《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-19
Advertisement
အခန်းထဲ မီးအိမ်မထွန်းထားဘူး။ အားနည်းတဲ့အလင်းရောင် မီးအိမ် သာရှိတယ်။ လင်းဖေးလု သူ့ဒူးပေါ် ထိုင်နေ၏။ ကိုယ်လုပ်တော် ရူ နိုးတာ မြင်တော့ ဖြေးညှင်းစွာ သူ့နားနားယိုင်ကျလာပြီး တီးတိုး "ကိုယ်လုပ်တော် ရူ သူမက ပြောတာ ရှင့် ကိုစောင့်နေတယ်တဲ့ ".ကိုယ်လုပ်တော် ရူ မျက်ဝန်း အကြောက်တလန့် ပြူးကျယ်သွားကာ နဖူးက ချွေးများကျဆင်းလာတယ်။လင်းဖေးလု ပြုံးပြီး အိပ်ရာပေါ် ခုန်ဆင်းလိုက်တယ်။ လှည့်လာကာ တွေးတွေးဆဆနဲ့မေးတယ်။
"သခင်မ ကြောက်နေလား? ကြောက်နေရင် သခင်မ အတွက် မီးအိမ် ထွန်းဖို့ ကူညီပေးမယ်"
ကိုယ်လုပ်တော် ရူ ဆိုးဝါးတဲ့အသံနဲ့ "ဟောင်ရူ!! ဟောင်ရူ!!"
မနေ့ညက အဖြစ်အပျက်ကြောင့် ဟောင်ရူ မေ့လဲသွားပြီး ကိုယ်လုပ်တော် ရူထက် တောင် အခြေအနေဆိုး၏။ ဒါပေမဲ့ ကိုယ်လုပ်တော် ရူ အော်ခေါ် တာ ကြားတော့သူ့ကိုယ်သူဖိအားပေးပြီး လျှောက်လာတယ်။ကိုယ်လုပ်တော် ရူ အားနည်းစွာ " သူ့ကို အပြင်ခေါ် ထုတ်သွား!! ထွက်သွားခိုင်း!!"
ဟောင်ရူ ချက်ချင်း " မင်းသမီး ၅ ကြွပါ"
လင်းဖေးလု လည်း အခန်းထဲက တလှမ်းချင်းထွက်သွားတယ်။
ကိုယ်လုပ်တော် ရူ လင်းဖေးလု ပြောတဲ့ စကားကိုပြန်ကြားယောင်ပြီး အကြောက်တလန့် "ဟောင်ဇီ !! မီးအိမ်ထွန်း!!"
ဟောင်ရူ မီးအိမ်ထွန်းညှိတော့အခန်းထဲ တဖြေးဖြေးလင်းထိန်လာ၏။ ကိုယ်လုပ်တော် ရဲ့ အကြောက်တရားအနည်းငယ်ပြေသွား၏။ ဟောင်ရူ သူ့သခင်ချွေးများကို ရေနွေးပူနဲ့ သုတ်ပေးဖို့ ရေနွေးပူ နဲ့ဆေး သွားယူတယ်။ ကိုယ်လုပ်တော် ရူ အိပ်ရာပေါ် ပြန်လှဲနေပြီး ရုတ်တရက် မီးအိမ်ပေါ်ဆီ မရည်ရွယ်ပဲ မျက်လုံး ကရောက်သွား၏။
သန့်ရှင်းပြီး ဘာမှမရှိတဲ့ မီးအိမ်ပေါ် တဖြေးဖြေးချင်း စကားလုံးများ စတင်ထွက်ပေါ် လာတယ်။
