဲ့ ကလေး ရဲ့ လက် မဟုတ်ဘူး။

သူမ အရင်က ရှီရှင်းဂျန် လက်ကိုမြင်ဖူးတယ်။ ငယ်စဉ်ကတည်းကကိုယ်ခံပညာ လေ့ကျင့် သင်ကြားခဲ့လို့ လက်ဖဝါးမှာ အဖုတွေရှိတယ် သို့ပေမဲ့ ရှီရှင်းဂျန် ပင်ပန်းနွမ်းနယ်မှုမရှိချေ။ အေးချမ်းတဲ့ဆောင်းရာသီကြောင့်ဖြစ်နိုင်သလို သူ့လက်မ အက်ကွဲကြောင်းလေးတွေရှိနေပြီး ကြည့်ရတာနာကျင်စေတယ်။

သူမ အကြည့်တွေကိုရိပ်မိတာကြောင့် ဆောင်းဂျင်းလန် သတိနဲ့ဖုံးကွယ်လိုက်၏။

လင်းဖေးလု ဘာမှမပြောပဲ လက်ထဲက မီးဖိုကိုယူလိုက်သည်။ အသံတိုးတိုးလေးနဲ့ "အရှင့်မင်းသား နောက်ပိုင်း ဘာဆက်လုပ်ဖို့အစီအစဉ်ရှိလဲ? "

    people are reading<ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click