《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၃၀] ပျံလွှားခြင်း|ပ်ံလႊားျခင္း
Advertisement
___________________________________________
ကျိုးချင်းချန်ကားဆရာတစ်ဆူဖြစ်ထိုက်ပါပေသည်။ သူ့မျက်လုံးများမှာကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုအချိန်တုန်းက ရှုလင်ကျားရှေ့ထွက်၍ ကျန်းရွေ့ကိုသူ့ဓားဖြင့်ဖိအားပေးခဲ့သည်။ လူတိုင်းအံ့သြကာချီကျူးနေကြသော်လည်း သူတစ်ယောက်တည်းကသာလျှင် ရှုလင်ကျား၏သေစေနိုင်သောအားနည်းချက်ကိုသတိထားမိသွားသည်။
လွန်ခဲ့သောနှစ်နှစ်တုန်းကရှုလင်ကျားဒဏ်ရာရပြီးပြန်နိုးလာသော် သူ၏အစွမ်းအစများမှာအသုံးမဝင်တော့ဘဲ နှစ်ပေါင်းများစွာကျင့်ကြံအားထုတ်ခဲ့သောအရာများမှာပျက်စီးသွားကြောင်း သူကြားခဲ့ရသည်။
သို့သော်ပြန်ကောင်းရန်ထပ်ခါတလဲလဲကြိုးစားအားထုတ်ပြီးနောက် စနစ်နှင့်တွေ့ဆုံကာ တောင်ထွတ်၊ စိတ်ပျက်အားငယ်မှု၊ မမျှတခြင်းတို့ကိုချန်ရစ်ထားခဲ့ကာ သူတဖြည်းဖြည်းချင်းဓားသွေးထားမိသည်။
ယခုကျိုးချင်းချန်၏စကားများကိုကြားလိုက်ရတော့ ရှုလင်ကျားဗြောင်ကျကျဝန်ခံလိုက်မိသည်။
ကျိုးချင်းချန်ကခေါင်းခါကာဆိုသည်။
"ငါပြောတာအဲ့ဒါမဟုတ်ဘူး။ ငါကအဲ့ဒီ့အချိန်တုန်းကမင်းရဲ့တိုက်ကွက်ကိုပြောနေတာကွ။ အဲ့ဒါကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ မင်းကိုဘယ်သူသင်ပေးခဲ့တာလဲ။"
ရှုလင်ကျားဘာကြောင့်မှန်းမသိပေ။
"လင်ရှောင်းဂိုဏ်းရဲ့ဓားသိုင်းပေါ့ဗျ။"
ကျိုးချင်းချန်ကရယ်မောကာဖြင့် သူ့ကိုမရှင်းပြဘဲ ကျင်းဖေးထုန်ကိုပြောလိုက်သည်။
"ဖုန့်ဟွမ်အာ၊ ဒီကိုလာအုံး၊ မင်းကမော့လော်ဓားသိုင်းကိုတတ်တာမို့ မင်းရဲ့ရှစ်တိလေးနဲ့တိုက်ကွက်နည်းနည်းဖလှယ်လိုက်စမ်းပါကွာ။"
နာမည်ကိုကြားလိုက်ရတော့ ရှုလင်ကျားကြောင်အမ်းသွားရသည်။ ထို့နောက်ကျင်းဖေးထုန်ကသူ့ခါးနားတွင်လက်ကိုဝေ့ရမ်းလိုက်ရာ ငွေဖြူရောင်ကိုယ်ထည်နှင့်ဓားရှည်တစ်လက်ပေါ်လာသည်ကို သူမြင်လိုက်ရတော့သည်။
သူ့ဓားကိုပြလာသည်မှာပထမဆုံးပင်။
ကျင်းဖေးထုန်၏ဓားရှည်ကားဓားအိမ်မရှိပေ။ သို့ပေမဲ့ ဓားကိုအောက်စိုက်ကာဖြင့် ရှုလင်ကျားထံခေါင်းငုံ့ကာ ပြုံး၍ပြောလာသည်။
"ရှစ်တိ၊ မင်းကြိုးစားကြည့်ချင်လား။"
သူကဤစကားကိုပြောလာသောအခါ
ရှုလင်ကျား" ဖုန့်ဟွမ်ဖေးဝူထုန်ပုချီ (ဖီးနစ်ငှက်များကဖီးနစ်သစ်ပင်မရှိဘဲအသက်မရှင်နိုင်)" ကိုတွေးမိလိုက်သည်။
ကြည့်ရသည်မှာ ကျိုးချင်းချန်ကကျင်းဖေးထုန်၏နာမည်ပြောင်"ဖုန့်ဟွမ်"ကိုခေါ်လိုက်ပုံပင်။ *(ဖုန့်ဟွမ်= ဖီးနစ်)
သူမိန်းမောသွားရသည့်အကြောင်းရင်းကား သူဤနာမည်ကိုကြားလိုက်ရသည့်အခိုက်အတန့်တွင် သူ့နှလုံးသားထဲတွင်ပျော့ပြောင်းမှုကို သူရုတ်ခြည်းခံစားလိုက်ရကာ စိတ်ပြေလျော့ခြင်းနှင့်ရွှင်မြူးမှုကသူ့ကိုဖြည်းညှင်းစွာပြုံးချင်လာစေသည်။
၎င်းမှာ ဤစာလုံးနှစ်လုံးနှင့်ရင်းနှီးစွာဆက်စပ်နေသည့် အလွန်တရာပျော်ရွှင်မှုနှင့်စိတ်ဝင်စားဖွယ်ကောင်းသော တစ်စုံတစ်ခုရှိနေသည့်နှယ်။ ထူးခြားသောဖြစ်စ်ရပ်များကမေ့ပျောက်ခံလိုက်ရပြီးဖြစ်သော်လည်း နွေးထွေးသောခံစားချက်က သူ့နှလုံးသားထဲတွင်ကျန်ရစ်နေဆဲပင်။
ရှုလင်ကျားတစ်အောင့်ကြာတွေးမိလိုက်ပေမဲ့ ဤနာမည်ရှိသည့်လူတစ်ယောက်ကိုမျှသူမမှတ်မိလာပေ။
သူသည်ဓားများကိုသဘောကျ၏၊ သူတစ်ပါးထံမှလေ့လာသင်ယူရသည်ကိုလည်းနှစ်ခြိုက်သည်။ တစ်ဖက်လူကလူတွေကိုပိုမိုစိတ်အားထက်သန်စွာကြိုးစားလာအောင်လုပ်နိုင်သည့် ကျင်းဖေးထုန်ကဲ့သို့ဆရာတစ်ဆူဆိုလျှင်ပြောမနေနှင့်တော့။
