《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၃၄] သွားတာကောင်းမယ်|သွားတာကောင်းမယ်
Advertisement
.....
ချီကွမ်းယာ၏စကားများကိုကြားလိုက်ရရာ လင်းယွဲ့၏အပြုံးမှာမသိမသာလှောင်ပြောင်ဟန်စွက်သွားပြီး သူကစကားမပြောခင်တွင် လင်ရှောင်းဂိုဏ်းကိုတစ်ချက်စိုက်ကြည့်လာသည်။
"မိတ်ဆွေတို့၊ ကျွန်တော်တို့ကဒီမှာဓားရေးလေ့လာဖို့ရောက်နေကြတာ။ ဒီလိုပဋိပက္ခသေးသေးလေးကြောင့် ကျွန်တော်တို့ထိခိုက်သွားလို့ရှိရင် သိပ်ကြည့်ကောင်းမှာမဟုတ်---"
သူချက်ချင်းတန့်ကာပြောလိုက်သည်။
"မင်းတို့ကျွန်တော့်ရှစ်တိကိုတောင်းပန်လိုက်တာကောင်းမယ်လို့ထင်တယ်။ အဲ့ဒါဆိုရင် ဒီကိစ္စပြီးသွားလိမ့်မယ်၊ ဟုတ်ပြီလား။"
လင်းယွဲ့ကစကားလုံးအနည်းငယ်ကိုပြောလာပြီး နောက်ဆုံးစကားကိုကြားလိုက်ရသော် လင်ရှောင်းဂိုဏ်းသားများမှာဒေါသထွက်ထွက်ဖြင့်ရယ်မောမိတော့မည်ပင်။
ကွေ့ရီဂိုဏ်းသားများကသိသိသာသာကိုအမှားလိုက်ရှာနေခြင်း!
ရှောင်းနဥ်အာဟာလည်းဤတစ်ခေါက်တွင်လိုက်လာခဲ့ပေမဲ့ သူမဟာဓားရေးယှဥ်ပြိုင်ဖို့အရည်အချင်းမပြည့်မှီဘဲ ဤနေရာကိုလာလေ့လာခြင်းဖြစ်သည်မို့ သူမအရမ်းဒေါသထွက်မိပေမဲ့စကားမပြောပေ။
ယခုတွင်သူမနောက်ဆုံးတွင်သည်းခံနိုင်စွမ်းမရှိတော့ဘဲ ပြက်ရယ်ပြုလိုက်သည်။
"ဒီလောကကြီးထဲမှာ အဖြူအမည်းပြောင်းပြန်လှန်ပြီး အမှန်နဲ့အမှားကိုဇဝေဇဝါဖြစ်စေတဲ့ အရှက်မရှိတဲ့ကျင့်ကြံသူတွေရှိနေသေးတာပဲ၊ ကွေ့ရီဂိုဏ်းကသူ့ရဲ့ဂုဏ်သတင်းနဲ့သိပ်ကိုထိုက်တန်ပါပေတယ်၊ ကျွန်မမျက်မြင်တွေ့လိုက်ရပြီ!"
သူမအသံကရှင်းလင်းနေပေရာ ဂိုဏ်းသားတချို့မှာပြက်ရယ်ပြုလိုက်ကြသည်။
လင်းယွဲ့၏မျက်နှာမှာမသိမသာမှောင်မိုက်သွားရကာ သူကသူမကိုမိန်းကလေးတစ်ယောက်အဖြစ်ပင်မမြင်ပေ။ သူကသူမကို"အရိုအသေမဲ့လိုက်တာ"ဟုဆိုကာတိုက်ခိုက်လာသည်။
ထိုအသံနှင့်အတူ၊ သူသည်သူ၏ဝတ်ရုံလက်ထဲမှရေခဲအဆောင်စာရွက်ကိုပစ်လွှတ်လာကာ ပတ်ဝန်းကျင်ရှိရေငွေ့များမှာ ရုတ်တရက်ရေခဲချွန်များအဖြစ်သို့ငွေ့ရည်ဖွဲ့သွားကာ လင်ရှောင်းဂိုဏ်းဆီဦးတည်လာသည်။
ယင်းချန်ကားရှောင်းနဥ်အာစကားပြောလိုက်သည့််အခိုက်အတန့်တွင်ပြင်ဆင်ထားပြီးသားဖြစ်ရာ တစ်ချိန်တည်း၌မီးအဆောင်စာရွက်ထွက်ပေါ်လာပြီး မီးတောက်မီးလျှံများကဟုန်းဟုန်းတောက်လာကာ လေထဲရှိရေခဲကိုတားမြစ်လိုက်သည်။
နှစ်ဦးသားသည်သူတို့၏စွမ်းအင်ကိုနှိုးဆွကာ မီးလျှံတစ်စုကကောင်းကင်ယံတွင်ရေခဲချွန်ကိုလောင်မြိုက်သွားသည်ကိုမြင်လိုက်ကြရသည်။ ရေခဲအရည်ပျော်သွားကာ ရေစက်များအဖြစ်ပြောင်းသွားသည်။
သို့သော် တစ်ချိန်တည်း၌ ထိုရေစက်မှာရေခဲအဖြစ်သို့ပြန်လည်ငွေ့ရည်ဖွဲ့သွားပြီး ရေခဲချွန်အသစ်ဖြစ်သွားသည်။
နှစ်ဦးသားခေါင်းချင်းဆိုင်နေသည်ကိုမြင်လိုက်ရရင်း လင်ရှောင်းဂိုဏ်းနှင့်ကွေ့ရီဂိုဏ်းနှစ်ဖက်စလုံးရှိဂိုဏ်းသားများမှာ ဂုဏ်သိက္ခာစောင့်ထိန်းမနေတော့ဘဲ ဓားများဆွဲထုတ်၍ သူတို့လက်ကိုလှုပ်ရှားလိုက်ကြသည်။
ချီကွမ်းယာသည်အစကတည်းကကျန်းရွေ့ကိုစောင့်ကြည့်နေခဲ့ခြင်းပင်။ သူကတိုက်ခိုက်မှုကိုမြင်လိုက်ပြီးမကြာမီတွင် ဓားဆွဲထုတ်၍ကျန်းရွေ့ကိုထိုးကာ ပြောလာသည်။
"ငါမင်းရဲ့အစွမ်းအစကိုလာလေ့လာမယ်!"
ကျန်းရွေ့ကတိုက်ခိုက်လိုခြင်းမရှိဘဲ ပြန်လည်ခုခံကာ တစ်ချိန်တည်း၌ပြောလိုက်သည်။
"ချီမိတ်ဆွေ၊ ကျွန်တော်တို့ကြားမှာဘာရန်ငြိုးရန်စမှမရှိဘူးလေ! ခင်ဗျားဘာလို့ကျွန်တော့်ကိုပြဿနာရှာနေရတာလဲ!"
