《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-18
Advertisement
တချိန်ထဲ နာမည်ကြီး ဘုန်းကြီး တစ်ပါး ရောက်လာတယ်။ နောက်တစ်ယောက် ကတော့ အင်ပါယာသမားတော် ။ ကြည့်ရတာ ကိုယ်လုပ်တော်ရူ အဖျားကြောင့် ထင်ယောင်ထင်မှားပြောနေပုံပဲ။
ကိုယ်လုပ်တော် ရူက အထက်တန်းလွှာကြင်ယာတော် ရွမ်ရဲ့ သစ္စာရှိလက်အောက်ငယ်သားဖြစ်တာကြောင့် ကြင်ယာတော် ရွမ် ဒီအကြောင်းကြားတော့ ချက်ချင်း ထိုလူနှစ်ယောက် ကို ကူညီဖို့ စေလွှတ်လိုက်တယ်။
ပင်မနန်းဆောင်က သခင်မ ဖျားနာနေတာ ဘေးနန်းဆောင် က သခင်မ အနေနဲ့ ရှောင်လန် ဒီအခြေအနေကို လစ်လျုရူလို့မရဘူး။ ရှောင်လန် ချင်းရန်နဲ့အတူ ကိုယ်လုပ်တော် ရူ ဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်တယ် ။လင်းဖေးလု လည်း နောက်က လိုက်ပါလာတယ်။ကိုယ်လုပ်တော် ရူ ဆေးသောက်ကာ အိပ်ရာထဲ လှဲနေပြီး လင်းဖေးလု ကိုမြင်တော့ နောက်ကျော အေးစက်လာပြန်တယ်။
မနေ့ညက အဖြစ်အပျက်ကိုတွေးမိပြီး ကြောက်လန့်လာကာ အိပ်ပျော်ဖို့ ဆေးသောက်နေရတယ်။
နန်းဆောင်ထဲ လူအများကြီး ရေနဲ့ဆေးသူ့အခန်းထဲ ယူလာပေးတယ်။ ကိုယ်လုပ်တော် ရူ အိပ်ရာရှေ့က သကြားရည်ညိုညို ကို လင်းဖေးလု ဖြန်းလိုက်တာ ဘယ်သူမှနားလည်ပုံမရချေ။ ကိုယ်လုပ်တော် ရူ ဖျားနေတာကြောင့် အခန်းထဲအပူချိန် ပူနွေးတယ်။ အခန်းထဲ အပူအချိန် အရမ်းမြင့်တယ်။ သကြားရည်က မကြာခင် ခြောက်သွားပြီး ဘာသဲလွန်စမှမကျန်ခဲ့ဘူး။
နေ့လည်ကျတော့ ကိုယ်လုပ်တော် ရူ အခြေအနေကို မေးဖို့ ကြင်ယာတော် ရွမ် တစ်ယောက်ယောက် လွှတ်လိုက်တယ်။
အထက်တန်းလွှာ ကြင်ယာတော် ရွမ် ရဲ့အစေခံ မင်ယွဲ့ ပင်မခန်းမကို သွားပြီး တံခါးတွန်းဖွင့်ကာ အထဲဝင်လာတော့ သူ့အသံပျောက်မတက် ကျယ်လောင်စွာအော်တယ်။
အပြင်က လူတိုင်း အပြေးအလွှားရောက်လာကြတယ်။
ကြင်ယာတော် ရွမ် ရဲ့အစေခံ မျက်နှာဖျော့တော့ နေပြီး " ပုရွက်ဆိတ်တွေ..!! အများကြီးပဲ !!"
လူတိုင်း ကိုယ်လုပ်တော် ရူ အိပ်ရာပေါ် ပုရွတ်ဆိတ်နဲ့အကောင်တွေကို မြင်လိုက်တယ်။ သူတို့ ဒီမြင်ကွင်းကြောင့် ရင်ဖို ကြောက်လန့်သွား၏။
ကြည့်ရူသူတိုင်း ထိတ်လန့်ကြောက်လန့်သွား၏။ သူတို့တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောဆိုကြတယ်။
"ကိုယ်လုပ်တော် ရူ မကောင်းဆိုးဝါးရဲ့ ပစ်မှတ်ဖြစ်လာတာ အမှန်ပဲလား?"
"နာမည်ကြီးဘုန်းကြီးက သန့်စင်ခြင်း လုပ်ဆောင် ပြီးပြီမလား?"
