《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၄၆] ချင်းလွမ်မှာအတောင်ပံရှိတယ်|ခ်င္းလြမ္မွာအေတာင္ပံရွိတယ္
Advertisement
!unicode!
ပုတီးစေ့ဝိညာဥ်၏စကားများကအဓိပ္ပါယ်ရှိသည်။ ကျန်းရွေ့နောက်ဆုံးတွင်နားလည်သွားရသည်။ သူထိတ်လန့်သွားကာ ချက်ချင်းပြောမိသည်။
"ခင်ဗျားက....သူ့ကိုထိခိုက်အောင်လုပ်စေချင်နေတာလား။ အလုပ်ဖြစ်မှာမဟုတ်ဘူး။ သူကတစ်ဂိုဏ်းလုံးမှာကျွန်တော့်ကိုအများဆုံးကာကွယ်ပေးတဲ့တစ်ယောက်ဗျ!'
ပုတီးစေ့ဝိညာဥ်ကစိတ်ရှည်လက်ရှည်ပြောလာသည်။
"သူ့ကိုသတ်ခိုင်းနေတာမဟုတ်ဘူး။ လင်းယွဲ့ကိုဘဲကြည့်၊ ရှုလင်ကျားကသူ့ကိုမသတ်ဘဲ ဒီတိုင်းအနိုင်ရသွားရုံလေးတင်ကို သူကမင်းရဲ့ကံကောင်းမှုတွေကိုပြန်ယူသွားတယ်မလား။"
"မင်းကျန်းဝေ့ကိုတိုက်ခိုက်ပြီး မင်းရဲ့ရာထူးအဆင့်အတန်းကိုသက်သေပြလိုက်လို့ရှိရင် မင်းဘယ်လိုအကြောင်းပြချက်ဘဲသုံးသုံး မင်းလုပ်နိုင်မှာပါ။"
ကျန်းရွေ့အတွေးဖြင့်ခေါင်းငုံ့ကာ ဆုံးဖြတ်ချက်ချရန်အလွန်ခက်ခဲလျက်ရှိသည်။
အစတွင် ဟယ်ဇီကျိုးကသူ့ကိုတောင်ထွတ်ပေါ်ခေါ်လာခဲ့သည်။ ထို့ကြောင့်သူကရှစ်စွင်းကိုကိုးကွယ်ကာခင်တွယ်သည်။ သူ့ရင်ထဲတွင်ဟယ်ဇီကျိုးကပင်ကိုယ်အားဖြင့်အရေးကြီးဆုံးဖြစ်သော်လည်း တစ်ဖက်လူအတွက်ရှုလင်ကျားကပိုအရေးကြီးနေသည်ကိုသူတွေ့ရှိလိုက်ရကတည်းက ကျန်းရွေ့ဟာလည်းသွေးအေးသွားခဲ့သည်။
လက်ရှိတွင် သူ၏အကြီးမားဆုံးလိုအင်ဆန္ဒမှာ ထင်ရှားပေါ်လွင်အောင်လုပ်ကာ ရှုလင်ကျားကသူ့လက်အောက်တွင်ရှုံးနိမ့်သွားမည်ကိုဟယ်ဇီကျိုးအားမြင်တွေ့စေချင်သည်။ ထိုမှသာ သူအမြတ်တနိုးတန်ဖိုးထားသင့်သည့်တပည့်ကမည်သူဖြစ်သင့်မှန်းနားလည်သွားနိုင်သည်။
ထို့အပြင် ကျန်းဝေ...သူ့အပေါ်ကျန်းရွေ့၏ခံစားချက်များမှာထိုမျှမနက်ရှိုင်းသည့်တိုင် အဆုံးတွင်သူဟာအစမှအဆုံးထိသူ့ကိုတက်ကြွစွာထောက်ပံ့နေခဲ့သည့်အကြီးအကဲဖြစ်ပေရာ လင်းယွဲ့နှင့်ကွာခြားလှသည်။
ထိုသို့လုပ်ဖို့ရာ သူဟာလူသားမဆန်ရာရောက်သွားလိမ့်မည်။
ပုတီးစေ့ဝိညာဥ်ကဆိုသည်။
"ဘာလဲ၊ မလုပ်နိုင်ဘူးလား။ လူတွေကမင်းကိုကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ထင်နေတုန်းလား။ ငါမင်းကိုအမှန်တရားပြောပြမယ်၊ သူတို့တွေမင်းကိုအခုကောင်းကောင်းဆက်ဆံနေကြတဲ့အကြောင်းရင်းက မင်းရှုလင်ကျားဆီကခိုးထားတဲ့ကံကောင်းမှုကြောင့်ပဲ။ သူကဒီလောကကြီးထဲမှာကံကောင်းခြင်းသားတော်တစ်ပါးဖြစ်ပြီးတော့ သူများတွေကောင်းချီးပေးတာခံရနိုင်တယ်။ မင်းမှာဒီအရာတွေမရှိရင်ကော? ကျန်းဝေကမင်းကိုဒီလိုဆက်ဆံနေပါအုံးမလား။"
ဤစကားကကျန်းရွေ့၏နှလုံးသားကိုတည့်ထိမှန်သွားကာ သူ၏ထင်ယောင်ထင်မှားဖြစ်မှုများကိုချိုးဖျက်သွားလေသည်။
အမှန်ပင်၊ လက်ရှိထင်ယောင်ထင်မှားဖြစ်နေသည့်သူကားသူအစစ်မဟုတ်။ သူသည်အခြားသူများထံမှအရာရာတိုင်းကိုခိုးယူခဲ့ပြီး သူ့ကိုယ်ပေါ်တွင်ဖုံးကာပြီးသည့်နောက်တွင် ၎င်းကမျက်နှာဖုံးတစ်ခုဖြစ်လာ၏။
မည်သူကမျှသူအစစ်ကိုမချီးကျူးကြ။
ထို့ကြောင့် သူသာသူ့မျက်နှာဖုံးကိုလုံးဝမချွတ်ရဲ၊ အခြားသူများရှေ့တွင်သူ့ကိုယ်သူထုတ်မပြရဲပေ။ ရှုလင်ကျားထံမှရလာခဲ့သည့်ရောင်ဝါကိုဆုပ်ကိုင်ထားခြင်းကသာလျှင် သူ့မှာရှိသည့်အရာအားလုံးကိုထိန်းသိမ်းထားနိုင်သည်။
ကျန်းရွေ့ပင့်သက်ရှိုက်ကာပြောလိုက်သည်။
"ဒါဖြင့်လည်းအဲ့လိုလုပ်ကြတာပေါ့။ ကျွန်တော့်မှာအဆိပ်တစ်မျိုးရှိတယ်။ စုစုပေါင်းအနီတစ်ပြား၊ အစိမ်းတစ်ပြားရှိတယ်၊ အဲ့ဒါတွေကရေထဲထည့်လိုက်တာနဲ့အရည်ပျော်သွားလိမ့်မယ်။ အစိမ်းကိုစားလိုက်တာနဲ့ တစ်ကိုယ်လုံးအားနည်းလာပြီးတော့ အဆိပ်မြင့်တက်လာပြီးသေသွားလိမ့်မယ်။ ကျွန်တော်ကျန်းဝေကိုအနီတစ်ပြားအရင်ပေးထားလိုက်ရင် သူ့ကိုသတ်ဖို့ကြံရွယ်ထားတယ်လို့ဆိုလိုတာပဲ။ အနာဂတ်မှာရှုလင်ကျားကိုရှင်းပစ်နိုင်လို့ရှိရင်ကျွန်တော်အဲ့ဒါမလိုတော့ဘူး။ နောက်တစ်ခါအဆိပ်မိသွားလို့ရှိရင် အနီဆေးပြားထဲကအဆိပ်ကနှစ်အနည်းငယ်ကြာပြီးနောက်မှာသူ့ဘာသာသူပျောက်သွားလိမ့်မယ်။"