ချီကွမ်းယာကဆိုသည်။
"ငါကြားတာကတော့ မင်းကရှုလင်ကျားကိုအစားထိုးပြီး လင်ရှောင်းချီဇုန်မှာနေရာယူလိုက်တယ်ဆို၊ ဟုတ်တယ်မလား။ ဒီတော့မင်းကသူ့ထက်ပိုတော်တယ်လို့ဆိုလိုတာမလား။"
ကျန်းရွေ့ပြောလိုက်သည်။
"အဲ့ဒါကရှစ်စွင်းရဲ့မေတ္တာကြောင့်ပါ။"
ချီကွမ်းယာကပြက်ရယ်ပြုလာသည်။
"အမှန်ပဲလား။ ငါမမျှော်လင့်ထားတာက အဲ့ဒီ့နှစ်ကဓားကျိုးအတွက်ငါသူ့ကိုလက်စားတောင်မချေရသေးဘဲ သူကတစ်ယောက်ယောက်လက်ထဲမှာရှုံးသွားမယ်လို့လေ! ငါမင်းရဲ့အစွမ်းအစကိုမြင်ချင်တယ်!"
သူတို့နှစ်ဦးစကားမပြောမီ၊ တိုက်ကွက်ပေါင်းများစွာထုတ်သုံးပြီးကြပြီဖြစ်ကာ ကျန်းရွေ့ပိုတိုက်ခိုက်လေလေ သူပိုမိုကြောက်ရွံ့လာလေလေပင်။
ချီကွမ်းယာ၏စကားလုံးများနှင့်အပြူအမူတို့က အလွန်ခက်ထန်သည်ကိုသူအစကမြင်လိုက်ပြီး တစ်ဖက်လူကိုအလိုလိုက်ခံထားရသည့်သခင်လေးတစ်ယောက်ဟုတွေးမိပေမဲ့ ဤလူ၏ဓားရေးကလျင်မြန်ဖျတ်လတ်ကာ စိတ်ဝိညာဥ်စွမ်းအားကရှည်လျားပြီးအလျှံအပယ်ဖြစ်ကာ သူဟာတကယ့်ကိုစွမ်းဆောင်နိုင်မည်ဟုမထင်ထားခဲ့မိပေ။
သူကတကယ့်ကိုကံဆိုးသည်ဟုသာလျှင်ကျန်းရွေ့ခံစားလိုက်ရပြီး ဤကား ရှင်းလင်းစွာပင် ရှုလင်ကျားရန်စခဲ့သည့်ရန်သူဖြစ်ပါရက်နှင့် အဆုံးတွင်ထိုသူ၏အမုန်းတရားကသူ့ပေါ်ကျရောက်လာခဲ့သည်။
သူ့စိတ်ထဲကပုဂ္ဂိုလ်ကိုအလျင်စလိုပြောမိသည်။
"ကျွန်တော့်ကိုကူညီပါအုံး! သူကရှုလင်ကျားလက်ထဲမှာတစ်ခါရှုံးနိမ့်ခဲ့ဖူးတယ်။ ကျွန်တော်သူ့ကိုရှုံးသွားလို့ရှိရင် ကျွန်တော်ကရှုလင်ကျားထက်ပိုညံ့တဲ့ပုံပေါက်သွားမှာ၊ တကယ်ပဲမျက်နှာပျက်ရလိမ့်မယ်!"
ချီကွမ်းယာ၏အတွင်းပိုင်းနားလည်မှုနှင့်ရုပ်ပိုင်းဆိုင်ရာခွန်အားမှာအလွန်ကောင်းမွန်လှပြီး သူဟာရှုလင်ကျားကိုရှုံးပြီးနောက်ပိုင်းတွင် အမြဲတစေအရှက်ရနေခဲ့သည်။
ဤနှစ်များအတွင်းတွင်၊ သူဟာတစ်ဖက်လူ၏ဂုဏ်သတင်းကြီးမားသထက်ကြီးမားလာသည်ကိုနားထောင်နေခဲ့ပြီး သူအပြင်းအထန်လေ့လာရင်းလေ့ကျင့်ရင်းဖြင့် တစ်နေ့မှာထိုပြိုင်ပွဲကိုအနိုင်ရရမည်ဟုမျှော်လင့်နေခဲ့သည်။
ကျန်းရွေ့ကရှုလင်ကျားကိုဖယ်ရှားနိုင်ခဲ့သည်ဟု ချီကွမ်းယာကြားခဲ့ရလေရာ တစ်ဖက်လူကိုအလွန့်အလွန်မျှော်မှန်းထားမိသည်။ ဤအခိုက်အတန့်၌၊ သူတို့ယှဥ်ပြိုင်နေချိန်တွင် တစ်ဖက်လူ၏အာရုံခံနိုင်စွမ်းနှင့်ခန့်မှန်းနိုင်စွမ်းက အလွန်တိကျသည်ကိုသူတို့ခံစားမိလိုက်ပေမဲ့ သူတို့ဟာသူတို့လှုပ်ရှားမှုတွင်လျင်မြန်ကာ တုံ့ပြန်ရာတွင်မြန်ဆန်ရမည်ဖြစ်သည်။ သို့သော် အထင်နှင့်အမြင်လွဲနေခဲ့သည်။
သူအနည်းငယ်စိတ်ပျက်သွားရကာအော်လိုက်မိသည်။
"မင်းဘာလုပ်နေတာလဲ။ မင်းငါ့ကိုအထင်သေးနေတာလား။ မင်းရဲ့ခွန်အားတွေအကုန်လုံးကိုထုတ်သုံးလိုက်စမ်းပါ!"
ထိုသို့ပြောလိုက်ရင်းဖြင့် ချီကွမ်းယာကချိပ်စည်းတစ်ခုပြုလုပ်ကာ အနောက်လှည့်လိုက်သည်။ ဓားရှည်ထဲမှစစ်မှန်သောစွမ်းအားပေါက်ထွက်လာကာ ကျန်းရွေ့ကိုတိုက်ခိုက်လာပြီး သူ့ကိုခွန်အားအကုန်သုံးအောင်ပြုလုပ်နေပေသည်။
ကျန်းရွေ့မှာထိုပုဂ္ဂိုလ်နှင့်ဆွေးနွေးလိုက်ပြီး သူ၏ယုံကြည်ချက်မြင့်တက်သွားကာပြောလိုက်သည်။
"ဒါဖြင့်ကျွန်တော်ကြိုဆိုလိုက်ပါတယ်!"
