Advertisement
___________________________________________
သူသည်အတွင်းရေးကိစ္စများကိုဖြေရှင်းရန်အလျင်လိုနေသည်မို့ ချန်နဥ်မှာလူတိုင်းထွက်သွားသည်ကိုမစောင့်တော့ဘဲ အလျင်စလိုအဝေးထွက်သွားကာ အမျိုးမျိုးသောဂိုဏ်းမှကျင့်ကြံသူများကိုပြန်ပို့ရန်နှင့် အနားယူရန်အတွက် မြေခွေးလူသားများကိုတာဝန်ပေးခဲ့သည်။
လူအုပ်မှာတဖြည်းဖြည်းချင်းလူစုခွဲသွားတော့သည်။ လူတိုင်းသည်လမ်းမပေါ်တွင်လမ်းလျှောက်နေကြရင်း ခုနကဖြစ်ပျက်သွားခဲ့သမျှကိုစကားစမြည်ပြောနေကြကာ ကျန်းရွေ့၏မကောင်းကြောင်းများကိုပြောကြသည်။
တကယ်တမ်း၌မူ၊ ရှုလင်ကျားတိုက်ကွက်ထုတ်သုံးလိုက်ကတည်းက ကျင်းဖေးထုန်ကရောက်နေပြီးသားပင်။ သို့သော် သူရှေ့တိုးကာအနှောင့်အယှက်မပေးဘဲ အဝေးရှိသစ်ပင်အောက်တွင်ရပ်ကာ အခြေအနေတိုးတက်လာသည်ကိုကြည့်နေမိသည်။
ကျင်းဖေးထုန်သည်သူ၏မြင့်မားသောအဆင့်အတန်းကိုဖုံးကွယ်ထားလေ့မရှိပေမဲ့ သူ့တွင်အလွန်ထူးဆန်းသောအရည်အချင်းရှိ၏။ သူကားအခြားသူများရှေ့တွင်မပေါ်လာချင်သည့်အခါ၊ သူ့ကိုလူတိုင်းသတိမထားမိအောင်လုပ်နိုင်စွမ်းရှိပြီး သူစကားပြောချင်သည့်အခါ၌မူ သူကမည်သူ့ထံကမျှလျစ်လျူရှုခြင်းခံရလိမ့်မည်မဟုတ်။
အသွင်မပြောင်းရသေးသည့်မြေခွေးလေးနှစ်ကောင်ဟာ ကျင်းဖေးထုန်နှင့်သိပ်မဝေးသောနေရာတွင်ဆော့ကစားနေကြပြီး ထိုဆွေးနွေးချက်များအားလုံးဟာ သူ့နားထဲဝင်ရောက်လာခဲ့သည်။
မတော်တဆပြင်းထန်သောဒဏ်ရာ၊ ကျင်းရွေ့၏မကောင်းသတင်း၊ ရိလင်၏လီဆယ်ပြောဆိုမှု၊ ဟယ်ဇီကျိုး၏ဘက်လိုက်မှု...
ဤကား ရှုလင်ကျားတစ်ယောက်တောင်ထွတ်ပေါ်ကဆင်းလာပြီး ပြန်မသွားချင်ရသည့်အကြောင်းရင်းအစုံအလင်ကို ကျင်းဖေးထုန်ရှင်းလင်းစွာကြားရသည့်ပထမဆုံးအကြိမ်ပင်။
နှစ်ဦးသားသည်အချိန်အတော်ကြာအဆက်အဆံမရှိသော်လည်း ရှုလင်ကျားကအကြင်နာတတ်ဆုံးလူတစ်ယောက်ဟု ကျင်းဖေးထုန်မြင်ရရန်လုံလောက်ပေသည်။
သူကားသူ့ဓားကို'ဝေမုန့်'ဟုအမည်ပေးထားပြီး အမြဲတစေအေးစက်ကာ လွယ်လင့်တကူချဥ်းကပ်၍မရနိုင်ပုံပေါက်ပေမဲ့ တကယ်တမ်းတွင်မူ သူ့မှာအလွန်နူးညံ့ပျော့ပြောင်းသောနှလုံးသားရှိကာ သူ၏မိတ်ဆွေသူငယ်ချင်းနှင့်ပတ်သတ်၍ အရေးတယူရှိပေသည်။
လောကကြီးကားအလွန်ကြီးမားကျယ်ပြန့်လွန်းသည်မို့ သွားစရာနေရာမရှိဟု သူကဆိုသည်။ ရှုလင်ကျားကဘယ်တော့မှနောက်လှည့်မကြည့်သော်လည်း သူ့စိတ်ထဲရှိအထီးကျန်မှုကိုကျင်းဖေးထုန်မြင်နေရသည်။
ရှုလင်ကျားကပြန်ဖို့နေရာတစ်ခုကိုသေချာပေါက်လိုချင်လိမ့်မည်ကိုသူသိသည်။ သို့ပေမဲ့ သူ၏စိတ်သဘောထားမှာ မည်သည့်သန့်ရှင်းမစင်ကြယ်သောခံစားချက်တို့ကိုစိုးစဥ်းမျှသည်းမခံနိုင်သည်မို့ သူမပြန်တာဖြစ်လိမ့်မည်ပင်။
လင်ရှောင်းဂိုဏ်းကိုရှုလင်ကျားပြန်ဖို့တွန့်ဆုတ်နေတာ အံသြစရာမရှိတော့ပါဘူး။
လူပေါင်းများစွာကသူ့ကိုဥပေက္ခာပြုကာ သူ့ကိုစွပ်စွဲပြီး သူ့ကိုမယုံကြည်ခဲ့ကြပေ။ သူ့ပင်ကိုယ်စရိုက်နှင့်ဆိုလျှင် သူဘယ်လိုလုပ်ပြီးသည်းညည်းခံနိုင်ပါ့မည်နည်း။
သူပြန်မသွားချင်ပေမဲ့ ထိုအခြားသူများကသူ့ကိုထွက်ပေါက်မပေးကြပေ။
တစ်အောင့်မျှကြာအောင် သူ့နှလုံးသားတဒိတ်ဒိတ်ခုန်နေသည်ကို ကျင်းဖေးထုန်ခံစားမိလိုက်သည်။
ဤသိသာထင်ရှားမှုဟာသူနှင့်ဘာမှမဆိုင်ပေမဲ့ ကျင်းဖေးထုန်မျက်လုံးမှိတ်လိုက်သရွေ့၊ မတိုင်ခင်ကရှုလင်ကျားတွင်ရှိခဲ့သော မျက်မှောင်ကြုတ်ခြင်းနှင့်အပြုံးတိုင်းကို သူမှတ်မိနိုင်ပေသည်။
ဤလူသဘောကျသောအရာ၊ မနှစ်သက်သောအရာ၊ သူအထီးကျန်နေသောအခါ မျက်လွှာချထားလေ့ရှိသောသူ၏မျက်ဝန်းများ၊ သူပျော်ရွှင်လျှင်ပေါ်လာတတ်သောအပြုံး၊ ဒါတွေအားလုံးဟာကျင်းဖေးထုန်၏နှလုံးသားထဲတွင်ကွယ်ဝှက်နေချေသည်။
သူ့အတွက်တစ်ခုခုလုပ်ပေးချင်သည်၊ သူ့ကိုပျော်ရွှင်အောင်လုပ်ပေးချင်သည်။ ဤအခိုက်အတန့်တွင်ကျင်းဖေးထုန်မှာအခြားစိတ်ကူးမရှိဘဲ ရှုလင်ကျားသာစိတ်အခြေအနေပိုကောင်းလာမည်ဆိုလျှင် သူဘာမဆိုလုပ်ပေးနိုင်သည်ဟုသာတွေးမိသည်။
ကျင်းဖေးထုန်၏မျက်ဝန်းများထဲတွင်ဝေခွဲမရဖြစ်ခြင်းများရှိနေပြီး ထို့နောက်သူ့ဘေးကိုရုတ်ခြည်းလှည့်ကာဖြင့် သူ့လက်ချောင်းထိပ်ဖျားများမှစွမ်းအင်တစ်စုပေါက်ကွဲထွက်သွားကာ ပေပေါင်းများစွာအကွာရှိကျောက်တုံးကို ရိုက်ခတ်သွားတော့သည်။
တစ်ခဏကြာသော် ကျောက်တုံးပေါ်တွင်ပုံရိပ်ယောင်ပေါ်လာပြီး ထိုအထဲမှမီးခိုးရောင်ဝတ်ရုံနှင့်ယောက်ျားတစ်ယောက်ပေါ်လာကာ ဒူးထောက်ချ၍ အရိုအသေပေးလာသည်။
"အရှင်!"
