《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂၉] တိမ်တွေဆီဘယ်သူပို့|တိမ်တွေဆီဘယ်သူပို့
Advertisement
"မင်းလွမ်းတဲ့အခါ နည်းနည်းခပ်ကြာကြာစောင့်လိုက်ရင် တစ်နေ့ကျတိမ်တွေကင်းစင်သွားလောက်မှာပါ။"
___________________________________________
အဆောင်စာရွက်ကရှုလင်ကျား၏လက်ထဲတွင်ရှိနေသည်ကိုမြင်လိုက်ရရာ၊ မုန့်ရှန်တစ်ယောက်ထိတ်လန့်သွားရပြီး လွှတ်ခနဲပြောထွက်သွားသည်။
"ရှင်ဘယ်လိုရှာတွေ့သွားတာလဲ!"
ရှုလင်ကျားကားစိတ်အခြေအနေကောင်းမနေသော်လည်း ထိုစကားကိုကြားလိုက်ပြီးနောက်တွင် သူမကိုသူပေးလိုက်သည်။ သူဒေါသထွက်ထွက်ဖြင့်ရယ်မောကာပြောလိုက်သည်။
"အိုး၊ တကယ်ကြီးမင်းဖြစ်နေတာကိုး၊ ဒါဖြင့်မင်းကဉာဏ်တော်တော်ကောင်းတာပဲ။"
သူကကျင်းဖေးထုန်ကိုပြောလိုက်သည်။
"ကျွန်တော်တို့စားသောက်ဆိုင်မှာသေရည်သောက်နေရင်းနဲ့ အကြောင်းမရှိပဲဘာလို့အဲ့ဒီ့နေရာကိုရောက်သွားလဲဆိုတာကို ကျွန်တော်သိချင်နေခဲ့တာ။ ကျွန်တော်ကအဲ့ဒီ့ထူးဆန်းတဲ့နေရာထဲမှာညှပ်ပါသွားခဲ့တယ်လေ။ နောက်ဆုံးတော့သူမရဲ့ဖိတ်ကြားချက်ဖြစ်နေခဲ့တာ။"
မတိုင်ခင်ကမင်ရှောင်းပြောပြခဲ့သည်နှင့်ပေါင်းလိုက်လျှင် ကိစ္စမှာသိသာထင်ရှားနေပြီပင်။ မင်ရှောင်းကမုန့်ရှန်အစားသူ့အသက်ကိုပေးသွားခဲ့သော် မုန့်ရှန်ကသူ့အပေါ်အကြွေးတင်နေခဲ့သည်။ သူမသည်လင်ရှောင်းရှန်းဇုန်ကိုလိုလိုလားလားဝင်ရောက်ခဲ့ပေမဲ့ ဂိုဏ်းသူအသစ်တစ်ယောက်အနေဖြင့် သူမတွင်စကားပြောရန်အခွင့်မရေးမရှိပေ၊ မည်သူ့ကိုအကူအညီတောင်းရမည်မှန်းလည်းသူမမသိပေ။
ထိုအခိုက်အတန့်တွင်၊ မုန့်ရှန်တစ်ယောက်စားသောက်ဆိုင်ထဲတွင် ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့နှင့်သွားဆုံသည်။ သူမသည်ရှုလင်ကျားမည်သူမှန်းမသိလောက်ပေမဲ့ ကျင်းဖေးထုန်၏ပုံတူပန်းချီကတော့ရှင်းဇုန်တွင်လွယ်လင့်တကူတွေ့မြင်နိုင်ပေရာ မုန့်ရှန်စိတ်လှုပ်ရှားသွားမိသည်။
သူမသည်တိတ်တိတ်လေးလှုပ်ရှားကာ ရှုလင်ကျားနှင့်ကျင်းဖေးထုန်ကိုအရံအတားထဲသို့သွတ်သွင်းလိုက်ပြီး သူတို့တစ်ခုခုလုပ်မည်ကိုမျှော်လင့်စောင့်စားနေမိသည်၊ ထိုမှသာ လမ်းတစ်လျှောက်တွင်မင်ရှောင်းကိုသွားကယ်၍ရနိုင်မည်ပင်။
အလယ်တွင်အတော်လေးနှောင့်နှေးသွားသည်မှာသနားစဖွယ်ပင်။ မင်ရှောင်း၏ဝိညာဥ်ကသူ့ကိုယ်ထဲပြန်ရောက်လာသော်လည်း၊ သူ၏ယန်ဓာတ်များမှာအလွန်ပျံ့ကြဲသွားကာ သူ၏ဝိညာဥ်ကိုယ်ထည်မှာလည်းပါးလျလွန်းလှသည်မို့ အသက်ပြန်ရှင်လာနိုင်သည့်အခွင့်အရေးမှာသိပ်ကိုနည်းပါးသည်။
မုန့်ရှန်၏အသေးစားဗျူဟာမှာသူတို့နှစ်ယောက်အတွက် အရမ်းကိုတုံးအပုံပေါ်ပေမဲ့ သူတို့အရေးစိုက်ချင်စိတ်ရှိ၊မရှိဆိုသည်ကမေးခွန်းထုတ်စရာပင်။ ဤအခိုက်အတန့်တွင်၊ သူမကလူလုံးထုတ်ပြလာသည်။ သူမကူကယ်ရာမဲ့စွာဖြင့်မချင့်မရဲဖြစ်မိသည်။ သူမပါးစပ်ဟကာတီးတိုးပြောလိုက်မိသည်။
"ကျွန်မတောင်းပန်ပါတယ်။"
ရှုလင်ကျားသည်ပုံမှန်အားဖြင့်တစ်ဖြောင့်တည်းသွားကာ တခြားသူများနှင့်လှည့်ကွက်သုံးရသည်ကိုမနှစ်သက်ပေ။ သူသည်မုန့်ရှန်အပေါ်အမြင်ကောင်းမရှိသော်လည်း မိန်းကလေးကသူ့ကိုတောင်းပန်လာသည်ကိုမြင်လိုက်ရသော် သူဘာမှမပြောလိုက်တော့ပေ။
ရှုလင်ကျားမေးလိုက်သည်။
"ဒါဆို မင်းချင်းချိုးကိုဘာလို့ရောက်လာတာလဲ။ မင်းသူ့ကိုနောက်ဆုံးတစ်ကြိမ်အနေနဲ့တွေ့ချင်လို့လား။"
မုန့်ရှန်ကအလျင်စလိုဆိုသည်။
"မဟုတ်ဘူး၊ အဲ့လိုမဟုတ်ပါဘူး။"
သူမစကားပြောပြီးသွားသော် သူမတုံ့ဆိုင်းသွားကာ ထပ်ပြောလာပြန်သည်။
"ကျွန်မသူ့ကိုတွေ့ဖို့မစဥ်းစားသေးပါဘူး...ကျွန်မ၊ ကျွန်မ..."
