《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၄၃] ကျဲ့ယွီချယ်ရီ|က်ဲ့ယြီခ်ယ္ရီ
Advertisement
!uncode!
နောက်ပွဲစဥ်မှာကြိုးစားကြည့်ချင်သည့်တစ်စုံတစ်ယောက်ရှိသေးပေရာ သူ့အနားရှိလူများမှာနောက်ဆုံးတွင်လူစုခွဲသွားကြပြီး ရှုလင်ကျားမှာလူအုပ်ထဲမှထွက်နိုင်သွားကာ သူ့ထိုင်ခုံထံပြန်လာခဲ့သည်။
ကျင်းဖေးထုန်ကအချိန်အကြာကြီးကြည့်နေခဲ့ခြင်းပင်။ ဤတစ်ကြိမ်၌မူ သူကမတ်တပ်ထရပ်ကာ လက်မောင်းတစ်ဖက်မြှောက်၍ ရှုလင်ကျားကိုလှမ်းဖက်လိုက်သည်။ နှစ်ယောက်သားပုခုံးချင်းတိုက်သွားသည်။ ကျင်းဖေးထုန်ကသူ့ကျောပြင်ကိုပုတ်ကာပြောလာသည်။
"မင်းနိုင်သွားပြီပဲ၊ ဂုဏ်ပြုပါတယ်ကွာ။"
သူကရှုလင်ကျားကိုခပ်မြန်မြန်လွှတ်ပေးကာပြုံးပြလာသည်။
"အရမ်းကောင်းတယ်။"
ရှုလင်ကျားသည်ကျင်ဖေးထုန်ကိုကြည့်လိုက်မိ၏။ ယခုအချိန်မတိုင်ခင်အထိ သူ့ရင်ထဲကအားနည်းချက်မှာတပည့်ဂိုဏ်းသားများကြောင့်ဖြစ်ပေါ်လာသောပျော်ရွှင်မှုကြောင့်ရုတ်တရက်အဝေးလွင့်ပြယ်သွားသယောင်။
တစ်ဖက်လူ၏ပျော်ရွှင်မှုက ရှုလင်ကျားအားထိုအကြောင်းတွေးမိကာ ၎င်းကတကယ့်ကိုကောင်းမွန်သည်ဟုခံစားသွားရစေသည်။
သူသည်ဂိုဏ်းမှထွက်လာခဲ့ပြီး နာကျည်းမှု၊ မွန်းကြပ်မှုနှင့်တရားမမျှတမှုတို့ကြောင့်မနစ်မွန်းသွားခဲ့ပေ။ ရှုလင်ကျားသည်တစ်ရက်ပြီးတစ်ရက်သူ့ကိုယ်သူအရှုံးပေးကာ မကောင်းသောစိတ်ခံစားချက်များရှိသည့်စိတ်ညစ်နေသောလူတစ်ယောက်မဖြစ်လာချင်ပေ။
သို့သော် ၎င်းဟာ သူတောင်ထွတ်ပေါ်ကဆင်းလာသည်နှင့် လင်ရှောင်းဂိုဏ်းအတွက်သူ၏ခံစားချက်များအားလုံးပျောက်ဆုံးသွားသည်ဟုမဆိုလို။
ယခင်ကတွေ့ကြုံခဲ့ရသည့်ပျော်ရွှင်မှုနှင့်နွေးထွေးမှုတို့မှာအတုအယောင်မဟုတ်ပေ။ သူတစ်ချိန်ကကြီးပျင်းလာခဲ့သည့်နေရာဟာသူ့ကိုအရိပ်အာဝါသပေးခဲ့ပေရာ ၎င်းလိုအပ်ချိန်တွင် ဤနေရာကိုကာကွယ်ရန်သူ့မှာအစွမ်းအစရှိနေသေးသည်မို့ သူလည်းပဲပျော်ရွှင်ဝမ်းမြောက်မိသည်။
ထို့အပြင်အတိတ်တုန်းကရရှိခဲ့သည့်ဒဏ်ရာနှင့်အမာရွတ်တို့ဟာတဖြည်းဖြည်းချင်းသက်သာလာသည်၊ သူ၏ကျင့်စဥ်အခြေတည်ဆောက်ပုံပျက်စီးသွားခဲ့သည့်နာကျင်မှုမှ ဓားကိုတစ်ဖန်ပြန်ကိုင်လိုက်ချိန်တွင်ဖြစ်ပေါ်လာသည့်ဇဝေဇဝါဖြစ်မှုဆီသို့၊ နောက်ဆုံးတွင်ကိုယ့်လမ်းကိုယ်ရှာဖွေရန်...
ကပ်ဘေးအပြီးတွင် သူဟာဓားကိုပြန်ကိုင်ပြီးသူရဲကောင်းတစ်ယောက်ဖြစ်လာရမည်။
လင်းယွဲ့ကိုအနိုင်ရပြီးနောက် အဓိကဇာတ်ဆောင်၅ရာခိုင်နှုန်းဟာသူ့ထံချက်ချင်းပြန်ရောက်လာပေသည်။ ဤအချိန်၌ သူ့အခြေအနေတိုးတက်လာသည်ကို ရှုလင်ကျားတကယ်ခံစားလို့ရသည်။
သူလည်းပဲပြုံးကာဖြင့် ကျင်းဖေးထုန်၏ပုခုံးကိုပုတ်ကာပြောမိသည်။
"ခင်ဗျားအသန့်ကြိုက်တယ်မလား။ ကျွန်တော်ညစ်ပတ်နေတာကိုသဘောမကျမဖြစ်ဘူးလား။"
ကျင်းဖေးထုန်ကြောင်အမ်းသွားရကာ ထို့နောက်ရယ်မောလိုက်မိပြီး ရေတစ်ခွက်ငှဲ့ကာရှုလင်ကျားကိုကမ်းပေးလိုက်ပြီး အသံနိမ့်ဖြင့်ပြောလိုက်သည်။
"မမှန်ဘူး။ ကိုယ်မင်းကိုပထမဆုံးမြင်လိုက်ရတုန်းက ကိုယ့်မှာမျက်ကန်းဖြစ်ပြီးတော့ ရှုသခင်လေးကိုလေပေါ်မြှောက်ထားရဲခဲ့တာ၊ တကယ့်ကိုမသင့်မလျော်ဖြစ်သွားခဲ့တာပဲ။"
ထိုအချိန်တုန်းကသူတို့နှစ်ဦးတွေ့ဆုံခဲ့သည့်ဖြစ်ရပ်ကိုသူသတိရသွားပေမဲ့ ဤတစ်ကြိမ်မှာတော့ သူ့စိတ်အခြေအနေကိုအလွန်ကွဲပြားလျက်ရှိပြီး သူ့နှလုံးသားထဲတွင်ခံစားချက်များရှိနေလေပြီ။ သူ့စိတ်ထဲတွင်သက်ပြင်းချကာအပြုံးတစ်ပွင့်ဖြင့်ပြောမိသည်။
"အနာဂတ်မှာဘယ်တော့မှဒီလိုဖြစ်မှာမဟုတ်တော့ဘူး၊ ကိုယ်လည်းရှုသခင်လေးကိုဖိတ်ခေါ်ချင်ပါတယ်။ ဒီတစ်ခေါက်တော့ကိုယ့်ကိုခွင့်လွှတ်ပေးပါကွာ။"