ပုတီးစေ့ဝိညာဥ်ကပြောလာသည်။
"အိုး၊ တကယ့်ကိုခေါင်းစားစရာပဲ၊ အရမ်းရှုပ်ထွေးလွန်းတယ်။ ခြုံပြောရရင် မင်းလုပ်ချင်တာဘာမဆိုလုပ်လို့ရတယ်။ ဒါပေမဲ့မြန်မြန်တော့လုပ်၊ မင်းရဲ့နောက်လာမဲ့ပြိုင်ပွဲကသိပ်မဝေးတော့ဘူး။"
ကျန်းရွေ့ပြောလိုက်သည်။
"ကျွန်တော်သိပါတယ်။"
သူအချိန်ထပ်မဆွဲတော့ဘဲ ကျန်းဝေထံချက်ချင်းသွားလိုက်ပေမဲ့ တစ်ဖက်လူကဂိုဏ်းချုပ်အခန်းတွင်ရှိနေကြောင်းကိုသာကြားလိုက်ရသည်။ ဟုတ်တာပေါ့၊ လူနည်းလေ အဆိပ်မိဖို့လွယ်လေလေပင်။
ကျန်းရွေ့ဒါကိုကြားသော် သူစိုးရိမ်နေဆဲဖြစ်ကာ သူပြောမိသည်။
"အင်း၊ မင်းကျန်းအကြီးအကဲကိုတိတ်တိတ်လေးသွားပြောပေးပါလား၊ ငါ့...ငါ့မှာပြောစရာတစ်ခုခုရှိတယ်။ ငါသူ့အခန်းထဲမှာစောင့်နေမှာမို့လို့ စောနိုင်သမျှခပ်စောစောလေးထွက်ခဲ့ပါလို့။"
ကောင်ငယ်လေးကဆိုသည်။
"ကျန်းရှစ်ရှု၊ ဒီတစ်ခေါက်သွားပြောပေးဖို့ကလွယ်မှာမဟုတ်ဘူးဗျ၊ ရှု..."
သူတန့်သွားပေမဲ့စကားမပြောင်းလိုက်ပေ။
"ရှုရှစ်ပေါ်လည်းအထဲမှာရှိနေတယ်။"
ကျန်းရွေ့ပြောမိသည်။
"ရှုရှုစ်ရှုန်းလား၊ သူကဒီမှာဘာလုပ်နေတာလဲ။"
ကောင်ငယ်လေးကပြောလာသည်။
"ကျွန်တော်မသိဘူးဗျ၊ ကြည့်ရတာတော့ ဂိုဏ်းချုပ်ကသူ့ကိုအခေါ်လွှတ်ပြီး နောက်ဆုံးပြိုင်ပွဲနီးကပ်လာတဲ့အကြောင်းပြောမလို့ထင်တာပဲ။"
ကျန်းရွေ့တန့်သွားရကာ ဆုံးဖြတ်ချက်မြန်မြန်ချ၍ သူ့လက်ထဲကလက်ဖက်ရည်ခွက်လင်ဗန်းကိုယူကာပြောလိုက်သည်။
"မင်းသွားလိုက်တော့၊ ငါအထဲဝင်ပြီးတစ်ချက်ကြည့်လိုက်မယ်။"
ကောင်ငယ်လေးကတုံ့ဆိုင်းသွားသော်လည်း သူ့ကိုပစ္စည်းများပေးလိုက်သည်။ ကျန်းရွေ့ကဟယ်ဇီကျိုး၏ခြံဝန်းထဲဝင်လာလိုက်သည်။ အရှေ့ဘက်အခန်းထဲတွင်ထိုင်နေကြသည့်လူသုံးဦးကိုမြင်လိုက်ရပြီး ၎င်းတို့မှာရှုလင်ကျား၊ ကျန်းဝေနှင့်ဟယ်ဇီကျိုးတို့ဖြစ်သည်။ အမြဲတစေမထူးခြားမခြားနားပုံပေါက်သည့်ဟယ်ဇီကျိုးမှတစ်ပါး၊ အခြားနှစ်ဦး၏မျက်နှာထားမှာ အငြင်းပွားထားကြသည့်အလားသိပ်ကြည့်မကောင်းပေ။
ကျန်းရွေ့ဝင်လာသည်ကိုမြင်လိုက်ရရာ ဟယ်ဇီကျိုးကပြောလာသည်။
"မင်းဘာလို့ဒီရောက်လာတာလဲ။"
ကျန်းရွေ့ပြောလိုက်သည်။
"ကျွန်တော်အပြင်မှာချင်းကျန်ကိုတွေ့ပြီး သူ့ခြေဖမိုးကိုမတော်တဆတက်နင်းမိလိုက်တာမို့ ဒီတပည့်ကသူ့အစားလက်ဖက်ရည်ခွက်ယူလာပေးတာပါ။"
သူကမထိုင်ဘဲ ထိုသုံးဦးကိုလက်ဖက်ရည်ခွက်ချပေးကာ ပြန်ထွက်လာခဲ့သည်။
ဟယ်ဇီကျိုးကအထဲတွင်ရှိနေသည်မို့ ကျန်းရွေ့ခိုးနားမထောင်ရဲသော်လည်း သူတို့နှစ်ဦးကရှုလင်ကျားကိုခေါ်ကာဘာပြောမလဲဆိုသည်ကိုသူတကယ်သိချင်နေမိသည်။ အခန်းထဲရှိလှုပ်ရှားမှုကိုစူးစမ်းရန် စကြန်လမ်းအောက်တွင်အဆောင်စာရွက်ကပ်ထားခဲ့သည်။
၎င်းကနည်းနည်းဝေးပေမဲ့ ကြားတော့ကြားရသည်။ ကံကောင်းစွာဖြင့် ကျန်းရွေ့ရောက်လာသည့်အချိန်ကသိပ်မဆိုးပေ၊ သူတို့ထဲကမည်သူကမျှသူ့ကိုအာရုံစိုက်နိုင်သည့်စိတ်အခြေအနေရှိမနေသကဲ့သို့ သူ့အပြုအမူများကိုလည်းအရေးစိုက်မနေပေ။
ကျန်းဝေကားသိသိသာသာကိုစကားအရှည်ကြီးပြောထားရပုံပေါ်ကာ သူ့မျက်နှာကအနည်းငယ်နီမြန်းနေဆဲဖြစ်ပြီး သူကလက်ဖက်ရည်ခွက်ကိုယူကာသောက်လိုက်သည်။
သူကရှုလင်ကျားဘက်လှည့်ကာပြောပြန်သည်။
"ငါခုနကပြောတာကိုစဥ်းစား၊ ပြီးရင်မင်းရဲ့ပုန်ကန်တတ်တဲ့အကျင့်စရိုက်ကိုစဥ်းစားကြည့်၊ မင်းအပြစ်တင်ခံရသင့်တယ်မလား။ မင်းကြီးပျင်းလာတဲ့ဂိုဏ်းအကြောင်းဟာသလုပ်ပြောကြရင်ဘယ်နှယ့်လုပ်မလဲ။ အကြီးအကဲတွေကတော့စကားနည်းနည်းပြောပြီးတာနဲ့ဒေါသထွက်လာလိမ့်မယ်!"