ရှုလင်ကျားမငြင်းဆန်ဘဲ သူ့ဓားကိုလက်နောက်ပြန်ဆွဲထုတ်ကာ တယဥ်တကျေးပြောလိုက်သည်။
"ရှစ်ရှုန်း၊ ကျေးဇူးပြုပြီးတော့။"
တကယ်တမ်းတွင် ကျင်းဖေးထုန်ကရှင်းဇုန်၏တပည့်အရင်းခေါက်ခေါက်ဖြစ်သော်လည်း သူဟာအများအပြားလေ့လာသင်ယူခဲ့သည်ကို သူအစောပိုင်းကတည်းကမြင်ခဲ့ပြီးသားပင်။ ကြည့်ရတာတော့သူကြိုးစားရမည့်ပုံပင်။
ကျိုးချင်းချန်ရည်ညွှန်းသော"မော့လော်ဓားသိုင်း"ကား တိုင်းတပါးနယ်မြေမှဆင်းသက်လာခဲ့သည်။ ယင်းကား ၎င်း၏ထူးဆန်းမှု၊ ရှုပ်ထွေးပွေလီမှုနှင့် ပေါ့ပါးမှု၊ ကြိုတင်မှန်းဆ၍မရနိုင်ခြင်းတို့ဖြင့် ထင်ရှားကျော်ကြားသည်။ ၎င်းမှာ ခံစစ်နှင့်တိုက်စစ်နှစ်ခုစလုံးအတွက် စမ်းသပ်မှုအများဆုံးကွန်ဖူးသိုင်းတစ်ခုဖြစ်သည်။
ကျင်းဖေးထုန်၏ကိုယ်နေဟန်ထားကိုကြည့်ရင်း သူအနည်းငယ်စိတ်လှုပ်ရှားနေသေးသည်။
ဖိတ်ခေါ်သူတစ်ယောက်အနေဖြင့် ကျင်းဖေးထုန်ကပထမဆုံးလှုပ်ရှားမှုကိုပြုလုပ်ရပေမည်။
တစ်ဖက်လူတိုက်ခိုက်သည်ကိုရှုလင်ကျားမြင်ဖူးသော်လည်း၊ ၎င်းတို့မှာ ခက်ခဲနက်နဲကာ ပြင်းထန်သန်မာသည်။
သို့သော်လည်း နောက်တစ်ခဏ၌ ကျင်းဖေးထုန်၏ဓားရှည်မှာဓားအိမ်ထဲမှထုတ်လျက်သားဖြင့် စူးရှသောငွေရောင်အလင်းထဲတွင် သူ၏လူတစ်ကိုယ်လုံးမှာချက်ချင်းဆိုသလိုပျောက်ကွယ်သွားသည်။
ရှုလင်ကျား၏မျက်နှာထားအေးခဲသွားရကာ သူ့တွင်နောက်လှည့်ကြည့်ဖို့အချိန်မရှိလိုက်ပေ။ သူ၏မသိစိတ်ပေါ်မှီခို၍ အနောက်လှန်ပြီး ဓားရှည်ကိုနောက်ပြန်ခုခံလိုက်ရာ "ချွင်"အသံကိုသာလျှင်ကြားလိုက်ရပြီး ဓားရှည်နှစ်လက်မှာထိခတ်သွားတော့သည်။
ကျင်းဖေးထုန်ကဤမျှလျင်မြန်သောအရှိန်ဖြင့် သူ့အနောက်ကိုသွားလာနိုင်စွမ်းရှိပေ၏!
ထိုအခိုက်၊ ရှုလင်ကျား၏လက်မောင်းများမှာထုံကျင်သွားပြီး ဓားရှည်မှာသူ့လက်ထဲမှကျတော့မည်ပင်။
မည်သည့်ဂါထာမန္တာန်နှင့်အခြေတည်ဆောက်ပုံတို့မပါဘဲနှင့် သူသည်လုံးဝစိတ်ပူမနေဘဲ ခေါင်းချင်းဆိုင်တိုက်ခိုက်ပစ်လိုက်ခြင်းပင်။
ရှုလင်ကျား၏ခန္ဓာကိုယ်မှာဖျတ်ခနဲလက်သွားပြီးနောက် အနောက်လှည့်ကာဓားကိုမြှောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျင်းဖေးထုန်၏နောက်တစ်ကွက်ကလည်းစင်စစ်ရောက်ရှိလာရာ ဓားဖျားကသူ့ဓား၏မျက်နှာပြင်ပေါ်ထိခတ်သွားတော့သည်။
ချက်ချင်းပင်၊ ပြင်းထန်သောအလင်းရောင်က လေးဖက်လေးရံသို့ပေါက်ထွက်သွားပြီး လေတစ်ပွေဆန်တက်လာကာ လူနှစ်ဦး၏နှဖူးပြင်ပေါ်ကဆံပင်များကိုတိုက်ခတ်သွားပြီး ဝတ်ရုံများမှာလည်းတဖျတ်ဖျတ်လွှင့်ခါလျက်ရှိသည်။
ရှုလင်ကျားကဤတိုက်ကွက်ကိုတားဆီးလိုက်ပေမဲ့ ဤပြင်းထန်သောခွန်အားနှင့်ယှဥ်ပြိုင်ဖို့ခက်သည်။ လူတစ်ကိုယ်လုံးမှာဆယ်ပေကျော်မျှနောက်ဆုတ်သွားရပြီး ထို့နောက်သူလေထဲတွင်လွင့်မျောကာ တိမ်တိုက်ပေါ်တွင်လှည့်၍ တစ်ဖက်လူ၏ပြင်းထန်သောတိုက်ကွက်ထံမှခုန်ထွက်လိုက်သည်။
ထို့နောက် တိုက်ကွက်နှစ်ခုပြီးသွားပေမဲ့ လှုပ်ရှားမှုတိုက်ကွက်တိုင်းကသေခြင်းနှင့်ရှင်ခြင်းကြားတွင်ရှိနေပေသည်။ ဓားသွားကအနီးကပ်လာသရွေ့၊ ၎င်းကနှလုံးသားကိုထိုးဖောက်သွားနိုင်သကဲ့သို့ မိမိ၏ဦးခေါင်းကိုလည်းဖြတ်သွားနိုင်ပေသည်။
ကျင်းဖေးထုန်၏ကြောက်မက်ဖွယ်ကောင်းမှုကို သူတကယ်နားလည်သွားရပြီး ကျင်းဖေးထုန်၏မျက်လုံးများမှာလည်းအံ့သြမှုဖြင့် တစ်ချက်လက်သွားသည်။