သူ့မျက်လုံး မကောင်းတာလို့ထင်မိတယ်။ မျက်လုံးမှိတ်ပြီး မျက်လုံးပွတ်ကာ ပြန်ကြည့်တယ်။ လက်ရေးများစတင်ထွက်ပေါ် လာပြီး ထိုစကားလုံးများ ဖတ်လို့ရနေပြီ။ပုံပျက်ပန်းပျက် စကားလုံးလေးလုံး က "ငါစောင့်နေတယ်"
ထိုအခိုက်အတန့် ကိုယ်လုပ်တော် ရူ လုံးဝမအော်တော့။ မျက်ဖြူလန်ကျသွား၏။ ဟောင်ရူ ပြန်လာတော့ ပင်မနန်းဆောင် ဇောက်ထိုးမိုးမျှော်ဖြစ်နေပြန်၏။ ထိုအခိုက်အတန့်င်းဖေးလု သူမရဲ့အခန်းထဲ လျှောက်လာပြီး အင်္ကျီလက်ထဲက စုတ်တံ ကိုထုတ်လိုက်၏။
ပြတင်းပေါက် နား စားပွဲခုံပေါ် မနေ့က ကောက်ခဲ့တဲ့ ချဉ်စုပ်စုပ်လိမ္မော်သီးချဉ်အရည်များရှိနေတဲ့ ခွက်တစ်ခုရှိနေ၏။
လင်းကျန့်ယွမ် လင်းဖေးလုအခန်းထဲ ပြေးဝင်လာတယ်။ လိမ္မော်သီးကို ယူကာ အနည်းငယ်ကိုက်ကြည့်တယ်။ ချက်ချင်းမျက်နှာ ရွံ့တွ သွားပြီး "ချဉ်တယ်..ဝူး..ဝူး.!!"
လင်းဖေးလု သူ့ခေါင်းပုတ်ကာ "အဲ ဒါစားဖို့မဟုတ်ဘူး"
သိချင်တဲ့ရုပ်လေးနဲ့ " စားဖို့မဟုတ်ရင် ဘာအတွက်လဲ?"
လင်းဖေးလု အဖြူရောင်စာရွက် အပိုင်းအစ ယူပြီး လိမ္မော်ရည် ခွက်ထဲ စုတ်တံ နှစ်ကာ ပြုံးနေတဲ့မျက်နှာလေး စာရွက်ပေါ် ဆွဲလိုက်တယ်။ အဖြူရောင်စာရွက်ပေါ် ဆွဲလိုက်ပေမဲ့ ဘာမှမမြင်ရပေ။ လင်းကျန့်ယွမ်လည်း စိတ်အားထန်သန်စွာ ကြည့်တယ်။ လင်းဖေးလု အဖြူရောင်စာရွက်ကို ဖယောင်းတိုင်မီးအောက် ယူကာ လက်ဝေ့ယမ်းပြီး "လာခဲ့ ..စိတ်ဝင်စားစရာတစ်ခုခုပြမယ်"
လင်းကျန့်ယွမ် ပျော်ရွှင်စွာပြေးလာပြီး ဖယောင်းတိုင်မီးအောက် တဖြေးဖြေးထွက်ပေါ် လာတဲ့ စာရွက်နားအနီးကပ်လာကြည့်တယ်။
ဘာမှမရှိတဲ့ စာရွက်ပေါ် ပြုံးနေတဲ့ မျက်နှာလေး တဖြေးဖြေး ထွက်ပေါ် လာတယ်။ပျော်ရွှင်စွာလက်ခုပ်လက်ဝါးတီးပြီး "ပန်းချီ!! ဒါ ပန်းချီ!!"