ရှုလင်ကျားကဘာမှမဆိုဘဲ လက်ဖက်ရည်ခွက်ကိုယူကာခေါင်းငုံ့၍ရေသောက်လိုက်ပြီး ထိုအပြုအမူကိုအသုံးချကာမျက်လုံးလှိမ့်လိုက်မိသည်။
ကျန်းဝေကမမြင်ပေ၊ ထို့ကြောင့်သူဟာလက်ဖက်ရည်ခွက်ကိုစားပွဲပေါ်လေးလံစွာချကာ လေသံကိုပျော့ပြောင်းလိုက်သည်။
"မင်းကဒီအသက်အရွယ်မှာသိပ်ကိုမောက်မာနေတယ်။ မင်းမှာမကျေနပ်ချက်ကြီးကြီးမားမားမရှိပါဘဲနဲ့ မင်းဘာလို့ဒီလိုလုပ်ချင်ရတာလဲ။ ဂိုဏ်းမရှိတဲ့အခြေအနေမှာနေနေတာလား။"
ရှုလင်ကျားအနည်းငယ်အံ့သြသွားရကာ ထို့နောက်သူနောက်ဆုံးတွင်တုံ့ပြန်လိုက်နိုင်ပြီးပြောမိသည်။
"ကျွန်တော်နားလည်တာမမှားပါဘူး။ ခင်ဗျားဘာကိုပြောချင်တာလဲ။ ကျန်းအကြီးအကဲ၊ ကျွန်တော်ကိုဂိုဏ်းမှာနေဖို့မျှော်လင့်နေသေးတာလား။ ခင်ဗျားကျွန်တော့်ကိုအမြဲသဘောမကျဖြစ်နေတယ်ထင်နေတာ။"
ကျန်းဝေ၏မျက်နှာမှာအနည်းငယ်ရှက်ရွံနေပြီး သူကဒေါသထွက်နေပုံပေါ်ပေမဲ့ တန့်သွားကာသူ့ဒေါသကိုပြန်ထိန်းလိုက်သည်။
သူကဆိုသည်။
"မင်းကတော့တော်တော်ပဲ။ ငါကလင်ရှောင်းဂိုဏ်းအတွက်ပြောနေတာ။ မင်းကလင်ရှောင်းဂိုဏ်းကဂရုတစိုက်ကျင့်ကြံပေးခဲ့တဲ့တပည့်ဂိုဏ်းသားတစ်ယောက်၊ ဆိုတော့မင်းဂိုဏ်းကိုပြန်လာသင့်တယ်။ ကွေ့ရီဂိုဏ်းကိုကြည့်၊ ပြီးတော့ရှင်းဇုန်ကိုလည်းကြည့်အုံး၊ ငါတို့တွေထပ်ပြီးတော့သွေးကွဲနေလို့မဖြစ်တော့ဘူး။"
သူကတွန့်ဆုတ်စွာပြောလာသည်။
"မင်းရဲ့အကျင့်စရိုက်နဲ့ပတ်သတ်ပြီးငါတကယ်စိတ်ပူမိတယ်၊ ဒါပေမဲ့မင်းရဲ့ရှစ်စွင်းကမင်းကိုထပ်တလဲလဲကာကွယ်ပေးနေခဲ့တာ။ ငါဘာပြောနိုင်မှာတဲ့လဲ။ မင်းရဲ့အမှားတွေကိုဝန်ခံသရွေ့ မင်းကိုခွင့်လွှတ်ပေးမယ်။"
ရှုလင်ကျားကဘာမှမပြောပေမဲ့ ကျန်းရွေ့မှာအခန်းထဲတွင်ဒီစကားကိုမှော်မှတဆင့်ဝိုးတိုးဝါးတားကြားလိုက်ရပေရာ သူ့တစ်ကိုယ်လုံးထိတ်လန့်သွားခဲ့သည်။
ကျန်းဝေ၏စကားများဟာ"အတိတ်ကိုအတိတ်မှာထားခဲ့"ဟူသည့်သဘောဆောင်နေပြီး သူကမသိမသာပြောလာပေမဲ့ ၎င်းမှာထိုနေ့ကကျန်းရွေ့ကိုဂိုဏ်းချုပ်ရာထူးအကြောင်းပြောလာတုန်းကလေသံနှင့်တူညီလုနီးပါးပင်။
"ထားလိုက်တော့။"ဒါကဘာကိုပြောချင်တာလဲ။ အရာအားလုံးကိုဘာမှမဖြစ်ခဲ့တဲ့အတိုင်းထားခိုင်းတာလား။
ယခုလင်ရှောင်းဂိုဏ်း၏မျက်လုံးထဲတွင် ရှုလင်ကျား၏အရည်အချင်းများမှာတဖြည်းဖြည်းချင်းပြန်ကောင်းလာပြီဖြစ်သည်။ သူကားလွန်ခဲ့သောနှစ်နှစ်က"မစွမ်းဆောင်နိုင်သောသူတစ်ယောက်"မဟုတ်တော့သည်မို့ သူသာလင်ရှောင်းဂိုဏ်းကိုပြန်လာချင်စိတ်ရှိရင် ဆက်ဆံမှုမှာအရင်အတိုင်းပြန်ဖြစ်လာလိမ့်မည်။