သူမသက်ပြင်းချကာ သူမ၏ဝတ်ရုံထောင့်စွန်းကိုမ၍ပြောလိုက်သည်။
"ကျွန်မကသေတော့မှာ။ ကျွန်မသေသွားရင် သူပြန်ကောင်းလာမှာပါ။ အဲ့အခါကျရင်အကုန်အဆင်ပြေသွားပါလိမ့်မယ်။"
မုန့်ရှန်အတတ်နိုင်ဆုံးကြိုးစားကာ ဤစကားကိုတည်ငြိမ်စွာပြောလိုက်ပေမဲ့ အသံကတော့ခပ်ဖျော့ဖျော့တုန်ရီနေပုံမှာ သိသိသာသာကိုအလွန်တရာကြောက်ရွံ့နေပေသည်။
ရှုလင်ကျားတောင့်တင်းသွားပေမဲ့ ကျင်းဖေးထုန်ကရုတ်ခြည်းမျက်မှောင်ကြုတ်ကာ ခါးကိုင်း၍မေးလိုက်သည်။
"မုန့်ရှန်၊ မင်းရဲ့လက်ချောင်းပေါ်မှာဘာလဲ။"
ထို့နောက်မှသာလျှင် မုန့်ရှန်၏သွယ်လျသောလက်ချောင်းပေါ်တွင်ချည်ထားသော အပြာရောင်ပိုးချည်မျှင်မှာအနည်းငယ်ရင်းနှီးပုံပေါက်သည်ကို ရှုလင်ကျားမြင်လိုက်ရတော့သည်။
"အကျိုးနှင့်အကြောင်းပိုးချည်မျှင်?"
ရှုလင်ကျားသည်ကျင်းဖေးထုန်ကိုတစ်ချက်စိုက်ကြည့်လိုက်၏။
"ဒါကမင်ရှောင်းရဲ့အသက်ကိုလဲလှယ်ဖို့ ယွဲ့ထောင်ထုတ်လာတဲ့ပစ္စည်းမလား။"
ကျင်းဖေးထုန်သူ့ကိုခေါင်းငြိမ့်ပြကာ မုန့်ရှန်ကိုမေးလိုက်သည်။
"မင်းဒီပစ္စည်းကိုသူ့ဆီကရလာတယ်ပေါ့?"
မုန့်ရှန်ကဆိုသည်။
"အင်း..."
သူမပြောပြီးသော် သူမလက်ထဲရှိပိုးချည်မျှင်မှာရုတ်ခြည်းတုန်ရီသွားပေသည်။
သုံးယောက်သားသည်ပိုးချည်မျှင်ကြိုးတလျှောက်ကိုပြိုင်တူကြည့်လိုက်မိကြပြီး ယင်းမှာ ချန်နဥ်၏ဂူထဲမှပြေးထွက်လာသည့်မင်ရှောင်းကိုမြင်လိုက်ကြရ၏။
သူကားမြေခွေးမျိုးနွယ်စုကလူတို့ကြောင့်နိုးလာသော်လည်း သူသည်အလွန်အားနည်းနေသေးကာ အချိန်မရွေးသေဆုံးသွားနိုင်သည့်အန္တရာယ်ရှိသည်။
ဤအခိုက်အတန့်တွင်၊ တစ်ခုခုမှားနေသည်ကိုသူသိလိုက်ရပြီး ပြေးထွက်ကြည့်လိုက်သော် မုန့်ရှန်ကိုမြင်လိုက်ရသဖြင့် သူ၏မျက်နှာထားမှာတစ္ဆေတစ်ကောင်ကိုမြင်လိုက်ရသည့်နှယ်။
မင်ရှောင်းပင့်သက်ရှိုက်ကာဖြင့် ကြောင်အမ်းစွာပြောမိသည်။
"အားရှန်၊ မင်း...ဘယ်လိုလုပ်ပြီးမင်းဖြစ်နေရတာလဲ!"
မုန့်ရှန်သည်အခုလေးတင်ကျင်းဖေးထုန်နှင့်ရှုလင်ကျားတို့နှင့်စကားပြောနေစဥ်၊ သူမ၏အမူအရာကိုထိန်းသိမ်းထားနိုင်စွမ်းရှိသေးသော်လည်း ယခုသူမလှည့်ကြည့်လိုက်သော် မင်ရှောင်းကိုမြင်လိုက်ရရာ သူမ၏မျက်ဝန်းတို့မှာရုတ်ခြည်းနီရဲသွားတော့သည်။
သူမသည်သူမ၏ပါးစပ်ကိုတင်းကြပ်စွာဖုံးအုပ်ကာ ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ပြီး ထွက်သွားချင်ပုံပေါက်ပေမဲ့ သူမ၏ခန္ဓာကိုယ်မှာယိမ်းထိုးကာဖြင့်ပြိုလဲကျသွားပေသည်။
ရှုလင်ကျားကသူမဘေးတွင်ရှိနေလေရာ ဘာမှမစဥ်းစားဘဲသူမကိုကူတွဲပေးရန် လက်ဆန့်လိုက်မိသည်။
ကျင်းဖေးထုန်ကသူ့နောက်တွင်ချောင်းအသာဟမ့်လာသည်။
ရှုလင်ကျားမှာကျင်းဖေးထုန်ကိုဗလာသက်သက်တစ်ချက်စိုက်ကြည့်လိုက်မိပြီး သူအလိုက်မသိသလိုဖြစ်သွားမှန်းသဘောပေါက်သွားရကာ သူ့လက်ကိုပြန်ရုတ်လိုက်မိသည်။
မင်ရှောင်းကမုန့်ရှန်ကိုဖမ်းလိုက်ပေမဲ့ သူကိုယ်တိုင်ကမြဲမြဲမရပ်နိုင်လေရာ နှစ်ယောက်သားမှာအတူတူလဲကျသွားတော့သည်။
မင်ရှောင်းအလျင်စလိုထကာ မုန့်ရှန်၏ပုခုံးကိုထူမပေးလိုက်သည်မို့ သူမ၏လက်ချောင်းပေါ်တွင်ဆက်သွယ်ထားသော အကျိုးနှင့်အကြောင်းပိုးချည်မျှင်ကိုပါမြင်လိုက်ရသည်။
သူရုတ်တရက်ချင်းစိတ်ပူကာပြောလိုက်မိသည်။
"မင်းဒီဟာကိုဘယ်ကရလာတာလဲ။ မင်း...ယွဲ့နန်းတော်အရှင်ဆီကရလာတာလား။ မင်းဘာလို့သူများပစ္စည်းကိုခိုးခဲ့တာလဲ! မင်းကိုကိုယ်သုံးခွင့်ပေးလို့လား!"