ကျင်းဖေးထုန်တစ်အောင့်မျှနှုတ်ဆိတ်နေမိကာ သူ့မျက်နှာထားမှာဖြေးညှင်းစွာပျောက်သွားပြီး ပုံမှန်ကဲ့သို့ပြောလိုက်သည်။
"မင်းဘာလို့ဒီမှာရှိနေတာလဲ။"
မီးခိုးရောင်နှင့်လူကခေါင်းငုံ့ကာဆိုသည်။
"ခုနက ချီဇုန်ရဲ့ရှုသခင်လေးသုံးတဲ့အပြာရောင်ဓားရှည်ကနေ 'မိုးကြိုးဓားသွား'ရဲ့အရှိန်အဝါကို ကျွန်တော်မျိုးအာရုံခံမိတော့ မိုးကြိုးဓားသွားရဲ့အခြားတစ်ပိုင်းလို့ထင်မိပါတယ်။ အဲ့ဒါကဓားအတွင်းပိုင်းမှာရှိနေလောက်တယ်။ ဒါကြောင့်မို့ တစ်ချက်လောက်သွားကြည့်ဖို့တွေးမိတာပါ။"
ကျင်းဖေးထုန်သာမန်ကာလျှံကာပြုံးလိုက်သည်။
"မင်းဘာသာမင်းဆုံးဖြတ်ချက်ချဖို့ဘယ်သူကခွင့်ပြုလို့လဲ။"
မီးခိုးရောင်နှင့်လူကဆိုသည်။
"အရှင်၊ ဒါတွေအားလုံးကဆိုင်ပါတယ်။ ဓားသိုင်းရေးထွင်းထားတဲ့ကျောက်စိမ်းပြားက အရှင်ရဲ့ဒဏ်ရာအတွက်အတော်လေးအကျိုးရှိတယ်။အရှင့်ငယ်သားတွေကအရမ်းစိတ်ပူပြီး အရှင်ပြန်ကောင်းဖို့ကို သူတို့လုပ်နိုင်သမျှလုပ်နိုင်ဖို့မျှော်လင့်နေကြပါတယ်။"
"မိုးကြိုးဓားသွား"ဟူသည့်ဓားလက်စွဲစာအုပ်သည်ကား အတွဲနှစ်တွဲခွဲခြားထားကာ အပေါ်ဖက်အတွဲကားရှုလင်ကျား၏လက်ထဲတွင်ရှိပြီး ၎င်းမှာအလွန်အမင်းအေးစိမ့်သောနယ်မြေရှိ အေးစက်သောရေကန်၏အနက်ရှိုင်းဆုံးရွှမ်ပင်းယွီတွင်ရေးထွင်းထားခဲ့သည်။ အောက်ဖက်အတွဲမှာကနဦးအစ၌ လင်ရှောင်းရှင်းဇုန်၏ရတနာအခန်းတွင်သိမ်းဆည်းထားခဲ့သည်။ ထိုအချိန်တွင် ယင်းမှာကျင်းဖေးထုန်၏ယူဆောင်သွားခြင်းခံလိုက်ရပြီး ချီယန်ချိုင့်ဝှမ်းအောက်ခြေရှိသန့်စင်မီးသင့်ကျောက်ပေါ်တွင်ရေးထွင်းထားသည်။
ဤဓားသိုင်းတစ်စုံကားကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယင်းမှာထင်ကြေးများသာဖြစ်ကြသည်။ ဆန့်ကျင်ဖက်အနေဖြင့် ဤထူးဆန်းသောကျောက်စိမ်းပြားနှစ်ပြားဟာ အလွန်အမင်းရှားပါးသောရတနာများဖြစ်ကြသည်။ ကျောက်စိမ်းပြားနှစ်ပြားကိုအတူပေါင်းလိုက်လျှင်၊ ၎င်းတို့သည်စိတ်နှလုံးကြည်လင်အေးချမ်းစေကာ နာကျင်မှုကိုပျောက်ကင်းစေပြီး ချီစွမ်းအင်ကိုအားတိုးကာ ဒဏ်ရာများကိုသက်သာပျောက်ကင်းစေနိုင်သည့် အံ့သြမှင်သက်ဖွယ်ရာစွမ်းရည်ရှိ၏။
ကျင်းဖေးထုန်၏မိစ္ဆာအတွင်းစိတ်အတွက်တော့ ယင်းကားအကောင်းဆုံးထိန်းချုပ်နည်းပင်ဖြစ်သည်။
မီးခိုးရောင်ဝတ်ရုံနှင့်လူပြောတာကိုနားထောင်ပြီးနောက် သူခပ်ပေါ့ပေါ့ပြောလိုက်သည်။
"ရှုလင်ကျားကမင်းအလွယ်လေးချဥ်းကပ်လို့ရတဲ့လူစားမျိုးမဟုတ်ဘူး။ ငါကိုယ်တိုင်သွားမှာမို့ ဘယ်သူမှဝင်မစွက်ဖက်ကြနဲ့။ မဟုတ်ရင်သူသံသယဝင်သွားလိမ့်မယ်။"
မီးခိုးရောင်ဝတ်ရုံနှင့်လူကအလျင်စလိုပြောလာသည်။