ရှောင်လန် ရေနွေးနဲ့အတူ ဝင်လာပြီး ပြုံးပြီး "ဖေးလု မီး နဲ့မဆော့နဲ့"
လင်းဖေးလု နာခံစွာခေါင်းညိတ်တယ်။
အဖြူရောင်စာရွက်နဲ့ လိမ္မော်သီးများအတူလွင့်ပစ်လိုက်တယ်။
နောက်တနေ့ ကိုယ်လုပ်တော် ရူ အိပ်ရာထဲ လဲနေဆဲပဲ။ အစေခံများနှင့်ကုန်းကုန်းများ တဖြေးဖြေးကောင်းမွန်လာပေမဲ့ ကိုယ်လုပ်တော် ရူ ကယောင်ကတမ်းပြောပြီးမတိုးတက်ချေ။ အထက်တန်းလွှာ ကြင်ယာတော် အကာအကွယ်မရှိတော့တာကြောင့် ဒီအခြေအနေကနေ ကယ်တင်မဲ့သူမရှိဘူး။
အင်ပါယာနန်းဆောင် က လူတိုင်း ကိုယ်လုပ်တော် ရူ မရေမတွက်နိုင်တဲ့အပြစ်များကျုးလွန်ခဲ့တယ် ဆိုတယ်။ အထက်တန်းလွှာ ကြင်ယာတော်ရွမ်လည်း ရူပ်ထွေးကြောက်လန့်နေပြီး ဘုရားခန်းမှာ တိတ်တဆိတ် ဆုတောင်းနေမိတယ်။
ကိုယ်လုပ်တော် ရူ သူတို့ကို ပြသာနာလာမရှာတော့ လင်းဖေးလု နေ့ရက်တိုင်းက နောက်ဆုံး တိုးတက်လာတယ်။ အနည်းဆုံး သူတို့ရသင့်တဲ့ ခံစားခွင့်နဲ့ အထောက်အပံ့များ လက်ခံရတယ်။ နေ့တိုင်း လင်းဖေးလု အသားစားရတဲ့နေ့ နေထိုင်ရတဲ့ ဘဝကို ရရှိတယ်။ ဒီမတော်တဆ ဖြစ်သွားတော့ လူတိုင်း မင်ယွဲ့ နန်းဆောင် နဲ့ ဝေးဝေးနေကြတယ်။ ဒါ့ကြောင့် မင်ယွဲ့ နန်းဆောင် အင်ပါယာနန်းဆောင် နဲ့ ပိုပိုပြီး တသီးတခြားဆန်လာတယ်။
ယုရူ လည်း စိုးရိမ်နေတယ်။ လူတိုင်းက မင်ယွဲ့နန်းဆောင် ကျိန်စာမိနေတာလို့ ပြောကြတယ်။ သူလည်း မမြင်ရပေမဲ့ ကြောက်တယ်။
ရှောင်လန်က ဒီလိုမတွေးဘူး။ သူ့အစေခံတွေကို "မင်းတို့ ဘာမှအမှားမလုပ်ထားဘူး။ သရဲက မင်းတို့ တံခါးကိုလာခေါက်မှာစိုးမနေနဲ့။ ဒီကိစ္စ မစိုးရိမ်နဲ့ "
သူက အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်း တိတ်တဆိတ်နေရတာ နှစ်သက်တယ်။ တောင့်တစိတ်နဲ့ လောဘမရှိဘူး။ သူလိုချင်တာ က သူ့ကလေးနှစ်ယောက် လုံလုံခြုံခြုံကြီးပြင်းဖို့ပဲ။ အခု အခြေအနေ က သူလိုချင်တာနဲ့ ကွက်တိပဲ။
လင်းဖေးလု အတွက် ကတော့ ဒီဇာတ်ကောင်သေးသေးလေးကို သတ်လိုက်တာက နွေးထွေးသွားအောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ။
သူမ ပစ်မှတ်ထဲက တစ်ခုက သဘောကျနှစ်သက်မှု 30 % ရောက်နေပြီ ။အရမ်းမကြာခင် သူမ ဆီလာလည်လိမ့်မယ်။
သေချာပေါက် ရက်နည်းနည်ကြာတော့ တိတ်တဆိတ်နေ့လည်ခင်း ခြံဝန်းထဲ လင်းကျန့်ယွမ် နဲ့ကစားနေတုန်း အပြင်ဘက် နံရံကနေ ခြေလှမ်းသံများ နီးကပ်လာတယ်။ စိတ်စောစွာအော်သံ ထွက်လာတယ်။
"မင်းသား ၄ !! အရှင်မင်းသား!! မပြေးပါနဲ့ !! ကျွန်တော် မျိုးတို့ကိုစောင့်ပါဉီး!! အဲနေရာက သွားလို့ ရတဲ့နေရာမဟုတ်ဘူး!!"