သူဟာလည်းဓားမြှောက်ကာသူနှင့်တွေ့ဆုံလိုက်သည်။
ဓားနှစ်လက်ထိခတ်သွားကာ ရုတ်တရက်လှိုင်းလုံးကြီးနှစ်လုံးရိုက်ခတ်သွားသည့်နှယ် တစ်နေရာထဲတွင်တုန်ခါသွားသည်။ အက်ရှရှမြည်သံတစ်ခုထွက်ပေါ်လာကာ ကျန်းရွေ့ဓားအောက်ကစွမ်းအားမှာလူနှစ်ယောက်ကိုလွှမ်းခြုံသွားသည်။
ချီကွမ်းယာဟာလည်းအရမ်းကိုခွန်အားကြီးသည်။ သူကဤတိုက်ကွက်ကိုချက်ချင်းခုခံလိုက်နိုင်သည်။ သူခြေတစ်လှမ်းနောက်ဆုတ်ကာပြောလိုက်သည်။
"ကောင်းပြီလေ၊ မင်းကမင်းရဲ့ခွန်အားကိုလျှိုထားတာပဲ။ လာစမ်းပါ!"
သူ၏ဓားလားရာပြောင်းလဲသွားကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့်တစ်ဖန်ပျံတက်သွားပြီး ကျန်းရွေ့ကိုတိုက်ခိုက်လာသည်။
တိုက်ပွဲကိုကြည့်နေသည့်လူများမှာတအံ့တသြဖြစ်သွားကြသည်။ ရှုလင်ကျားကလူအုပ်ထဲတွင်ပုန်းကွယ်ကာ ချီကွမ်းယာကိုအာရုံစိုက်မိသွားသည်။
----ဒီတစ်ခေါက်တစ်ဖက်လူသုံးသွားတာကကွေ့ရီဂိုဏ်း၏သီးသန့်ကျင့်စဥ်၊ ဝမ်ကျန့်ကွေ့ရီပါတကား။
ဂိုဏ်းနှစ်ဂိုဏ်းသည် ကွေ့ရီဂိုဏ်းကလင်ရှောင်းဂိုဏ်း၏ဓားရေးကျင့်စဥ်ကိုခိုးမခိုးနှင့်ပတ်သတ်၍ နှစ်ပေါင်းများစွာအငြင်းပွားနေခဲ့ကြ၏။ ရှုလင်ကျားလည်းထိုကိစ္စ၏အဖြစ်မှန်ကိုမသိသေးပေမဲ့ စိတ်သစ်လူသစ်ဖြစ်သွားပြီးနောက်တွင် တစ်ဖက်လူ၏ဓားလှုပ်ရှားမှုကိုအနည်းငယ်နားလည်လာသည်။
ချီကွမ်းယာတွင်ဓားတစ်လက်သာရှိပေမဲ့ သူ့လက်ထဲရှိဓားမှာမရေတွက်နိုင်သော မတူညီကွဲပြားသည့်စွမ်းအင်ကိုအသုံးပြုနိုင်သည်။
သူ့ဓားကားပြောင်းလဲသွားကာ ကောင်းမွန်စွာမကိုင်တွယ်နိုင်ပုံပေါက်ပေမဲ့ တကယ်တမ်းအစစ်အမှန်တိုက်ခိုက်ချက်မှာ ဓားစွမ်းအင်ထဲတွင်ပုန်းကွယ်နေပြီး ကြိုတင်ခန့်မှန်း၍မရနိုင်ကာ ၎င်းကိုခွဲခြားရန်ခက်ခဲသွားစေသည်။
ယင်းကားနတ်ဘုရားတို့၏အသိစိတ်ထဲရှိ"မိုးကြိုးဓားသွား"နှင့်တူသည်ဟုရှုလင်ကျားရုတ်ခြည်ခံစားလိုက်ရသည်။ သင့်အတွေးများမှာရှုပ်ယှက်ခတ်နေပြီး ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုတို့မှာကွဲပြားသောစိတ်ခံစားချက်များဖြစ်သော်လည်း၊ ၎င်းတို့မှာသူ့အကြောင်းပြချက်နှင့်သူရှိသည်။
လူတစ်ယောက်၏စိတ်ခံစားချက်၇ရပ်နှင့် လိုအင်ဆန္ဒ၆ရပ်တို့မှာ
ကြိမ်ဖန်များစွာလှည့်လည်လျက်ရှိပြီး ၎င်းတို့ကအဘယ်ဆီသို့သွားသင့်သနည်း။
အခြားသောအံ့သြဖွယ်ကောင်းသည့်အရာကား ကျန်းရွေ့၏တုံ့ပြန်သောအစွမ်းအစမှာ ဤရက်များအတောအတွင်း၌ ကြီးမားစွာတိုးတက်လာပုံပေါ်ပြီး သူဟာချီကွမ်းယာ၏လျင်မြန်သောဓားကွက်တစ်ချက်ချင်းစီကို ခုခံတိုက်ခိုက်နိုင်စွမ်းရှိသည်။
သို့သော်လည်း နှစ်ယောက်ကြားရှိပြင်းထန်သောတိုက်ပွဲ၏အလယ်တွင် တစ်ခုခုကွဲကြေသံနှင့်အတူရောယှက်နေသည့် စူးရှရှအသံဖျော့တစ်ခုကိုရှုလင်ကျားရုတ်တရက်ကြားလိုက်ရသည်။
အသံကားသူ့နားထဲတွင်တိုက်ရိုက်ပဲ့တင်သံထပ်လာရာ ရှုလင်ကျားမိန်းမောသွားရသည်။ သူကကျန်းရွေ့ကိုတစ်ချက်စိုက်ကြည့်လိုက်မိပြီး သူ့မျက်နှာထားမသိမသာပြောင်းသွားကာ သူအော်ပြောလိုက်မိသည်။
"အားလုံးပဲ၊ အနောက်ဆုတ်ကြ!"
သူ့အသံထွက်လာသည်နှင့် ဆူညံသံတစ်သံဟိန်းထွက်လာကာ ကောင်းကင်နှင့်မြေကြီးတုန်ခါသွားပြီး စိတ်ဝိညာဥ်စွမ်းအားလျှံထွက်လာကာ ကျန်းရွေ့လက်ထဲကဓားမှာတကယ့်ကိုပေါက်ကွဲဖွင့်ထွက်လာတော့သည်!