ရှုလင်ကျား၏ခွန်အားနှင့်ပါရမီစွမ်းရည်ကား သူမျှော်လင့်ထားတာထက်ပိုမြင့်ပြီး ဤအခြေအနေအောက်တွင် သူ၏တိုက်ကွက်နှစ်ခုကိုတားဆီးနိုင်စွမ်းရှိနေသည်ကို သူသဘောပေါက်သွားသည်။
ရှုလင်ကျားဒဏ်ရာရသွားမည်ကိုကျင်းဖေးထုန်စိုးရိမ်သောကြောင့် သူတိုက်ခိုက်ချိန်တွင် အလွန်ချုပ်တည်းခဲ့ပေမဲ့ ဤလှုပ်ရှားမှုနှစ်ခုပြီးသွားသည့်နောက်မှသာလျှင် ဤပြိုင်ပွဲကိုလေးနက်စွာယှဥ်ပြိုင်တာက ရှုလင်ကျားကိုလေးစားရာရောက်သည်ကိုသဘောပေါက်သွားရပြီး ယင်းမှာလည်းသူစဥ်းစားဖို့လိုနေသည့်အရာဖြစ်သည်ပင်။
ကျင်းဖေးထုန်ပျော့ပြောင်းစွာအော်လိုက်သည်။
"အာရုံစိုက်။"
ရှုလင်ကျားအသက်မရှုရသေးမီ၊ သူ့ရှေ့တွင်လေပြင်းတိုက်သံကိုကြားလိုက်ရသည်။ ကျင်းဖေးထုန်၏ဓားရှည်ကမှင်သက်ဖွယ်ရာကောင်းသောပြင်းအားကိုဆောင်ကျဥ်းလာကာ ၎င်းကတစ်ဖန်ရောက်လာပြန်သည်။
တစ်ဖက်လူကလှုပ်ရှားမှုတိုက်ကွက်တိုင်းတွင် ခွန်အားအပြည့်ဖြင့်တိုက်ခိုက်လာပြီး အလွန်တရာမိမိုက်လှပေမဲ့ ထိုအစား ရှုလင်ကျား၏ရင်ထဲကမောက်မာမှုကို နှိုးဆွလိုက်ပေသည်။
"ကလန် ကလန် ကလန်-"
အလင်းစီးကြောင်းကားဖျတ်ခနဲလက်သွားပြီး လျှပ်တပြက်အတွင်းတွင် သူတို့နှစ်ဦးသားသည်လှုပ်ရှားမှုအကွက်နှစ်ဆယ်ထက်ပို၍လုပ်ပြီးသွားပြီဖြစ်ကာ တိုက်ကွက်တိုင်းကသူတို့၏အသက်ကိုခြိမ်းခြောက်လျက်ရှိသည်။
ဓားဖြင့်လွှဲခုတ်ရင်း လွှဲရမ်းရင်း တစ်ပတ်လှည့်ရင်း သူ့ဝတ်ရုံလက်များကိုခါရမ်းသွားစေရင်းဖြင့်... ရှုလင်ကျားမှာ တိုက်ကွက်များမှတစ်ပါး၊ သူရောက်နေသည့်နေရာနှင့် တစ်ဖက်လူကဘယ်သူလဲဆိုတာကိုမေ့သွားလုနီးပါးပင်။ သူကားစိတ်အားထက်သန်စွာဖြင့် အကြိမ်ပေါင်းထောင်ချီလေ့ကျင့်နေပုံပေါက်သည်။
သူ့အနောက်ရှိမိုးကောင်းကင်ပြာကား ပြန့်ပြူးလျက်ရှိကာ နေလုံးမှာလည်းတောက်ပနေပေသည်။
ချွေးစက်တို့က သူ့နှဖူးပေါ်စီးကျလာကာ သူ့မျက်လုံးအတွင်းသို့ပျော်ဝင်သွားသည်။ ၎င်းတွင်တက်ကြွနေသည့်ခံစားချက်အနည်းငယ်ရှိသည်။ သူ့လက်မောင်းများကလေးသထက်လေးလံလာသော်လည်း အသက်ရှင်သန်ဖို့ရန်အလို့ငှာ ၎င်းတို့ကိုပြင်းထန်စွာဝှေ့ယမ်းရုံသာတတ်နိုင်သည်။
အလွန်အမင်းလျင်မြန်သောအရှိန်အောက်တွင်၊ သူတို့၏အတွေးများကဗလာနတ္ထိဖြစ်သွားပုံပေါ်ကာ ကောင်းကင်နှင့်မြေကြီးအကြားတွင် အတွေးတစ်ခုသာလျှင်ကျန်ရှိတော့သည်--- အနိုင်ရရန်။
မင်းသေပြီးငါရှင်တာပဲဖြစ်ဖြစ်၊ အနိုင်ရမှသာလျှင် အသက်ရှင်ဖို့ရန်ရွေးချယ်နိုင်မည်ဖြစ်သည်!
တစ်ခါတုန်းက သူသည်သေမျိုးတို့ဘဝတစ်သက်စာတွင်ရောက်ရှိနိုင်မည်မဟုတ်သော အလွန်တရာကြီးမားသည့်ခွန်အားကိုပိုင်ဆိုင်ခဲ့ဖူး၏။ လက်တစ်ချောင်းမြှောက်ကာ ဝတ်ရုံလက်တစ်ချက်ခါလိုက်ရုံဖြင့် သက်ရှိတိုင်းကိုခေါင်းငုံ့ကာ နောက်ပြန်ဆုတ်စေပြီး မတ်မတ်ရပ်ကာနာခံအောင်ပြုလုပ်နိုင်ပေသည်။
သူ့လက်ထဲတွင်ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဤကဲ့သို့တိုက်ခိုက်နေတာက အချိန်မည်မျှကြာမြင့်နေမည်မှန်း ရှုလင်ကျားသတိပင်မရပေ။
အထူးသဖြင့် သူဒဏ်ရာရပြီးနောက်တွင်၊ စိတ်ဝိညာဥ်စွမ်းအားစုဆောင်းတာကခက်ခဲမှန်း သူ့ရင်ထဲတွင်သိထားသဖြင့် အခြားသူများနှင့်ဖြေရှင်းရာတွင် အစွန်အဖျားမှာရပ်သည့်နည်းလမ်းကိုရွေးလေ့မရှိပေ။ သို့သော် ယနေ့တွင်တော့ တစ်ဖက်လူ၏ဖိအားအောက်၌၊ သူ၏စိတ်ပူမှုများအားလုံးကိုလွှတ်ချလိုက်မိသည်။
ဓားသမားတစ်ယောက်မှာ လူနှင့်ဓားကတစ်သားတည်းဖြစ်ပြီး သူ့နှလုံးသားမှာလည်းဓား၏နှလုံးသားပင်ဖြစ်ချေသည်!