"အရှင်ကအတွေးအမြင်ကြွယ်ဝနေဆဲပါပဲ။"
ကျင်းဖေးထုန်လက်ခါကာ သူ့ကိုပြန်ပို့ဖို့လုပ်လိုက်ပေမဲ့ တစ်ခုတွေးမိကာထပ်ဖြည့်ပြောလိုက်သည်။
"ရှင်းဇုန်ကိုအခုချက်ချင်းပြန်ပြီး ကျိုးဂိုဏ်းကိုစကားတစ်ခွန်းပါးလိုက်ချေ။"
မီးခိုးရောင်ဝတ်ရုံနှင့်လူလက်ခံလိုက်သော် ကျင်းဖေးထုန်တစ်အောင့်မျှစဥ်းစားကာပြုံးလိုက်သည်။
"ဒီတိုင်းပဲပြောလိုက်၊ 'မင်းတပည့်တစ်ယောက်လက်ခံပြီးရင် အဆုံးထိတာဝန်ယူရမယ်။ အခြားသူတွေကိုကိုင်တွယ်ခွင့်မပေးနဲ့'လို့ငါသူ့ကိုပြောလိုက်တယ်လို့၊ သွားတော့။"
*
ရှုလင်ကျားသည်ကုန်းမြင့်ပေါ်တက်ကာ ခပ်လှမ်းလှမ်းကိုကြည့်လိုက်၏။
မိုးကောင်းကင်အရောင်ကပြောင်းလဲသွားကာ တိမ်တိုက်တို့ကဖြန့်ကျဲသွားပြီး အဝေးရှိရွှေနီရောင်နေလုံးကြီးမှာ တဖြည်းဖြည်းချင်းခုန်ထွက်လာကာ နေလုံး၏တောက်ပသောအလင်းတန်းတို့မှာလည်းကမ္ဘာကြီးတစ်ခုလုံးကိုချက်ချင်းဆိုသလိုလွှမ်းခြုံသွားသည်ကို သူမြင်လိုက်ရပြီး မျက်ဝန်းတစ်စုံမှာတောက်ပမှုတို့အပြည့်ပင်။
အလွန်အလုပ်များလွန်းသဖြင့် တစ်ညလုံးကုန်ဆုံးသွားခဲ့သည်။
ရှောင်းနဥ်အာကသူ့နောက်တစ်ချိန်လုံးလိုက်၍ သူ့ကိုပတ်ကာဖြင့်မေးနေပေသည်။
"ရှစ်ရှုန်း၊ ကျန်းရွေ့ကအဲ့ဒီ့အချိန်တုန်းကအစ်ကို့ကိုတကယ်ထိခိုက်အောင်လုပ်ခဲ့တာလား။ အစ်ကို့ရဲ့ဒဏ်ရာရောဘယ်လိုနေလဲ။ အစ်ကိုသူ့ကိုရိုက်နှက်တာကိုတောင်ညီမမမြင်လိုက်ရဘူး! အစ်ကိုဂိုဏ်းကိုညီမတို့နဲ့အတူပြန်မှာလားဟင်။ ညီမတို့အတူတူပြန်သွားပြီး ရှစ်စွင်းသူ့ကိုဆုံးမတာကိုသွားကြည့်ကြမယ်လေနော်!"
ရှုလင်ကျားမှာရှောင်းနဥ်အာ၏ဟိုကြည့်ဒီကြည့်မျက်ဝန်းများကြောင့်ခေါင်းမူးလာရကာ လက်ကိုဆန့်၍ သူမခေါင်းကိုပုတ်လိုက်ပုံမှာ မြေကြီးထဲကိုစိုက်မည့်သစ်သားလုံးကိုရိုက်လိုက်သည့်နှယ်။
သူပြောလိုက်မိသည်။
"ငြိမ်ငြိမ်ရပ်စမ်းပါ၊ မင်းနှာခေါင်းအောက်မှာဘာတွေဖြစ်နေတာလဲ။"
ရှောင်းနဥ်အာကသူမခေါင်းကိုပြန်ထိကြည့်လိုက်မိကာ ပူလောင်သောနာကျင်မှုကိုသာခံစားလိုက်ရပြီး ချောင်းခြောက်ဆိုးလိုက်မိသည်။
"...လူတွေကိုရိုက်နေတာလေ။"
ထိုအချိန်တုန်းက၊ ဂိုဏ်းသားလေးတစ်ယောက်က ကျန်းရွေ့ကိုရှုလင်ကျားပြင်းထန်စွာရိုက်နှက်ဆုံးမလိုက်သည့်မြင်ကွင်းကို ရှောင်းနဥ်အာလွတ်သွားမှာစိုး၍ သူမကိုဆွဲဆိတ်ကာနိုးပေမယ့်လည်း ကံမကောင်းစွာဖြင့်သူမမမြင်လိုက်ရပေ။
ရှုလင်ကျားရယ်မောကာ ခေါင်းရမ်းလိုက်မိပေမဲ့ ရှောင်းနဥ်အာ၏နောက်ဆက်တွဲစကားများကိုပြန်မဖြေတော့ပေ။
သူ၏အပြုံးကားသိပ်မကြီးပေမဲ့ သူ၏မျက်ဝန်းများအနည်းငယ်ကွေးနေကာ သူ၏နှုတ်ခမ်းတစ်စုံကတော့ဖြင့်ကော့တက်နေပေသည်။
"ရှုရှစ်ရှုန်း..."