မုန့်ရှန်ဟာလည်းစိတ်ပူနေမိကာ မင်ရှောင်း၏ဝတ်ရုံလက်ကိုဆွဲ၍ ကူကယ်ရာမဲ့စွာငိုလျက်သားပြောမိသည်။
"ကျွန်မကသေတော့မှာ၊ ရှင်ကတော့ကျွန်မကိုပစ္စည်းခိုးတယ်လို့ပြောနေတုန်းပဲ! ကျွန်မကကပ်စေးနည်းပြီး တစ်ကိုယ်ကောင်းဆန်မှန်းရှင်သိထားပြီးသားမလား၊ ကျွန်မကသူများပစ္စည်းခိုးတယ်၊ လိမ်ပြောတတ်တယ်ဆိုရင် ရှင်ကလည်းအရမ်းတုံးအတာပဲ၊ ကျွန်မလှည့်စားတာခံလိုက်ရတယ်လေ!"
မင်ရှောင်းကဆိုသည်။
"မင်းကကိုယ့်ကိုအရူးလုပ်ခဲ့တာ၊ မင်းဘာလို့ဒီကိုထပ်ရောက်လာတာလဲ! ကိုယ်သာမင်းအသက်ကိုပြန်ဆပ်စေချင်လို့ရှိရင် ယွဲ့ထောင်ကိုငြင်းခဲ့မှာမဟုတ်ဘူးကွ!"
မုန့်ရှန်ပြောလိုက်သည်။
"ကျွန်မကမိန်းကလေးတစ်ယောက်ဖြစ်တာမို့ ကျွန်မမိဘတွေကကျွန်မကိုဘယ်တုန်းကမှမနှစ်သက်ခဲ့ဘူး။ ကျွန်မငယ်ငယ်လေးကတည်းကကျွန်မဘဝအတွက်ကိုယ်တိုင်စီမံရမယ်ဆိုတာကိုသိခဲ့ရတယ်။ ကောင်းတဲ့အရာတစ်ခုခုရှိရင် ကျွန်မမောင်လေးဆီကလုယူလိုက်တယ်။ လုယူလို့မရရင် ခိုးပစ်လိုက်တာပဲ။ အရသာရှိတယ်ဆိုတာဘာလဲ။ ဟုတ်တယ်၊ သိမ်းမထားနဲ့၊ ရတဲ့အချိန်စားပစ်လိုက်၊ အဲ့ဒါကကိုယ့်အပိုင်ဖြစ်သွားပြီမို့... ကျွန်မဘယ်တုန်းကမှဒီလောက်တစ်ကိုယ်ကောင်းမဆန်ခဲ့ဖူးဘူးရယ်။"
သူမမျက်လုံးခပ်ကျယ်ကျယ်ဖွင့်ကာ မျက်တောင်မခတ်နိုင်ဘဲ မင်ရှောင်း၏မျက်နှာကိုကြည့်လိုက်သည်။
"ကျင့်ကြံသူတွေသဘောကျတာခံရတာဘယ်လောက်ကံကောင်းမှန်း ကျွန်မမသိဘူး။ ကျွန်မသွားချင်တယ်၊ ဒါပေမဲ့... ဒါပေမဲ့ရှင်ကကျွန်မကိုအရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်လေ။ ငယ်ငယ်လေးကတည်းကနေအရွယ်ရောက်တဲ့အထိ ဘယ်သူကမှကျွန်မကိုဒီလိုမျိုးဂရုမစိုက်ခဲ့ဖူးဘူး။ ရှင်ကတော့ကျွန်မအတွက်သေပေးဖို့တောင်ဆန္ဒရှိတယ်။ ရှင့်ကိုကယ်တင်ဖို့ဘယ်သူ့ကိုမှကျွန်မမရှာနိုင်ဘူး၊ ဒါပေမဲ့ ကျွန်မရှင့်ကိုတစ်ယောက်ထဲမထားခဲ့နိုင်ဘူး..."
သူမချောင်းဆိုးလျက်ပြောနေပေရာ မင်ရှောင်းမှာတစ်အောင့်မျှစကားမပြောဘဲ ခဏကြာမှပြောလိုက်သည်။
"မင်းအမြဲလိုချင်တဲ့အရာကိုမင်းလည်းကိုယ့်ကိုပြောပြဖူးတယ်လေ။ မင်းပြောခဲ့တာက အခန်းထဲမှာမင်းတစ်ယောက်ထဲအိပ်မယ်၊ အဖာတွေမပါတဲ့အဝတ်တွေကိုဝတ်မယ်၊ စျေးကြီးမှာမကြောက်ဘဲ မင်းလိုချင်တာမှန်သမျှအကုန်ဝယ်ပစ်မယ်၊ စိတ်ချ၊ ဘယ်သူကမှမင်းကိုခေါင်းမခေါက်ရဲသလို မင်းနားရွက်ကိုလည်းဆွဲရဲမှာမဟုတ်ဘူး။ အခုမင်းမှာအဲ့ဒါတွေအကုန်လုံးရှိနေပြီလေ၊ မင်းသာကိုယ့်အတွက်သေသွားခဲ့လို့ရှိရင် မင်းဒါတွေကိုခံစားခွင့်ရှိမှာမဟုတ်တော့ဘူး။"
မုန့်ရှန်ကငိုလျက်ပြောလာသည်။
"မင်ရှောင်း၊ အဲ့ဒီ့အကြောင်းမပြောပါနဲ့၊ ကျွန်မကြောက်တယ်။ ဒါပေမဲ့ကျွန်မအသက်ကရှင်ပိုင်သွားပြီလေ၊ ကျွန်မရှင့်ကိုမသေစေချင်တာမို့ ကျွန်မရှင့်ကိုပြန်ပေးမယ်။"
မင်ရှောင်းကဆိုသည်။
"ဒါပေမဲ့ကိုယ်လိုလားတယ်လေ! အားရှန်၊ ကိုယ်မင်းကိုမသေစေချင်ဘူး၊ အဲ့ဒါကြောင့်မလုပ်နဲ့တော့နော်၊ ဟုတ်ပြီလား။ ဒါကိုဘယ်လိုဖြည်ရမလဲ၊ ကျွန်တော့်ကိုတစ်ယောက်ယောက်ကူဖြည်ပေးကြပါဗျာ!"
သူလက်ဆန့်ကာ ပိုးချည်မျှင်ကိုဆွဲလိုက်ပေမဲ့ ၎င်းမှာအသေတင်းနေပေရာ မုန့်ရှန်၏လက်မှာမင်ရှောင်း၏၏လက်မောင်းပေါ်ကလျှောကျသွားတော့သည်။
မင်ရှောင်းအော်လိုက်မိသည်။
"အားရှန်! အားရှန်!"