ရှုလင်ကျားမနေနိုင်ဘဲရယ်မောမိပြီး ခွက်ကိုယူကာဘဝင်မြင့်သောမျက်နှာထားဖြင့်ပြောလိုက်သည်။
"ထားလိုက်တော့၊ ခင်ဗျားပြောသလိုပဲ နောက်တစ်ခါထပ်မလုပ်နဲ့။"
ကျင်းဖေးထုန်ကသူဟာမြေခွေးလေးဖြစ်ကြောင်းမသိသေးပေ။ သူဟာလေထဲမြှောက်ထားရုံတင်သာမက အစကတည်းကသူ့ကိုနှစ်ကြိမ်တိုင်တိုင်လေထဲမြှောက်ထားခဲ့သည်ပင်။
သူဟာမြေခွေးလေးမှန်းသိသွားပြီးနောက်မှာ ဖြစ်သွားမည့်ကျင်းဖေးထုန်၏မျက်နှာထားကို ရှုလင်ကျားရုတ်တရက်မြင်ချင်သွားသည်။
သူသည်သန့်စင်မန္တာန်ကိုသုံးလိုက်ရာ သူ့ခန္ဓာကိုယ်ကတစ်ဖန်ပြန်လည်သန့်ရှင်းသွား၏။ သူကရေတစ်ငုံသောက်ကာ ခဏထိုင်နားလိုက်မိပြီး အကြည့်တစ်စုံသူ့ပေါ်ကျရောက်နေသည့်အလားခံစားလိုက်ရသည်။
ရှုလင်ကျားမော့ကြည့်လိုက်ရာ ကျန်းရွေ့ကသူ့ထံလျှောက်လာရင်း သူ့ကိုပြုံးပြနေသည်ကိုမြင်လိုက်ရသည်။
"ရှုရှစ်ရှုန်းဗျ၊ ကျွန်တော်လည်းတတိယမြောက်ပွဲစဥ်ကိုဝင်ပြိုင်မှာနော်။"
သူကယဥ်ကျေးစွာဆိုသည်။
"ပွဲစဥ်တွေအများကြီးကျန်သေးတယ်။ အဆုံးမှာကျွန်တော်တို့တွေကံကောင်းလို့နိုင်သွားခဲ့ရင်တောင် ကျွန်တော်နဲ့အစ်ကို့ကြားမှာပြိုင်ပွဲတစ်ခုရှိလာမှာပဲ။ ကျွန်တော်စောင့်မျှော်နေပါမယ်။"
သူစကားပြောပြီးသော် ရှုလင်ကျားကိုခပ်သုတ်သုတ်ဦးညွှတ်ကာ ပြိုင်ပွဲကွင်းပြင်မှထွက်သွားသည်။
ရှုလင်ကျားမျက်ခုံးပင့်လိုက်မိသည်။
အမှန်ပင်၊ သူနှင့်ကျန်းရွေ့ကြားမှာပြိုင်ပွဲတစ်ခုရှိကိုရှိလိမ့်မည်ပင်၊ ထိုပြိုင်ပွဲအနည်းငယ်ကိုမြင်ရပြီးနောက်မှာ ကျန်းရွေ့ကကျင့်ကြံရေးလောကထဲကိုအလွန်လျင်မြန်စွာဝင်ရောက်လာပြီး သူ့ခွန်အားတချို့ကိုပင်ဝှက်ထားသည်မှာသိသာလှသည်။
သူကလင်းယွဲ့ထက်ပို၍ဆွဲဆောင်မှုရှိသည်။ အဘယ်ကြောင့်ဆိုသော် လင်းယွဲ့၏အကြင်နာတရားကင်းမဲ့မှုကအလင်းဘက်တွင်ရှိနေပြီး သူ၏သိုင်းပညာဟာလည်းသူ့ဘာသာသူနည်းနည်းချင်းစီလေ့လာသင်ယူခဲ့ပေမဲ့ သူဟာလမ်းမှားရောက်သွားခဲ့သောကြောင့်ပင်။ သို့သော် ကျန်းရွေ့၏ကောက်ကျစ်စဥ်းလဲမှုနှင့်ဝှက်ဖဲတို့မှာမသိရသေးပေ။
ယခုအချိန်ထိတိုင်အောင် သူ၏ကံကောင်းမှုဟာတစ်ဖက်လူထံဘာကြောင့်ရောက်သွားလဲ ရှုလင်ကျားအဖြေမသိရသေးပေ။ သို့ပေမဲ့ ၎င်းဟာသူနှင့်ကျန်းရွေ့ကြားရှိ ပထမဆုံးအနေနှင့်မျှတကာတရားဝင်ရင်ဆိုင်ခြင်းဖြစ်လိမ့်မည်။ ဖြစ်နိုင်တာက ဒီပြိုင်ပွဲအပြီးမှာ အရာအားလုံးမြင်နိုင်ရလောက်သည်။
ဒီတော့ သူလည်းပဲစောင့်မျှော်နေမိသည်ပင်။
ရှုလင်ကျားနှင့်ကျန်းရွေ့တို့စကားပြောနေချိန်တွင် ကျင်းဖေးထုန်ကသူ့ဘေးတွင်နားထောင်နေရင်း ကျန်းရွေ့ကိုအပြုံးတဝက်ဖြင့်ကြည့်နေခဲ့ပြီး တစ်ဖက်လူထွက်သွားသော် သူပြောမိသည်။
"မင်းရဲ့ရှစ်တိကသိပ်ကိုထူးဆန်းတယ်လို့ ကိုယ်ထင်တယ်။"
ရှုလင်ကျား၏နှလုံးသားမသိမသာလှုပ်ခတ်သွားရကာမေးလိုက်မိသည်။
"ခင်ဗျားဘာမြင်လို့လဲ။"
"ထူးထူးခြားခြားတော့မဟုတ်ပါဘူး၊ ဒါပေမဲ့ဒီလူကလုံးဝကိုဆန့်ကျင်ဘက်ပဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"သူ့ကိုကြည့်လိုက်၊ သူကဉာဏ်ကောင်းပြီးတုံးအတယ်၊ သူရဲဘောကြောင်ပြီးတော့ဂုဏ်မောက်တယ်၊ သူ့မှာစိတ်ဝိညာဥ်စွမ်းအားမရှိပေမဲ့သူကတော်တော်လေးပါရမီရှိတယ်။ ဒါပေမဲ့ သူ့လက်ထဲမှာရတနာတွေအများကြီးရှိနေပေမဲ့ ဘယ်လိုသုံးရမလဲသိပုံမပေါ်ဘူး၊ ဘုရင့်တံဆိပ်တုံးကိုခိုးခဲ့တဲ့လယ်သမားလိုပဲ။ ဒါပေမဲ့ဟိုးအတွင်းစိတ်ထဲထိဝင်ကြည့်ဖို့တော့ခက်တယ်။"
