《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၃၈] ပြိုင်ပွဲကြည့်ရှုခြင်း|ၿပိဳင္ပြဲၾကည့္ရႈျခင္း
Advertisement
...
ပြိုင်ပွဲ၏ပထမဆုံးအချီ၌၊ ဓားစမ်းသပ်ရေးညီလာခံကိုလာရောက်ယှဥ်ပြိုင်ကြသည့်ဂိုဏ်းသားတစ်ဝက်မျှယှဥ်ပြိုင်ကြရပေရာ အချိန်တန်ကြာမြင့်လျက်ရှိသည်။ ရှုလင်ကျားပြိုင်ပွဲတွင်အနိုင်ရပြီးသော် သူ့တွင်ရက်အနည်းငယ်မျှလုပ်စရာမရှိသည်မို့ စိတ်ဝင်စားဖွယ်ကောင်းသည့်ပြိုင်ပွဲများအကြောင်းနားစွင့်ခဲ့သည်။ တစ်ချက်သွားကြည့်ချင်ကြည့်၊ မကြည့်ချင်လို့ရှိရင် ပြန်လာနားပြီးဓားရေးကိုလေ့ကျင့်သည်။
ထို့အပြင် လင်းယွဲ့၏ပြိုင်ပွဲကား ကွေ့ရီဂိုဏ်းနှင့်လင်ရှောင်းဂိုဏ်းကြားရှိမကျေနပ်ချက်ကြောင့်ဖြစ်စေ၊ နှစ်ဖက်စလုံး၏ခွန်အားကြောင့်ဖြစ်စေ၊ သေချာပေါက်ကိုသွားကြည့်ရမည်ပင်။
သူ၏ပြိုင်ဘက်ကိုရှုလင်ကျားသိသည်။ ဝူဖုန်းရှီသည်ချီဇုန်နှင့်အကြံဉာဏ်များဖလှယ်ရာတွင် ကြိမ်ဖန်များစွာရှင်းဇုန်၏ကိုယ်စားပြုလာရောက်ဆွေးနွေးခဲ့၏။ သူတို့ဟာလည်းအခေါက်ပေါင်းများစွာအပြင်အတူထွက်ကာ ဂိုဏ်းတာဝန်တို့ကိုပြီးမြောက်အောင်ဆောင်ရွက်ခဲ့ဖူးသည်။
သူရောက်လာသော် ဝူဖုန်းရှီမှာတိုက်ပွဲကွင်းပြင်ပေါ်တွင်ရှိနေပြီးဖြစ်ကာ ဓားပမာစူးရှသောမျက်ခုံး၊ ကြယ်မျက်ဝန်း၊ ပျားရည်ရောင်အသားအရည်တို့ဖြင့် အလွန်သူရဲကောင်းဆန်လှပေသည်။
လင်းယွဲ့ကတော့ဖြင့် ရှုလင်ကျားမှာတစ်ဖက်လူနှင့်တစ်ခါမျှမယှဥ်ပြိုင်ဖူးသည်မို့ ၎င်းနှင့်မရင်းနှီးပေ။ ဤရှုထောင့်မှနေ၍ သူဟာချီကွမ်းယာ၏ရှစ်ရှုန်းဖြစ်လေရာ သူ၏ခွန်အားမှာအထင်သေး၍မရပေ။
နှစ်ဦးသားသည်စင်မြင့်ပေါ်တွင်ရပ်ကာ အပြန်အလှန်ကြည့်နေကြပြီး စင်မြင့်အောက်၌စကားစမြည်ပြောသူများရှိနေကြကာ လူတိုင်းက သူတို့၏သက်ဆိုင်ရာအနိုင်ရမည့်ဘက်တို့ကိုဆွေးနွေးနေကြသည်။
"ဘမ်း"ခနဲမြည်သံကိုကြားလိုက်ရရင်း ဝူဖုန်းရှီ၏မျက်နှာထားမှာအေးခဲသွားကာ သူ့ဓားလက်ကိုင်ကိုအပေါ်အောက်လှည့်၍ လင်းယွဲ့ကိုအရိုအသေပေးလိုက်သည်။
"တောက်ဓမ္မမိတ်ဆွေလင်း၊ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကိုဉာဏ်အလင်းပွင့်အောင်လုပ်ပေးပါ။"
လင်းယွဲ့ကဦးညွှတ်ကာအရိုအသေပြန်ပေးသည်။ ခါးပြန်မတ်လိုက်ပြီးနောက် သူကစင်မြင့်အောက်ကို မဖော်ပြနိုင်လောက်အောင်ဝေ့ဝဲကြည့်လာကာ နောက်ဆုံးတွင်ရှုလင်ကျားပေါ်မှာရပ်သွားသည်။
ရှုလင်ကျားကတစ်ခုခုခံစားမိသည့်အလား သူ့ကိုပြန်စိုက်ကြည့်လိုက်ပေမဲ့ လင်းယွဲ့ကခေါင်းကိုခပ်မြန်မြန်ပြန်လှည့်သွားကာ သူ့ဓားရှည်ကိုလက်မဖြင့်တွန်းလိုက်သည်။
မရေတွက်နိုင်သည့်ဓားချီစွမ်းအင်များထွက်လာကာ သူထုတ်သုံးလိုက်သည့်ပထမဆုံးလှုပ်ရှားမှုမှာ ထူးခြားသောတိုက်ကွက်ဖြစ်သည်: "ဓားတစ်ထောင်ပြန်အလာနဲ့ ရာပေါင်းများစွာသောမြစ်တို့ဆုံးစည်းတဲ့ပထမဆုံးတည်ဆောက်မှု!"