"မကောင်းဆိုးဝါး နာကြည်းမှုအရမ်းနက်ရိူင်းလို့ ဖယ်ရှားဖို့ ခက်ခဲလောက်တယ်။ ကောင်းကင်ဘုံပဲ ဘယ်လိုမကောင်းတဲ့ နတ်ဆိုးကိစ္စတွေ လုပ်ခဲ့သလဲ သိလိမ့်မယ်။ ငါ တို့အလုပ်ငါတို့ လုပ်ပေးပြီး သွားစို့။ သူတို့ ပြသာနာ သူတို့ဟာ သူတို့ ဖြေရှင်းကြပါစေ"
ကြင်ယာတော် ရွမ် ရဲ့အစေခံလည်း အရမ်းထိတ်လန့်သွား၏။တစ်ချက်ကြည့်ကာ ချက်ချင်း ရန်ရှီ နန်းဆောင် ကို ပြန်ပြေးပြီး သူ့သခင်မကို သွားတင်ပြတယ်။
အင်ပါယာနန်းဆောင်ထဲ ဧကရီနဲ့ အထက်တန်းလွှာ ကြင်ယာတော် နှစ်ယောက်ရှိ၏။ အထက်တန်းလွှာ ကြင်ယာတော် ရွမ်က ညီလာခံကညာလက်ရုံး အဓိပတိတစ်ယောက်ရဲ့ သမီးဖြစ်ပြီး မိသားစုကြောင့် အင်ပါယာ မောင်းမဆောင်ထဲ ဝင်ရောက်တည်းက နှစ်သက်ခြင်းခံရသူလည်းဖြစ်တယ်။ ကိုယ်လုပ်တော် ရူ ကို ဂရုစိုက်ပေးဖို့ လူလွှတ်လိုက်တာ ကိုယ်လုပ်တော် ရူကို ဂရုစိုက်လို့မဟုတ်ပဲ အင်ပါယာနန်းဆောင်ထဲ ကိုယ်လုပ်တော် ရူ က အထက်တန်းလွှာကြင်ယာတော် ဘက်က လူဆိုတာ လူတိုင်းသိနေလို့ဖြစ်တယ်။ အာရုံစူးစိုက်မှုမရှိပဲ တစ်ခုခု လစ်လပ်သွားပါက သူ့ဘက်က ကိုယ်လုပ်တော် များ သူ့ကိုခါးသီးသွားပြီး ထွက်သွားကြမှာစိုးလို့ဖြစ်တယ်။
အခု သူ့အစေခံ ဆီက ပြန်ကြားတော့ လန့်သွားတယ်။ အထင်သေး စက်ဆုပ်မှုကိုထိန်းမထားပဲ။ "ငါ သူ့ ကိုကြည့်ပေးပြီးပြီ။ ငါ့ စေတနာအကုန်ပဲ။ နောက်နောင် အခုက စပြီး ရန်ရှီ နန်းဆောင် ထဲ အဝင်မခံနဲ့။ ငါတို့ဆီ မကောင်းတဲ့ ကံ သယ်လာလိမ့်မယ်"
ကိုယ်လုပ်တော် ရူ နှစ်သက်ခြင်းမခံရတာ အတော်ကြာပြီ။ကလေးမမွေးနိုင်ဘူး။ အရင်နှစ်များက ကြင်ယာတော် ရွမ်ရဲ့ လွှမ်းမိုးမှုကို မှီခိုပြီး အထက်စီးဆန်စွာ ပြုမူတယ်။ ရက်စက်တဲ့အရာတွေ အများကြီးလုပ်ခဲ့တယ်။ ကြင်ယာတော် ရွမ်ရဲ့ ယုံကြည်မှုနဲ့အမိန့်အတိုင်း သူ့လက်နဲ့အသက်အများကြီး ယူဆောင်ခဲ့ဖူးတယ်။ အခု ကိုယ်လုပ်တော် ရူ ရဲ့နောက်ခံပျောက်ဆုံးသွားပြီ အခု သူရင်ဆိုင်မဲ့ရမဲ့ ကံကြမ္မာက မကောင်းတဲ့ ကံကြမ္မာပဲဖြစ်လာလိမ့်မယ်။
ကိုယ်လုပ်တော် ရူ အိပ်ရာထဲ နေမကောင်းဖြစ်နေပြီး ဒါကို သတိမထားမိဘူး။အဖျားရှိနေပြီး အိမ်မက်ဆိုး မက်တယ်။ နိုးလာတော့ ရေဆာတယ်။ မျက်လုံးမူးဝေစွာ ဖွင့်တော့ တစ်စုံတစ်ယောက် သူ့ ဘေးလှဲနေတာ မြင်လိုက်တယ်။
ကိုယ်လုပ်တော် ရူ ထိတ်လန့်စွာ ချက်ချင်းအော်ဟစ်တယ်။ ဒါပေမဲ့ လည်ချောင်းခြောက်သွေ့ပြီး ဆိုးဝါးတဲ့ငိုသံပဲ ထွက်လာတယ်။
သူ့ဘေးကလူက လင်းဖေးလု။
သာသာမှ။
ဒါလေးက paid ရှိပါတယ်။လက်ရှိ အပိုင်းတို ၇၄ ထိရောက်နေပြီပေါ့နော်။ လင်းဖေးလု ကလေးဘဝကနေပြီး လူကြီးဖြစ်တဲ့အချိန် ဘယ်လို ကြုံတွေ့ရမလဲဆိုတာရေးသားထားပါလေးပါ။အတော်လေး လည်းလက်ဝင်တာပါ။ သာသာ ကလေးဘဝကနေ လူကြီးထိ ရေးရတာတွေးရင်း ငပျင်းဖြစ်လာတဲ့အထိပဲ။ လင်းဖေးလု ဘဝက မောင်းမဆောင်ထဲ ဘယ်လိုစခန်းသွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဘာလို့ ဆိုတော့ သူ့အစ်ကိုတော် တွေ အမေက တစ်ယောက်နဲ့တစ်ယောက်မတည့်တာတွေ။ ထီးနန်းအတွက် ယူဖို့ ကြံတာတွေ။အဲလိုတွေရှိလို့ပါ။လင်းဖေးလု ဘဝက မောင်းမဆောင်ထဲ တအားခက်ခဲတာပါ။ရင်ဆိုင်ရတဲ့အခြေအနေတွေဖော်ပြရေးသားထားတာ။Comedy type ပြောပေမဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်ဗျ။
Advertisement
- In Serial6 Chapters
The pleiadian Woman Who Stole Me and MY Heart written by Travis Willier
This is a book about a Native man who is abducted by a mysterious Alien woman from another galaxy. Taken from the life he formally knew to be, his existence is thrown out the galaxy when he is abducted by an alien woman and her best Gray alien Friend.
8 150 - In Serial7 Chapters
Black Home
