Advertisement
!unicode!
သို့သော်လည်း ကျန်းရွေ့နှင့်လင်းယွဲ့တို့၏ရန်စောင်မှုကား ရှုလင်ကျားအပေါ်သက်ရောက်နေဆဲဖြစ်သည်။
ရှုလင်ကျားသည်သူသဘောမကျသည့်သူများနှင့်အလွန်ကွဲပြားကာ လင်းယွဲ့ကိုစကားပြောရန်သိပ်ကိုပျင်းရိလွန်းလှ၏။ သူဟာသူ့နံဘေးရှိနေရာလွတ်ကိုညွှန်ပြကာ ထိုနေရာကိုအရင်ဆုံးလျှောက်သွားလိုက်သည်။
လင်းယွဲ့မှာသူ့ကျောပြင်ကိုကြည့်၍ အေးတိအေးစက်ပြုံးလိုက်မိပြီး သူ့နောက်လိုက်သွားရန်ပြင်လိုက်ပေမဲ့ ရုတ်ခြည်းတောင့်တင်းသွားကာ ရပ်လိုက်မိသည်။
တစ်ချိန်တည်း၌ ရှုလင်ကျားဟာလည်းခေါင်းလှည့်ကာဖြင့် ကောင်းကင်ယံ၏အနောက်ဘက်ခြမ်းကို လင်းယွဲ့နှင့်အတူကြည့်လိုက်မိသည်။
ချက်ချင်းအလျှင်းပင်၊ အခြားလူများမှာလည်းထူးခြားသောခံစားချက်တစ်ခုဝင်လာပုံမှာ ပုံမှန်မဟုတ်သောခွန်အားကြီးသည့်မမြင်နိုင်သောတွန်းအားတစ်ခုက ဒီရေအလား ဤနဂိုကသက်ဝင်တက်ကြွကာဆူညံသောလမ်းမရှည်ကြီးကိုလွှမ်းခြုံသွားသည့်နှယ်။
လူတွေသည်ထိုဖိအားကိုမမြင်နိုင်သကဲ့သို့ ခံစား၍မရနိုင်သည့်တိုင် သူတို့အားလုံးတစ်ပြိုင်နက်တည်းတုန်ယင်သွားကြကာ အသက်ရှုအောင့်လိုက်မိကြပြီး ကျင့်စဥ်နိမ့်သည့်လူတချို့ပင်ခြေထောက်များတုန်ရီလာကာ မြေပြင်ပေါ်လဲကျလုမတတ်ဖြစ်သွားကြသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာရုတ်တရက်ချင်းတိတ်ကျသွားပေသည်။
ရှုလင်ကျား၏မျက်နှာထားကား မထင်မှတ်ထားပုံပေါ်ကာအနည်းငယ်စိတ်မရှည်ဖြစ်နေပေမဲ့ လင်းယွဲ့ကတော့ဖြင့်မသိမသာတောင့်ခဲလျက်ရှိပြီး ထို့နောက်လူတိုင်း၏ရှေ့မှောက်၌ ချက်ချင်းဦးညွှတ်ကာ"ရှစ်စွင်း!"ဟုပြောလိုက်သည်။
သူ၏ဝတ်ရုံမှာရိုးစင်းကာ သူ၏ရုပ်ရည်သွင်ပြင်မှာလည်းသာမန်ဆန်လွန်းလှပေမဲ့ သူ့၌တည်ငြိမ်ကာအေးချမ်းသောလေထုရှိနေပြီး လူတွေအားသူမည်သူမည်ဝါဖြစ်ကြောင်းသံသယဝင်စရာမလိုအောင်ပြုလုပ်လျက်ရှိသည်။
ဤလူကား ကွေ့ရီဂိုဏ်းချုပ်ကျင်ချီးရှန်ဖြစ်ပေ၏။ သူသည်လွန်ခဲ့သောရက်အနည်းငယ်ကအကြောင်းတစ်စုံတစ်ရာကြောင့် ဓားစမ်းသပ်ရေးညီလာခံတွင်ပေါ်လာခြင်းမရှိခဲ့ပေ။ သူဟာပြိုင်ပွဲ၏ပထမပွဲစဥ်ပြီးနောက်မှာသာရောက်လာခဲ့သည်။
ကျင်ချီးရှန်ကဤနေရာတွင်ပေါ်လာခဲ့ပေရာ လင်းယွဲ့ကိုသေချာပေါက်ကူညီလိမ့်မည်ဖြစ်သော်လည်း လင်းယွဲ့ကိုယ်၌ကမူ အရင်ရက်များမှာဂိုဏ်းချုပ်မရှိသည်ကိုအခွင့်ကောင်းယူ၍ သူ၏အပြုအမူမှာမောက်မာရိုင်းစိုင်းခဲ့ပြီး လူအများအပြားကိုအပြစ်ပြုမိခဲ့ကြောင်း ကောင်းစွာသိနေပေသည်။
ထို့ကြောင့်ကျင်ချီးရှန်၏ရုတ်တရက်ပေါ်လာမှုကား သူ့ကိုအတော်လေးအဆင်မပြေဖြစ်စေသည်။
ကျင်ချီးရှန်မှာသိသိသာသာကို သတင်းကြားသောကြောင့်ဤနေရာကိုရောက်လာခဲ့ခြင်းပင်။ သူ့မျက်ဝန်းတစ်စုံကရှုလင်ကျားအပေါ်တွင်အသာအယာဖြတ်သွားပေမဲ့ မရပ်တန့်လိုက်ပေ။ သူဟာဤတပည့်ဂိုဏ်းသားကိုအထင်မကြီးကြောင်းသိသာလှပေသည်။
ထို့နောက် ကျင်ချီးရှန်သည်ခပ်လှမ်းလှမ်းမှသွေးများစိုရွှဲနေသည့်မုန့်ခုန်ကိုတစ်ချက်စိုက်ကြည့်ကာပြောလာ၏။
"လင်းယွဲ့၊ မင်းဒီနေ့တော်တော်များသွားပြီ။"
လင်းယွဲ့ကဆိုသည်။
"ရှစ်စွင်း၊ ဒီတပည့်မှားသွားပါတယ်။"
ကျင်ချီးရှန်ကဘာမှမဆိုဘဲ မုန့်ခုန်ထံလျှောက်သွားသည်။
လင်ရှောင်းဂိုဏ်းသားတစ်ယောက်မှာရုတ်ခြည်းစိတ်ပူသွားရကာ မုန့်ခုန်ကိုကာကွယ်ရန်ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။
ခုနကလင်းယွဲ့ထံမှအလှောင်ခံရပြီးနောက်၌ ကျန်းရွေ့မထွက်သွားမိပေ၊ အဘယ်ကြောင့်ဆိုသော် လင်းယွဲ့၏သဘောထားနှင့်ပတ်သတ်၍ အလွန်တရာထူးဆန်းနေသည်ဟုသူခံစားမိသောကြောင့်ပင်။
