Advertisement
"အသက်ကိုရိုးသားစွာဖလှယ်သရွေ့ သေဆုံးသွားသူကိုတကယ်ပဲအသက်ပြန်ရှင်လာစေနိုင်ပါသလား။"
(ပထမပိုင်း)
........................................................................
ထူးဆန်းစွာဖြင့် သူတို့နှစ်ဦးမှတပါး ဤနေရာတွင်ထိုင်နေသောအခြားသူများသည် ဤကဲ့သို့ထူးဆန်းသည့်မြင်ကွင်းနှင့်ရင်ဆိုင်လိုက်ရသောအခါ အံ့သြသွားသည့်ပုံမပေါ်ကြ။
ထို့နောက်မကြာမီ၌၊ လက်ခုပ်သံသုံးချက်ကြားလိုက်ရအပြီးတွင် နတ်ကွန်း၏ဘေးနှစ်ဖက်ရှိ-ယောက်ျားနှင့်မိန်းမ-
စက္ကူရုပ်ထုငယ်တို့၏မျက်လုံးများမှာရုတ်တရက်လှိမ့်သွားကာ သူတို့သည်နတ်ကွန်းထံမှတစ်လှမ်းချင်းလမ်းလျှောက်ဆင်းလာပေ၏။
ယောက်ျားလေးသည်လက်ကိုတောင့်တင်းစွာမြှောက်၍ ညာဖက်ရှိပထမဆုံးထိုင်ခုံကလူသုံးဦးကိုညွှန်ပြကာဆို၏။
"ချန်းယွီ၊ ချန်ချွန်း၊ ဝမ်ခွေ့နျန်။"
သူ့အသံဟာလည်းအလွန်ကြမ်းတမ်းကာတောင့်တင်းလှသည်မှာ ကော်ဖတ်နှစ်ခုပွတ်တိုက်စားနေသည့်အလား။ မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်နှင့်အတူ ဤမြင်ကွင်းကားတကယ့်ကိုထူးဆန်းသည်ပင်။
စားပွဲပေါ်ရှိထိုနာမည်များနှင့်လူသုံးဦးမှာခြောက်ခြားသွားပုံပေါ်ပေမဲ့ တည်ငြိမ်စွာထလိုက်ရပြီး ပိုက်ဆံစက္ကူတစ်မျှင်ကိုယူ၍ အခန်း၏ထောင့်စွန်းသုံးခုကိုလျှောက်သွားကြသည်။
ချန်းယွီနှင့်ချန်ချွန်းမှာလူငယ်များဖြစ်ကြပြီး ဝမ်ခွေ့နျန်ကမူအသက်ငါးဆယ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်သည်။
သူမသည်ခြေနှစ်လမ်းရှေ့တိုးလိုက်ပေမဲ့ ချန်းယွီ၏ရုတ်တရက်ဆွဲခြင်းခံလိုက်ရကာ သူကတီးတိုးပြောလာသည်။
"ဒေါ်ဒေါ်..."
