《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၄၇] ကြည်လင်သောနှလုံးသား|ၾကည္လင္ေသာႏွလုံးသား
Advertisement
!unicode!
ဟယ်ဇီကျိုးကရှုလင်ကျား၏ကျောပြင်ကိုကြည့်ကာသူ့ကိုမတားမိပေ။
ရှုလင်ကျားကသူ၏ဆရာသခင်ရှစ်စွင်းကိုဂရုစိုက်ကြောင်းသူအမြဲသိထားကာ သူ၏နူးညံ့ပျော့ပြောင်းသောနှလုံးသားကိုလည်းသူနားလည်သည်မို့ ရှုလင်ကျားဂိုဏ်းကထွက်သွားချိန်တွင် ဟယ်ဇီကျိုးအလေးအနက်မထားခဲ့ပေ။
ခုနကလေးတင်ထိ၊ ရှုလင်ကျားကသူပြောသည်ကိုငြင်းဆန်နိုင်လိမ့်မည်မဟုတ်ဟုသူအခိုင်အမာယုံကြည်ထားခဲ့သည်။
သို့သော်ယခုမှသာလျှင် ရှုလင်ကျားကထွက်သွားရန်မည်မျှဆုံးဖြတ်ထားပြီးမှန်းသူရုတ်တရက်သဘောပေါက်သွားသည်။ သူဟာထွက်သွားပြီးမကြာမီတွင် တကယ်စိတ်ဆုံးဖြတ်ထားကာ ပြန်မလာချင်ပေ။
ထိုသို့ပင်လျှင် သူကပ်ဘေးခံစားရတော့မည်ကိုကြားလိုက်ရသော် သူဟာနောက်ဆုံးတွင်မထူးခြားမခြားနားမနေနိုင်တော့ပေ။ ခုနကရှုလင်ကျားဟာဇုန်ဝူရှင်းကိုရှာကာ သူ့အတွက်ဒီတာဝန်ကိုယူပေးချင်နေတုန်းပင်။
ဤကလေးကားတကယ့်ကိုခေါင်းမာကာ နှလုံးသားပျော့ပြောင်းလှပေသည်။
ယနေ့တွင် အရာများစွာပြောင်းလဲသွားကာ ပြန်လည်စဥ်းစားဖို့လိုအပ်သည့်အစီအစဥ်များစွာရှိလောက်သည်။
ဟယ်ဇီကျိုးဝတ်ရုံလက်တစ်ချက်ခါလိုက်ရာ တံခါးကသူ့မျက်စိရှေ့တွင်ဆောင့်ပိတ်သွားချေသည်။
ဒီကနေ့လေမှာပြင်းထန်စွာတိုက်ခတ်နေပြီး နွေရာသီတွင်အဆက်မပြတ်ကျလေ့ရှိသည့်နှင်းပွင့်ချပ်များမှာပိုမိုကြီးမားလာသယောင်။ လေကားဝတ်ရုံလက်မှနေ၍နှင်းပွင့်ချပ်များထံစီးဆင်းသွားသည်။ ၎င်းကချက်ချင်းဆိုသလိုငွေ့ရည်ပျံသွားကာ ရှုလင်ကျားထံတိုက်ခတ်သွားချေသည်။
ဟယ်ဇီကျိုးကသူ့ကိုတားကာ တစ်ခုခုပြောလာမည်ကိုသူစိုးရိမ်နေမိပေမဲ့ တစ်ဖက်လူကသူ့ကိုဘာမှမပြောလာပေရာ ၎င်းကသူ့အားရင်ထဲတွင်မဖော်ပြနိုင်လောက်သောဗလာနတ္တိဖြစ်မှုကိုခံစားသွားရစေသည်။
ရှုလင်ကျားခြံဝန်းငယ်လေးထဲမှခပ်မြန်မြန်လျှောက်ထွက်လာကာ ဘေးလမ်းမထံလှည့်ဖို့ပြင်လိုက်ချိန်တွင် လူတစ်ယောက်သူ့ထံတဟုန်ထိုးပြေးလာကာ သူ့လက်မောင်းကိုဆုပ်ကိုင်လာသည်။
ရှုလင်ကျားမျက်လုံးပင့်ကာ အနည်းငယ်အံ့အားသင့်သွားမိသည်။
"ကျင်းရှစ်ရှုန်း?"
ကျင်းဖေးထုန်၏မျက်လုံးများကသူ့ကိုခေါင်းအစခြေအဆုံးဝေ့ဝဲကြည့်ကာပြောလာသည်။
"အင်း၊ ကိုယ်ပါ။"
ရှုလင်ကျားကဒီနေရာကိုအခေါ်ခံရသည်ဟုသူကြားခဲ့ရသည်မို့ အလျင်စလိုပြေးလာခဲ့မိခြင်းပင်။
ဓားစမ်းသပ်ရေးညီလာခံကားရက်ပေါင်းများစွာကျင်းပလာခဲ့ပြီး ချီဇုန်ကဘာမှမပြောသည်မို့ ၎င်းတွင်ရည်ရွယ်ချက်နှစ်ခုသာရှိသည်ကိုသိရန် ကျင်းဖေးထုန်တဒဂ်မျှသာစဥ်းစားဖို့လိုအပ်သည်။
တစ်ခုကား ကျန်းရွေ့ကိုအနိုင်ပေးကာ အနိုင်ရသူနေရာကိုအလွတ်ပေးပြီး လင်ရှောင်းဂိုဏ်း၏မျက်နှာကိုထိန်းသိမ်းပေးရန်ရှုလင်ကျားကိုတောင်းဆိုခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ရှုလင်ကျားအားချီဇုန်ထံပြန်လာစေခြင်းပင်။
ဤလိုအပ်ချက်နှစ်ခုမှာ ဘယ်တစ်ခုကိုဘဲလုပ်လုပ် ရှုလင်ကျား၏ဂိုဏ်းအပေါ်နောက်ဆုံးခံစားချက်အနည်းငယ်ကိုအသုံးချသည်နှင့်ညီမျှပေ၏။
ထို့ကြောင့်ဒါကိုကြားလိုက်ရပြီးသော် ကျင်းဖေးထုန်မှာစဥ်းတောင်မစဥ်းစားဘဲ သူ့ကိုရှာဖို့ချက်ချင်းထွက်လာခဲ့မိသည်။ ဟယ်ဇီကျိုးကရှုလင်ကျားကိုထိုနေရာတွင်နေအောင်ဖိအားပေးမည်ကိုသူစိတ်ပူနေမိပေမဲ့ ကံကောင်းစွာဖြင့်ရှုလင်ကျားကအပြင်ထွက်လာပြီဖြစ်သည်။
ရှုလင်ကျားကသူ့ကိုအနည်းငယ်အံ့အားသင့်စွာကြည့်လာသည်ကိုမြင်လိုက်ရရာ သူ့မျက်နှာကဒီတစ်ကြိမ်တွင်အရုပ်ဆိုးနေသောကြောင့်ဖြစ်လောက်မည်ဟု ကျင်းဖေးထုန်ချက်ချင်းသဘောပေါက်သွားသည်။
ထို့နောက်သူပင့်သက်ရှိုက်ကာ ဖျစ်ညှစ်ပြုံး၍ ပျော့ပြောင်းစွာပြောလိုက်သည်။
"မင်းကဒီမှာရှိနေတော့ ရှာရလွယ်သွားတယ်။"
ရှုလင်ကျားသံသယဖြင့်မေးမိသည်။
"ခင်ဗျားမျက်နှာဘာဖြစ်နေတာလဲ...ဘာဖြစ်ခဲ့လို့လဲ။"
လရောင်ကားရေပမာ၊ ဤတောင်ထွတ်ထိပ်တွင်တဖျတ်ဖျတ်လက်နေပြီး လေပြင်းမှာတဝူးဝူးဖြင့် သူ၏တစ်ကိုယ်လုံးကိုမှုန်ဝါးဝါးအသွင်ဖြစ်ပေါ်စေသည်။ ထိုချောမောကာထက်ရှသောမျက်ခုံးများမှာအိပ်မက်တစ်ခုပမာ၊ ၎င်းတို့မှာအစစ်အမှန်နှင့်စိတ်ကူးယဥ်ရာဖြစ်သည့်အလား၊ ၎င်းတို့မှာအချိန်မရွေးအသွင်ပြောင်းသွားတော့မည့်နှယ်။ ခပ်ဖျော့ဖျော့လရောင်အောက်၌ ၎င်းမှာတောက်ပကာအထီးကျန်နေသယောင်။