ကျန်းရွေ့ကားလိမ္မာပါးနပ်၏။ နန်ဇီတောင်ထွတ်ဂိတ်ဝ၌ လင်ရှောင်းဂိုဏ်းနှင့်ကွေ့ရီဂိုဏ်းတို့ပထမဆုံးအကြိမ်ပဋိပက္ခဖြစ်ပွားခဲ့သည့်အချိန်တုန်းက ပြဿနာမှာမသေးသော်လည်း လင်းယွဲ့ကသူဂရုစိုက်သင့်သည်ဟုသူ့ကိုပြောခဲ့ပေမဲ့ သူဟာဤကဲ့သို့ရွံရှာကာအထင်သေးရှုံ့ချသည့်အကြည့်မျိုးမပြခဲ့သည်ကိုသူရှင်းရှင်းလင်းလင်းမှတ်မိနေပါသေးသည်။
သူအမှားရှာချင်ရင်တောင်မှ သူခုနကပြောသွားသည့်စကားမှာအလွန်အရုပ်ဆိုးလှသည်။
ယင်းကားပုတီးစေ့ဝိညာဥ်ကိုကံကောင်းမှုတချို့ပေးလိုက်သည်နှင့်ပတ်သတ်၍ ကျန်းရွေ့အားစဥ်းစားသွားစေသည်။ သူသည်ထိုအပြုအမူ၏ဆိုးဝါးသောအကျိုးဆက်အကြောင်းတကယ်စိတ်ပူနေမိသည်မို့ သူဒီမှာနေပြီးရှာဖွေဖော်ထုတ်ရမည်ပင်။
ယခုအခိုက်အတန့်တွင်ကျင်ချီးရှန်းရောက်လာသည်ကိုမြင်လိုက်ရရာ ကျန်းရွေ့ထိုအကြောင်းတွေးတော၍ ရှေ့ထွက်ကာထပ်မံကြိုးစားကြည့်ချင်မိသည်။
သူသည်ခြေနှစ်လှမ်းလှမ်းလိုက်ချိန်တွင် သူ့ခြေဖဝါးခလုတ်တိုက်မိသွားသည်ကိုခံစားလိုက်ရပေမဲ့ သူဟာတိုက်ခိုက်တုန်းကမုန့်ခုန်လွတ်ကျသွားခဲ့သည့်ဓား၏ဓားရိုးပေါ်တက်နင်းမိသွားခြင်းဖြစ်ကာ နောက်ပြန်လဲကျလုနီးပါးဖြစ်သွားသည်။
ကျန်းရွေ့အလျင်စလိုဖြင့်ဟန်ချက်ထိန်းလိုက်ရပြီး ခလုတ်တိုက်မိသွားကာ ရှေ့ကိုခြေလှမ်းအနည်းငယ်ထိုးဆင်းသွားပြီး ရှုလင်ကျား၏ကျောအောက်ပိုင်းကိုခေါင်းနှင့်ဝင်တိုက်လုမတတ်ဖြစ်သွားရကာ နောက်ဆုံးတွင်မြဲမြဲရပ်၍ ရှက်တက်တက်အမူအရာလုပ်ထားလိုက်သည်။
လူအုပ်ထဲရှိတချို့မှာကျိတ်ရယ်မိလိုက်ကြပြီးလင်ရှောင်းဂိုဏ်းသားအများအပြားမှာ မနေနိင်ဘဲသူတို့မျက်နှာကိုကွယ်၍ တကယ်ရှက်ရွံ့သွားမိကြသည်။
ကျန်းရွေ့ထိုမျှအလျင်လိုနေရသည့်အကြောင်းရင်းမှာ သူကသူ၏ကျော်ကြားမှုကိုခိုးယူသွားမှာစိုးရိမ်နေသောကြောင့်ဖြစ်သည်ဟုရှုလင်ကျားတွေးမိသည်မို့ မျက်လုံးလှိမ့်ကာဘေးကိုရွေ့လိုက်သည်။
စနစ်ကဆိုသည်။
[မူရင်းစာအုပ်ထဲမှာ ကျင်ချီးရှန်ကလည်းကျန်းရွေ့ရဲ့ပါရမီစွမ်းရည်ကိုအရမ်းအထင်ကြီးသွားပြီးတော့ သူ့ကိုအနိုင်ရဖို့ကြိုးစားခဲ့တယ်။ ဒီတစ်ခေါက်လင်းယွဲ့ရဲ့ဇာတ်ကြောင်းကပြောင်းလဲသွားတော့ ကျင်ချီးရှန်ရဲ့ဇာတ်ကြောင်းကောပြောင်းလဲသွားမလားဆိုတာကိုသိချင်မိတယ်။]
ကျန်းရွေ့စိတ်ထဲမှာကံဆိုးမှုကိုဆူပူလိုက်မိပြီးမုန့်ခုန်ရှေ့တွင်ကွယ်ကာပြောလိုက်သည်။
"ကျင်ဂိုဏ်းချုပ်၊ ခဏနေပါအုံးဗျ။"
သူ့ကိုကြည့်ရတာအနည်းငယ်ရှက်ရွံ့နေပုံပေါက်သည်။ ကျန်းရွေ့ဟာသာမန်ဂိုဏ်းသားတစ်ယောက်ဟုကျင်ချီးရှန်တွေးမိပေရာ သူ့ကိုကြည့်ပင်မကြည့်ဘဲပြောလိုက်သည်။
"ဘေးဖယ်၊ ငါ့မှာသူ့ကိုထိခိုက်အောင်လုပ်ချင်တဲ့ရည်ရွယ်ချက်မရှိဘူး၊ ငါမင်းတို့ဂိုဏ်းသားရဲ့ဒဏ်ရာကိုကြည့်ချင်ရုံပဲ။"
စုန့်ယွင်ကအနောက်မှနေ၍အကျယ်ကြီးအော်ပြောလာသည်။
"ကျင်ဂိုဏ်းချုပ်စိုးရိမ်ပေးဖို့မလိုပါဘူး။"
ကွေ့ရီဂိုဏ်းသားတစ်ယောက်ကခွန်းတုံ့ပြန်လာသည်။
"ဒီဂိုဏ်းသားကတော့၊ ဂိုဏ်းချုပ်ကဘာပဲဖြစ်ဖြစ်မင်းတို့ရဲ့အကြီးအကဲပဲလေ သူကအရမ်းကောင်းပေးနေတာကို မင်းကဘာလို့ဒီလောက်ရိုင်းပြနေရတာလဲကွ။"
ကျင်ချီးရှန်းကပြောသည်။
"ထားလိုက်တော့၊ ထပ်ပြီးရန်မဖြစ်ကြနဲ့။"
သူကဆိုသည်။
"တစ်ယောက်နှစ်ပွဲဆိုတော့ မင်းတို့တွေလည်းအမှန်တရားကိုသဘောပေါက်သင့်ပြီ။ လင်ရှောင်းဂိုဏ်းရဲ့ခွန်အားက ကွေ့ရီဂိုဏ်းနဲမယှဥ်နိုင်တာအရင်ကတည်းကပဲ။ လင်ရှောင်းဂိုဏ်းကဓားရေးအရာမှာအကြီးဆုံးဂိုဏ်းဆိုပြီးတော့သူ့ဘာသာသူအမြဲသတ်မှတ်ထားခဲ့တာ၊ အမှန်တရားကိုဝန်ခံဖို့ငြင်းဆန်ပြီးတော့ ကွေ့ရီဂိုဏ်းဟာမင်းတို့ဓားကျင့်စဥ်ကိုခိုးပါတယ်ဆိုပြီးတော့တောင်လီဆယ်ပြောနေတာက ပိုလို့တောင်ရယ်စရာကောင်းသေးတယ်။"
