Advertisement
.....
ယင်းချန်ဒါကိုပြောလိုက်ပြီးသော်၊ ၎င်းကမလုံလောက်သေးဘဲ သူထပ်ပေါင်းပြောလိုက်သည်။
"သူကရိသခင်လေးအစားလက်စားချေပေးတာလို့ပဲဆက်တိုက်ပြောနေတာ၊ ဒါကြောင့်မို့ရှုရှစ်ရှုန်းကကြောက်သွားတာ၊ ဒါပေမဲ့ကျန်းရှစ်တိမှာနက်ရှိုင်းတဲ့အတွေးတွေရှိတယ်လို့ ဒီတပည့်ခံစားမိတယ်၊ ဟမ့်၊ ကြည့်ရတာတော့အဲ့လိုဖြစ်ပုံမပေါ်ဘူး။ ပျင်းစရာကောင်းတဲ့လူပဲ။"
ကျန်းရွေ့သည်ယင်းချန်ကိုတကယ်မုန်းတီးသည်၊ တစ်ဖက်လူကသူ့ကိုမုန်းတီးစက်ဆုပ်ကာအထင်သေးရုံတင်သာမက၊ သူ့ရှေ့မှာပင် မျက်နှာပေါ်တွင်ရွံရှာမှုကိုဆင်မြန်းထားလေ့ရှိသည်။ ယင်းကားလူတွေကိုအလွန်အမင်းနိုင်ထက်စီးနင်းပြုမူနေသည်ပင်။
သူသည်ကြိမ်ဖန်များစွာစကားပြောဖို့ကြိုးစားပေမဲ့ ယင်းချန်ကိုကြားဝင်မနှောင့်ယှက်နိုင်ပေ။ သူအရမ်းစိတ်ပူကာ ဟယ်ဇီကျိုးကိုတိတ်တိတ်လေးကြည့်လိုက်မိသည်။ တစ်ဖက်လူ၏မျက်နှာထားကြောင့် သူထိတ်လန့်သွားရကာ ချက်ချင်းဒူးထောက်ချလိုက်သည်။
ယင်းချန်ကားအရာရာတိုင်းကိုရှင်းလင်းစွာလုပ်သွားကာ သူ့ကိုငြင်းဆန်ရန်နေရာမချန်ရစ်ထားပေ။
ကျန်းရွေ့ပြောမိသည်။
"ရှစ်စွင်း၊ တပည့်၊ တပည့်မဟုတ်....."
ဟယ်ဇီကျိုးကလက်မြှောက်ကာသူ့ကိုနှောင့်ယှက်လာပြီး ယင်းချန်ကိုပြောလိုက်သည်။
"ဒီကိစ္စကိုငါကိုင်တွယ်လိုက်မယ်၊ ချန်အာ၊ မင်းအရင်အပြင်ထွက်နှင့်ချည်။"
ယင်းချန်ကမသွားပေ။
"ရှစ်စွင်း၊ ဒီကိစ္စကဖြေရှင်းရလွယ်တယ်လို့တပည့်ထင်တယ်။ ကျန်းရွေ့ကအကျင့်စရိုက်မကောင်းတာမို့ သူ့စွမ်းရည်တွေကိုရှင်းထုတ်ပြီးတော့ ရှစ်စွင်းရဲ့ဂိုဏ်းကနေထုတ်ပယ်ခံရသင့်တယ်။ တကယ်တော့ သူတားမြစ်နယ်မြေထဲကိုကျူးကျော်ခဲ့ကတည်းက ရှစ်စွင်းဒါကိုလုပ်ခဲ့သင့်တာ။ ဘာလို့များမိသားစုပုံစံဖမ်းနေရသေးတာလဲ။"
ဟယ်ဇီကျိုးကဆိုသည်။
"ဒါကရှစ်စွင်းရဲ့ကိုယ်ပိုင်အတိုင်းအတာပဲ၊ ချန်အာ၊ မင်းဒီနေ့အားနေတော့ အပြင်ထွက်ပြီး 'ချင်းကျင်စုထရာ'ကိုဆယ်ကြိမ်သွားကူးချည်။"
ယင်းကားသူ့အပေါ်ရိုင်းစိုင်းခြင်းအတွက်အပြစ်ဒဏ်ဖြစ်ကာ ယင်းချန်တောင့်ခဲသွားရပြီး သူ့ရင်ထဲတွင်ဆန်တက်လာသည့်နာကျည်းမှုလှိုင်းကိုရုတ်ခြည်းခံစားမိလိုက်သည်။
ဤနာကျည်းမှုကား သူ့အပေါ်ဟယ်ဇီကျိုး၏သဘောထားကြောင့်မဟုတ်ဘဲ သိပ်မကြာသေးခင်ကသူရှုလင်ကျားကိုပြောခဲ့သည့်အရာကိုရုတ်ခြည်းသတိရသွားသောကြောင့်ပင်။
သူကဂိုဏ်းမှထွက်သွားသည့်ရှုလင်ကျား၏လုပ်ရပ်ကိုနားမလည်ဟုပြောခဲ့ပြီး ရှုလင်ကျားကိုအရမ်းခေါင်းမာသည့်အတွက်စွပ်စွဲခဲ့ကာ ရှစ်စွင်းကသူ့အကြောင်းတကယ့်ကိုအလွန်ဂရုစိုက်သည်ဟုပြောခဲ့သည်။
ထိုစကားလုံးများဟာရှုလင်ကျားကိုစည်းရုံးဖို့ကြိုးစားနေပုံပေါက်ကာ ယင်းချန်ကိုယ်၌ကလည်း ရှစ်စွင်းအတွက်အညစ်အကြေးရှင်းလင်းပေးချင်ခဲ့ပုံပေါ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏နှလုံးသားအောက်ခြေမှနေ၍ သူကားရှစ်စွင်းကိုအလွန်တရာရိုသေလေးစားကာ ရှစ်ရှုန်းကဂိုဏ်းထံပြန်လာပြီး အရာရာတိုင်းကအတိတ်ကိုပြန်သွားနိုင်မည်ဟုလည်းမျှော်လင့်ခဲ့မိသောကြောင့်ပင်။
လမ်းတစ်လျှောက်၌ ဟယ်ဇီကျိုးကရှေ့တိုး၍ ကျန်းရွေ့ကိုအပြင်းအထန်အပြစ်ပေးလိမ့်မည်ဟုယင်းချန်မျှော်လင့်ခဲ့မိသည်မို့ ရှုလင်ကျားကိုစည်းရုံးဖို့အကြောင်းပြချက်ရှာကာ အရာအားလုံးကသူအတွေးလွန်နေသောကြောင့်ဟု သူ့ကိုပြောခဲ့သည်။
သို့သော် ဟယ်ဇီကျိုး၏သဘောထားမှာသူ့ကိုစိတ်ပျက်သွားစေသည်။
ထိုအခိုက်၊ ဒဏ်ရာရနေသည့်နှစ်နှစ်အတွင်းတွင် ရှုလင်ကျားမှာ သူမသိခဲ့သည့် စိတ်ပျက်သောအခိုက်အတန့်မည်မျှရှိခဲ့လိမ့်မည်ဟု သူရုတ်ခြည်းတွေးမိသွားသည်။
ယင်းချန်ကားတော်ဝင်မိသားစုတွင်မွေးဖွားလာပြီး မောက်မာသောအကျင့်စရိုက်ရှိ၏။ သူကပုံမှန်အားဖြင့်အခြားသူတို့၏ခံစားချက်များကိုတွေးခဲသည်။ သူကအရာရာတိုင်းကို သူ့နှလုံးသားနောက်ကိုသာလျှင်လိုက်ချင်သည်။ ဤအချိန်မတိုင်ခင်အထိ၊ ဤအတွေးများဝင်လာသည်နှင့် သူပိုမိုတွေးမိမည်မှာမလွဲဧကန်ပင်။
သူ့ရင်ထဲတွင်သက်ပြင်းချလိုက်မိကာ ၎င်းကစိတ်ပျက်မှု၊ သောက၊ အမျက်ဒေါသဟုတ်မဟုတ်ကိုသူမသိပေ။
ယင်းချန်ပါးစပ်ဟကာပြောမိသည်။
"ရှစ်စွင်း၊ ရှစ်စွင်းကအရမ်းဘက်လိုက်တယ်၊ ရှုရှစ်ရှုန်းပြန်မလာချင်တာအံ့သြစရာမရှိဘူးပဲ! သူကကျွန်တော်တို့ဂိုဏ်းမှာနေဖို့လိုတယ်ထင်နေတာလား။ ကျွန်တော်အထင် သူအပြင်မှာနေတာက ကျန်းရွေ့လိုလူမျိုးရှိတဲ့နေရာမှာနေတာထက်စာရင်ပိုကောင်းတယ်။ အသက်ရှုရတာကပိုပြီးတော့သက်တောင့်သက်သာရှိတယ်!"