ဤမြင်ကွင်းမှာအလွန်လှပသော်လည်း ကျင်းဖေးထုန်မှာသနားစိတ်ကိုသာခံစားမိသည်။
သူတိုးတိုးပြောမိသည်။
"ဘာမှမဖြစ်ပါဘူး၊ မင်းဂိုဏ်းချုပ်ဟယ်နဲ့အငြင်းပွားနေမှာစိုးလို့ ကိုယ်ထွက်လာခဲ့ရုံပဲ။"
ရှုလင်ကျားခပ်သုတ်သုတ်ပြောမိသည်။
"တကယ့်ကိုအသေးအမွှားပဋိပက္ခလေးတွေပါပဲ။"
ကျင်းဖေးထုန်သူ့ကိုကြည့်လိုက်သည်။
ရှုလင်ကျားပြောလိုက်သည်။
"သူကကျွန်တော့်ကိုပြန်လာဖို့ပြောတာ၊ ဒါပေမဲ့...ကျွန်တော်လက်မခံခဲ့ဘူး။"
"ရှစ်စွင်းအပေါ်မှာကပ်ဘေးရှိနေတာကို ကျွန်တော်သိပါတယ်၊ တကယ်တော့ ကျွန်တော်ဒီလိုမလုပ်ခဲ့သင့်ဘူး၊ ဒါပေမဲ့ ကျွန်တော်...."
ကျင်းဖေးထုန်ကသူ့ကိုဝင်နှောင့်ကာပြောလာသည်။
"မင်းမမှားဘူး။"
သူ၏လေသံမှာအလွန်ပြတ်သားလျက်ရှိသည်။
"ကိုယ်သိတယ်၊ မင်းတောင်ပေါ်ကဆင်းလာပြီးနောက်မှာချီဇုန်ကိုပြန်သွားဖို့ငြင်းဆန်နေတာက မင်းဂိုဏ်းထဲမှာခြေကုပ်စရာနေရာမရှိမှာစိုးလို့မဟုတ်သလို မင်းရဲ့ပင်ကိုယ်စရိုက်ကြောင့်လည်းမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့မင်းအတွေးအချို့ကိုထိန်းသိမ်းချင်လို့ ပြန်မသွားချင်တာ။ ဒါပေမဲ့ ဒီနေ့ပဋိပက္ခကြောင့် အတိတ်ကလှပတဲ့မှတ်ဉာဏ်တွေကပျက်စီးသွားခဲ့ပြီ။"
ရှုလင်ကျားသူ့ကိုရုတ်ခြည်းမော့ကြည့်မိရာ ကျင်းဖေးထုန်ကသူ့ကိုပြောပြလာသည်။
"ကိုယ်ဆိုရင်လည်း အတူတူဘဲလုပ်မိမှာ။"
သို့သော်ရှုလင်ကျားကအနောက်မှာတစ်ခုခုချန်ထားချင်ခဲ့ပေမဲ့ ချီဇုန်ကထိုအရာများကိုဖျက်ဆီးပေးရန်တွန်းအားပေးနေလေသည်။
သူလက်မြှောက်၍ ရှုလင်ကျား၏ဝတ်ရုံလက်နှစ်ဖက်ကိုပုတ်ပေးလိုက်ရာ သူ့တစ်ကိုယ်လုံးပေါ်ရှိရေစက်များမှာအငွေ့ပျံသွားသည်။ အခြားတစ်ဖက်၌ ခပ်ပါးပါးနှင်းလွှာကကျင်းဖေးထုန်၏ပုခုံးပေါ်ကျလာကာ ၎င်းကိုမဖယ်ရသေးပေ။
သူ့လက်ကိုအောက်ချလိုက်ရာ ရှုလင်ကျားကစကားမပြောဘဲသူ့ကိုစိုက်ကြည့်နေသည်ကိုကျင်းဖေးထုန်မြင်လိုက်ရသဖြင့် သူ့အပြုံးပျောက်ပြယ်သွားကာ မေးမိသည်။
"ဘာမှမဖြစ်ခဲ့ဘူးမလား။"
"ဘာမှမဖြစ်ပါဘူး။"
ရှုလင်ကျားအကြည့်ပြန်ရုတ်ကာပြောလိုက်သည်။
"ခင်ဗျားလာတာအရမ်းကောင်းတယ်လို့ ကျွန်တော်တွေးမိရုံပါ။"
သူတန့်သွားကာ အသံနိမ့်ဖြင့်ပြောမိသည်။
"ဒီလိုနှင်းကျပုံနဲ့ဒီလိုလေပြင်းက ကျွန်တော့်ရဲ့စိတ်အခြေအနေကိုသက်ရောက်မှုရှိတယ်။ ကျွန်တော့်ဘာသာကျွန်တော်လျှောက်ပြန်သွားရမှာကနည်းနည်းတော့စိတ်ပျက်စရာကောင်းတယ်။"
ကျင်းဖေးထုန်ကပြုံးကာပြောလာသည်။
"အတူသွားကြမယ်လေ၊ ကံကောင်းချင်တော့ ကိုယ်အရင်တုန်းကလေ့လာခဲ့တဲ့မန္တာန်သေးသေးလေးအချို့ကိုမမေ့သေးဘူး။"
သူကထိုသို့ပြောကာ ရှုလင်ကျားကိုသူ့ဘက်ဆွဲလိုက်ပြီး အရံအတားတည်ဆောက်ကာ သူတို့နံဘေးရှိလေနှင့်နှင်းကိုဟန့်တားလိုက်သည်။
"သိပ်ကောင်းတဲ့လှုပ်ရှားမှုပဲ။"
ရှုလင်ကျားဟာလည်းပြုံးကာဖြင့် ကျင်းဖေးထုန်၏လက်မောင်းကိုတွန်းလိုက်သည်။
"ဒါဆိုသွားကြမယ်။"
ကျင်းဖေးထုန်ကပြုံး၍ သူ့ခွန်အားအလျောက်ခြေလှမ်းအနည်းငယ်ရှေ့တိုးလိုက်ကာ ရုတ်ခြည်းကျေနပ်သယောင်ခံစားမိသည်။
ရှုလင်ကျားတွင်မကျေနပ်ချက်မြောက်မြားစွာရှိသည်ကိုသူသိသည်မို့ ထိုအချိန်ကသူနှင့်အတူမရှိနိုင်ခဲ့သည်ကိုနောင်တရမိသည်။ ထို့ကြောင့်ထိုအတိတ်ဖြစ်ရပ်များအကြောင်းသူကြားလိုက်တိုင်း သူစိတ်ပိုပူမိသည်ပင်။
ယခုတွင်လေပြင်းတိုက်ခတ်ပြီး နှင်းများထူထဲစွာကျဆင်းလျက်ရှိကာ သူဟာသူ့ကိုလေနှင့်နှင်းထံမှကာကွယ်ပေးနိုင်သည့် ဤကဲ့သို့ညမျိုးရှိလာပေရာ သူ့ကိုတစ်ဖန်ပြုံးမိသွားစေသည်။
ထိုစဥ် သူဟာရှုလင်ကျားအတွက်တစ်ခုခုလုပ်ပေးနိုင်ခဲ့သည်ဟုကျင်းဖေးထုန်ခံစားမိကာ ဤလူသားကိုကာကွယ်ပေးရန်သူအကောင်းဆုံးကြိုးစားနေမိသည်။
သူ့ရင်ထဲတွင်သွားစရာမရှိသည့်ချိုမြိန်မှုနှင့်ပီတိဖြစ်မှုတစ်မျိုးရှိနေပြီး သူအနည်းငယ်နှေးချလိုက်ရာ နှစ်ဦးကြားတွင်ပိုမိုနီးကပ်သွားစေသည်။
"တကယ်တော့..."
ကျင်းဖေးထုန်ပြောမိသည်။
"ကိုယ်မင်းကိုပြောစရာရှိတယ်။"
ရှုလင်ကျားကဆိုသည်။"အာ?"
