《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-33
Advertisement
အပိုင်း-33
နောက်တော့ လင်းဂျင်းယွမ် "ကွန်ဖြူးရှပ်" စာအုပ်ကို နှံ့နှံ့စပ်စပ်စတင်လေ့လာတော့တယ်။ မှတ်သားရုံသာမက စကားလုံးတစ်လုံးချင်းစီ ကနောက်ကွယ်က အဓိပ္ပာယ်များကိုပါလေ့လာတယ်။ !! တစ်အုပ်လုံးမှတ်သားပြီးမှ သူ့ညီမတော် ဆီသွားမယ်။ မဟုတ်ရင် သူ့နောက်ဆုံး သိက္ခာ ဆုံးရူံးသွားလိမ့်မယ်!!
လင်းဂျင်းယွမ် လာမလည်တော့ လင်းဖေးလု အားလပ်နေ၏။။ လင်းကျန့်ယွမ်ကတော့ သူ့ညီမ သူနဲ့မကစားလို့ ရင်တထိတ်ထိတ်ဖြစ်နေလေတယ်။
လင်းဖေးလု နေ့ဝက်လောက် သူ့ကို ချော့ရတယ်။လင်းကျန့်ယွမ်နောက်ဆုံးတော့ "ငါ ချင်းပေ ဉယျာဉ်ထဲက ဂျုဘယ်သီးစားချင်တယ် ဒါမှ ညီမလေးကို ခွှင်လွှတ်ပေးမယ်!!"
အရင်ကခေါက် ချင်းပေဉယျာဉ်ကိုဖြတ်တော့ သူမ ဂျုဘယ်သီးတစ်ချို့ယူလာဖူးတယ်။ လင်းကျန့်ယွမ် စိတ်ထဲ အချိန်အတော်ကြာ ဒါကိုတွေးနေမယ်လို့ မထင်ထားဘူး။ လင်းဖေးလု သူ့အစ်ကိုခေါင်းပုတ်ပြီး အပြုံးလေးနဲ့ "ကောင်းပြီ။ ညီမလေး အစ်ကို့အတွက် သွားခူးပေးမယ်။ ဒီမှာ လိမ်လိမ်မာမာစောင့်နေ"
လင်းကျန့်ယွမ် ရူးကြောင်ကြောင် စပ်ဖြဲဖြဲ ဖြစ်သွား၏။
ဆောင်းရာသီနီးကပ်လာပြီဖြစ်လို့ ရာသီဉတု အေးလာပြီ။လင်းဖေးလု ရှောင်လန် သူမ အတွက် ချုပ်ပေးတဲ့ အဖြူရောင်ကုတ်အင်္ကျီလေး ဝတ်ပြီး ဂျုဘယ်သီးကောက်ဖို့ ထွက်သွားသည်။
ချင်းပေဉယျာဉ် မှာ သစ်သီးပင်တွေအများကြီးစိုက်ပျိုးထားတယ်။ ဆောင်းရာသီဆိုရင် သစ်ပင်ကိုင်းမှာ သစ်သီးအများကြီးရှိတယ်။ မောင်းမဆောင်က အစေခံများ သစ်သီးများကောက်ပြီး သူတို့ကိုလာပို့ကြတယ်။ လင်းဖေးလု ဝင်ပေါက်က ဝင်လာတော့ ရုတ်တရက် ဉယျာဉ် နံရံထောင့်နား တစ်စုံတစ်ယောက်ငိုသံကြားရတယ်။
သူမ တခြားသူကိစ္စတွေကို စိတ်ဝင်စားတက်တဲ့ ပုံစံမျိုးမဟုတ်ဘူး။အစက ကုန်းကုန်း (ဒါမှမဟုတ်) နန်းတွင်းအစေခံလို့ ထင်လိုက်တာ ဒါ့ကြောင့် ဂျုဘယ်သီးအပင်အောက်ကို ထွက်လာခဲ့တယ်။ ဉယျာဉ်ထဲက ထွက်သွားတော့မဲ့အချိန် ညင်သာတဲ့ရိူက်ငိုသံ ရပြီး ကြားရသူတိုင်းကိုကြောက်လန့်သွားစေတယ်။ ဘယ်လောက်တောင်သနားဖို့ကောင်းအောင်ငိုနေတဲ့အသံလဲပြောနေစရာတောင်မလိုဘူး။
လင်းဖေးလု ဉယျာဉ်ထဲက ထွက်လာတော့ မနေနိုင်ပဲ အသံလားရာဆီ ကြည့်လိုက်သည်။ ရှည်လျားသည့် မြက်ပင်အောက် အရွယ်မရောက်သေးတဲ့အရပ်နဲ့ ပုံရိပ်တစ်ခုရှိသည်။ အစေခံများနှင့်မတူညီစွာလှပစွာဝတ်ဆင်ထားသေးတယ်။
သူမ ခဏတွေးပြီး သွားဖို့ ဆုံးဖြတ်လိုက်သည်။
ပန်းများနှင့် သစ်ရွက်များကိုနင်းကာ လျှောက်လာတော့ အသံထွက်သွား၏. ထိုအသံပိုင်ရှင်က လှည့်ကြည့်ပြီး မွေးခွန်းထုတ်တဲ့အသံနဲ့ "ဘယ်သူလဲ?"