ဟယ်ဇီကျိုးမျက်လုံးကျဥ်းမြောင်းလိုက်သည်။
ယင်းချန်ထိုစကားများကိုပြောပြီးမကြာမီတွင်၊ အလွန်အမင်းလေးလံသောပြင်းအားတစ်ခုကသူ့ခေါင်းပေါ်ကျလာသည်ကိုသူချက်ချင်းခံစားမိလိုက်သည်။ ယင်းကားအကန့်အသတ်မဲ့သောပင်လယ်သမုဒ္ဓရာကဲ့သို့ ခွန်အားပြည့်ဝပြီးပြင်းထန်နေပုံမှာ အရာရာတိုင်းကပင်လယ်ထဲတွင်မျောပါပြီး မျက်စိတစ်မှိတ်အတွင်း၌ဝါးမျိုခံလိုက်ရနိုင်သည့်နှယ်။
သူ့ရင်ဘတ်ထဲတွင်နာကျင်မှုခံစားလိုက်ရကာ သူ့သွေးများဆန်တက်လာသည်။ ဟယ်ဇီကျိုးကအေးစက်စက်ဆိုသည်။ "ထွက်သွား။"
ထို့နောက်သူဟာဤကြောက်မက်ဖွယ်အားဖြင့် ဂိုဏ်းချုပ်အခန်းပြင်ပသို့ပစ်ထုတ်ခံလိုက်ရသည်။
သူသည်ခြေလှမ်းအနည်းငယ်ယိမ်းထိုးသွားကာ လဲကျလုနီးပါးပင်။ ထိုစဥ်၊ လက်တစ်စုံကသူ့နောက်မှဆန့်ထွက်လာပြီး ယင်းချန်၏ပုခုံးများပေါ်မြဲမြံစွာကိုင်ကာ ထို့နောက်မှသာလျှင်သူ့ကိုဖေးမပေးလာသည်။
ယင်းချန်ချောင်းထပ်ခါထပ်ခါဆိုးနေပြီး သူပြန်ကောင်းဖို့တစ်ခဏကြာသွားသည်။ မတ်မတ်ပြန်ရပ်လိုက်ပြီးနောက် သူ့ကိုဖေးမပေးထားသောလက်ကိုတွန်းဖယ်ကာ အေးတိအေးစက်ပြောလိုက်သည်။
"လော်ရှစ်ရှုန်း။"
ညနေခင်း၌၊ သူ၏ကျန်းမာရေးကားအမြဲတစေဆိုးဝါးလေ့ရှိသည်မို့ ပုံမှန်ဆိုအပြင်ထွက်ခဲပေမဲ့ ဒီတစ်ကြိမ်၌ကြုံတောင့်ကြုံခဲပေါ်လာသည်။
လော်ရှောင်း၏အသံကားအမြဲတစေအလျင်မလိုပေ။
"ယင်းရှစ်တိ၊ မမိုက်မဲစမ်းပါနဲ့။ သွားရအောင်၊ ရှစ်စွင်းကိုဒီမှာအတိုက်အခံမလုပ်နဲ့တော့။"
ယင်းချန်ပြောလိုက်သည်။
"ကျန်းရွေ့ကရှုလင်ကျားကိုချင်းချိုးမှာသတ်ဖို့ကြံစည်ခဲ့တာ၊ ရှစ်ရှုန်းသိရဲ့လား။"
လော်ရှောင်းကဆိုသည်။
"ကိုယ်အငယ်လေးတွေဆီကကြားခဲ့တယ်။ မင်းလည်းရှစ်စွင်းကိုအဲ့အကြောင်းပြောပြပြီးပြီမလား။ ရှစ်စွင်းလုပ်ချင်တဲ့အရာက ပင်ကိုယ်အားဖြင့်သူ့ကိုယ်ပိုင်အတွေးပဲလေ။ ဒီမှာဘာလို့အချိန်ဖြုန်းနေအုံးမှာလဲ။"
ယင်းချန်၏မျက်လုံးများမှာတဖြည်းဖြည်းချင်းအေးစက်သွားသည်။
သူသည်ရှုလင်ကျားဂိုဏ်းမှထွက်သွားသည့်ရက်မှာထိုနေရာတွင်မရှိပေမဲ့ သူပြန်လာပြီးနောက်တွင် ထိုအချိန်တုန်းကအခြေအနေကိုတစ်ယောက်ယောက်ဖော်ပြလာသည်ကိုသူကြားသိခဲ့ရသည်။
သူကရှုလင်ကျား၏ထွက်သွားဖို့ဆုံးဖြတ်ချက်ကိုစောဒကတက်နေခဲ့ပြီး ရှုလင်ကျားကသူပြန်အလာကိုစောင့်ပင်မစောင့်၊ သူ့အတွက်စကားတစ်လုံးပင်မချန်ခဲ့ပေမဲ့ ဤအချိန်၌မူ ရှုလင်ကျား၏စိတ်ကိုယင်းချန်ရုတ်ခြည်းနားလည်သွားရသည်။
သူကရှင်းပြချက်လိုချင်ရုံသာဖြစ်ပေမဲ့ လူတိုင်းကသူ့ကိုဒွိဟဖြစ်အောင်စည်းရုံးဖို့ကြိုးစားနေကြသည်။
ဟယ်ဇီကျိုးကဤကိစ္စကိုမျှတစွာကိုင်တွယ်သရွေ့၊ လူတိုင်းကသူ့အတွက်ရပ်တည်ကာတိုက်ခိုက်၍ရသည်...