သူတို့နှစ်ယောက်သားသည်တစ်ယောက်ကိုတစ်ယောက်ဝမ်းနည်းစွာဖက်တွယ်ထားကြပြီး ရှုလင်ကျားမှာအစကတည်းကရှုံးနေသည်မို့ သူတို့ကိုမကူညီနိုင်တော့ပေ။
သူလျှောက်သွားကာ မင်ရှောင်း၏ပုခုံးနှစ်ဖက်ကိုင်ကာ ချက်ချင်းဆွဲထူ၍ပြောလိုက်သည်။
"နေအုံး၊ သူမမောသွားတာမဟုတ်ဘူးလား။ သူမရဲ့နှလုံးခုန်နှုန်းကလည်းတည်ငြိမ်နေတာကို မင်းဘာလို့ငိုနေတာလဲ။"
ရှောင်းနဥ်အာတစ်ယောက်မုန့်ရှန်၏လူတွေကိုရိုက်နှက်ခဲ့သည်ကိုသတိရသွားရင်းဖြင့်ရှုလင်ကျားပြောလိုက်မိရာ မုန့်ရှန်းမှာ"အို့ပ်"ဟူသောအသံနှင့်အတူနိုးလာတော့သည်။
မင်ရှောင်း၏ငိုယိုမှုကားလည်ချောင်းထဲတွင်တစ်ဆို့သွားရကာ နှစ်ဦးသားမှာအပြန်အလှန်ကြည့်လျက်သားဖြင့် ကြောင်အမ်းနေမိကြသည်။
မင်ရှောင်းကရှက်တက်တက်ဆိုသည်။
"ဒါဖြင့်မင်းအသက်ရှင်နေတယ်ဆိုရင် မင်းဘာလို့မျက်လုံးမှိတ်လိုက်တာလဲ။"
မုန့်ရှန်းကတော့ဖြင့်သူ့ပေါ်မှီရန်ရှက်ရွံ့နေလေရာ ကြောင်အမ်းစွာထထိုင်၍ပြောလိုက်ရသည်။
"ကျွန်မခုနကခေါင်းနည်းနည်းမူးသွားတာမို့ ကျွန်မသေတော့မယ်လို့ထင်လိုက်တာ။ ကျွန်မဘာလို့အဆင်ပြေနေတာလဲ။"
ရှုလင်ကျားထိုအကြောင်းတွေးကာ အနောက်လှည့်၍ အပြုံးတဝက်နှင့်ပြောလိုက်သည်။
"ကျင်းရှစ်ရှုန်း?"
ကျင်းဖေးထုန်ကလည်းပြုံး၍ဆိုသည်။
"ဘာဖြစ်သွားမှန်းကိုယ်လည်းမသိဘူး။ ဒါပေမဲ့အတွင်းလူကမကြာခင်လာတော့မှာကိုတော့သိတယ်။"
ကျင်းဖေးထုန်ပြောလိုက်ပြီးသည်နှင့် တစ်စုံတစ်ယောက်ကဖြေးညှင်းစွာဆိုလာသည်။
"သူတို့နှစ်ယောက်အကြောင်းငါဘာမှမသိဘူး၊ ဒါကတကယ့်ကိုကောင်းချီးတစ်ပါးပဲ။ အာ၊ ဟုတ်တာပေါ့၊ ငါကသခင်လေးတစ်ယောက်ဖြစ်ဖို့မွေးဖွားလာတာ။ အမိန့်ပေးလိုက်တာနဲ့ အားမာန်အပြည့်နဲ့ပြေးလာတတ်တဲ့ စျေးပေါပြီးစကားများတဲ့အဖိုးကြီးတစ်ယောက်ရှိတယ်။ ဒီကိုလာပြီး မင်းတို့ကောင်တွေဖြေရှင်းတာကိုကူညီရတယ်လေ။"
ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့ပြိုင်တူလှည့်ကြည့်လိုက်ရာ ချန်နဥ်ကိုယ်တိုင်လိုက်ပို့လာသည့် ပိန်ပါးသောအဖိုးအိုတစ်ယောက်လျှောက်ဝင်လာသည်ကိုသာလျှင်မြင်လိုက်ကြရသည်။
သူ၏မုတ်ဆိတ်နှင့်ဆံပင်တို့ကားစွတ်စွတ်ဖြူနေပြီး သူ့မျက်နှာမှာနီစွေးလျက်ရှိကာ သူ၏ပုံပန်းသွင်ပြင်မှာမူအတော်လေးသဘောကောင်းကာ ဖော်ဖော်ရွေရွေရှိပေသည်။ သူသည်တစ်ဝက်သစ်နေသောတောက်ဓမ္မဝတ်ရုံကိုဝတ်ဆင်ထားကာ လမ်းပေါ်တွက်ဗေဒင်ဟော၍ပိုက်ဆံလိမ်စားသော တောက်ဓမ္မလူအိုကြီးပုံပေါက်၏။
ဤပုဂ္ဂိုလ်ကိုမြင်လိုက်ရရာ ရှုလင်ကျားချက်ချင်းအရိုအသေပေးလိုက်သည်။
"ကျိုးရှစ်ပေါ်။"
ကျင်းဖေးထုန်ကပြုံးကာဆိုသည်။
"ရှစ်စွင်း။"
ဤသာမန်ညောင်ညလူအိုကြီးကား လင်ရှောင်းရှင်းဇုန်ဂိုဏ်းချုပ်ဖြစ်ပုံပင်။ ဂိုဏ်းချုပ်ဟာလည်းကျင်းဖေးထုန်၏ဆရာသခင်ဖြစ်ပေရာ ကျိုးချင်းချန်ဟုအမည်ရသည်။
Advertisement
သူသည်ဟယ်ဇီကျိုးထက်စောစီးစွာစတင်ခဲ့သည်မို့ ရှုလင်ကျားကသူ့ကိုရှစ်ပေါ်ဟုခေါ်ရမည်ပင်။
(*ရှစ်ပေါ်= ဆရာတူဦးကြီး(သို့)ဂိုဏ်းတူဦးကြီး။)
လင်ရှောင်းဂိုဏ်း၏ရှင်းဇုန်နှင့်ချီဇုန်တို့ကားအစေးမကပ်ပေ။ နှစ်ဖက်စလုံး၏ဂိုဏ်းချုပ်များ၌ပင်လျှင် လုံးဝကွဲပြားသောပုံစံများရှိကြသည်။ ဟယ်ဇီကျိုးနှင့်ကျိုးချင်းချန်သည်မျိုးဆက်တစ်ဆက်တည်းဖြစ်ကာ အသက်သိပ်မကွာပေ။
သို့သော် ဟယ်ဇီကျိုးသည်ကားအမြဲတစေကိုယ်နှုတ်အမူအရာယဥ်ကျေးကာ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ပြီး ဒီကနေ့ထိတိုင်လူငယ်ပုံစံကိုထိန်းသိမ်းထားဆဲပင်။ သို့ပေမဲ့ ကျိုးချင်းချန်ကတော့ဖြင့်လုံးဝကိုဖြစ်ကတတ်ဆန်းပင်။
သူကရှုလင်ကျားကိုမြင်သော် မျက်လုံးလှိမ့်၍ အရေတွန့်နေသောမျက်နှာဖြင့်ပြုံးပြလာသည်။
"အင်း၊ ငါတို့ရဲ့လင်ကျားလေးကတော်တော်လေးကြီးလာပြီပဲ။ ဒါပေမဲ့မင်းကမင်းရဲ့သွေးနားထင်ရောက်နေတဲ့ရှစ်ရှုန်းထက်ပိုပြီးတော့ချောတာပဲကွ။"