အရင်ကထက်တောင်ပိုကောင်းသွားနိုင်သည်။
ပြီးရင်မင်ကျန့်တောင်ထွတ်ကို ရှုလင်ကျားကတာဝန်ပြန်ယူမှာလား။ သူဟာသူနေခဲ့ဖူးသည့်ခြံဝန်းထဲတွင်နေနေခဲ့ရသည်။
ထိုလူများသည်အပြောကောင်းပေမဲ့ တကယ်တမ်းတွင်သူတို့ကရှုလင်ကျား၏စွမ်းဆောင်ရည်အကြောင်းတွေးနေဆဲဖြစ်သည်ပင်။
ယင်းချန်၏အဆင့်မှာအမြဲတစေအလွန်တည်ငြိမ်သည်။ ဒီတစ်ကြိမ်တွင် သူဟာတိုက်ပွဲပေါင်းများစွာကိုအနိုင်ရခဲ့ကာ ပြိုင်ဘက်မရှိသေးပေ။ အစကတော့ သူ့မှာအနိုင်ရနိုင်သည့်အခွင့်ကောင်းရှိသော်လည်း ကံမကောင်းစွာဖြင့် အခြားတိုင်းပြည်များဒုက္ခရောက်နေသည်ဟူသောသတင်းကလွန်ခဲ့သောရက်အနည်းငယ်တုန်းကရောက်လာခဲ့သည်။
ယင်းချန်ကားသေမျိုးလောက၏လူတစ်ယောက်မဟုတ်တော့သော်လည်း အဆုံးတွင်သူဟာတော်ဝင်မိသားစုတွင်မွေးဖွားခဲ့ပြီး လက်ရှိဘုရင်ဧကရာဇ်မှာလည်း သူအစ်ကိုအရင်း၏မျိုးဆက်ဖြစ်နေပေသည်။
ကျန်းဝေနှင့်အခြားသူများအတွက် ဒီဓားစမ်းသပ်ရေးညီလာခံ၏အနိုင်ရသူကို လင်ရှောင်းမှဖြစ်အောင်လုပ်ချင်သည်မို့ ဒီတစ်ကြိမ်မှာရှုလင်ကျားကိုအနိုင်ယူထားရလိမ့်မည်ပင်။
ရှုလင်ကျားသာဒီတစ်ခေါက်တကယ်အနိုင်ရသွားလို့ရှိရင် သူ့ထံရောင်ဝါပြန်ပါသွားမည်ကိုမပြောနှင့်၊ သူ့မှာရပ်စရာနေရာပင်ရှိလိမ့်မည်မဟုတ်။
ကျန်းရွေ့၏နှလုံးသားမှာအရိုင်းဆန်စွာခုန်ပေါက်လျက်ရှိပြီး သူပြေးထွက်သွားကာ ရှုလင်ကျားကိုလက်မခံဖို့ပါးစပ်ကိုကွယ်ကာပြောလိုက်ချင်ပေမဲ့ သူဆက်နားထောင်နေလိုက်သည်။
ရှုလင်ကျားကရိုးစင်းစွာဆိုသည်။
"ကျွန်တော်မမှားဘူး။"
သူ့စကားလုံးလေးလုံးကကျန်းဝေကိုစိတ်ပျက်လက်ပျက်ဖြစ်သွားစေသည်။
"မင်း---"
ရှုလင်ကျားကွေ့ဝိုက်မနေဘဲ ဗြောင်ကျကျပြောလိုက်သည်။
"ကျွန်တော်မှန်တယ်၊ ကျွန်တော်တားမြစ်နယ်မြေထဲကိုဖောက်မဝင်ခဲ့ဘူး။ ကျွန်တော်ဂိုဏ်းကထွက်သွားတာက ခင်ဗျားတို့တွေမျှမျှတတမလုပ်လို့ပဲ။ ခင်ဗျားအပြစ်တွေကိုဝန်မခံချင်မှတော့ ကျွန်တော့်ကိုမလိမ္မာဘူးလို့လာမပြောနဲ့။ လောကကြီးထဲမှာတရားမျှတမှုရှိတယ်၊ ဒီစကားလုံးနှစ်လုံးကဖိနှိပ်လို့ရနိုင်တဲ့အရာမဟုတ်ဘူး။"
သူပြောပြီးသော် မတ်တပ်ထရပ်ကာအေးစက်စက်ပြောလိုက်သည်။
"အစတုန်းကတော့ ကျွန်တော်ကလုံးဝအသုံးမဝင်တော့ ကျွန်တော်ဂိုဏ်းကထွက်လာတဲ့အချိန်မှာဘယ်သူမှမတားခဲ့ကြဘူး။ ပြီးတော့ကျွန်တော်ကခိုးထွက်လာခဲ့တာမဟုတ်ဘူး။ ကျွန်တော်ဂိုဏ်းကထွက်လာပြီးမှတော့ ပြန်လာဖို့မဖြစ်နိုင်ဘူး။ ကျွန်တော့်ကိုနှောင့်ယှက်နေမဲ့အစား ထူးချွန်တဲ့တပည့်ဂိုဏ်းသားတချို့ကိုလေကျင့်ပေးလိုက်တာပိုကောင်းမယ်!"