မကျေမနပ် အထက်စီးဆန်တဲ့အသံကို သူမ ကြားလိုက်ရတယ်။
"ဒီမင်းသား သွားလို့မရတဲ့နေရာ ရှိသေးလို့လား?"
Advertisement
- In Serial14 Chapters
Fate Online
Fate, the world's first true virtual MMO. Where realism and fantasy meet. And where fates are shaped and legends are born.Hurricane is a famous game studio, but it has been years since they last released a new game. Amidst dwindling sales and news articles discussing its fate, Hurricane holds a press conference in the main auditorium at G3, the world's largest gaming convention for the first time in years. Here they announce that after almost a decade of silence, their new game is finally ready to be revealed. Eric Kingsley is no hero, but he is a gamer, and a pretty good one at that. Jumping into the world of Fate, all he wants to do is level up as quickly as he can. However, Fate is no ordinary game, and neither are the stakes he's playing for... Notice: This story is live on Amazon under the title Nasvencia.
8 440 - In Serial12 Chapters
The Demon Queen (On Hiatus)
This is a strange predicament I got myself into. Before me was the king of a human kingdom. "Welcome heroes from another world! Humanity needs your help in defeating the [Demon King]! His plans to destroy humanity must be stopped, and you are the destined heroes to defeat him!" Or so he says. No matter what, isn't this a really weird situation? I'm a demon you know? A demon! And not just any demon either, I'm the [Demon Queen] you know?! Why was I summoned as a hero?! Release Schedule:Every Wednesday and Saturday. On permanent hiatus until I find motivation to write this again. Currently writing a quest on fiction.live in the meantime under blazingseraph. The quest name is Elder Dragon Quest if you want to check it out.
8 210 - In Serial55 Chapters
Who Said Death Was Easy? [Death Note Fanfiction]
Keiko Kagami: high schooler, wanna-be investigator, and classmate of Light Yagami. What happens when she gets tangled with Light Yagami and the Kira investigation? OCX? to be determined. Keep in mind that things are not always what they seem.
8 61 - In Serial35 Chapters
The Art of You
What happens when the star baseball player hits a home run into the art studio window? *****All Sadie Lane Garner needed to make herself happy was a canvas and paintbrush.With copious projects due and little studio time, she volunteers to clean the art building in exchange for after-hour use of the university art supplies. But, she doesn't foresee the loud baseball games outside the workshop windows, the near-perfect view of the field, or the sight of devious, dark-haired athlete, Elijah Preston, known for his charm and home runs.And it doesn't take long for Sadie to find out he also has the perfect view of her.━━━━━━━━━━━━━━Completed, 80-85k words Stand Alone novel [previously named The Art of Falling]Cover photo from Pexels edited on Canva Copyright of Anna SteffeyAll rights reserved. This book or any portion thereof may not be reproduced or used in any manner whatsoever without the express written permission of the publisher except for the use of brief quotations in a book review. -- ONLY POSTED TO WATTPAD
8 103 - In Serial35 Chapters
Rocket in Wonderland Lost in the Multiverse
When Rocket gets lost in the Multiverse, he found himself in an alien planet scavenging for spare parts he could use to repair his ship. He was guided by a smiling cat, who called himself Cheshire, along the mysterious world and Rocket intended to keep their relationship casual. However there was something about the feline that drew Rocket close to him and as he stayed longer, he discovered that there was something else going on inside the planet and its beings. Being Rocket, he couldn't care less about the planet or the cat until the mysteries were slowly hinting that he and Cheshire might have a shared past. DISCLAIMER: I do not own Marvel or any of its characters. This is merely a fanfiction and I do not intend to make profit out of it.
8 178 - In Serial22 Chapters
My BestFriend Dad
It's just a short story I wrote at 3am because I couldn't sleep. Time Jumps About a girl who falls for her best friend dad. A man who found himself I love with his daughter best friend. Well they make it?I don't expect this book to be someone favorite book. I couldn't sleep and decided to do something other then watch tv. Cover photo By Sara GolishFound it on Google I DO NOT OWN ANY GIFS OR IMAGES
8 171