အနည်းငယ်ထက်ပိုသောတိုက်ကွက်များအပြီးတွင်၊ ရှုလင်ကျားချက်ချင်းတောင့်ခံထားပြီး သူ့တစ်ကိုယ်လုံးမှာချွေးသီးများဖြင့်စုန်းစုန်းနစ်မြုပ်လုနီးပါးပင်ဖြစ်နေပေမဲ့ တစ်ဖက်လူ၏ဓားလှုပ်ရှားမှုတိုက်ကွက်ပုံစံကို သူအလုံးစုံနားလည်သွားပြီဖြစ်သည်။
ကျင်းဖေးထုန်၏ဓားဖျားကမျက်စိတစ်မှိတ်အတွင်းဖျတ်ခနဲလက်သွားသည်ကိုမြင်လိုက်ရရင်းဖြင့် ၎င်းကလျှပ်တပြက်အတွင်းမှာသူ့ဆီလာနေသော ဓားဖျားတစ်ဒါဇင်အဖြစ်ပြောင်းလဲသွားတော့သည်။ ရှုလင်ကျားမျက်မှောင်ကြုတ်လိုက်မိပေမဲ့ သူ့မျက်လုံးတစ်စုံကရုတ်ခြည်းတောက်သွားပေသည်။
ရောယှက်သွားသောဓားအလင်းနှင့်အတူ၊ သူသည်မရှောင်တိမ်းဘဲ ဓားကွန်ရက်ထဲတွင်တစ်ပတ်လှည့်ကာ ခြေလှမ်းမှားသွားသည့်အခါ သူ့လက်ကောက်ဝတ်နှစ်ဖက်ကိုဖိချလိုက်ရာ ဓားကအောက်ခြေမှထိပ်ဖျားသို့ရွေ့သွားပြီး ကျင်းဖေးထုန်၏လက်မောင်းများထံပြန်လည်ဦးတည်သွားချေသည်။
ဤကား တိုက်ပွဲတစ်ခုတွင် သာမန်လုပ်ရပ်ဖြစ်ပေမဲ့ ရှုလင်ကျားကသူ့လက်မောင်းထံရုတ်တရက်ဦးတည်လာကာ ကျင်းဖေးထုန်ကိုဇဝေဇဝါဖြစ်သွားစေသည်။
သူ၏ဓားအနည်းငယ်ပြေလျော့သွားပြီး ဓားသွားကကျသွားကာ ကျင်းဖေးထုန်၏ညာပုခုံးထံလွှဲခုတ်ပစ်လိုက်သည်။
ကျင်းဖေးထုန်ကသူ့လက်ကောက်ဝတ်ကိုလှည့်ကာ သူ့လက်ကိုပြန်လှည့်လိုက်ပြီး သူ့လက်ချောင်းများကိုဝေမုန့်ဓား၏ကိုယ်ထည်ထံတွန်းပို့လိုက်သည်။
နှစ်ဦးကြားရှိအကွာအဝေးကားအလွန်တရာနီးကပ်လျက်ရှိပြီး တစ်ဖက်လူ၏အသက်ရှုငွေ့ကိုရလုမတတ်ပင်။ ဤလုပ်ရပ်ကားပို၍ပင်ရင်းနှီးကျွမ်းဝင်သွားပုံပေါက်သည်မှာ လူသတ်လိုစိတ်ရှိနေသောပြင်းပြသည့်ခင်မင်မှုအလား။
နေရောင်ခြည်အောက်ရှိပန်းပွင့်နှင့်သစ်ရွက်တို့မှာ ဓားစွမ်းအင်ကြောင့်စိတ်လှုပ်ရှားသွားကြပြီး အချင်းချင်းပွတ်သပ်လှုပ်ခါကာဖြင့် ပျော့ပြောင်းစွာတီးတိုးဆိုနေကြကာ နွေးထွေးမှုနှင့်အတူ ခပ်ဖျော့ဖျော့သင်းရနံ့ကားနှာခေါင်းထက်တွင်ပျံ့လွင့်လာသည်။
ကျိုးချင်းချန်ကသူတို့နှစ်ယောက်ကိုပမာဏတစ်ခုထိရောက်စေချင်ပေမဲ့ ဤပမာဏထိရောက်သွားလိမ့်မည်ဟုမထင်ထားမိပေ။ ဤတစ်ကြိမ်၌မူ၊ သူပစ်လွှတ်လိုက်လေရာ ကျင်းဖေးထုန်၏ဓားကိုလွှင့်သွားစေပြီး ရှုလင်ကျားကိုခြေလှမ်းအနည်းငယ်ဆုတ်သွားစေကာ သူတို့နှစ်ဦးကိုခွဲပစ်လိုက်သည်။
"ရပြီ။"
ကျိုးချင်းချန်ကဆိုသည်။
"ရှောင်ကျား၊ ကြည့်ရတာတော့ မင်းရဲ့စိတ်ဓာတ်ကချီဇုန်ကြောင့်အောက်မကျသွားဘူးပဲ။"
ရှုလင်ကျား၏နှဖူးပေါ်ကချွေးစက်တို့ကဆက်လက်စီးကျလျက်ရှိသည်မှာ ရေထဲကထွက်လာသည့်နှယ်။ အလယ်တွင်ခပ်ဖွဖွအသက်ရှုသံရှိနေသည်။
"တကယ်မဟုတ်ပါဘူး၊ ကျွန်တော်ဒါကိုဓားသိုင်းစာအုပ်ထဲကလေ့လာခဲ့တာပါ။"
ကျိုးချင်းချန်ကမေးလာသည်။
"ဒါကဖျက်ဆီးလိုစိတ်အပြည့်ရှိတဲ့ဓားလား။"
ရှုလင်ကျားခေါင်းငြိမ့်ပြလိုက်သည်။
မတိုင်ခင်တုန်းကရှုလင်ကျားဟာလည်းဓားသိုင်းကိုလေ့လာဖူးပေမဲ့ ထိုအချိန်တုန်းကတော့ "အတွေးစု"ဆိုသည့်စကားလုံးကိုနားမလည်ခဲ့ပေ။ နောက်ကျတော့ သူသည်အခြားသူတို့နှင့်အကြိမ်အနည်းငယ်တိုက်ခိုက်ခဲ့ပေမဲ့ တစ်ဖက်လူကလုံလုံလောက်လောက်မသန်မာသည်မို့ ပြင်းပြင်းပြပြတိုက်ခိုက်ရန် သူ၏လိုအင်ဆန္ဒကိုမနှိုးဆွနိုင်ပေ။