သူထိုစကားလုံးပြောပြီးမကြာမီတွင် သူ့နှလုံးသားမှာနားခိုစရာနေရာတစ်ခုရုတ်တရက်ရှိလာကာ ကျင်းဖေးထုန်ကတည်ငြိမ်စွာပြောလာသည်။
"ဂိုဏ်းကတစ်ယောက်ထဲထွက်လာတာက ကူကယ်ရာမဲ့တဲ့လုပ်ရပ်ပဲ။ ကျန်းရွေ့နဲ့ဒီပြိုင်ပွဲမှာ မင်းသေချာပေါက်နိုင်မှာဆိုပေမဲ့ မင်းရဲ့လက်ရှိရာထူးကအရှက်ရဖွယ်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ကိုယ်ရှိတယ်။"
"ကိုယ်ဘေးကကြည့်နေမယ်၊ ကိုယ်မင်းဘက်ဘဲလိုက်မယ်၊ ကိုယ်မင်းရဲ့ဓားကိုဘဲကြည့်မယ်၊ ကိုယ်မင်းတစ်ယောက်ထဲအတွက်စိတ်ပူပြီးပျော်ရွှင်ပေးမယ်၊ မင်းသူနဲ့စိတ်ချလက်ချယှဥ်ပြိုင်လို့ရတယ်...ခြုံပြောရရင်ကွာ၊ ကိုယ်ဘယ်တော့မှထွက်မသွားဘူး၊ ကိုယ်မင်းဘက်မှာအမြဲတမ်းရပ်တည်ပေးပါ့မယ်။"
နောက်ဆုံးစကားကိုထပ်ပေါင်းပြော၍ သူရှုလင်ကျား၏မျက်နှာကိုကြည့်လိုက်ချိန်တွင် သူ့အသံမှာအလွန်နူးညံ့ပျော့ပြောင်းလျက်ရှိကာ မကြားရသလောက်ပင်။
ရှုလင်ကျားကြားလိုက်သည်။
၎င်းမှာသူ၏စွမ်းရည်ပျက်စီးသွားပြီးနောက်၌
တစ်စုံတစ်ယောက်က"ကိုယ်မင်းကိုဘဲသဘောကျမယ်၊ မင်းရဲ့ဓားကိုဘဲကြည့်မယ်...မင်းဘေးမှာအမြဲရှိနေပေးပါ့မယ်"ဟုပြောလာသည်ကို သူကြားရသည်မှာပထမဆုံးအကြိမ်ဖြစ်သည်။
သူ့ရင်ထဲရှိအရသာငါးမျိုးမှာရောထွေးသွားကာ တစ်အောင့်ကြာသော်ရှုလင်ကျားပြောမိသည်။
"ကျင်းရှစ်ရှုန်း၊ ကျွန်တော်စနောက်ရတာမကြိုက်ဘူး။ ကျွန်တော်ကသူများတွေကျွန်တော့်ကိုပေးလာတဲ့ကတိတွေကို အမြဲအတည်ယူလေ့ရှိတယ်။"
သူထိုသို့ပြောကာနောက်လိုက်သည်။
ကျင်းဖေးထုန်နှုတ်ဆိတ်သွားမိပေမဲ့ ဒီတစ်ကြိမ်တွင်သူကမရယ်ဘဲပြောလာသည်။
"ကိုယ်နားလည်တယ်၊ ကိုယ်လည်းစနောက်ရတာမကြိုက်ဘူး။ ကိုယ်ပြောတာကကိုယ့်ရဲ့ကတိပဲ။"
ဤဓားစမ်းသပ်ရေးညီလာခံမှာအဆုံးသတ်နားရောက်လာတော့မည်ဖြစ်ပြီး စုစုပေါင်းပြိုင်ပွဲ၄ပွဲသာကျန်ရှိပေမဲ့ ကျွမ်းကျင်ပညာရှင်များပြိုင်ဆိုင်ကြသောကြောင့် လူတော်တော်များများလာကြည့်လာသည်။
ပထမဆုံးပြိုင်ပွဲမှာ ကျန်းရွေ့နှင့်ရှဲ့ရှောင်ဝမ်ဖြစ်သည်။
ကျန်းရွေ့သည်ယခင်ပြိုင်ပွဲများတွင်အလွန်ကောင်းမွန်စွာလုပ်ဆောင်သွားခဲ့သော်လည်း သူဟာဒီဓားစမ်းသပ်ရေးညီလာခံတွင် သူ့ကိုယ်သူအတွက်နာမည်ရအောင်လုပ်သည့်လူသစ်တစ်ယောက်ဟုပြော၍ရသည်။ သို့သော် ယွီခန်းလျို့နှင့်နောက်ဆုံးပြိုင်ပွဲတွင် သူဟာပုံမှန်မဟုတ်ဘဲမှော်လက်နက်နှင့်အဆောင်စာရွက်တို့ကိုသုံးခဲ့ရာ အနိုင်ရရာတွင်သိပ်မလှပသည်မို့ ပြစ်တင်ဝေဖန်မှုတချို့ဖြစ်ပေါ်လာစေသည်။
ထို့အပြင် မေ့ရင်ဂိုဏ်း၏ဂါထာမန္တာန်များမှာထူးဆန်းပြီး ကြိုတင်ခန့်မှန်း၍မရပေရာ ထိုနှစ်ယောက်ယှဥ်ပြိုင်ရာတွင် ရလဒ်ကတကယ့်ကိုမသိရပေ။
"ကျန်းရွေ့ကတကယ်တော့အလားအလာအများကြီးရှိတယ်။ ဓားစမ်းသပ်ရေးညီလာခံမှာပြိုင်ပွဲတွေအများကြီးမြင်ဖူးခဲ့တော့ သူကဘယ်လိုပြိုင်ဘက်နဲ့ဘဲရင်ဆိုင်ရပါစေ သူကတည်ငြိမ်ပြီးဆုံးဖြတ်ချက်ပြတ်သားနေတာ၊ သူကပြိုင်ပွဲတိုင်းမှာတော်တော်လေးလုပ်ဆောင်ခဲ့တယ်။"
အကြီးအကဲကသူ့တပည့်ဂိုဏ်းသားများကိုအကဲဖြတ်သည်။
"သနားစရာက သူအရင်တစ်ခေါက်ပြိုင်ပွဲမှာသိပ်ကိုသန်မာတဲ့ပြိုင်ဘက်တစ်ယောက်မဟုတ်ခဲ့တာပဲ။ ဒါပေမဲ့သူ့ကြည့်ရတာနည်းနည်းထိတ်လန့်နေပုံရတယ်၊ သူ့တုံ့ပြန်မှုကအရင်ကလိုမထက်မြက်တော့ဘူး။"
ဂိုဏ်းသားများကတစ်ယောက်ပြီးတစ်ယောက်ခေါင်းငြိမ့်ပြလာသည်။ ကျော်ကြားသောဂိုဏ်းသားတစ်ဦးကဆိုသည်။
"ရှစ်စွင်း၊ ကျွန်တော်ကြားမိတာကတော့ ကျန်းရွေ့ကသူ့ရဲ့ထူးချွန်တဲ့ပါရမီစွမ်းရည်ကြောင့်အရေးပေးခံနေရတာဆို။ တကယ်တော့ သူကလင်ရှောင်းဂိုဏ်းကိုလွန်ခဲ့တဲ့နှစ်နှစ်ကမှတပည့်ဂိုဏ်းသားအဖြစ်ရောက်လာတာဆိုတော့ သူ့ရဲ့အခြေခံအစွမ်းအစကနည်းနည်းတော့ဆိုးဝါးနေလောက်တယ်။"
"အမှန်ပဲ။"အကြီးအကဲသဘောတူသည့်အနေဖြင့်ခေါင်းငြိမ့်ရင်းပြောလာသည်။
"ပြီးတော့နည်းနည်းကပြက်ကချော်နိုင်တယ်၊ သေရမှာနဲ့ဒဏ်ရာရမှာကိုကြောက်တယ်၊ တိုက်ခိုက်နေတုန်းမှာရန်သူနဲ့ခေါင်းချင်းဆိုင်တိုက်လေ့မရှိဘူး၊ တစ်ခါတလေမှာ သန့်စင်တဲ့ပါရမီစွမ်းရည်နဲ့ကျင့်စဥ်ကောင်းပေမဲ့ အရမ်းသာမန်ဆန်လွန်း...."
"ဓားကိုကြည့်လိုက်!"
