《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-16
Advertisement
အပိုင်း-16
အပြန်လမ်းမှာ လိမ္မော် အပင်တန်းများကိုဖြတ်လာကြတယ်။လင်းဖေးလု ကိုကြည့်လိုက်တယ်။ သူမ စိတ်ထဲ ဘာတွေးနေသလဲ ဘယ်သူမှမသိဘူး။ဒါပေမဲ့ ရပ်ပြီး ချင်းရန်ကို "လိမ္မော်သီး ယူသွားချင်တယ်"
"ဆောင်းတွင်းလိမ္မော်သီး ပင်က အလှဆင်ဖို့ သပ်သပ်ပဲ စိုက်ပျိုးထားတာပါ။ သူတို့က အရမ်းချဉ်တာ စားလို့မဖြစ်ဘူး"
လင်းဖေးလု မကြားသလို " နှစ်ခု လိုချင်တယ်"
ချင်းရန် စည်းရုံးမနေပဲ နောက်ဆုံး လိမ္မော်သီးအနည်းငယ် ခူးလိုက်တယ်။ ဒီအသီးတွေချဉ်တယ်ဆိုတာ အကြည့်တစ်ချက်တည်းနဲ့ပြောနိုင်တယ်။ လင်းဖေးလု အပြန်ခင် လိမ္မော်သီးတွေကို အင်္ကျီလက်ထဲထည့်ကာ သယ်လာခဲ့တယ်။
ရှောင်လန် နဲ့ ယုရူတို့ ခြံဝန်းထဲ အပ်ချုပ်နေကြတယ်။ ချင်းရန် သယ်လာတဲ့ ပန်းသီးတွေကိုမြင်တော့ သူတို့အပြုအမူပြောင်းလဲသွားကြတယ်။ သူတို့မေးတော့ ချင်းရန်က ဖြစ်ခဲ့ သမျှ ပျော်ရွှင်စွာ ပြန်ပြောပြတယ်.
ရှောင်လန် အနည်းငယ်အံ့ဩသွားတယ်။ခြံဝန်းထဲ ထိုင်နေတဲ့ လင်းဖေးလုကိုကြည့်လိုက် တော့ ပုရွက်ဆိတ် အသိုက်ကို လင်းကျန့်ယွမ်နဲ့အတူ တူးဆွနေတယ်။ ရှောင်လန် ဒီကိစ္စကို သိပ်တွေးမနေတော့ပဲ ဒီနေ့ မင်းသား ၄ စိတ်ကောင်းဝင်တာ ဖြစ်နိုင်တယ်လို့ပဲ ယူဆလိုက်တယ်။ ကလေး နှစ်ယောက်အတွက် ခွာကျွေးဖို့ ချင်းရန်ကို ညွန်ကြားလိုက်တယ်။
လင်းဖေးလု ပန်းသီးကိုင်ထားရင်း ထိုင်ခုံပေါ် ထိုင်နေ၏။ အနည်းငယ်ကိုက်စားပြီး ဆန့်ကျင်ဘက်က ပင်မနန်းဆောင်ရဲ့ ပိတ်ထားတဲ့ တံခါးကို ကြည့်နေ၏။
စောစောက ရှောင်လန်နဲ့ ယုရူ တို့ပြောတဲ့စကားကိုကြားမိတယ်။ ပင်မနန်းဆောင် အခုထိတံခါးမဖွင့်သေးဘူး။ တဖက်က အပြုအမူကြောင့် လင်းဖေးလု သိပ်ကျေနပ်တယ်။ သစ်ပင်ပေါ် တစ်ခုခုရှိတယ်လို့ပြောလိုက်တော့ တဖက်က အရမ်းကြောက်သွားတာ။ ဒီတစ်ခါ သူ့အကြံ မှန်ကန်တယ်ဆိုတာ သက်သေပြနေတယ်။