လင်းယွဲ့ကဝူဖုန်းရှီကိုတွန်းထုတ်ကာ ဓားသုံးလက်ကိုအတန်းလိုက်ဝှေ့ရမ်းလိုက်သည်။
သူ၏ဓားလှုပ်ရှားမှုတစ်ကွက်ချင်းစီမှာ သူ့ကိုအိုဟောင်းအောင်မလုပ်သွားဘဲ နောက်ဆုံးဓားကထပ်လျက်ဖြစ်သွားသည်။ ဤမျှလျင်မြန်သောအရှိန်ကား ဓားသုံးလက်၏ဓားစွမ်းအင်၊ အလင်းရောင်နှင့်အရိပ်တို့ကိုထပ်လျက်ဖြစ်သွားစေသည်။
ချက်ချင်းပင်၊ လင်းယွဲ့ကဓားကိုပြန်ရုတ်ကာ သူ့ဓားကိုဝှေ့ရမ်းလိုက်ရာ ပြင်းထန်သောဓားစွမ်းအင်ကလှိုင်းလုံးများပမာ ဝူဖုန်းရှီထံတဟုန်ထိုးပြေးဝင်လာသည်။
ဤကဲ့သို့သောယှဥ်ပြိုင်သည့်ပုံစံမျိုးကို လူနည်းစုသာအသုံးပြုပြီး သူတို့ကမည်သည့်ကွေ့ဝိုက်မှုမျှမပါဘဲ တည့်တိုးတိုက်ခိုက်လိမ့်မည်ဖြစ်ကာ ကြည့်ရှုသူများထံ၌ဆွေးနွေးမှုအများအပြားဖြစ်ပေါ်သွားစေသည်။
ဝူဖုန်းရှီအကာအကွယ်မဲ့သွားကာ ဓားစွမ်းအင်အပြင်းထန်ဆုံးအခိုက်အတန့်ကိုရှောင်လွှဲရန် ခြေသုံးလှမ်းနောက်ဆုတ်လိုက်ပြီးနောက် သူကအော်ဟစ်ကာပြန်တိုက်ခိုက်လိုက်သည်။
သူကနောက်ပြန်ဆုတ်လိုက်ရုံသာဖြစ်သည်မို့ လင်းယွဲ့ကသူ့ကိုအခွင့်ကောင်းမရအောင် ပြန်လည်တိုက်စစ်ဆင်လိုက်သည်။
နှစ်ဦးသားမှာအပြန်အလှန်ပြင်းထန်စွာတိုက်ခိုက်လျက်ရှိသည်။
မတိုင်ခင်ကရှုလင်ကျားနှင့်ဖန်တင်းတို့တိုက်ခိုက်ကြတုန်းက အခြေအနေဟာပြင်းထန်သော်လည်း နှစ်ဖက်စလုံးကပုံမှန်ဓားရေးဖလှယ်ကြရုံသာဖြစ်သည်။ မည်သူကမျှလင်းယွဲ့ကဲ့သို့ကြမ်းတမ်းပုံမပေါ်။
ဤမြင်ကွင်းကား လူတိုင်းကိုချွေးစေးပြန်လာစေပြီး သူတို့မှာအသက်ပင်ရဲရဲမရှုရဲကြပေ။
ဝူဖုန်းရှီမှာ ဤကဲ့သို့အစကတည်းကဖိနှိပ်ခံရသည့်အခြေအနေမျိုးနှင့် လုံးဝမကြုံခဲ့ဖူးပေ။ သူသည်ကြိမ်ပေါင်းများစွာပြန်လည်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ အားနည်းချက်ပျော့ကွက်ရှာ၍မရပေ။
လင်းယွဲ့ကဝူဖုန်းရှီကိုသွေးထွက်အောင် ဓားနှင့်တကယ်ထိုးမလာသော်လည်း၊ ဝူဖုန်းရှီမှာအရိုက်ခံရသည့်အခြေအနေမှမလွတ်မြောက်နိုင်သေးပေ။
သူတို့ထဲကတစ်ယောက်မှာတိုက်ခိုက်နေပြီး အခြားတစ်ယောက်မှာခုခံနေရကာ သူတို့ဟာဓားစမ်းသပ်ရေးညီလာခံထဲတွင် အခေါက်ပေါင်းများစွာတိုက်ခိုက်နေကြသည်။ ယင်းကားဤကဲ့သို့အခြေအနေမျိုးကို မြင်ရသည့်ပထမဆုံးအကြိမ်ဖြစ်သည်။
အဆုံး၌ သူတို့သည်လင်ရှောင်းဂိုဏ်းကဖြစ်သည်မို့ ဝူဖုန်းရှီအလွန်အရှက်ရနေသည်ကိုမြင်လိုက်ရရင်း ရှင်းဇုန်ဂိုဏ်းသားများတင်သာမက ချီဇုန်ဂိုဏ်းသားများပင်ပြူးကျယ်သောမျက်ဝန်းတို့ဖြင့် အချင်းချင်းစိုက်ကြည့်မိကြကာ သူတို့မျက်နှာထက်တွင်စိတ်ပူပြီးအံ့အားသင့်သောမျက်နှာအမူအရာများရှိနေပေသည်။
ရှောင်းနဥ်အာကူကယ်ရာမဲ့စွာဖြင့်ပါးစပ်တစ်ဝက်ဟမိကာ သိပ်မဝေးသောနေရာရှိယင်းချန်နှင့်ကျန်းရွေ့တို့မျက်နှာပေါ်တွင်လည်း လေးနက်သောမျက်နှာထားများရှိနေကြသည်ကိုမြင်လိုက်ရရာ သူမဘာမှမမေးလိုက်တော့ပေ။
သူမမနေနိုင်ဘဲရှုလင်ကျားနေရာကိုတိတ်တိတ်လေးကြည့်လိုက်ရာ သူ့မျက်ခုံးတို့ကြုတ်နေပြီး သူ့မျက်နှာမှာကြည့်ကောင်းမနေသည်ကိုသာလျှင်မြင်လိုက်ရသည်။
ရှုလင်ကျား၌ပင်ထိုမျက်နှာထားရှိနေသည်ကိုမြင်လိုက်ရရင်း သူမနှလုံးသားနစ်မြှုပ်သွားရသည်။
ကွေ့ရီဂိုဏ်းကားနှစ်အနည်းငယ်အတွင်းအလွန်လျင်မြန်စွာတိုးတက်လာသည်မှာအံ့သြစရာမရှိပေ၊ ၎င်း၏ခွန်အားမှာစင်စစ်ပင်သာမန်ထက်သာလွန်လှသည်။ သို့သော် လင်းယွဲ့၏လှုပ်ရှားမှုအရှိန်၊ သူ၏ခွန်အား၊ စိတ်ဝိညာဥ်စွမ်းအားတိကျစွာသုံးစွဲနိုင်မှုတို့ကိုကြည့်ခြင်းအားဖြင့် ကျင့်ကြံရေးလောကတစ်ဝှမ်းလုံးတွင်ထိုသို့လုပ်နိုင်သော လူအများကြီးမရှိပေ....