သူ့နှလုံးသားထိုးစိုက်ခံလိုက်ရသည်ကိုယင်းချန်ခံစား၍ရသည်။ သူ့အတွက်တော့ အခြားသူတို့၏ခံစားချက်များကိုလေးနက်စွာတွေးပေးမိတာ ဒါပထမဆုံးဖြစ်သည်။
"ရှစ်ရှုန်း၊ အစ်ကိုကအမြဲတမ်းဒီလိုချည်းပဲ။ အစ်ကိုကသူရဲဘောကြောင်ပြီး အကုန်လုံးကိုကြောက်နေတာပဲ။ အစ်ကိုကဘယ်အခြေအနေမှာမဆို လိုက်လျောညီတွေဖြစ်အောင်ပဲနေတယ်။ တစ်ယောက်ယောက်ကအစ်ကို့ခေါင်းပေါ်တက်နင်းသွားရင်တောင်မှ အစ်ကိုကပြုံးရုံပြုံးပြီး ဖြတ်သွားခွင့်ပေးလိုက်မှာပဲ။"
ယင်းချန်ရုတ်တရက်ပြောလိုက်သည်။
"ရှစ်စွင်းပြီးရင် ရှုလင်ကျားငယ်ငယ်ကတည်းကအရွယ်ရောက်တဲ့အထိ လေးစားပြီးအမှီသဟဲပြုခဲ့တဲ့လူကအစ်ကိုပဲ၊ ဒါပေမဲ့အစ်ကိုကသူ့ဘက်မှာဘယ်တော့မှမနေဘဲ သူ့ရဲ့နာကျည်းချက်တွေကိုလည်းမတွေးပေးခဲ့တဲ့အပြင် သူ့အတွက်ဘာမှပြောပေးဖို့လုံးဝမစီစဥ်ခဲ့ဘူး။ သူထွက်သွားချင်တာမဆန်းပါဘူးလေ။"
သူပြောပြီးသော် သူ့ကိုယ်သူရယ်မောလိုက်မိသည်။ သူပြုံးကာပြောလိုက်သည်။
"အင်း၊ ကျွန်တော့်မှာအစ်ကို့ကိုဘာမှပြောပိုင်ခွင့်မရှိပါဘူးလေ၊ အကုန်လုံးကအလေးချိန်တစ်ဝက်အကြောင်းပါပဲ။"
လော်ရှောင်းကယင်းချန်၏စွပ်စွဲချက်များကိုမငြင်းဆန်ပေမဲ့ ပြောလိုက်သည်။
"မင်းဒေါသပုံချပြီးရင်ပျော်ပြီလား။ မင်းပျော်တဲ့အခါကျရင်ပြန်သွားကြမယ်။"
ဤရှစ်စွင်း၏ဂိုဏ်းကားအဆိပ်သင့်နေသည်ကို ယင်းချန်တွေ့ရှိသွားသည်။ သူကရှစ်စွင်းကိုရင်ဆိုင်တာပဲဖြစ်ဖြစ်၊ ရှစ်ရှုန်းနှစ်ယောက်ကိုရင်ဆိုင်တာပဲဖြစ်ဖြစ်၊ ငရဲရောက်ရင်တောင်အမှားကိုဝန်မခံချင်သည့်ရှစ်တိကိုရင်ဆိုင်တာပဲဖြစ်ဖြစ်၊ သူကိုယ်တိုင်သာလျှင်ကြီးစွာနစ်နာပေလိမ့်မည်။
သူနှာမှုတ်ကာအဝေးလျှောက်သွားလိုက်တော့သည်။
လော်ရှောင်းခေါင်းခါကာသူ့ကိုယ်သူမေးမိသည်။
"ဒီကထွက်သွားရတာဆိုးဝါးတဲ့အရာမို့လို့လား။"
စကားပြောပြီးနောက် သူလည်းထွက်သွားသည်။
ကျန်းရွေ့ကဒူးဆက်ထောက်လျက်သားဖြင့် ကျောက်စိမ်းကြမ်းပြင်ပေါ်ကအေးစက်စက်လေကိုခံစားနေရသည်မှာ ၎င်းကကြမ်းပြင်အောက်မှနေ၍ သူ့နှလုံးသားထဲထိုးဖောက်နေသည့်နှယ်။
ယင်းချန်သူ့ဘေးကဖြတ်သွားပြီးထွက်သွားချိန်တုန်းက၊ ကျန်းရွေ့မှာမလှုပ်ရှားဘဲ မျက်လွှာချရုံသာချထားကာ သူ့ရင်ထဲကမုန်းတီးမှုကိုဖုံးကွယ်ထားခဲ့သည်။
သူသည်ရှစ်စွင်းနှင့်အတူလေ့လာဆည်းပူးခဲ့ကတည်းက၊ သူ့ကိုနှစ်တိုင်းရိုက်နှက်ဆူပူဆဲဆိုနေခဲ့သောမိထွေးနှင့် ဘက်လိုက်သောအဖေကိုသူသတ်ပစ်ခဲ့၏။ ဤလောကကြီးထဲတွင်သူ့ကိုဆိုးဝါးစွာဆက်ဆံသောသူများမှာ အနှေးနှင့်အမြန်သေသွားကြလိမ့်မည်။
ယင်းချန်သူ့ကိုဒီနေ့ပေးခဲ့သည့်အနိုင်ကျင့်မှုကိုသူမှတ်မိနေမည်ဖြစ်ကာ သူမှာလည်းစိတ်ရှည်သည်းခံမှုရှိပေသည်။
အခန်းထဲတွင်ဆရာနှင့်တပည့်နှစ်ယောက်သာလျှင်ကျန်ရစ်ခဲ့ပြီး ဟယ်ဇီကျိုးပြောလိုက်သည်။
"ကောင်းပြီ၊ အားရွေ့၊ ငါ့ကိုပြောစမ်းပါ၊ ခုနကမင်းရဲ့ရှစ်ရှုန်းပြောသွားတာကဘယ်လိုဖြစ်တာလဲ။"