လင်းဖေးလု ချောမောတဲ့ကောင်လေးတစ်ယောက်ဆိုတာ မြင်လိုက်ရတယ်။ လက်မောင်းထဲအဖြူရောင်ယုန်လေး ကိုင်ထားပြီး ထိုယုန်လေး မျက်လုံးအတိုင်း မျက်လုံးများရဲတက်နေကာ ငိုထားတာ သိသာတယ်။ သူ့မျက်နှာပေါ် မျက်ရည်များအပြည့် ကြည့်ရတာ သနားဖို့ကောင်းနေ၏။
လင်းဖေးလု ဒူးထောက်ချပြီး မေးလိုက်တယ်။ "ဘာလို့ ငိုနေတာလဲ?"
သူ့ပုံစံအခုလိုဖြစ်နေတာ တခြားသူမြင်သွားတော့ ရှက်ကိုးရှက်ကန်းဖြစ်သွား၏။ ခဏကြာတော့ ခက်ထန်တဲ့အပြုအမူ ပြောင်းလဲသွားတယ်။သို့ပေမဲ့ သူ့သဘာဝကိုက ဗီလိန် ဆန်ဆန်မဟုတ်ဘူး ပြီးတော့ ငိုရတာ သူကူရာမဲ့တယ်လို့ခံစားရလို့။ သူဘယ်လောက်ပဲ သနားဖို့ကောင်းကောင်း အခုစိုးရိမ်ထိတ်လန့်နေပြီး ဘာမှမဖြစ်သလို ဖုံးကွယ်ဖို့ မတူညီစွာဟန်ဆောင်ကာ "မင်းနဲ့မဆိုင်ဘူး"
အကြည့်တစ်ချက်မှာတင် လင်းဖေးလု ဒီကောင်လေးရဲ့ စရိုက်ကိုဖမ်းမိတယ်။ စိတ်မပျက်မိဘူး။ထို့အစား ပြုံးပြီး သူ့လက်မောင်းထဲ ယုန်လေးကို ပုတ်ပေးကာ " ဒီယုန်လေးကို မွေးထားတာလား? ချစ်ဖို့ကောင်းလိုက်တာ"
ထိုကောင်လေးခန္ဓာကိုယ်အနည်းငယ်တုန်ယင်သွားကာ မျက်ရည်များရပ်တန့်သွားပြီး ခြိမ်းခြောက်တာမျိုးမရှိတော့။ သွားတင်းတင်းကြိတ်ထားပြီး ဆန်းကြယ်တဲ့အပြုအမူမျိုး ပြထားကာ ယုန်ကို မထိအောင် နောက်ဆုတ်လိုက်သည်။
လင်းဖေးလု သူ့ကိုခဏကြာထိ ကြည့်နေပြီး ညင်သာစွာ "ဘာဖြစ်လို့လဲ?"