ရှောင်းနဥ်အာသူ့ကိုကြည့်ကာ မသိလိုက်မသိဘာသာဖြင့်ပြောလိုက်မိသည်။
"ကျန်းရွေ့ကအစ်ကို့ပြိုင်ဖက်ဖြစ်နေမယ်လို့ ညီမလုံးဝမထင်ထားမိဘူး။ သူကအစ်ကို့လိုလည်းဘက်စုံမတော်ဘူးလေ။ သူနဲ့ပတ်သတ်ပြီးစိတ်ပူမနေပါနဲ့၊ ဟုတ်ပြီလား။"
ရှုလင်ကျား"အင်း"ဟုပြောလိုက်သည်။
သူတို့နှစ်ယောက်စကားပြောနေစဥ်တွင်၊ ယင်းချန်ကခပ်လှမ်းလှမ်းမှလိုက်လာပြီး သူ့မျက်နှာပေါ်တွင်စေးကပ်သောအမူအရာရှိနေပေသည်။ သူ့အထင်၊ ဒီနှစ်ယောက်ပြောနေသည်မှာ ရိုးစင်းစွာပင်အဓိပ္ပါယ်မရှိသောပေါက်ကရစကားများသာဖြစ်လေရာ သူဘာမှနားမလည်ပေ။
အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက်၌၊ သူနောက်ဆုံးတွင်စိတ်မရှည်ဖြစ်လာကာ ရှေ့တိုး၍
"ရှစ်ရှုန်း"ဟုခေါ်လိုက်သည်။
သူတို့သည်တစ်ဂိုဏ်းထဲကညီအစ်ကို၊မောင်နှမများဖြစ်ကာ သူတို့နှစ်ယောက်မှာလေးနက်သောတစ်စုံတစ်ရာပြောဖို့ရှိသည်ကို ရှောင်းနဥ်အာသိသည်မို့ ယင်းချန်ကိုမျက်စိတစ်ဖက်မှိတ်ပြကာ တွန့်ဆုတ်စွာပြောလိုက်ရသည်။
"ဒါဖြင့်ညီမအရင်သွားနှင့်မယ်။ အစ်ကိုတို့ပြောစရာရှိတာပြောကြနော်။"
ရှုလင်ကျားသည်ရှောင်းနဥ်အာကိုခေါင်းငြိမ့်ပြလိုက်၏။
သူမထွက်သွားသော် ရှုလင်ကျားအနောက်လှည့်ကာ နှဖူးပေါ်လက်တစ်ဖက်တင်၍ အဝေးကကောင်းကင်ကိုကြည့်ကာပြောလိုက်သည်။
"မင်းဘာပြောမလဲငါသိတယ်။ ငါပြန်မလာမှန်းမင်းလည်းသိသင့်တယ်။ ဆိုတော့မင်းရဲ့လျှာကိုဘာလို့အလုပ်ပေးနေအုံးမှာလဲ။"
ယင်းချန်ကဆိုသည်။
"မင်းဘာလို့ပြန်မလာလဲငါမသိဘူး။ မင်းဘာလို့ထွက်သွားတာလဲဆိုတာကိုပိုတောင်မသိဘူး။ သိသိသာသာကို မင်းကကြောက်တတ်တဲ့လူစားမျိုးလည်းမဟုတ်ပါဘူး။ တကယ်လို့ ကျန်းရွေ့ကမင်းလိုချင်တာကိုလိုချင်တယ်ဆိုရင် မင်းကတိုက်ခိုက်ရမှာမဟုတ်ဘူးလား။ ဘာလို့အရှုံးပေးနေရတာလဲ။"
သူပြောလို့ပြီးသွားသော် ရှုလင်ကျားကိုတစ်ချက်စိုက်ကြည့်ကာ စိတ်ပျက်လက်ပျက်ပြောမိသည်။
"ငါမင်းကိုပြောနေတာလေ၊ မင်းငါ့ကိုဘာလို့မကြည့်နိုင်ရတာလဲ။"
ရှုလင်ကျားပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ မင်းပြောတာကိုငါခံစားနေတာမို့လေ။ စကားပြောရမှာပျင်းတယ်၊ ငါသေချာနားမထောင်ချင်တော့ဘူး။"
သူလှည့်ကာယင်းချန်နှင့်မျက်နှာချင်းဆိုင်၍ မေးလိုက်သည်။
"မင်းကမြေကြီးပေါ်လှဲပြီး ခွေးတစ်ကောင်ဆီကအရိုးကိုလုမှာလားပြော။"
ယင်းချန်ဒေါသတကြီးရယ်မောမိတော့မည်ပင်။
"မင်းစိတ်ထဲမှာ လင်ရှောင်းချီဇုန်ကမြေကြီးပေါ်ကျသွားတဲ့အရိုးသာသာပဲလား။ သေချာတာပေါ့၊ မင်းဂိုဏ်းမှာရှိရှိ၊မရှိရှိ၊ မင်းဒဏ်ရာရရ၊မရရ၊ မင်းကတော့အမြဲတမ်းမောက်မာပြီးရင်းမောက်မာနေတော့တာပဲ----ရှစ်ရှုန်းရယ်။"
ရှုလင်ကျား"ဟမ့်"ခနဲနှာမှုတ်ကာပြောလိုက်သည်။
"ဟုတ်တယ်၊ ငါကရူးနေတာ။ ခွေးတွေအကုန်လုံးကအရိုးပဲကိုက်တယ်လို့ငါထင်တယ်။ ဘယ်သူမဆိုကြိုက်တဲ့အရာကိုတော့ ငါမလိုချင်ဘူးရော်။"
ယင်းချန်မျက်စိမှိတ်ကာ ခေါင်းမော့၍ ပင့်သက်ရှိုက်လိုက်မိသည်။ ဆွေမျိုးအပေါင်းအသင်းများကြောင့် ဒေါသထွက်ပြီးမသေချင်သေးပေ။
သူစိတ်ရှည်သည်းခံမှုကိုအတတ်နိုင်ဆုံးဆွဲဆန့်ကာပြောလိုက်သည်။
"ဒီတစ်ခါတော့ နဥ်အာပါဒီမှာရှိနေတာမို့ ကျန်းရွေ့ကသေချာပေါက်ကိုအတော်လေးဆူပူကျိန်ဆဲခံရမှာပဲ။ အနာဂတ်မှာသူမင်းရဲ့လမ်းကိုဝင်ရှုပ်နိုင်မှာမဟုတ်တော့ဘူး။ ဒါနဲ့စကားမစပ်၊ ရှစ်စွင်းကမင်းကိုတစ်ခုပေးခိုင်းလိုက်တယ်။ ဓားစမ်းသပ်ရေးညီလာခံမှာပါဝင်ဖို့ဖိတ်ကြားလွှာကိုမင်းထားခဲ့တယ်လေ။ ဓားစမ်းသပ်ရေးညီလာခံကိုတောင်မင်းမသွားချင်တော့ဘူးလား။"
ရှုလင်ကျားပြောလိုက်သည်။