သူ့စကားမှာပြိုင်ပွဲကွင်းပြင်ရှိကျယ်လောင်သောအော်သံကြောင့်ဖြတ်တောက်ခံလိုက်ရသည်။ ၎င်းမှာလေထုအလယ်တွင်ပေါက်ကွဲသွားသည့်အသံတိတ်မိုးကြိုးပမာ။ ကျန်းရွေ့၏ခန္ဓာကိုယ်မှာယိမ်းထိုးသွားကာ အလင်းပမာလျင်မြန်စွာဖြင့် အရှေ့ကိုတည့်တည့်ထိုးစိုက်ကာ ရှဲ့ရှောင်ဝမ်၏ဓားအောက်ရှိပုံရိပ်ယောင်ကိုထိုးဖောက်လိုက်သည်ကိုမြင်လိုက်ရသည်!
ပြိုင်ပွဲကွင်းပြင်ထဲတွင်အာမေဋိတ်သံများဖြစ်ပေါ်လာပြီး လူအများအပြားမှင်သက်သွားကြသည်။ ယင်းကားကျန်းရွေ့၏ဓားလမ်းကြောင်းကဲ့သို့မဟုတ်ပေမဲ့ သူ့ဓားကတကယ့်ကိုဤမျှပြင်းထန်သောခွန်အားပေါက်ထွက်လာနိုင်သည်။
ရှုလင်ကျားနှင့်ဖန်တင်းတို့ရင်ဆိုင်တုန်းက သူတို့ဟာပုံရိပ်ယောင်ကိုဓားနှင့်တည့်တိုးထိုးစိုက်နိုင်စွမ်းမရှိကြောင်းသိကိုသိရမည်။
ဟုတ်ပေသည်၊ ၎င်းမှာဒဏ်ရာရပြီးနောက်တွင် ရှုလင်ကျားကစိတ်ဝိညာဥ်စွမ်းအားကင်းမဲ့သွားသောကြောင့်ပင်၊ သို့သော် ကျန်းရွေ့မှာအမြဲတမ်းကင်းမဲ့နေသည့်အရာကား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုသည့်စိတ်ဖြစ်သည်။
သူဟာတကယ့်ကိုဉာဏ်ကြီးရှင်လား။
နားလည်သိမြင်နိုင်စွမ်းနှင့်ကျင့်ကြံနှုန်းကဘယ်လိုလုပ်ပြီးဒီလောက်မြန်ရတာလဲ။
လူတိုင်းစကားပြောရပ်ကာ သူတို့မျက်လုံးများကပြိုင်ပွဲစင်မြင့်ထံအာရုံစိုက်လိုက်ကြသည်။
ဤပြိုင်ပွဲကားထင်ထားသည်ထက်ပို၍လျင်မြန်စွာအဆုံးသတ်သွား၏။ ကျန်းရွေ့သည်မှော်အသံနှင့်ပုံရိပ်ယောင်တို့ကြောင့်မထိခိုက်သွားရုံတင်သာမက သူဟာလည်းအဆောင်စာရွက်နှင့်မှော်လက်နက်တို့သုံးခဲ့ခြင်းမရှိပေ။ ရှဲ့ရှောင်ဝမ်၏ပုံရိပ်ယောင်ကိုဓားတစ်လက်ဖြင့်ဖျက်ဆီးသွားခြင်းဖြစ်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျန်းရွေ့မှာဒီလောက်သန်မာတဲ့ပေါက်ကွဲအားရှိနေတာပဲ၊ ဘာလဲဟ။"
ရှောင်နဥ်အာကကွင်းပြင်အပြင်ဘက်တွင်ရပ်ကာ သူမကိုယ်သူမတီးတိုးပြောမိပြီး သူမမနေနိုင်ဘဲခေါင်းလှည့်ကာ ဟယ်ဇီကျိုးဘက်တစ်ချက်စိုက်ကြည့်မိသည်။
ယင်းချန်ကပြိုင်ပွဲကိုအရှုံးပေးကာထွက်သွားပြီးနောက်၌ ပြိုင်ပွဲအခြေအနေကိုသူမနှင့်ဆွေးနွေးပေးနိုင်သည့်သူမရှိတော့ပေ။ သို့သော်ရှောင်းနဥ်အာ၏မျက်လုံးထဲတွင် ကျန်းရွေ့ဟာပါရမီရှိပေမဲ့ အလုပ်မကြိုးစားသောငကြောက်ကောင်လေးတစ်ယောက်သာဖြစ်နေခဲ့သည်ပင်။
သို့သော်ယခုမူ ကျန်းရွေ့ကဒီအားနည်းချက်ကိုအမြတ်ထုတ်ခဲ့သည်။ ဤမျှတိုတောင်းသောအချိန်ကာလအတွင်းတွင်သူဘယ်လိုအောင်မြင်လာလဲဆိုသည်ကိုအရေးမစိုက်ဘဲ သူနှင့်ထိပ်တိုက်တွေ့လို့ရှိရင် ရှုလင်ကျားသူ့ကိုဘယ်လိုရှင်းပြမလဲဆိုသည့်အကြောင်းကိုသာလျှင် ရှောင်းနဥ်အာစိုးရိမ်နေမိသည်။
တစ်ခဏတာအနိုင်အရှုံးကအဓိကမဟုတ်ပေ။ သူမရန်စခံလိုက်ရတုန်းကကျန်းရွေ့၏မျက်ဝန်းထဲကအကြည့်ကို ရှောင်းနဥ်အာလုံးဝမမေ့ပေ၊ ယုတ်မာစဥ်းလဲသောသွေးအေးမှုက သူမကိုနက်နက်နဲနဲစဥ်းစားသွားစေခဲ့သည်။
ကျန်းရွေ့တွင်နက်ရှိုင်းသောအကြံအစည်ရှိကာ သူဟာရက်စက်ယုတ်မာသောလူတစ်ဦးဖြစ်ပြီး ကောင်းသောအရာမဟုတ်ဟု ရှောင်းနဥ်အာအမြဲတမ်းဝိုးတိုးဝါးဝါးခံစားမိသည်။ ရှုလင်ကျားသာပြိုင်ပွဲတွင်အနိုင်ရသွားလို့ရှိရင် ကျန်းရွေ့ကသူ့ကိုထိခိုက်အောင်လျို့ဝှက်အကြံတစ်ခုသုံးလာမည်ကို သူမစိတ်ပူနေမိသည်ပင်။
ဤကဲ့သို့စိုးရိမ်ပူပင်မှုကြောင့် ရှုလင်ကျားပြိုင်ရမည့်အလှည့်ရောက်လာချိန်တွင် သူအနိုင်ရဖို့မျှော်လင့်သင့်မသင့်ကို ရှောင်းနဥ်အာမသိတော့ပေ။
သို့သော် သူမဘာကိုဘဲဆုတောင်းပါစေ၊ ရှုလင်ကျားကထန်းကွမ်ကိုနိုင်သွားဆဲဖြစ်ပြီး ထို့နောက်ထန်းကွမ်နှင့်ရှဲ့ရှောင်ဝမ်က တတိယနှင့်စတုတ္ထနေရာအတွက်ပြိုင်ဆိုင်ကြရာ ဤဓားစမ်းသပ်ရေးညီလာခံ၏အနိုင်ရသူကား ကျန်းရွေ့နှင့်ရှုလင်ကျားတို့ထဲကတစ်ယောက်ဖြစ်လိမ့်မည်ပင်။ တကယ်တော့ ဆန္ဒမရှိစွာပြုတ်သွားခဲ့သည့်ဂိုဏ်းသားအများအပြားမှာ ထိုရလဒ်အပေါ်တော်တော်လေးဝေဖန်ရှုံ့ချနေကြသည်။
အဘယ်ကြောင့်ဆိုသော် ဤပြိုင်ပွဲအနိုင်အရှုံးကိုမေ့ထားရင်တောင် ဓားစမ်းသပ်ရေးညီလာခံတွင်ဒုတိယနေရာရတာက အနာဂတ်တွင်ဆွေးနွေးလို့ရနိုင်သည့်အရင်းအနှီးတစ်ခုဖြစ်ပေရာ ကျန်းရွေ့တွင်ဆိုးဝါးသောအကျင့်စရိုက်ရှိပြီး ထိုကဲ့သို့ရာထူးမျိုးကိုရသွားတာကလူတွေအားမမျှတသယောင်ခံစားသွားရစေသည်။ သို့သော် သူကားထိုအစွမ်းအစနှင့်မွေးဖွားလာသည်ဖြစ်ရာ အခြားသူများမှာသူ့နောက်ကွယ်တွင်စောဒကတက်ရုံမှတစ်ပါး ဘာမှလုပ်နိုင်စွမ်းမရှိကြပေ။
