《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-41
Advertisement
အပိုင်း-41
ကြင်ယာတော် ရွမ်မျက်မှောင်ကြုံ့နေပြီး"အဲလူက အခု မှ အသစ်ဝင်တာ မသေချာမရေရာနဲ့ အရည်အချင်းကလက်ခံနိုင်စရာမရှိဘူး. အင်ပါယာ သမားတော်ရုံး ကိုအခု သွား အင်ပါယာသမားတော် ချန်းကို မင်ယွဲ့ နန်းဆောင်သွားဖို့ တောင်းဆိုလိုက်။ မင်းသမီး ၅ ကို စမ်းသပ်ပါစေ"
အင်ပါယာသမားတော် ချန်းက စီနီယာသမားတော် တွေထဲက တစ်ယောက်။ သူ့ဆေးပညာက ယုံကြည်ရတယ်။ မကြာခဏ ကွငျယာတျော ရွမ် ရဲ့ ကျန်းမာရေးကိုလဲ စစ်ဆေးပေးတက်တယ်။
သူ့သခင်မ အမိန့်ပေးတော့ စုယု အလျင်စလိုထွက်သွားတယ်။ သမားတော်ချန်း ကြင်ယာတော် ရွမ် တောင်းဆိုတာ လက်ခံရရှိတော့ ဆေးသေတ္တာယူပြီး မင်ယွဲ့နန်းဆောင် ဆီ မနှောင့်နှေးစေပဲ ထွက်သွားတယ်။ လင်းဖေးယုရဲ့ သွေးကြောစမ်းသပ်ပြီးနောက် သူမ အခြေအနေ အတွက် ဆေးညွန်းအသစ်ရေးပေးပြီး ထွက်သွား၏။
အမှန်တိုင်းပြောရရင် လင်းဖေးယု အရမ်းဖျားနာတာမဟုတ်ဘူး။သူမ သုံးလိုက်တဲ့နည်းလမ်းက သာမန်ရိုးရိုးအဖျားလေးပဲ။ ရှောင်လန်း သူမဘေးရောက်လာပြီး ဆေးတိုက်တယ်။ ဆေးသောက်ပြီးနောက် အပြင်ဘက်ခြံရံနေတဲ့ ချင်းရန်က အထိတ်တလန့် "မင်းသား ၁ ရောက်လာပါတယ်!!"
ဒါက..
အထက်တန်းကြင်ယာတော် ရွယ်နဲ့ သူတို့ ဘာအဆက်အသွယ်မှမရှိကြဘူး။ ဘာလို့ မင်းသား၁ က သူ့ဆီကိုလာလည်သည်လဲ?
အပြင်ဘက်တံခါးကနေ ရှင်းလင်းကြည်လင်သည့်အသံ ထွက်လာတယ်။ " ခေါင်းမော့လို့ရပြီ။ အင်ပါယာညီမတော် ၅ အထဲမှာလား?"
ချင်းရန် ပြန်ဖြေတယ်။ "အရှင့်သားကို ပြန်ဖြေပါတယ်။ မင်းသမီး ၅ က အဖျားကြောင့် အခု အထဲမှာပါ"
လင်းတန်လည်း စိုးရိမ်စွာ "သူမ ဖျားနေတယ်? စိုးရိမ်ရလား? အင်ပါယာသမားတော် လာပြီးပြီလား?"
"အင်ပါယာသမားတော် ချန်းလာရောက်ပြီးပါပြီ"
အပြင်ဘက် အမေး အဖြေ စကားများပြောနေစဉ် ရှောင်လန် လင်းဖေးလုကိုဝတ်ရုံ ကူဝတ်ပေးလိုက်တယ်။ ချင်းရန် လင်းတန်ကို ဉီးဆောငျပွီးခေါျိ လာတော့ လင်းဖေးလု ဆေးသောက်ပြိး အိပ်ရာပေါ် ထိုင်နေ၏။ သူ့မျက်လုံးများလှန်ကြည့်ပြီး လင်းတန် ကိုမြင်တော့ အံ့ဩတကြီး ပါးများရဲတက်သွားတယ်။
"ဒါက ...!! အစ်ကိုတော် !! အစ်ကိုတော် က လုလေး ရဲ့ အင်ပါယာ အစ်ကိုကြီးလား?"
ထိုအချိန်က လင်းတန် သူဘယ်သူဆိုတာ ထုတ်မပြောခဲ့ဘူး။ ဒါပေမဲ့ အခု ဒီကလေးမ သူ့ကိုအသိအမှတ်ပြုတော့ လင်းတန် ရှက်ပြုံးလေး ပြုံးမိတယ်။ မကြာခင် ပြုံးပြီး " ဘယ်လိုလုပ် နေမကောင်းဖြစ်သွားတာလဲ?"
