《ဗီလိန်မက သစ်ရွက်လေးတရွက်လှန်ကြည့်ချင်တယ်။》Ch-9
Advertisement
ညနေထိ ဆုတောင်းမှ ရှောင်လန် နှလုံးသားထဲက အကြောက်တရား ကျဆင်းသွားခဲ့တယ်။ သူ့သမီးကို သရဲ ထပ်တွေ့နေရရင် ချက်ချင်း သူ့ကိုအကြောင်းပြဖို့ လင်းဖေးလုကိုအကြိမ်များစွာ ဆက်တိုက်သတိပေးခဲ့တယ်။
လင်းဖေးလု နာခံစွာ ခေါင်းညိတ်တယ်။ သူမ အခန်းထဲအနားယူနေချိန် ရုတ်တရက် ခြံဝန်း ဂိတ်က တံခါးခေါက်သံ ကျယ်လောင်စွာ မမျှော်လင့်ပဲထွက်လာ၏။
ချင်းရန် အလျင်စလို တံခါးသွားဖွင့်တယ်။တံခါးဖွင့်တော့ ကိုယ်လုပ်တော် ရူ အပြင်မှာ ရပ်နေတာ အံ့ဩစွာမြင်လိုက်ရသည်။ သူနဲ့အတူ ဘုန်းကြီးနှစ်ပါးလုံး လိုက်ပါလာတယ်။
ခြံဝန်းထဲကို ရင်ကော့ပြီး မောက်မာစွာဝင်လာကာ " ပဉ္ဂမ မင်းသမီး ဘယ်မလဲ? မကောင်းဆိုးဝါးဆီ ပြေးသွားတယ်လို့ ဒီနေ့ ကြားမိတယ်။ မကောင်းဆိုးဝါး ချွတ်ဖို့ ဘုန်းကြီးပင့်လာတယ်။ အဲလိုမသန့်ရှင်းတဲ့အရာတွေ တည်ရှိနေတာ ခွင့်မပြုနိုင်ဘူး။ မင်းယွဲ့ နန်းဆောင်ရဲ့ ကျက်သရေကို ထိခိုက်တယ်"
ရှောင်လန် မျက်နှာထားပြောင်းလဲသွားပြီး ကိုယ်လုပ်တော်ရူ လုပ်နေတာ ရပ်ဖို့ တားတယ်။သို့ပေမဲ့ အစေခံများစွာ နဲ့ ကုန်းကုန်း များစွ ရှောင်လန်ရဲ့ အရှေ့ အလျင်စလို ပိတ်ရပ်ပြီး ခြံဝန်းထဲက လင်းဖေးလုကို ခေါ် ဆောင်လာတယ်။
အစက ထိတ်လန့်သွားပေမဲ့ ရှောင်လန် ကြောက်လန့်စွာ ဒေါသတကြီးအော် ပြောတယ်။ "ကိုယ်လုပ်တော် ရူ လင်းလုက ကြီးမြတ်တဲ့ လင်းအင်ပါယာက ပဉ္စမ မင်းသမီး!!"
ကိုယ်လုပ်တော် ရူ ယုံကြည်ချက်ရှိရှိ ပြုံးပြီး " အင်ပါယာမင်းသမီးတစ်ပါးဖြစ်နေလို့လဲ ငါက သူ့အစွဲကိုကူချွတ်ပေးတာ။ မဟုတ်ရင် ငါဝင်မပါဘူး!! မင်း ဧကရီကို ဒီအကြောင်းတင်ပြရင်တောင် ငါလုပ်နေတာ ကျိုးကြောင်းသင့်လို့ သဘောတူမှာပဲ"
အချက်ပြလိုက်သည်နှင့် ဘုန်းကြီး နှစ်ပါး မိုးမခ ကိုင်းနှစ်ခု သူတို့နောက်ကျော ကနေ ဆွဲထုတ်တယ်။
ရှောင်လန်၊ယုရူ နဲ့ ချင်းရန် တို့ ကိုယ်လုပ်တော် ရူ ခေါ် လာတဲ့ အစေခံများကြား အတင်းရုန်းကန်ပြီး ဖေးလုကိုကယ်ဖို့လုပ်တယ်။ ရှောင်လန်က "ဒါ ဘာလုပ်တာလဲ !!"
ဘုန်းကြီးတစ်ပါးက ရှင်းပြတယ်။ "မိုးခမကိုင်းက မကောင်းဆိုးဝါးမောင်းထုတ်ရာမှာ သုံးတာပါ။ မင်းသမီးခန္ဓာကိုယ်ထဲ ကပ်နေတဲ့မကောင်းဆိုးဝါးကို ဒါ နဲ့ ချွတ်မှာပါ"
ရှင်းပြပြီးနောက် မိုးမခ ကိုင်းကို အမြင့်မြှောက်ပြီး လေပဲဝဲတယ်။လင်းဖေးလု လှုပ်လို့မရအောင် အစေခံနှစ်ယောက် ချုပ်ထားတယ်။ မိုးမခကိုင်းရိုက်ချက် နောက်ကျော၊လက် များ ဆီ ကျရောက်လာပြီး အနီရောင်အစင်းကြောင်းထင်ကာ နာကျင်မှုကြောင့်တုန်ယင်လာ၏။
ဘယ်သူမှ သူမကို ဒီလို မရိုက်ရဲဘူး။ အရင်ဘဝကလည်း အရွယ်ရောက်တော့ ကော ငယ်ငယ်တုန်းကကော လက်မတင်ဝံ့ဘူး။
လင်းဖေးလု တိတ်တဆိတ် သွားတင်းတင်းကြိတ်ပြီး အသက်ပြင်းပြင်းရူသွင်းတယ်။
ငါ လူကောင်းဖြစ်ချင်ခဲ့တာ... ငါ လူကောင်းဖြစ်ချင်ခဲ့တာ F*ck ။ ငါ ခန့်မှန်းကြည့်သလောက် လူတိုင်း လူကောင်းဖြစ်ချင်ကြမှာပဲလို့။ ငါ ဒီလိုအမိုက်စားကို မယူတော့ဘူး။
အခု အရေးအကြီးဆုံးက လက်ရှိအခြေအနေကို ရင်ဖြေရှင်းဖို့ပဲ။
အလျင်လိုဖို့မလိုဘူး။ဒီလက်ဘက်စိမ်းမင်းသမီးလေးက လိုက်လျောညီထွေနေတက်လွန်းတယ်။ အစက ဒီလို နည်းဗျုဟာတွေလုပ်ပြီး ပြန်တိုက်စစ်ဆင်ခဲ့တာ!!