ရှုလင်ကျားမှာတစ်အောင့်မျှဆွံ့အသွားရပြီး ကျင်းဖေးထုန်ဟာနှစ်ပေါင်းများစွာကြာအောင်မြင့်မားသောရာထူးနှင့်ထိုက်တန်သည်ဟုတွေးမိသည်။ သူဟာငယ်စဥ်ကတည်းက ပီလော့နန်းတော်ခန့်အပ်ခြင်းခံထားရသည့်နန်းတော်အရှင်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်ဟုဆိုသည်။ ဤလူ၏နူးညံ့သောအတွေးနှင့်ရက်စက်သောမျက်ဝန်းတစ်စုံမှာလုံးဝကိုမယုံကြည်နိုင်စရာကောင်းလှသည်၊ တစ်ဖက်လူကိုဤသို့အကဲဖြတ်နိုင်သည့်လူမျိုးကိုသူမမြင်ဖူးခဲ့ပေ။
"ဒါပေမဲ့..."ကျင်းဖေးထုန်ကစကားပြောင်းလိုက်သည်။
"သူကဒီရက်တွေမှာပြိုင်ပွဲတိုင်းကိုလျင်လျင်မြန်မြန်နဲ့အနိုင်ယူလာခဲ့တာ။ သူကမှော်အတတ်သုံးနေတာလား၊ ကျွမ်းကျင်သူတစ်ယောက်ယောက်သင်ကြားပြသပေးနေသလားတော့မသိပေမဲ့ သူ့ကိုအထင်သွားသေးလို့တော့မရဘူး။ ကိုယ်မင်းရဲ့ခွန်အားနဲ့ပတ်သတ်ပြီးစိတ်မပူပေမဲ့ မင်းဒါကိုတော့ဂရုစိုက်ရမယ်နော်။"
ရှုလင်ကျားပြုံးကာပြောလိုက်သည်။
"ကျွန်တော်သိပါပြီ၊ အဆင်ပြေပါတယ်။"
သူကကျင်းဖေးထုန်ကိုလက်ညှိုးထိုးကာ သူ့အနားတိုးကပ်သွားလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"ကျွန်တော်ခင်ဗျားကိုပြောချင်တာရှိတယ်။ တကယ်လို့လင်းယွဲ့ရဲ့အားနည်းချက်က သူ့ရဲ့ဓားနှလုံးသားထဲမှာရှိနေတာဆိုရင် ကျန်းရွေ့ရဲ့အကြီးမားဆုံးအားနည်းချက်က သေရမှာကြောက်တာပဲ။ ဘာပဲဖြစ်နေပါစေ သူ့ရဲ့ပထမဆုံးအတွေးကသူ့ကိုယ်သူကာကွယ်ဖို့ပဲ၊ ဆိုတော့တကယ့်ကိုသေစေနိုင်လောက်တယ်။"
ရှုလင်ကျားကကျင်းဖေးထုန်ထက်မသိမသာပုသည်မို့ သူတို့နှစ်ဦးထိုကဲ့သို့ဘေးချင်းယှဥ်ထိုင်လျက်သားဖြင့် ကျင်းဖေးထုန်၏နားနားတိုးတိုးလေးပြောလာသော် သူ့ဝင်လေထွက်လေကကျင်းဖေးထုန်၏နားရွက်ကိုအသာရိုက်ခတ်သွားသည်။
ကျင်းဖေးထုန်ကမျက်လွှာချထားရာ သူမြင်နိုင်သောအရာမှာ သူ့နှာတံအောက်ကနေရာပင်ဖြစ်သည်။
ရှုလင်ကျားတွင်ထူးကဲသောမျက်နှာအသွင်အပြင်ရှိရုံတင်သာမက မျက်နှာကောက်ကြောင်းမှာလည်းအလွန့်အလွန်သာလွန်ပုံမှာ စုတ်တံနှင့်ဆွဲထားသည့်အလား လူတွေအားသူ့ကိုကြည့်ရုံမျှဖြင့်မိန်းမောသွားစေကာ မနေနိုင်ဘဲထပ်ကြည့်မိအောင်လုပ်နေပေသည်။
သူ့နှုတ်ခမ်းတစ်စုံမှာအနည်းငယ်ပါးလျကာ ဆေးခြယ်ဖို့မလိုပါဘဲ အနီရင့်ရောင်ဖြစ်နေသည်။ ၎င်းတို့ဟာသူ၏အသားအရည်ထက်တွင်အလွန်တောက်ပနေသယောင်။ သူ့နှုတ်ခမ်းထောင့်များမှာပင်ကိုယ်အားဖြင့်မသိမသာအပေါ်ကော့တက်နေပေရာ သဘာဝအရအပြုံးသေးသေးလေးတစ်ပွင့်ဖြစ်နေစေသည်။ ထိုမေးစေ့သေးသေးလေးမှာလည်းအပြစ်အနာအဆာကင်းကာ အသားအရည်မှာချောမွတ်ပြီးသလင်းကျောက်ပမာကြည်လင်ရှင်းသန့်လျက် ရိုးရိုးလေးလှနေပေသည်။
ရှုလင်ကျားကပြောနေရင်း သူ့ဘေးကခွက်ကိုကောက်မကာရေတစ်ငုံသောက်လိုက်ရာ သူ့နှုတ်ခမ်းကိုစိုစွတ်သွားစေသည်။
ကျင်းဖေးထုန်မှာသူပြောသည်ကိုသေချာမကြားရပေမဲ့ အကြည့်လည်းမလွှဲနိုင်ပေ။
အကြောင်းပြချက်တချို့ကြောင့် သူ့စိတ်ထဲတွင်ပုံရိပ်တစ်ခုရုတ်တရက်ပေါ်လာသည်။ ၎င်းဟာလည်းနွေရာသီနေ့တစ်ရက်ဖြစ်ပုံရသည်။ သူဟာခြံဝန်းထဲရှိသစ်ပင်၏အရိပ်အောက်တွင်နောက်လူတစ်ယောက်နှင့်အတူထိုင်လျက် အနားယူကာဖြင့်ချယ်ရီသီးများစားနေခဲ့သည်။
စားပွဲအလယ်တွင်ပန်းကန်ပြားတစ်ချပ်သာရှိပြီး သူတို့နှစ်ဦးကတစ်ဖက်တစ်ချက်ရှိကျောက်ထိုင်ခုံပေါ်တွင်ထိုင်ကာ စကားစမြည်ပြောနေကြပြီး ချယ်ရီသီးတစ်လုံးပြီးတစ်လုံးယူစားနေကြသည်။
တစ်လုံးသာကျန်တော့သည်ကိုမြင်လိုက်ရသော် သူကူကယ်ရာမဲ့စွာပြုံးမိပြီး လက်ဆန့်ရာတွင်တမင်သက်သက်နှေးချလိုက်သည်။ အခြားတစ်ဖက်ရှိကောင်လေးကနောက်ဆုံးတစ်လုံးကိုအောင်အောင်မြင်မြင်ယူသွားကာ ပါးစပ်ထဲပစ်ထည့်လိုက်သည်။
