Advertisement
!unicode!
လွန်ခဲ့သောရက်အနည်းငယ်အတွင်းတွင် ကျန်းရွေ့မှာလည်းစိုးရိမ်နေခဲ့သည်။
သူ့လက်ကောက်ဝတ်ပေါ်ကပုတီးစေ့ဝိညာဥ်နိုးထလာကတည်းက သူသည်အကူအညီရရှိခဲ့ကာ ဓားစမ်းသပ်ရေးညီလာခံ၌ အဆုံးစွန်ထိကြိုးစားအားထုတ်ခဲ့ပေ၏။ လူအများစုကသူ၏ခွန်အားကိုမြင်သွားကာ သူဟာလည်းဂုဏ်သတင်းတချို့ရရှိလာခဲ့သည်။
ဤသည်အတွက်ကျန်းရွေ့ပျော်ရွှင်နေသင့်သည့်တိုင် ဖန်တင်းကိုရှုလင်ကျားနိုင်သွားပြီးနောက်မှာ ပုတီးစေ့ပေါ်ကအက်ရာကိုသူမြင်လိုက်ရပြီး ပျော်ရွှင်မှုအလုံးစုံမှာလည်းတမဟုတ်ချင်းပျက်ပြယ်သွားခဲ့သည်။
ကျန်းရွေ့မှာအနားယူလိုသည့်စိတ်အခြေအနေမရှိပေ။ သူကတောင်အောက်ဆင်းကာမြို့ကိုလာ၍ ဤပုတီးမျှင်ကိုပြင်နိုင်သည့် ကျွမ်းကျင်လက်သမားဆရာရှိမရှိသွားရောက်ရှာဖွေချင်သည်။
သနားစရာကောင်းသည်မှာ သူသည်ဆိုင်ပေါင်းမြောက်မြားစွာသွားရောက်ခဲ့သော်လည်း လူတိုင်းကယင်းကိုမြင်ပြီးနောက်တွင် သူတို့ဟာသတ္ထုအမျိုးအစားကိုမဆန်းစစ်နိုင်သောကြောင့် အကျွမ်းကျင်ဆုံးလက်သမားများပင်လျှင်ဘာမှလုပ်ပေးနိုင်မည်မဟုတ်ကြောင်း သူ့အားစိတ်မကောင်းစွာပြောလာသည်။
သူ့ပတ်လည်ရှိဂိုဏ်းတူညီအစ်ကို၊မောင်နှမများမှာစကားစမြည်ပြောနေကြပေမဲ့ ကျန်းရွေ့တစ်ယောက်ကတော့ဖြင့် ဘာလုပ်ရမည်မှန်းမသိတော့ဘဲ သူ၏စိတ်ဝိညာဥ်စွမ်းအားကိုသုံးကာ ပုတီးစေ့ဝိညာဥ်ကိုတိတ်တခိုးစကားပြောလိုက်သည်။
"ချန်ပေ့၊ ဒီပုတီးစေ့ကခင်ဗျားရဲ့စွမ်းအားတွေအတွက် အကူပစ္စည်းသက်သက်ပဲမလားဟင်။" ကျန်းရွေ့ကမေးသည်။
"တကယ်လို့ဒီထက်ပိုကောင်းတဲ့ပုတီးစေ့မျှင်ကိုကျွန်တော်ရှာပေးနိုင်လို့ရှိရင် ခင်ဗျားအဲ့ဒီ့ကိုရွှေ့ပြောင်းလို့ရလား။"
ပုတီးစေ့ဝိညာဥ်ကပြက်ရယ်ပြုသည်။
"ငတုံး၊ မင်းကဒီလိုလည်းပြောတတ်တယ်ပေါ့။ ငါသာအပြင်ထွက်လို့ရရင် ဒီပုတီးထဲမှာရှိအုံးမလား။ ပုတီးစေ့ပြတ်သွားလို့ရှိရင် ငါလည်းပဲပျောက်ကွယ်သွားမှာ၊ ပြီးရင်မင်းကိုကူညီမဲ့လူဘယ်သူမှရှိမှာမဟုတ်တော့ဘူး၊ မင်းကိုယ်မင်းကံကောင်းဖို့ဆုတောင်းနေရတော့မှာ။"
ကျန်းရွေ့ကဆိုသည်။
"တကယ်ပဲအခြားနည်းလမ်းမရှိတော့ဘူးလား။ ချန်ပေ့လမ်းညွှန်ပေးနေသရွေ့ ကျွန်တော်သေချာပေါက်ကိုကြိုးစားပေးမှာပါ။"
ပုတီးစေ့ဝိညာဥ်ကပြောလာသည်။
"ပုတီးစေ့ဒီလိုဖြစ်သွားတာက ငါမင်းကိုကူညီဖို့ကံကောင်းမှုတချို့ယူခဲ့လို့ပဲ၊ ဒါပေမဲ့မင်းကကံကောင်းမှုကိုမထိန်းသိမ်းထားဘဲ အခြားလူတွေဆီစီးဆင်းခွင့်ပေးလိုက်တယ်လေ။ မင်းပြန်ကောင်းချင်ရင် ငါ့ကိုကံကောင်းမှုတချို့ပြန်ပေးလိုက်ရုံပဲ။"
ကျန်းရွေ့တစ်အောင့်မျှချိတုံချတုံဖြစ်သွားမိသည်။
"ဒါဆိုကျွန်တော်..."