ယင်းချန်ကအခြေအနေနှင့်ပတ်သတ်၍အရာအားလုံးကိုပြောပြသွားသည်။ ၎င်းကအလွန်ရှင်းလင်းပြီး လင်ရှောင်းဂိုဏ်းကဂိုဏ်းသားများစွာလည်းထိုအချိန်တုန်းကထိုနေရာမှာရှိနေခဲ့ကြသည်မို့ ကျန်းရွေ့လိမ်လည်ပြောဆိုဖို့မဖြစ်နိုင်ပေ။
သူတန့်သွားရကာ အသံနိမ့်ဖြင့်ပြောမိသည်။
"ရှစ်စွင်း...မဟုတ်ဘူး။"
"မဟုတ်ဘူး"ဆိုသည့်စကားလုံးထွက်လာပြီးနောက်၌၊ ဟယ်ဇီကျိုးကသူ့ဝတ်ရုံလက်ကိုတစ်ချက်ခါလိုက်သည်။ လေပြင်းတစ်ချက်သူ့ခေါင်းပေါ်ဝေ့ဝဲသွားသည်ကိုသာလျှင်ကျန်းရွေ့ခံစားလိုက်ရပြီး သူ့ကိုပစ်ဝဲသွားစေသည်။ လွင့်စင်သွားပြီးနောက် သူကသူ့နောက်ရှိနံရံပေါ်ပြင်းထန်စွာရိုက်မိသွားကာ ဒဏ်ရာရသထက်ရရှိလာပြီး ပါးစပ်ဟကာသွေးတစ်လုတ်အန်လိုက်မိသည်။
ဟယ်ဇီကျိုးကအေးစက်စွာဆိုသည်။
"ငါမင်းကိုတစ်ခါပြောခဲ့ဖူးတာကိုငါမှတ်မိတယ်၊ လင်ကျားကိုရန်သွားမစနဲ့လို့။"
သူကကျန်းရွေ့အနားတစ်လှမ်းချင်းကပ်လာသည်။
"မင်းဘာဖြစ်နေတာလဲ။ မင်းမှာအစွမ်းအစမရှိ၊ ဦးနှောက်လည်းမရှိဘူး။ ငါအရမ်းစိတ်ပျက်မိတယ်။"
သူအပြစ်ပေးခံရလိမ့်မည်ဟုကျန်းရွေ့ထင်ထားသော်လည်း၊ ဟယ်ဇီကျိုးကဤမျှရက်စက်လွန်းလှမည်ဟု သူမမျှော်လင့်ထားမိပေ။
သူ့ပုခုံးမှာရှုလင်ကျားကြောင့်ဒဏ်ရာရခဲ့ပြီးသားဖြစ်ကာ တစ်ခဏအတွင်းပြန်ထရန်အတော်လေးအားထုတ်လိုက်ရပြီး သူ့ရင်ဘတ်ကဒဏ်ရာမှာသည်းမခံနိုင်အောင်နာကျင်သည်ကိုသာလျှင်ခံစားလိုက်ရသည်။
မမျှတဘူးဟုရုတ်ခြည်းတွေးမိလျက် သူခေါင်းမော့ကာမေးမိသည်။
"ရှစ်စွင်း၊ ရှစ်စွင်းရဲ့နှလုံးသားထဲမှာ ကျွန်တော်ကဘာများလဲ?!"
ဟယ်ဇီကျိုးကသူ့ကိုငုံ့ကြည့်လာကာ သူ့မျက်နှာမှာတည်ငြိမ်လျက်ရှိပုံမှာ ဘုရားကျောင်းအတွင်းရှိနတ်ဘုရားရုပ်တုနှင့်ဗုဒ္ဒဆင်းတုတော်ပမာ လုံးဝကိုစိတ်ခံစားချက်မရှိပေ။
ကျန်းရွေ့သည်ထိုစကားလုံးများထုတ်ပြောပြီးနောက်၊ သူ့ရင်ထဲရှိနာကျည်းချက်များမှာအောင့်မထားနိုင်တော့ဘဲ အသံနိမ့်ဖြင့်ပြောလိုက်သည်။
"ရှစ်စွင်းကျွန်တော့်ကိုတောင်ပေါ်ခေါ်လာခဲ့တုန်းက ကျွန်တော့်ရဲ့နိမ့်ကျတဲ့နောက်ခံအသိုင်းအဝိုင်းကိုသဘောမကျဘဲ ကျွန်တော့်ကိုတပည့်အဖြစ်လက်ခံခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက ဂိုဏ်းသားတချို့လည်းရှိတယ်။ ရှုရှစ်ရှုန်းကကျွန်တော့်ကိုအထင်သေးပြီး ရှစ်စွင်းကကျွန်တော့်ကိုအချိန်တိုင်းကာကွယ်ပေးလိမ့်မယ်၊ ရှုရှစ်ရှုန်းရဲ့ရာထူးကိုတောင်ကျွန်တော့်ကိုပေးခဲ့တယ်လေ။"
"ရှစ်စွင်းရဲ့ကြင်နာမှုကြောင့် ကျွန်တော်ရှစ်စွင်းကိုကျေးဇူးအမြဲတင်နေခဲ့တာ၊ ပြီးတော့အခွင့်အရေးရှိခဲ့ရင် ကျွန်တော်ကောင်းကောင်းလုပ်ပါ့မယ်လို့တိတ်တခိုးကျိန်ဆိုခဲ့တယ်။ ကျွန်တော့်အပေါ်ရှစ်စွင်းရဲ့နှစ်သက်မှုကို ပြန်ပေးဆပ်ချင်ခဲ့တယ်။"
သူအံကြိတ်လိုက်မိသည်။
"ဒါပေမဲ့ရှစ်စွင်းကကျင့်ကြံရာမှာအရမ်းစိတ်နှစ်ထားရတဲ့အကြောင်းရင်းကိုတပည့်နားမလည်ဘူး။ ကျွန်တော့်အပေါ်ရှစ်စွင်းရဲ့သဘောထားက အမြဲတမ်းစိမ်းကားပြီးတော့မထူးခြားမခြားနားပဲ။ ရှုရှစ်ရှုန်းကိုဆက်ဆံတုန်းကကျတော့ ရှစ်စွင်းကအဲ့လိုမဟုတ်ဘူးလေ! ဟုတ်တယ်! ကျွန်တော်လည်းရှစ်စွင်းချစ်တာတကယ်ခံချင်တယ်!"