ရှောင်းနဥ်အာထိုအကြောင်းတွေးကာ စိတ်ပူနေမိတုန်းဖြစ်ပြီး နောက်ဆုံးတွင်သူမမအောင့်ထားနိုင်တော့ပေ။ ညဘက်၌ သူမကိုဘယ်သူမှအာရုံမစိုက်နေချိန်တွင် သူမတိတ်တခိုးပြေးကာရှုလင်ကျားကိုသွားရှာမိသည်။ သူမဖြတ်သွားသော် ရှုလင်ကျားကခြံဝန်းထဲတွင်ဓားရေးလေ့ကျင့်နေခြင်းဖြစ်ပြီး ရှောင်းနဥ်အာကတံခါးဝတွင်ရပ်ကာအော်ခေါ်လိုက်သည်။
"ရှစ်ရှုန်း။"
ရှုလင်ကျားလှည့်ကြည့်ကာ ဝေမုန့်ဓားကိုမြေပြင်ပေါ်ပစ်ချလိုက်သည်။
"နဥ်အာ? မင်းဘာလို့ဒီကိုရောက်နေတာလဲ။"
ရှောင်းနဥ်အာနှလုံးသားထဲတွင်အမြဲတမ်းမတည်မငြိမ်ဖြစ်နေပေရာ ဒီတစ်ခေါက်သူမ၏မျက်နှာထားမှာလည်းအနည်းငယ်ပြာယာခတ်နေမည်ကိုသိနေရင်း သူမစိတ်ငြိမ်ငြိမ်ထားကာ သွားလိုက်သည်။
"ဒီလိုပဲ၊ ဟိုဟိုဒီဒီလမ်းလျှောက်နေရုံပါ။ ရှစ်ရှုန်း၊ အစ်ကို့ဒဏ်ရာ....အကုန်ပျောက်သွားပြီလား။"
ရှုလင်ကျားပြောလိုက်သည်။
"အကုန်လုံးတော့မကောင်းသေးဘူး၊ နည်းနည်းဆိုးတယ်ဆိုပေမဲ့အဆင်ပြေပါတယ်။"
"နည်းနည်းဆိုးတယ်"ဆိုသည့်ဆိုလိုရင်းကိုရှောင်းနဥ်အာသိသည်၊ ၎င်းမှာဒဏ်ရာကသိပ်မပြင်းထန်ဟုဆိုလိုခြင်းပင်။ သူမတန့်သွားမိပေမဲ့မအောင့်ထားနိုင်ဘဲပြောမိသည်။
"ဒါဆို အစ်ကိုမနက်ဖြန်ကျန်းရွေ့နဲ့တကယ်ပြိုင်ချင်တာလားဟင်။"
ရှုလင်ကျားရယ်မောလိုက်သည်။
"အင်း၊ ငါကသူနဲ့မတိုက်ရဲဘူးလို့မပြောနဲ့။ ငါကအရမ်းအသုံးမကျတဲ့ပုံပေါက်မနေပါဘူးမလား။"
ရှောင်းနဥ်အာကဆိုသည်။
"အစ်ကိုအဲ့လိုပြောမယ်မှန်းညီမသိတယ်။ ဒါပေမဲ့ကျန်းရွေ့ကပြိုင်ပွဲတိုင်းပိုပိုဆိုးလာတယ်၊ သူအစ်ကို့ကိုထိခိုက်အောင်လုပ်မှာညီမစိတ်ပူနေတာ။ သူနေ့တိုင်းဟန်ဆောင်နေတာကိုမကြည့်နဲ့၊ သူကမကောင်းဘူး၊ နေ့တိုင်းမကောင်းတဲ့အကြံထုတ်နေတာ။ မဟုတ်ရင်သူအစထဲကအစ်ကို့အပေါ်အပြစ်ပုံချမှာမဟုတ်ဘူးလေ။"
ရှုလင်ကျားပြောမိသည်။
"သူဘယ်လိုလူစားလဲဆိုတာငါမသိသေးဘူး။ ငါအတိတ်မှာဆုံးရှုံးခဲ့ရပြီးမှတော့ ငါအခုသတိထားရမှာပဲ။ ငါသိပါတယ်၊ မင်းစိတ်ပူဖို့မလိုပါဘူး။"
ရှောင်းနဥ်အာဟာလည်း ရှုလင်ကျား၏ပင်ကိုယ်စရိုက်ကိုသိသည်၊ ဆုံးဖြတ်ချက်ချပြီးသွားသည်နှင့် ကောင်းကင်ဘုံမင်းကြီးပင်သူ့ကိုသိမ်းသွင်း၍မရနိုင်။ တစ်ဖက်လူကထိုသို့ပြောလာမှတော့ သူမခေါင်းငြိမ့်ရုံသာတတ်နိုင်သည်။ အနည်းငယ်ချိတုံချတုံဖြစ်နေမိပြီးနောက် ရှောင်းနဥ်အာထပ်မေးမိသည်။
"ဒါပေမဲ့ အစ်ကိုဒီတစ်ခေါက်ကျန်းရွေ့ကိုရိုက်ချနိုင်ရင် အစ်ကိုပြန်မလာတော့ဘူးမလား။"
ရှုလင်ကျားဒါကိုတစ်ဖန်ကြားလိုက်ရသော် သူ့မျက်ဝန်းလှုပ်ခတ်သွားကာ သူ့ဓားကိုကောက်လိုက်သည်။ သူ့ဓားကိုဓားအိမ်ထဲပြန်ထည့်ရင်း"အင်း"ဟုပြောလိုက်သည်။
သူ၏ဓားကိုဓားအိမ်ထဲပြန်ထည့်သည့်လှုပ်ရှားမှုဟာ ရှောင်းနဥ်အာအားသူမရှုလင်ကျားကိုတွေ့သည့်ပထမဆုံးအကြိမ်ကိုအမှတ်ရသွားစေသည်။
ယင်းကားသိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင် ဓားရေးလေ့ကျင့်နေကြသည့်လူငယ်တစ်သိုက်ဖြစ်သည်။ သူတို့အနက် သူကားအထူးချွန်ဆုံး၊ အကြည့်ကောင်းဆုံး၊ ဝတ်ရုံဖြင့်ချောမောခန့်ညားကာ ပုံပန်းသဏ္ဍာန်မှာထင်ရှားလှသည်။
ပထမတစ်ယောက်ကပြိုင်ဘက်၏ဓားကိုကောက်ပေးလိုက်ချိန်တွင် သူကဓားပန်းဖွာကိုဆွဲကာ ဓားကိုဓားအိမ်ထဲထည့်၍ တစ်ချိန်တည်းမှာပြုံးလိုက်သည်။
အလင်းတန်းကထိုအပြုံးပေါ်ကျရောက်လျက်ရှိကာ မျက်စိကျိန်းစရာကောင်းလှပေသည်။
ထိုအခိုက်အတန့်တွင် သူမနှလုံးသားအခုန်မြန်သွားခဲ့သည်။
သူမသည်ရှုလင်ကျား၏ဂိုဏ်ယူကာအထိန်းအကွပ်မဲ့သောအကြည့်ကိုကြည့်ရတာအနှစ်သက်ဆုံးဖြစ်ပြီး အထိန်းအကွပ်မဲ့သထက်မဲ့ပုံမှာ မည်သည့်အရာကမျှသူ့ကိုထိန်းချုပ်နိုင်စွမ်းမရှိပေ။
သို့သော်နောက်ကျတော့ဂိုဏ်းထဲတွင် ရှုလင်ကျားထိုသို့ရယ်မောသည်ကို သူမထပ်မမြင်ရသလောက်ပင်။
မလိုလားမှုနှင့်တာဝန်ယူမှု၊ ဆရာသခင်၏ကြင်နာမှု၊ ဤအချိန်တိုတိုလေးအတွင်း၌ ၎င်းတို့ဟာလည်းသူ၏စိတ်ဝိညာဥ်ကို နည်းနည်းချင်းစီတိုက်စားသွားခဲ့သည်ပင်။