Advertisement
ယခုအချိန်မတိုင်ခင်အထိပင်၊ သူသဘောပေါက်သွားသည်မှာ ဓားကိုင်သည့်နည်းလမ်းကားစိတ်ဗလာနတ္ထိရှိဖို့မလို၊ မည်သည့်အတွေး၊ လိုအင်ဆန္ဒမျှရှိစရာမလိုဘဲ အတွေးစုများကိုအစွဲအလမ်းအဖြစ်ပြောင်းလဲလိုက်ရုံသာ၊ ထို့နောက်မှသာလျှင် စိတ်အခြေအနေတိုင်းသည်တိုက်ပွဲ၏ပန်းတိုင်ပင်ဖြစ်ကာ တိုက်ပွဲ၏ပြင်းပြသောခွန်အားဖြစ်ပေသည်။
မင်းရဲ့နှလုံးသားကိုရင်ဆိုင်ရဲတဲ့အခါကျရင် ရန်သူရဲ့ဓားကိုလည်းရင်ဆိုင်နိုင်ပါလိမ့်မည်။
ကျင်းဖေးထုန်သည်ကား လုံလောက်စွာသန်မာသောယောက်ျားတစ်ယောက်ဖြစ်ကာ ချီးကျုးလေးစားထိုက်သောပြိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ချေ၏။
တကယ်တော့ ခုနကတိုက်ပွဲကိုဖြတ်၍ ကျင်းဖေးထုန်၏ခွန်အားကိုအထင်သေးလို့မရကြောင်း ရှုလင်ကျားသိလိုက်သည်။ သူ၏အရည်အချင်းအောက်တွင်ပင်၊ တစ်ဖက်လူကိုအနိုင်ယူ၍မရနိုင်။
ဒါပေမဲ့...အနာဂတ်မှာမလိုအပ်ပါဘူးလေ။
ရှုလင်ကျားခေါင်းငြိမ့်တာကိုမြင်လိုက်ရရင်း ကျိုးချင်းချန်ကကျင်းဖေးထုန်ကိုအလွန်လျင်မြန်စွာတစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် အကြည့်လွှဲလိုက်တော့သည်။
သူကသက်ပြင်းအသာချသည်။
"ဒီဓားသိုင်းကရှင်းဇုန်ကအကြီးအကဲတစ်ယောက်ဖန်တီးခဲ့တာ။ ဒါကထုံးစံကိုသွေဖီပြီး ထူးဆန်းတယ်လို့ယူဆခံခဲ့ရတာကြောင့် ချောင်ထိုးခံလိုက်ရတာပဲ။ မင်းတစ်ခုခုကိုနားလည်သွားတာကိုတွေးကြည့်လိုက်တော့ ဒါကတကယ့်ကိုနတ်ဘုရားရဲ့အလိုပဲပေါ့လေ။"
ကျိုးချင်းချန်ကလက်မြှောက်ကာ ရှုလင်ကျား၏ပုခုံးကိုပုတ်လိုက်သည်။
"မင်းသာအရင်တစ်ခေါက်ကဒဏ်ရာအပြင်းအထန်ရပြီး မင်းရဲ့စိတ်ဝိညာဥ်စွမ်းအားမပျက်စီးသွားခဲ့လို့ရှိရင် မင်းရဲ့မူရင်းစိတ်ကျင့်စဥ်ကအရမ်းသိပ်သည်းမှာပဲ။ မင်းသာလွှမ်းမိုးခံလိုက်ရလို့ရှိရင် မင်းဧကန်မုချရူးသွားမှာ၊ ဒါကြောင့်မို့ ဒီစိတ်ကျင့်စဥ်ကိုအရင်တုန်းကတားမြစ်ခဲ့တာ။ ဒါပေမဲ့အခုမင်းရဲ့ချီသွေးကြောကပျက်စီးသွားပေမဲ့ ဒါကကောင်းလည်းမကောင်းသလိုဆိုးလည်းမဆိုးတော့ 'စိတ်ပျက်ဖွယ်အခြေအနေမှာရှင်သန်ရတယ်'ဆိုတာမျိုးကဒီလိုမျိုးဖြစ်လောက်မယ်။"
သူကရှုလင်ကျားကိုလှမ်းပေးကာဆိုသည်။
"ဘာကိစ္စမရှိရင်တောင်မှ ဒီဖိတ်ကြားလွှာကမင်းဟာပဲဖြစ်ရမယ်။ ဓားစမ်းသပ်ရေးညီလာခံကိုသွားပြီး မင်းငယ်ရွယ်နေတုန်းမှာ ကောင်းကောင်းကြီးတောက်ပပြလိုက်စမ်းပါကွာ။"
ရှုလင်ကျားဖိတ်ကြားလွှာကိုယူလိုက်သည်။ ဖိတ်ကြားလွှာယူလိုက်သည့်တစ်ချိန်တည်းမှာပင်၊ စနစ်ကချက်ချင်းဆိုသလိုထွက်ပေါ်လာသည်။
အရင်တစ်ခေါက်ရခဲ့သည့်ကျော်လွှားပစ္စည်းကား ရှုလင်ကျားလက်ထဲကဝေမုန့်ဓားပင်။
ဤတစ်ကြိမ်တွင်၊ ဖိတ်ကြားလွှာအနီကား အဓိကဇာတ်ဆောင်ကျန်းရွေ့ကိုင်ဆောင်ထားသော ဖိတ်ကြားလွှာအဖြူထက်ပို၍အဖိုးတန်သဖြင့် စနစ်က၎င်းကိုကျော်လွှားပစ္စည်းအဖြစ်အကဲဖြတ်ခဲ့သည်။
စနစ်ကဆိုသည်။
ရှုလင်ကျားမေးလိုက်သည်။
"မင်းဘာကိုဆိုလိုတာလဲ။ ငါဒါကိုမသုံးရင် ဓားစမ်းသပ်ရေးညီလာခံကိုသွားလို့မရဘူးလို့ပြောချင်တာလား။"