ဟယ်ဇီကျိုးကအစမှအဆုံးထိဘာမှမပြောပေ၊ သူဘာတွေးနေမှန်းမသိရ။
ရှုလင်ကျားပြောပြီးသွားသော် ကျန်းဝေမှာခေါင်းမူးသွားလောက်ပြီး အခန်းတစ်ခန်းလုံးတွင်အသက်ရှုသံကိုသာကြားနေရကာ မည်သူမျှပြန်မဖြေကြပေ။
ရှုလင်ကျားသူတို့နှစ်ဦးကိုဂါဝရပြုကာပြောလိုက်သည်။
"ကျွန်တော်သွားပြီ။"
ဒါကိုကြားလိုက်ရသော်ကျန်းရွေ့စိတ်သက်သာရာရသွားပေမဲ့ သူ့စိတ်အခြေအနေမှာအတော်လေးရှုပ်ထွေးနေပေသည်။
ရှုလင်ကျားကသူ့အတွက်အရေးကြီးသောအရာများကိုဂရုမစိုက်ဘဲထပ်ခါထပ်ခါတွန်းထုတ်နေလေသည်။ ကျန်းရွေ့မှာတစ်ခါတလေနားလည်ရခက်နေမိသည်၊ အကြောင်းမှာသူအကျိုးအမြတ်နည်းနည်းမျှရမည်မဟုတ်သောကြောင့်ပင်။
သိသိသာသာကို ၎င်းမှာခေါင်းငုံ့လိုက်ရုံနှင့်လိုချင်တာဘာမဆိုရနိုင်သောကိစ္စဖြစ်ပေမဲ့ ရှုလင်ကျားကအသေးအမွှားအရာများကိုအရေးစိုက်နေပုံမှာ တကယ့်ကိုသူတော်ကောင်းယောင်ဆောင်လွန်းလှသည်။
ဒါပေမဲ့ဒါကသူ့အတွက်အရမ်းကိုအကျိုးရှိသည်။
ထိုစဥ် ဟယ်ဇီကျိုးကမတ်တပ်ထရပ်ကာဆိုသည်။
"လင်ကျား၊ ခဏနေပါအုံး၊ ရှစ်စွင်းမင်းနဲ့စကားမပြောရတာတော်တော်ကြာပြီ။"
ကျန်းဝေကအပြစ်တင်ကာဆွဲဆောင်သော်လည်း ရှုလင်ကျားကမျက်နှာသာလုံးဝမပေးခဲ့ပေ။ သို့သော် ဒီတစ်ခေါက်ဟယ်ဇီကျိုး၏စကားများကသူ့ကိုရပ်တန့်သွားစေကာ သူအရှေ့ကိုဆက်မသွားနိုင်တော့ပေ။
ဆရာနှင့်တပည့်ကြားတွင် စကားကောင်းကောင်းပြောခဲ့သည်မှာတကယ့်ကိုကြာညောင်းခဲ့လေပြီ။
သူဒီနေ့ထွက်သွားလိုက်လို့ရှိရင် အနာဂတ်မှာသူကခြေဦးတည့်ရာသွားတော့မည်ဖြစ်ရာ သူ့တွင်အခွင့်အရေးမည်မျှရှိလာမည်မှန်းမသိပေ။
ဟယ်ဇီကျိုးပေါ်ကကပ်ဘေးအကြောင်း ကျန်းဖေးထုန်ပြောသည်ကိုရှုလင်ကျားသတိရသွားသည်။
ဟယ်ဇီကျိုးကနှုတ်ခမ်းတင်းတင်းစေ့လျက်မလှုပ်မရှားရပ်နေသည့်ရှုလင်ကျားထံလျှောက်လာသည်။
သူတံခါးနားရောက်ခါနီးတွင် ဟယ်ဇီကျိုးကအပြင်ကိုမျက်လုံးဝေ့ကြည့်လိုက်ရာ ကျန်းရွေ့မှာမမြင်နိုင်သောဖိအားကိုချက်ချင်းခံစားမိကာတောင့်ခဲသွားရပြီး သူ့အဆောင်ကိုခပ်မြန်မြန်ဖျက်ပစ်ကာ သူ့မန္တာန်ကိုအစိမ်းရောင်အငွေ့အဖြစ်ပြောင်းလဲစေလိုက်သည်။
ကံကောင်းစွာဖြင့် ထိုအချိန်တွင်ကျန်းဝေကဘေးမှဒေါသတကြီးပြောလာသည်။
"ကောင်းပြီ၊ မင်းတို့ဆရာတပည့်နှစ်ယောက်အတိတ်နေ့ရက်တွေအကြောင်းပြန်ပြောနေလိုက်ကြ၊ ငါတော့သွားပြီ!"
သူပြောကာထရပ်လိုက်ပေမဲ့ ရုတ်တရက်အားနည်းကာသူ့ခန္ဓာကိုယ်ယိမ်းထိုးသွားပြီး ကြမ်းပြင်ပေါ်လဲကျလုနီးပါးဖြစ်သွားသည်။
ရှုလင်ကျားတောင့်ခဲသွားပေမဲ့ လူအိုကြီးကိုဤမျှဒေါသထွက်အောင်လုပ်မိသွားမည်ဟုမထင်ထားပေရာ သူ့ကိုကူညီရန်မသိလိုက်မသိဘာသာလက်ဆန့်ပေးမိသည်။
ဟယ်ဇီကျိုးကသူ့ထက်လျှင်သည်၊ သူကအနောက်လှည့်ကာကျန်းဝေဘေးတွင်ပေါ်လာသည်။ သူကသူ့ကိုကူတွဲကာပြောလိုက်သည်။
"ကျန်းအကြီးအကဲ၊ ခင်ဗျားကအိုနေပြီ၊ ဒီတော့ဒေါသသိပ်ကြီးမနေနဲ့တော့။ ခင်ဗျားပင်ပန်းနေပြီဆိုတော့ ခင်ဗျားပြန်သွားနားဖို့ကျုပ်သူ့ကိုကူညီခိုင်းလိုက်မယ်။"
ဤသည်ကိုအခွင့်ကောင်းယူ၍ ကျန်းရွေ့၏မန္တာန်ပေါ်ရှိအစိမ်းရောင်အငွေ့မှာလည်းရှင်းလင်းစွာပျောက်ပြယ်သွားပေရာ ဟယ်ဇီကျိုးမှာမသိလိုက်ပေ။ သဘာဝကျကျပင် ကျန်းရွေ့ဟာလည်းသူတို့နှစ်ဦးကြားရှိနောက်စကားဝိုင်းကိုကြားနိုင်ခြင်းမရှိလေတော့။
သို့သော်မလိုအပ်တော့ပေ။
ရှုလင်ကျား၏နှာခေါင်းနှင့်မျက်ဝန်းတစ်စုံကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်လေ့ရှိသည့်လူတစ်ယောက်ဖြစ်သည့်ကျန်းဝေပင် သူ့ကိုဂိုဏ်းထံပြန်လာစေချင်နေသည်။ ရှုလင်ကျားကိုအမြဲချစ်မြတ်နိုးသည့်ဟယ်ဇီကျိုးမှာလည်းထိုသဘောထားရှိမည်မှာအဟုတ်ပင်။
အခြားတစ်ဖက်၌ ကျန်းရွေ့ကိုယ်၌ဟာထိုလူတို့၏မျက်လုံးထဲတွင်ဘယ်တုန်းကမျှအရေးပါသည့်အရာမဟုတ်ခဲ့ပေ။
ပုတီးစေ့ဝိညာဥ်ကအားရစွာဆိုသည်။
"ကြည့်၊ ငါဘာပြောခဲ့လဲ။ အခုမင်းကိုကျန်းဝေတန်ဖိုးထားတာမို့လို့ မင်းမလုပ်နိုင်ဖြစ်နေတုန်းပဲလား။"
ကျန်းရွေ့ငြိမ်သက်သွားကာ အေးတိအေးစက်ပြောလိုက်သည်။
"ကျွန်တော်သူ့ကိုမသတ်နိုင်တာမဟုတ်ဘူး။ ကျွန်တော့်အသိတရားပျက်စီးသွားမှာစိုးရိမ်နေရုံတင်။ အခုတော့ကျွန်တော်တကယ်အတွေးလွန်သွားတဲ့ပုံပဲ။ ပြီးတော့ ကျွန်တော်ခင်ဗျားပြောသမျှလုပ်ခဲ့တယ်မလား။"