သူကချယ်ရီသီးကိုကိုက်ချကာ ဂုဏ်ယူစွာခေါင်းလှည့်လာပြီး သူ့ကိုတည့်တည့်မတ်မတ်ပြုံးပြလာရာ နှုတ်ခမ်းနှင့်သွားများပေါ်တွင်ပန်းရောင်အရည်များစွဲကပ်နေပုံမှာ ၎င်းမှာလည်းနူးညံ့သောရနံ့ရှိနေသည့်အလား။
ကျင်းဖေးထုန်ဟာလည်းအပြုံးတစ်ပွင့်ဖြင့်မတ်တပ်ထရပ်ကာ သူ့ထံလျှောက်သွားလိုက်ပြီး ခါးကိုင်းကာဖြင့်သူ့နှုတ်ခမ်းထောင့်ကအရည်များကိုလက်မနှင့်သုတ်ပေးလိုက်ပြီးနောက် ခေါင်းငုံ့ကာသူ့ကိုနမ်းရှိုက်လိုက်သည်။
ချိုမြိန်သောအနံ့အရသာကနှုတ်ခမ်းနှင့်သွားများထဲပြည့်နေပုံမှာ စွဲမက်စရာကောင်းလှသည်။
ရှုလင်ကျားရေသောက်လိုက်ပြီး ခွက်ကိုဘေးမှာပြန်ချကာပြောလိုက်သည်။
"ကျွန်တော်လည်းသိက္ခာအဖတ်ဆယ်ချင်တယ်လေ။ ကျွန်တော်ဘယ်သူ့ကိုမဆိုရှုံးလို့ရပေမဲ့ သူ့ကိုတော့မဖြစ်ဘူး။"
ကျင်းဖေးထုန်စကားမပြောတာကိုမြင်လိုက်ရရာ သူ့လက်မောင်းကိုတို့လိုက်သည်။
"ဟုတ်တယ်မလား။"
ကျင်းဖေးထုန်လက်ထဲကခွက်မှာမြေကြီးပေါ်လွတ်ကျသွားပြီး သူဟာအိပ်မက်အလားနိုးထလာကာ ပြောမိသည်။
"အာ၊ မင်းဘာပြောလိုက်တာလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"...ခင်ဗျားဘာဖြစ်နေတာလဲ။"
ကျင်းဖေးထုန်ထိတ်လန့်ကာချိုမြိန်သွားရသော်လည်း လမ်းပျောက်သွားရသည်။
သူသည်အချိန်အတော်ကြာရှင်သန်နေထိုင်လာခဲ့ပြီး လောကကြီးထဲရှိစိတ်ကူးယဥ်ဆန်မှုမျိုးစုံကိုမြင်ဖူးခဲ့ပေမဲ့ သစ်ရွက်တစ်ရွက်ပင်သူ့ကိုယ်ကိုမထိနိုင်ဘဲ သူစိတ်ဝင်စားမှုအနည်းငယ်ပင်မရှိခဲ့ပေ။ ဤကဲ့သို့ဇဝေဇဝါဖြစ်မှုအခက်အတန့်မှာရှားပါးသည်၊ အချစ်ဆိုသောစကားလုံးကိုသိချင်နေသည့်ကောင်ငယ်လေးပမာ ပျော်ရွှင်ကာပြာယာခတ်နေပြီး ချစ်မြတ်နိုးကာစိတ်လှုပ်ရှားနေမိသည်။
ကျင်းဖေးထုန်ခပ်မြန်မြန်မတ်တပ်ထရပ်ကာပြောမိသည်။
"မဟုတ်ပါဘူး၊ ကိုယ့်မှာလုပ်စရာတစ်ခုခုရှိမှန်းရုတ်တရက်သတိရသွားလို့ပါ။ မင်းခဏထိုင်နားနေလိုက်အုံး၊ ကိုယ်ခဏကျရင်ပြန်လာခဲ့မယ်။"
ရှုလင်ကျားမှာ"အိုး"ဟုဆိုမိပြီး ဒီကိစ္စဟာအရမ်းကိုမှအလျင်လိုနေသည်ဟုတွေးမိရင်းပြောလိုက်သည်။
"ဒါဖြင့်ခင်ဗျားသွားလို့ရပါတယ်။"
ကျင်းဖေးထုန်ခေါင်းငြိမ့်ပြကာလှည့်ထွက်လာလိုက်သည်။
သူခပ်မြန်မြန်လမ်းလျှောက်နေမိပြီး တောင်လေနှင့်နှင်းစက်များကတိုက်ခတ်ကျဆင်းလျက်ရှိကာ သူ့မျက်နှာပေါ်ရှိစိတ်အားထက်သန်မှုမှာလျော့ပါးသွားပြီး သူ့ရင်ထဲကသံသယမှာတဖြည်းဖြည်းချင်းကြီးထွားလာပေသည်။
ရှုလင်ကျားကအိပ်မက်ထဲကကောင်လေးနဲ့အရမ်းတူတယ်လို့ငါဘာလို့ခံစားမိနေရတာလဲ။
အဆုံးတွင် ဒီမတိုင်ခင်ကရင်းနှီးကျွမ်းဝင်မှုများအားလုံးအတွက် သူနှင့်ကောင်လေးကြားမှာနက်ရှိုင်းသောဆက်ဆံရေးရှိမရှိ ဒါမှမဟုတ် သူ့မှာနောင်တမရှိမရှိဆိုတာကိုသူခန့်မှန်းလို့ရသည်။ သူဟာအစွဲအလမ်းကြီးလွန်းအားကြီးပြီး နောက်ဆုံးမှာမိစ္ဆာတစ်ကောင်ဖြစ်လာခဲ့ပေသည်။
သို့သော် အနမ်းထွက်လာပြီးနောက်မှာ သူတို့ဆက်ဆံရေးကရှင်းနေလေပြီ။
ဒီဘဝမှာ...ငါကဘယ်လိုလုပ်ပြီးတော့ နောက်လူတစ်ယောက်နဲ့အရမ်းကိုမှနက်နက်ရှိုင်းရှိုင်း နာနာကျင်ကျင်ချစ်ကျွမ်းဝင်နိုင်ရသေးတာလဲ။
တကယ်လို့သူတို့နှစ်ယောက်ကြားမှာ တကယ်ပဲရှေးဘဝရှိတယ်ဆိုရင် အဲ့ဒါကသူတို့လင်ရှောင်းဂိုဏ်းကိုမဝင်ခင်ကများလား။
သို့သော် ရှုလင်ကျား၏အသက်အရ ၎င်းမှာမကိုက်ညီပေရာ ကျင်းဖေးထုန်မတွေးတတ်တော့ပေ။ ဒါတွေအားလုံးရဲ့အဖြစ်မှန်ကဘာများလဲ။
ကျန်းရွေ့ပြိုင်ပွဲကွင်းပြင်မှထွက်လာခဲ့ပြီး သူ့မျက်နှာပေါ်ကအပြုံးမှာပျောက်ကွယ်သွားတော့သည်။
သူသည်နောက်ဆုံးတွင်ပုတီးစေ့ကိုပြန်ပြင်ကာ ဤပုတီးမျှင်ကိုမှီခို၍ ပြိုင်ပွဲမှာတစ်ဖန်အနိုင်ရခဲ့သော်လည်း ရှုလင်ကျားကလင်းယွဲ့ကိုတကယ်ကြီးနိုင်သွားပြန်သည်!