ပုတီးစေ့ဝိညာဥ်ကအေးစက်စက်ဆိုသည်။
"ငါ့အကူအညီနဲ့မှသာ မင်းမျက်နှာကောင်းရပြီးကံကောင်းမှုပိုပြီးရလာမှာ။ အရာရာတိုင်းမှာတန်ရာတန်ကြေးရှိတယ်၊ မင်းကအခွင့်ကောင်းယူဖို့ပဲတွေးနေတာမဟုတ်ဘူးမလား။"
အမှန်ပင်၊ သူခိုးယူခဲ့သည့်ကံကောင်းမှုကား တကယ်ပြန်လည်ယူသွားခံရနိုင်ကြောင်း ကျန်းရွေ့ယခုသဘောပေါက်သွားခဲ့သည်။ ၎င်းကိုတစ်ခါတည်းတားလို့ရမည့်အကောင်းဆုံးနည်းလမ်းမှာ ရှုလင်ကျားကိုဖယ်ရှားခြင်းပင်။
ဤသည်ကိုလုပ်ဖို့ရန် ပုတီးစေ့ဝိညာဥ်၏အကူအညီကိုလိုအပ်သည်။ ထို့အပြင် ဤပုတီးစေ့မျှင်ဟာလည်း သူ့ကိုတစ်ချိန်လုံးကူညီပေးခဲ့သည်။ ထိုသူ့ကြောင့်မဟုတ်ရင် သူဟာတောထဲတွင်သစ်ခုတ်နေရအုံးမည်ပင်။
ကျန်းရွေ့ဆုံးဖြတ်ချက်ချလိုက်သည်။
"ကောင်းပြီ။"
သူသည်ပုတီးစေ့ဝိညာဥ်၏စကားများအရ သူ၏လက်ချောင်းထိပ်ကိုကိုက်၍ အက်ရာပေါ်တွင်သွေးစက်အနည်းငယ်ချလိုက်၏။
ထို့နောက် မှေးမှိန်သွားသောပုတီးစေ့များမှာပြန်မလင်းလာသည့်တိုင် အက်ရာမှာတကယ်ပျောက်သွားပြီး အကောင်းပကတိပြန်ဖြစ်သွားကာ သူ၏ခန္ဓာကိုယ်မှာလည်းဆိုးဆိုးဝါးဝါးမဖြစ်တော့သည်ကို ကျန်းရွေ့မြင်လိုက်ရကာအံ့အားသင့်သွားမိသည်။
ဒါကိုမြင်လိုက်ရရာ သူ့နှလုံးသားထဲတွင်ရက်အနည်းငယ်ကြာတစ်ဆို့နေခဲ့သည့်အစိုင်အခဲအများစုမှာအောက်ကျသွားခဲ့သည်။
သူ့ဘေးရှိရှစ်တိကသူ့ကိုပြောလာသည်။
"ကျန်းရှစ်ရှုန်း၊ ခြေလှမ်းတွေကိုကြည့်ပါအုံးဗျ၊ ကျွန်တော်တို့တွေစားသောက်ဆိုင်ထဲဝင်တော့မယ်နော်။"
ကျန်းရွေ့ဟာသူ့အတွက် လေးနက်သောပြဿနာကိုဖြေရှင်းပြီးသွားပေရာ စိတ်အခြေအနေပိုကောင်းလာခဲ့သည်။ သူကအပြုံးတစ်ပွင့်နှင့်သဘောတူကာ လူတစ်စုနှင့်အတူစားသောက်ဆိုင်ထဲဝင်လာလိုက်သည်။
သူတို့ဝင်လာပြီးနောက်၌ စားသောက်ဆိုင်ထဲတွင်ထိုင်နေကြသည့်တပည့်ဂိုဏ်းသားအများအပြားကိုမြင်လိုက်ကြရပြီး ထိုအနက်မုန့်ခုန်နှင့်မင်ကျန့်တောင်ထွတ်လက်အောက်ကဖြစ်ပုံရသည့်အခြားဂိုဏ်းသားများလည်းပါဝင်သည်။
နှစ်ဖက်စလုံးမှာအချင်းချင်းအပြန်အလှန်ကြည့်မိကြပြီး နှုတ်ခွန်းဆက်စကားမဆိုကြပေ။
ကျန်းရွေ့တန့်သွားကာ သူတို့နှင့်ဝေးသည့်အခြားစားပွဲရှေ့တွင်ထိုင်လိုက်သည်။
မုန့်ခုန်ဘက်၌၊ ငယ်ရွယ်သောဂိုဏ်းသားတစ်ယောက်ကဆိုလာသည်။
"ကျွန်တော့်အထင် ကျန်းရှစ်ရှုန်းမှာလင်းယွဲ့ကိုရှင်းပစ်ဖို့နည်းလမ်းရှိလောက်တယ်။ သူကအရမ်းကိုလျင်မြန်တဲ့အရှိန်နဲ့ကျော်ကြားလာပြီးတော့ ဒီတစ်ခေါက်မှာလည်းတစ်ဟုန်ထိုးတိုးတက်လာတယ်လေ။ ကျွန်တော်တို့သူ့ကို...သွားမေးကြည့်ကြမလားဟင်။"
သူဒါကိုပြောပြီးသော် သူ့နံဘေးတွင်တိတ်ကျသွားပြီး မည်သူကမျှသဘောမတူကြပေ။
ရှုလင်ကျားကိုသတ်လိုသည့်ကျန်းရွေ့၏ရည်ရွယ်ချက်ပေါ်သွားကတည်းက ဂိုဏ်းထဲရှိဂိုဏ်းသားအများစုမှာသူ့ကိုရှောင်သွားကြပြီး စုန့်ယွင်နှင့်မုန့်ခုန်ကဲ့သို့သောမင်ကျန့်တောင်ထွတ်မှတပည့်ဂိုဏ်းသားများပင် သူနှင့်အဆက်အဆံမလုပ်ကြတော့ဘဲ တစ်ယောက်နှင့်တစ်ယောက်စကားမပြောကြပေ။ ပြောစရာမလိုဘဲ ဆက်ဆံရေးကား အလွန်တင်းမာလျက်ရှိသည်။