သူဒါကိုပြောလိုက်ရင်းဖြင့် ကျင်းဖေးထုန်ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာထက်တွင်ပြီတီတီအမူအရာအပြည့်နှင့်ပင်။
ကျိုးချင်းချန်သည်တမင်တကာရန်စွပေးနေခြင်းဖြစ်ကာ အထူးခြားဆုံးလူဆိုးကျင်းဖေးထုန်ကားပြန်မတိုက်ခိုက်ပေ။ ထိုအစား၊ သူ့စကားနောက်လိုက်၍ မျက်နှာထက်တွင်အပြုံးတစ်ပွင့်နှင့်အတူ ရှုလင်ကျားကိုတစ်ချက်စိုက်ကြည့်လိုက်သည်။
ကျိုးချင်းချန်မှာကြောင်အမ်းသွားရသည်၊ သို့ပေမဲ့ကျင်းဖေးထုန်ကခေါင်းပြန်လှည့်ကာပြောလာသည်။
"ရှစ်စွင်း၊ ဆရာ့တပည့်အသစ်ရဲ့ပြဿနာကို အရင်ဖြေရှင်းပေးစေချင်တယ်။ ရှင်းဇုန်ရဲ့ဂိုဏ်းသားခန့်အပ်တဲ့စည်းမျဥ်းတွေကပျက်စီးနေပြီ။ ဒီနေ့လိုနေ့မျိုးနောက်တစ်ခါရှိလာမှာစိုးတယ်။ စည်းမျဥ်းတွေကိုပြောင်းလဲလိုက်ရင်ရောဘယ်လိုလဲ။"
ကျိုးချင်းချန်ကခေါင်းခါကာဆိုသည်။
"နိမ့်ချပြီးလိမ္မာတဲ့ကလေးတချို့ကိုခန့်အပ်ချင်လို့ ငါဒီစည်းမျဥ်းတွေကိုချမှတ်ခဲ့တာ။ မင်းလိုအရူးတပည့်တွေအများကြီးရှိတော့ ငါလည်းနားရတာပေါ့ကွာ။"
ကျင်းဖေးထုန်နှင့်တိုက်ခိုက်ပြီးသော် သူစိတ်ကျေနပ်သွားရသည်။ သူမုန့်ရှန့်ဘက်လှည့်ကာမေးလိုက်သည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ၊ မိန်းကလေး။"
မုန့်ရှန်အလျင်စလိုဒူးထောက်ကာဖြေလိုက်သည်။
"ဂိုဏ်းချုပ်မေးတာကိုဖြေရရင် ဒီတပည့်ရဲ့နာမည်ကမုန့်ရှန်လို့ခေါ်ပါတယ်။"
ကျိုးချင်းချန်ကဟမ့်ခနဲအသံပြုကာပြုံးလိုက်သည်။
"အားရှန်၊ မှော်အတတ်ကိုကစားတယ်၊ အခြားသူတွေကိုမင်းအတွက်သေပေးဖို့နားသွင်းတယ်၊ ပီတော့နန်းတော်အရှင်ယွဲ့ရဲ့ပစ္စည်းကိုခိုးတယ်။ မင်းကိုဒီဆရာရဲ့ဂိုဏ်းကနေထုတ်ပယ်ရမယ်။"
မုန့်ရှန်နှင့်ကျင်းဖေးထုန်ကမတူပေ။ ကျိုးချင်းချန်၏လေသံကားမခက်ထန်သော်လည်း သူမဘာပြဿနာမျှမရှာရဲဘဲ သူမမျက်နှာမှာကြောက်ရွံ့မှုဖြင့်ဖြူရော်သွားကာ အလျင်စလိုကန်တော့လိုက်မိသည်။
"ရှစ်စွင်း၊ တပည့်မှားမှန်းသိပါပြီ၊ တပည့်လုံးဝထပ်မလုပ်ရဲတော့ပါဘူး!"
ကျိုးချင်းချန်ကဆိုသည်။
"ရော်၊ မင်းကသေရမှာမကြောက်ပေမဲ့ ဂိုဏ်းကထုတ်ပယ်ခံရမှာကိုတော့ကြောက်တယ်လား။"
မုန့်ရှန်ကဦးညွတ်ထားလျက်ပင်။
မင်ရှောင်းသည်သူမဘေးမှနေ၍ပါးစပ်ဟလိုက်ရာ ကျိုးချင်းချန်ကပြောလာသည်။
"မင်သခင်လေး၊ လင်ရှောင်းဂိုဏ်းကိစ္စမှာဝင်မပါပါနဲ့။"
ချန်နဥ်ကလည်းမင်ရှောင်းကိုခေါင်းခါပြလာသည်မို့ မင်ရှောင်းတန့်ကာ ချိတုံချတုံဖြင့်ပါးစပ်ပိတ်ထားလိုက်ရသည်။
မုန့်ရှန်ကတုန်ရီနေသောအသံဖြင့်ပြောလာသည်။
"ဂိုဏ်းချုပ်၊ ဒီတပည့်မကောင်းမှန်းသိပါတယ်၊ တပည့်ကပြဿနာအများကြီးဖြစ်စေပြီး ဂိုဏ်းကိုဒုက္ခရောက်စေပြီးတော့ ရှစ်ရှုန်းနှစ်ယောက်ကိုလည်းပါဝင်စေခဲ့ပါတယ်။ အခုတပည့်နောက်ပြန်လှည့်ကြည့်မိတော့ တပည့်အရမ်းရှက်မိတယ်။ တပည့်လုပ်ဖို့လိုတာကမှန်ကန်တဲ့အရာကိုပါပဲ။ ဒီတပည့်ကပိုးချည်မျှင်ကိုသုံးခဲ့ပေမဲ့ အခုသူကအန္တရာယ်ကင်းပြီးအဆင်ပြေပုံပေါ်တာမို့ ဒါက..."
ကျိုးချင်းချန်ကပြောသည်။
"ကြည့်ရတာတော့မင်းအခုပြောလိုက်တဲ့ပြစ်မှုတွေပါပေါင်းလိုက်ရင် မင်းကတုံးအတယ်လို့ဆိုရမယ်။ မိန်းကလေး၊ မင်းကိုယ်မင်းဘယ်သူလို့ထင်နေလဲ၊ မင်းကအရမ်းအစွမ်းထက်လွန်းလို့ မင်းရဲ့ရှစ်ရှုန်းနှစ်ယောက်ကမင်းလှည့်စားတာခံရပြီး ပီလော့နန်းတော်ရဲ့ယွဲ့နန်းတော်အရှင်ကလည်း မင်းပစ္စည်းခိုးတာခံလိုက်ရတယ်လို့ထင်နေတာလား။"
သူသက်ပြင်းလေးလံစွာချလိုက်သည်။
"ဒါကမင်းရဲ့ဂိုဏ်းကြောင့်ပဲ။ ဒီဂိုဏ်းချုပ်မျက်နှာကြောင့်မို့။ ယွဲ့ထောင်ကငါ့ကိုအဲ့အချိန်တုန်းကမြင်သွားတာမို့ လှေကိုတွန်းပြီး မင်းကိုဒီပစ္စည်းခိုးခွင့်ပေးခဲ့တာ။ ဒါပေမဲ့မင်းအတွက်အသုံးမဝင်ဖြစ်နေခဲ့တာပဲ။"
"အသုံးမဝင်ဘူးမလား။"
မုန့်ရှန်ကမင်ရှောင်းကိုလှည့်ကြည့်လိုက်သည်။
"ဟုတ်တယ်၊ ဒါဆိုသူ..."