သူဓားကိုကောက်ကာ ခြံဝန်းထံလျှောက်သွားလိုက်သည်။
"ပြင်းထန်တဲ့တိုက်ပွဲတွေလာဖို့ရှိနေသေးတော့ကျွန်တော်ကောင်းကောင်းလေ့ကျင့်ရမယ်။ အခုအဆိပ်ခတ်ပြီးသွားပြီဆိုတော့ ခင်ဗျားကျွန်တော့်ကိုခင်ဗျားခွန်အားနဲ့ကူညီပေးဖို့အကောင်းဆုံးလုပ်သင့်တယ်။"
ပုတီးစေ့ဝိညာဥ်ကရယ်မောကာပြောလာသည်။
"မင်းမှာဒီနှလုံးသားရှိနေသရွေ့ မင်းမလုပ်နိုင်တာဘာရှိသေးလို့လဲ။"
အခန်းထဲတွင်ဆရာနှင့်တပည့်နှစ်ယောက်သာကျန်တော့သည်။ ဟယ်ဇီကျိုးကရှုလင်ကျားထံလျှောက်လာကာဆိုသည်။
"မင်းအဲ့လိုပြန်ပြောလိုက်တာကကျန်းအကြီးအကဲကိုဒေါသထွက်သွားစေတယ်ဆိုတာမင်းသိတယ်မလား။"
ရှုလင်ကျားပြောလိုက်သည်။
"ရှစ်စွင်း၊ ကျွန်တော့်ကိုဘာလို့နေခိုင်းတာဘဲ။"
ဟယ်ဇီကျိုးကလက်မြှောက်လိုက်ရာ ရှုလင်ကျားမသိလိုက်မသိဘာသာဖြင့်ခေါင်းအသာစောင်းလိုက်မိပေမဲ့ မရှောင်လိုက်ပေ။ သို့သော်ဟယ်ဇီကျိုးကသူ့ကိုရိုက်ချင်တာမဟုတ်ဘဲ လက်လှမ်းကာသူ့ခေါင်းကိုထိလာသည်။
သူကသက်ပြင်းအသာချသည်။
"မင်းကမင်းရဲ့ရှစ်စွင်းနဲ့အရပ်တောင်တူနေပြီပဲ။ မင်းတောင်ထွတ်ပေါ်ပထမဆုံးတက်လာတုန်းက မင်းကမြေခွေးသေးသေးလေးဘဲရှိသေးတာ။"
ရှုလင်ကျားသည်မတိုင်ခင်ကအကြင်နာတရားကင်းမဲ့သည့်စိတ်သဘောထားကိုထိန်းသိမ်းချင်ကာ စိတ်ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ သူပြောမည့်နောက်စကားမှာ"ဘာမှပြောစရာမရှိရင်ကျွန်တော်သွားတော့မယ်။"ဖြစ်သည်။ သို့သော်ဟယ်ဇီကျိုး၏စကားများကိုကြားလိုက်ရသော် ထိုစကားများကသူ့နှုတ်ခမ်းထက်ရောက်လာပေမဲ့ သူပြောထွက်ဖို့ရာခဲယဥ်းနေပေသည်။
ဟယ်ဇီကျိုးကဆိုသည်။
"မင်းတောင်ပေါ်ကဆင်းသွားကတည်းက ရှစ်စွင်းအများကြီးတွေးပြီးသွားပြီ။ မင်းလွန်ခဲ့တဲ့နှစ်နှစ်တုန်းကဒဏ်ရာရပြီးတော့ နောက်ဆုတ်နေခဲ့ရတယ်။ မင်းကိုလျစ်လျူရှုထားပြီး ကျန်းရွေ့ကိုတောင်ပေါ်ခေါ်လာမိတဲ့သူကရှစ်စွင်းပါ၊ ရှစ်စွင်းမင်းကိုလုံလုံလောက်လောက်ဂရုမစိုက်ခဲ့မိဘူး။"
"မင်းထွက်သွားပြီးနောက်ပိုင်းမှာ ငါစဥ်းစားနေမိတယ်၊ မင်းပြန်လာလို့ရှိရင် ငါမင်းကိုတစ်ခုပြောချင်တယ်။ သူ့ကိုဂရုမစိုက်ဖို့မင်းကိုပြောရမလား၊ ရှစ်စွင်းကမင်းကိုမမေ့ပါဘူးလို့ပြောသင့်လားမသိဘူး။"
"ဒါပေမဲ့ မင်း၊ ဒီကလေး အပြင်ထွက်သွားပြီးမကြာခင်မှာဘဲ ပြန်လာဖို့တကယ်ကြီးငြင်းနေတယ်လေ..."
ဟယ်ဇီကျိုးကပြတင်းပေါက်ထံလျှောက်သွားကာတွန်းဖွင့်၍ အပြင်ကိုကြည့်ကာပြောလာသည်။
"ဒါကြောင့်မို့ ငါမင်းရဲ့ကလေးဘဝအကြောင်းအမြဲတွေးနေခဲ့မိတာ။ အဲ့ဒီ့အချိန်တုန်းက မင်းလူသားအသွင်ဘယ်လိုပြောင်းရမလဲမသိဘူး၊ မင်းရဲ့အမွှေးကိုသူများတွေထိပြီး မင်းကချစ်စရာကောင်းတယ်လို့အပြောမခံချင်တော့ ငါ့ခြံဝန်းထဲတွင်နေ့တိုင်းနေနေခဲ့တာမို့ ဘယ်သူမှဝင်မလာရဲကြဘူးလေ။ ရှစ်စွင်းပြန်လာတိုင်း မင်းကဇလပ်ပန်းပင်ဘေးကကျောက်ခြေနင်းတုံးပေါ်မှာထိုင်ပြီး ရှစ်စွင်းကိုစောင့်နေခဲ့တာ။"
ရှုလင်ကျားလည်းဒါကိုမှတ်မိသည်၊ သူဟာတစ်နေရာတည်းတွင်နေရသည်ကိုပျင်းရိလေ့ရှိသောကြောင့်ပင်။ သို့သော်ဟယ်ဇီကျိုးပြန်လာတိုင်း သူကသူ့ကိုစိတ်ဝင်စားစရာကောင်းသည့်နေရာများထံခေါ်သွားလိမ့်မည်၊ သူ့ကိုအပျင်းပြေအောင်မန္တာန်သေးသေးလေးများလုပ်ပြလိမ့်မည်ဖြစ်ရာ ရှုလင်ကျားအားမျှော်လင့်စောင့်စားစေခဲ့သည်။ ထို့ကြောင့်ဟယ်ဇီကျိုးအပြင်ထွက်သွားတိုင်း သူကအချိန်ကိုရေတွက်ကာ တံခါးဆီသို့သွားရာကျောက်တုံးများပေါ်တွင်စောင့်နေလိမ့်မည်ဖြစ်ပြီး ဟယ်ဇီကျိုးကဖက်လာလိမ့်မည်ပင်။ မြေခွေးလေးတစ်ကောင်အတွက် ၎င်းဟာလည်းနေ့တစ်နေ့၏အပျော်ရွှင်ဆုံးအချိန်ဖြစ်ခဲ့သည်။
ထိုခံစားချက်များမှာတစ်နေ့ပြီးတစ်နေ့စုစည်းလာကာ တစ်နေ့ပြီးတစ်နေ့ပိုမိုများပြားလာခဲ့သည်။
ရှုလင်ကျားပင့်သက်ရှိုက်ကာပြောမိသည်။
"ရှစ်စွင်း၊ ရှစ်စွင်းအခုပြောနေတာတွေက.....အတိတ်မှာကျန်ခဲ့ပြီလေ။"
ဟယ်ဇီကျိုးကဆိုသည်။
"တကယ့်ကိုအတိတ်ကဟာတွေပဲ။ ရှစ်စွင်းမှာသူများတွေကိုပြောပြဖို့အခွင့်အရေးမရှိခဲ့ဘူး။ လင်ရှောင်းဂိုဏ်းမှာတပည့်ဂိုဏ်းသားတွေအများကြီးရှိပေမဲ့ မင်းကခေါင်းအမာဆုံး၊ အာဃာတတရားတွေကိုလည်းဆုပ်ကိုင်ထားတုန်းပဲ။ မင်းကျန်းရွေ့ကိုအရမ်းဂရုစိုက်တာပဲလား။"