ဟုတ်တာပေါ့၊ ကျန်းရွေ့အပေါ်ဟယ်ဇီကျိုး၏နှစ်သက်မှု၊ ကျန်းရွေ့၏အရည်အချင်းကိုမြင်ခဲ့ကြသည့်လူနည်းစုရှိသေးကာ ကျန်းရွေ့ကိုမျက်နှာချိုသွေးလျက်ဝန်းရံနေကြဆဲပင်။ ခုနကလေးတင် ကျန်းရွေ့နှင့်အတူဝင်လာသောဂိုဏ်းသားအနည်းစုလည်းပါဝင်သည်။
ထိုဂိုဏ်းသားပြောပြီးသွားသော် မည်သူမျှစကားမပြောသည်ကိုမြင်လိုက်ရရင်း သူရှက်တက်တက်ပြောလိုက်မိသည်။
"ကျွန်တော်ပြောတာက သူ့ကိုမျက်နှာချိုသွေးမြှောက်ပင့်ဖို့ပြောတာမဟုတ်ဘူး၊ ပြင်ပရန်သူနဲ့ထိပ်တိုက်မရင်ဆိုင်ခင် လူတိုင်းနည်းနည်းလေးပူးပေါင်းလိုက်ရင်ပိုကောင်းမယ်လို့ပြောချင်တာ၊ ဒီလိုအတွင်းပိုင်းပဋိပက္ခကတော့ ကျွန်တော်အမြဲခံစားမိတာက...အင်း၊ ထားလိုက်ပါတော့၊ မသွားချင်ဘူးဆိုရင်လည်း မသွားတော့ပါဘူး။"
တစ်အောင့်ကြာသော် စုန့်ယွင်ကပြောလာသည်။
"ငါ့အထင်ကတော့ ငါတို့တွေအရင်ဆုံးရှင်းဇုန်ကဝူရှစ်ရှုန်းရဲ့ဒဏ်ရာတွေကိုသွားကြည့်ရင်ပိုကောင်းမလားလို့? မင်းတို့အဲ့ဒီ့ကဂိုဏ်းသားတွေနဲ့လည်းတိုင်ပင်လို့ရတယ်လေ။ ငါတို့တွေဂိုဏ်းနှစ်ခုလုံးရဲ့ဓားရေးသိုင်းပညာကိုဖလှယ်ပြီးတော့ ငါတို့ရဲ့ဓားရေးကိုတတ်နိုင်သလောက်တိုးတက်အောင်ကြိုးစားကြမယ်။ အဲ့ဒါဆိုရင် ငါတို့သန်မာလာပြီးတော့ အထုအရိုက်ခံရမှာမဟုတ်တော့ဘူး။ ပြီးတော့ အဲ့ဒီ့မှာယင်းရှစ်ရှုန်းနဲ့အခြားသူတွေလည်းရှိနေတယ်လေ?"
မုန့်ခုန်ကဆိုသည်။
"အမှန်ပဲ။ တကယ့်တကယ်အဆင့်ချင်းယှဥ်ကြည့်ရင် လင်းယွဲ့နဲ့ဝူရှစ်ရှုန်း၊ ယင်းရှစ်ရှုန်းနဲ့အခြားသူတွေကအလယ်အလတ်အဆင့်မှာပဲရှိတာ၊ ဒါပေမဲ့သူ့ရဲ့ဓားရေးကအရမ်းကွဲပြားခြားနားတယ်၊ ရှင်းဇုန်လိုမဟုတ်ဘူး၊ သူကအဲ့ဒီ့ဓားကိုအက်ရာထင်အောင်လုပ်ဖို့နည်းလမ်းရှာတွေ့သွားတာနဲ့ ပြီးရင်..."
သူပြော၍မပြီးသေးခင် တစ်စုံတစ်ယောက်ကအပြုံးတစ်ဝက်နှင့်ပြောလာသည်ကိုကြားလိုက်ရပေသည်။
"ပြီးရင်ဘာဖြစ်လဲ။"
ရှုလင်ကျားဟာလည်း ထိုအချိန်တုန်းကပြိုင်ပွဲစင်မြင့်ပေါ်မှာလင်းယွဲ့သုံးခဲ့သည့် ဓားလှုပ်ရှားမှုတိုက်ကွက်များကို ပြန်တွေးကြည့်လိုက်မိပြီး သူတို့နှင့်မုန့်ခုန်၏စကားဝိုင်းနှင့်ပတ်သတ်၍ တစ်ခုခုမှားနေသယောင်ခံစားမိခဲ့သည်။ သူဘာမှမပြောဘဲ သာမန်ကာလျှံကာနားထောင်နေမိသည်။
ဤအခိုက် သူခေါင်းမော့၍ အပြင်ကိုကြည့်လိုက်ရာ ၎င်းမှာကွေ့ရီဂိုဏ်းကလူများဖြစ်ပြီး လင်းယွဲ့နှင့်ချီကွမ်းယာတို့ကဦးဆောင်လာကာ စားသောက်ဆိုင်ထဲဝင်လာပေသည်။
ထိုစဥ် စနစ်ပေါ်ထွက်လာကာ အသိပေးလာသည်။ [အဓိကဇာတ်ဆောင်နဲ့ပတ်သတ်ပြီး အဓိကဇာတ်ကြောင်းလာနေပါပြီ။]
ရှုလင်ကျားပြောလိုက်သည်။ "ဘာလဲ။"
ဤဇာတ်ကြောင်းကား သူနှင့်အနည်းငယ်မျှသာသက်ဆိုင်သောကြောင့် သူဟာ၎င်းကိုလော့ခ်ဖြည်ဖို့မည်သည့်တာဝန်မျှလုပ်စရာမလိုဘဲ စနစ်ကဒီအတိုင်းစာပိုဒ်တစ်ပိုဒ်ထုတ်ပြလာသည်။
ကြည့်ရသည်မှာ ဤဇာတ်ကြောင်းဟာ မူလဇာတ်လမ်းထဲတွင် အဓိကဇာတ်ဆောင်ကျန်းရွေ့အတွက် နောက်လိုက်အသစ်များကိုဆွဲဆောင်ရန် အထူးစီမံပေးထားပုံရသည်။
ရက်စက်ကာအကြင်နာတရားကင်းမဲ့သောလင်းယွဲ့သည် လင်ရှောင်းဂိုဏ်းကိုအရှက်ရစေချင်သည်မို့ ကျန်းရွေ့နှင့်ပဋိပက္ခဖြစ်ခဲ့၏။