လင်းဖေးလုချက်ချင်းအသက်ရူသွင်းတယ်။ မိုးမခ သစ်ကိုင်း ဒုတိယအကြိမ် ထပ်ရိုက်တော့ လူတိုင်း နဖူးက ချွေးများနဲ့ မင်းသမီးလေး မေ့လဲ သွားတဲ့ မြင်ကွင်းကိုမြင်လိုက်ရတယ်.
ရှောင်လန် ကြောက်လန့်တကြီးအော် ပြီး အစေခံများလက်ထဲက လွတ်လာတယ်။ ကိုယ်လုပ်တော် ရူ အံ့ဩသွားတယ်။ဘုန်းကြီးနှစ်ပါး သူတို့တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်စွာကြည့်နေကြပြီး ကိုယ်လုပ်တော် ရူ သူတို့ကိုချက်ချင်းကြည့်လိုက်တယ်။ အမှန်ပြောရရင် အချို့ ကိစ္စတွေ ရူပ်ထွေးလာမှာစိုးလို့ ဒါ့ကြောင့်ပဲ မိုးမခ သစ်ကိုင်းကိုသုံးခဲ့တာ။ လင်းဖေးလု အနည်းငယ်နာကျင်သွားတာပဲ လိုချင်တာ။ ဘာကြောင့် စတောင်စရသေးဘူး မေ့လဲသွားတာလဲ?
အစက ဒီမိန်းကလေး ဟန်ဆောင်နေတာလို့ သံသယရှိခဲ့တယ်။သို့ပေမဲ့ နီးနီးကပ်ကပ်သွားကြည့်တော့ လင်းဖေးလု မျက်နှာ ချွေးများနှင့် ဖျော့တော့ နေတာ တွေ့လိုက်တယ်။ကြောက်လန့်ပြီးချက်ချင်း မေ့လဲသွားတာ ..
အမှန်တိုင်းပြောရရင် အင်ပါယာကိုယ်လုပ်တော် ဂျင်း နန်းဆောင် က ဖိတ်ထားတဲ့ စီနီယာ ဘုန်းကြီးရဲ့ တပည့်တွေ။ သူတို့ ဒီကိုလာတာ ကိုယ်လုပ်တ်ော ရူ လာဘ် ထိုးလို့။ အခု လင်းဖေးလု မေ့လဲသွားတော မြင်တော့ သူတို့ချက်ချင်းထိတ်လန့်သွား၏။
Zawgyi
Advertisement
Advertisement
- In Serial37 Chapters
Dark Space: A Space Opera and Time Loop Fiasco
Andromeda's Loop: Travel through Dark Space with Pilot Keisha Brakas and her navigator James Fiolas as they join the team tasked with discovering old science experiments. For over 700 years the sector has had hundreds of experiments go missing and the Starship Pytheas has been tasked with finding them. Into Henear: The multi-colored storms on the planet Henear have been ramping up for almost 1000 years and all the flora and fauna are dying yet no one knows why. Now Andrew Torvalds has less than a year to save the planet's oxygen levels and save the people he loves. Can the Pytheas help to save the progeny of the ones they sent down there almost 25 years ago?
8 326 - In Serial7 Chapters
Santa’s Gift for Dr. Peter Daszak
Santa and his pet pangolin prepare the perfect Christmas gift for Dr. Peter Daszak!
8 75 - In Serial11 Chapters
Echoes of Ruin
Ruthven is a soldier that works under the Defense Squadron of Carlisle. One day when he encounters a demon upon beating it realizes his wounds were fatal and will kill him. Faced with the choice to live and accept a curse or die and leave everything behind, he decides to live. Once the curse is afflicted, however, there is no turning back. This is a tale of Ruthven, a normal man, through his own desperation becomes The King Of Ruin.
8 123 - In Serial69 Chapters
The Worst (Unthinkable)
"Cause I usually do, stick to the business but you came out the blue and then you just flipped it, God damn baby my mind's blown""I got more than a thing for you, tattoo it in ink for you, right over my heart girl I'd do the unthinkable"
8 182 - In Serial14 Chapters
Three Bears - 곰세마리
အိမ်ကလေးထဲမှာ ဝက်ဝံသုံးကောင်ရှိတယ်။ အင်း သိပ်တော့မတည့်ကြဘူး။Highest Rank (14.9.2022)#1 in jikook#8 in kookmin
8 190 - In Serial10 Chapters
Neuanfang
[Richard/OFC pairing] A chance meeting at a music festival leads to love and friendships for a normal 24 year old girl. An inside look at life with a famous musician, and making a long distance relationship work, with all the hurdles life can throw at you.
8 58