ဒီအတိုင်းဆက်သွားနေလို့ရှိရင် ဝူဖုန်းရှီမှာအနိုင်ရဖို့အခွင့်အရေးမရှိမှာစိုးသည်။
သို့သော်လည်း ရှုလင်ကျား၏မျက်နှာမှာတည်ငြိမ်လျက်ရှိပြီး သူကရှောင်းနဥ်အာကဲ့သို့မတွေးပေ။ လင်းယွဲ့ကဒေါသကြီးပုံပေါက်သည်ကိုသူမြင်ဖူးပြီးသားဖြစ်ကာ တကယ်တမ်းတွင် သူ့မှာစွမ်းအားပိုရှိနေဆဲဖြစ်ပြီး သူ၏အဆင့်အစစ်အမှန်ကိုအပြည့်အဝထုတ်မပြလာသေးပေ။
လင်းယွဲ့၏ဓားသာပိုလျင်မြန်လာလို့ရှိရင်၊ သူ့ခွန်အားကနောက်ထပ်တိုးလိုက်လို့ရှိရင်၊ ဝူဖုန်းရှီမှာအခုလောက်ဆိုရှုံးနေပြီး လင်းယွဲ့ကအခွင့်အရေးကိုအသာလေးယူသွားလောက်သည်ဟု ရှုလင်ကျားခံစားရသည်။
လိုက်ဖမ်းတယ်၊ ရိုက်နှက်တယ်၊ ဒါပေမဲ့သနားညှာတာမှုကိုပြသတယ်၊ သူဘာလုပ်ချင်နေတာလဲ။
ကျင်းဖေးထုန်ကရုတ်တရက်ရောက်လာကာ ရှုလင်ကျားကိုအသံနိမ့်နိမ့်ဖြင့်ပြောလာသည်။
"လင်းယွဲ့ရဲ့ဓားစွမ်းအင်ထဲမှာလှည့်ကွက်ရှိနေတာကို မင်းခံစားမိလား။"
"အဲ့ဒါကလူလုပ်လေပွေပဲ။"
ကျင်းဖေးထုန်ကခပ်ပေါ့ပေါ့ဆိုသည်။
"လင်းယွဲ့ကအဆိပ်ပြင်းတယ်။"
အကယ်၍ လူတို့အပြင်လျှောက်သွားကာ လေပွေထဲဖမ်းမိသွားလို့ရှိရင် သူတို့ကလဲမကျသွားဘဲ လေပွေနှင့်အမှုမဲ့အမှတ်မဲ့လိုက်ယိမ်းနေမိမှာဖြစ်သည်။
ဤသည်ကား ဝူဖုန်းရှီ၏လက်ရှိအခြေအနေဖြစ်၏။
သူနှင့်လင်းယွဲ့ထပ်တလဲလဲတိုက်ခိုက်နေကြပြီး သူတို့ဟာအသာစီးရရန်အခွင့်အရေးရှာဖို့ကြိုးစားနေပေမဲ့ တစ်ဖက်လူ၏တိုက်ကွက်တို့ကိုခုခံတိုက်စစ်ဆင်ရုံသာတတ်နိုင်သည်။ သူတို့မှာမောပန်းနေပြီး ချွေးစေးများပြန်လျက်ရှိသည်။
ထိုအခိုက်၊ တစ်ဖက်လူထံမှကြောင်နှင့်ကြွက်ပမာ စနောက်ကျီစယ်မှုတစ်မျိုးကို ဝူဖုန်းရှီလည်းပဲအာရုံခံမိပေမဲ့ သူလွတ်မြောက်နိုင်စွမ်းမရှိပေ။
သူ၏တစ်ကိုယ်လုံးကလင်းယွဲ့၏သယ်ဆောင်ခြင်းခံလိုက်ရသည်ဟုခံစားမိကာ သူမနေနိုင်ဘဲရှေ့တိုးကာ သူ့လက်မောင်းများမှာရောင်ရမ်းလျက်ရှိပြီး သူဟာနာကျင်နေပြီးဖြစ်ပေမဲ့ တစ်ဖက်လူ၏ဓားမှာစေးကပ်ပုံပေါ်ကာ လင်းယွဲ့မရပ်သရွေ့ ၎င်းကသူ့အပေါ်ကျလာသည်မို့ ဝူဖုန်းရှီမှာမနားနိုင်ပေ။
ပထမဆုံးအကြည့်တစ်ချက်၌၊ နှစ်ဦးသားမှာအပြင်းအထန်တိုက်ခိုက်နေပုံပေါက်ပေမဲ့ တကယ်တမ်း၌ ဝူဖုန်းရှီကိုတိုက်ခိုက်ဖို့တွန်းအားပေးနေသည်မှာ လင်းယွဲ့ဖြစ်ချေ၏။
အစတွင် ထက်ရှသောအမြင်အာရုံဖြင့် ပြဿနာကိုမြင်နိုင်သည့်ကျွမ်းကျင်သူအချို့မှတစ်ပါး၊ အခြားသူများမှာအနည်းငယ်မရှင်းမလင်းဖြစ်နေမိပေမဲ့ တဖြည်းဖြည်းချင်းနှင့် အခြေအနေကမူမမှန်သည်ကို တစ်ယောက်ပြီးတစ်ယောက်သဘောပေါက်လာကြသည်။
ဝူဖုန်းရှီ၏မျက်နှာမှာဖြူဖျော့နေပြီး သူ့ခြေလှမ်းတို့မှာယိမ်းထိုးလျက်ရှိကာ သူ့ကိုယ်ပေါ်မှချွေးတဒီးဒီးကျနေသည်မှာ သူ့ခြေထောက်အောက်တွင်ရွှံ့အိုင်ဖြစ်တော့မည်ပင်၊ ဓားလှုပ်ရှားမှုမှာလည်းလေးကန်သထက်လေးလံလာခဲ့သည်။
သို့သော် ထိုသို့ဆိုလျှင်ပင် သူကလက်ထဲရှိဓားကိုဝှေ့ရမ်းနေဆဲဖြစ်ပေမဲ့ သူ့မျက်နှာထားမှာအလွန်အမင်းနာကျင်နေသည်ပင်။
ဝူဖုန်းရှီမှာ ဤအခိုက်အတန့်တွင်လင်းယွဲ့တွန်းလိုက်သည်နှင့် လဲကျသွားတော့မည်ကိုလူတိုင်းမြင်နိုင်ပေသည်။ သို့သော်လင်းယွဲ့၏လှုပ်ရှားမှုများမှာလည်းနှေးကွေးသွားကာ ဝူဖုန်းရှီကိုဖြည်းဖြည်းချင်းသုံးဆောင်နေပေသည်။
ဝူဖုန်းရှီတစ်ခဏအတွင်းမှာချွေးများစွာထွက်နေပြီး သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားမှာလည်းအတော်လေးနွမ်းနယ်နေလေပြီ။ သူ၏ပါးစပ်မှာရေအရမ်းဆာနေပြီး သူ့မျက်လုံးများဝေဝါးနေသည်ကိုသာခံစားရသည်။
သူသည်ဓားပင်မကိုင်နိုင်တော့ပေမဲ့ သူ့လက်ထဲတွင်ဓားကိုခိုင်မြဲစွာဆုပ်ကိုင်ထားကာ ဝှေ့ရမ်းနေဆဲဖြစ်ပေသည်။
သူနှင့်ဆန့်ကျင်ဘက်ရှိလင်းယွဲ့၏မျက်နှာပေါ်ကအမူအရာကို ဝူဖုန်းရှီမမြင်ရတော့ပေရာ စကားလုံးအနည်းငယ်ကိုဖျစ်ညှစ်ပြောလိုက်ရသည်။
"ငါ အရှုံးပေးတယ်။"
တစ်ဖက်လူကမရပ်ပေ။
ဝူဖုန်းရှီ၏အသံကားတီးတိုးသံပမာအက်ရှလျက်ရှိသည်။
"မင်း...ငါ့ကိုသတ်လိုက်ပါတော့။"
သူ၏လက်ရှိခံစားချက်မှာ အသိစိတ်အကုန်လုံးကိုချက်ချင်းဆုံးရှုံးသွားဖို့မစောင့်နိုင်တော့ပေ။ အဓိကအချက်မှာ ဤအသက်ဟုခေါ်သောအရာကား သေခြင်းတရားထက်ပိုကောင်းပေသည်။
"လင်းယွဲ့ဘာလုပ်နေတာလဲ။ ကွေ့ရီဂိုဏ်းနဲ့လင်ရှောင်းဂိုဏ်းကြားကပဋိပက္ခကြောင့် သူကသူတို့ကိုသတ်ချင်နေတာလား။ ဒါကတော့အရမ်းလွန်သွားပြီ!"