ကွေ့ရီဂိုဏ်းပထမဆုံးစတည်ထောင်စဥ်က ၎င်းဟာအမည်မသိဂိုဏ်းငယ်လေးတစ်ဂိုဏ်းဖြစ်ကာ ဓားစမ်းသပ်ရေးညီလာခံကဲ့သို့ပွဲမျိုးတွင် တောင်ထွတ်ဂိတ်ဝကိုဝင်ရောက်ဖို့ရန်အရည်အချင်းမရှိခဲ့ပေ။
နှစ်ပေါင်းများစွာကြိုးစားအားထုတ်ခဲ့ပြီးနောက်၌ သူတို့ဟာနောက်ဆုံးတွင်တစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်လာပြီး ကျင့်ကြံရေးလောကတွင်ထင်ရှားကျော်ကြားကာအရေးကြီးသောဂိုဏ်းတစ်ဂိုဏ်းဖြစ်လာခဲ့သည်။ သို့သော်လည်း သူတို့သည်လင်ရှောင်းဂိုဏ်းသားတစ်ယောက်ကိုလက်ခံခဲ့သောကြောင့် "လင်ရှောင်းကွန်ဖူးသိုင်းပညာ"အောက်မှာရှင်သန်နေခဲ့ရပြီး "မိသားစုကိုစတင်ခြင်း"အရိပ်အောက်တွင်နေခဲ့ရကာ ကွေ့ရီဂိုဏ်းထဲရှိဂိုဏ်းသားအားလုံး၏နှလုံးသားထဲတွင်အထုံးတစ်ခုဖြစ်စေခဲ့သည်။
ဂိုဏ်းချုပ်ကျင်ချီးရှန်အနေနှင့် သူဟာပင်ကိုယ်အားဖြင့်ဒီအတွက်စိုးရိမ်နေခဲ့ရသည်။ ထိုအခြင်းအရာကြောင့် သူဟာလင်းယွဲ့၏ရက်စက်မှုကိုသဘောမတူသည့်တိုင်၊ လင်းယွဲ့၏ဘဝအတွေ့အကြုံကိုသိကာ လင်ရှောင်းဂိုဏ်းကိုအလွန်မုန်းတီးပြီး ဤဆိုးဝါးသောဂုဏ်သတင်းကိုဆေးကြောပစ်ချင်ရသည့်အကြောင်းရင်းရှိသည်ကိုသူနားလည်ပေသည်။
ထို့ကြောင့် သူ၏အကြီးဆုံးတပည့်ဂိုဏ်းသားကပြိုင်ဘက်ကိုအလွန်အရှက်ရဖွယ်ကောင်းအောင်ဆုံးမခဲ့သည်ကိုမြင်လိုက်ရရင်း ကျင်ချီးရှန်ဟာလည်းမြောက်တက်သွားခဲ့သည်။
အဆုံးတွင် သူဟာသူမည်သူမည်ဝါဖြစ်ကြောင်းအပေါ်အလွန်ဂုဏ်မောက်နေခဲ့သည်မို့ ရှုလင်ကျားကိုပြောလိုက်မိသည်။
"ငါတော့ငယ်ရွယ်တဲ့မျိုးဆက်သစ်တွေကိုအရှက်မရစေချင်ဘူး။ လင်းယွဲ့ကလင်ရှောင်းဂိုဏ်းသားနှစ်ယောက်ကိုနိုင်သွားတာ၊ သူကသူများတွေကိုထိခိုက်အောင်မလုပ်ချင်ဘူး။ ဆိုတော့ မင်းတို့နှစ်ယောက်တိုက်ခိုက်စရာမလိုတော့ဘူး။"
သူ၏လေသံကား"ငါမင်းကိုဒီနေ့လွှတ်ပေးလိုက်မယ်"ဟုပြောကာ လင်းယွဲ့ကလင်ရှောင်းဂိုဏ်းသားအကုန်လုံးကိုတစ်ဖက်သတ်ဆုံးမလိမ့်မည်ဟုသေချာနေသည့်နှယ်၊ ရှုလင်ကျားလှောင်ပြုံးပြုံးကာ ဘာမှမပြောမိပေ။
ကျင်ချီးရှန်ကဆိုသည်။
"ဟုတ်တာပေါ့၊ ဒါကလည်းအခြေအနေအရပါ။ ဒီကိစ္စကကျမ်းကျိန်ပြီးတော့ နောက်နောင်ကွေ့ရီဂိုဏ်းရဲ့ဓားရေးကျင့်စဥ်ကလင်ရှောင်းဂိုဏ်းကလာတာလို့မပြောမိဖို့ကတိပေးဖို့ပဲလိုတာ။ ပြီးရင်ဒီကနေ့ပြဿနာကိုရှောင်သွားလို့ရတယ်။"
ဂိုဏ်းနှစ်ဂိုဏ်းစလုံးဟာနှစ်ပေါင်းများစွာကြာအောင်အပြန်အလှန်အငြင်းပွားနေခဲ့ကြပြီး အချင်းချင်းခေါင်းမာမာနှင့်စွပ်စွဲနေခဲ့ကြသည့်တိုင် မည်သည့်ဘက်ကမျှတိကျရှင်းလင်းသောသက်သေထုတ်ပြခြင်းမရှိခဲ့ပေ၊ ဤကိစ္စကိုလည်းတရားဝင်ရိုးသားပွင့်လင်းစွာဖြင့်လုံးဝမဆွေးနွေးခဲ့ဖူးပေ။
သို့သော် ကျင်ချီးရှန်ကဒါကိုယခုထုတ်ပြောလာလေရာ အကယ်၍လင်ရှောင်းဂိုဏ်းသားများသာ ဒီကနေ့တူညီစွာလုပ်လိုက်လို့ရှိရင် ကွေ့ရီဂိုဏ်းအပေါ်သူတို့၏ယခင်ကစွဲချက်များကမှားနေကြောင်း သက်သေပြလိုက်သလိုဖြစ်သွားလိမ့်မည်ပင်။ အနာဂတ်တွင် ဒီတစ်ခေါက်သတင်းပျံ့နှံ့သွားခဲ့သည်ရှိသော် လင်ရှောင်းဂိုဏ်းကရယ်စရာပြက်လုံးတစ်ခုဖြစ်လာမည်မှာဧကန်ဖြစ်သည်။
ဤကျမ်းကျိန်မှုကိုပြုလုပ်၍မရနိုင်။
လူအများအပြားက"မဖြစ်နိုင်ဘူး!"ဟုအတူပြောလာကြသည်။
ကျန်းရွေ့ကဆိုသည်။
"ကျင်ဂိုဏ်းချုပ်ခင်ဗျ၊ ကွေ့ရီဂိုဏ်းကနာမည်မရှိတဲ့ဂိုဏ်းငယ်လေးပါပဲ။ လင်ရှောင်းဂိုဏ်သားဟောင်းလင်းလျန်ထွက်သွားပြီးတော့ဂိုဏ်းရဲ့အုပ်ထိန်းသူဖြစ်လာပြီးနောက်မှသာ ကွေ့ရီဂိုဏ်းကကျင့်ကြံရေးလောကမှာ တဖြည်းဖြည်းနဲ့နေရာတစ်ခုရလာတာ။ ဒါဟာမငြင်းနိုင်တဲ့အချက်ပဲ...."