သူ့မျက်လုံးများမှာအချိန်မရွေးငိုတော့မည့်အလားနီမြန်းလျက်ရှိပေမဲ့ ဝမ်ခွေ့နျန်ကသူ့ကိုပြုံးရုံသာပြုံးပြကာ တီးတိုးဆို၍တိုက်တွန်းလိုက်သည်။
"မြန်မြန်လုပ်ပါကွယ်။"
ရှုလင်ကျားသတိထားမိသွားပြီးသူမကိုကြည့်လိုက်ရာ သူမကအခန်း၏အနောက်ဖက်ထောင့်တွင်မတ်တပ်ရပ်နေရင်း လက်ထဲတွင်ပိုက်ဆံစက္ကူအမျှင်ကိုတင်းကြပ်စွာကိုင်ထားရင်း စိတ်လှုပ်ရှားကာအဆင်မပြေပုံပေါ်သည်ကိုမြင်လိုက်ရသည်။
ထိုသုံးဦးမတ်တပ်ရပ်လိုက်ပြီးနောက်၊ လက်ထဲတွင်မောင်းကိုင်ထားသောမိန်းကလေးရုပ်ထုကကျယ်လောင်စွာဆိုလာသည်။
"---အဆင့်တစ်၊ တစ်ပတ်လှည့်ပြီးတော့ စက္ကူပိုက်ဆံကိုပစ်လိုက်ပြီး အုတ်ဂူရှေ့မှာအမွှေးတိုင်ကိုမီးရှို့ပါ။"
သူမ၏အသံမှာကြက်သီးထဖွယ်ကောင်းကာရှည်လျားလှပြီး သူမပြောလိုက်အပြီးတွင် လူသုံးဦးကစက္ကူပိုက်ဆံကိုကိုယ်စီကိုယ်စီပစ်လိုက်ကြကာ ထို့နောက်ရှေ့တိုး၍ အရှေ့ရှိနောက်ထပ်ထောင့်တစ်နေရာကိုလှည့်လိုက်ကြသည်။
ပိုက်ဆံစက္ကူကတစ်ရွက်ပြီးတစ်ရွက်ကျလာပြီး လေထဲတွင်ပြာမှုန့်အဖြစ်လောင်ကျွမ်းသွားချေသည်။
"အဆင့်နှစ်၊ ဝမ်းနည်းဖွယ်သီချင်းစတင်ပြီး ငိုသံကညတစ်ခွင်ကိုချိုးဖောက်သွားလိမ့်မယ်။"
ယင်းတို့သုံးဦးသည်တစ်ဖန်လှည့်လိုက်ပြန်ကာ အနီးဝန်းကျင်တိုင်းမှလာသော ခပ်ဖျော့ဖျော့ငိုသံများရှိနေပုံပေါ်ပေမဲ့ သူတို့သေချာမကြားနိုင်ပါပေ။ ယင်းကပင်ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။
"အဆင့်သုံး၊ သချိုင်းကခုံးနေပြီး လူတွေနဲ့သရဲတစ္ဆေတွေကိုခွဲခြားရခက်ခဲလှတယ်။"
ကျင်းဖေးထုန်ကရုတ်တရက်တီးတိုးဆိုသည်။
"လူတွေအများကြီးရှိသေးတယ်။"
ရှုလင်ကျားခေါင်းအသာငြိမ့်လိုက်သည်။
သူမြင်လိုက်ရသည်မှာ ယင်းတို့သုံးဦးသည်သီချင်းနှင့်အတူလမ်းလျှောက်နေပြီး အခန်းပတ်ပတ်လည်တွင်သူတို့၏နေရာကိုအဆက်မပြတ်ပြောင်းလဲနေပေသည်။ ၎င်းတို့သုံးဦးလမ်းလျှောက်နေစဥ်တွင် ဘယ်တုန်းကလေးယောက်ဖြစ်သွားမှန်း သူမသိလိုက်ပေ။
လက်ရှိတွင်အခန်း၏ထောင့်တိုင်းမှာအပြည့်ဖြစ်နေပြီး အခန်းတစ်ခန်းလုံး၏အလင်းစိမ်းအောက်တွင် လူတိုင်း၏မှုန်ဝါးဝါးပုံရိပ်နှင့်ရုပ်ရည်သွင်ပြင်တို့မှာ တဖြည်းဖြည်းချင်းဝေဝါးလာပုံပေါ်ကာ ၎င်းတို့ကိုခွဲခြားရန်ပို၍ပင်မဖြစ်နိုင်တော့ပေ။
ထို့နောက်၊ မိန်းကလေး၏စူးရှရှအသံကတစ်ဖန်ခပ်ဖျော့ဖျော့ထွက်လာပြန်ကာ ချွန်မြသောလက်နက်တစ်မျိုးနှယ် လူတိုင်း၏နှလုံးသားထဲကိုဖောက်ဝင်သွားလေသည်။
"အဆင့်လေး၊ ယင်နဲ့ယန်ပျက်စီးသွားပြီး သေခြင်းနဲ့ရှင်ခြင်းကိုလွှဲပြောင်းလို့ရပြီ။"
အလုံပိတ်ထားသောအခန်းထဲတွင် လေပြင်းတစ်ချက်တိုက်ခတ်သွားသည်။
ထောင့်ရှိလူလေးယောက်မှာရပ်မြဲရပ်နေဆဲဖြစ်ပြီး ထို့နောက်တွင်ဝမ်ခွေ့နျန်ကမြေပြင်ပေါ်သို့ပျော့ပြောင်းစွာလဲကျသွားချေသည်။
"ငါအသက်ရှင်နေသေးတာလား။ ငါ...ဘာဖြစ်သွားတာလဲ။"
အရှေ့ဖက်ထောင့်၌ အသစ်တစ်ယောက်ပေါ်လာသည်။ သူသည်သူ့ကိုယ်သူကြောင်အစွာငုံ့ကြည့်လိုက်ပြီးနောက် လဲကျသွားသောဝူခွေ့နျန်ကိုမြင်သွားကာ ဘာတွေဖြစ်နေမှန်းတုံ့ပြန်နိုင်လိုက်သည်။
"အမေ!"