ကျန်းရွေ့ရင်ထဲတွင်တိတ်တခိုးမုန်းတီးနေမိသည်။
ရှုလင်ကျား၏ဒဏ်ရာကို ကျန်းရွေ့လောက်ဘယ်သူမှပိုမသိပေ။
၎င်းမှာသူ့စိတ်ဝိညာဥ်စွမ်းအားကိုစုစည်းလို့မရသည့်အကြောင်းရင်းဟုဆိုရမည်။ သူ၏ဓားရေးမှာမည်မျှပင်ထူးချွန်နေပါစေ သူ၏ပါရမီစွမ်းရည်မှာမည်မျှပင်သာလွန်နေပါစေ၊ သူလင်းယွဲ့ကိုရိုက်ချဖို့ရာလုံးဝကိုမဖြစ်နိုင်။
သို့သော် ရှုလင်ကျားဘယ်ကမှန်းမသိဒဏ်ရာပျောက်ကင်းသည့်နည်းလမ်းကိုရှာတွေ့သွားကာ သူ့စိတ်ဝိညာဥ်စွမ်းအားကိုထိုပမာဏထိသုံးစွဲနိုင်သွားခဲ့သည်။
သူတစ်နေ့ထက်တစ်နေ့ပိုကောင်းလာသည်ကိုမြင်နေရရင်း ကျန်းရွေ့မည်မျှစိုးရိမ်နေမိမှန်းမသိပေ။
ခုနကပြိုင်ပွဲအတွင်းတွင် သူဇာတ်လမ်းဆင်ချင်သော်လည်း လူတိုင်း၏မျက်စိရှေ့မှာ သူတို့နှစ်ယောက်ကအလွန်ပြင်းထန်စွာတိုက်ခိုက်နေကြသည်မို့ ကျန်းရွေ့တိုက်ခိုက်ရန်အခွင့်ကောင်းမရှာလိုက်နိုင်ပေ။
သူကနေရာလွတ်တစ်ခုရှာလိုက်ရာ အနီးအနားတွင်လူတစ်ယောက်မှမရှိသည်ကိုမြင်လိုက်ရသည်။ သူခပ်မြန်မြန်ဝတ်ရုံလက်ကိုဖွင့်ဟကာ ပုတီးမျှင်ကိုကြည့်လိုက်မိသည်။ လွန်ခဲ့သောရက်အနည်းငယ်ကပြန်ပြင်ခဲ့သည်ပုတီးစေ့ပေါ်အက်ရာပြန်ပေါ်လာသည်ကို သူခြောက်ခြားဖွယ်တွေ့လိုက်ရလေသည်။
ထို့အပြင် ဒီတစ်ခေါက်မှာ အက်ရာနှစ်ခုဖြစ်နေပေသည်!
အရင်တစ်ခေါက်ကပုတီးစေ့ကိုပြန်ပြင်ရာတွင်သူ့ကံကောင်းမှုဖြုန်းပစ်လိုက်ခြင်း၏အကျိုးဆက်ကိုတွေးမိရင်း ကျန်းရွေ့တစ်ယောက်ပြန်ပြင်ဖို့လိုသည့်ပုတီးစေ့နှစ်စေ့နှင့်မျက်နှာချင်းဆိုင်လိုက်ရသည့်အခါ တစ်အောင့်မျှချိတုံချတုံဖြစ်သွားရကာ တစ်ချိန်တည်း၌အော်ခေါ်လိုက်မိသည်။
"ချန်ပေ့? ချန်ပေ့?"
သို့သော် ဤတစ်ကြိမ်၌မူ သူအကြာကြီးစောင့်နေခဲ့ပေမဲ့ မည်သူကမျှသူ့ကိုပြန်မဖြေလာပေ၊ ပုတီးစေ့ထဲရှိပုဂ္ဂိုလ်မှာထပ်ပျောက်သွားပုံရသည်။
ကျန်းရွေ့တောင့်တင်းသွားရကာ သိပ်များများစားစားအရေးမစိုက်ရဲတော့ပေ။ သူသည်ပုတီးစေ့နှစ်စေ့ပေါ် ခပ်မြန်မြန်သွေးစက်ချကာအက်ရာကိုပြန်ပြင်လိုက်သည်။
သူဘာမှလည်းလုပ်နိုင်ခြင်းမရှိ။ ပုံမှန်ဆိုရင် သူရက်အနည်းငယ်ကြာအချိန်ဆွဲမိလောက်သည်။ သို့သော် ယခုအချိန်ဟာဓားစမ်းသပ်ရေးညီလာခဲကျင်းပရာအချိန်ဖြစ်ပြီး ကြီးမားသောပြိုင်ပွဲတစ်ခုလာဖို့ရှိနေသေးသည်မို့ ပုတီးစေ့ဝိညာဥ်အကူအညီမပါဘဲမဖြစ်နိုင်ပေ။
ကျန်းရွေ့ပုတီးစေ့ကိုပြန်ပြင်ကာ ထပ်အော်လိုက်သည်။
"ချန်ပေ့?"
သို့သော် ဒီတစ်ခေါက်တွင် မည်သူကမျှပြန်မဖြေလာပြန်။
ကျန်းရွေ့၏နှလုံးသားရုတ်ခြည်းအေးစက်သွားရကာ သူ့ရှေ့မှာအနည်းငယ်မှောင်မိုက်လာသည်ကိုသူခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ယိမ်းထိုးသွားကာ သူ့လက်ကိုမြန်မြန်ဆန့်ထုတ်၍ သူ့ဘေးကသစ်ပင်ကြီးကိုမှီလိုက်ရသည်။
သစ်ပင်၏ပင်စည်မှာသူ့ကြောင့်တုန်ခါသွားပြီး ကျန်းရွေ့ခေါင်းပေါ်တည့်တည့်ရှိသစ်ကိုင်းမှာချက်ချင်းကျိုးကျလာကာ ကျနိးရွေ့ပေါ်ကျလာသည်။
ကျန်းရွေ့အလျင်စလိုရှောင်လိုက်ရပြီး ခုနလေးတင်နိုးလာသည့်ကြောင်ရိုင်းတစ်ကောင်ကသစ်ခေါင်းပေါက်မှထွက်လာကာ ကျန်းရွေ့ကိုရွံရှာစွာစူးစိုက်ကြည့်၍ ပြေးထွက်သွားတော့သည်။
ကျန်းရွေ့: "...."