ရှုလင်ကျားဂိုဏ်းကိုပြန်မလာရင် သူတို့ကြားရှိဆုံစည်းမှုမှာနည်းသထက်နည်းပါးလာမည်ပင်။ သို့သော်သူပြန်လာလို့ရှိရင် သူဟာရှုလင်ကျားမဟုတ်လောက်တော့ပေ။
ရှောင်းနဥ်အာပင့်သက်ရှိုက်ကာ ပြုံး၍ရှုလင်ကျားကိုပြောလိုက်သည်။
"အစ်ကိုပြန်မလာတာကောင်းတယ်၊ အစ်ကိုဂိုဏ်းထဲမှာပျော်မယ်လို့ညီမမထင်ဘူး။ အစ်ကိုအဲ့ဒီ့ကောလဟာလတွေကိုနားထောင်စရာမလိုဘူး၊ အစ်ကိုဘာကိုဘဲရွေးရွေး ညီမတို့ညီအစ်ကိုမောင်နှမတွေအကုန်လုံးက အစ်ကိုကြိုက်တဲ့နေရာမှာနေချင်တာကို နားလည်နိုင်ပါတယ်။"
ရှုလင်ကျားကူကယ်ရာမဲ့စွာဖြင့်သူမကိုကြည့်လိုက်မိသည်။
ရှောင်းနဥ်အာကသူနှင့်အကြည့်ချင်းဆုံသွားကာ သူ့ကိုချိုမြိန်စွာပြုံးပြလာသည်။
"ရှစ်ရှုန်း၊ အစ်ကို့အတွက်ဓားပြန်ကိုင်ဖို့မလွယ်ဘူးဆိုပေမဲ့ အစ်ကိုလုပ်နိုင်ခဲ့တယ်။"
သူမပြောလို့ပြီးသော် သူမကနောက်ပြန်လှည့်မကြည့်ဘဲခပ်သုတ်သုတ်လှည့်ထွက်သွားတော့သည်။
ရှုလင်ကျားမသိလိုက်မသိဘာသာဖြင့်သူမသွားရာဘက်သို့ခြေတစ်လှမ်းလှမ်းလိုက်မိပြီး တစ်ဖန်တန့်သွားရပြန်ကာ ရှောင်းနဥ်အာထွက်သွားသည်ကိုရပ်ကြည့်နေမိသည်။
ထိုစဥ်၊ တံခါးနှင့်သိပ်မဝေးသည့်နေရာမှ နောက်အသံတစ်သံကဖြည်းညှင်းစွာထွက်လာကာဆိုသည်။
"ဒီမိန်းကလေးကမင်းအပေါ်မဆိုးဘူးပဲ။"
ရှုလင်ကျားကထိုလားရာဘက်တစ်ချက်စိုက်ကြည့်လိုက်ပေမဲ့မည်သူ့ကိုမျှမတွေ့ပေ၊ သူပြောလိုက်သည်။
"ခင်ဗျားဘာလို့ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ၊ အထဲဝင်လာခဲ့လေ။"
နောက်တစ်ခဏတွင် ကျင်းဖေးထုန်ကရှုလင်ကျားရှေ့တွင်ပေါ်လာသည်။
ရှုလင်ကျားပြောလိုက်သည်။
"ကျွန်တော်တို့ပြောတာကြားသွားလား။"
ကျင်းဖေးထုန်ကပြောလာသည်။
"ကိုယ်တောင်းပန်ပါတယ်၊ မရည်ရွယ်ပါဘူး။ ကိုယ်ခုနကမှဒီကိုရောက်လာတော့ နောက်ဆုံးစကားအနည်းငယ်ကိုဘဲကြားလိုက်တာ။"
သူကရှုလင်ကျားကိုကြည့်သည်။
"သူမကမင်းကိုတော်တော်ကြိုက်တာပဲ။"
ရှုလင်ကျား၏မျက်နှာပူနွေးလာကာ သူက"ကျစ်"ခနဲစုတ်သပ်လိုက်သည်။
"ခင်ဗျားဘာပြောတာလဲ။ အဲ့ဒါကျွန်တော့်ရဲ့ရှစ်မေ့ဗျ!"
ကျင်းဖေးထုန်ခေါင်းခါကာပါးစပ်ပိတ်လိုက်သည်။
တစ်အောင့်ကြာသော် ရှုလင်ကျားကပြောလာသည်။
"သူမကျွန်တော်နဲ့အရမ်းနီးကပ်သွားလို့ရှိရင်အဆုံးသတ်ကောင်းမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကမိတ်ဆွေဆက်ဆံရေးပါပဲ။"
ကျင်းဖေးထုန်အပြုံးတစ်ပွင့်ဖြင့်ခေါင်းငြိမ့်မိကာ တစ်အောင့်ကြာပြောစရာစကားမဲ့သွားရသည်။
ရှုလင်ကျားကအမှန်ပြောနေပြီး သူဟာရှောင်းနဥ်အာကိုရှစ်မေ့အဖြစ်သာဆက်ဆံကြောင်း သူမြင်နိုင်ပေသည်။ ယောကျ်ားနှင့်မိန်းမကြားရှိဆက်ဆံရေးမှအပ၊ ဂိုဏ်းထဲတွင်သူ့ကိုနားလည်ပေးကာသူ့အကြောင်းဂရုစိုက်သည့်ထိုကဲ့သို့သောလူတစ်ယောက်ရှိနေသေးသည်မှာကောင်းသောအရာဖြစ်သည်ပင်။
ကျင်းဖေးထုန်တွေးမိသည်။
ရှောင်းနဥ်အာတောင်ဒီလိုပြောလာတယ်ဆိုတော့ အရင်ကရှုလင်ကျားမှာဘာဖြစ်ခဲ့လို့လဲ။
ရှုလင်ကျားမချင့်မရဲဖြစ်ကာပူဆွေးသောကရောက်နေသည့်ထိုနေ့ရက်များတွင် သူ့မှာသူ့ကိုအဖော်ပြုပေးရန်ကံကောင်းမှုမရှိခဲ့သည်မှာသနားစရာပင်။ ဒီမိန်းကလေးကသူ့ဘေးမှာနေပြီးတော့ သူနဲ့အချိန်အတူဖြုန်းခဲ့တာလား။
ကျင်းဖေးထုန်ထိုအကြောင်းမတွေးချင်တော့ပေ။
လက်ရှိတိတ်ဆိတ်မှုကသူ့ကိုမသက်မသာဖြစ်စေသယောင် ရှုလင်ကျားမဖော်ပြနိုင်လောက်အောင်ခံစားမိကာမေးမိသည်။
"ခင်ဗျားဘာလို့စကားမပြောတာလဲ။ ခင်ဗျားဘာတွေတွေးနေတာလဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"ဘာမှမဟုတ်ပါဘူး၊ ကိုယ်ဘာမှမတွေးဘူး။ ခုနကမင်းရဲ့ရှစ်မေ့ပေးသွားတဲ့အကြံကသိပ်ကိုကျိုးကြောင်းသင့်တယ်။ မနက်ဖြန်ကျ ကျန်းရွေ့ကရှင်းပစ်ရလွယ်မှာမဟုတ်ဘူး။"
ယခုအချိန်ထိ၊ ကျန်းရွေ့၏ခန္ဓာကိုယ်ထဲတွင်အမည်မသိထူးခြားဆန်းကြယ်သောစွမ်းအားရှိနေသည်ကို သူသေချာသိနေသည်။ ရှုလင်ကျားကသူ့ကိုအနိုင်ယူချင်သည်ဟုပြောတာထက်စာရင် ထိုစွမ်းအားကိုဆန့်ကျင်တိုက်ခိုက်နေသည်ဟုပြောရင်ပိုကောင်းသည်။
ဒီတစ်ခေါက် ရှုလင်ကျားဟာရှောင်းနဥ်အာကိုပြောခဲ့သကဲ့သို့"ဘာမှမဖြစ်ဘူး။"ဟုမပြောခဲ့ပေ။