ကျန်းရွေ့သည်ရှုလင်ကျားထံမှစိတ်ဝိညာဥ်စွမ်းအားနှင့်ပါရမီစွမ်းရည်ကိုရရှိခဲပေမဲ့ သူဟာအပြည့်အဝမသုံးတတ်ပေ။ ပုတီးစေ့ထဲကပုဂ္ဂိုလ်၏အကူအညီဖြင့် သူကလျင်မြန်သောတိုက်ကွက်များပြုလုပ်လာပြီး တိုက်ပွဲမှာပိုမိုပြင်းထန်သထက်ပြင်းထန်လာခဲ့သည်။
တစ်ဖက်တွင် ကျန်းရွေ့၏ပြိုင်ဘက်ကင်းသောစိတ်ဝိညာဥ်စွမ်းအားအလျှံအပယ်၊ အခြားတစ်ဖက်၌ ချီကွမ်းယာကဲ့သို့သောကျွမ်းကျင်သူထံမှပြင်းထန်သောဖိအားကြောင့် ကျန်းရွေ့၏ဓားရှည်မှာရုတ်တရက်တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်လာတော့သည်!
ခုနကရှုလင်ကျားကြားလိုက်သည့််အသံမှာ ဓား၏ကြောက်လန့်တကြားအော်သံဖြစ်ပြီး ၎င်းကပေါက်ကွဲသွားကာ ဓားသွားထဲတွင်အက်ကွဲသံတစ်ခုဖြစ်ပေါ်လာသည်။
ကျန်းရွေ့၏ဓားရှည်မှာဟယ်ဇီကျိုးပေးထားခြင်းဖြစ်ကာ ၎င်းဟာလည်းထူးကဲသောဓားတစ်လက်ဖြစ်သည်။
ပေါက်ကွဲမှုအခိုက်အတန့်၌၊ ဓားသွား၏အကွဲစများမှာ ရုတ်သိမ်းရန်အရမ်းကိုနောက်ကျသွားခဲ့သည့်စိတ်ဝိညာဥ်စွမ်းအားနှင့်ရောယှက်သွားကာ နေရာတိုင်းထံပျံဝဲလာခဲ့သည်။
ကျန်းရွေ့နှင့်ချီကွမ်းယာတို့ဟာအရင်ဆုံးဒဏ်ခံလိုက်ရပြီး ကံအဆိုးဆုံးဖြစ်ကြသည်။ ချီကွမ်းယာမှာသွေးတစ်လုတ်အန်၍ ချက်ချင်းမေ့လဲသွားသည်။
ကျန်းရွေ့ဟာလည်း၎င်းကိုမမျှော်လင့်ထားမိပေရာ သူ့လက်ထဲတွင်လက်နက်မရှိသည်မို့ သူ့ဝတ်ရုံလက်ကိုအမြန်မြှောက်၍သူ့မျက်နှာကိုကာလိုက်ရပြီး တစ်ပြိုင်နက်တည်းတွင်သူနောက်ပြန်ဆုတ်လိုက်သည်။
တစ်အောင့်ကြာသော် ခက်ထန်သောလေပြင်းနှင့်မျက်စိကျိန်းဖွယ်ရာငွေရောင်အလင်းတန်းများကိုသူမြင်လိုက်ရပြီး ဓားကွဲစအသေးစားများမှာလေထဲတွင်ဖမ်းဆုပ်ခံလိုက်ရကာ ပိုမိုစူးရှလာခဲ့သည်။ တိုက်ခိုက်နေကြသည့်လင်ရှောင်းဂိုဏ်းနှင့်ကွေ့ရီဂိုဏ်းသားများသာမက၊ အခြားရပ်ကြည့်နေကြသူများကိုပါသက်ရောက်သွားသည်။
ဟယ်ဇီကျိုးကားသူ့နေရာတွင်ထိုင်နေခြင်းဖြစ်ကာ ဤသည်ကိုမြင်လိုက်ရသော် သူမတ်တပ်ထရပ်၍ဝတ်ရုံလက်ကိုဝှေ့ယမ်းလိုက်သည်။ သူ့ရှေ့ရှိလေပြင်းမှာတမဟုတ်ချင်းရပ်တန့်သွားပြီး
ထို့နောက်ပြန်လိမ့်လာကာ အသေးအမွှားဓားစများကိုအမှုန့်အဖြစ်ပြောင်းလိုက်သည်။
ဟယ်ဇီကျိုးကလှုပ်ရှားမှုပြုလုပ်လိုက်ပြီးနောက် သူအရှေ့ကိုပျံဝဲသွားကာ၎င်းကိုဆုပ်ကိုင်လိုက်သည်။
သူ၏နေရာကားကြည့်ရှုသူတစ်သိုက်၏အစွန်းတွင်ရှိနေခြင်းပင်။ ၎င်းကအနည်းငယ်ဝေးကွာသည်မို့ သူ့ကိုသိပ်မသက်ရောက်ပေ။ အဆိုးဆုံးတစ်ယောက်မှာရှောင်းနဥ်အာဖြစ်ပြီး သူတို့ကိုလာကူညီသည့်အခြားရှင်းဇုန်ဂိုဏ်းသားအများစုမှာလည်းဒဏ်ရာရသွားကြသည်။
သူတို့၏တည်နေရာမှာကျန်းရွေ့အနောက်တွင်ဖြစ်ပြီး ကျန်းရွေ့ကရှောင်လိုက်သည်မို့ ဓားသွားစအများစုမှာပြိုကွဲသွားကာ ဓားချီစွမ်းအားမှာစိမ့်ထွက်လာသည်။
ယင်းချန်ကသူ့ကိုမကယ်နိုင်မီ၊ သူကအခြားတစ်ဖက်ကိုကျယ်လောင်စွာအော်ပြောလိုက်သည်။
"မင်းတို့တွေ ညာဘက်ကိုပြန်သွားကြ!"