သူတို့နှစ်ဦးအနက် ရှုလင်ကျားမည်သူ့ကိုမျှမမြင်ချင်ပေ။ သူတို့ဟာအချင်းချင်းနှစ်သက်ရန်လိုလိုလားလားရှိကြသည်။ သူဒါကိုဂရုမစိုက်ချင်ပေမဲ့ လင်းယွဲ့ကဇာတ်အိမ်ထဲတွင်"လင်ရှောင်းဂိုဏ်းကိုအရှက်ရစေချင်ကြောင်း"ကြားလိုက်ရသော် ရှုလင်ကျားမနေနိုင်ဘဲပြတင်းပေါက်မှတစ်ဆင့် ထိုလားရာကိုလှမ်းကြည့်မိသည်။
လင်ရှောင်းဂိုဏ်းထဲရှိလူအားလုံးထဲတွင် ကျန်းရွေ့မှအပ လင်းယွဲ့ကိုတားနိုင်သည့်သူတစ်ဦးမျှမရှိကြောင်း ရှုလင်ကျားကောင်းကောင်းကြီးသိသည်။ ဤလူကားလင်ရှောင်းဂိုဏ်းကိုခွေးရူးတစ်ကောင်ပမာလိုက်ကိုက်နေပေမဲ့ ဘာလုပ်ရမလဲ၊ ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာကိုတော့မသိပေ။
မျက်နှာထက်၌အပြုံးတစ်ပွင့်ရှိနေသည့်လင်းယွဲ့ကိုမြင်လိုက်ရရင်း သူကချီဇုန်ဂိုဏ်းသားများထံအရင်ဆုံးတည့်တည့်မတ်မတ်လျှောက်သွားကာ သူတို့စားပွဲရှေ့တွင်ရပ်၍ထပ်မေးလာသည်။
"ငါဒီတစ်ခေါက်ရှင်းဇုန်ကိုနိုင်သွားတာကို မင်းတို့အကုန်လုံးမကျေမနပ်ဖြစ်နေကြတာလား။"
လူတိုင်းမှာသူ့မျက်နှာကိုမြင်လိုက်ရသော် ရင်ထဲတွင်ချမ်းစိမ့်သွားကြသည်။
သို့သော် မည်သို့ပင်ဖြစ်စေ မင်းတို့ရှုံးလို့မရပေ။ မုန့်ခုန်ကဆိုသည်။
"မင်းဘယ်လိုနိုင်ခဲ့လဲ မင်းသိပါတယ်။"
လင်းယွဲ့ကပြောသည်။
"အိုး? ငါလှည့်စားခဲ့လို့လား၊ အစီအစဥ်ကောချခဲ့မိလို့လား။ ငါ့အရည်အချင်းကသူများတွေလောက်မကောင်းတော့ ငါဆင်ခြေဆင်လက်တွေပေးနေရမှာလား။ ဒါကလင်ရှောင်းဂိုဏ်းရဲ့ပြုစုပျိုးထောင်ပုံလား။"
စုန့်ယွင်ကမုန့်ခုန်ကိုလှမ်းဆွဲကာ ရှေ့တစ်လှမ်းတိုး၍ပြောလာသည်။
"လင်းတောက်ကျန့်၊ အရာအားလုံးကအဲ့ဒီ့မှာတုန်းကသိသာနေတာပဲကို၊ ခင်ဗျားဇဝေဇဝါဖြစ်ချင်ယောင်ဆောင်မနေပါနဲ့။ ဝူရှစ်ရှုန်းကခင်ဗျားကိုဘာမှမလုပ်နိုင်ရင်တောင်မှ ခင်ဗျားသူ့ကိုတိုက်ခိုက်တာကအဆင်ပြေတယ်။ ဒါပေမဲ့ခင်ဗျားဘာလို့အဲ့လောက်ကောက်ကျစ်ယုတ်မာတဲ့နည်းလမ်းကိုသုံးပြီးတော့ သူ့ကိုဘာလို့အရှုံးပေးခွင့်မပြုခဲ့တာလဲ။ ခင်ဗျားတို့ကြားမှာမကျေနပ်ချက်ကော၊ အမုန်းတရားကောမရှိပါပဲနဲ့ ကျော်ကြားတဲ့ဂိုဏ်းသားတစ်ယောက်အနေနဲ့ ခင်ဗျားကသူ့ကိုသေစေချင်နေတာလား။"
"လူသတ်တယ်? သူမသေဘူးဆိုတာငါမှတ်မိပါသေးတယ်၊ ဟုတ်တယ်မလား။"
လင်းယွဲ့ကဆိုသည်။
"မင်းတို့တွေတစ်ခုပဲသိထားဖို့လိုတယ်၊ ငါသာသူ့ကိုအချိန်မဆွဲထားခဲ့လို့ရှိရင် သူလဲကျသွားတာကြာပြီ။ အဲ့လိုစောစောလဲကျသွားတာကပိုပြီးရှက်စရာမကောင်းဘူးလား။ ဒီလိုလုပ်ပေးတဲ့အတွက်မင်းတို့ငါ့ကိုကျေးဇူးတောင်တင်သင့်သေးတယ်။"
မုန့်ခုန်ကပြောသည်။
"မောက်မာလိုက်တာ။"
"တကယ်လား။"
လင်းယွဲ့ကအပြုံးတစ်ပွင့်ဖြင့်ပြောလာသည်။
"ဒါဖြင့်ရင် ငါဓားမသုံးဘဲ မင်းတို့ကိုငါရဲ့အရည်အချင်းအစစ်အမှန်နဲ့ဆုံးမပေးလိုက်မယ်။ မင်းတိုက်ရဲလား။ ဒါမှမဟုတ် မင်းတို့ပူးပေါင်းတိုက်ခိုက်ချင်လား။"
စကားဝိုင်းကဒီအထိရောက်ရှိလာသည်။ မင်းသာမတိုက်ခိုက်ရဲလို့ရှိရင် တကယ့်ကိုပြက်ရယ်ပြုစရာဖြစ်လာလိမ့်မည်။
မုန့်ခုန်အံကြိတ်ကာပြောလိုက်သည်။
"ဘာလို့မရရမှာလဲ!"