သူ့ဝတ်ရုံကိုမကာ နံဘေးရှိကျောက်ခုံတန်းရှည်ပေါ်ထိုင်ချ၍ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော့်ဒဏ်ရာဟောင်းကမကောင်းသေးပေမဲ့လည်း အတိတ်တုန်းကကျင့်ကြံထားခဲ့တဲ့ ကျွန်တော့်စွမ်းရည်ရဲ့၂၀ရာခိုင်နှုန်းကိုဘဲသုံးလို့ရတယ်။ ဒါပေမဲ့အဲ့ဒါကကောင်းချီးပေးမှုတစ်ခုဖြစ်ပြီးတော့ အခြေတည်ဆောက်ပုံကလည်းပျက်စီးသွားပြီ။ ရှင်းဇုန်ရဲ့ဓားကျင့်စဥ်မှာအတွေးပေါင်းများစွာရှိပေမဲ့ အချိန်ကအရမ်းတိုလွန်းတော့ ကျွန်တော်အပြည့်အဝနားမလည်တဲ့နေရာတွေအများကြီးရှိနေသေးတာမို့ ကျွန်တော်မှာသဲလွန်စမရှိဘူး။"
လက်ရှိရှုလင်ကျားသည်ရှင်းဇုန်နှင့်ချီဇုန်ကြားတွင်ရှိနေသည်ဟုပြော၍ရ၏။ နှစ်ခုစလုံး၏ခွန်အားကြောင့် သူဒဏ်ရာကောင်းသွားသည်နှင့် သူ့စွမ်းရည်မှာယခင်အဆင့်နှင့်ယှဥ်လျှင်ပို၍မြင့်တက်သွားနိုင်သည်။ သို့သော် သူကောင်းကောင်းမွန်မွန်မပေါင်းစပ်နိုင်သေးပေ။
Advertisement
- In Serial7 Chapters
Crucible - A Lost Dungeons Tale
All stories must begin somewhere, this one starts with the creation of the universe. What follows is a tale of chaos and order, of gods and monsters, of creation and destruction. The birth of a universe is a tumultuous journey, different entities working with opposing ideals, cooperation giving way to frustration and jealousy. It is in that dangerous concoction of emotions that the god of monsters created the first dungeon core. Forged in a crucible of dedication and desire, the first core held potential, the likes of which could surpass even the civilised mortal races. Unfortunately it was not meant to be, the core was lost in a tragic accident and its creator thought it to have been destroyed. Over one-thousand years later, the core reformed inside an extinct volcano. In time it would grow enough to learn and learn enough to grow. This is the story of the first dungeon core. Crucible, the lost dungeon core. Note: Story updates every hiatus*. *I appologise for the delay.
8 160 - In Serial30 Chapters
Firakha - Of Monsters And Gods
"What have I done...?"The world around her fell into ashes as her knees sunk deep into the ground. Around her were flames, higher than mountains, threatening to consume everything but her. A thick awareness was settling itself into her bloodied body.Murderer. A single tear dripped from her cheek into the floor. A whisper, broken. "What have I done..." In which a star is reborn into a world of immortals and gods with nothing but a heart filled with curiosity for the world. But finding herself and her path proves easier said than done and in the Plane of Gods, good intentions can sometimes bring the worst disaster of all. Content Warning: This story contains scenes depicting violence intended for mature audiences. However, these scenes only make up a small portion of the novel, they will be announced with warnings at the beginning of the chapter and you can skip them if you're uncomfortable with such content.
8 162 - In Serial6 Chapters
STAR WARS: THE TRANSMIGRATOR