ရှောင်းနဥ်အာကခပ်မြန်မြန်သဘောတူလာပြီး အလျင်စလိုဖြင့်သူမမှာဂိုဏ်းသားတစ်ယောက်ကိုသာဆွဲဖို့အချိန်ရလိုက်ကာ ညာဘက်ကိုအမြန်သွားလိုက်ပေမဲ့နှေးနေဆဲဖြစ်သည်။
ထိုစဥ်၊ သူမနံဘေးတွင်ရုတ်တရက်လေညှင်းတိုက်ခတ်သွားကာ ချက်ချင်းပင်သွယ်လျသောဝတ်ရုံနက်ဖြင့်ပုံရိပ်တစ်ခုက သူမရှေ့တွင်ပေါ်လာသည်။
ထိုလူမှာဓားဆွဲထုတ်ဖို့အချိန်မရှိလိုက်ဘဲ ဓားကွဲစများမှာသူ့ရှေ့ရောက်နေပြီးဖြစ်ပေမဲ့ သူကအလွယ်လေးပြုမူကာလက်ကိုအရှေ့မြှောက်လိုက်သည်။
တိုက်ကွက်ထုတ်သုံးစရာမလိုသကဲ့သို့ လက်နက်ဖြင့်တိုက်ခိုက်စရာလည်းမလိုပေ၊ ဤကဲ့သို့အမိန့်ပေးသည့်အပြုအမူနှင့်တင် ပျံဝဲလာသည့်ဓားသွားမှာတကယ့်ကိုလေထဲတွင်တန့်သွားသည်။
ချက်ချင်းပင်၊ သူ၏သွယ်လျလျလက်ငါးချောင်းမှာအောက်ကိုကွေးလိုက်ပြီး သူ၏လက်ဝါးကိုဖိချလိုက်သည်။
ပန်းကန်ပြားပေါ်ပုလဲကျသွားသကဲ့သို့ တတောက်တောက်မြည်သံဆက်တိုက်ထွက်ပေါ်လာကာ ပျံဝဲလာသည့်ဓားသွားစများမှာ မြေပြင်ပေါ်သို့တစ်ခုပြီးတစ်ခုကျသွားသည်။
ထိုအန္တရာယ်ပျောက်ကွယ်သွားတော့သည်။
တစ်ဖက်လူ၏မျက်နှာတစ်ခြမ်းကားမျက်နှာဖုံးဖြင့်ကွယ်နေပြီး ရှောင်းနဥ်အာကသူ့နောက်တွင်ရပ်နေပေမဲ့ သူ့ပါးပြင်ပေါ်ကလှုပ်ခါနေသည့်ဆံနွယ်စများနှင့် မေးစေ့မှလည်တိုင်အထိပြီးပြည့်စုံကာချော့မွေ့သောမေးရိုးလိုင်းကိုသူမမြင်နိုင်သည်။
အရမ်းရင်းနှီးလွန်းတယ်။
အဘယ်ကြောင့်ဆိုသော် တစ်ခါတုန်းက... သူမကအနောက်တွင်ထိုကဲ့သို့ရပ်ကာ လူတစ်ယောက်၏ပုံရိပ်ကိုချိုမြိန်မှုအပြည့်ဖြင့် တိတ်တိတ်လေးကြည့်ခဲ့ဖူးသည်။
ရှောင်းနဥ်အာအသံနိမ့်ဖြင့်ပြောလိုက်သည်။
"ရှစ်ရှုန်းလား။"
ဓားချီကမျက်နှာဖုံးကြိုးကိုဖျက်သွားရာ မျက်နှာဖုံးမှာမျက်နှာမှဖြေးဖြေးလေးလျှောကျလာပြီး ချောမောလှပကာတောက်ပသောမျက်နှာကိုထုတ်ဖော်လာသည်။
ရှုလင်ကျားတုံ့ဆိုင်းမနေဘဲမျက်နှာဖုံးကိုသူ့လက်ထဲယူကာ ၎င်းကိုပစ်၍ပြောလိုက်သည်။
"အင်း၊ မင်းအဆင်ပြေရဲ့လား။"
သူမမျက်ရည်ဝဲလာသည်ကိုရှောင်းနဥ်အာချက်ချင်းခံစားမိလိုက်ပြီး သူမမျက်တောင်အမြန်ခတ်ကာ၎င်းကိုဖယ်ထုတ်၍ ပြောလိုက်သည်။
"ကောင်းပါတယ်။"
သူ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ကြရရာ လူအုပ်ထဲရှိဆွေးနွေးသောအသံများမှာတစ်ဖန်မြင့်တက်လာပြန်သည်။
ဒီကနေ့ဓားစမ်းသပ်ရေးညီလာခံတွင် ဟယ်ဇီကျိုးတင်သာမက သူ့ပတ်ပတ်လည်ရှိလူအများစုမှာသူ့ကိုလိုက်ရှာနေခဲ့ကြပြီး ဤညီလာခံ၏ဖြစ်နိုင်ချေအရှိဆုံးအနိုင်ရသူမှာ ဒဏ်ရာအပြင်းအထန်ရပြီးနောက်တွင် ဒီကိုလာပါအုံးမလားဟုကြည့်ချင်နေကြသည်။
သို့သော် ရှုလင်ကျားဓားရာအမှတ်အသားစမ်းသပ်ချက်ဝင်ပြိုင်သည်ကို မမြင်ရကတည်းက၊ တစ်ဖက်လူကဤနေရာကိုလာမှာမဟုတ်တော့ဟု သူတို့အကုန်လုံးတွေးမိကြသည်။
ရှုလင်ကျားကားတောင်ထွတ်ဂိတ်ဝထဲဝင်ပြီးသားဖြစ်ကာ ဤကဲ့သို့အံ့သြဆန်းကြယ်သောနည်းလမ်းဖြင့်ပေါ်လာမည်ဟု မည်သူမျှမထင်ထားမိကြပေ။
သူ့လက်ကိုမြှောက်လိုက်ချိန်တွင် သူစိတ်ငြိမ်သွားသည်။ အဓိကအချက်ကားစိတ်ငြိမ်ရန်နှင့်အထိန်းအကွပ်မဲ့ခြင်းဖြစ်ကာ သူ့မျက်နှာထားမှာတည်ငြိမ်လျက်ရှိသည်။ ကျန်းရွေ့နှင့်ယှဥ်လျှင် သူ၏ကိုယ်နှုတ်အမူအရာနှင့်အကျင့်စရိုက်ကား တစ်ဦးတည်းကွဲထွက်နေပြီး သူကကျော်ကြားမှုကိုရုတ်ခြည်းသိမ်းယူသွားသည်။
ရှုလင်ကျားကိုမြင်လိုက်ရရင်း လင်ရှောင်းဂိုဏ်းကသတင်းအချက်အလက်ရယူရန်ပို့လိုက်သည့်ဂိုဏ်းသားမှာအံ့သြသွားပြီး ပျော်ရွှင်ဝမ်းမြောက်စွာဖြင့်အမြန်ပြောလိုက်သည်။
"ရှစ်စွင်း၊ အဲ့ဒါရှုရှစ်ရှုန်းပဲ!"