စုန့်ယွင်မှာသူ့ကိုတားချင်ပေမဲ့ သူ့လက်ကမုန့်ခုန်ပါးစပ်လောက်မမြန်ပေ။ တစ်ဖက်လူပြန်ပြောလိုက်တာကိုကြားလိုက်ရရင်း သူအရမ်းစိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။
သူဘယ်လိုလုပ်ပြီးလင်းယွဲ့ကိုနိုင်နိုင်မှာလဲ!
ဤမြင်ကွင်းကိုမြင်လိုက်ရရာ သူပေါ်လာသင့်သည့်အချိန်ဖြစ်ကြောင်း ကျန်းရွေ့သိလိုက်သည်။
သူသည်စုန့်ယွင်၊ မုန့်ခုန်နှင့်အခြားသူတို့ကို အကူအညီမပေးချင်ပေ။ အဆုံးတွင် သူတို့ဟာသူ့အပေါ်ရိုသေလေးစားမှုမရှိခဲ့ပေ။ သူ့ရင်ထဲတွင် မင်ကျန့်တောင်ထွတ်ပိုင်ရှင်မှာရှုလင်ကျားဟုတွေးကာ သူတို့ကံဆိုးပါစေဟုဆုတောင်းမိသည်။
သို့သော် အခုအချိန်ဟာသူပေါ်လာရမည့်အချိန်ကောင်းဖြစ်သည်။
စာအုပ်ထဲတွင်အချိန်အတော်ကြာသွားလာပြီးနောက်၌ ကျန်းရွေ့ဟာလည်းအချိန်ဇယားကိုအကြမ်းဖျင်းနားလည်လာခဲ့သည်။ လက်ရှိတွင် လင်းယွဲ့ကလူတိုင်း၏မကောင်းသောခံစားချက်တို့ကိုနှိုးဆွလျက်ရှိသည်။ သူကလင်းယွဲ့၏မောက်မာမှုကို အရည်အချင်းနှင့်ဖိနှိပ်တာပဲဖြစ်ဖြစ်၊ သူ၏ပင်ကိုယ်စရိုက်ညှို့အားကိုသုံးကာ သူ့ကိုလွှမ်းမိုးလိုက်တာပဲဖြစ်ဖြစ်၊ ၎င်းတို့ကသူ့ကိုကျော်ကြားစေကာ သူ၏အဆင့်အတန်းကိုမြှင့်ပေးလိမ့်မည်ပင်။
ဤနည်းလမ်းဖြင့် ဆုံးရှုံးသွားသည့်ကံကောင်းမှုများကို သေချာပေါက်ပြန်လည်ရယူနိုင်မည်ဖြစ်သည်။
ကျန်းရွေ့စိတ်ဆုံးဖြတ်ကာ လူတိုင်း၏အာရုံကိုဆွဲဆောင်ရန် လည်ချောင်းရှင်းလိုက်ပြီးအပြင်လျှောက်ထွက်လာခဲ့သည်။
သူကလင်းယွဲ့ကိုညွှန်ပြကာဆိုသည်။
"လင်းတောက်ကျန့်၊ ခင်ဗျားကဓားစမ်းသပ်ရေးညီလာခံရဲ့ဓားရေးဖလှယ်တဲ့ပြိုင်ပွဲစင်မြင့်ပေါ်မှာမဟုတ်တော့ဘူးနော်။ အားလုံးကဒီအတိုင်းစကားပြောဆွေးနွေးနေကြရုံပဲ။ ခင်ဗျားအတည်ယူစရာမလိုဘူးလို့ ကျွန်တော်ထင်တယ်။"
လင်းယွဲ့ခေါင်းလှည့်ကာ ကျန်းရွေ့ကိုကြည့်လိုက်သည်။
ကျန်းရွေ့ပြောလိုက်သည်။
"ကျွန်တော်ကလင်ရှောင်းချီဇုန်ရဲ့ ဓားရေးအရှင်သခင်ပါ။ လင်းတောက်ကျန့်၊ ခင်ဗျားမှာမကျေနပ်တာတစ်ခုခုရှိရင် သူများတွေကိုအရှက်ရအောင်မလုပ်ဘဲ ကျွန်တော့်ကိုတည့်တိုးပြောလို့ရပါတယ်။"
နှစ်ဦးသားမှာ နူးညံ့သိမ်မွေ့သောလေထုတို့ဖြင့် အပြန်အလှန်ကြည့်နေကြသည်။
စနစ်ကပေးလာသည့်ဇာတ်ကြောင်းကိုတွေးမိရင်း ရှုလင်ကျားဟာလည်း သူတို့မပေါင်းစည်းခင်နှစ်ယောက်သားတိုက်ခိုက်မည့်အချိန်ကိုစောင့်နေမိသည်။ ထိုမှသာ "ကောင်းကင်ဘုံမိုးကြိုးက ကမ္ဘာမြေကြီးရဲ့မီးကိုမွှေနှောက်ခြင်း"ဒဏ္ဍာရီလာဖြစ်ရပ်တစ်ခု ဘယ်လိုထွက်ပေါ်လာသလဲဆိုတာကို သူမြင်နိုင်မှာဖြစ်သည်။
သို့သော် ၎င်းမှာသူတွေးထားသည်နှင့်ဆန့်ကျင်ဘက်ပင်။ ကျန်းရွေ့ကိုမြင်လိုက်ရပြီးနောက် လင်းယွဲ့ရင်ထဲတွင်ရွံရှာစိတ်ဖြစ်လာသည်။
လင်းယွဲ့ငယ်စဥ်တုန်းက သူ၏ဘဝအတွေ့အကြုံကြောင့် ဂိုဏ်းထဲတွင်လှောင်ပြောင်ခံခဲ့ရဖူးကာ သူကားဒုက္ခရောက်ရလွန်းသည့်စိတ်ပျက်စရာအကောင်းဆုံးလူတစ်ယောက်ဖြစ်သည်။
ပြောရမှာထူးဆန်းသည်၊ သူကျန်းရွေ့ကိုပထမဆုံးမြင်လိုက်ရချိန်တွင် သူ့မှာဤမျှသန်မာသောခံစားချက်မရှိပေမဲ့ ယခုတွင်တစ်ဖက်လူ၏ခန္ဓာကိုယ်ဟာ အကာအကွယ်အလွှာတစ်ခုပျောက်ဆုံးနေပုံပေါ်ကာ ၎င်းကလူတွေအားအကြည့်တစ်ချက်တည်းဖြင့် အတွင်းစိတ်ကိုဖောက်မြင်ရစေသည်။
လင်းယွဲ့လှောင်ပြုံးပြုံးကာပြောလိုက်သည်။
"လင်ရှောင်းဂိုဏ်းရဲ့ဓားရေးအရှင်သခင်ကဘာလဲ။ မင်းကငါနဲ့အတူဒီမှာလက်တွေလေထဲမြှောက်ဖို့တန်လို့လား။"
ကျန်းရွေ့ထိတ်လန့်သွားရသည်။
ရှုလင်ကျား: "???"