This is the story of a guy… Nah, just kidding. I’m Neant, nice to meet you. I know, weird name, didn’t choose it… Actually, I did. Well, I’m probably not one to be trusted blindly. What follows is some sort of summary of my life, narrated by no other than good old me. You get the privilege of learning about my story from my own point of view, isn’t that great ? How I vanquished galaxy-sized foes, how I met extraordinary people, how I created entire species… You know, regular stuff. If you’re reading this, know that what I did wasn’t exactly pro-bono. Sure, it felt nice to do good for once, but I expect a lot in return. I expect a thriving world, a sane society, and a solution to our little problem. So, don’t slack off ! Neant, out. _______________________________________________________________________________________________ Chapters between 8k and 10k words Currently 204 pages
8 160 - In Serial8 Chapters
Threads of Song and Shadows
A continent on the brink of war. As the daughter of the Skarian Court's Royal Beast Weaver, twelve year old Ning Yue enjoys all the prestige and privileges of the nobility. Even as she struggles to summon her weaving abilities, life traveling within the boundaries of Skarian sovereignty with her father had always been enough. After a betrayal that ends in a massacre, Yue finds herself alone. Homeless, as a fugitive of the country, and with a heart full of burning vengeance, she will have to find her way through harsh landscapes, political minefields and a terrible power taking hold within her. A power that can aid her in her quest for revenge, or save nations across Westhania. Broken treatises. A race on the verge of a mass genocide. A brewing rebellion. And a girl with her qilin in the centre of it all. **Disclaimer: Still a work in progress, so names and sequence of events might change along the way. Thank you for reading! I hope you enjoy Yue's story. :)
8 166 - In Serial86 Chapters
Zero Falls: Season One
After escaping their abusive household, twins Bill and Will Cipher, find refuge in a strange town of Zero Gravity. It doesn't take long, before danger lurks around every corner, as the twins encounter many oddities, monsters, and even godlike beings.To survive, they need strong allies. But, will they find the strength to trust others, including each other?
8 168 - In Serial33 Chapters
Reverse Falls Dipcifica One-shots
Rev Dipcifica Oneshots! The title basically says it all lol-It's really cringe since it was like 2016 Ranks: #4-reversedipcifica #6-pacificasoutheast#1-pacificasoutheast (2022)#41-dipcifica (2021 "most impressive" lol?)
8 204 - In Serial13 Chapters
The Little Frost Giant
What happens when the Frost Giants invade Asgard, but leave something behind. What will Loki do?This is my first story, I do not own any of the marvel characters, I only own 1 , which you will find out. But the plot is my own.I will try to update as much as I can, but I am still a student.#1 lokisdaughter 6/4/2022
8 211