ဒါကကံကောင်းမှုလျော့သွားတဲ့တန်ဖိုးပဲ! ကံကောင်းမှုမရှိရင် မင်းကံဆိုးလာလိမ့်မယ်!
သို့သော်အဓိကအချက်ကား သူကံကောင်းမှုကိုပေးလိုက်ချိန်တွင် ပုတီးစေ့ပေါ်ကအက်ရာများပျောက်သွားခဲ့သည်။ အဲ့ဒီ့ချန်ပေ့ကသူ့ကိုဘာလို့လျစ်လျူရှုနေသေးတာလဲ။ အရင်ကလိုမျိုးရက်အနည်းငယ်ကြာအောင်ပျောက်သွားတော့မှာလား။ သူ့ရဲ့နောက်ထပ်ပွဲစဥ်ကရော?!
ကျန်းရွေ့ပြာယာခတ်သွားရသည်။ ထိုစဥ် သူ့ဘေးကအသံတစ်သံဟာစိတ်ပူပင်စွာမေးလာသည်။
"ကျန်းသခင်လေး၊ ခင်ဗျားဘာဖြစ်လို့လဲ။"
ကျန်းရွေ့လှည့်ကြည့်လိုက်ရာ မင်ရှောင်းဖြစ်နေပြန်သည်။
ဤလူကားဘာဖြစ်နေမှန်းမသိပေ၊ သူဟာနားလည်ရခက်ကာ ချင်းချိုးရှိမြေခွေးမျိုးနွယ်စုနှင့်ရှိနေပုံမပေါ်ဘဲ အမြဲလိုလိုသူနှင့်ထိပ်တိုက်လာတွေ့နေသည်။
ကျန်းရွေ့အနည်းငယ်စိုးရိမ်သွားရကာ ခြေနှစ်လှမ်းနောက်ဆုတ်၍ ပြောလိုက်သည်။
"အဆင်ပြေပါတယ်၊ မင်သခင်လေး၊ မင်းမှာမြင့်မြတ်တဲ့အဆင့်အတန်းရှိနေတာကို ဘာလို့အမြဲတမ်းအပြင်မှာလျှောက်သွားနေရတာလဲဗျာ။ နောက်လိုက်မခေါ်လာတာကအန္တရာယ်ရှိတယ်လေ။"
မင်ရှောင်းကပြုံးကာဆိုသည်။
"ကျန်းသခင်လေးကိုပြောရမယ်ဆိုရင် ကျွန်တော်ဒီတစ်ခေါက်ချင်းချိုးနဲ့အတူလာတာမဟုတ်ဘူးဗျ၊ ပြီးတော့ကျွန်တော်ကဓားတွေကိုလည်းမကြိုက်ဘူးရယ်။ ကျွန်တော့်သတို့သမီးလောင်းကရှင်းဇုန်ဂိုဏ်းသူလေ။ ဒီတစ်ခေါက်ကျွန်တော်ပြိုင်ပွဲကိုလာစူးစမ်းတာ။ သူမနဲ့အတူလာတာဆိုပေမဲ့ ကျွန်တော်ပျင်းလာတဲ့အခါကျရင် ဟိုဟိုဒီဒီလျှောက်သွားရုံပဲတတ်နိုင်တယ်။ ကျန်းသခင်လေးနဲ့ထပ်တွေ့ရမယ်လို့မထင်ထားမိဘူးဗျာ။"
မင်ရှောင်းကကျန်းရွေ့၏မျက်နှာထားကိုကြည့်ကာပြောလာသည်။
"ဒါပေမဲ့ခင်ဗျားမျက်နှာကဒေါသထွက်နေတာကိုကျွန်တော်မြင်နေရတယ်၊ ကြည့်ရတာခင်ဗျားကံဆိုးနေတဲ့ပုံပဲ။ ခင်ဗျားဘယ်လိုရလာတာလဲ။ ခင်ဗျားကံဆိုးမှုကိုမြန်မြန်မဖယ်ရှားဘူးဆိုရင် ခင်ဗျားတစ်နေ့လုံးကံဆိုးနေမှာနော်။"
ကျန်းရွေ့မှာမင်ရှောင်းနှင့်ပတ်သတ်၍ အလွန်သတိထားနေပြီး သူ့ကိုစကားမပြောချင်ပေမဲ့ တစ်ဖက်လူ၏စကားများကသူ့ကိုတန့်သွားစေကာသူမေးမိသည်။
"မင်သခင်လေးက ကံဆိုးမှုကိုဘယ်လိုဖယ်ရှာရမယ်မှန်းသိလို့လား။"
မင်ရှောင်းကဆိုသည်။
"အဲ့လောက်မခက်ပါဘူးဗျာ။ ကြီးမြတ်တဲ့ကံကောင်းမှုနဲ့မွေးလာတဲ့လူတွေကလွဲရင် ကံဆိုတာကခင်ဗျားရဲ့လုပ်ရပ်တွေအတိုင်းအမြဲပြောင်းလဲနေတာ။"
သူ့ကြည့်ရတာသာမန်ကာလျှံကာ ဥပမာပေးချင်သယောင်။
"ကြည့်၊ ဥပမာပြောရရင် ရှုသခင်လေးကဒီနေ့မှာလင်းယွဲ့ကိုအနိုင်ရသွားပြီးတော့ လင်ရှောင်းဂိုဏ်းနှစ်ဂိုဏ်းအတွက်ဂုဏ်ကျက်သရေကိုယူဆောင်လာပေးတာမို့ သူ့ကံကသေချာပေါက်ကိုပိုကောင်းလာမှာပဲ။ အဲ့လိုပဲ၊ လင်းယွဲ့ကကျန်းသခင်လေးလက်ထဲမှာရှုံးသွားလို့ရှိရင် ကျန်းသခင်လေးမှာကံဆိုးမှုရှိနေရင်တောင် ချီးမြှင့်မြှောက်စားခံရလိမ့်မယ်။"
ဒါကိုကြားလိုက်ရသော် ကျန်းရွေ့၏နှလုံးသားမှာလှုပ်ခတ်သွားရပြီး သူမနေနိုင်ဘဲမင်ရှောင်းကိုမော့ကြည့်မိသည်။
သူကပြောသည်။
"ဒါပေမဲ့လင်းယွဲ့က ရှုရှစ်ရှုန်းကြောင့်ရှုံးသွားပြီးသားလေ။"
မင်ရှောင်းကပြုံးကာဆိုသည်။
"အာ၊ ကျွန်တော်သိပါတယ်၊ ကျွန်တော်ကဒါကိုဥပမာယူပြီးပြောနေရုံပါဗျာ။ ခြုံပြောရရင် ကျန်းသခင်လေးကကံဆိုးမှုကိုဘယ်ကရလာမှန်းကျွန်တော်မသိပေမဲ့ အဲ့ဒါသူ့ဘာသာသူပျောက်သွားတာကိုစောင့်နေရတာကမလွယ်ဘူးဆိုတော့ လက်ဦးမှုယူပြီးတော့ ကောင်းတာတစ်ခုခုလုပ်သင့်တယ်။"