နေ့လည်ခင်းရောက်တော့ ပင်မနန်းဆောင် တံခါး ဖြည်းဖြည်းချင်းဖွင့်လာတယ်။ နေရောင်ခေါင်းတည့်တည့် ကျရောက်ချိန် သလဲသီးသစ်ပင်အရိပ်ခြံဝန်းထဲ ထိကျရောက်နေ၏။ ကိုယ်လုပ်တော် ရူ အစေခံဟောင်ရူနဲ့အတူ ထိုသစ်ပင်ကိုအရင်ကြည့်လိုက်တယ်။ ကြည့်ပြီးနောက် သူတို့ မင်းယွဲ့နန်းဆောင်ဂိတ်တံခါးနားအပြေးအလွှားသွားပြီး လမ်းလျှောက်တိုင်း မျက်လုံးများ ထိုသစ်ပင်ကို မကြည့်ပဲ ရှောင်သွားတယ်။
လင်းဖေးလု ထိုင်နေရင်း သူတို့ကိုစိုက်ကြည့်နေ၏။ ကိုယ်လုပ်တော် ရူ အထိတ်တလန့် ဘေးပတ်လည်ကို ကြည့်ရင်း ကလေးမ မျက်ဝန်းတွေနဲ့ဆုံသွား၏။ ဒီကလေးမ ကြည့်တဲ့အကြည့်က အပြစ်လုပ်ထားလို့ အပြစ်သားကို ကြည့်တဲ့အကြည့်နဲ့တူတယ်။
မိန်းမ နှစ်ယောက် ညနေမတိုင်ခင် အထိ မင်းယွဲ့ နန်းဆောင်ထဲ နေကြတယ်။ လင်းဖေးလု ကတော့ ညစာစားပြီးနောက် လင်းကျန့်ယွမ် နဲ့အတူ ပြေးတိုင်းလွှားတိုင်း ခြံဝန်းထဲ ကစားတယ်။
ကိုယ်လုပ်တော် ရူ ဝင်လာတော့ ကလေးနှစ်ယောက်ရီသံ ရပ်သွား၏။ လင်းကျန့်ယွမ် မျက်လုံးတွေက သူကမကောင်းတဲ့လူ တစ်ယောက်ဆိုတာ ပြောနေ၏။ သူ့ အမေက မကောင်းတဲ့လူနဲ့ဝေးဝေးနေဖို့ပြောထားတယ်။ဒါ့ကြောင့် သူ့ညီမ လက်ဆွဲပြီး ထွက်သွားတယ်။
သို့ပေမဲ့ လင်းဖေးလု မရွေ့ဘူး။ မတ်တပ်ရပ်နေဆဲ ဗလာသပ်သပ်မျက်ဝန်းတွေနဲ့ ဆက်တိုက်ကြည့်နေ၏။
ကိုယ်လုပ်တော်ရူ စိတ်ကုန်လွန်းလို့ ကလေးမကို သင်ခန်းစာပေးချင်တယ်။ ကလေးမ နားရောက်လာတော့ လင်းဖေးလု သူ့ကိုကြည့်နေတာမဟုတ်ပဲ သူ့နောက်က တစ်ခုခုကိုကြည့်နေတာ နားလည်လိုက်တယ်။
အလျင်စလို နောက်လှည့်ကြည့်တော့ ဘယ်သူမှမရှိမနေဘူး။
ခေါင်းပြန်လှည့်လာတော့ လင်းဖေးလု မျက်ဝန်းထဲက အကြောက်တရားကိုမြင်ရတယ်. မျက်လုံးဝိုင်းစက်စွာ သူ့နောက်က တစ်ခုခုစိုက်ကြည့်နေကာ ကြောက်လန့်နေတယ်။
ကိုယ်လုပ်တော် ရူ လည်း လည်ထွက်သွားပြီး နောက်ကျောကနေ ချွေးအေးများထွက်လာတယ်။ နားမလည်နိုင်တဲ့အကြောင်းပြချက်တစ်ချို့ကြောင့် ကြောက်လာတယ်။
ဟောင်ရူ က သတ္တိမွေးပြီးမေးတယ်။ " ဘာကိုကြည့်နေတာလဲ မင်းသမီး?"