လင်းယွဲ့ကဆိုသည်။
"ငါမင်းအကြောင်းကြားဖူးပါတယ်၊ ထင်းခုတ်ပြီးရေထမ်းတဲ့တောသားတစ်ယောက်က ဆိုးဝါးတဲ့နည်းလမ်းတွေကိုသုံးပြီးတော့ ကိုယ့်မိသားစုကိုယ်သတ်ပြီး အမြင့်ကိုတက်လာတယ်၊ သူကငါ့ကိုသူနဲ့တန်းတူလိုမျိုးစကားပြောလို့ရတယ်ထင်နေတာလား။ မင်းကဘယ်လိုအစားမျိုးလဲ၊ ငါမင်းကိုခုနကခေါ်မိလို့လား။ ဒီတော့ဒီမှာလာရှုပ်မနေဘဲ လစ်လိုက်တော့!"
သူဒါကိုပြောလိုက်ရာ ကျန်းရွေ့တစ်ယောက်ကြောင်အမ်းသွားကာ အရှက်ရပြီးစိတ်ပျက်သွားသည်ကိုမပြောနှင့်၊ ရှုလင်ကျားပင်လန့်ဖြန့်သွားရသည်။ ဒါကဇာတ်ကြောင်းနဲ့နည်းနည်းကွဲနေတာပဲ။
လင်းယွဲ့ကာမောက်မာသောလူတစ်ယောက်ဖြစ်ပြီး အထက်စီးဆန်ကာ ဇာတ်ကြောင်းထဲရှိအဓိကဇာတိဆောင်၏အုပ်စုထဲကအဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူဟာတကယ်တမ်းအဓိကဇာတ်ဆောင်ကိုသဘောပင်မကျပေ။
စနစ်ကဆိုသည်။
[ထူးဆန်းတယ်ရော်၊ အဓိကဇာတ်ဆောင်ရဲ့ကံကြမ္မာကရုတ်တရက်အားနည်းသွားပုံရတယ်။ လင်းယွဲ့ရဲ့အဓိကဇာတ်ဆောင်အုပ်စုအဖွဲ့ဝင်ရာထူးက ဇာတ်ကြောင်းထဲကဖယ်ထုတ်ခံလိုက်ရပြီ။]
ဤစားသောက်ဆိုင်ထဲတွင် အခြားဂိုဏ်းမှဂိုဏ်းသားအများအပြားလည်းရှိသည်။ ဤအခိုက်အတန့်တွင် သူတို့အားလုံးကစိတ်လှုပ်ရှားစွာကြည့်နေကြသည်။ လင်းယွဲ့စကားများကိုကြားလိုက်ရပြီးနောက်မှာ သူတို့မနေနိုင်ဘဲတိုးတိုးပြောမိကြသည်။ ယင်းကား မျက်မှောက်ရှိချီဇုန်ဂိုဏ်းသားများကို အလွန်အရှက်ရသွားစေသည်။
မုန့်ခုန်ကကျန်းရွေ့နှင့်လင်းယွဲ့ကြားရှိစကားဝိုင်းကိုအလျင်စလိုဖြတ်တောက်ကာ မတ်တပ်ရပ်၍ပြောလာသည်။
"ကောင်းပြီ၊ ကျွန်တော့်ဘက်ကဘယ်သူမှရပ်တည်ပေးစရာမလိုဘူး။ လင်းယွဲ့၊ တိုက်ခိုက်ကြမယ်၊ ကျေးဇူးပြုပြီးတော့။"
လင်းယွဲ့ကရက်စက်စွာပြုံးကာဆိုသည်။
"အရမ်းကောင်းတယ်။"
ကျန်းရွေ့ကသူ့ကိုမတားနိုင်မှန်း ရှုလင်ကျားမထင်ထားမိသည်မို့ သူမသိလိုက်မသိဘာသာဖြင့်လက်လှမ်းကာ ဓားရိုးကိုဆုပ်ကိုင်လိုက်မိသည်။
သွမ့်စဲ့ကအခုလေးတင်စားလို့သောက်လို့ပြီးသွားကာ ခပ်မြန်မြန်ပြောလာသည်။
"ဟေ့၊ စောင့်လိုက်အုံး၊ ဒီကိစ္စထဲဝင်မပါမိစေနဲ့။ ဘာမှအသေးစိတ်မသိရသေးခင် အဲ့ဒီ့လင်းယွဲ့ကရှင်းပစ်ရခက်တယ်။ သူသာသူ့ကိုရှုံးသွားလို့ရှိရင် သေချာပေါက်ကိုအနိုင်ကျင့်ခံရမှာပဲ။ မင်းကလင်ရှောင်းဂိုဏ်းမှာမဟုတ်တော့ဘူးနော်၊ မင်းဘာလို့သူတို့အရှုပ်တွေကိုရှင်းပေးချင်နေတာလဲ။ ဒါကမင်းကိုယ်မင်းဒုက္ခရှာနေတာမဟုတ်ဘူးလား။"
သူပြောတာမှန်သည်၊ လင်းယွဲ့ကားကြိုတင်မှန်းဆ၍မရ၊ သူ၏လုပ်ရပ်များဟာရက်စက်လှသည်။ ရှုလင်ကျားမှာသူ့ကိုအနိုင်ပိုင်းနိုင်သည့်ယုံကြည်ချက်မရှိပေ။ ထို့အပြင် သူသည် ဓားစမ်းသပ်ရေးညီလာခံထဲတွင်တစ်ကိုယ်တည်းကျင့်ကြံသူတစ်ယောက်အဖြစ်ပါဝင်ယှဥ်ပြိုင်ခဲ့သည်မို့ ဤကိစ္စတွင်ဝင်ပါရန်တကယ့်ကိုအခွင့်အရေးမရှိပေ။