သူအော်ပြီးပြေးသွားကာဝူခွေ့နျန်ကိုဖက်လိုက်သည်။
"ကျွန်တော့်ကိုအစားထိုးပေးဖို့အမေ့ကိုဘယ်သူပြောလို့လဲ! ကျွန်တော်လက်ခံခဲ့လို့လား။ အမေဘာကြောင့်ဒီလိုလုပ်ရတာလဲဗျာ။ အမေ၊ ထပါ၊ ပြန်လဲကြမယ်လေ!"
မိန်းကလေးကခက်ထန်စွာဆိုသည်။
"အခမ်းအနားပြီးဆုံးသွားပြီ၊ မနှောင့်ယှက်ပါနဲ့! ဝိညာဥ်ကိုခန္ဓာကိုယ်ထဲပြန်ပို့လိုက်တော့!"
သူတို့သည်ဤထူးဆန်းသောအခမ်းအနားမှတဆင့် သူတို့၏အသက်များကိုလွှဲပြောင်းနေခြင်းဖြစ်ကာ ယခုတွင်အောင်မြင်သွားချေသည်!
ရှုလင်ကျားနှင့်ကျင်းဖေးထုန်သည်ဂိုဏ်းတစ်ဂိုဏ်းထဲမှဖြစ်ကာ အသိပညာဗဟုသုတများစွာရှိကြပေမဲ့ ဤကဲ့သို့လုပ်နိုင်မှန်းသူတို့တစ်ခါမျှမကြားဖူးခဲ့ပေ။
ထိုအကယ်ခံလိုက်ရသောယောက်ျားလေးကငိုယိုပြီး သူ့အမေကိုလွှတ်ပေးရန်ငြင်းဆန်နေပေမဲ့ သူ့မိသားစု၏အဝေးသို့ဖိအားပေးဆွဲထုတ်ခံလိုက်ရသည်ကိုမြင်လိုက်ရရင်း ရှုလင်ကျား၏စိတ်ထဲတွင်မြင်ကွင်းတစ်ခုဖျတ်ခနဲပေါ်လာသည်။
ကြည့်ရသည်မှာ သူကိုယ်တိုင်လည်းပဲအမျိုးသမီးတစ်ဦးကိုထိုကဲ့သို့ကိုင်ထားကာ မလွှတ်ပေးချင်ခဲ့သည့်ပုံပင်။
သူ့စိတ်ထဲတွင် တစ်ဖက်လူကသူ့နှဖူးကိုခပ်ဖွဖွပွတ်၍ သူ၏ဖရိုဖရဲဆံပင်ကိုသပ်ပေးကာ သူမ၏အသံကပေါ့ပါးပြီးညင်သာလျက်ရှိသည်။
"အမေကမင်းအဖေကိုသွားရှာရအုံးမယ်၊ သားအရင်သွားနှင့်နော်...အဖေရောအမေရောက မင်းကိုကောင်းကောင်းမွန်မွန်အသက်ရှင်စေချင်တာ၊ သားလိုက်နာရမယ်နော်၊ အာ?"