"ငါချင်းချိုးနဲ့တိုင်ပင်ပြီးသား။ ငါသူတို့ဆီကဖိတ်ကြားလွှာကိုပဲယူလိုက်တော့မယ်။ ချီဇုန်ကဟာကိုတော့ လိုအပ်တဲ့လူကိုပဲပေးလိုက်ချည်။"
ယင်းချန်ကဆိုသည်။
"ဓားစမ်းသပ်ရေးညီလာခံရဲ့ပထမအဆင့်က ဓားရာစမ်းသပ်ချက်ပဲ။ မင်းရဲ့လက်ရှိဒဏ်ရာကပြန်မကောင်းသေးဘူးဆိုရင် မင်းသာရှစ်စွင်းနောက်ကမလိုက်ခဲ့လို့ရှိရင် မင်းမှာဖိတ်ကြားလွှာရှိရင်တောင်မှ နန်ဇီတောင်ထွတ်ဂိတ်ဝကဝင်ခွင့်မပြုမှာစိုးတယ်။"
Advertisement
ဓားစမ်းသပ်ရေးညီလာခံတွင်ပါဝင်ရန်ရောက်ရှိလာသည့်ကျင့်ကြံသူများမှာ နန်ဇီတောင်ထွတ်မှတဆင့်တရားဝင်ဝင်ရောက်ကာ ပြိုင်ပွဲမှာဝင်ပြိုင်ရန် အရည်အချင်းပြည့်မှီမှုရရှိလိုကြသည်။ သူတို့သည်စမ်းသပ်ချက်တစ်ခုကိုအရင်ဆုံးဖြတ်ကျော်ရမည်ဖြစ်ကာ ယင်းကားဓားရာများချန်ရစ်ထားခြင်းပင်။
နန်ဇီတောင်ထွတ်ဂိတ်ဝ၏အပြင်ဖက်၌ ကျောက်နံရံတစ်ခုရှိသည်။ သတ္ထုကားအလွန်ထူးခြားကာ အလွန်တရာသိပ်သည်းပြီး သံထက်ပို၍ကောင်းမွန်ပေသည်။ ကျင့်ကြံသူတိုင်းလုပ်ရမည့်ပထမဆုံးအရာမှာ ထိုကျောက်နံရံပေါ်တွင်သူတို့ကိုယ်ပိုင်ဓားရာအမှတ်အသားများချန်ရစ်ထားရန်ဖြစ်သည်။
သူတို့သာဒါကိုမလုပ်နိုင်လို့ရှိရင် ဓားစမ်းသပ်ရေးညီလာခံကိုသွားရန် ဖိတ်ကြားလွှာရှိနေရင်တောင်မှ၊ နန်ဇီတောင်ထွတ်ကဝင်ခွင့်ပြုမည်မဟုတ်။
ယင်းကားစိတ်ဝိညာဥ်စွမ်းအား၏အခြေခံအကျဆုံးစမ်းသပ်ချက်ဖြစ်ကာ ၎င်းဟာလည်းရှုလင်ကျားမှာမရှိပေ။
သို့သော်လည်း ဤအကြောင်းပြချက်ကြောင့်နှင့် ဟယ်ဇီကျိုးထံခေါင်းငုံ့လိမ့်မည်မဟုတ်။ အာပေါက်မတတ်ပြောလာသည့်ယင်းချန်၏စကားများကိုကြားလိုက်ရရင်း သူလည်းသူ့လေသံကိုပျော့ပြောင်းလိုက်သည်။
"မင်းကငါ့ကိုရှာဖို့တောင်အောက်ဆင်းလာတယ်။ အဲ့ဒါကရှစ်စွင်းဆိုလိုတာမဟုတ်ဘူးမလား။"
ယင်းချန်ကပြောလာသည်။
"ဒါကသူ့အမိန့်မဟုတ်ပါဘူး။ ဒါပေမဲ့သူ့သဘောထားဖြစ်မယ်။ တကယ်လို့ရှစ်စွင်းသာမင်းကိုပြန်မလာစေချင်ရင် ငါတို့ဘယ်လိုလုပ်ပြီးတောင်အောက်ဆင်းလာနိုင်ပါ့မလဲ။ ရှစ်စွင်းမင်းကိုဘယ်လိုဆက်ဆံလဲဆိုတာမင်းမသိပဲမနေပါဘူး။ သူဘယ်လိုလုပ်မင်းကိုသတိမရပဲနေမှာလဲ။"
ရှုလင်ကျားထူးဆန်းစွာပြုံးကာပြောလိုက်သည်။
"မင်းတကယ်နားလည်တယ်လို့မင်းထင်..."
ယင်းချန်: "ဘာကို?"
ရှုလင်ကျားတန့်ကာတစ်အောင့်ကြာမျှပြောလိုက်သည်။
"ဟုတ်ပါပြီ၊ တိုတိုပြောရရင် မင်းရဲ့စွမ်းအင်ကိုဖြုန်းတီးမနေပါနဲ့တော့ကွာ။"
ယင်းချန်ကဆိုသည်။
"ရှုရှစ်ရှုန်း၊ ငါငယ်ငယ်လေးကတည်းက မင်းကိုဘာလို့မုန်းလဲဆိုတာကိုမင်းသိလား။"
ရှုလင်ကျားပြောလိုက်သည်။
"ငါစိတ်မဝင်စားဘူး။"
"တကယ်လား။"
ယင်းချန်ကပြက်ရယ်ပြုသည်။
"ငါမုန်းတာကဘာကိုမှအလေးအနက်မထားတဲ့မင်းရဲ့ပင်ကိုယ်စရိုက်ကိုပဲ။ မင်းကဓားသိုင်းကိုတစ်နေ့လုံးလေ့ကျင့်သလို တခြားသူတွေကိုလည်းအေးတိအေးစက်စကားပြောတယ်။ ဘယ်သူ့ကိုမှမင်းအဆက်အဆံလုပ်တာကိုငါမမြင်ဖူးဘူး!"
ရှုလင်ကျားသူ့ကိုတစ်ချက်အသာစိုက်ကြည့်ကာ လှည့်ထွက်သွားလိုက်သည်။
ယင်းချန်ကသူ့နောက်မှအသံမြှင့်ကာဆိုလာသည်။
"ဟေ့၊ ငါနဲ့ဓားရေးပြိုင်ချင်တယ်လို့မင်းအစကပြောခဲ့တယ်နော်။ ဒါပေမဲ့မင်းကငါနဲ့မပြိုင်ဘဲထွက်သွားတယ်။ ဆိုတော့အခုမင်းမသိချင်ယောင်ဆောင်နေတာလား။"
ရှုလင်ကျားလှည့်မကြည့်ဘဲခပ်ပေါ့ပေါ့ပြောလိုက်သည်။
"ဓားစမ်းသပ်ရေးညီလာခံကျမှပေါ့။ မင်းနဲ့ပြိုင်မယ်။"
ယင်းချန်သူ့နောက်လိုက်ကာခြေနှစ်လှမ်းရှေ့တိုးလိုက်သည်။
"ငါရှုံးရင် ငါ့အသက်ကမင်းအပိုင်ပဲ။ မင်းရှုံးလို့ရှိရင်တော့ မင်းလင်ရှောင်းဂိုဏ်းမှာနေရမယ်၊ သာမန်ကာလျှံကာထွက်သွားလို့မရဘူး။ မင်းလောင်းရဲလား။"
ရှုလင်ကျားရယ်မောကာပြောလိုက်မိသည်။
"မင်းကငါနဲ့လောင်းတယ်ပေါ့လေ?"