ထိုအချိန် လင်းဖေးလု ပြန်မဖြေဘူး။လှည့်ထွက်ကာ အထိတ်တလန့် နဲ့ လင်းကျန့်ယွမ် ကို ဆွဲ ပြီး ဘေးနန်းဆောင်ထဲ ပြေးဝင်သွားတယ်။ တံခါးပိတ်ပြီး အနောက်ကိုလုံးဝ လှည့်မကြည့်ဘူး။
Zawgyi
အပိုင်း-16
Advertisement
Advertisement
- In Serial9 Chapters
The Twilight Zone (An Isekai GameLit)
Upon hearing a voice, Sakuta awoke to find himself on a wagon with no memories of where he was or how he had gotten there. With him were others who also remembered little more than their own names. When this group of strangers are suddenly attacked by beast-like creatures, they quickly come to realize that this world they found themselves in was the farthest thing from normal. In order to survive, they are given no choice other than to join the only paying job available for them in this world--the role of a vanguard in the Scouting Legion. Now, Sakuta must learn to fight and survive in this world where life and death was separated only by a thin line. All while seeking answers to the mystery behind everything, and the voice that brought him to this world... You can join my Discord here.
8 117 - In Serial7 Chapters
Bloody Haze
It's all fun and games at the start for Smithy and Justin, they're counting the cash after kicking the doors off, not so much when they start kicking back.This novella is a gritty story, following the journey of two young men into the drug business with everything that entails. Strong language, violence and drug references throughout.
8 167 - In Serial27 Chapters
The Mimic
Mun That is the name I have given you. One day you will learn the significance of that name. I have hoped for a Mortal like you to be born for many years. One so broken and yet lingering to something that has long past. You will be the turning point. Yes Mun, a new era is coming and you will be at the center. Show me what you will do... ............................................................... For those that may be put of by the traumatsing content tag. I put it on because I don't know the degree so its just their just in case. this isn't berserk level or anything. The schedule is as follows. Modays at 12:00 pm EST
8 177 - In Serial67 Chapters
Song of the Unborn
Let me tell you a story A story about a beautiful song And those who sing it Alright, time for the real synopsis: Song of the Unborn takes place in a bleak and dark universe. The world is broken and unbalanced. Dark creatures roam the lands and the order that once existed as a beacon of hope has crumbled. Kalosýni is one of people who live in this cursed world, but thanks to the efforts of his father, he led a sheltered life. However, an unexpected cry on a seemingly normal night leads to a journey that will lead Kalos, his father and a pregnant woman on a journey across the kingdom of Faacri. UPDATE FOR BOOK 2 (Warning!!! Spoilers ahead.) Book 2, or Throne of the Lords kicks off right where we left off. A dark figure is claiming to be the dark lord, one prophesied to be the bringer of the apocalypse has appeared. But is there truth to the prophecy and how will Kalos, Raymond and company react to all this? FINAL UPDATE: The book is over... the part about Kalosýni. I just have a few side chapters to dump on you and boom, done. Hehe, it's been one helluva ride. ANNOUNCEMENT FOR POTENTIAL PATRONS: I think I'm ready to take the next step with this story of mine. Anyone interested in supporting my ambitious endeavours should follow the Patreon link. What will I be doing exactly? I really want Song of the Unborn to exist in as many mediums as possible and so, after publishing the novel on Amazon, I'm planning on creating a graphic novel version and we'll finally be able to see Kalosýni in all his glory. Well, that's my goal anyway.
8 109 - In Serial14 Chapters
口れ工ち爪- K.爪工K丹モㄥち口れ
In which Stiles Stilinski's sister moves to New Orleans but it's not what she expected.KLAUS MIKAELSON X OC
8 152 - In Serial39 Chapters
King's Little Sister(Meliodas × Reader)
Read the book...I dare you skskskskskskskskskssksks...you can't ignore a dare.
8 151