ရှုလင်ကျားသည်သူ့နားထင်ကိုလက်ဖြင့်ပွတ်ကာ တီးတိုးဆိုမိ၏။
"ဒီနေရာကတကယ်ပဲဘာအတွက်လဲ။"
သူ့ရှေ့ရှိမြင်ကွင်းသည် သူဟာသွမ့်မိသားစု၏သရဲအိမ်ကိုအရင်ကဝင်ဖူးခဲ့သည်ဟု သူ့ကိုယ်သူသံသယဝင်စေလုနီးပါးဖြစ်စေ၏။
သို့ပေမဲ့ သူထိုင်ချလိုက်သည့်တစ်ခဏတွင် ယင်းကိုပျောက်သွားစေရန် ရှုလင်ကျားနည်းလမ်းပေါင်းများစွာသုံးခဲ့ပေမဲ့ သူ့ရှေ့ရှိမြင်ကွင်းကသေချာပေါက်ကိုလက်တွေ့လောကအစစ်အမှန်ဖြစ်ကြောင်းသက်သေပြလျက်ရှိသည်။
ဤအခိုက်၊ စားပွဲရှိနောက်လူတစ်ယောက်အခေါ်ခံလိုက်ရပြီး ရှုလင်ကျားဘေးရှိလူတစ်ယောက်ကသူ့ကိုထူးဆန်းစွာကြည့်ပြီး မေးလာသည်။
"မင်းကဒီကိုရောက်လာပြီးသားဖြစ်ပြီးတော့ မင်းဒီမှာဘာလုပ်နေလဲဆိုတာကိုမသိသေးဘူးပေါ့လေ?"
ရှုလင်ကျားပြောလိုက်သည်။
"ကျွန်တော်...သိပါတယ်။ ဒါပေမဲ့ဒါကအရမ်းဆန်းကြယ်တယ်လို့ထင်မိတော့ ကျွန်တော်မယုံကြည်နိုင်အောင်ဖြစ်နေမိတာ။ လူတိုင်းရဲ့အသက်ကိုဒီလိုနည်းလမ်းနဲ့လဲလို့ရတယ်ဆိုရင် ဒီလောကကြီးကဖရိုဖရဲဖြစ်နေမှာမဟုတ်ဘူးလေ။"
"လူငယ်လေးရ၊ လဲချင်တဲ့သူတိုင်းလဲလို့ရတယ်ထင်နေတာလား။ လူဘယ်နှယောက်ကများအခြားသူတွေကိုသူတို့အသက်ပေးချင်စိတ်ရှိပါ့မလဲ။"
ထိုလူကဆိုသည်။
"ဒါကိုလုပ်ဖို့ဆိုရင် မင်းမှာလုပ်ချင်တဲ့စိတ်ဆန္ဒရှိရမယ်၊ အလဲအလှယ်ကသွေးရင်းမဟုတ်ရင်တစ်ခုတည်းသောအချစ်ဖြစ်ရမယ်ကွ။ မင်းရဲ့အသက်ကိုပိုက်ဆံအတွက်တောင်ပေးလို့မရရင် မင်းအဲ့ဒါကိုဘယ်မှာသွားရှာလို့ရမှာလဲ။ ပြီးတော့ မင်းမှာအလောင်းအပြည့်အစုံလည်းရှိရမယ်။"
ကျင်းဖေးထုန်ဘာမှမဆိုဘဲ ရုတ်တရက်ပြောလိုက်သည်။
"အသက်ကိုအသက်နဲ့လဲလှယ်လို့ရနေသရွေ့ ရိုးသားစစ်မှန်မှုကြောင့် သေဆုံးသွားတဲ့လူကိုတကယ်ပဲပြန်ရှင်လာစေနိုင်တာလား။ အသက်ပြန်ရှင်လာပြီးတဲ့နောက်မှာ ခင်ဗျားတို့ကသာမန်လူတွေလိုမျိုး ကောင်းမွန်တဲ့ဘဝမှာနေထိုင်လို့ရလို့လား။"
သူသည်ပုံမှန်ရည်မွန်ကာသိမ်မွေ့သောအပြုအမူနှင့်စကားပြောနေဆဲဖြစ်ပေမဲ့ ထိုလေသံထဲမှစိတ်အားထက်သန်မှုနှင့်မျှော်လင့်ချက်တို့ကို ရှုလင်ကျားကြားနိုင်ပေသည်။