သူခေါင်းခါ၍အဝေးကိုလျှောက်သွားလိုက်တော့သည်။
"ကောင်းပြီလေ၊ ကြိုးစားကြတာပေါ့။"
တစ်ဖက်လူ၏နှလုံးသားကို စကားလုံးအနည်းငယ်ဖြင့်ခုန်လှုပ်အောင်လုပ်နိုင်သည့်အရည်အချင်းကတော့အံ့မခန်းပင်။
နှစ်ဦးသားတွင်အလွန်အဆီအငေါ့မတည့်သောစကားဝိုင်းတစ်ခုရှိပြီးနောက်၌၊ ရှုလင်ကျားသူနှင့်စကားထပ်မပြောချင်တော့ပေ။
သူသည်တောင်ကုန်းနံဘေးမှပြန်ဆင်းလာခဲ့ကာ ဂိုဏ်းမှကျင့်ကြံသူများမှာထွက်သွားကြပြီဖြစ်ပြီး ချင်းချိုးကသူပထမဆုံးရောက်လာခဲ့တုန်းကကဲ့သို့ သာယာအေးချမ်းသွားသည်ကိုမြင်လိုက်ရတော့၏။
ဤနေရာ၌တောင်ကုန်းအကြီးနှင့်အသေးမျိုးစုံရှိကြပေရာ မြေခွေးလေးများကတောင်ကုန်းအပေါ်တွင် သူတို့၏နေထိုင်ရာနေရာအဖြစ် ဂူအိမ်များတိုက်ရိုက်ဆောက်လုပ်ထားကြသည်။ ဤနေရာတွင်ရက်အနည်းငယ်ကြာနေလာပြီးသည့်နောက်၊ မြေခွေးမျိုးနွယ်စုတစ်စုလုံး၏မြေခွေးဓလေ့ထုံးတမ်းများမှာ အလွန်တရာရိုးစင်းလှသည်ကို ရှုလင်ကျားဖြည်းဖြည်းချင်းသိလာခဲ့ရသည်။
ထိုအကြောင်းစဥ်းစားမိရင်းဖြင့် ဤနေရာရှိကြည်လင်သောရေ၊ လှပသောတောင်တန်းများ၊ နေရာတိုင်း၌ကျောက်မျက်ရတနာတို့ကြောင့်ဖြစ်လောက်မည်။ အမြှီးကိုးချောင်းမြေခွေးဖြူများမှာ ဖြူစင်သောမျိုးနွယ်စုများအဖြစ်အသွင်ပြောင်းမွေးဖွားလာကြသည်မို့ သူတို့မှာယှဥ်ပြိုင်ခြင်းနှင့် မနာလိုဝန်တိုစိတ်တို့အများအပြားမရှိကြပေ။
မိသားစုတိုင်း၏အိမ်တံခါးတို့မှာဆန္ဒရှိသလိုဝင်ထွက်သွားလာရန်ဖွင့်ပေးထားပြီး သူတို့သည်အချင်းချင်းပျော်ရွှင်စွာ အတူတကွနေထိုင်လေ့ရှိကြ၏။ ရှုလင်ကျားလမ်းလျှောက်နေရင်းဖြင့် သူ့အနောက်ကသိပ်မဝေးသောနေရာတွင် တစ်စုံတစ်ယောက်က"သခင်လေး"ဟု အော်လိုက်သည်ကိုသူရုတ်တရက်ကြားလိုက်ရသည်။
သူခေါင်းလှည့်ကြည့်လိုက်ရာ လက်ထဲတွင်ဆေးပင်တချို့ကိုင်ထားသည့်မြေခွေးလူသားနှစ်ယောက်က ဂူတစ်ဂူထဲသို့အလျင်စလိုပြေးဝင်သွားသည်ကိုမြင်လိုက်ရပေသည်။
ထို့နောက်မှသာလျှင် သူတို့ကသူ့ကိုခေါ်နေခြင်းမဟုတ်မှန်း ရှုလင်ကျားသိလိုက်ရသည်။ မင်ရှောင်းပြန်ရှင်လာပြီထင်တယ်။
သူဘာဖြစ်နေမှန်းမသိပေ။ မြေခွေးမျိုးနွယ်စုကားအလွန်ရိုးသားပွင့်လင်းကာ စိတ်အားထက်သန်ကြသည်မို့ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ ဤဇာတ်ကောင်ထဲတကယ်နစ်မျောသွားခြင်းဖြစ်လောက်မည်။ ဒါမဖြစ်သင့်ပေ။
မင်ရှောင်းအခုဘယ်လိုနေလဲဆိုတာကိုရှုလင်ကျားကြည့်ချင်သည်မို့ ထိုနှစ်ယောက်နောက်မှသူလိုက်ဝင်သွားလိုက်သည်။
သူအရှေ့ရောက်သွားသော် အတွင်းရှိဆူညံပွက်လောရိုက်သံများကိုကြားလိုက်ရတော့သည်။ ကြည့်ရသည်မှာ ထိုနေရာတွင်လူအများအပြားစုဝေးကာ မင်ရှောင်း၏အသက်ကိုဘယ်လိုကယ်တင်ရမလဲဆိုတာဆွေးနွေးတိုင်ပင်နေကြသည့်ပုံပင်။ ဆူညံနေသောလူစကားပြောသံများအကြားတွင် မြေခွေးသေးသေးလေး၏ငိုသံတောင်ပါသေးသည်။
တစ်ယောက်ကဆိုသည်။
"ထပါတော့! ထပါတော့! ဝိညာဥ်သာခန္ဓာကိုယ်ထဲပြန်ရောက်လာရင် ဘာပြဿနာမှရှိမှာမဟုတ်ဘူးမလား။"
နောက်တစ်ယောက်ကပြန်ဖြေသည်။
"အဲ့လောက်မရိုးရှင်းဘူး။ သခင်လေးရဲ့ဝိညာဥ်ကိုယ်ထည်ကတော်တော်လေးအားနည်းနေတယ်။ အခုမင်းသာမင်းရဲ့ခန္ဓာကိုယ်ထဲပြန်ရောက်သွားရင်တောင်မှ မင်းချက်ချင်းနေသားကျသွားမှာမဟုတ်ဘူး။ မင်းရဲ့ခန္ဓာကိုယ်ထဲကနေအချိန်မရွေးပြန်ထွက်သွားနိုင်တဲ့ဖြစ်နိုင်ချေလည်းရှိသေးတယ်။"
လူအိုကြီးတစ်ယောက်ကထပ်တလဲလဲသက်ပြင်းချကာဆိုသည်။
"သခင်လေး၊ မင်းပြောတော့ခရီးလေးပဲထွက်ရုံပါဆို။ အခုတော့အသက်ပါပါသွားတယ်။ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ မင်းကကျုပ်တို့ကိုသေလောက်အောင်ကြောက်သွားစေတာပဲ။"
အသံကားအနည်းငယ်အိုမင်းလျက်ရှိကာ ၎င်းမှာစောဒကတက်နေသော်လည်း အကြီးအကဲများပိုင်ဆိုင်သည့်သံယောဇဥ်နှင့်ကြင်နာမှုကိုလည်းပြသလျက်ရှိသည်။