စနစ်ကရှင်းပြသည်။
အမြှောက်စာဇာတ်ကောင်ဖြစ်နေတုန်းကဆိုလျှင်၊ ရှုလင်ကျားကဇာတ်အိမ်ထဲရှိ "အဓိကဇာတ်ဆောင်ထံမှမျက်နှာဖြတ်ရိုက်ခံရခြင်း"ဆိုသည့်အစီအစဥ်အတွက်ခစားနေခဲ့ရသည်မို့ သူသည်ကျန်းရွေ့ကိုမရှောင်နိုင်ဘဲ ဇာတ်အိမ်ကအဓိကဇာတ်ဆောင်တဝိုက်တွင်လည်သထက်လည်ပတ်နေလေရာ သူ့ကိုအမြဲတစေဆုံနိုင်ပေသည်။
သို့သော်ယခုတွင် ဖြတ်လျှောက်တစ်ယောက်အနေဖြင့် သူသည်ဇာတ်အိမ်ကိုလိုက်နာနေစရာမလိုဘဲ သူ၏ကိုယ်ပိုင်ဘဝကိုလွတ်လပ်စွာစတင်နိုင်၏။
သို့သော် ယင်းတွင်လည်းအဆိုတစ်ခုရှိသည်၊ ၎င်းမှာ အဓိကဇာတ်ဆောင်ကိုမနှောင့်ယှက်နှင့်၊ အဓိကဇာတ်ဆောင်နှင့်ဘာဆိုဘာမျှမယှဥ်ပြိုင်နှင့်၊ ကျန်းရွေ့ပေါ်လာသည့်နေရာကိုရှောင်ရှားရမည်ပင်၊ ထိုမှသာ သဘာဝကျကျပင် မူလဇာတ်ကြောင်းနှင့်တွေ့ဆုံကြုံကြိုက်လိမ့်မည်မဟုတ်။
ဒါကတကယ့်ကိုလုံခြုံပြီးအန္တရာယ်ကင်းတဲ့ရွေးချယ်မှုဖြစ်တယ်၊ ဒါပေမဲ့ဘာကြောင့်လဲ။
အဆုံး၌မူ၊ သူကားဤလောကကြီးကိုခဏတာရောက်ရှိလာပြီး ဖြောင့်မတ်သထက်ဖြောင့်မတ်စွာဖြင့် သူသွားချင်သည့်နေရာတိုင်းကိုသွားနိုင်သည်၊ သူလုပ်ချင်သည့်ဘယ်အရာမဆိုလုပ်နိုင်သည်၊ မည်သူ့ထံမှပုန်းနေစရာမလို။
ရှုလင်ကျားသည်[ပစ္စည်းကိုသုံးမည်]ကိုရွေးချယ်ကာ ဇာတ်အိမ်ထွက်ပေါ်လာစေသည်။
စနစ်ကအသစ်ထွက်ပေါ်လာသောမူလဇာတ်အိမ်လမ်းကြောင်းကိုချက်ချင်းပြသလာပေသည်။
ကြည့်ရတာတော့ သူတို့၏နောက်လာမည့်ပဋိပက္ခကား ဓားစမ်းသပ်ရေးညီလာခံတွင်ဖြစ်ပုံပင်။ ဤအပိုင်းတွင် သူ၏သေဆုံးမှုကိုပြောင်းလဲဖို့ ခွင့်ပြချက်ရရန်အလို့ငှာ၊ ရှုလင်ကျားကစနစ်ပေးသည့်တာဝန်ကိုပြီးဆုံးအောင်လုပ်ဖို့လိုသည်။
အမြှောက်စာဇာတ်ကောင်မှအဆင့်တက်လာကတည်းက၊ ရှုလင်ကျားသည်သူ၏အဓိကဇာတ်ဆောင်ရောင်ဝါကို နည်းနည်းချင်းစီပြန်ယူနိုင်စွမ်းရှိလာသည်။ အရင်တစ်ကြိမ်ကျန်းရွေ့၏ယုတ်မာမှုကိုဖော်ထုတ်ပြီး တစ်ဖက်လူ၏လက်မောင်းများကိုနှောင့်ယှက်ခဲ့တုန်းက ၅ရာခိုင်နှုန်းသာလျှင်ရရှိခဲ့ပေမဲ့ ဒီတစ်ခေါက်မှာတော့ ၃၀ရာခိုင်နှုန်းဖြစ်လေရာ ဆုလဒ်ကအရမ်းကိုရက်ရောသည်ဟုပြော၍ရသည်။
သူကအခက်အခဲတွေကိုရင်ဆိုင်ဖို့ရွေးချယ်လိုက်မှတော့ ဒီတစ်ခေါက်ဓားစမ်းသပ်ရေးညီလာခံကနိုင်ဖို့သာခွင့်ပြုထားသည်၊ ရှုံးလို့မရပေ။
ရှုလင်ကျားသည်ဖိတ်ကြားလွှာကိုယူကာ ကျိုးချင်းချန်ကိုတည်ငြိမ်စွာကျေးဇူးတင်လိုက်သည်။
ကျိုးချင်းချန်ကခေါင်းငြိမ့်ပြ၏။
ရှုလင်ကျားထွက်သွားပြီးနောက်၊ သူကမျက်နှာကိုအသာနိမ့်ကာ ကျင်းဖေးထုန်ကိုလေးနက်စွာကြည့်လိုက်သည်။
ကျင်းဖေးထုန်ကခပ်ဖွဖွပြုံးလျက် သူ့ကိုကြည့်ခွင့်ပြုထားသည်။
တစ်အောင့်ကြာသော် ကျိုးချင်းချန်ကကူကယ်ရာမဲ့စွာသက်ပြင်းချကာ ပြောလာသည်။
"မင်း၊ မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။"
သူကဆိုသည်။
"မင်းရဲ့ရှစ်စွင်းကိုခေါ်ပြီး ဒီကိစ္စကိုလာရှင်းခိုင်းတယ်ပေါ့။ မင်သခင်လေးနဲ့မုန့်ရှန်မိန်းကလေးကိစ္စကြောင့်မဟုတ်နိုင်ဘူး။ အဲ့ဒီ့ကောင်ငယ်လေးရှုလင်ကျားကိုပျော်ရွှင်အောင်လုပ်ပေးဖို့မဟုတ်ဘူးလား။ ရှင်းရှင်းလင်းလင်းပြောစမ်းပါကွာ။"