ဤခံစားချက်မျိုးကကျင်းဖေးထုန်ကဲ့သို့လူမျိုးထံတွင်တကယ်ပဲပေါ်လာပေသည်။ ယင်းကလူတွေကိုပို၍ပင်သက်တောင့်သက်တာမဖြစ်စေပေ။
ရှုလင်ကျားသူ့ကိုတစ်ချက်ကြည့်ကာပြောလိုက်သည်။
"ဒီလောကမှာအလကားဆိုတာမရှိဘူး။ အဖိုးအခတော့ရှိကိုရှိမှာပဲ။"
သူ့ဘေးရှိလူကြီးကဆိုသည်။
"ဟုတ်တယ်။ ဥပမာပြောရရင်ကွာ၊ သူတို့ရဲ့အသက်ကိုလဲလှယ်လိုက်တဲ့လူတွေကအနှစ်၂၀အသက်ရှင်နိုင်တယ်။ အကယ်ခံလိုက်ရတဲ့သူတွေကတော့ ၁၀နှစ်ပဲရှင်နိုင်တယ်ကွ။ ကျန်တဲ့၁၀နှစ်ကဒီနေရာကိုပေးလိုက်ရတဲ့အဖိုးအခပဲ။"
"အာ..."
ကျင်းဖေးထုန်ကတဝိုးတဝါးပြန်ဖြေကာပြောသည်။
"အဲ့ဒါပဲလား။"
သူတို့စကားပြောနေစဥ်၊ သူတို့ဘေးမှထွက်လာသောကျယ်လောင်သည့်ငိုသံကို သူတို့ကြားလိုက်ကြရသည်။
"ဟင့်အင်း၊ ကျွန်တော်မလုပ်နိုင်တော့ဘူး၊ ကျွန်တော် ကျွန်တော်တကယ်မလုပ်ချင်ဘူး!"
ထိုအသံကလူတိုင်းကိုလှည့်ကြည့်မိသွားစေပြီး ထောင့်မှာကပ်မှီနေရင်း တုန်ရီနေသောလူငယ်လေးတစ်ယောက်ကိုသာလျှင်မြင်လိုက်ရကာ ထိုစကားကိုအော်ပြောလိုက်အပြီးတွင် သူဆောင့်ကြောင့်ထိုင်ချလိုက်တော့သည်။
သူသည်ဆက်သွားရန်ငြင်းဆန်နေမိကာ အလွန်ကြောက်လန့်နေသဖြင့် သူမျက်ရည်များကျလာချေသည်။
"ကျွန်တော်မလုပ်နိုင်ဘူး၊ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်သေရမှာကြောက်တယ်၊ ကျွန်တော်လုံးဝမလုပ်ဘူး!"
အခြားတစ်ဖက်ရှိထောင့်များတွင် သက်ကြီးစုံတွဲတစ်တွဲရှိနေပြီး ဤလူငယ်လေးကိုထိုသို့မြင်လိုက်ရရင်း သူဌေးကြီးကဲ့သို့ဝတ်စားထားသောအမျိုးသားကြီးကမျက်မှောင်ကြုတ်လိုက်သည်။
သူကဒေါသတကြီးဆိုသည်။
"ချူကျဲ! မင်းသာအဲ့ဒီ့အပျော်မယ်ကိုအိမ်ခေါ်လာပြီးပြဿနာမရှာခဲ့ရင် ငါ့သမီးကစိတ်ခံစားမှုလွယ်ပြီးတော့ ဘယ်လိုလုပ်မီးဖွားရင်းသေသွားမှာတဲ့လဲ။ မင်းကနောင်တရပြီး မင်းအပြစ်တွေအတွက်ပေးဆပ်ချင်တယ်လို့ပြောနေတာမို့ ငါမင်းရဲ့မိသားစုကိုလွှတ်ပေးလိုက်တာ။ ဒါပေမဲ့ ဒီအချိန်ကျမှမင်းကနောက်ပြန်ဆုတ်ချင်တယ်တဲ့လား။"
"ကျွန်တော်ပြန်လို့မရဘူးလား။ ခင်ဗျားကကျွန်တော့်ကိုဒီလာဖို့ဖိအားပေးခဲ့တာလေ! ကျွန်တော်လာရင်လည်းသေမယ်၊ မလာရင်လည်းသေမှာပဲ!"