ရှုလင်ကျားသည်အတွင်းရှိဂရုစိုက်မှုနှင့်သတိပေးချက်များကိုနားထောင်ကာ အခုအချိန်အထဲဝင်ပြီးအခြေအနေကိုသွားမေးရင် အနည်းငယ်အနှောင့်အယှက်ဖြစ်သွားမည်ဟုခံစားမိ၏။ အဆုံး၌မူ၊ သူကားမြေခွေးမျိုးနွယ်စုကမဟုတ်သည်မို့ သိပ်မဝေးသောအပြင်ဖက်ရှိကျောက်စားပွဲ၏နံဘေးတွင်ထိုင်ချကာ ချန်နဥ်ထွက်လာသည်ကိုစောင့်နေလိုက်သည်။
မနက်ခင်းနေရောင်ခြည်ကားနွေးထွေးလျက်ရှိကာ သူ့အရိပ်ကိုမြက်ပင်များပေါ်တွင်အချိန်အတော်ကြာထင်ဟပ်နေစေသည်။
ရှုလင်ကျားသည်ဝေမုန့်ဓားကိုဖြေးညှင်းစွာဆွဲထုတ်ကာ ဓားရှည်၏ဓားသွားကိုလက်ကိုင်ပုဝါဖြင့်ပွတ်သုတ်လိုက်၏။ ထိုလုပ်ရပ်နှင့်အတူ ဓား၏ခပ်ဖျော့ဖျော့အသက်ရှုသံကိုနားထောင်လိုက်ရာ သူ၏စိတ်အခြေအနေမှာဖြေးဖြေးချင်းငြိမ်သက်သွားသည်ကိုခံစားမိလိုက်သည်။
ထိုအခိုက်၊ သူ့ဘေးတွင်နောက်ထပ်အရိပ်တစ်ရိပ်ပေါ်လာသည်ကို သူရုတ်တရက်မြင်လိုက်ရသည်။
ရှုလင်ကျား၏ဓားသုတ်နေသောလှုပ်ရှားမှုမှာအသာရပ်သွားကာ ထို့နောက်သူ၏ရုတ်ခြည်းတင်းမာသွားသောပုခုံးတို့မှာ တစ်ဖန်ပြေလျော့သွားပြီး ပြောလိုက်သည်။
"ကျင်းရှစ်ရှုန်း၊ အစ်ကိုဘာလို့ဒီကိုရောက်နေတာလဲ။"
ရှုလင်ကျားကသူ့ကိုတစ်ခါတည်းနှင့်မှတ်မိသွားသည်ကိုကြားလိုက်ရရင်း ကျင်းဖေးထုန်အနည်းငယ်အံ့သြသွားမိသည်။ သူကရှုလင်ကျား၏ရှေ့ကိုလျှောက်သွားကာ ခါးအသာကိုင်း၍မေးလိုက်သည်။
"ကိုယ်မှန်းမင်းဘယ်လိုသိတာလဲ။"
ရှုလင်ကျားကသူ့ကိုတစ်ချက်စိုက်ကြည့်ကာ မေးကိုမော့၍ ညွှန်ပြလာသည်။
"အစ်ကို့ရဲ့အရိပ်ပေါ့၊ ဆံပင်သရဖူရဲ့ပုံစံကသူများတွေနဲ့မတူဘူးလေ။ ဒီနေရာကလူတွေကအစ်ကို့လို..."
သူတန့်သွားရသည်။ ချက်ချင်းပင်၊ သူ၏နှုတ်ခမ်းထောင့်စွန်းမှာခပ်ဖွဖွတွန့်သွားသည်။ ရှုလင်ကျားသူ့ကိုဖော်ညွှန်းချင်သည့်အရာကကောင်းသောစကားမဟုတ်လောက်သည်ကို ကျင်းဖေးထုန်ခန့်မှန်းမိသဖြင့် အပြုံးတစ်ပွင့်နှင့်အတူခေါင်းခါကာ သူ၏ဆန့်ကျင်ဖက်တွင်ထိုင်လိုက်သည်။
ကျင်းဖေးထုန်ကရှုလင်ကျား၏အစောပိုင်းကမေးခွန်းကိုအရင်ဖြေပေးလိုက်သည်။
"ကိုယ်ဒီမှာတစ်ခုခုလာယူတာပါ။"
သူစကားပြော၍ပြီးသွားသော် သူသည်ရှုလင်ကျားကိုသေချာကြည့်လိုက်မိပြီး သူ့မျက်နှာအနည်းငယ်ချောင်ကျသွားသည်ဟုခံစားမိလေသည်။
အဆုံးတွင် သူကဒဏ်ရာရထားသည်။ ထို့အပြင် တစ်နေကုန်အလုပ်များနေသည်မို့ သူပင်ပန်းနေလောက်မည်ပင်။
ခုနကရှုလင်ကျား၏အနောက်တွင်ရပ်နေတုန်းက၊ သူ့ပတ်ပတ်လည်ရှိအထီးကျန်ဆန်မှုကိုကျင်းဖေးထုန်ခံစား၍ရသည်။ ရှုလင်ကျားကချန်နဥ်၏ဂူထဲမှဖြေးညှင်းစွာထွက်လာပြီး ဤနေရာတွင်ထိုင်ချလိုက်သည်ကို သူရပ်ကြည့်နေခဲ့သည်။
ကျင်းဖေးထုန်တွေးနေမိသည်။ ရှုလင်ကျားအတွက်တော့ မြေခွေးမျိုးနွယ်စုအဖြစ်တစ်ခါဟန်ဆောင်ရတာက အမှား၊ အမှန်ပြောရခက်သောဟွမ်လျန့်၏အိပ်မက်တစ်ခုထက်ပိုကာ အထီးကျန်ခြင်းကိုခံစားသွားရလောက်သည်။
သူ့ရင်ထဲတွင်သနားစိတ်အနည်းငယ်ကိုခံစားမိလိုက်သည်။
တစ်ဖက်လူ၏အကြည့်ကိုခံစားမိသဖြင့် ရှုလင်ကျားမှာကျင်းဖေးထုန်ကိုအလိုလိုစိုက်ကြည့်လိုက်မိကာ ထူးဆန်းစွာမေးလိုက်မိသည်။
"အစ်ကိုဘာကြည့်နေတာလဲ။"
သူ့မျက်လုံးတို့ကားနက်မှောင်၊ တောက်ပလျက်ရှိကာ ၎င်းတို့ဟာခပ်ကျယ်ကျယ်ဖွင့်စထားသည်မို့ ၎င်းတို့ကားဝိုင်းစက်ပုံပေါက်နေပေသည်။ မြေခွေးလေးကလည်းအနည်းငယ်ဒေါသကြီးသည်ကို သူသတိရသွားသည်။
ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ မင်းကမျက်နှာကိုလှစ်ဟပြပြီးတော့ နူးညံ့မှုကိုလက်ခံဖို့ငြင်းပယ်ပြီး မင်းရဲ့ဒဏ်ရာတွေနဲ့မပျော်ရွှင်မှုကိုတင်းကြပ်စွာဖုံးကွယ်ထားလေ့ရှိသည်။
မတိုင်ခင်ကမြေခွေးလေး၏မဖော်ပြနိုင်လောက်အောင် အကြိမ်အနည်းငယ်မျက်နှာပြောင်းလဲမှုကို ကျင်းဖေးထုန်သတိရသွားကာ သူ့နှလုံးသားရုတ်ခြည်းလှုပ်ခတ်သွားပြီး မဝံ့မရဲပြောလိုက်မိသည်။
"ဘာမှမဟုတ်ဘူး၊ ကိုယ်တွေးနေတာ၊ မင်းက..."