ဤသည်ကိုသည်းမခံနိုင်တော့သည့်အခြားဂိုဏ်းမှလူများစွာလည်းရှိကာ သူတို့ကမျက်မှောင်ကြုတ်မိသည်။
"ဒါဘယ်လိုဖြစ်တာလဲ။"
တိုက်ပွဲအလယ်ကတည်းက ဝူဖုန်းရှီခုခံတိုက်ခိုက်နေသေးသ၍ ၎င်းကပွဲမပြီးသေးဟုဆိုလိုပေရာ မည်သူကမျှသူ့ကိုမတားနိုင်ဘဲ
ကူကယ်ရာမဲ့စွာသာရပ်ကြည့်နေရပြီး ရှင်းဇုန်ဂိုဏ်းသားများအလွန်စိုးရိမ်နေကြသည်ကိုမပြောနှင့်၊ ချီဇုန်ဂိုဏ်းသားများပင်ဆက်ကြည့်မနေနိုင်တော့ဘဲ လက်သီးဆုပ်ကာဒေါသတကြီးဖြစ်နေကြသည်။
ထို့ကြောင့် လင်းယွဲ့၏လှုပ်ရှားမှုတို့မှာ စည်းမျဥ်းများကိုအခွင့်ကောင်းယူသည်နှင့်ညီမျှပြီး ၎င်းမှာအလွန်တရာကောက်ကျစ်စဥ်းလဲလှပေသည်။
"လင်းယွဲ့ဘာလို့မရပ်သေးတာလဲ။ သူမပင်ပန်းသေးဘူးလား။"
"ဒီလိုသာဆက်သွားနေရင် ဝူဖုန်းရှီအမောဖောက်ပြီးသေသွားလိမ့်မယ်။ ကွေ့ရီဂိုဏ်းက လင်ရှောင်းဂိုဏ်းကိုဆန့်ကျင်တိုက်ခိုက်ဖို့ စိတ်ဆုံးဖြတ်ထားတာလား။"
ကျင်းဖေးထုန်ကသူ့ရှေ့ရှိလက်ဖက်ရည်ခွက်ကိုဖြည်းညှင်းစွာမြှောက်ကာ ရေတစ်ငုံသောက်လိုက်ပြီး ထို့နောက်ခွက်ကိုဖြေးဖြေးချင်းပြန်ချလိုက်သည်။
ဓားချင်းရိုက်ခတ်သည့်အသံများကြားတွင် သူ၏လှုပ်ရှားမှုမှာအလွန်သဘာဝကျပြီးသိမ်မွေ့နေသယောင်။ သို့သော် သူခွက်ကိုစားပွဲပေါ်ချလိုက်ချိန်တွင် ရေတစ်စက်ကကျင်းဖေးထုန်၏လက်ချောင်းထိပ်ပေါ်ကျလာသည်။
ချက်ချင်းပင်၊ ရေစက်မှာမမြင်နိုင်သောစွမ်းအားဖြင့်ကန်ထုတ်ခဲလိုက်ရပြီး စားပွဲနံဘေးရှိသစ်ပင်ကြီးထံပျံဝဲသွားကာ သစ်ရွက်ကိုထိခတ်သွားသည်။
သစ်ရွက်မှာအသာအယာကြွေကျလာပေမဲ့ ၎င်းကဓားရှည်နှစ်လက်ထိခတ်သွားသည့်တစ်ခဏတွင် ဝူဖုန်းရှီ၏ဓားရိုးပေါ်တိကျစွာရိုက်ခတ်သွားသည်။
အလွန်အမင်းအက်ရှသောအသံတစ်သံထွက်ပေါ်လာပုံမှာ ဓားသွားကသံကိုချိုးဖျက်လိုက်သည့်ပမာ၊ သစ်ရွက်ကားလင်းယွဲ့ဓား၏စေးကပ်မှုကိုချိုးဖျက်လိုက်ရာ ဝူဖုန်းရှီ၏ဓားရှည်မှာသူ၏ထိန်းချုပ်မှုအောက်မှလွတ်မြောက်သွားပြီး သူ့လက်ထဲမှချက်ချင်းပျံထွက်ကာ မြေပြင်ပေါ်ကျသွားသည်။
ဝူဖုန်းရှီမျက်နှာမှာစက္ကူကဲ့သို့ဖြူဖတ်လျက်ရှိပြီး သူကချက်ချင်းလဲကျသွားသည်။
သူသည်နောက်ဆုံးတွင်တရားဝင်ရှုံးနိမ့်သွားသည့်တိုင် ဤအရှုံးကားလူတိုင်းကိုသက်မချမိသွားစေ၏။
ကျင်းဖေးထုန်း၏လှုပ်ရှားမှုမှာ အလွန်ထက်မြက်ကာသိုသိုဝှက်ဝှက်ရှိသည်။ ရှုလင်ကျားမှတစ်ပါး၊ ကြွေကျလာသည့်သစ်ရွက်နှင့်ပတ်သတ်၍တစ်ခုခုမှားနေသည်ကို မည်သူမျှသတိပြုမိလိမ့်မည်မဟုတ်။
လင်းယွဲ့၏ဓားဟာဝူဖုန်းရှီ၏နှာရိုးထိပ်ပေါ်ပွတ်သပ်သွားပြီးနောက် သူ၏အရှိန်ကိုသက်မချကာအဆုံးသတ်လိုက်သည်။
လင်းယွဲ့သည်အစကအနည်းဆုံးအမွှေးတိုင်နှစ်တိုင်စာမျှယှဥ်ပြိုင်ဖို့စီစဥ်ထားပေမဲ့ ဝူဖုန်းရှီကသူ၏အစီအစဥ်အပြင်ဘက်၊ သူ၏ထိန်းချုပ်မှုမှလွတ်ထွက်သွားမည်ဟုသူမထင်ထားမိပေမဲ့ သူဘာမှားသွားမှန်းမသိပေ။
ဤသည်ကား သူအနိုင်ရသွားသည့်တိုင် လင်းယွဲ့အား စိတ်ပျက်မှုနှင့်ပဟေဠိဖြစ်ခြင်းတို့ကိုခံစားသွားရစေသည်။
နန်ဇီဂိုဏ်းသားမှာတစ်ခဏမျှတောင့်ခဲနေပြီး ထို့နောက်တုန်ယင်နေသောအသံဖြင့်ဆိုလာသည်။
"ကွေ့ရီဂိုဏ်း၊ လင်းယွဲ့!"