"မင်သခင်လေးရဲ့လက်ရှိအခြေအနေကသိပ်မကောင်းဘူး။ သူကမင်းကြောင့်ဒီကံကြမ္မာကိုရသွားခဲ့တာ။ မင်းသူ့အပေါ်တကယ်အကြွေးတင်နေတယ်။ တကယ်လို့ငါမင်းရဲ့ဝိညာဥ်ကိုတစ်ဝက်ကိုအပြစ်ဒဏ်အနေနဲ့ယူလိုက်လို့ရှိရင် မင်သခင်လေးရဲ့ဝိညာဥ်ကိုတည်ငြိမ်အောင်လုပ်ပေးလို့ရတယ်။ မင်းလုပ်ချင်လား။"
ကျိုးချင်းချန်ကဆိုသည်။
"ဒီလိုဆိုရင် မင်းတို့နှစ်ယောက်လုံးအသက်ရှင်နိုင်တယ်။ ဒါပေမဲ့ အနာဂတ်မှာ မင်းရဲ့ကျင့်ကြံရေးနဲ့ဘဝသက်တမ်းအပေါ်မှာတော့ သက်ရောက်မှုရှိလိမ့်မယ်။ လူနှစ်ယောက်အတွက်အသက်တစ်သက်နဲ့ညီမျှတယ်။ အားရှန်၊ မင်းဆန္ဒရှိရဲ့လား။"
သူတို့နှစ်ဦးစလုံးအသက်ရှင်နိုင်မည့်နည်းလမ်းရှိသည်ကို မုန့်ရှန်မထင်ထားမိသည်မို့ သူမအပျော်ကြီးပျော်သွားကာပြောလိုက်မိသည်။
"တပည့်လုပ်ချင်ပါတယ်! တပည့်ပြဿနာထပ်မရှာတော့ပါဘူး၊ ကျင့်ကြံဖို့ခက်ခဲတယ်ဆိုရင် တပည့်ကြိုးစားလေ့ကျင့်ပါ့မယ်!"
ကျိုးချင်းချန်ကသူမ၏ခေါင်းကိုထိကာပြောလိုက်သည်။
"တစ်ချို့အမှားတွေကတော့သေးငယ်တဲ့အမှားလေးတွေပါပဲ။ ဒါပေမဲ့မင်းသူများတွေကိုရိုးသားပွင့်လင်းစွာဆက်ဆံရင် ကောင်းတဲ့အရာတွေမင်းရလာမှာပါ။ အနည်းငယ်ဆုံးရှုံးသွားရင်တောင်မှထိုက်တန်တယ်။ ကလေး၊ ဒီစကားကိုမှတ်ထားနော်။"
မုန့်ရှန်သည်ငယ်စဥ်ကတည်းကစျေးထဲတွင်ကြီးပျင်းလာပြီး သူမ၏မိဘနှစ်ပါးမှာတစ်ကိုယ်ကောင်းဆန်ကာဉာဏ်တိမ်၏။ သူမကိုအမှန်တရားသင်ကြားပြသပေးမည့်သူမရှိသည်မို့ သူမ၏ပင်ကိုယ်စရိုက်ကားအနည်းငယ်ကျိုးကြောင်းမဆင်ခြင်တတ်ပေ။
ကျိုးချင်းချန်သည်အစတုန်းကသူမကိုတစ်ခဏမျှမှတ်လောက်သားလောက်အောင်ကြောက်ရွံ့သွားစေပေမဲ့ ယခုတွင်သူသည်လူကယ်ရန်ဆန္ဒရှိနေသည့်အဓိကအကြောင်းရင်းမှာ မင်ရှောင်း၏ဒဏ်ရာမှာနှောင့်နှေး၍မရသောကြောင့်ပင်။
မင်ရှောင်းကမုန့်ရှန်ကြောင့်ဝန်ပိသွားသော်လည်း သူကိုယ်တိုင်ကလိုလိုလားလားရှိနေပေရာ ကျိုးချင်းချန်ကလည်းသူတို့ကိုကယ်ချင်နေသည်မို့ မြေခွေးမျိုးနွယ်စုမှာလည်းကျေးဇူးကြီးစွာတင်နေမိသည်။
ချက်ချင်းပင်၊ ချန်နဥ်ကကျိုးချင်ချန်းကိုဂူထဲဝင်ရန် ပြောလာသည်။
ကျိုးချင်းချန်မှာတော့ဖြင့်ဂူထဲမဝင်မီ ကျင်းဖေးထုန်ကိုအကြည့်တစ်ချက်ပေးဖို့မမေ့ပေမဲ့ ကျင်းဖေးထုန်ကသူ့ကိုလျစ်လျူရှုထားသည်။
ရှုလင်ကျားကသူတို့နောက်လိုက်သွားကာ ချန်နဥ်နှင့်စကားပြောနေသည်ကို သူမြင်လိုက်ရသည်။ ထို့နောက်သူတို့ခုနကထိုင်ခဲ့သောကျောက်စားပွဲထံတိတ်တိတ်လေးလျှောက်သွားကာ ထိုနေရာတွင်တင်ထားခဲ့သည့်ဓားရှည်ကိုကောက်လိုက်သည်။
ဝေမုန့်သည်အပြင်လူထိတွေ့တာခံလိုက်ရသော် ချက်ချင်းသတိချပ်လာကာ ဓားမှာခုခံအားတိုးလာတော့သည်။ သို့ပေမဲ့ကျင်ဖေးထုန်၏လက်တွင်း၌မူ၊ ဤခွန်အားနည်းနည်းလေးကဘာမှမပြောပလောက်ပေ။
ဓားကသတိပေးသောအသံမထုတ်လွှတ်မီ ကျင်းဖေးထုန်ဓားတစ်ဝက်ကိုမြန်မြန်ဆွဲထုတ်လိုက်သည်။
၎င်းဆွဲထုတ်ခံလိုက်ရပြီးမကြာမီတွင် သူ့လက်ထဲရှိ"မိုးကြိုးဓားသွား"၏အခြားတစ်ဝက်ဖြစ်သည့်ကျောက်စိမ်းပြားကိုဓားအိမ်ထဲထည့်လိုက်သည်။
ယင်းကားဟသ်ာပဒါးကျောက်ကိုမီးဖြင့် နှစ်တစ်သောင်းကြာသန့်စင်ထားခြင်းဖြစ်ကာ ကမ္ဘာပေါ်တွင်ရှားပါးလှပေသည်။ ယင်းကိုဓားအိမ်ထဲထည့်လိုက်သည်နှင့် ဝေမုန့်မှာပြည့်ဝသောအရှိန်အဝါနှင့်နွေးထွေးမှုကိုခံစားမိလိုက်သည်။
ကျင်းဖေးထုန်ကားမုန်းတီးစရာမကောင်းကြောင်း ၎င်းချက်ချင်းသိလိုက်ရသည်။ သို့ပေမဲ့ ဤကဲ့သို့ပစ္စည်းကောင်းတစ်ခုကိုဓားအိမ်ထဲအကြောင်းမဲ့လာထည့်ရသည့်အကြောင်းရင်းကိုနားမလည်ပေရာ ၎င်းမှာဓားကိုသံသယဖြင့်ခါရမ်းလိုက်မိသည်။
ကျင်းဖေးထုန်လက်ညှိုးမြှောက်ကာ နှုတ်ခမ်းထက်တွင်"ရှူး"ဟုလုပ်ပြလိုက်ပြီး ခေါင်းခါပြကာ ဓားကိုကောင်းမွန်သောအမူအရာဖြင့်ပြန်ချထားလိုက်သည်။
ရှုလင်ကျားက"မိုးကြိုးဓားသွား"ဟူသောစကားလုံးများဖြင့် ဓားလက်စွဲစာအုပ်၏ထိပ်ပိုင်းတစ်ဝက်ပေါ်ရှိ ကျောက်စိမ်းပြားကိုကျိန်းသေပေါက်ယူသွားလိမ့်မည်ပင်။ ထို့အပြင်၊ ဓားရှည်ကား သူ၏ခွဲခြား၍မရနိုင်သောအရာတစ်ခုလည်းဖြစ်သည်။
ကျင်းဖေးထုန်ကဤနေရာတွင်နှစ်ပိုင်းလုံးကိုထည့်ထားလိုက်သည်။ နှစ်ပိုင်းလုံးမှာအေးစက်ကာနွေးထွေးပြီး အချင်းချင်းအပြန်အလှန်ဖြည့်တင်းပေးနေကြသည်။ ၎င်းတို့ကိုနေ့စဥ်နေ့တိုင်းယူသွားလျှင် ရှုလင်ကျား၏ဒဏ်ရာအတွက်ကြီးမားသောအကျိုးကျေးဇူးဖြစ်လာလိမ့်မည်ပင်။
သို့သော် ဤမြေခွေးလေးမှာထူးဆန်းသောအကျင့်စရိုက်ရှိသည်။ သူသာမျက်နှာသာပေးလိုက်လျှင် ရှုလင်ကျားမှာလက်မခံလောက်ပေ။ ဒါကိုတိတ်တိတ်လေးထည့်ထားလိုက်တာကအကောင်းဆုံးနည်းလမ်းပင်။
ကျင်းဖေးထုန်လုပ်ပြီးသွားသော် ဘာမှမဖြစ်ခဲ့သည့်နှယ် စားပွဲတွင်ထိုင်နေလိုက်ပြီး နာရီဝက်အကြာ၌ မြေခွေးလေးတစ်ကောင်ကဂူထဲမှပြေးထွက်လာကာ ရှုလင်ကျားနှင့်ချန်နဥ်ကိုကျယ်လောင်စွာပြောလာသည်။