သိပ်မဝေးတဲ့တနေရာက နန်းတွင်းအစေခံများ ရီမောသံ စကားပြောသံ တဖြေးဖြေးနီးကပ်လာတယ်. ထိုကောင်လေးမျက်နှာပြောင်းလဲသွားပြီး တိတ်တိတ်နေဖို့အချက်ပြတယ်။ လင်းဖေးလု ခေါင်းညိတ်ပြီး သူ့ဘေးနား ထိုင်ချလိုက်တယ်။. သူတို့ နှစ်ယောက် မြက်ပင်ရှည်များ နှင့်ဖုံးကွယ်လိုက်တယ်။ နန်းတွင်းအစေခံများ ချင်းပေ ဉယျာဉ်ထဲ လျှောက်လာကာ သစ်သီးတစ်ချို့ ခူးပြီး ပြန်ထွက်သွားကြတယ်။
ထိုအချိန် ဘာစကားမှမပြောပဲ သူတို့နှစ်ယောက်ရဲ့ မျက်ဝန်းများတစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြ၏။ ဆူညံပြောဆိုသံများပျောက်သွားတော့မှ ကောင်လေးက မုန်ကုပ်ကုပ်မေးလာတယ်။
"မင်းဘယ်သူလဲ?"
Zawgyi
အပိုင်း-33
Advertisement
"မင်းဘယ်သူလဲ?"
Advertisement
- In Serial16 Chapters
WARZONE: Modern Warfare in a Fantasy World
Join Discord by clicking here. --------- Connor, a 19-year-old in the 22nd century who enjoys spending time playing military and strategy games. He is now looking forward to a VRMMO game called "Warzone" that mirrors Earth where the players start as an ordinary soldier in one of two factions, Federation or The Empire, then rise through the ranks and manage their own armies. Connor, who was looking forward to playing Warzone, put on his VR helmet. Although unbeknownst to him, where he was sent to was not... Warzone. This is a rewrite of my previous novel, starting from the prologue.
8 206 - In Serial6 Chapters
Rivers of Rogue
In the span of only a heartbeat, River is transported from the comfort and security of her room to a world of monsters, magic and violence. River finds herself suddenly at the bottom of a dark chasm with sheer walls of unscalable stone all around. The blue skies and clouds of the outside world stare down at her from far above, unreachable from these depths. The only path left open leads into the Hollow Delve, a gluttonous dungeon of stone and magic teeming with slavering monsters and enchanted treasures alike. Giant featherweight swords, explosive hammers, magic cloaks and aberrant, monstrous bodily transformations make up the treasures and boons of this twisted labyrinth. Faced with brutal combat for the first time in her life, a war of despair, pain, hope and ambition rage inside River as she struggles to improve her abilities and fight to survive. Because in this hollow chasm, death is only a reprieve. (Updates Tuesdays)
8 57 - In Serial8 Chapters
Reborn as a Nano Drone
In One moment i was laying in my Bed and in the next i was on a destroyed Planet. As a Nano Drone.
8 175 - In Serial11 Chapters
In Life and In Death
Alex Torres, the leader of the best hunter team in all of The Empire has to make a choice. A choice that will decide the lives of his team and everyone else on this continent. What would he give to protect them? What will he become? (I am new to writing so any feedback on how to improve would be helpful, thank you for your time and please enjoy the story) PS-Cover art isn't mine it was a cool photo I found on the internet, If you are the artist and want me to take it down then send me a message and I will
8 69 - In Serial8 Chapters
The Doctor, His Dealer, & Dohrnii Island
Leonhard Matthias Frost is a high-strung and lonely young man. In the pages of his journal, Leo has been documenting the twists and turns of his life for over a decade when he befriends a strange group of young students. Hopelessly enamoured with a young lady in this queer group of individuals, the beautifully intelligent Elvira Floyd Ellis, Leo jumps head-first into the antics of this eccentric band of misfits. Such a bizarre and kinky group they are, Leo’s new friends pull him into a world of peculiarity and madness. A world where reality soon slips from Leo’s spiralling grasp.
8 191 - In Serial8 Chapters
in a perfect world..
just some poetry until I figure out what my next steps are as an author on wattpad. enjoy ❤️🩹 feel free to comment
8 87