ရှုလင်ကျားမှာအစကမျက်လွှာချထားကာ ယခုချိန်ထိဟယ်ဇီကျိုးနှင့်မျက်လုံးချင်းမဆုံသေးပေ၊ သူရုတ်ခြည်းမျက်လုံးပင့်ကာသူ့ကိုကြည့်၍ပြောလိုက်သည်။
"ရှစ်စွင်းကသူ့ကိုဂရုစိုက်နေတာမဟုတ်ဘူးလား။ ရှစ်စွင်းဂရုမစိုက်ဘူးဆိုရင် ရှစ်စွင်းသူ့ကိုတပည့်အဖြစ်လက်ခံပြီးတော့ ဖြစ်နိုင်သမျှနည်းလမ်းစုံသုံးပြီးသူ့ကိုဘာလို့ကာကွယ်ပေးနေတဲ့ရည်ရွယ်ချက်ကဘာလဲ။"
ဟယ်ဇီကျိုးကဖြည်းညှင်းစွာမျက်ခုံးပင့်ကာပြောလာသည်။
"မင်းဘာလို့မေးတာလဲ။"
သူ၏လေသံကားအနည်းငယ်မည်းမှောင်လျက်ရှိပြီး သူနှင့်ရှုလင်ကျားအတိတ်အကြောင်းပြန်ပြောတုန်းကလေသံနှင့်မသိမသာကွာခြားနေပေသည်။
ထိုအစားရှုလင်ကျားပြုံးလိုက်သည်။
"တကယ်တော့ ကျွန်တော်ဒဏ်ရာရထားတဲ့အချိန်တုန်းကကျွန်တော်မူးဝေနေရုံပဲ၊ ပြင်ပလောကကလှုပ်ရှားမှုတွေကိုအာရုံမခံနိုင်တာမဟုတ်ဘူး။ ကျန်းရွေ့ပထမဆုံးရောက်လာတုန်းက ရှစ်စွင်းလာစစ်ဆေးတာကိုကျွန်တော်ဝိုးတိုးဝါးတားခံစားမိခဲ့တယ်။ ကျွန်တော့်ဒဏ်ရာအကြောင်းဖုန့်ဝမ်ကိုတစ်ခါပြောပြဖူးပေမဲ့ ကျန်းရွေ့ဟာရှားပါးတဲ့ကံကောင်းခြင်းသားတော်တစ်ပါးဖြစ်ပြီးတော့ သူသာဂရုတစိုက်ကျင့်ကြံလို့ရှိရင် သူကပြီးပြည့်စုံတဲ့ကံကြမ္မာကိုအောင်နိုင်နိုင်တယ်လို့ပြောလာတယ်။ ကျွန်တော်ကြားခဲ့တာမှန်တယ်မလား။"
ဟယ်ဇီကျိုးကဆိုသည်။
"ဟုတ်တယ်၊ အဲ့တော့ဘာဖြစ်လဲ။"
ရှုလင်ကျားမျက်စိမှိတ်လိုက်သည်။
"ဟုတ်သား၊ အဲ့တော့ဘာဖြစ်လဲ။ ကျွန်တော်အဲ့ဒီ့အချိန်တုန်းကအများကြီးမတွေးခဲ့ပေမဲ့ ရှစ်စွင်းရဲ့လုပ်ရပ်တွေကကျွန်တော့်ကိုအဲ့အကြောင်းတွေးမိသွားစေတယ်။"
"ရှစ်စွင်းကသူ့ကိုအလိုလိုက်ပြီးတော့ မထူးခြားမခြားနားဆက်ဆံတယ်၊ ဂရုစိုက်တယ်ဆိုပေမဲ့စိတ်မပူဘူး။ ရှစ်စွင်းကသူ့အတွက်တကယ်စဥ်းစားပေးလို့ရှိရင် ကျွန်တော့်ကိုပြန်မလာခိုင်းသင့်ဘူးလေ။ ရှစ်စွင်း...ကျွန်တော်ကြားတာက ရှစ်စွင်းမှာကပ်ဘေးတစ်ခုရှိနေတယ်ဆို? ဒါဆို ရှစ်စွင်းအဲ့ဒီကပ်ဘေးကိုဘယ်လိုဖြေရှင်းချင်တာလဲ။"
ဟယ်ဇီကျိုးကပြောလာသည်။
"မင်းဘယ်သူ့ဆီကကြားလာတာလဲ။"
ရှုလင်ကျားခေါင်းအသာခါလိုက်ပေမဲ့အဖြေမပေးပေ။
ဟယ်ဇီကျိုးကပြုံးကာဆိုသည်။
"မင်းပြောလို့မပြီးသေးဘဲနဲ့ ဘာလို့ဆက်မပြောရဲရတာလဲ။ မင်းငါ့ကိုမေးချင်တာလား၊ ငါကဒီကပ်ဘေးကိုကာကွယ်ဖို့ ကျန်းရွေ့ကိုအသုံးချချင်နေတာလားလို့လေ? ဒါဖြင့် ရှစ်စွင်းမင်းကိုပြောပြမယ်၊ မင်းမှန်တယ်။"
ရှုလင်ကျားထိတ်လန့်အံ့သြသွားမိသည်။
ဟယ်ဇီကျိုးကပြောလာသည်။
"ဒီကပ်ဘေးကြောင့် လင်ရှောင်းဂိုဏ်းကငါ့လက်ထဲမှာသေချာပေါက်ပျက်စီးသွားလိမ့်မယ်ဆိုတဲ့ဟောချက်တစ်ခုရထားတယ်၊ ကြီးမြတ်တဲ့ပြီးပြည့်စုံမှုကသာ မိစ္ဆာကိုကံကောင်းမှုအဖြစ်ပြောင်းလဲပြီးတော့ ဒီကပ်ဘေးကိုဖယ်ရှားပေးနိုင်တယ်။ အဲ့ဒါကဘာမှမဟုတ်လို့မင်းကိုမပြောပြခဲ့တာ။ မင်းသိချင်လို့ရှိရင် ရှစ်စွင်းကိုတည့်တိုးမေးလို့ရတယ်။"
ကျန်းရွေ့၏ကံတရားမှာသိသိသာသာကိုသူပိုင်ဆိုင်ခြင်းပင်။
ရှုလင်ကျားပြောမိသည်။
"ကျွန်တော်ကကြီးမြတ်တဲ့ပြီးပြည့်စုံမှုမဟုတ်ဘူးလား။"
ဟယ်ဇီကျိုးကအနည်းငယ်အံ့သြသွားကာ သူ့ကိုတစ်ချက်စိုက်ကြည့်၍ပြောလာသည်။
"မဟုတ်ဘူး။ မင်းကကံကောင်းမှုနဲ့မွေးဖွားလာခဲ့ပေမဲ့ မင်းရဲ့ဘဝလမ်းကြောင်းကအလယ်မှာပျက်စီးသွားတော့ မပြီးပြည့်စုံတော့ဘူး။"
ရှုလင်ကျားတကယ့်ကိုအထင်မှားနေခဲ့သည်ပင်။ သူသည်အစကဟယ်ဇီကျိုးဟာသူ့ကိုဂိုဏ်းထံပြန်ခေါ်ကာ ဒီကပ်ဘေးကိုဟန့်တားရန်သူ့ကိုအသုံးချချင်သည်ဟုထင်ခဲ့မိပေမဲ့ ကျန်းရွေ့ကသူ့ကံကြမ္မာကိုလွှဲယူသွားကာ သူ့နေရာတွင်အစားထိုးခံလိုက်ရသည်ကိုတွေ့ရှိသွားသည်။
သူရဲဆေးတင်ကာထိုစကားများကိုပြောလိုက်ပေမဲ့ ဟယ်ဇီကျိုး၏အဖြေကရှုလင်ကျားထင်ထားသည်နှင့်မတူပေ။ သို့သော်၎င်းကသူ့ကိုအံ့အားသင့်စေလေရာ သူတစ်အောင့်မျှနှုတ်ဆိတ်နေမိသည်။
ဟယ်ဇီကျိုးပြောတာအမှန်ဆိုရင် ကျန်းရွေ့ကသူ့ကံကောင်းမှုကိုရရှိခြင်းအားဖြင့် နောက်ဆုံးတွင်ဂိုဏ်းကိုကယ်တင်နိုင်မှာလား။