ဟယ်ဇီကျိုး၏သဘောထားကားအနည်းငယ်ပြက်ရယ်ပြုလျက်ရှိသည်။ သူ့စကားများကိုနားထောင်ပြီးသွားသော် သူကခပ်ဖွဖွနှာမှုတ်ကာပြောလာသည်။
"မင်း? မင်းကတန်လို့လား။"
ကျန်းရွေ့ကြောင်အမ်းသွားရသည်။
ဟယ်ဇီကျိုးသက်ပြင်းချ၍ပြောလိုက်သည်။
"အားရွေ့ရ၊ လူတွေအတွက်အတားမြစ်ထားဆုံးအရာက တဏှာလောဘပဲ။ မင်းမှာအစကဘာမှမရှိဘူး၊ ငါမင်းကိုပေးလိုက်တာကမင်းရဲ့ကောင်းချီးပဲ၊ မင်းယူလိုက်တယ်။ တကယ်လို့မင်းကိုမပေးရင်လည်း အရမ်းကြီးစဥ်းစားမနေနဲ့လေ။"
Advertisement
ကျန်းရွေ့အံကြိတ်ကာ ဖြူရော်သောမျက်နှာဖြင့်မေးလိုက်သည်။
"ဒီတော့ရှစ်စွင်းအချစ်ဆုံးလူကရှုရှစ်ရှုန်းပေါ့လေ၊ ကျွန်တော်သူနဲ့ပဋိပက္ခဖြစ်လို့ရှိရင် ရှစ်စွင်း...ရှစ်စွင်းဒေါသထွက်မှာလား။ သူကဒဏ်ရာမရသွားဘဲ အဲ့ဒီ့အစားကျွန်တော့်ကိုထိခိုက်အောင်လုပ်ခဲ့တာပါ၊ ရှစ်စွင်း၊ ကျွန်တော့်ကိုမကြည့်နိုင်ဘူးလား။"
ဟယ်ဇီကျိုးကပေါ့ပါးစွာဆိုသည်။
"ငါကသူများတွေနဲ့လူမြင်ကွင်းမှာပဋိပက္ခမဖြစ်ဘူး။ ငါသိတာက မင်းပြန်လာပြီးစောဒကတက်နေတာကိုပဲ။ ငါ့ရဲ့ကျင့်ကြံရေးကိုအလဟဿဖြစ်စေတယ်။"
သူပြုံးကာနှုတ်ခမ်းကိုကွေးလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတွင်အလွန်အေးစက်သောအရသာရှိ၏။
"ငါမင်းကိုတောင်ပေါ်ဘာလို့ခေါ်လာချင်တယ်ထင်လဲ။ ဘာလို့လဲဆိုတော့ ငါမင်းရဲ့ပါရမီစွမ်းရည်ကိုသဘောကျလို့ပဲ။ မင်းကဓားအသက်ရှုသံကိုထက်ထက်မြက်မြက်အာရုံခံနိုင်တဲ့စွမ်းရည်နဲ့မွေးဖွားလာခဲ့တာ၊ ပိုပြီးတော့ထူးခြားတာက မင်းမှာရှားပါးတဲ့အမြင်အာရုံလည်းရှိတယ်။ ကံကြမ္မာရဲ့ကြီးမားတဲ့ပြီးပြည့်စုံမှု၊ ခန္ဓာကိုယ်ကံကောင်းမှု၊ ကောင်းကင်ဘုံရဲ့သားတော်၊ ကပ်ဘေးတွေကိုလည်းရှောင်နိုင်တယ်။ ဒါကြောင့်မို့ ရှစ်စွင်းကမင်းအပေါ်အကြီးကြီးမျှော်မှန်းထားပြီးတော့ ပိုပြီးအလိုလိုက်ထားခဲ့တာပဲ။"
ကျန်းရွေ့မစဥ်းစားနိုင်တော့ပေ၊ ဟယ်ဇီကျိုးကသူ့ကိုကွဲပြားစွာမြင်ခဲ့သည်။ ၎င်းမှာ ရှုလင်ကျားထံမှသူခိုးယူခဲ့သောကံကြမ္မာကြောင့်ဖြစ်ရမည်။
သူပါးစပ်တစ်ဝက်ဟလိုက်မိပြီး သူ့မျက်နှာထားမှာနာကျည်းမှုမှထိတ်လန့်အံ့သြခြင်းသို့တဖြည်းဖြည်းချင်းပြောင်းလဲသွားသည်။
ဟယ်ဇီကျိုး၏မျက်လုံးများအေးစက်သွားသည်။
"ဒါပေမဲ့အဲ့ဒါကမင်းအရှေ့ကိုသွားရမဲ့အကြောင်းရင်းမဟုတ်ဘူး။ မင်းသာစိတ်မတည်ငြိမ်လို့ရှိရင် ဒီလိုကောင်းမွန်တဲ့ပါရမီစွမ်းရည်မျိုးကို ယူဆောင်လာနိုင်မှာတောင်မဟုတ်ဘူး။ ဒီတော့မင်းကိုထိန်းသိမ်းထားရတာကငါ့အတွက်ဘာအသုံးဝင်လို့လဲ။"
"..."
ကျန်းရွေ့၏ဒဏ်ရာများမှာပေါ့သေးသေးမဟုတ်၊ သူတစ်အောင့်မျှခါလိုက်တော့ သူ့ပုခုံးပေါ်ကကျိုးသွားသည့်အရိုးများပြန်ဆက်သွားပြီး ထိုနာကျင်မှုထဲတွင်သူ့နှလုံးသားကိုနှစ်လိုက်ပုံပင်။
သူမနေနိုင်ဘဲမေးလိုက်မိသည်။
"ဒါဆိုရှုလင်ကျားအပေါ်ရှစ်စွင်းရဲ့ချစ်ခြင်းမေတ္တာက ဘာလို့လဲဆိုတော့ရှစ်စွင်းကသူ့ကိုတပည့်အဖြစ်သတ်မှတ်ပြီး ကျင့်ကြံတာကိုသင်ပေးခဲ့တာမို့ပဲ။ ကျွန်တော့်ကိုကာကွယ်ပေးခဲ့တာကကျတော့ ရှစ်စွင်းကကျွန်တော့်ကိုအသုံးဝင်တဲ့...အကူပစ္စည်းအဖြစ်ဆက်ဆံခဲ့တာမို့လို့လား။"
ဟယ်ဇီကျိုးကပြောသည်။
"အသုံးချခံရတဲ့တန်ဖိုးကိုသုံးဖို့က လူတွေအတွက်အရမ်းရှားတယ်။ ဒါပေမဲ့မနာခံတဲ့လူတွေကိုငါဘယ်တော့မှသည်းညည်းမခံဘူး။ အခုမင်းကအဲ့လိုဆက်ဆံမှုမျိုးနဲ့ထိုက်တန်နေတုန်းပဲလား။"
သူ့မျက်နှာထားမှာသိပ်ကိုလေးနက်သည့်မေးခွန်းနှင့်ပတ်သတ်၍ တကယ့်ကိုစဥ်းစားနေပုံပေါက်သည်။ ခက်ခဲသောမေးခွန်းအတွက်မူ၊ သူကဖြည်းညှင်းစွာလက်မြှောက်၍ ကျန်းရွေ့ထံကမ်းပေးလာသည်။
အလွန်တရာခွန်အားကြီးသောစိတ်ဝိညာဥ်ပြင်းအားကဟယ်ဇီကျိုးထံမှစီးဆင်းလာပြီး ကျန်းရွေ့၏အသိစိတ်ကိုဖျစ်ညှစ်လိုက်သည်။
ကျန်းရွေ့ထိတ်လန့်စွာပြောမိသည်။
"ရှစ်စွင်း!"
သူ့အသက်ကကြောက်မက်ဖွယ်ရာခြိမ်းခြောက်မှုအောက်၌ရှိသည်ကိုသူခံစား၍ရသည်-- ဟယ်ဇီကျိုးကသူ့အသက်ကိုယူချင်နေသည်!