ကျင်းဖေးထုန်ပြုံးလိုက်သည်။
"ရှစ်စွင်းပြောတာကိုလည်းကြည့်အုံး၊ ကျွန်တော်ကကျွန်တော့်ကိစ္စမှာသဘောကောင်းလို့မရဘူးလား။"
ကျိုးချင်းချန်ကပြောလာသည်။
"ရှောင်ကျားဓားကိုင်တာကိုကြည့်ဖို့ ငါ့ကိုတမင်ဒီခေါ်တာကရည်ရွယ်ချက်ကောင်းဟုတ်ရဲ့လား။ ပြီးတော့ ငါ့ကိုဖိတ်ကြားလွှာအနီထုတ်အောင်လုပ်လိုက်သေးတယ်။"
ကျင်းဖေးထုန်ဒါကိုကြားလိုက်ရသော် သူ့မျက်နှာထားကိုတည့်မတ်၍ပြောလိုက်သည်။
"ရှစ်စွင်း၊ အဲ့လိုစကားမျိုးကိုမပြောပါနဲ့လား။ ရှစ်စွင်းအဲ့ဒီ့ဖိတ်ကြားလွှာကိုလိုလိုလားလားထုတ်ပေးလိုက်တာက သူနဲ့ထိုက်တန်လို့ပဲလေ။ ပါရမီစွမ်းရည်တွေကိုတန်ဖိုးထားတာကလွဲရင် ရှစ်စွင်းအဲ့လိုကိစ္စကိုဘယ်လိုလုပ်လုပ်နိုင်မှာလဲ။ အခြားအကြောင်းရင်းတွေလည်းရှိသေးတယ်။ တကယ်လို့ ကျွန်တော့်ကြောင့်ပေးလိုက်တာဆိုရင် ရှုရှစ်တိကိုအနည်းငယ်မလေးစားရာရောက်သွားလိမ့်မယ်။"
သူ၏တပည့်ကအကုန်လုံးမှားယွင်းနေသည်ဟု ကျိုးချင်းချန်ခံစားမိလိုက်ပြီး ကျင်းဖေးထုန်ကိုစိုက်ကြည့်ကာ တွေးတော၍ပြောလိုက်သည်။
"ဖုန့်ဟွမ်၊ မင်းရဲ့မိစ္ဆာအတွင်းစိတ်ဘယ်လိုနေလဲ။"
ကျင်းဖေးထုန်ကဆိုသည်။
"ရှစ်စွင်းကဘာလို့ရုတ်တရက်ကြီးဒီလိုမေးလာတာလဲ။"
ကျိုးချင်းချန်ကပြောသည်။
"မင်းတစ်စုံတစ်ယောက်ကိုဒီလောက်အရေးစိုက်တာ ငါတစ်ခါမှမမြင်ဖူးဘူးလေ။ ရိုးရိုးသားသားပြောရရင် သူ့လက်ထဲကဓားနဲ့မင်းရိုက်မိသွားတာများလား။ ဓားသိုင်းကထူးဆန်းတဲ့ကျောက်တုံးနှစ်တုံးပေါ်မှာ ရေးထွင်းထားတာကိုငါမှတ်မိပါသေးတယ်။ တစ်ခုကအေးစက်ပြီး တစ်ခုကနွေးထွေးတယ်။ အဲ့ဒီ့ကျောက်တုံးတွေထဲမှာ မိစ္ဆာအတွင်းစိတ်ကြောင့်ဖြစ်ပေါ်လာတဲ့နာကျင်မှုကိုသက်သာစေတဲ့ အထူးခြားဆုံးအကျိုးသက်ရောက်မှုရှိတယ်ကွ။"
ကျင်းဖေးထုန်သက်ပြင်းအသာချကာ ဝန်ခံလိုက်သည်။
"ရှစ်စွင်းခန့်မှန်းတာမှန်တယ်။ ကျွန်တော်တကယ်အဲ့အကြောင်းတွေးမိခဲ့တယ်။"
သူကား ဆီနှင့်ဆားကိုမစားပေ၊ သူကားအပျော့၊ အမာမစားပေ။ ယင်းကား လူတွေကိုဘာမှလုပ်နိုင်စွမ်းမရှိအောင်ဖြစ်စေသည့်စိတ်သဘောထားပါတကား။
ကျိုးချင်းချန်ပြောလိုက်သည်။
"မင်းနဲ့ငါကအပြင်ပန်းမှာ ဆရာနဲ့တပည့်အဆင့်အတန်းဖြစ်နေပေမဲ့လည်း မင်းရဲ့မိသားစုနောက်ခံအသိုင်းအဝိုင်းနဲ့အဆင့်အတန်းကတန်ဖိုးကြီးတယ်။ ငါမင်းကိုနှစ်ပေါင်းများစွာသင်ပေးနိုင်တဲ့အရာက အကန့်အသတ်ရှိတယ်ကွ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါကတစ်ရက်စာအတွက်ဆရာတစ်ယောက်၊ တစ်သက်စာအတွက်အဖေတစ်ယောက်ပဲလေ။ မင်းနားထောင်လို့မရတဲ့အရာတချို့ရှိတာမို့ ငါပြောပြရလိမ့်မယ်။"
ကျင်းဖေးထုန်ညင်သာစွာပြောလိုက်သည်။
"ဟုတ်ကဲ့။"
ကျိုးချင်းချန်ကတည်ငြိမ်သောမျက်နှာပေးဖြင့်ဆိုသည်။
"ဘယ်အချိန်မဆို လိမ်လည်လှည့်ဖြားခြင်းနဲ့ဖုံးကွယ်မှုက ရွံစရာအကောင်းဆုံးအရာတွေပဲ။ သူ့လက်ထဲကဓားသိုင်းကိုမင်းလိုချင်တယ်ဆိုရင် တစ်ဖက်လူနဲ့ရိုးသားပွင့်လင်းတဲ့နည်းလမ်းနဲ့ သွားဆွေးနွေးလိုက်ပါ။ ဘယ်လှည့်ကွက်ကိုမှ ရည်ရွယ်ချက်ရှိရှိမကစားပါနဲ့၊ ဖုန့်ဟွမ်..."