တစ်အောင့်မျှတုံ့ဆိုင်းသွားပြီးနောက် လင်းယွဲ့၏စိန်ခေါ်မှုကိုလက်ခံခဲ့သောမုန့်ခုန်မှာ စားသောက်ဆိုင်ထဲမှသူနှင့်အတူထွက်လာကာ လမ်းကြားထဲဝင်လာခဲ့သည်။
ထိုနေရာ၌အထူးတလှယ်ကျယ်ပြောသောနေရာလွတ်ရှိ၏။ ယင်းကား အစကတော့စင်မြင့်ပေါ်တွင်သီဆိုရန်နှင့် နှစ်သစ်ကူးပွဲတော်အတွင်းရှိအမျိုးမျိုးသောပူဇော်ပွဲအခမ်းအနားတို့အတွက်ဖြစ်ပေသည်။ ဤအခိုက်အတန့်တွင် ၎င်းကလူနှစ်ဦးယှဥ်ပြိုင်ဖို့အတွက်အဆင်ပြေလှသည်။
လမ်းပေါ်ရှိလူများကလည်း လောကကြီးကိုမြင်ရသည်နှင့်နေသားကျနေပြီဖြစ်သည်။ ပထမဆုံးအကြည့်တစ်ချက်မျှဖြင့် မသေမျိုးတို့တိုက်ခိုက်ကြတော့မည်ဖြစ်ကြောင်း သူတို့သိသွားကြသည်။ ဒုက္ခရောက်မှာစိုးသည့်လူများကတော့ခပ်မြန်မြန်ရှောင်သွားကြပြီး ခပ်လှမ်းလှမ်းရပ်ကြည့်နေကြသည့် ရဲတင်းကာတက်ကြွသောလူအများအပြားလည်းရှိသည်။
လင်းယွဲ့ကမုန့်ခုန်ကိုပြုံးပြကာဆိုသည်။
"လာပါ၊ မင်းအရင်တိုက်ခိုက်လို့ရတယ်။"
မုန့်ခုန်ဟာလည်းသူမနိုင်နိုင်မှန်းသိသည်မို့ အံကြိတ်လိုက်မိပြီး သူသာတိုက်ကွက်အနည်းငယ်ထုတ်သုံးပြီး အရမ်းအရုပ်ဆိုးဆိုးမရှုံးသရွေ့ အဆင်ပြေသည်ဟုတွေးနေမိသည်...
ဘာပဲဖြစ်ဖြစ် လင်းယွဲ့ကဝူဖုန်းရှီကိုလုပ်ခဲ့သကဲ့သို့ သူ့ဓားနှင့်လိုက်မတိုက်ခိုက်ဘူးဟု ပြောခဲ့သည်ပင်။ ထို့ကြောင့် နှစ်ဦးသားဖြောင့်မတ်သောအမူအကျင့်ဖြင့်တိုက်ခိုက်ရာတွင် ဘာမှရှက်စရာမလိုတော့ပေ။
သူပြောလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်းတိုက်ကြရအောင်!"
ထို့နောက် မုန့်ခုန်ကလှုပ်ရှားမှုတစ်ကွက်ပြုလုပ်ကာ ဦးဆောင်လိုက်သည်။
ရှုလင်ကျားမတ်တပ်ထရပ်ကာ ပြတင်းပေါက်ရှေ့တွင်ရပ်၍ အောက်ကိုငုံ့ကြည့်လိုက်သည်။
မုန့်ခုန်၏ဓားဟာသူ့ထံလာနေသည်ကိုမြင်လိုက်ရရင်း လင်းယွဲ့ကမလှုပ်ရှားသကဲ့သို့ ဓားကိုပင်ဆွဲမထုတ်ဘဲ လက်တစ်ဖက်ကိုနောက်ပစ်ထားကာ နောက်တစ်ဖက်ကခါးပေါတွင်တင်ထားပုံမှာ ရန်သူနှင့်ရင်ဆိုင်ဖို့မရည်ရွယ်ထားဟန်။
မုန့်ခုန်ကသူလုပ်တာကိုအရေးမစိုက်ပေ။ သူ့စိတ်ထဲတွင် လင်းယွဲ့ခုခံသည်ဖြစ်စေ မခုခံဘဲနေသည်ဖြစ်စေ၊ ၎င်းမှာသူ့ကိစ္စဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူဓားကိုင်ကာတိုက်ခိုက်၍ရနေမှတော့ လင်းယွဲ့ကိုဓားဖြင့်ထိုးသတ်လိုက်နိုင်ရင်ပိုကောင်းလိမ့်မည်ပင်။
ဤတိုက်ကွက်ကား "လေရနံ့ကိုလိုက်ဖမ်းနေသောလမင်း"ဟုခေါ်ဆိုသည်။ ယင်းကားအတုအယောင်နှင့်အစစ်အမှန်နှစ်မျိုးစလုံးဖြစ်ပြီး ပုံရိပ်ယောင်နှင့်လက်တွေ့လည်းဖြစ်၏။ ၎င်းဟာလေဟာနယ်ထဲတွင် တောက်ပသောလမ်းကြောင်းတစ်ခုရေးဆွဲလိုက်သည်။ ဓားမရောက်သွားမီ ဓားစွမ်းအင်များထုတ်လွှတ်လျက်ရှိသည့် လင်းယွဲ့ခါးရှိဓားရှည်မှာတုန်ခါလာသည်။
"ရွှီး--"
မုန့်ခုန်၏ဓားမှာသူ၏လည်မျိုနှင့်နီးကပ်လာသောအခါ လင်းယွဲ့ကချက်ချင်းဆိုသလိုဓားကိုပစ်လွှတ်လိုက်ပြီးနောက် အပေါ်ခုန်တက်ကာ ဓားကိုဆွဲကိုင်၍ မုန့်ခုန်ထံလွှဲခုတ်လိုက်သည်။
ထပ်ပြီးတော့၊ မခုခံဘဲ တိုက်ခိုက်လိုက်!