သို့သော် ၎င်းကသူ့ကိုရှာရလွယ်သွားစေသည်။
ဟယ်ဇီကျိုးကလည်းမြင်လိုက်သည်။
သူမနေနိုင်ဘဲမျက်လုံးမှေးစင်းလိုက်မိကာ သူ့မျက်နှာမှာအေးစက်နေပေသည်။
ခုနကရှုလင်ကျားကိုလူအုပ်ထဲတွင်ရှာမရခဲ့ပေ။ သူကမြေခွေးမျိုးနွယ်စုလူစုကွဲသွားခြင်း(သို့) လမ်းမှာမတော်တဆတစ်ခုခုဖြစ်နေသည်ဟု ဟယ်ဇီကျိုးတွေးမိကာ သူ့ကိုရှာရန်နေရာတိုင်းတွင်လူလွှတ်ခဲ့ပေမဲ့ တစ်ဖက်လူကသူ့နှာခေါင်းအောက်တွင်အမြဲရှိနေခဲ့မည်ဟု သူဘယ်တုန်းကမျှမတွေးခဲ့မိပေ။
ဟယ်ဇီကျိုးအလွန်လျင်မြန်စွာတုံ့ပြန်လိုက်နိုင်ပြီး ရှုလင်ကျားကဓားရာစမ်းသပ်ချက်ကိုဝင်မပြိုင်ဘဲ တောင်ထွတ်ဂိတ်ဝကိုဝင်နိုင်စွမ်းရှိနေမှတော့ ဖြစ်နိုင်ချေတစ်ခုသာရှိသည်ကိုချက်ချင်းတွေးမိလိုက်သည်။
ချင်းချိုးမှာအနီရောင်ဖိတ်ကြားလွှာမရှိပေမဲ့ ၎င်းကိုဘယ်ကရလာမှန်းသူမသိပေ၊ ရှုလင်ကျားကသူမသိအောင်ဖုံးကွယ်ထားခဲ့သည်။
ခုနကထိုရယ်ချင်စဖွယ်စိတ်ပူမှုများကိုတွေးမိရင်းဖြင့် ဟယ်ဇီကျိုးမနေနိုင်ဘဲလှောင်ပြုံးပြုံးလိုက်မိသည်။
ကောင်းတယ်၊ အရမ်းတော်တယ်။
သူမတ်တပ်ထရပ်ကာ ရှုလင်ကျားထံလျှောက်သွား၍ ပြောလိုက်သည်။
"လင်ကျား။"
ရှုလင်ကျားအနောက်လှည့်ပြီးမကြာမီတွင် ဟယ်ဇီကျိုးကိုမြင်လိုက်ရတော့သည်။
တကယ်တော့ ကျင့်ကြံသူများအတွက် ဆရာနှင့်တပည့်မတွေ့ရသည့်အချိန်ကာလမှာသိပ်မရှည်ကြာပေ။
ပုံမှန်အားဖြင့် ရှုလင်ကျားကတောင်အောက်ဆင်းကာခရီးသွားလေ့ရှိကာ တစ်ခါတရံကျရင် ၎င်းကလပေါင်းများစွာကြာတတ်သည်။
သို့ပေမဲ့ ဤအခြေအနေတွင် စိတ်အခြေအနေပြောင်းလဲသွားကာ မည်သူမည်ဝါဖြစ်ကြောင်းလည်းပြောင်းလဲသွားခဲ့ပြီ။ ထိုခံစားချက်မှာ မိတ်ဆွေဟောင်းကိုတစ်ဖန်ပြန်တွေ့ရသည်နှင့်တူသည်။
ဟယ်ဇီကျိုးကသူ့နာမည်ကိုခေါ်လာချိန်တွင် သူ၏လေသံနှင့်အမူအရာမှာယခင်ကနှင့်အတူတူပင်ဖြစ်သည့်တိုင်၊ သူကသူ့အနောက်ရှိနေရာတွင်မဟုတ်တော့ပေ။
ရှုလင်ကျားခေါင်းငုံ့ကာအရိုအသေပြုလိုက်သည်။
"ရှစ်စွင်း။"
လူတွေရှေ့မှောက်တွင် ဟယ်ဇီကျိုးကဘာမှမပြောဘဲ သာမန်ကာလျှံကာခေါင်းငြိမ့်ပြကာပြောလာသည်။
"မင်းဘာလို့မလာတာလဲဆိုတာကိုငါအခုပဲပြောနေတာ၊ ငါကမင်းရဲ့ရှစ်တိကိုမင်းကိုသွားရှာခိုင်းတော့မလို့ကို မင်းကရောက်လာပြီးသားဖြစ်နေတာပဲ။ ကောင်းတယ်၊ ဒီကိုလာ၊ ညီလာခံစဖို့သိပ်မလိုတော့ဘူး။"
သူ၏လေသံကား အရင်ကဖြစ်ရပ်မှာဘယ်တုန်းကမျှမဖြစ်ခဲ့သည့်နှယ်။
သံသယမရှိ၊ မကျေနပ်ချက်မရှိ၊ စိတ်ပျက်မှုမရှိ။
သို့မဟုတ် ဟယ်ဇီကျိုး၏နှလုံးသားထဲတွင် ဒါကိုလေးနက်သောကိစ္စဟုမထင်သည်မို့ သူအရမ်းကိုတည်ငြိမ်ကာသာမန်ကာလျှံကာဖြစ်နေနိုင်ခြင်းပင်။
သို့သော်ရှုလင်ကျားကတော့မလုပ်နိုင်ပေ။
သူမသိမသာတောင့်တင်းသွားရကာ မသိလိုက်မသိဘာသာဖြင့်ထုတ်ပြောလိုက်မိသည်။
"ကျွန်တော်...ကျွန်တော်မလိုက်ဘူး။"
လူကြားထဲတွင် သူ့ဆရာသခင်ရှစ်စွင်းထံမှ ဤကဲ့သို့ပျော့ပြောင်းညင်သာသောအမူအရာဖြင့် ချော့မြူခံရသော်လည်း၊ သူကပါးစပ်ဟ၍ငြင်းဆန်လိုက်နိုင်သည်မို့ ရှုလင်ကျားကားနံပါတ်တစ်သတ္တိအရှိဆုံးလူတစ်ယောက်ဟုယူဆ၍ရသည်။
သူဒါကိုပြောလိုက်သော် ပတ်ပတ်လည်ရှိဂိုဏ်းသားများမှာ လေထုအေးစက်သွားသည်ကိုသာလျှင်ခံစားမိလိုက်ပြီး ဟယ်ဇီကျိုးဘေးမှာရပ်နေကြရင်းဖြင့်အသက်ပင်ရှုမထုတ်ရဲပေ။
ယင်းချန်မှာအစကတော့သိမ်းသွင်းချင်ပေမဲ့ သူ့ပါးစပ်ဟလိုက်သော် ရှုလင်ကျားနှင့်ယခင်ကစကားဝိုင်းကိုရုတ်ခြည်းသတိရသွားကာ သူတန့်သွားရပြီး စကားလုံးများကိုပြန်မျိုချလိုက်မိသည်။