"လင်းလျန်"ဆိုသည့်စကားလုံးကိုကြားလိုက်ရရင်း လင်းယွဲ့မှာမနေနိုင်ဘဲလက်သီးဆုပ်လိုက်မိသည်၊ ထိုသူကသူ၏အဖိုးဖြစ်သည်။ ထိုအခါမှသာလျှင် သူဟာအကြိမ်အနည်းငယ်မျှစကားပြောနေမှန်း ကျင်ချီးရှန်သတိထားမိသွားကာပြောလိုက်သည်။
"မင်းကဘယ်သူလဲ။"
ကျန်းရွေ့ကပြောလာသည်။
"လင်ရှောင်းချီဇုန်ကဓားသမားကျန်းရွေ့ပါဗျ။"
ကျင်ချီးရှန်ကမထင်မှတ်ထားစွာပြောလာသည်။
"အိုး? ကျန်းဓားသမားကအရမ်းငယ်သေးတာပဲ။"
သူကကျန်းရွေ့ကိုအပေါ်အောက်စိုက်ကြည့်လိုက်ပြီး ဤလူကားရုပ်ရည်သွင်ပြင်ကိုကြည့်လိုက်ရင်အဆင်ပြေသော်လည်း ဘာကြောင့်မှန်းမသိ သူ့ကိုကြည့်ရတာကောက်ကျစ်ယုတ်မာပြီး စက်ဆုပ်ဖွယ်ကောင်းပုံပေါက်ကာ နောက်တစ်ခေါက်ထပ်မကြည့်ချင်အောင်ဖြစ်စေသည်ဟုခံစားမိလိုက်သည်။ သူခုနကဘယ်နေရာကမှန်းမသိရုတ်တရက်ပေါ်လာသည်ကိုတွေးမိရင်းဖြင့် ကျင်ချီးရှန်ရွံရှာသွားရကာ အောင့်ပင်မအောင့်အီးနိုင်ဘဲ လှောင်ပြုံးပြုံးကာပြောမိချေသည်။
"လင်ရှောင်းဂိုဏ်းမှာဘယ်သူမှမရှိဘူးလား။ ဓားရေးဉာဏ်ကြီးရှင်က ဘာကြောင့်များတောသားတစ်ယောက်လိုမျိုးအဆင်အခြင်မဲ့ရတာလဲ၊ တကယ့်ကိုစင်မြင့်ပေါ်မှာမရပ်နိုင်ဘူးပဲ။"
ကျန်းရွေ့သည်လင်ရှောင်းဂိုဏ်းထဲဝင်လာကတည်းက အခြားသူများကသူ၏ဇစ်မြစ်အကြောင်းပြောသည်ကိုအမုန်းဆုံးဖြစ်သည်၊ ကျင်ချီးရှန်ကသာမန်ကာလျှံကာထေ့ငေါ့ပြောလိုက်ပေမဲ့ သူပြောတာမှန်ပေသည်။
အဆုံး၌ သူဟာလည်းလင်ရှောင်းဂိုဏ်းမှလေးစားထိုက်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ပင်။ မည်မျှပင်ဝိရောဓိများရှိနေပါစေ၊ ကျင်ချီးရှန်ကအကြောင်းရင်းမရှိဘဲ သူ့ကိုဤကဲ့သို့နိုင်ထက်စီးနင်းမပြုသင့်ပေ။ ဒီတစ်ခေါက်ပုတီးစေ့ကိုပြန်ပြင်ပြီးသည့်နောက်၌ သူ့အပေါ်မှာအကျိုးသက်ရောက်မှုရှိလာသည်ကို ကျန်းရွေ့သေချာသိသွားတော့သည်။
ရှုလင်ကျားပင်ကူကယ်ရာမဲ့စွာဖြင့်သူ့ဘာသာသူရေရွတ်ပြောမိကာ ကျန်းရွေ့တစ်ယောက်ဒီကနေ့တွင်ကံမကောင်းသောဆေးဝါး(သို့)ဆူပူဆဲဆိုခံရနိုင်သည့်ဆေးပြားများသုံးဆောင်ခဲ့လားဆိုသည်ကိုသိချင်နေမိသည်။ ပုံမှန်ဆိုရင်သူဘာပြောပြော အရမ်းတွေဆွဲဆောင်မှုရှိနေတာမဟုတ်ဘူးလား။ လူတွေအကုန်လုံးကဘာကြောင့်များရုတ်တရက်ကြီးမနာလိုဖြစ်သွားကြတာလဲ။
ကျန်းရွေ့ပြောမိသည်။
"ကျင်ဂိုဏ်းချုပ်၊ ကျွန်တော်ခင်ဗျားကိုစော်ကားခဲ့မိလို့လား။ ခင်ဗျားကိုအရမ်းဘွင်းဘွင်းရှင်းရှင်းပြောမိလိုက်လို့ ခင်ဗျားသရုပ်မှန်ကိုမထိန်းထားနိုင်တော့တာလား။"
ကျင်ချီးရှန်စကားပြောလိုက်ချိန်တွင် သူဟာမောက်မာသွားသည်ကိုသူလည်းပဲခံစားမိလိုက်သည်မို့ လူငယ်တွေအကြောင်းပြောတာကဂုဏ်ကျက်သရေမဲ့သွားပေလိမ့်မည်ဖြစ်ကာ သူတန့်သွားရကာ
တစ်အောင့်ကြာသော် အကြောင်းအရာပြောင်းပြောလိုက်သည်။
"ဒါဖြင့်ရင် ဓားသမားကျန်းကိုမေးချင်တယ်။ လင်းလျန်ကကွေ့ရီဂိုဏ်းကိုဝင်လာတော့ကောဘာဖြစ်လဲ။ အဲ့ဒါကရိုးသားမှုသက်သက်ပဲ။"
"ငါတို့မှာငါတို့ကိုယ်ပိုင်ဓားရေးအရည်အချင်းတွေရှိတယ်။ ဂိုဏ်းတစ်ဂိုဏ်းက လင်ရှောင်းဂိုဏ်းရဲ့ကွန်ဖူးသိုင်းပညာကိုလေ့လာဖို့ သူ့နောက်လိုက်ရမှာလား။ ငါတို့သုံးတဲ့ဓားရေးကျင့်စဥ်ကတကယ်ပဲလင်ရှောင်းဂိုဏ်းကလာတာဆိုရင် မင်းတို့ဂိုဏ်းကလူတွေဒီနေ့ဘာလို့တစ်ယောက်ပြီးတစ်ယောက်ရှုံးနေသေးတာလဲ။"
ကျန်းရွေ့ကဆိုသည်။ "ဒါ..."