သူတန့်သွားပေမဲ့ နောက်ဆုံးစကားလုံးတချို့ကိုနူးညံ့စွာပြောလိုက်သည်။
"အရမ်းချစ်စရာကောင်းတယ်။"
ဤစကားလုံးများမှာမှော်မန္တာန်တချို့အလား။ ရှုလင်ကျားမှာတစ္ဆေတစ်ကောင်မြင်လိုက်ရသည့်နှယ်ခံစားလိုက်ရပြီး သူအသံမှာရုတ်ခြည်းမြင့်တက်သွားတော့သည်။
"ဘာ!"
သူသည်မြေခွေးအသွင်ပြောင်းလဲသွားသောအခါ "ချစ်စရာကောင်းတယ်"ဟူသည့်စကားလုံးကိုလုံးဝမကြားချင်သော်လည်း၊ သူသည်းညည်းခံနိုင်သေးပေကာ သူ့စိတ်ကိုပြောင်းလဲလိုက်ရင် သူဟာသူရဲကောင်းတစ်ယောက်ပြန်ဖြစ်လာနိုင်သည်ဟုတွေးနေမိသည်။
ရလဒ်အနေဖြင့် ကျင်းဖေးထုန်ကဒီစကားကိုရုတ်တရက်ပြောလာတာက ဘာသဘောလဲ။ ဘယ်နေရာကချစ်စရာကောင်းတယ်လို့မြင်နေတာလဲ။ ခင်ဗျားကန်းနေတာလားဟ။
အဖိုးကြီးတွေပဲဒါကိုပြောတာ!
လူသားတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ပုံရိပ်ကိုအဖက်မဆယ်နိုင်ဘူးလားဟ??
Advertisement
- In Serial49 Chapters
Falling Stardust
In Semeria, there are two rules of survival. One: If you want something, take it from whoever owns it. Two: never give them a chance to take it back! The noble Von Creig Family and the Falling Stardust Trading Company, both headed by Xasha. An average cultivator except for his avid curiosity, his thirst for knowledge, and his nasty habit of finding inspiration in the most unlikely of places. Aided by his innate abilities, he stumbled into the profession of enchantment and created powerful artifacts, one after the other. These artifacts empowered a generation and ushered in the rise of humans in a world where they had been suffering and dying in the war-torn Abandoned Region for millions of years. Xasha's goal, however, is to protect his family, especially his daughter Ari, whose power is so outrageous everyone coveted it. To this end, he had to before stronger, but to become stronger, he needed resources. There is only one way to get resources in this world: by following the two rules of survival. It becomes interesting to see how he navigates, being a good role model and parent in a cruel world where he is the cruel one and his enemies are even crueler.
8 131 - In Serial20 Chapters
I was given a new life yet I somehow became a battle lunatic
John wakes up in a strange new world filled with magic, monsters, and adventurers. He quickly comes to learn that he is no longer human and seems to be the only one of his kind. Did this change occur solely on the physical level, or is he loosing more of his humanity as his power grows? John tries to make a place for himself in the world he was dropped in to, while finding it harder to recall the one from his past. Many new friends stand beside John as he tries to unravel the mysteries behind who, or what, put him here and he's going to need all the strength he can muster in order to deal with the consequences of what he unearths.
8 139 - In Serial30 Chapters
The Church's dog, the Free One
The golden era of magic is long gone, not that the Chus, the fuel of magic, is dying down but that wars and power struggles have long since ravaged the once prosperous lands. The World has produced its protagonist and the Legends are using him as a pawn. Trapped on the board of Higher Entities in a sick world.
8 205 - In Serial60 Chapters
Breaking the Chains
Aegon Silver, a young man on an epic, danger-filled journey to... well, apart from money, power and fame there isn't much more that interests our protagonist. Nevertheless, witness him as he attempts to reach his goals, preferably without suffering too much, though as we all know... reality is often disappointing. What does the future have in store for this shameless young man? Not even a god knows.
8 493 - In Serial186 Chapters
Mushoku Tensei: That one forgotten Mob
Life is filled with the unexpected. Today is another normal day in life, as I passed the time with my friends to bully the cursed superd child feared in the village to show our might to her. A water ball suddenly hit us. The kid from the knight's office was unleashing his spell to attack us, the bully. Never would I expect that simple water ball to create a trigger for memories to fill my brain. I was 5 at that time, and the memories were jumbled. I don't know whether it’s mine or another's. I just know that this is not a memory of a single person. And, from that memory, I know that I’m actually a mob... I’m one of Sylphiette’s bullies. You won’t know me since I am not named in any of the works, whether they were manga, novels, or even anime. Heck, I only say one word and I'm dead in the next part. an actual mob, where I don’t even appear in either the opening or the ending of the anime. The thing happened so suddenly. I don’t know whether I am reincarnated, transmigrated, or just receiving some memories from someone in the real world. The deadline is 5 years from now, the day the Metastasis incident happened. Can I be another prodigy in the Mushoku Tensei world, or will I still be another slightly better mob? Disclaimer! *I’m not a native, so please do tell me if you find any grammar mistakes or better word choices. *!!! There'd be a lot of web novel parts and less Claude's POV, but it'll get focused over time, so be patient and skim if you don't like some parts. I made it So other reader Can Understand where they are in the Story. It's also my timeline note! *Thank you very much for reading and your feedback. *R-18 tags for gore and profanity.
8 247 - In Serial51 Chapters
50 Facts About Brooke
"I don't really get along with my mom unless she's buying me stuff." ~Brooke Hyland «««»»»You all know and love Brooke Hyland, but let's face it, how much do you really know about the one and only Brooke Hyland? Brooke has been labeled as a brat, a miserable teenager, and "brooding Brooke," but she's actually a sweet, energetic, happy girl! Read now to uncover Brooke Hyland's true personality!
8 233