သူကရှုလင်ကျားကိုရွှေ့ပြောင်းဖို့ကြိုးစားခဲ့သောကြောင့်၊ သူကအသုံးမဝင်သောကြောင့် ဟယ်ဇီကျိုးကသူ့ကိုတိုက်ရိုက်သတ်ပစ်ချင်နေသည်လား?!
ထိုစဥ်၊ အသံတစ်ခုကသူ့စိတ်ထဲတွင်ပေါ်လာပြီးဆူပူလာသည်။
"အရူးကောင်၊ မင်းဘာလုပ်နေတာလဲ၊ မင်းခုခံပြီးတော့မင်းရဲ့အစွမ်းအစတွေကိုထုတ်ပြလိုက်ပါလား၊ မင်းတကယ်သေချင်လို့လား။"
"ခုခံရမယ်?"
ကျန်းရွေ့ဟာလည်းသူ့စိတ်ထဲတွင်တုန်ယင်သွားရကာ သူ့ကိုဖြေလိုက်သည်။
"ကျွန်တော်ဘယ်လိုလုပ်ပြီးရှစ်စွင်းကိုခုခံနိုင်မှာလဲ! မြန်မြန်သေသွားမှာပေါ့ဟ!"
တစ်ဖက်လူကလှောင်ရယ်နေပုံပင်။
"အရိုးခေါင်းကတော့၊ မင်းသေသွားရင်တောင်မှမင်းသုံးမှာမဟုတ်ဘူးပေါ့၊ မင်းကဒီပါရမီစွမ်းရည်ကိုတော်တော်အထင်သေးနေတာပဲ! ငါ့စကားနားထောင်!"
နောက်တစ်ခဏတွင်၊ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အား၏စိတ်ဝိညာဥ်စွမ်းအားဖြစ်ပေါ်လာသည်ကိုကျန်းရွေ့ခံစားလိုက်ရပြီး တစ်ချိန်တည်း၌ သူ့လက်ကအထိန်းအကွပ်မဲ့စွာလှုပ်ရှားသွားကာ ဒဏ်ရာရထားသည့်လက်မောင်းကမြောက်သွားပြီး မမြင်နိုင်သောဓားစွမ်းအင်ကိုဦးဆောင်ကာ ဟယ်ဇီကျိုးထံတန်ပြန်တိုက်စစ်ဆင်လိုက်သည်!
ကျန်းရွေ့ကြောက်လန့်တကြားမျက်စိမှိတ်လိုက်မိသည်။
သူဤကမ္ဘာပေါ်ရောက်ရှိလာကတည်းက ပတ်ဝန်းကျင်မှာအရမ်းကိုဆိုးဝါးပေမဲ့ ကျန်းရွေ့ကတော့ကျေးလက်ဒေသတွင်ဆယ်နှစ်ကျော်မျှရိုးသားစွာလုပ်ကိုင်စားသောက်နေခဲ့သည်။ သနားစရာကောင်လေး၊ သူ့အတွက်ကြောင့် အပြင်ထွက်လာပြီး လောကဓံကိုရင်ဆိုင်ရတာကပို၍ခြောက်ခြားဖွယ်ကောင်းလှပေသည်။
နောက်ကျတော့ ရှုလင်ကျား၏ပါရမီစွမ်းရည်ဖြင့် သူသည်အရာမြောက်များစွာပိုင်ဆိုင်လာရပြီး ကြိုးစား၍ပြောင်းလဲဖို့ရန်လက်ဦးမှုရယူစရာမလိုတော့ပေ။
ဤကဲ့သို့တွေးတောခြင်းကားအလေ့အကျင့်ဖြစ်လာသည်။ သူ၏လက်ရှိမည်သူမည်ဝါဖြစ်ကြောင်းဟာ သာမန်ထက်ထူးကဲသောပါရမီစွမ်းရည်ရှိသည့်ခွန်အားကြီးသောလူတစ်ယောက်ဖြစ်နှင့်ပြီးသည်ကို ကျန်းရွေ့ဘယ်တုန်းကမျှမသိခဲ့ပေ။
သန်မာဖို့အတွက် အရေးကြီးသည့်အရာမှာနာခံခြင်းမဟုတ်ဘဲ မိမိ၏ကိုယ်ပိုင်တန်ဖိုးကိုပြသခြင်းဖြစ်သည်။
တောင်းဆိုခယစရာမလိုဘဲ သူ၏အစွမ်းအစကိုမြင်သွားသည့်အခါတွင် ဟယ်ဇီကျိုးကသဘာဝကျကျပင်သူ၏သနားညှာတာမှုကိုပြသလာလိမ့်မည်ပင်။
ဟုတ်တာပေါ့၊ ဓားစွမ်းအင်ကိုခံစားလိုက်ရရင်းဖြင့် ဟယ်ဇီကျိုးကခပ်ဖျော့ဖျော့အသံတစ်ခုပြုကာ သူ့လက်ထဲအားထည့်လိုက်ပြီးနောက် စိတ်ဝိညာဥ်စီးကြောင်းနှစ်ခုမှာပေါင်းဆုံသွားသည်။
ဟယ်ဇီကျိုးကလက်ရုတ်ကာဆိုသည်။
"မင်းကငါ့ကိုအံ့အားသင့်စေတာပဲ၊ အားရွေ့ရ။"
ဒီတစ်ခေါက်ပြောစရာမလိုဘဲ သူမည်မျှတုံးအနေပါစေ သူဘာကိုလုပ်သင့်မလုပ်သင့် ကျန်းရွေ့သိသွားသည်။
သူသည်သူ့ပုခုံးပေါ်ကကြီးစွာသောနာကျင်မှုကိုတောင့်ခံကာ ဟယ်ဇီကျိုးရှေ့မှောက်ဒူးထောက်ချလိုက်ပြီး တောင်းဆိုလိုက်၏။
"ရှစ်စွင်း၊ ကျွန်တော်နေလို့သိပ်မကောင်းတာမို့ ကျွန်တော်ဒီနေ့အမှားလုပ်ခဲ့မိတယ်။ ရှစ်စွင်းကျွန်တော့်ကိုတစ်ယောက်ထဲထားခဲ့လို့ရပါတယ်။
ဒီတပည့်ကရှစ်စွင်းကိုသေချာပေါက်ပြန်ပေးဆပ်ပြီး ဂိုဏ်းဆီကိုဂုဏ်ကျက်သရေယူဆောင်လာခဲ့ပါ့မယ်။ ဓားစမ်းသပ်ရေးညီလာခံ...ဟုတ်တယ်၊ ဓားစမ်းသပ်ရေးညီလာခံရှိတယ်မလား။ ကျွန်တော်သေချာပေါက်နိုင်မှာပါ!"