ကျင်ချီးရှန်ကရန်လိုလျက်ရှိသည်။
"သိသိသာသာကိုဓားရေးကျင့်စဥ်က ငါတို့ကွေ့ရီဂိုဏ်းဖန်တီးထားတာပဲ။ ဒါပေမဲ့လင်ရှောင်းဂိုဏ်းကနှစ်ပေါင်းများစွာကြာအောင် သူ့ကိုယ်သူအတွက်ထိန်းသိမ်းထားခဲ့တယ်။ ငါတော့ဘာကြောင့်မှန်းမသိဘူး။"
ကျန်းရွေ့မတ်တပ်ရပ်နေသည်ကိုရှုလင်ကျားမြင်လိုက်ပြီး အစကဒီကိစ္စထဲတွင်ဝင်မပါချင်ပေမဲ့ ကျင်ချီးရှန်ကရန်လိုနေပြီး ကျန်းရွေ့ကချိတုံချတုံဖြစ်နေကာဘာမှပြန်ပြောနိုင်ခြင်းမရှိသည်မို့ သူ့ကိုကြည့်ကာအသက်ရှုအောင့်ထားမိသည်။
ရှုလင်ကျားကူကယ်ရာမဲ့စွာပြောလိုက်ရသည်။
"ကျင်ဂိုဏ်းချုပ်၊ ခင်ဗျားရဲ့ဂိုဏ်းကလင်းယွဲ့က လင်ရှောင်းဂိုဏ်းရဲ့မုန့်ခုန်ကိုဒဏ်ရာရအောင်လုပ်ခဲ့တယ်။ သူကစုစုပေါင်းဓား၁၈လက်လုပ်ခဲ့တယ်၊ ပထမဆုံးဓားကလေထဲကိုလွှဲခုတ်လိုက်ပြီးတော့ သူ့ခန္ဓာကိုယ်ကဘယ်ဘက်ကိုမသိမသာယိမ်းသွားတယ်။ ကိုယ်တစ်ဝက်ကတွန်းအားကိုထုတ်လွှတ်ပြီး အခြားကိုယ်တစ်ဝက်ကပြေလျော့နေတယ်၊ ဓားကစက်ဝန်းပြတ်ပုံစံဆွဲသွားတာက ဘယ်နဲ့ညာပြောင်းပြန်ဖြစ်သွားတာကလွဲရင် ခန္ဓာကိုယ်တစ်ဝက်စီသုံးရတဲ့လင်ရှောင်းဂိုဏ်းရဲ့ဓားတိုက်ကွက်'ရွှယ့်ရီချွေ့ယွင်'နဲ့အတူတူပဲ၊ ငါးလက်မြောက်ဓားကကိုယ်အောက်ပိုင်းကိုတိုက်ခိုက်ပြီးတော့ လက်တွေ့အစစ်အမှန်ကိုဖလှယ်လို့ရတယ်..."
သူအေးစက်စက်မျက်ဝန်းတစ်စုံဖြင့်ဒီအတိုင်းရပ်ကြည့်နေခဲ့သည်မှာအလဟဿမဟုတ်ပေ။ သူကသာမန်ကာလျှံကာပြောပြလာခဲ့ကာ လင်းယွဲ့သုံးသွားသည့်လှုပ်ရှားမှုတိုက်ကွက်များကိုအသေအချာရှင်းပြသွားပြီး လင်ရှောင်းဂိုဏ်း၏ဓားရေးကျင့်စဥ်နှင့်တူညီမှု၊ ကွဲပြားမှုတို့ကိုဖော်ပြသွားသည်။ တစ်ချက်ထောက်ပြလိုက်သည်နှင့် အမှားအယွင်းနှင့်ထိန်ချန်ထားမှုမရှိသလောက်ပင်။
ရှုလင်ကျား၏စကားတို့ကြောင့် ကျင်ချီးရှန်နှင့်လင်းယွဲ့တို့၏မျက်နှာများမှာအရုပ်ဆိုးလာသည်။
ရှုလင်ကျားစကားပြောလို့ပြီးသွားသော် ကျင်ချီးရှန်ကပြောလာသည်။
"မင်းရဲ့နာမည်ပြောစမ်း။"
ရှုလင်ကျားပြောလိုက်သည်။ "ရှုလင်ကျား။"
ကျင်ချီးရှန်မိန်းမောသွားကာပြောမိသည်။
"ငါမင်းနာမည်ကိုကြားဖူးတယ်၊ ဆိုတော့မင်းကအရင်တုန်းကဓားသမားဖြစ်နေတာကိုး၊ အံ့သြစရာမရှိပါဘူးလေ။ ဒါပေမဲ့ ငါကြားတာကတော့ မင်းကလင်ရှောင်းဂိုဏ်းမှာမရှိတော့ဘူးဆို? ဘာကြောင့်များဒီမျိုးဆက်က နောက်လာမဲ့မျိုးဆက်လောက်မတော်တာလဲမသိဘူး။"
သူကတမင်ရန်စလိုက်ပေမဲ့ ထိုစကားဟာဤကဲ့သို့အခြေအနေမျိုးအောက်တွင်ပြောဖို့ရာ တကယ့်ကိုမွန်းကြပ်ဖွယ်ကောင်းလွန်းလှပေသည်။ လင်ရှောင်းဂိုဏ်းသားတို့၏မျက်နှာအမူအရာများမှာသိပ်မကောင်းလှ။
ကျင်ချီးရှန်ကတမင်စကားလမ်းကြောင်းလွှဲလိုက်ပေမဲ့ ရှုလင်ကျားကဘယ်တုန်းကမျှ"စိတ်ဝင်စားစရာကောင်းသော"လူတစ်ယောက်မဟုတ်သည်မှာသနားစရာ။ သူ့အတွက်မူ သူဟာသူ၏ဆရာသခင်ရှစ်စွင်းအရင်းခေါက်ခေါက်ကိုပင်မျက်နှာသာမပေးခဲ့ပေ။ ကျင်ချီးရှန်ကဘာမို့လို့လဲ။
သူပြောလိုက်သည်။