"အကြီးအကဲ၊ ရှုသခင်လေး၊ သခင်လေးရဲ့ဝိညာဥ်ကိုယ်ထည်တည်ငြိမ်သွားပြီဗျ! မုန့်မိန်းကလေးလည်းအဆင်ပြေတယ်!"
ချန်နဥ်မှာနောက်ဆုံးတွင်သက်မချလိုက်မိပြီး ပျော်ရွှင်စွာပြောလိုက်သည်။
"သိပ်ကောင်းတယ်!"
ရှုလင်ကျားလည်းရယ်မောကာပြောလိုက်သည်။
"အရမ်းကောင်းတယ်။"
သူ၏ပျော်ရွှင်မှုကားမင်ရှောင်းအတွက်တင်မကဘဲ၊ ခုနကကျင်းဖေးထုန်ပြောလာသည်ကိုရုတ်တရက်သတိရသွားသောကြောင့်ပင်။
ကျင်းဖေးထုန်ကပြောခဲ့သည်။
"မင်းလွမ်းတဲ့အခါ နည်းနည်းခပ်ကြာကြာစောင့်လိုက်ရင် တစ်နေ့ကျတိမ်တွေကင်းစင်ပြီး မြူတွေရှင်းသွားလောက်မှာပါ။"
ရှုလင်ကျားသည်ပုံမှန်ဆိုလျှင်ဤဗလာနတ္ထိစကားတို့ကိုနားထောင်ရတာအပျင်းဆုံးဖြစ်ပေမဲ့ ထိုအချိန်တုန်းကကျင်းဖေးထုန်၏မျက်နှာထားမှာ ရိုးသားစစ်မှန်ကာ သိမ်မွေ့ညင်သာလျက်ရှိပြီး လူတွေကိုယုံကြည်ချင်စိတ်ဖြစ်လာအောင်လုပ်နိုင်သည့်စွမ်းအားတစ်မျိုးမဖော်ပြနိုင်လောက်အောင်ရှိနေသည်ပင်။ သို့ဖြစ်၍ ရှုလင်ကျားမှာလည်းရင်ထဲတွင်မျှော်လင့်ချက်အနည်းငယ်ရှိလာသည်။
ထိုစဥ်၊ မင်ရှောင်းနှင့်မုန့်ရှန်တို့၏ကိစ္စကိုကြားလိုက်ရရင်းဖြင့် ယင်းမှာသူ၏စကားလုံးများကိုအတည်ပြုပေးလိုက်သည့်ပမာ။
ကောင်းမွန်သောလက္ခဏာသည်ဘာကိုမျှကိုယ်စားမပြုသော်လည်း ၎င်းကလူတွေကိုစိတ်အေးစေကာ မင်းသာသေချာသောဆုတောင်းကိုလက်ကိုင်ထားသရွေ့၊ အိပ်မက်ကတကယ်ဖြစ်လာနိုင်သည်ကိုတွေ့လိုက်ရသည့်နှယ် အနာဂတ်မှာရှေ့ဆက်သွားရမည့်အရာများစွာနှင့်ပြည့်နှက်လာပေသည်။
ထိုအခိုက်၊ ရုတ်ခြည်းပျော်ရွှင်လာသောစိတ်အခြေအနေကို ကျင်းဖေးထုန်တစ်ယောက်သာလျှင်နားလည်နိုင်သည်။ ရှုလင်ကျားသူ့ကိုဟိုဟိုဒီဒီရှာကြည့်လိုက်သော် ကျင်းဖေးထုန်ကလည်းကျောက်စားပွဲတွင်ထိုင်ရင်း သူ့ကိုကြည့်နေသည်ကိုမြင်လိုက်ရသည်မို့ သူပြုံးပြလိုက်မိသည်။
သူသည်အမြဲတိတ်ဆိတ်ကာအနေအေးသူဖြစ်ပြီး ထိုဖြစ်ရပ်အပြီး၌မူ၊ သူကားပို၍နှုတ်နည်းသွားကာပြုံးခဲလှသည်။ ဤကဲ့သို့နှလုံးသားထိရှဖွယ်အပြုံးတစ်ပွင့်ကို ကျင်းဖေးထုန်ထံထုတ်ပြသည်မှာပထမဆုံးအကြိမ်ပင်။
ရှုလင်ကျား၏ခပ်တည်တည်မျက်နှာထားကအရမ်းကြည့်ကောင်းသည်ဟု ကျင်းဖေးထုန်အစကတွေးနေမိသည်။ သို့သော် သူရယ်လိုက်သည်ကိုမြင်လိုက်ရသော် နဂိုနူးညံ့သောမျက်နှာအစိတ်အပိုင်းတို့မှာ မျက်စိကျိန်းလောက်ဖွယ်တောက်ပမှုဖြင့်ဖုံးကာသွားပြီး မျက်ဝန်းတောက်တောက်လေးတို့မှာကွေးညွှတ်သွားကာ ဖြူစင်ရိုးရှင်းပြီး လှပကာ ချိုမြိန်လွန်းလှသည်မို့ တစ်စုံတစ်ယောက်၏နှလုံးသားကိုမသိလိုက်မသိဘာသာဖြင့်ယိမ်းယိုင်သွားစေသည်။
ကျင်းဖေးထုန်မိန်းမောသွားမိပြီး သူ့နှုတ်ခမ်းထက်ရောက်လာသောစကားတို့ကိုလည်း ယခုတွင်အကုန်လုံးမေ့သွားကာ သူမသိလိုက်ခင် သူလည်းပဲရှုလင်ကျားနှင့်အတူလိုက်ပြုံးနေမိသည်ကို အတော်ကြာပြီးနောက်မှသာလျှင်သိလိုက်ရတော့သည်။
ကျိုးချင်းချန်တစ်ယောက်မင်ရှောင်းကိုကုပေးပြီးနောက်၊ ဂူအပြင်ထွက်လာသော် ရှုလင်ကျားနှင့်ကျင်ဖေးထုန်တို့မှာ တစ်ယောက်ကိုတစ်ယောက်ခပ်လှမ်းလှမ်းအကွာအဝေးမှပြုံးပြနေကြသည်ကိုမြင်လိုက်ရကာ ကူကယ်ရာမဲ့စွာဖြင့်အံ့အားသင့်သွားရသည်။
"မင်းတို့နှစ်ယောက်ဘာရယ်နေကြတာလဲ။ မင်းတို့ကအသက်ပြန်ရှင်လာတဲ့စုံတွဲထက်ပိုပျော်နေကြတာလားဟ။"
Advertisement
- In Serial85 Chapters
Soul of ether/Frozen road odyssey
The world is full of unknowns, whether dark chasms, secluded areas, abandoned cities, or desolate islands. It contains beasts and creatures yet seen by man, both horrific and spectacular. Long forgotten treasure, buried deep and waiting to be discovered. All of which lie beneath the countless veil of stars, ready to be found by the daring and heroic. Many have taken as their goal to search the world, few have succeeded, but those who do, become legends themselves. The world offers boundless rewards for those who search and follow through and horrible fates worse than death delivered with the unknown hands of destiny. During peaceful times like these, many find it the right time to explore once more. This story is the start of one of those journeys, the tale of a boy named Orel Eislandr, who, with glistening eyes, ventured off to become the first adventurer to have traveled to all of the world's hidden wonders.
8 155 - In Serial71 Chapters
The Strongest Job... Gardener?