ချူကျဲကကျယ်လောင်စွာပြောသည်။
"ခင်ဗျားလိုချင်တဲ့ဘယ်သူ့ကိုမဆိုသွားရှာလို့ရတယ်။ သွားရှာလိုက်လေ၊ ကျွန်တော်သူမကိုထိခိုက်စေဖို့မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော်ဆက်မလုပ်နိုင်တော့ဘူး၊ ကျွန်တော်သွားတော့မယ်!"
သူတို့ကဤနေရာတွင်ဆူညံနေကြပေမဲ့ စက္ကူဖြင့်ပြုလုပ်ထားသောယောက်ျားနှင့်မိန်းကလေးမှာနားမကြားပုံပေါ်ပြီး ဆက်ပြောလာသည်။
"အဆင့်သုံး၊ သချိုင်းကခုံးနေပြီး လူတွေနဲ့သရဲတစ္ဆေတွေကိုခွဲခြားရခက်ခဲလှတယ်!"
သူမ၏စကားလုံးများကိုချူကျဲစောင့်မနေတော့ဘဲ ထောင့်မှထွက်ခွာကာ လှည့်ပြေးတော့သည်။
ဒါကိုမြင်လိုက်ရရင်း ကောင်လေး၏မျက်လုံးမှာဖျတ်ခနဲလက်သွားကာ ရုတ်တရက်အော်ပြောလာသည်။
"စာချုပ်ချုပ်ပြီးသွားပြီ၊ စာချုပ်ကိုချိုးဖောက်လို့မရဘူးကွ!"
ချူကျဲသည်လည်မျိုထဲတွင်တိုတောင်းသောအော်သံပြုလိုက်မိပြီး ထို့နောက်သူမအော်နိုင်တော့ပေ။
ကောင်လေးကသူ့လည်ပင်းကိုပြင်းထန်စွာကိုက်ချလိုက်ပြီး သွေးကိုအစာအိမ်ထဲမျိုချပစ်လိုက်သည်။
သူ့ဦးခေါင်းကသူ့လည်ပင်းဆီတစ်ဖန်ပြန်ရောက်သွားသော် ချူကျဲကမြေပြင်ပေါ်ခွေလဲကျသွားပြီး သူ့တစ်ကိုယ်လုံးဆတ်ခနဲတွန့်သွားကာ သေဆုံးသွားချေသည်။
သူ၏ယောက္ခထီးနှင့်ယောက္ခမတို့မှာဤမြင်ကွင်းကိုမြင်လိုက်ရပြီး ချက်ချင်းဆိုသလိုမေ့မြောသွားတော့သည်။
ကောင်လေးကသွေးအပြည့်ဖြင့် သူ့ပါးနှစ်ဖက်ရှိပါးနီနှစ်ခုမှာပိုမိုထင်ရှားလာကာ ကျယ်လောင်စွာပြောလိုက်သည်။
"စာချုပ်ကိုချိုးဖောက်တယ်၊ သေစမ်း!"
ဤဖြစ်ရပ်ကားအလွန်ရုတ်တရက်ဆန်စွာနှင့်လျင်မြန်စွာဖြစ်ပျက်သွားခဲ့ရာ လူတွေမှာလည်းအလွန်အမင်းထိတ်လန့်နေမိကြသည်။ ထိုအခိုက် သူဘယ်လိုတုံ့ပြန်ရမယ်မှန်းမသိပေမဲ့ လူအုပ်မှာတော့နှုတ်ဆိတ်လျက်ပင်။
လူတိုင်းသည်နေရာတွင်ပြန်ထိုင်လိုက်ကြကာ မလှုပ်ရှားကြတော့ပေ။
တစ်ဆတ်ဆတ်မြည်သံကိုရှုလင်ကျားကြားလိုက်ရပြီးခေါင်းလှည့်ကြည့်လိုက်ရာ ခုနကသူ့ကိုစကားပြောခဲ့သောဘေးရှိလူကြီးမှာသွားများတဆတ်ဆတ်တုန်ရီလျက်ရှိသည်ကိုမြင်လိုက်ရသည်။
လူတိုင်းရိုးသားနေသည်ကိုမြင်လိုက်ရရင်း ကောင်လေးကပြက်ရယ်ပြုကာဆိုသည်။
"ဆက်လုပ်တော့!"