"ကျင်ဂိုဏ်းချုပ်၊ အခြားဂိုဏ်းကိစ္စကိုဝင်ပါနေမဲ့အစား ခင်ဗျားဘက်ကပြဿနာကိုအရင်ရှင်းကြရအောင်။ အဆုံးမှတော့ လောကကြီးထဲမှာသိုင်းသမားတွေအများကြီးရှိတာပဲလေ။ တကယ်တော့ ကျင့်ကြံရေးလောကတစ်ခုလုံးကနေ အခြားဂိုဏ်းတွေကသူတို့ရဲ့လှုပ်ရှားမှုတွေကနေပြီးတော့အသွင်ယူဖန်တီးတီထွင်ခဲ့ကြတာ။ ခင်ဗျားအတွက်ဒီလောက်ပွင့်ပွင့်လင်းလင်းရှင်းပြနေတာမဆန်းဘူး။ ဒါပေမဲ့ခင်ဗျားပိုပြီးတားမြစ်လေလေ ခင်ဗျားရဲ့အပြစ်ရှိစိတ်ကိုထုတ်ပြမိလေလေပဲ။ ကိစ္စတွေကဒီလိုဖြစ်လာမှတော့ ခင်ဗျားကျင့်ကြံတဲ့အခါကျရင်သေချာဂရုစိုက်သင့်တယ်။"
ရှုလင်ကျား၏လေသံကားထေ့ငေါ့လျက်ရှိသည်မို့ ကျင်ချီးရှန်အေးစက်စွာပြောမိသည်။
"ကောင်လေး၊ မင်းဘယ်သူ့ကိုပြောနေတာလဲ။"
သူ့ပေါ်ရှိဖိအားမှာ တောင်တစ်လုံးပိကျလာသည့်နှယ် ပြင်းထန်စွာထုတ်လွှတ်လာပြီး ရှုလင်ကျားထံခက်ထန်စွာဦးတည်လာသည်။ အနီးဆုံးတပည့်ဂိုဏ်းသားများမှာဖြူဖျော့သွားကြပြီး သူတို့နှလုံးသားမှာခြောက်ခြားသွားကြသည်။
ရှုလင်ကျားကမလှုပ်ပေမဲ့ ဓားအိမ်ထဲရှိဝေမုန့်ဓားမှာအန္တရာယ်ကိုအာရုံခံမိပြီးသားဖြစ်ကာ တဝီဝီမြည်လာပြီး သူ၏သခင်ကိုအလိုလိုကာကွယ်မိသည်။
တလက်လက်တောက်ပသောရောင်စုံခပ်ဖျော့ဖျော့အလင်းတို့မှာဓားချွန်ထဲမှထွက်လာပြီး လေထုထဲတွင်လွင့်မျောသွားကာ စိတ်ဝိညာဥ်စွမ်းအားတို့ဖြင့်ပြည့်နှက်သွားချေသည်။
ရှုလင်ကျားဖြည်းဖြည်းချင်းပြောလိုက်သည်။
"ကြည့်ရတာတော့ ကျင်ဂိုဏ်းချုပ်ကကျွန်တော်နဲ့ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်ပြီး ကျွန်တော့်စကားတွေကိုပြောင်းပြောဖို့အတင်းအကြပ်ဖိအားပေးနေတာလား။"
သူဟာတကယ့်ကိုဘာမဆိုပြောရဲနေပေရာ ကျင်ချီးရှန်အော်လိုက်မိသည်။
"မင်း---"
သူစကားပြောလို့မပြီးသေးခင် ခပ်ဖွဖွရယ်သံတစ်သံကလေထဲတွင် ငွေခေါင်းလောင်းပမာရုတ်တရက်ပေါ်လာပြီး တင်းမာနေသောလေထုကိုနှောင့်ယှက်လိုက်သည်။
တစ်စုံတစ်ယောက်ကလည်ချောင်းရှင်းကာ ကလူ၏မြူ၏အသံဖြင့်ပြောလာသည်။
"အို၊ ဒါကရွှေရောင်ခေါင်းမဟုတ်လား။ ကျွန်မရှင့်ကိုမတွေ့တာအတော်ကြာပေါ့၊ ရှင်ကပိုပိုပြီးတော့အသုံးမကျဖြစ်လာတာပဲ။ ရှင်ဘာလုပ်ရမလဲမသိလို့ရှိရင် လူငယ်တွေကိုလေထဲမြှောက်ထားလိုက်ပါလား။ ဒါကဂိုဏ်းချုပ်တစ်ယောက်မှာရှိသင့်တဲ့အကျင့်စရိုက်လား။ သတင်းပျံ့သွားရင် ရှင့်ကိုလူတိုင်းလှောင်ရယ်နေကြတော့မှာပဲနော်။"
ဤအသံကားပျော့ပြောင်းကာချိုသာနေသည်မို့ လူတော်တော်များများ၏အရိုးများကိုတမဟုတ်ချင်းပျော့ခွေသွားစေကာ အပြစ်အနာအဆာကင်းသောအလှလေးက သူ့နားထဲတွင်တီးတိုးစကားဆိုနေသယောင်ခံစားသွားရစေသည်။
သို့သော် ထိုအသံကြားရပြီးနောက်မှာ သူချက်ချင်းသတိချပ်လိုက်မိသည်။ ကျင်ချီးရှန်မော့ကြည့်လိုက်ရာ လမ်းရှည်ကြီး၏အဆုံးမှာဗလာနတ္ထိဖြစ်နေသည်ကိုမြင်လိုက်ရကာ လူအရိပ်အယောင်စိုးစဥ်းမျှရှိမနေပေ။
သူမျက်မှောင်ကြုတ်ကာမေးမိ၏။
"မင်း....မင်းလား။"
အသံကတခစ်ခစ်ရယ်မောကာပြောလာပြန်သည်။
"ကျွန်မ? ကျွန်မဘယ်သူလဲ။ အရင်တုန်းကနေ့စဥ်နေ့တိုင်းလူတွေနဲ့အတူပြေးနေခဲ့ရတာ၊ ကျွန်မနာမည်ကိုရှင်မမေ့သင့်ဘူးလေ၊ ဟုတ်တယ်မလား။"
ထိုစကားလုံးများမှာကပြက်ကချော်နိုင်ပေရာ ကွေ့ရီဂိုဏ်းသားနှစ်ယောက်မှာတစ်ပြိုင်နက်တည်းပြောမိလေသည်။
"ဘယ်သူဒီမှာပေါက်ကရစကားတွေလာပြောနေတာလဲ။"
"ရဲတင်းလိုက်တာ!"