Suddenly finding himself In a unknow place, he discovered that he is now living in the universe of Star Wars, thankfully the gods decided to help him by giving him a System and using it to the best of his abilities, he will one day stand at the peak, with power comparable to if not greater than that of those beings he always admired on the Star Wars legends! Accompany the adventure of Garrod Seafair as he travels the galaxy and makes his way through all the mess the Jedi caused over the course of the years! -------------------------------------------------- This is a just for fun project that I'm doing to pass some time, I was inspired to do it after reading a really good fanfiction that someone started to write in another platform, I basically used his same idea of initial settings, that being the Jedi temple, and I used part of his System but with some modifications. Read his fanfiction as well if you can, its name is "Force user supplementary system", he published it in webnovel. Copyright Disclaimer Under Section 107 of the Copyright Act 1976, allowance is made for "fair use" for purposes such as criticism, comment, news reporting, teaching, scholarship, and research. Fair use is a use permitted by copyright statute that might otherwise be infringing. Non-profit, educational, or personal use tips the balance in favor of fair use.
8 177 - In Serial75 Chapters
OP without wanting to be
Res van Coventry has a dream - a dream of a relaxing life thinking about the world and philosophy. That dream is crushed when a ghost from another world called earth possesses him. Now, he needs to share a body with a moron while trying not to get killed by kingdoms, crime syndicates, and other organizations. Without wanting to, he builds a revolution of street children from the ground up and dabbles in alchemy. All the while, Res tries to cling to his dream of a carefree life despite more and more responsibility. Come along on this light-hearted journey and just enjoy the ride. ***************** Warning: This book isn't your average OP Male MC novel, but isn't meant to have a completely flushed out world etc. When reading this novel, just let yourself be pulled in by the unique premise and have fun. ***************** The link to the discord is here. If you want to see all the 74 Chapters of this book and want to support me, you can head over to my Patreon. Thanks to everyone for reading my book. ☜(゚ヮ゚☜)
8 221 - In Serial7 Chapters
The Old Steward Journey in Cultivation World
Old man Wu has been living for more than 60 years old. In all his life he never been able to do something big, yet an encounter with a supreme individual change all that.
8 70 - In Serial51 Chapters
Kinda Real Online
"When you try KRO you will finally understand what you've been missing. You might even crow about it." Somehow KRO managed to become an extremely successful game even with the cheesy slogans, and massive opposition. When was first announced many questioned the safety of playing a game while hooked up to a simple headset that caused a coma. The company struggled for a few years, only supported by a few fans, and a couple wealthy investors, until the FDA finally finished their tests and determined the technology was perfectly safe. When the release date was finally announced, the only information that anyone had about the game was that it would be almost like lucid dreaming, with other people and a system of rules. This is the story of one of the first to enter KRO, and the exploration of an uknown universe.
8 101