ကျန်းရွေ့အတွေးအပြည့်ဖြင့်ပြောမိသည်။
"ကျွန်တော်နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်၊ မင်သခင်လေး၊ မင်းရဲ့အကြံပြုချက်အတွက်။"
မင်ရှောင်းပြုံးကာဖြည်းဖြည်းချင်းပြောလိုက်သည်။
"ခင်ဗျားကကျွန်တော့်ကိုအရင်ကကူညီခဲ့တာပဲမလား။ ရပါတယ်ဗျ။"
မင်ရှောင်းကပြောပြီးနောက်ထွက်သွားသည်။
အခြားတစ်ဖက်၌ ပြိုင်ပွဲကွင်းပြင်မှထွက်လာသည့်ကျင်းဖေးထုန်ဟာ ဤနေရာမှဖြတ်သွားဖို့ဖြစ်လာသည်။
လူတိုင်းကဤလမ်းကိုတစ်ယောက်ပြီးတစ်ယောက်လာနေကြသည်မှာအံ့သြစရာမရှိပေ။ ၎င်းဟာတကယ့်ကိုဓားစမ်းသပ်ရေးညီလာခံကွင်းပြင်မှထွက်သွားရန်တစ်ခုတည်းသောလမ်းဖြစ်သည်။ ပတ်ဝန်းကျင်မှာသန့်ရှင်းသပ်ရပ်ပြီး ရင်ထဲပူလောင်နေသည့်လူများအတွက်တစ်ယောက်တည်းလျှောက်လာဖို့ရာအသင့်တော်ဆုံးပင်။
ကျင်းဖေးထုန်မှာအစကအိပ်မက်ကြောင့်အနှောင့်အယှက်ဖြစ်သွားကာ စိတ်အာရုံခြောက်ခြားသွားခဲ့သဖြင့် သူ့ရင်ထဲကမိစ္ဆာများမှာထွက်လာခဲ့ပေမဲ့ သူပြန်လည်ဖိနှိပ်လိုက်နိုင်သည်။ သူ့ရင်ထဲတွင်အတွေးမျိုးစုံရှိနေပြီး ရှုလင်ကျားဟာသူရှာနေသည့်လူဟုတ်မဟုတ်ကို ထပ်ခါတလဲလဲတွေးနေမိကာ သူ့ပတ်ဝန်းကျင်ကအရာများကိုအရေးမစိုက်မိပေ။
၎င်းမှာကုန်းဆင်းအတိုင်းလျှောက်မလာခင်အထိပင်၊ သူ့နံဘေးရှိသစ်လုံးများထံမှကျယ်လောင်သောဆူညံသံကိုကြားလိုက်ရပြီးနောက် သူအနည်းငယ်စိတ်အာရုံပြောင်းသွားသည်။
ဒေါသထွက်နေသောဆဲဆိုသံတစ်သံကတောအုပ်ထဲမှထွက်လာသည်။
"ဘယ်သူကခိုင်ရှန်အဆောင်စာရွက်ကိုဒီမှာကပ်ထားခဲ့တာလဲကွ၊ ဒီမှာအဲ့လိုလုပ်ဖို့မလိုဘူးလေ၊ လူတွေကိုအရူးလုပ်ဖို့ဒီမှာထားထားရအောင်ရူးနေတာလားဟ?!"
ခိုင်ရှန်အဆောင်စာရွက်ကား ကျောက်တုံးများကိုခွဲရန်အတွက်အထူးအဆောင်ဖြစ်ပြီး တန်ဖိုးကစျေးသိပ်မကြီးပေ၊ ၎င်းကိုလည်းကျင့်ကြံရေးလောကထဲတွင်တွင်ကျယ်စွာအသုံးပြုကြသည်။
သစ်လုံးများထဲရှိထိုလူ့စကား၏အဓိပ္ပါယ်ကိုနားထောင်ရင်း ဘယ်သူကသစ်လုံးများထဲတွင်အဆောင်စာရွက်ကပ်ထားခဲ့လဲမသိပေမဲ့ ထိုသူကမတော်တဆနင်းမိသွားကာ ကံဆိုးသွားရရှာသည်။
ကျင်းဖေးထုန်ကားမှတ်ဉာဏ်ကောင်းပေရာ ထိုလူ၏အသံကိုနားထောင်လိုက်ချိန်တွင် ၎င်းဟာသိပ်မကြာသေးခင်ကမှရှုလင်ကျားကိုစကားပြောသွားခဲ့သည့်ကျန်းရွေ့ဖြစ်ပုံရသည်။
သူ့ပုံရိပ်ကဖျတ်ခနဲလက်သွားကာ လူကိုယ်တိုင်ကချက်ချင်းဆိုသလိုအနေအထားပြောင်းလဲသွားပြီး တောအုပ်ထဲကသစ်ပင်ကြီး၏အနောက်တွင်ပေါ်လာကာ ကျန်းရွေ့အသံပြုလိုက်သည့်နေရာ၏လားရာကိုကြည့်လိုက်သည်။
သစ်ပင်များပြိုလဲကျနေကာ ကျောက်ခဲများရှုပ်ပွလျက်ရှိပြီး မြေပြင်ပေါ်၌ခိုင်ရှန်အဆောင်စာရွက်ကြောင့်ပေါက်ကွဲသွားခဲ့သောတွင်းကြီးတစ်ခုရှိနေသည်ကို သူမြင်လိုက်ရသည်။ ကျန်းရွေ့ကဆူပူနေသည့်အမူအရာဖြင့်တွင်းထဲကတွားသွားထွက်လာကာ သူ၏ဒေါသထွက်နေသောအကြည့်မှာ သူ၏ပုံမှန်ပုံပန်းသွင်ပြင်နှင့်လုံးဝကွဲထွက်လျက်ရှိသည်။
ကျင်းဖေးထုန်ကူကယ်ရာမဲ့စွာကြည့်နေရင်းဖြင့် သူကတွင်းနက်ထဲမှထွက်လာကာ ရှေ့ခြေနှစ်လှမ်းတိုးလိုက်ရာ သူ့ရှေ့ရှိခိုင်မာသောသစ်ပင်တစ်ပင်ကကျန်းရွေ့ရှိရာလဲကျသွားသည်။
ကျန်းရွေ့မြန်မြန်လေးရှောင်လိုက်ရပြီး သစ်ပင်ကမြေကြီးပေါ်လဲကျသွားပေမဲ့ ၎င်းဘေးရှိတောင်ကုန်းပေါ်ကကျောက်တုံးကြီးမှာလိမ့်ကျလာကာ ကျန်းရွေ့ကိုလဲကျသွားစေသည်။
ကျင်းဖေးထုန်: "..."