နောက်တစ်ခဏတွင် နံရံပေါ်၌ပုံရိပ်တစ်ခုပေါ်လာသည်။
ဝတ်ရုံနီနှင့်အမျိုးသမီးတစ်ဦးဟာ နံရံကိုမှီထားလျက်သားထိုင်နေပြီး အနီရောင်နှုတ်ခမ်းနှင့်ဖီးနစ်မျက်ဝန်းတစ်စုံ၊ ဆံနွယ်အနက်နှင့်ရွှေရောင်ဆံထိုးထိုးထားကာ လှပတင့်တယ်သောပုံရိပ်နှင့်မက်မွန်ပွင့်မျက်ဝန်းတို့ရှိသည်။ သူမ၏မျက်နှာကားမိန်းမငယ်လေးပမာနူးညံ့လျက်ရှိသည်။ သို့သော် သူမမျက်ခုံးနှင့်မျက်လုံးကြားရှိရမ္မက်လျှမ်းသောခံစားချက်မှာနေရာအနှံ့မြင်နိုင်ပုံပေါ်သည်။ လူသားတို့၏တဏှာရာဂမှာ အသက်ကိုခန့်မှန်းဖို့မဖြစ်နိုင်အောင်လုပ်လျက်ရှိသည်။
ကျင်ချီးရှန်၏မျက်နှာကားအနည်းငယ်ပြာနှမ်းသွားရကာ တစ်အောင့်ကြာသော်ပြောလိုက်မိသည်။
"မင်ချီ၊ တကယ်ပဲမင်းကိုး။"
ဤလှပသောအမျိုးသမီးဟာ မေ့မြောရာမှနိုးထလာသည့် ချင်းချိုးမြေခွေးဖြူမျိုးနွယ်စုဂိုဏ်းချုပ်မင်ချီဖြစ်ပေ၏။
မင်ချီက"ဟေ့"ဟုဆိုကာပြောလာသည်။
"ရှင်ကျွန်မကိုသိနေတုန်းပဲ၊ မဆိုးပါဘူး။"
သူမကစကားပြောနေရင်းဖြင့် ခြေထောက်ခါလိုက်သည်ကိုသူမမြင်လိုက်ပေ။ လျှပ်တပြက်အတွင်း၌ သူမဟာကျင်ချီးရှန်ထံရောက်လာပြီး သူ့ကိုတစ်ချက်ကြည့်ကာ ချက်ချင်းစိတ်ပျက်လက်ပျက်ပြောမိသည်။
"ရှင်တော်တော်လေးအိုစာသွားပြီပဲ၊ မုတ်ဆိတ်တွေလည်းမရိတ်ထားဘူး။ ရှင့်ကြည့်ရတာတကယ်ပင်ပန်းပြီးနာမကျန်းဖြစ်နေတဲ့ပုံပဲ။ အင်း၊ လူတွေကအိုသွားကြမှာပဲမလား။"
ကျင်ချီးရှန်မျက်နှာမှာတစ်အောင့်မျှ ပြာနှမ်းကာဖြူရော်သွားပြီး စိတ်ထဲကကျိန်ဆဲလိုက်မိပေမဲ့ ပြန်လည်မချေပနိုင်ပေ။ ဒီမိစ္ဆာမကိုဒီနေ့တွေ့လိုက်ရတော့ သူရှစ်ဘဝစာကံဆိုးနေသလားဟုတွေးမိသွားသည်။
မင်ချီကားလွန်ခဲ့သောနှစ်ရာပေါင်းများစွာကကဲ့သို့ဆက်ဆံရခက်ခဲနေဆဲပင်။ သူမသည်ဇီဇာကြောင်ကာ စိတ်အပြောင်းအလဲလွယ်ပြီး တစ်ခါတရံအကျင့်ပုတ်ကာ စာနာစိတ်မရှိပေ၊ တစ်ခါတစ်ခါကလူ၏မြူ၏လုပ်တတ်ပြီး ပေါကြောင်ကြောင်နိုင်ပေမဲ့ ပြဿနာသွားရှာလို့်မရပေ။
သို့သော် သူမကမျိုးနွယ်စုခေါင်းဆောင်ဖြစ်နေသည်ကိုမပြောနှင့်၊ သူမကလှတုန်းပတုန်းဖြစ်ပေရာ သူမစကပ်အောက်တွင်အကြီးအကဲများစွာရှိနေသည်မို့ သာမန်လူများကအမျိုးသမီးများနှင့်ပတ်သတ်၍ အနှောင့်အယှက်ပေးရန်မတတ်နိုင်သကဲ့သို့ အရေးလည်းမစိုက်နိုင်ကြပေ။ သူတို့သည်သူမကိုပထမဆုံးတွေ့ချိန်တုန်းက အသက်ရှုအောင့်ရုံသာတတ်နိုင်သည်။
ကျင်ချီးရှန်ငယ်စဥ်တုန်းက မင်ချီကိုတွေ့သွားကာ တစ်ခဏအတွင်းစိတ်လှုပ်ခတ်သွားခဲ့ပေမဲ့ ဤအခိုက်အတန့်၌မူ သူမဟာထိုနှစ်တုန်းကအရှက်ရဖွယ်ကိစ္စများယူဆောင်လာမည်ကိုသူစိုးရိမ်မိသည်မို့ အပြန်အလှန်မကြည့်မိအောင်ကြိုးစားနေရကာ ခပ်တည်တည်ပြောလိုက်သည်။
"မင်မျိုးနွယ်စုခေါင်၊ ခင်ဗျားကိုကျုပ်လာဖို့ပြောမိလို့လား။ ခင်ဗျားဒီမှာဘာလာလုပ်တာလဲ။"
မင်ချီကပြုံးကာဖြင့် သူမဆံပင်ကိုဂရုမစိုက်စွာပွတ်သပ်လျက်ပြောလိုက်သည်။
"ကျွန်မရှင့်ကိုလွမ်းလို့ တစ်ချက်လာကြည့်တာရယ်။ ဒါပေမဲ့ရှင့်မျက်နှာကိုကြည့်နေရင်းနဲ့ အို ကျွန်မဒီကိုလာတာအလာဟဿဖြစ်သွားတာပဲ။"
သူမပြောသည့်စကားများထဲတွင် မရေရာမပြတ်သားသည့်စကားလုံးစိုးစဥ်းမျှမရှိပေ။ သူ့ကိုလူတွေအများကြီးတိတ်တခိုးကြည့်နေသည်အားကျင်ချီးရှန်ခံစားမိကာ မင်ချီနှင့်စကားမပြောသင့်တော့ကြောင်းသဘောပေါက်သွားသည်။
သူသည်မင်ချီ၏စကားများကိုမကြားချင်ယောင်ဆောင်ကာပြောလိုက်၏။
"ဒီနေ့မစောတော့ဘူး၊ ငါကျိုးကြောင်းမဆီလျော်တဲ့လူငယ်တွေနဲ့စကားမများချင်ဘူး။ မင်းတို့တွေခေါင်းမာနေမှတော့ အမှန်တရားကိုမြင်အောင်တွန်းအားပေးရမဲ့အချိန်ရောက်ပြီပဲ။"
လက်ရှိအဖြစ်အပျက်ကအလွန်ရှုပ်ယှက်ခတ်နေသည်မို့ သေချာပေါက်ကိုတိုက်ခိုက်ရန်မဖြစ်နိုင်ပေရာ မနက်ဖြန်ဓားစမ်းသပ်ရေးညီလာခံ၏ပြိုင်ပွဲစင်မြင့်ပေါ်မှာအချိန်းအချက်လုပ်တာကပိုကောင်းပေသည်။ ရှုလင်ကျားနှင့်လင်းယွဲ့မှာအချင်းချင်းကြည့်လိုက်ကြပြီး လင်းယွဲ့ကသူ့ကိုခေါင်းငြိမ့်ပြကာဆိုသည်။
"ရှုသခင်လေး၊ ကောင်းကောင်းအနားယူထားပါ။"
ရှုလင်ကျားအေးစက်စက်ဖြင့်နှုတ်ခမ်းတင်းတင်းစေ့ကာ သူ့ကိုဥပေက္ခာပြုထားလိုက်သည်။
ကွေ့ရီဂိုဏ်းမှာကရုဏာမဲ့စွာစကားပြောလို့ပြီးသွားသည့်နောက်၌ ခက်ခက်ခဲခဲမျက်နှာအဖတ်ဆယ်လိုက်ရကာ ထိုအုပ်စုမှာအနောက်ပင်လှည့်မကြည့်ဘဲ ခပ်သုတ်သုတ်ထွက်သွားကြသည်။
ထို့နောက်မှသာလျှင် မင်ချီကအနောက်လှည့်ကာရှုလင်ကျားကိုအပေါ်အောက်ကြည့်၍မေးလာသည်။
"မင်းနာမည်ကဘာလဲ။"
တစ်ယောက်ယောက်သာသူ့ကိုထိုကဲ့သို့မေးလာလျှင် ရှုလင်ကျားဖြေမှာမဟုတ်လောက်။ သို့သော် ဤစကားမှာမင်ချီကပြောလာခြင်းပင်။ လေသံကမယဥ်ကျေးသည့်တိုင် လူတွေကိုပဋိပက္ခဖြစ်အောင်မလုပ်နိုင်ဘဲ အလွန်ရိုးသားပွင့်လင်းပုံပေါက်လေသည်။ ရှုလင်ကျားသူမကိုဖြေလိုက်သည်။
မင်ချီကသူ့အကြောင်းအရမ်းသိချင်နေသည့်အလားခေါင်းငြိမ့်ကာမေးလာသည်။
"ဒါဆို မင်းရဲ့ဓားပေါ်ကဓားချွန်ကဘယ်ကလာတာလဲ။"
သူမကဓားချွန်အကြောင်းပြောလာသည်ကိုကြားလိုက်ရရင်း ရှုလင်ကျားအောက်ငုံ့ကြည့်လိုက်မိပြီး ထို့နောက်ဤဓားချွန်ဟာမင်ချီ၏ဓားချွန်ဖြစ်နေသေးကြောင်းသတိရသွားကာ ၎င်းမှာမင်ရှောင်းတစ်ယောက်ချင်းချိုးကထွက်သွားချိန်တွင်သူ့ကိုပေးခဲ့ခြင်းဖြစ်သည်။
ခုနကသူသည်၎င်းကိုကာကွယ်ရန် ဓားချီစွမ်းအားကိုထုတ်လိုက်မိသည်မို့ ဓားချွန်ဟာလည်းအရှိန်အဝါထုတ်လွှတ်လာသည်။ မင်ချီကရင်းနှီးသောအရှိန်အဝါကိုအာရုံခံမိပေရာ သူမလာစစ်ဆေးကြည့်ချိန်တွင် ကျင်ချီးရှန်ကဒေါသထွက်ကာပြေးသွားတော့သည်။