မည်သူတစ်ဦးတစ်ယောက်ကမျှလက်ခုပ်သြဘာမပေးသကဲ့သို့ ချီးကျူးခြင်းလည်းမပြုကြဘဲ ကွေ့ရီဂိုဏ်းသားများပင်ထိတ်လန့်အံ့သြနေမိကြသည်။ လင်းယွဲ့ခေါင်းငုံ့ကာ သူ့ဓားရှည်ကိုဓားအိမ်ထဲဖြည်းညှင်းစွာထည့်လိုက်သည်။
Advertisement
မည်သို့ပင်ဖြစ်စေ၊ ဒီကနေ့ သူ၏ဒေါသကိုပုံချကာကလဲ့စားချေလိုသည့်ရည်ရွယ်ချက်ကား နောက်ဆုံးမှာအောင်မြင်သွားခဲ့သည်ပင်။
မတိုင်ခင်ကကျန်းရွေ့နှင့်အခြားသူတို့နှင့်အချင်းများကြတုန်းက သူသည်သက်မချခဲ့မိကာ ထို့နောက်ကွေ့ရီဂိုဏ်းဟာ လင်ရှောင်းဂိုဏ်းကိုတစ်ယောက်ပြီးတစ်ယောက်ရှုံးနိမ့်ခဲ့လေရာ ၎င်းကလင်းယွဲ့ကိုပို၍ပင်ဒေါသထွက်သွားစေခဲ့သည်။
ရှုလင်ကျားနှင့်ဖန်တင်း၏ပြိုင်ပွဲကိုမြင်လိုက်ရပြီးနောက်တွင် ထိုခံစားချက်ကအလွန်အကျူးဖြစ်တည်လာသည်။
သူသည်ဓားရေးကိုတစ်ခါမျှမလေ့ကျင့်ခဲ့ဖူးသည်မို့ ရှုလင်ကျားသုံးခဲ့သည့်တိုက်ကွက်ဟာ ယခင်ကသူ၏အဖိုးဖန်တီးခဲ့သောဓားရေးကျင့်စဥ် တကယ်ဟုတ်မဟုတ် လင်းယွဲ့အတွက်ဆုံးဖြတ်ဖို့ခက်သည်။
ဤဆိုးယုတ်သောကျင့်စဥ်ကား သူ၏အဖိုးကိုရူးသွပ်သွားစေခဲ့ပြီး သူ့ကိုလည်းငယ်စဥ်ကတည်းကပြက်ရယ်ပြုချင်စဖွယ်ဖြစ်အောင်ပြုလုပ်ခဲ့သည်။
သူသည်ဝူဖုန်းရှီကိုတွန်းအားပေးကာ ရှင်းဇုန်ကလူတွေဟာလည်းဤဓားရေးကျင့်စဥ်ကိုသုံးမသုံးဆိုသည်ကို သူစမ်းသပ်ချင်ခဲ့ပေမဲ့ ဝူဖုန်းရှီထိုတိုက်ကွက်ထုတ်သုံးသည်ကိုမတွေ့မိဘဲ မထင်မှတ်ထားစွာဖြင့်သူ၏ထိန်းချုပ်မှုမှဖောက်ထွက်သွားခဲ့သည်။ လင်းယွဲ့အနိုင်ရသွားမှတော့ သူ့ကိုဆက်တိုက်ခိုက်ဖို့မလိုတော့ပေ။
နန်ဇီဂိုဏ်းသားများက ပြိုင်ပွဲအဆုံးသတ်ကြေငြာလိုက်သည်ကိုကြားလိုက်ရရာ ရှင်းဇုန်ဂိုဏ်းသားများမှာစင်မြင့်ပေါ်ပြေးတက်၍ ဝူဖုန်းရှီကိုထူမလိုက်ကြသည်။ ဤမျှတိုတောင်းသောအချိန်လေးအတွင်း၌ သူကားကိုယ်အလေးချိန်နှစ်ပေါင်မျှကျလုနီးပါးဖြစ်သွားပြီး ချွေးများစီးကျနေပုံမှာ ရေထဲကထွက်လာသည့်နှယ်။
ဤသည်ကား ချွေးထွက်လွန်ကဲမှုကြောင့်ဖြစ်ပေါ်လာသော ရေဓာတ်ကုန်ခမ်းခြင်းဖြစ်၏။ လူတစ်ယောက်ကရေတစ်ခွက်ယူကာ နှင်းစက်အနည်းငယ်ရော၍ သူ့ကိုအငုံအနည်းငယ်မြန်မြန်တိုက်လိုက်သည်။
ထိုဖြစ်ရပ်ကားဒီကနေ့ဖြစ်ပျက်သွားခဲ့သည်ပင်။ ဖြစ်ရပ်မှာအလွန်အရုပ်ဆိုးလှသည်မို့ ကျိုးချင်းချန်ပင်ရောက်လာပြီး သူ့တပည့်အခြေအနေကိုစစ်ဆေးရသည်။
တစ်အောင့်ကြာသော်သူကဆိုသည်။
"ငါ့အသက်ကိုစိုးရိမ်စရာမလိုဘူး။ မင်းတို့ရဲ့ရှစ်ရှုန်းကိုကုသဖို့ သူ့ကိုစင်အောက်မြန်မြန်ချလိုက်တော့။"
ရှင်းဇုန်ဂိုဏ်းသားများမှာမခံမရပ်နိုင်ဖြစ်နေကြပြီး သူတို့ပြေးသွားကာလင်းယွဲ့ကိုရိုက်သတ်ချင်ကြပေမဲ့ သူတို့ဆရာသခင်ရှစ်စွင်းကိုယ်တိုင်ထိုသို့ပြောလာသည်ကိုကြားလိုက်ရရာ သူတို့မှာရွေးချယ်စရာမရှိသည့်အဆုံး လင်းယွဲ့ကိုမုန်းတီးသောအကြည့်တစ်ချက်ပေးကာ အောက်ဆင်းသွားကြသည်။
ကျိုးချင်းချန်ကလင်းယွဲ့ကိုကြည့်ကာ အဓိပ္ပါယ်အပြည့်ဖြင့်ပြောလာသည်။
"ကောင်လေး၊ ကောင်းတာလုပ်ရင် ချီးမြှောက်ခံရလိမ့်မယ်။"
လင်းယွဲ့ကပြုံးကာဆိုသည်။
"ကျိုးဂိုဏ်းချုပ်၊ ပြိုင်ပွဲအတွင်းမှာ သနားညှာတာမှုပြသလို့မရဘူးလေ၊ ဒီတော့ကျွန်တော်တို့ကပြိုင်ခဲ့ကြတာမို့ မကျေနပ်စရာကောင်းတဲ့တစ်ခုခုကိုပဲပြောလို့ရတယ်။ နောက်ကျရင် ကွေ့ရီဂိုဏ်းကဝူမိတ်ဆွေအတွက် လင်ရှောင်းဂိုဏ်းကိုလျို့ဝှက်စိတ်ဝိညာဥ်ဆေးဝါးပေးပါလိမ့်မယ်၊ ဒဏ်ရာပျောက်အောင်ဆေးပေးတာအပြင် ကျွန်တော်လုပ်ပေးနိုင်တာဘာမှမရှိဘူး။"
ကျိုးချင်းချန်ကပြောသည်။
"လင်ရှောင်းဂိုဏ်းကစိတ်ဝိညာဥ်ဆေးဝါးမပြတ်လပ်ပါဘူးကွ။ တကယ်တော့ပြိုင်ပွဲအနိုင်အရှုံးကိုငါလုံးဝဂရုမစိုက်ဘူး။ အဲ့ဒါကဂုဏ်သတင်းကျော်ကြားရုံလောက်ပဲရှိတာ။ မင်းမှာမရှိရင်ဘာမှမလုပ်နိုင်တော့ဘူးလေ။ မင်းနဲ့မင်းရဲ့ရှစ်စွင်းမခံစားရအောင်ကူညီပေးပါ့မယ်ကွာ။"
လင်းယွဲ့ကရယ်မောကာဆိုသည်။
"ကျေးဇူးအများကြီးတင်ပါတယ်။ ကျိုးဂိုဏ်းချုပ်ရဲ့စိုးရိမ်ပေးမှုအတွက်။"