လင်းဖေးလု ခေါင်းမော့ပြုံးပြီး " အအေးနည်းနည်းမိတာပါ။ မစိုးရိမ်နဲ့"
ရှောင်လန် မူးဝေနေ၏။ သူ့သမီးနဲ့ အကြီးဆုံးမင်းသား ဘယ်လိုလုပ်အဆက်အသွယ်ရှိသွားသည်လဲမတွေးတက်အောင်ပဲ။ သို့ပေမဲ့ ကလေးနှစ်ယောက် အဆင်ပြေတာမြင်တော့ သူတို့နှစ်ယောက် အတွက်ကောင်းတယ်ဆိုတာ နားလည်ပြီး ချင်းရန် နဲ့အတူ အခန်းထဲက ထွက်လာခဲ့တယ်။
ရှောင်လန် နဲ့ ချင်းရန် ထွက်သွားတာမြင်တော့ လင်းဖေးလု မေးတယ်။ " အင်ပါယာအစ်ကိုကြီး ယုန်လေးကိုတွေ့ချင်လို့လာတာလား? လုလေးအစ်ကိုကြီးက ကောင်းကောင်းစောင့်ရှောက်ပေးထားတယ်။ ရာသီဉတု အေးတော့ ယုန်လေးကို အစ်ကိုကြီးအခန်းထဲရွေ့ထားတာ။ ယုန်လေး ကိုမြင်ရအောင် ခေါ် သွားပေးမယ်"
စောင်ဖယ်ကာ အိပ်ရာပေါ် က ထဖို့လုပ်တယ်။ လင်းတန် လင်းဖေးလု ညင်သာစွာ ခေါင်းလေးပုတ်ပေးပြီး လက်ပြန်ရုပ်ကာ ငုံ့ကြည့်တယ်။
"အလျင်မလိုဘူး။ အခု ယုန်လေး မင်းနဲ့အတူရှိတာသိတော့ သက်သာရာရသွားပြီ။ အိပ်ရာထဲ လှဲနေသင့်တယ်။ အနည်းဆုံး နောက်ထပ် အအေးမမိတော့ဘူးပေါ့"
လင်းဖေးလု နာနာခံခံနဲ့ အိပ်ရာထဲ ပြန်နေတယ်။ ထို့နောက် အသံသေးသေးလေးနဲ့မေးတယ်။ "အစ်ကိုကြီး ပြန်သွားတော့ ကြင်ယာတော် ရွယ်အစ်ကိုကြီးကို ယုံကြည်လား?"
လင်းတန် အနည်းငယ်ကိုးရိုးကားယားဖြစ်သွားပြီး ပြုံးရင်း "မင်းပြောသလို တော်ဝင်မယ်တော် ကိုပြောလိုက်တယ်။ တကယ်ယုံကြည်သွားပြီး နောက်ထပ်လုံးဝမမေးတော့ဘူး"
Zawgyi
အပိုင်း-41
Advertisement
ဒါက..
Advertisement
- In Serial33 Chapters
Arden's place
Arden's place is the place for those who have lost their way, those who are planning their next adventure, or those who want to listen to the stories told with dinner and laughter in the evening. *** There will be a lot of Grammer mistakes so read cautiously
8 260 - In Serial13 Chapters
Seeds of Doubt #1: Born in a Golden Storm
In the eternal cosmic game between the agents of order and chaos, a new piece is forced onto the field. Will he be a mere pawn? Maybe he will be something grander, someone worthy of being a new player? Or maybe he will be someone with a fate beyond anything imaginable, perhaps even a god-in-waiting.... This book is how it all started, The science of magic and the seeds of doubt.
8 108 - In Serial47 Chapters
Sequel: Two siblings, a boyfriend and a toddler
It's been two years since y/n had Elodie and since Tom and y/n got together. Harrison, Tom and y/n are still living together. What will happen when their lives are turned upside down once more.
8 148 - In Serial64 Chapters
THE STAR SEEKERS
New parts every week on Wednesdays at 3PM ET*****The age of magic.A world where magic idols prevail.In these extraordinary times, Star One is one of the last non-magic idol groups left standing.When they feel as though they've reached their limit, miraculous magic emerges.And with it appears an unforeseen enemy, the Dragon Slayer Clan.Suddenly, Star One must face these challenges to discover the truth.Can they change their predestined fate?THE STAR SEEKERS with TOMORROW X TOGETHER*****Original story: HYBECo-planning: HYBE / NAVER WEBTOON
8 58 - In Serial7 Chapters
You don't get it huh? (Smut)
⚠️ warning this story contains smuts⚠️if you want me to make other than Aidan Gallagher or Harry Potter.....go ahead and request....and if you request other than umbrella acedamy, Nicky, Ricky, Dicky and Dawn or Harry Potter....I will sure try to do it cause I will enter dormitory later..... so won't see you guys for long time...😔smutty smut😏omg....I think I'm already addicted......oh an don't forget......HOLLY WATER PLEASE!!!!!🍶🍶🍶🍶
8 92 - In Serial20 Chapters
Lcs oneshots and imagine shenanigans
I write reader inserts of pro League of Legends players and stuff. Yeah, so no oc's here my guy. Also, Leave something positive or vote if you enjoy cause it helps a lot❤[ALL MEDIA USED HERE ARE NOT MINE AND CREDIT IS DUE TO THE CREATORS] (DISCONTINUED)
8 101