Advertisement
- In Serial11 Chapters
+1
When a brand new VMMORPG is released, Luke and his friend Alex are determined to conquer the game. Endless is a game developed by the Lucky Day Corporation. It promises endless content thanks to it's omnipotent AI who functions as God inside of the game. Players are promised that anything they want to be, anything they aim to do will be possible. Endless is planned to be exactly what it's called Endless.
8 101 - In Serial13 Chapters
Stake
A King's grief, fueled by the loss of his Queen and their stillborn son, has created a shift in the natural balance of the world. Driven to madness by the whispers of a malevolent entity, the King unleashes a plague across his Kingdom, which seeks to spread across the neighbouring lands until all nation's citizens are consumed by darkness. The plague awakens a deep hunger in those tainted to consume the blood of those who remain uninfected. From the ashes of the old world, a new world order has arisen to unify the fallen kingdoms under the banner of one ruler, the Queen of the Night. Centuries later, the story follows the tale of Sol, orphan son of the last hero of the human resistance. A twist of fate unites him with a few unlikely vampire slayers. The group unintentionally throw the Queen's plans into disarray on the night of her envoy's arrival. Now they must band together, utilising their wits and resources to undermine the entire operation simply to survive. Proud to be the first story edited by the rep king of RR himself, msng! Drauku has also teamed up to make the ultimate editing duo!
8 69 - In Serial32 Chapters
Ashen Skies
Father. Allfather. He who was crowned twice. It has been ages since you have ascended. Since you were crowned with godhood for a second time. Since you have left an empire for us to dwell in, to defend. I yearn for an answer; why have you forsaken us! With you gone, your people have grown weak, complacent, and proud. Proud of who they are, proud of their blood. That pride blinds their eyes and clouds their minds. They are fools, for they have forgotten the ways of the past. They have forgotten the fears of old. The one you had to bind until the end of the time. They have forgotten the dark beast with red jewels for eyes. The Wargr gnaws the walls of his cage even now as I write. Itching for the taste of blood. I ask for forgiveness, for until a while ago I too was one of them. I thought I saved your children from the foretold doom. I now realize the hordes of foes we buried were just like us. No fearsome beasts, no harbingers of doom. Mortals of different flesh, different kind. But I am awakened from that dream now. I see it. Every time I close my eyes, I see it. The cold descends as the Dark walks the land, And the crimson stars shine beneath, as the ashen storm claims the realm. I hear the beast roar as the chains of Rukh crack, Only then I know. Only then I realize. That it’s the end. Descend to earth one more time. Save the puny souls that are us. If not, if you let my dreams come true; then will all die under an ashen sky. Leol, a son of Vaella
8 133 - In Serial7 Chapters
Unlimited Phantasm
DEATH While there is a difference as to when a person or object will "end," it is certain that they will all arrive at that point because death is not something that "arrives," but rather is something already contained within an object at its creation and certainly bound to happen as part of the principle of causality.
8 129 - In Serial21 Chapters
Muichiro Tokito x Reader
What will happen if the reader is almost as blunt and forgetful as Muichiro Tokito. Will they be good friends or will they find love? Find out more in this story as the adventure is a story of sadness, love, adventure and action !I hope you enjoy !Little note : This will not be a lemon you will both be underaged anyways
8 98 - In Serial12 Chapters
Alice in Wonderland
Elementary
8 202