ယခုသူကသူပိုင်ဆိုင်သည့်ကံကောင်းမှုကိုပြန်ယူချင်နေပေရာ သူကဂိုဏ်းကိုကမောက်ကမဖြစ်ကာ ရှစ်စွင်းကိုအန္တရာယ်ဖြစ်သွားစေမှာလား။
ဘယ်လိုလုပ်ရမလဲ။ သူပြန်ယူထားတဲ့အဓိကဇာတ်ဆောင်ရောင်ဝါကိုကျန်းရွေ့ဆီပြန်ပေးရမှာလား။
[ကျေးဇူးပြုပြီး သတိရှိရှိနေပေးပါ! ကျန်းရွေ့မှာအဓိကဇာတ်ဆောင်ရောင်ဝါရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူဟာကံကောင်းခြင်းသားတော်အတုအယောင်ဖြစ်တာမို့ အဆုံးသတ်မှာဂိုဏ်းကိုကယ်တင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးနော်!]
ရှုလင်ကျားအသိဝင်သွားကာ စနစ်ကိုပြောလိုက်သည်။
"မင်းထိတ်လန့်စရာမလိုပါဘူး၊ ငါရှစ်စွင်းပြောသမျှအရာတိုင်းကိုမယုံပါဘူး။"
Advertisement
- In Serial9 Chapters
HIGH CLASS BOY... CAUSES PROBLEMS IN HIGH SCHOOL
Takashi kenji is an upper-class noble student who due to a series of bad events that occurred the previous year ... was punished and sent by his father to a less prestigious school ... And this is where all the problems will multiply for him.
8 173 - In Serial582 Chapters
Wang Zen: Curse of Silver Eyes
An unconventional Wuxia story where the protogonist is not exceptionally talented or lucky. Wang Zen thought the biggest thing that would happen to him was being sent away from home by his cold and distant father but soon finds that more adventures await on his journey to be a stronger cultivator. For in this world, only the strong thrive and he has a lot of catching up to do. [Winner of the Royal Road Writathon challenge]
8 178 - In Serial12 Chapters
Successfully Demon Lord
Do you ever wonder, what is the next step for a demon lord after he conquers the world?Conquer another one, of course, the bigger one.Zaiden, a man from earth, died and reincarnated to a fantasy world and became the demon king, when he finally came back to earth he got transported to another fantasy world by God.This is the story of a demon lord that successfully conquer the world and ready for the next one.(This is my first fiction, so if you find anything wrong, please tell me so I can correct my self. Oh and I'm not a native English speaker so if I make a mistake, I'm truly sorry)
8 202 - In Serial12 Chapters
"I Love You" (Franky x Reader)
So your and Franky's love story. How does it all start and how does it end, or does it?I DON'T OWN ANY OF THE CHARACTERS THAT ARE FROM ONE PIECE!!!They all belong to the amazing author, Eiichiro Oda!
8 68 - In Serial5 Chapters
Persona 6 Ideas By Silver~Chan
This is My Ideas to Persona 6 In Book Form, I Did make a Video on it on my YouTube. hope you enjoy! ❤
8 191 - In Serial14 Chapters
Date A Live: Prelude
As humanity peaks amidst a technological boom, old hatreds and conflicts are still present, ready to sow seeds of calamity. A group of four friends is caught in the crossfire and suffers the consequences. Meanwhile, an extraordinary being finds herself on new land. Exploring the unfamilliar world around her, she has to come to terms with all the ugly and wonderful things she encounters.Will the world reject or accept her for who she is? A non-canon fanfiction story telling the tale of what happened before the main story of Date A Live (DAL).I do not own the Date A Live trademark or light novels by Kōshi Tachibana.
8 179