မတိုင်ခင်ကလင်းယွဲ့နှင့်ဝူဖုန်းရှီတို့တိုက်ခိုက်တုန်းကဆိုလျှင် တိုက်ခိုက်မှုမှာသိပ်ကိုသိသာလှသည်။ သူကတိုက်ခိုက်မှုကိုအသုံးချ၍ ပြိုင်ဘက်ကိုသူ့ကိုယ်သူကယ်တင်ရန် ဓားကိုပြန်အသုံးချဖို့ဖိအားပေးကာ ကိုယ့်ကိုယ်ကိုကယ်တင်သည့်အခွင့်အရေးကိုဆက်တိုက်ဆုံးရှုံးစေပြီး သူ၏စည်းချက်အတိုင်းလိုက်ကစေခဲ့သည်။
မုန့်ခုန်မှာထိုအကြောင်းတွေးမိပြီးသားပင်။ သူ၏ဓားဖျားကလင်းယွဲ့၏လည်မျိုနှင့်လက်ချောင်းဝက်မျှသာကွာတော့သည်။ လင်းယွဲ့ကသူ့ဓားကိုပင်မသုံးရသေး။ ဤအချိန်တွင် သူဟာတိုက်ခိုက်ရင်းရှုံးသွားရင်တောင်မှ ဒီလူယုတ်မာကိုကျိန်းသေသတ်ပစ်ရမည်။
Advertisement
- In Serial153 Chapters
Late Night at Lund's
Book 1 - Late Night at Lund's is available for sale on Amazon. Book 2: The Lockwood Quest continues the story! A dental hygienist walks into a bar..... Dental hygienist Isa Chamberlin thought the biggest challenge in her life was getting over a messy breakup, but when she pops into a new neighborhood bar, she finds herself in a different world, one filled with wizards, spells, and monsters. Join Isa as she explores unfamiliar surroundings, uncovers new skills, and learns to level. Magic and monsters, allies and enemies, romance and danger, all of it just on the other side of a simple door. "Wear these bracers with pride.” the half-orc slid first one bracer and then the other over Isa’s forearms. “Fight with your heart,” he said as he pulled the laces tight. “And come back with a story to tell. That is what an adventurer does.” ....... **** Thank you for reading, and if you like the story, please rate and review. Isa and I would both like to level up! This story uses the 5th Edition Open Gaming License for game mechanics. I roll dice for combat outcomes and all skill checks.... which is sometimes surprising! One side note - I don't have a "sexual content" tag on - this is more romance than romp. But that might change!
8 184 - In Serial11 Chapters
He Whom is Abandoned
Abandoned by the system and humanity, Agis spent his life in hiding. However now, he has been forced into the dungeon. What forces have put him in this situation, why him? Was it dumb luck, or was he targeted? Most Importantly... How will he survive? __________________________ This is a fanfic of Chrysalis, I am a huge fan of RinoZ and am happy to be able to make my own story in his world! This is my first novel ever, but I will try hard to make it great. I hope you enjoy! If you want more of the Chrysalis world, check out The Official Chrysalis Webpage! Https://chrysalis-wn.xyz/ __________________________ For those wondering, my upload schedule will be once a day, Monday-Friday. I will try to upload on the weekends too, but no promises. I am a college student, and I also have a job. The weekends will serve as a buffer so I can make sure everything is getting done.
8 218 - In Serial21 Chapters
3 Hearts
With three hearts in one body, in a world that is inhabited by beings that are trying to kill me. How did I Civitas end up like this, although I was born completely normal... or was I? [NOTE: Ok since I am not able to bring my depressed ass to writing regularly, chapters come when they come. I can't guarantee anything, but I'll try to make chapters more frequent. Btw. In my opinion, my writing gets better after like chapter 6, so I recommend reading at least this far.]
8 95 - In Serial11 Chapters
I remember the time
This will be the recollection of my memories/events that had happened in my life for all of you to view. Do not judge what I did just comment how you would have handled it. There will be weekly uploads but if I'm feeling good enough Ill just drop 2 or 3 chapters at once. If anything I do irritates you or you don't like the way how I act either stop reading or logoff. This isnt some made up story, this is my life and I'm putting it out there. I am human. I willbe posting these on my NUF accounts as well so if you cant reach this platofrm just google Mnotia novelupdates forum. Wiki: https://i-remember-the-time.wikia.com/wiki/I_Remember_the_Time_Wiki I made a wiki for the people that couldn't keep track of the people showing up
8 209 - In Serial19 Chapters
Primal Cosmic Sage: A Marvel Fanfic
A flashy death led to his reincarnation into the multiverse of one of the most dangerous and exciting works of fiction. An unintended stopover at the bleed dimension associated with the DC multiverse ultimately led to the demise of his Guardian System. Outraged and swearing revenge at the perpetrators of this grievance, witness Acheran's journey from a cannon fodder existence in the Marvel World to become one of the most powerful Cosmic beings in the wider Omniverse as the Primal Cosmic Sage.
8 71 - In Serial6 Chapters
A royal family and a caring thief(Spikedash)COMPLETED
hey guys Spike_Dash here this is an mlp fanfic i made beacause im bored and this has slow updates hope you like it.they ae humans in he storyspike-15twilight-19rainbow-16pinkie-16sunset-17fluttershy-18applejack-17rarity-19scootaloo-11sweetie belle-11applebloom-11etc.sorry for the spelling and the grammarchaoi do not own mlp characters nor the songs
8 121