ရှောင်းနဥ်အာကြောက်လန့်သွားရကာ ဟယ်ဇီကျိုးကဒေါသတကြီးရိုက်ချက်ဖြင့် ရှုလင်ကျားကိုသေလုမတတ်ပါးရိုက်ချလိမ့်မည်ကိုကြောက်နေမိသည်မို့ သူမကသူ့ဝတ်ရုံလက်ကိုလှမ်းဆွဲကာတိုးတိုးပြောလိုက်မိသည်။
"ရှစ်ရှုန်း၊ ရှစ်ရှုန်း၊ အရမ်းခေါင်းမမာပါနဲ့၊ ကောင်းကောင်းရှင်းပြလိုက်လေနော်။"
မည်သူ၏တပည့်ဂိုဏ်းသားများမှ ဤမျှလောက်ထိမနာမခံမလုပ်ရဲပေ၊ ဟယ်ဇီကျိုးမှာတကယ်ပဲသူ့ကိုနည်းနည်းလေးရိုက်ပစ်လိုက်ချင်မိသည်။ ရှုလင်ကျားကနှုတ်ခမ်းတင်းတင်းစေ့ထားသည်ကိုမြင်လိုက်ရရင်း ဟယ်ဇီကျိုးရင်ဘတ်အနည်းငယ်လေးလံသွားရကာ သူ့ဒေါသကိုဖိနှိပ်ထားလိုက်သည်။
သူတည်ငြိမ်စွာပြောလိုက်သည်။
"မင်းဒဏ်ရာအပြင်းအထန်ရပြီးကတည်းက မင်းစိတ်အခြေအနေမကောင်းဘူးလို့ငါတွေးမိတယ်။ မင်းခဏအနားယူလိုက်တာကောင်းပါတယ်၊ ဒီတော့မင်းတောင်ပေါ်ကထွက်သွားတာကို ငါခွင့်လွှတ်ပေးလိုက်မယ်။ လင်ကျား၊ ဒီရက်တွေအများကြီးကြာပြီးနောက်မှာ မင်းပြဿနာရှာတာတော်လောက်ပြီ။"
ဟယ်ဇီကျိုး၏နောက်ဆုံးစကားမှာအေးစက်နေပြီးသားဖြစ်ကာ ရှုလင်ကျားကစကားမပြောပေ၊ လေထုကားတစ်ခဏမျှပိုမိုတိတ်ဆိတ်ကာ တင်းမာလာချေသည်။
ထိုစဥ်၊ တောင်ထွတ်ဂိတ်ဝအပြင်ဖက်ရှိစမ်းသပ်မှုမှာလည်းပြီးဆုံးသွားခဲ့ပြီ။
ဓားစမ်းသပ်ရေးညီလာခံတွင်ပါဝင်ယှဥ်ပြိုင်ရန်အရည်အချင်းပြည့်မှီသည့်ကျင့်ကြံသူများမှာ နန်ဇီတောင်ထွတ်ထဲကိုတရားဝင်ဝင်ရောက်လာကြပြီး နန်ဇီဂိုဏ်းသားများကသူတို့အတွက်မတူညီသည့်နေရာများတွင်ထိုင်ခုံများစီစဥ်ပေးထားကြသည်။
ထိုအခိုက်၊ တစ်ယောက်ယောက်ကရောက်လာပြီးပြောသည်။
"ရှုသခင်လေးနဲ့အခြားဂိုဏ်းသားတွေက ကျွန်တော်နဲ့လိုက်ပြီးထိုင်ခုံနေရာယူပေးကြပါ။"
စားပွဲနှင့်ထိုင်ခုံများမှာ သူညွှန်ပြသည့်နေရာတွင်စီစဥ်ပြီးသားဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ရှုလင်ကျားတစ်ဦးတည်းကျင့်ကြံသူတစ်ယောက်ဖြစ်သည်မို့ မည်သူမည်ဝါဖြစ်ကြောင်းရောက်ရှိလာချိန်တွင် သူ၏နေရာမှာချီဇုန်နှင့်အတူမဟုတ်ဘဲ သူ့နံဘေးတွင်သီးသန့်ထိုင်ခုံတစ်ခုံစီစဥ်ပေးထားသည်။
ယင်းကားနှစ်ဖက်ကြားရှိရန်စောင်မှုကဲ့သို့ပင်။ ဂိုဏ်း၏ဆန့်ကျင်ဘက်တွင် သူကတစ်ဦးတည်းရပ်ကာ လူတို့အတွက်အလွန်ထူးဆန်းပြီးအဓိပ္ပါယ်မရှိသောနိယာမကိုလိုက်နာနေသည်မှာ မဖော်ပြနိုင်လောက်အောင်အရှက်ရမှုတစ်ရပ်ပင်။
မည်သူမျှမလှုပ်ရှားသည်ကိုမြင်လိုက်ရရာ နန်ဇီဂိုဏ်းသားကမျက်နှာထက်တွင်ထူးဆန်းသောအမူအရာတစ်ခုဖော်ပြလာသည်။
ရှုလင်ကျားပြောလိုက်သည်။
"ရှစ်စွင်း၊ ရှစ်စွင်းကျွန်တော့်ကိုပြုစုပျိုးထောင်ပြီး ပညာသင်ပေးခဲ့တဲ့အတွက် ရှစ်စွင်းကျွန်တော့်ကိုပေးခဲ့တဲ့ကြင်နာမှုကို ကျွန်တော်မမေ့ရဲသလိုမေ့လည်းမမေ့ပါဘူး၊ ပြီးတော့ ကျွန်တော်အတိတ်နဲ့ပတ်သတ်ပြီးတော့လည်း စောဒကမတက်ချင်ဘူး။ အမှန်ဆိုကျွန်တော်ဂိုဏ်းကမထွက်သွားချင်ဘူး။ ကျွန်တော်ကနှစ်နှစ်တာဒဏ်ရာအပြင်းအထန်ရခဲ့ပြီးတော့ ကျွန်တော့်မှာစဥ်းစားစရာတွေအများကြီးရှိတယ်။ တကယ်လို့အနာဂတ်မှာဂိုဏ်းထဲမှာလိုအပ်တာရှိရင် လင်ကျားသေချာပေါက်အတတ်နိုင်ဆုံးကူညီပေးမှာပါ၊ ဒါပေမဲ့ တခြားဟာတွေထက် ရှစ်စွင်းက..."
သူအနည်းငယ်တန့်သွားကာပြောလိုက်သည်။
"ဂိုဏ်းမှာကျွန်တော်လိုတပည့်မျိုးတစ်ခါမှမရှိခဲ့ပါဘူး။"
စကားပြောပြီးနောက်၊ ရှုလင်ကျားခေါင်းငုံ့ကာ အနောက်လှည့်၍သူ့နေရာထံလျှောက်လာလိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် တစ်ယောက်ယောက်ရောက်လာကာ အော်ခေါ်လာသည်။
"ရှုရှစ်တိ!"