ကျိုးချင်းချန်းကလည်းပြုံးကာထွက်သွားသည်။
လင်းယွဲ့ကစင်မြင့်အောက်ဆင်းလာသည်။ သူနိုင်သွားသော်လည်း လူတိုင်းကသူ့ကိုချီးကျူးစကားဆိုခြင်းမရှိဘဲ သူ၏ဂိုဏ်းတူဂိုဏ်းသားများပင်မနေနိုင်ဘဲပြောလာသည်။
"ရှစ်ရှုန်း၊ ခုနကအစ်ကိုလုပ်တာနည်းနည်းရက်စက်ရာမကျသွားဘူးလား။ တစ်ခုခုဖြစ်သွားရင်ဘယ့်နှယ့်လုပ်မလဲ။"
"မင်းကဘာလို့သူ့ဘက်ကနာပေးနေတာလဲ။ ငါသူ့ကိုယ်ပေါ်မှာခြစ်ရာတစ်ခုတောင်မလုပ်ခဲ့ဘူး၊ ငါ့ရင်ထဲမှာလည်းအသိစိတ်ရှိတယ်။"
လင်းယွဲ့ကခေါင်းမမော့ဘဲဆိုသည်။
"ငါလှုပ်ရှားမှုမလုပ်လိုက်ရင် ဘာမှမလုပ်ရသေးခင်ရှုံးသွားမှာ။ အဲ့အခါကျရင် ဘယ်သူကအနိုင်ရအောင်လုပ်ပေးမှာလဲ။"
သူဒါကိုပြောလိုက်သော် မည်သူကမျှဘာမှမဆိုကြပေ။
လင်းယွဲ့၏လက်မှာတကယ့်ကိုရက်စက်ကာအကြင်နာတရားကင်းမဲ့ပေမဲ့ ငြင်းဆန်၍မရနိုင်သည့်အရာတစ်ခုတော့ရှိသည်၊ ၎င်းမှာ သူ၏ခွန်အားကားစင်စစ်ပင်အလွန်သန်မာလှသည်ပင်။
သူသည်ဝူထျန်းချီကဲ့သို့သောဆရာတစ်ဆူကို ဓားစွမ်းအင်သုံးကာတွန်းအားပေးခဲ့ပြီး သူ့ကိုသူ့စိတ်အတိုင်းလှုပ်ရှားစေခဲ့သည်၊ သို့သော်တစ်ယောက်ယောက်ကသာ သူ့ကိုတုပချင်လို့ရှိရင် ဤပမာဏလောက်ထိလုပ်နိုင်မည်မဟုတ်။
ကွေ့ရီဂိုဏ်း၏ကိုယ်စား သူဟာလင်ရှောင်းဂိုဏ်းကိုထိတ်လန့်အံအားသင့်စေခဲ့သည်။
ဤအဖြစ်အပျက်ကြောင့်သက်ရောက်သွားသည့် ဝူဖုန်းရှီ၏ဆိုးဝါးသောအခြေအနေကြောင့် ကျန်ရှိသည့်ပြိုင်ပွဲများတွင် လူတိုင်းကတစ်ယောက်ပြီးတစ်ယောက် အလွန်ဂရုတစိုက်ယှဥ်ပြိုင်ကြပြီး အနိုင်ရသူတို့ကိုယဥ်ကျေးစွာဆုံးဖြတ်အပြီး၌ ပြိုင်ပွဲပြီးဆုံးသွားခဲ့သည်။
ပထမအချီတွင်ရွေးချယ်ခံခဲ့ရသည့်အနိုင်ရသူများမှာ ပြိုင်ပွဲ၏ဒုတိယအချီကိုဝင်ပြိုင်နိုင်ပြီး တရားဝင်ဖွင့်ပွဲမစတင်ခင်အထိ မဲနှိုက်ကာဆုံးဖြတ်သည်ကိုစောင့်ရန်လိုသေးသည်။
ပြိုင်ပွဲ၏ပထမအချီလုံးဝပြီးသွားသော် လူတိုင်းတစ်ရက်နားလို့ရသည်။
ကျင်းဖေးထုန်ကရှင်းဇုန်ဘက်လာရန် ကျိုးချင်းချန်ဖိတ်ကြားတာခံခဲ့ရသည်။ ကြည့်ရသည်မှာ ဝူဖုန်းရှီ၏ဒဏ်ရာကိုမည်သို့ပျောက်အောင်လုပ်ရမလဲ လေ့လာဖို့ဖြစ်ပုံပင်။ ရှုလင်ကျားကဟယ်ဇီကျိုးနှင့်မတွေ့ချင်သည်မို့ နန်ဇီတောင်ထွတ်အောက်ဆင်းကာ တောင်ခြေရှိမြို့တော်ထဲရောက်လာသည်။
ဤနေရာရှိမြေကားမြေဆီလွှာကောင်းမွန်ကာ ရာသီဥတုမှာထူးခြားသည်။ မြို့တော်မှာသိပ်မကြီးသည့်တိုင် ထိုနေရာတွင်နေထိုင်ကြသည့်လူအမြောက်အမြားရှိကာ သူတို့ကအလွန့်အလွန်ချမ်းသာကြွယ်ဝစွာနေထိုင်ကြသည်။
လမ်းမမှာပျားပန်းခတ်မျှလှုပ်ရှားမှုတို့ရှိနေပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် ပုံမှန်တွေ့ရခဲသောရှားပါးသည့်အစားအစာများနှင့် တလက်လက်တောက်ပနေသည့်ကျောက်တုံးနှင့်ရတနာများရောင်းချလျက်ရှိကာ စားစရာရနံ့တို့မှာလမ်းရှည်တစ်ခုလုံး၌မွှေးကြိုင်နေပြီး အပျော်မယ်စံအိမ်ထဲမှတီးမှုတ်မှုများမှာ ပို၍ပင်ပျော်ရွှင်ဖွယ်ကောင်းလှသည်။
သွမ့်စဲ့ကဝေမုန့်ဓားထဲမှတိတ်တိတ်လေးထွက်လာပြီး ဟိုဟိုဒီဒီကြည့်ကာ အတော်လေးသိချင်နေပုံပေါက်သည်။
ရှုလင်ကျားမေးမိသည်။
"မင်းဘာလုပ်နေတာလဲ။"
သွမ့်စဲ့ကဆိုသည်။
"ငါကအခုဓားဝိညာဥ်ဖြစ်လာပေမဲ့လည်း အရင်တုန်းကလူကောင်းတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ငါကျန်းမာရေးကောင်းခြင်းရဲ့အနှစ်သာရကိုခံစားဖို့လိုအပ်တာမို့ အပြင်ခဏထွက်လာပြီးလမ်းလျှောက်တာလေ။"
ရှုလင်ကျားကအရှေ့ဆက်လျှောက်သွားသည်။
ဘေးဘီဝဲယာလှည့်မကြည့်ဘဲ သူသာမန်ကာလျှံကာပြောလိုက်သည်။
"အိုး၊ ဒါဆိုလည်းပြီးရော။"
သွမ့်စဲကပြောသည်။
"ငါ့ကိုပိုက်ဆံနည်းနည်းပေး။ အဆုံးမှာတော့ ငါမင်းအတွက်အချိန်အကြာကြီးအလုပ်ကြိုးစားပေးခဲ့တာပဲလေ။"
ရှုလင်ကျားကပိုက်ဆံအိတ်ထုတ်ကာ သူ့ကိုကမ်းပေးဖို့ပြင်လိုက်သည်။
"ငါမင်းကိုဝေမုန့်လို့ခေါ်မယ်၊ မင်းကတိပေးရင် ငါမင်းကိုပိုက်ဆံပေးမယ်။"
သွမ့်စဲ့: "...."