ဟယ်ဇီကျိုးကသူ၏စိတ်ဝိညာဥ်စွမ်းအားကိုအလုံးစုံမထိန်းချုပ်ထားခဲ့ပေ။ အချိန်ခဏလေးအတွင်း၌ပင်၊ ကျန်းရွေ့မှာချွေးစေးများကျလာပြီး သူ့နှလုံးသားမှာလည်းဗုံပမာတဒိန်းဒိန်းခုန်နေသည်။
နောက်ဆုံးတွင် ဟယ်ဇီကျိုးကပြုံးကာပြောလာသည်။
"ကောင်းပြီ၊ မင်းအမှန်ပြောနေတာဖြစ်ပါစေလို့ငါလည်းမျှော်လင့်မိတယ်။"
ဖိအားပျောက်ကွယ်သွားပြီး သူကရှေ့တိုးလာကာ ကျန်းရွေ့ကိုသူ၏လက်တစ်စုံဖြင့်ဖေးမပေးလာသည်။
ဟယ်ဇီကျိုးကဆိုသည်။
"မြန်မြန်ထပြီး ဒဏ်ရာကိုသွားကုချည်။ တန့်အဆောင်ကအရိုးအားဖြည့်လိမ်းဆေးအသစ်လုပ်ထားတယ်။ ရှစ်စွင်းမင်းကိုနောက်ကျပေးမယ်။"
ဤကဲ့သို့ဖေးမမှု၊ တိုက်တွန်းခြင်းနှင့်ပီတိစကားလုံးများဖြစ်ပေမဲ့ သူကတော့ဦးခေါင်းခွံတင်းကြပ်ကာ ကြောက်ရွံ့မှုကိုသာလျှင်ခံစားမိချေသည်။
ဟယ်ဇီကျိုးကသူ့ပုခုံးကိုပုတ်ကာ အနားကိုင်း၍အသံနိမ့်ဖြင့်ပြောလာသည်။
"ပြီးတော့ အဓိပ္ပါယ်မရှိတဲ့အရာတွေကိုမလုပ်နဲ့၊ မင်းရဲ့ရှစ်ရှုန်းကိုထိခိုက်အောင်လုပ်ရဲလို့ကတော့ မင်းဘယ်လောက်ပဲတော်တော် ငါမင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး။"
သူကကျန်းရွေ့ကိုလွှတ်ပေးကာပြုံး၍ပြောလိုက်သည်။
"သွားတော့၊ ဓားစမ်းသပ်ရေးညီလာခံမှာ ရှစ်စွင်းမင်းကိုကောင်းကောင်းကြည့်နေမယ်။"
ကျန်းရွေ့၏ခြေထောက်များတုန်ယင်သွားရကာ ဂိုဏ်းချုပ်အခန်းထဲကမည်သို့ထွက်ရမည်မှန်းမသိပေ။
"ချန်ပေ့?" (*ချန်ပေ့=စီနီယာ။)
သူသည်ပုတီးစေ့ထဲကပုဂ္ဂိုလ်ကိုပြောလိုက်သည်။
"ချန်ပေ့၊ ခင်ဗျားရှိနေသေးလား။"
တစ်ဖက်လူပါးစပ်ဖွင့်လိုက်သော် ထိုသူကအမြဲတမ်းညှို့ယူဖမ်းစားလျက်ရှိသည်။
"မင်းဓားစမ်းသပ်ရေးညီလာခံမှာနိုင်ကိုနိုင်ရမယ်၊ မင်းရှုံးသွားလို့ရှိရင် ခိုးထားတဲ့အရာအားလုံးကပိုပိုပြီးပျောက်ဆုံးသွားလိမ့်မယ်။"
ကျန်းရွေ့ပြောလိုက်သည်။
"ကျွန်တော်ကကျွန်တော့်အစွမ်းအစကိုပြသလိုက်ရုံပါပဲ။ ဒါဖြင့်
ဓားစမ်းသပ်ရေးညီလာခံရောက်တဲ့အခါကျရင် ခင်ဗျားကျွန်တော့်ကိုဒီလိုမျိုးကူညီပေးလို့ရသေးလား။"
"အင်း။"
ကျန်းရွေ့၏နှလုံးသားမှာခုန်ပေါက်နေဆဲပင်၊ သူ့မှာအပြင်ထွက်ရန်နည်းလမ်းမရှိ။ ဒီကနေ့ဟယ်ဇီကျိုး၏သဘောထားကိုကြည့်ရင်းဖြင့် တကယ်လို့ရှုလင်ကျား၏ပြင်းထန်သောဒဏ်ရာကသူ့ကြောင့်ဖြစ်သွားတာမှန်းသိသွားလို့ရှိရင် သူကတုံ့ဆိုင်းမနေဘဲသူ့အသက်ကိုသေချာပေါက်ယူလိမ့်မည်ဖြစ်သည်။
သူ့ကိုယ်သူကာကွယ်ဖို့နည်းလမ်းရှာရမည်... သူ့ကိုယ်သူကာကွယ်ဖို့တင်မကဘဲ ပိုကောင်းသောဘဝမှာနေထိုင်ရန်လည်းဖြစ်သည်။
ဒီကနေ့အနိုင်ကျင့်မှု၊ ထိတ်လန့်မှု၊ စိတ်ပျက်မှုတို့ကို ကျန်းရွေ့ဘယ်တော့မှမမေ့သကဲ့သို့ လုံးဝထပ်မကြုံချင်တော့ပေ။
သူပိုင်ဆိုင်သောစွမ်းအားကသူစိတ်ကူးထားတာထက်ပို၍ခွန်အားကြီးပုံပင်။ သို့ပေမဲ့ သူစတင်ကျင့်ကြံသည့််အချိန်ကာလက သူ့ကိုယ်သူသွေးဖို့ရန်အလွန်တိုတောင်းလွန်းလှသည်။
အဓိကဇာတ်ဆောင်၏အရှိန်အဝါကားအလွန်အဖိုးတန်သည်မို့ သူ့ဆီရောက်လာချိန်တွင် သူအဆုံးရှုံးမခံနိုင်ပေ။
ကျန်းရွေ့ထွက်သွားပြီးနောက်၊ ဟယ်ဇီကျိုးကသူ့ဝတ်ရုံလက်ကိုသာမန်ကာလျှံကာဝှေ့ယမ်းလိုက်ရာ အခန်းတစ်ခုလုံးထဲကပရိဘောဂပစ္စည်းများမှာ မူလအခြေအနေသို့ပြန်လည်ရောက်ရှိသွားသည်။
သူထိုင်ခုံပေါ်ပြန်ထိုင်ကာပြောလိုက်သည်။
"လာအုံး။"
ဂိုဏ်းသားတစ်ယောက်ခပ်မြန်မြန်ဝင်လာသည်။ ဟယ်ဇီကျိုးလက်ဖျောက်တီးလိုက်ရာ ဆုတောင်းစာကထိုဂိုဏ်းသားလက်ထဲဝေ့ဝဲသွားသည်။
သူကဆိုသည်။
"ငါ့ရဲ့ဖိတ်ကြားလွှာကိုယူပြီး လူနည်းနည်းခေါ်ပြီးတော့ ယိုရှန်းတောင်ထွတ်ပေါ်ကိုသွား၊ ဝေရှန်းကျွင်းကိုယိုရှန်းမဟူရာကျောက်တစ်ပိုင်းယူလာဖို့ပြောလိုက်ချည်။"
ဂိုဏ်းသားကလက်ခံလိုက်ပြီးနောက် ဖိတ်ကြားလွှာကိုယူကာထွက်သွားသည်။
အသံတစ်သံကဆိုသည်။
"ဝေရှန်းကျွင်းကမင်းကိုအသက်ကြွေးတင်နေပေမဲ့ မင်းတို့နှစ်ယောက်အဆက်အသွယ်မရှိတာအတော်ကြာနေပြီလေ။ အခုမင်းကယိုရှန်းမဟူရာကျောက်အတွက် ဒီအကြွေးကိုသုံးလိုက်တော့ အနာဂတ်မှာတစ်ခုခုလုပ်ဖို့သူ့ကိုရှာရခက်သွားမှာစိုးတယ်။"
ဟယ်ဇီကျိုးပြောလိုက်သည်။
"ယိုရှန်းမဟူရာကျောက်မှာ ယိုရှန်းတောင်ထွတ်တစ်ခုလုံးရဲ့စိတ်ဝိညာဥ်စွမ်းအားတွေပါဝင်တယ်။ အဲ့လိုမှမဟုတ်ရင် သူဘယ်လိုလုပ်ပြီးထုတ်ပေးမှာတဲ့လဲ။"
ပုံရိပ်တစ်ရိပ်ကသူ့ဓားရှည်ထဲကထွက်လာပြီး ၎င်းမှာဟယ်ဇီကျိုး၏ဓားဝိညာဥ်ဖုန့်ဝမ်ဖြစ်သည်။
ဖုန့်ဝမ်ကသက်ပြင်းချသည်။
"မင်းကလင်ကျားကိုအရမ်းချစ်နေသေးတဲ့ပုံပဲ။ မင်းသူ့ဒဏ်ရာအတွက်ဖြစ်နိုင်သမျှအကုန်လုံးလုပ်ပေးဖို့ဆန္ဒရှိနေမှတော့ ဘာကြောင့်ကျန်းရွေ့ကိုခွင့်လွှတ်ပေးလိုက်ရတာလဲ။ သူ့အကျင့်စရိုက်ကတကယ်ဆိုးတယ်၊ မင်းသူ့ကိုဒီလိုပံ့ပိုးပေးနေမယ်ဆိုရင် အခြားသူတွေမကျေမနပ်ဖြစ်မှာမလွဲဧကန်ပဲ။"
Advertisement
- In Serial18 Chapters
Magus Lordavis conceives Another Plot
For years, Lordavis has been at odds with the Kingdom of Fourmikari and the Great Champion Gallivur. Fifty-seven times Lordavis has sought to bring about their ruin. Fifty-seven times Lordavis has failed. The time has come to conceive another plot.
8 206 - In Serial19 Chapters
The Forsaken America
The year is 3007. Earth has been divided into two super continents; Beauland, and The Forsaken America. Beauland was formed by the users of Xenopram; a drug that makes one immortal, but impotent. These people call themselves 'Eternals', and have deemed all mortal as 'The Rotten Evil', condeming them all to death and exile. The Forsaken America is a nuclear wasteland home to foul raiders, murderous cannibals, and an evergrowing presence of Beauland's government, The Eternal Protectors. This is a tale of two perspectives. The first is of KC Homstov, a Rotten Evil women who must escape the tyrannical Beauland due to an unwanted pregnancy. The second is of an immortal man with no name wandering the barren wastes of The Forsaken America in a strenuos fight for survival.