Chris Gelvon, a bullied and abused high schooler finds himself in another world without knowing how he got there.With a dark pasted he travels forward through combat, revenge, love, and sorrow. On his journey, he will gain friends and enemies alike. He will topple nations, ancient evils, transcended beings, and maybe even the gods themselves. Will he fulfill his desires or will he die trying? No one truly knows unless they read this epic of the man with the strongest job. And that job is… a Gardener?Note: This is my first Story so be prepared that the first ten or so chapters suck, but from what my followers comments is that it gets better after that.>>>>>>>>>>>>>>>>>>>>>>>>>>>>Just saying i have no idea where this story is going. How the story moves is based on how i feel at the moment.
8 192 - In Serial12 Chapters
Whispers of Aferum
There are holes in the world. Sometimes, things fall through them. Some of those things... change people, as Jubal Carter is about to experience first hand. Updates posted on the first and fifteenth of every month.
8 203 - In Serial61 Chapters
A Pirate's Life, The Virus, and A New World
Alexandria knew from her attendants how harsh 'outside' was and how no one but pirates survived the vast oceans. Still, she was tired of living cooped up and contained in the walled remnants of an old-world city, denied the chance to explore the new. Alexandria swore she would get out, one day, and do whatever she wanted. Regardless of what anyone said. Regardless of the virus that changed everything. The virus kills men. Genetically engineered babies are made from what remains. The virus gave Alexandria her own ability that no one could match. Of course Alexandria would need her own crew. She would find others like her—others that wanted explore the new world and were strong enough that they wouldn't end up walking the plank for it—however, three hundred years into the end of the old world, the new had already carved out settlements, people content to claim and conquer, and less inclined to explore. The virus, the settlements, their disputes: Nothing would stop Alexandria. [participant in the Royal Road Writathon challenge]
8 123 - In Serial12 Chapters
Necromage
Dan is your average worker who managed to get his hands on the a VR helmet for the newest game, Eternium. He finds himself in way over his head as everything is deadly down to the smallest Rabbit. Join Dan in his adventures through this fantasy world! This is an offshoot to my other series, Bunnymancer. This story will focus on what if Dan went down a different path and became a Necromancer instead of a Bunnymancer. The story will be a little darker and the first six chapters will be the same. Past that though we will get into a new plotline, though if you've already read through bunnymancer I would suggest starting at chapter 7 when reading through this. This is a book within the Completionist Chronicles Universe. I was given permission to make this as long as I did not publish it as an official Mountain Dale Press work or sell it for money.
8 126 - In Serial10 Chapters
The Monster With A Soul - Dwayne (Lost Boys)
Christine Frog, the sister to Edgar and Alan frog, finds herself in a hellish living nightmare: entangled with vampires because of her brothers. But when all hope seems lost, Christine starts to connect with someone unexpected. Will she be able to dig past the surface image he has projected, or will she be isolated from his true past?MOST IMPRESSIVE RANKINGS:#1 santacarla#1 billywirth
8 181