နှစ်ဦးသားသည်လမ်းပေါ်တွင်တစ်အောင့်ကြာအပြန်အလှန်ကြည့်နေကြပြီး လမ်းတစ်ဖက်ရှိစျေးသည်ကဒယ်အိုးမီးဖွင့်ကာ ကျယ်လောင်စွာအော်လာသည်။
"ပေါက်စီတွေရမယ်၊ ပေါက်စီတွေရမယ်နော်၊ ပေါက်စီပူပူလေးတွေနော်! နူးညံ့ပြီးအနံ့လည်းမွှေးတယ်၊ တစ်လုံးမှငွေနှစ်ဆင့်ပဲကျတယ်ဟေ့!"
"ဒီအသားပေါက်စီတွေကနူးအိပြီး အထဲမှာအသားတွေအများကြီးပါတယ်နော်၊ သားလေး၊ မင်းစားကြည့်ချင်လားကွဲ့။"
သွမ့်စဲ့တံတွေးမျိုချကာပြောမိသည်။
"ဒါဖြင့် အဲ့လိုပဲခေါ်ပေါ့၊ ဘယ်လောက်အရသာရှိလိုက်မလဲ....မင်း၊ မင်းခေါ်ချင်သလိုသာခေါ်။"
သူသည်အစားအသောက်အတွက်သူ၏မာနကိုတကယ်အရှုံးပေးမပေးကို ရှုလင်ကျားသိချင်နေပေမဲ့ သွမ့်စဲ့ကဤမျှလောဘကြီးလိမ့်မည်မှန်း သူမထင်ထားမိသည်မို့တစ်အောင့်မျှဆွံ့အသွားရသည်။
ဤကဲ့သို့သောဓားမျိုးရှိရခြင်းကား လူတို့ကိုသူတို့၏ကိုယ်ပိုင်လုံခြုံမှုဟာ အရမ်းကိုစိတ်မချရကြောင်းခံစားသွားရစေသည်။
သူလည်ချောင်းရှင်းကာအနားကပ်သွားလိုက်သည်။
သွမ့်စဲ့မျက်စိမှိတ်ကာ လက်သီးဆုပ်၍ လည်ပင်းရှည်လျက်ပြောမိသည်။
"လာလေ!"
ဝေမုန့်အသံမထွက်လာမီ တစ်ခုခုကသူ့လက်မောင်းထဲခုန်ဝင်လာသည်။ သွမ့်စဲ့မျက်စိဖွင့်ကြည့်လိုက်ရာ ၎င်းကရှုလင်ကျား၏ပိုက်ဆံအိတ်ဖြစ်ကြောင်းမြင်လိုက်ရသည်။
ရှုလင်ကျားကလက်ဝှေ့ရမ်းပြကာ သူ့ကိုမြန်မြန်သွားဖို့အချက်ပြလာသည်။
သွမ့်စဲ့: "..."
သူလည်းပဲရှုလင်ကျားဘက်သွားကာတီးတိုးပြောလိုက်သည်။
"မြေခွေးလေး၊ ချစ်ဖို့ကောင်းတယ်။"
ရှုလင်ကျားထက်ရှစွာခေါင်းလှည့်လိုက်ရာ သွမ့်စဲ့ကဝှစ်ခနဲပြေးသွားတော့သည်။
သွမ့်စဲ့တစ်ခုခုသွားဝယ်နေချိန်၌၊ ရှုလင်ကျားကအနီးဆုံးစားသောက်ဆိုင်ကိုရှာကာ အထဲဝင်ပြီးသူ့ကိုစောင့်နေလိုက်သည်။
ဤလမ်းထဲထွက်လာရသည့်အကြောင်းရင်းမှာ သူမမြင်ချင်သည့်နန်ဇီတောင်ထွတ်ထဲရှိလူတစ်သိုက်ကိုရှောင်လွဲဖို့ဖြစ်ပေမဲ့ စားသောက်ဆိုင်ထဲဝင်လာပြီးနောက်တွင် ဤနေရာရှိဧည့်သည်အများစုမှာ ဓားရေးစမ်းသပ်ရေးညီလာခံ၌လာရောက်ယှဥ်ပြိုင်ကြသည့်ကျင့်ကြံသူများဖြစ်ကြောင်းမြင်လိုက်ရသည်။
အဆုံးတွင် ပြိုင်ပွဲကားရက်အနည်းငယ်ကြာဆက်သွားနေခဲ့ပြီး တစ်ရက်တစ်လေနားခွင့်ရနိုင်ဖို့ခက်သည်။ ရှုံးနိမ့်သူများမှာမည်သည့်ဖိအားမျှမရှိတော့သည်မို့ ပျော်ပျော်ကြီးကစားနေကြကာ ပြိုင်ပွဲ၏ဒုတိယအချီတွင်ယှဥ်ပြိုင်ရမည့်ဂိုဏ်းသားများကလည်း အနားယူချင်ကြသည်။
နီးနီးနားနားလာလို့ရသည့်နေရာဆိုလို့ ဤမြို့သေးသေးလေးသာရှိတာမို့ လူတိုင်းကဒီနေရာကိုလာဖြစ်ကြသည်။
ဆိုင်ရှင်မှာစီးပွားရေးလုပ်ငန်းကြီးကို မကြာသေးခင်ကမှစလုပ်ခြင်းဖြစ်သည်။ သူကစားသောက်ခန်းထဲတွင်ပြုံးရင်းဖြင့် လူကိုယ်တိုင်ဟိုဟိုဒီဒီပြေးလွှားကာ ရှောင်အာနှင့်အတူစားစရာနှင့်ဝိုင်တို့ကိုလိုက်ပို့ပေးနေသည်။
ကိုယ်ပိုင်အခန်းမှာလူပြည့်နေသဖြင့် ရှုလင်ကျားကလူကွယ်ရာထောင့်တွင်ထိုင်ကာ လက်ဖက်ရည်တစ်အိုးနှင့်ပဲစေ့ကိတ်တစ်ပန်းကန်မှာ၍ သူ၏မျှော်လင့်ချက်မဲ့သောဓားဝိညာဥ်ပြန်အလာကိုစောင့်နေမိသည်။
ထိုစဥ်၊ သိပ်မဝေးသောစားပွဲမှတစ်ယောက်ယောက်ပြောလာသည်ကို ရုတ်တရက်ကြားလိုက်ရသည်။
"...ဒါကမကောင်းတဲ့စကားလုံးပဲ၊ ဒီသေစေနိုင်တဲ့နှုတ်ခမ်းနဲ့သွားတွေကအေးစက်တယ်၊ ငါတို့တွေရှင်းဇုန်နဲ့ဇစ်မြစ်တူတဲ့အကြောင်းမစဥ်းစားရင်တောင်မှ ဂိုဏ်းရဲ့မုန်းတီးမှုကိုပြန်ပေးဆပ်ရအောင် တစ်ခုခုစဥ်းစားသင့်တယ်၊ ဒါကလင်ရှောင်းဂိုဏ်းတစ်ခုလုံးပဲ။"
ရှုလင်ကျားသည်ရင်းနှီးနေသည့်အသံကိုကြားလိုက်ရပြီး သူတွေးကြည့်မိလိုက်ပြီးနောက် စကားပြောသည့်သူဟာ မုန့်ခုန်ဟုခေါ်သောလင်ရှောင်းချီဇုန်ဂိုဏ်းသားဖြစ်ကြောင်းမှတ်မိသွား၏။
ထိုလူ၏ကိုယ်ကျင့်စရိုက်ကား အမြဲတစေအနည်းငယ်စိတ်ပူပင်လေ့ရှိသည်။ မတိုင်ခင်ကချင်းချိုးလျို့ဝှက်နယ်မြေတွင်ရှိနေတုန်းကဆိုလျှင် သူကအရာရာတိုင်းတွင်ထိပ်ဆုံးကဦးဆောင်ကာ ခုန်ပေါက်ရသည်ကိုအမြဲသဘောကျလေသည်၊ ဒီကနေ့မှာလည်းအလားတူပင်ဖြစ်သည်။
မုန့်ခုန်ဟာဤတစ်ကြိမ်တွင်ယှဥ်ပြိုင်ဖို့အရည်အချင်းမပြည့်မှီပေ။ ရှောင်းနဥ်အာနှင့်အခြားသူများကဲ့သို့ပင် ဂိုဏ်းချုပ်နောက်လိုက်၍ စူးစမ်းလေ့လာကာဉာဏ်အလင်းပွင့်ချင်ရုံပင်။
Advertisement
- In Serial69 Chapters
A Goblin's Tale
This is the story of a nameless Goblin. He lives alone in the dark dungeon, battling Mimics and Slimes in the darkness. Everyday in the dark dungeon is to live with Death breathing down your shoulder. It is a place where only the strong survive and the weak is devoured. But this particular Goblin is different. He raids the dungeon not for weapons and armor to arm himself, but for books and knowledge stashed away in some forgotten corner. But life isn't that simple. What happens when adventurers that fight monsters for a living and a Goblin that avoids adventurers to live accidentally stumble paths with each other? This is the story of a nameless Goblin and how his life changed. Both for the worse, and for the better. Word Count: 2,000 Words Minimum per Chapter Update Schedule: Once a week, maybe.