8 231 - In Serial6 Chapters
One Piece: The New Age
Pogo D. Shuttle, a small and weak little boy raised on Dawn Island. The poor fellow was so weak in comparison to his peers, an orphan at birth, a pirate at heart. Through countless adventure and gathering of friends and comrades, Pogo will find his ultimate wish--the one piece! After Pirate King, Monkey D. Luffy died in a similar fashion to Gol D. Roger, the pirate era once again surged to the central figure--Raftel! A new era had been ushered by Luffy's final heart-wrenching words, "If you want my treasure, go out and find it. That treasure is something only one man on the sea can ever experience...and that man is the king of the pirates!" His sneery laugh granted him the final wish he desired: The longevity of pirates!
8 178 - In Serial37 Chapters
I am a Bug
Reincarnation is a roll of the dice, naturally some people get better prizes than others. This story is about someone who is making the best of a bad situation. he doesn't get to be a human or a dragon, he gets to be a bug. even a slime would be better than that. Let's hope he gets to be a special bug.
8 79 - In Serial14 Chapters
Legend Of Kaiser
(Story has been dropped sadly. Chapter 9-24 is out on this website :http://forum.wuxiaworld.com/discussion/1362/legend-of-kaiser-book-1-chapter-19-24-unedited#latest) Many, many millennia ago history has it that the world went through a catastrophic event that would annihilate all life on Earth, it was a mass extinction. The event was a collision with [Orpheus] an Asteroid the size of the Moon, that would destroy the lovely planet we call home.During the time the world was in a war with itself due to the greed of humanity. The world was being neglected by its inhabitants, extreme climate change, deforestation, hurricanes destroying everything in their path, people starving; this was all caused by man and the Asteroid was the cherry on top.It was said that nothing could stop the catastrophe, all the weapons at their disposal were ineffective, the people were in despair, they had neglected the world and were being destroyed.It was at this time that a man arose, his name…. Noah Kaiser, he was a scientist and archaeologist whose name was unheard of, said to be a man with unquestionable beauty and a mind that was unparalleled. He explained to the people that escaping from fate was possible if they listen to his proposal and join him. He told them, the people that he would lead them to another dimension, one similar to this world, yet different.Many opposed him, people thought he was a crazy maniac, however everyone knew that nothing could save them from the grips of death, so decided to follow the man known as Noah Kaiser.Facing against all the odds in the end they had escaped into a new world called [Eden], escaping disaster and the enticing threads of fate.The new world was boundless, many times bigger than Earth. Even though this world was better than their old planet Earth, there existed many powerful beasts, these beasts pushed the human race into the corners, Noah Kaiser protected the people teaching them of this world and helped create a small country called the Sarien Kingdom in the furthest corner of the Earth Continent.This Saviour one day disappeared without a trace leaving behind his clan and Small stone as a keepsake. Nearly 100,000 years have passed and this once powerful clan has dwindled and lost their once overwhelming power. In this clan a young boy was born, this boys name is Leon Kaiser, the direct descendant of the once great hero, Noah Kaiser. He was born without the ability to absorb the Natural Energy in the atmosphere into his Essence Core and then deemed worthless by those around him except for his parents. Despite this he was still a kindhearted, caring, naive but smart child, with a dream to restore his Clan's greatness and be free to roam the world.This child one day faces a tragedy that could have taken his life, but a shocking event causes something unfathomable deep inside him to awaken, changing the course of his life.Book 1: The Legend begins
8 69 - In Serial5 Chapters
Assistance [ʀ]
As two dominants struggle with the sexual part of their arranged marriage, a little assistant comes along- changing their whole dynamic.NOT A SLOW BURN- STAY MAD
8 72