ရှုလင်ကျားလှည့်ကြည့်လိုက်သော် ကျင်းဖေးထုန်ဖြစ်နေကြောင်းမြင်လိုက်ရသည်။
သူ့နံဘေးတွင်မည်သူမျှမရှိပါဘဲ သူကရှုလင်ကျားကိုနှုတ်ဆက်ကာ သူ့လက်ကိုတိုက်ရိုက်ဆုပ်ကိုင်လာပြီး အပြုံးတစ်ပွင့်ဖြင့်ပြောလာသည်။
"မင်းလည်းဒီမှာရှိနေတာအရမ်းကောင်းတယ်၊ ကိုယ်မင်းကိုနေရာတိုင်းမှာလိုက်ရှာနေခဲ့ရတာ။"
သူကသူ့နေရာကိုညွှန်ပြကာဆိုသည်။
"ဒီတစ်ခေါက်ဓားစမ်းသပ်ရေးညီလာခံက ကိုယ့်ကိုဝင်ပြိုင်ခွင့်မရှိတဲ့ကိုယ်စားလှယ်အဖြစ်နဲ့ တက်ရောက်ဖို့ဖိတ်ကြားလာတယ်လေ။ ကိုယ်မငြင်းနိုင်တော့လက်ခံလိုက်ရတာပဲ။ ကံဆိုးချင်တော့ အဲ့နေရာမှာတစ်ယောက်ထဲထိုင်နေရတာတကယ်ပျင်းစရာကောင်းတယ်။ ကိုယ်နဲ့အတူလာထိုင်ပါလားကွာ။"
ကျင်းဖေးထုန်၏နေရာကားချီဇုန်နှင့်ဝေးကာ သူ့မှာလည်းပြိုင်ပွဲကွင်းပြင်၏အခြားတစ်ဖက်တွင်သီးသန့်ထိုင်ခုံတစ်ခုံရှိနေပေမဲ့ ဤတစ်ကြိမ်ဒီကိုလာတာကသိသာစွာပင် ရှုလင်ကျားကိုဖေးမချင်နေသည်ပင်။
ရှုလင်ကျားမှာသူ၏အပြုအမူနှင့်အနည်းငယ်စိမ်းနေသေးပေရာ မသိလိုက်မသိဘာသာဖြင့်သူ့လက်ကိုဆွဲထုတ်လိုက်မိသည်။
ကျင်းဖေးထုန်ကသူ့လက်ကိုလွှတ်ပေးလိုက်ပေမဲ့ သူ့ဝတ်ရုံလက်ကိုဖြတ်၍လက်ကောက်ဝတ်ကိုပြောင်းကိုင်လာကာ ရှုလင်ကျားကိုတိတ်တိတ်လေးကြည့်သည်။
ထိုမျက်လုံးတစ်စုံကားကြည်လင်ကာတောက်ပလျက်ရှိပြီး မျက်ဝန်းထဲတွင်ကရုဏာစိတ်၊ သနားကြင်နာစိတ်နှင့်ပဟေဠိဖြစ်မှုတို့မရှိပါဘဲ အလွန်တည်ငြိမ်ကာသိမ်မွေ့သောအကြည့်ဖြစ်သည်။
သူကညင်သာစွာဆိုသည်။
"ကိုယ်မင်းကိုလာဖိတ်တာမို့ မင်းကိုယ့်ကိုမျက်နှာသာပေးရမယ်လေ၊ သွားရအောင်။"
သူ၏နှလုံးသားရုတ်ခြည်းအေးခဲသွားရကာ ခံစားချက်မျိုးစုံကသူ့ထံရုတ်တရက်ဝင်ရောက်လာသည်။
ဤစကားနှင့်ဤအကြည့်တစ်ချက်မျှဖြင့် သူ့ရင်ထဲတွင်ဘာဖြစ်နေလဲ၊ သူဘာကြောင့်လုပ်ခဲ့လဲဆိုသည်ကို သူစကားတစ်ခွန်းပင်ပြောစရာမလိုဘဲ ဤလူကအရာအားလုံးကိုနားလည်သည်ဟု ရှုလင်ကျားရုတ်ခြည်းခံစားလိုက်ရသည်။
ခုနကမပြောအပ်သောမွန်းကြပ်မှုနှင့်အမျက်ဒေါသတို့မှာ မြူခိုးဖြူကိုဖြတ်၍တိုက်ခတ်လာသောလေညှင်းနှယ် အများစုမှာရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။ ရှုလင်ကျားမျက်လွှာချလိုက်မိပြီး မျက်လုံးတစ်ဖန်ပြန်ပင့်ကာပြုံးပြလိုက်မိသည်။
Advertisement
- In Serial40 Chapters
The Hunter
Our protagonist, having escaped from a battle of life and death, landed in a foreign world. Will he make a difference in this new world or will he ignore it like his previous home? Follow his journey as he welcomes companions to accompany his long life and influences the fate of the world! Watch him as he tramples on enemies and obstacles that stand in the way of his new family! Follow the journey of a God that had once given up on life. Living quietly in a mortal realm and discovering new bonds of friendship and family. Watch him as he treads upon the corpses of those who obstruct him and faces forward to new experiences. Author: Rubbish and short synopsis I know. New one appreciated if someone wants to. Second attempt at writing after pausing the first work at a writer's block. Feedback highly welcome. Second attempt at a synposis. Somehow I can't seem to make it work. Removed Traumatising Content tag. This is mainly a slice-of-life with romance and hints of comedy since I can't make a joke lols. It will be relatively short since I'm just wanting to see if I can follow through to complete a story as I envision it. Cover from google images. I do not own this art.
8 204 - In Serial7 Chapters
Short Stories
If your interested in short stories from writers that wrote them then you came to the right book! The book has short stories of mystery and thriller-ish for all of you to read!
8 182 - In Serial12 Chapters
Ezrabine/Sabezra vol1
this is a fanfiction short-story and i hope to publish more as the ideas pop into my head
8 227 - In Serial29 Chapters
My best friends brother
"Are you going to pretend like last night didn't happen?" He asked. I looked at the ground."You know we can't" I answered. He tucked a piece of my hair behind my ear. Lena's best friend is Aubrey. Aubrey has an older brother that comes back from military school. What will happen between Lena and Jaxon. Read more to find out.
8 114 - In Serial22 Chapters
Your Voice | Taehyun x Chaeryeong
"•I love hearing Your Voice•"In which Taehyun gets a phone call from an unknown number. It turns out that it was all misunderstanding but what will that one phone call lead to?Started : 10/09/2022Ended : 02/11/2022
8 155 - In Serial11 Chapters
Night Rain [Hoshigaki Kisame]
Kisame thinks of Amaya as an annoyance. She constantly annoyed him when they were children, pestering him to play ninja with her. When he finally gives in, he realises that what came with that decision was something he didn't expect. Now, many years later, Kisame is nostalgic about those memories and remembers a good friend.
8 118