ကျန်းရွေ့ဘာကြောင့်ဒီလောက်ဒေါသထွက်နေလဲဆိုတာကိုသူနားလည်သွားသလိုပဲ။
ကျန်းရွေ့သစ်လုံးကြားထဲကထွက်လာသည်ကိုကြည့်နေရင်း ၎င်းဟာမဖြစ်ခင်နှင့်ဖြစ်ပြီးချိန်ခြေလှမ်းအနည်းငယ်မျှသာရှိသော်လည်း ရလဒ်မှာပေါက်ကွဲမှု၊ ကျောက်တုံးနှင့်လဲကျလာသည့်သစ်ပင်တို့ဖြစ်သည်။ သူကခပ်ပြားပြားမြေပြင်ပေါ်နှစ်ခါလဲကျကာ လိမ့်လည်းလိမ့်ကျသွားခဲ့သည်။
သူဟာဒါနှင့်ထိုက်တန်သော်လည်း ဘေးကရပ်ကြည့်နေသူဖြစ်သည့်သူတောင် လမ်းမကတက်လိုက်ကျလိုက်ဖြစ်နေသည်ဟုခံစားလိုက်ရကာ ခြေလှမ်းတိုင်းတောင့်တင်းသွားရသည်။ တကယ့်ကိုအသက်ရှင်ရတာမလွယ်ကူပေ။
ဒါပေမဲ့ကျန်းရွေ့ကဘာလို့ဒီလောက်ကံဆိုးနေတာလဲ။ ခုနကသူနှင့်ရှုလင်ကျားစကားပြောနေတုန်းက အရာအားလုံးကြည့်ရတာပုံမှန်ပါပဲ။
ရုတ်တရက်ခွန်အားမြင့်တက်လာခြင်းနှင့် ရုတ်တရက်ကံဆိုးမှု....
ကျင်းဖေးထုန်ထိုသို့တွေးကာ ကျန်းရွေ့နောက်တစ်လျှောက်လုံးလိုက်သွားရာ သူဟာနန်ဇီတောင်ထွတ်မြောက်ဘက်ရှိတောင်ကြားထံသွားသည်ကိုမြင်လိုက်ရသည်။
ထိုတောင်ကြားကားလျိုပေါ်တောင်ကြားဟုခေါ်ဆိုသည်။ မြေပြင်အနေအထားမှာခွက်ကာကျဥ်းမြောင်းသည်။ ဘေးတစ်ဖက်တစ်ချက်စီ၌ကျောက်နံရံများဖြင့်ပိတ်ပင်ထားကာ လေကောင်းလေသန့်မဝင်ပေ။ နန်ဇီတောင်ထွတ်ကနှစ်ပေါင်းများစွာကြာအောင်စိတ်ဝိညာဥ်စွမ်းအားကိုထိုထဲတွင်စုဆောင်းထားသည်။
Advertisement
- End621 Chapters
The Nine Cauldrons
With five strikes of his axe, Emperor Yu split the mountains and unified everyone beneath the heavens. He partitioned the land into nine prefectures and erected the nine cauldrons. After Emperor Yu's death, incessant disputes arose within the Land of the Nine Prefectures.
8 730 - In Serial6 Chapters
The Magical Revolution of the Reincarnated Princess and the Genius Young Lady
Anne-Sophia, the Princess who remembered her previous life at a young age, as well as her old self’s intense love of magic, set off to live out her fantasies in this fantasy world.One day, during a magical mishap, she stumbled upon a scene where her brother Algard was breaking off his engagement to his fiancee, Euphilia.What nobody could have foreseen is that this strange meeting would end up changing the course of history.
8 220 - In Serial99 Chapters
The Tower
Thousands signed up to be part of The Tower. The game was simple: climbs all 100 levels of The Tower. But once all the players were inside, the game trapped them. Ethan and his friends must work with other players if they ever want to go home. Death means starting back at level 1. Volume 2 After recovering from their wipe on the 26th Floor, Ethan and his friends have left the town of Startesgarde to finish their own, unique class quests. Little do they know, one of their own never made it to his destination. An unknown threat stalks them, even as a new recruit changes the dynamic of the Disorder guild. Volume 3 Following the events of Volume 2, Ethan Holliwell is in an absolutely terrible place. Kim Tae-Won is still missing, the woman he had fallen hard for abandoned him, everything that he had been working towards the entire time he has been trapped in the game was taken from him. His remaining friends, David, Miguel and Leah, want to help him, but they don't even know where he actually is. War is coming, can they find and help Ethan in time?
8 170 - In Serial14 Chapters
Fort Geranium
'Mariana''Lieutenant''Admiral''Europa Airgetlam'Those are some of the names people have taken to calling me but it wasn't always like this. I used to lead a much simpler life as a florist but apparently fate didn't like that I was wasting my time. Cruelly was my life taken away from me and I found myself in another world with a different identity: Mariana Von Ulysses. Another world, another life, it's all the same to me. The only reason I ever became a florist in the first place was because it was an easy opportunity for me to live comfortably. That's really all I ever wanted, to live 'comfortably', and perhaps I didn't have any grand ambitions of my own but what's wrong with that? However this new world is hellbent on not letting me have it my way. Wave after wave of problems, from monsters to national politics, it seeks to drive me towards the center of all these inane drivel. If that wasn't bad enough, apparently humans are hated in this world, eh? I'm a human too... Fine, you want it your way world? If you push then I'll push back! I'll solve these problems the only way I know how: Flowers! Don't underestimate their poisonous attributes just because they have cute colors and girly patterns. Orcs? Elves? Humans? Fairies? Dwarves? Dragons? Titans? Celestials? Ascendeds? Gods? To stand before me means that they have forfeited their lives. I shall show them all, the deadliness of plants... The slow and agonizing torture of poison and venom, swirling within your system as you writhe in excruciating pain. It burns you from the inside with no escape. The only release from this hell would be 'death'. That is my power. In the end, the world does not seem to want to leave me alone. Thus I've come to a conclusion: the only way to make myself truly comfortable in this world is a hostile take over! So let me demonstrate their powers to you; I'll let you taste the reason why they call me the 'Flower of Malice'.
8 219 - In Serial8 Chapters
My Incorrect Summoning Has Me On The Run
One day in school Phobius Barnes sees a summoning circle surrounding him and his classmates, when he tries to break out of it something goes wrong resulting in him getting summoned incorrectly! Not just that but there seems to be some strange power lurking inside of him. Will he be able to accomplish his goal of revenge or will he be stopped by unknown beings? Work In Progress
8 165 - In Serial78 Chapters
ALTERS. *COMPLETED*
Dissociative identity disorder (DID), previously known as multiple personality disorder (MPD), is a mental disorder characterized by the maintenance of at least two distinct and relatively enduring personality states.Started: 2/22/2021 THIS BOOK IS TRADEMARKED. (™) Finished: 7/20/2021
8 214