သူထိုအကြောင်းတွေးကာ သူ့ကိုသတိပေးရမည့်အရာများစွာရှိသည်ဟုခံစားမိရင်းဖြင့် သူတန့်သွားရပေမဲ့ သက်ပြင်းချကာပြောလိုက်ပါသည်။
"မင်းရဲ့စိတ်သဘောထားကအပြင်ပန်းမှာသိမ်မွေ့ပေမဲ့ မင်းကလူတိုင်းထက်ပိုပြီးစိတ်ဓာတ်ပြင်းထန်တယ်။ ရှင်းဇုန်ရဲ့စိတ်ကျင့်စဥ်အမျိုးမျိုးကိုလေ့ကျင့်ဖို့ မင်းအဖေမင်းကိုလင်ရှောင်းဂိုဏ်းကိုပို့လိုက်တုန်းက၊ သူကဒါနဲ့ဖြေရှင်းချင်ခဲ့တာ။ ဒါပေမဲ့ နှစ်တွေအများကြီးကြာပြီးနောက်မှာတောင် မင်းကပိုကောင်းမလာဘဲ မင်းရဲ့စိတ်ထဲမှာမိစ္ဆာကရှိနေတုန်းပဲ။ ဒီတော့ ဒါကမင်းရဲ့စရိုက်နဲ့ဘာလို့များသက်ဆိုင်မနေမှာလဲ။"
ကျင်းဖေးထုန်ကပြုံးကာဆိုသည်။
"ရှစ်စွင်း၊ အခုကျွန်တော်ထင်တာက... ကျွန်တော့်နှလုံးသားထဲကမလျော်ကန်တဲ့အမုန်းတရားက နည်းနည်းတော့ပေါ့ပါးသွားတဲ့ပုံပဲ။"
သူသည်ခေါင်းမော့ကာဖြင့် ရွှေရောင်ကွင်းများဖြင့်ဝန်းရံခံထားရသော တိမ်တိုက်ဖြူများကိုကြည့်ကာ ဖြည်းညှင်းစွာပြောလိုက်သည်။
"တစ်ခါတလေကျတော့လည်း ဒီလောကကြီးမှာရှင်သန်ရတာက ကောင်းတော့ကောင်းသားပဲ..."
*
Advertisement
- In Serial20 Chapters
Goes Unpunished
In the wake of human-initiated Armageddon, Colin Callum will do anything to survive on the streets of fallout Buenos Aires. But when Colin is infected with a virus that will warp him from human to monster, the hard-core, never-wanted-to-be-a hero has only one choice left. To fulfill a promise made to a dead friend. To enter Thorr’un, a fantasy world where Colin must choose a new name, a new identity and a new path. To figure out what the hell it even means to have Dexterity 20. But as he encounters ancient kings, crumbling dungeons, active war zones and beautiful women whose names he can hardly pronounce, Colin must face two vital truths. He never was much of a gamer. And in the world of Thorr’un no deed, good or evil, goes unpunished. Release Schedule: (Royal Road) As I can, building back up to 5x/week; (Patreon) Most weekdays Cover Art by: crow-god On Warnings: This is a high-octane, high-adrenaline, high-oxytocin story about mind-boggling adventure, terrifying monsters, a badass protagonist and, at times, the jaw-dropping women who fight alongside him. Is there swearing? Hell yes. Is there violence? Those monsters won't kill themselves! Does he meet (and sleep with) gorgeous fantasy babes? Of course he does! We live in a world of where many authors are afraid to include certain content for fear of scaring off their readers. I won't do that. I trust you. And if you trust me, you'll love my work.
8 137 - In Serial28 Chapters
Beyond
Ric a 16 - 17 years old youth takes his life in other to get away from the feeling of being bound in his present world and hopes to be reincarnated like those MC’s in those novels he likes so much. Follow him on his journey to have carefree life. well I am just writing for fun so pls don’t get offended by my words/ novel thanks hope you like it though
8 162 - In Serial41 Chapters
Gods & Monsters (The Reaper Chronicles, #1)
Ever since the last battle against Primordial—Earth's immortal alien foe—Ava has been living in a constant nightmare. She will never forget how heavy the sword feels in her palm, how her abilities take over. She will never forget the moment she kills her best friend, the moment before she lost control. Attempting to fix herself, Ava ventures off into the demon-infested world in search of her missing birth record. She will do whatever it takes to find it, even if that means breaking the laws and committing treasonous acts. But once Ava is caught, she quickly finds out it will take more than thievery and violence to stitch herself back together. It will require dark magic, a pair of alien princes, a pompous man whose hair is as white as snow, a blue god's threat, and the perfect stage set for secrets to unfold. Science Fantasy || Action || Romance
8 233 - In Serial19 Chapters
*taekook*
Taehyung sells his body for moneyJungkook finds the place Taehyung works at and finds interest in itHe trys with other workers but only Taehyung can fufill his needsWhat happens once they fall in love?
8 190 - In Serial44 Chapters
The Dungeon Novel
Participant in Royal Roads 55000 Write A Thon A man and a dog come to a meeting of the minds and then a god takes an interest.
8 826 - In Serial17 Chapters
Fireworks {The 100 Fanfiction Modern AU}
10 months. 10 months was enough to numb the pain. Bellamy hated it, hated how the pain lessened because his sister deserved more. She deserved the world, and he couldn't give her it. Bellamy hadn't cried for her yet. He was shoving everything Octavia related into a file in his brain never to be looked at again. He hated himself for it, for trying to forget, but he knew that he would shatter if he tried to sort through it. A part of him had died that day in the backyard, a part of him had died with Lincoln and Octavia in that car crash. Her funeral was the hardest thing he'd ever had to do. Him and Clarke had driven home in silence, and then he'd gotten home and sat on the couch, unable to move, unable to think, too numb to do anything except stare.Woohoo! Another Bellarke story! I'm sorry, these fanfictions just keep coming. Now they're the only thing I can write, lol.This is a modern AU where Bellamy and Clarke are roommates, she works at a Hospital and him as a college professor.*COMPLETED*Started: 4/27/20Finished: 5/26/20200 views?!? Tysm!!300 :DBRO ALMOST 600 ILU GUYS ;w;
8 196