8 175 - In Serial209 Chapters
Mage Among Superheroes
Turlough is a mage. He also happens to be an orc, generally lauded as being less intelligent than humans. He was unfortunately born with the Curse of the Barbarian, meaning that he can’t level up except through combat- which greatly hinders his ability to show he can be a proper mage. In a world with necromancers, dragons, invading armies, and all sorts of other monsters he would still be able to advance quickly, but unfortuantely… that world is not his world. An unprecedented peace reigns across the land, and in the last several decades there’s been little use for people capable of fighting- and thus little reason for people to fight him. So when he sees a portal in his master’s study he takes it, hoping to find a horde of demons or something equally foolish to combat at low level. But instead he ends up in a strange city full of skyscrapers and people running around in colorful outfits. Superheroes- and of course supervillains as well. What dangers and opportunities could await him in such a strange and unfamiliar world? Only time will tell. Inspired by many things in the superhero genre, and Super Minion specifically- though while the setting will share some standard elements, it is an original setting that will hopefully be as engaging as many of the other universes. Schedule: One chapter each Monday/Thursday, approx. 2000 words.
8 75 - In Serial81 Chapters
The Gates of Chaos Keep Opening and It's Getting Annoying.
Drade is in the wrong place at the wrong time, every time. And each time he gets caught up in a supernatural fight to the death, he walks away before things get serious."I just want to do what I came here to do. Once you've seen one magical fight that lays waste to the world but somehow manages to stay a secret to everyone, you've seen it all." -Drade
8 188 - In Serial32 Chapters
Fire Rider
Superpowers. Magic. Dragons. Lavorians. An amazing introduction to a fantasy trilogy full of enthralling adventure. A brilliant book for both teens and adults. If you are a fan of Percy Jackson, Lord of the Rings, or Eragon, you will love this coming of age fantasy. When a young man, Oracus, becomes the Rider of a mythical Lavorian, his world is turned upside down. The arrival of the Lavorian in Oracus's village attracts the wrath of a diabolical King, who destroys his home and murders his father. Now with a Lavorian by his side and superpowers at his disposal, Oracus seeks revenge on the King. But there is a dark secret waiting to be discovered. And when it is, revenge will become far more complicated. Oracus will need a miracle if he is to end the King's reign. Will he succeed? "BRILLIANT! Gripping read." "Thoroughly RECOMMEND it." "This is an AMAZING read." "A FANTASTIC read from start to finish." This fantastic series by Paul Gaskill is what young adult fantasy is all about. As with the famous Harry Potter novels, adults and teenagers alike will relish this brilliantly written trilogy.
8 81 - In Serial129 Chapters
The Accidental Summoning
Meet Melvin Murphy, your average everyday teen trying to make his way through high school. One day he awakens and learns of a system that governs all magic. In his attempt to summon a master to show him the ropes, he accidentally botches the ritual and summons Kalliphae. This is the story of how two kids from different worlds grow into their own while surviving things like school, bullies, and vampires. Release schedule: Monday/Wednesday/Friday at 00:30 PST. Come join the discussion. I'd love to hear from you. I also include 2 bonus chapters on my discord. Discord Link You can join me for live streams of my writing at: Twitch Link You can preorder book 1 here: Amazon Link - Comes out 12/6
8 189 - In Serial6 Chapters
Larry stylison
"Harry I knew what is going on!" Say Louis " Yes , Louis I had sex with Liam !" Harry say
8 88