ရှုလင်ကျားရုတ်တရက်ပြောလိုက်သည်။
"နေအုံး။"
သူ့ကိုကြည့်လိုက်ရင်း ကျင်းဖေးထုန်လည်းခေါင်းလှည့်လိုက်မိသည်။
ရှုလင်ကျားသည်ကောင်လေး၏မည်းမှောင်နေသောအကြည့်အောက်တွင်မတ်တပ်ထရပ်ကာ မေ့မြောနေသောသက်ကြီးစုံတွဲထံသို့သဘောထားကြီးစွာလျှောက်သွားပြီး သူတို့ကိုအခန်းထောင့်မှကူညီခေါ်ထုတ်ကာ သူတို့ထိုင်ခုံတွင်ပြန်မှီစေလိုက်၏။
သူသည်ထိုသို့လုပ်ပြီးသော် သူ့နေရာဆီပြန်လျှောက်လာလိုက်ပြီး သူ့ဝတ်ရုံအစွန်းကိုမ၍ တည်ငြိမ်စွာပြန်ထိုင်လိုက်၏။
Advertisement
ကျင်းဖေးထုန်မှာတစ်အောင့်မျှမှင်သက်သွားရပြီး ထို့နောက်ကူကယ်ရာမဲ့စွာပြုံးလိုက်မိချေသည်။
ရှုလင်ကျား၏အမူအကျင့်ကားသဘောထားကြီးပြီး ဖြောင့်မတ်မှန်ကန်လေရာ ကောင်လေးကနှာမှုတ်လိုက်ပေမဲ့ ဘာမှပြောမလာပေ။
ထိုအစား၊ ကောင်မလေးကရှုလင်ကျားနှင့်ကျင်းဖေးထုန်ကိုကြည့်ကာ ရုတ်တရက်မေးလာသည်။
"မဟုတ်ဘူး၊ ရှင်တို့နှစ်ယောက်ဒီထဲဘယ်လိုဝင်လာတာလဲ။"
ရှုလင်ကျားစကားပြောရန်ပြင်လိုက်ပေမဲ့ ကျင်းဖေးထုန်ကသူ့ကိုတားလာသည်။ သူကပြုံးကာဆိုသည်။
"ကျွန်တော်တို့လည်းသေချာမသိဘူးရယ်။ ကျွန်တော်တို့ဒီနေရာကိုအရင်ကတစ်ခါမှမကြားဖူးခဲ့ပေမဲ့ မကြာသေးခင်ကဆုံးသွားခဲ့တဲ့မိတ်ဆွေတစ်ယောက်အတွက် သူ့ရဲ့ဝမ်းနည်းပူဆွေးမှုတွေကိုပျောက်သွားအောင် သေရည်သောက်လိုက်တဲ့အချိန်မှာ ပတ်ဝန်းကျင်ကဒီလိုမျိုးဖြစ်သွားတော့တာပါပဲ။"
ရှုလင်ကျားနှင့်သူကိုယ်တိုင်သာလျှင် မတော်တဆဝင်လာခဲ့မိခြင်းပင်။
ဤနေရာကပုံရိပ်ယောင်မဟုတ်မှတော့ တချို့သောအခြေအနေအောက်တွင်အသက်ဝင်လာနိုင်သော ညှို့ယူဖမ်းစားဖွယ်နေရာအစစ်ဖြစ်ပေလိမ့်မည်။
ကျင်းဖေးထုန်၏ခန့်မှန်းချက်အရဆိုလျှင် ဤအခြေအနေကစိတ်အခြေအနေဖြစ်လိမ့်မည်။ ချစ်မြတ်နိုးရသောတစ်စုံတစ်ယောက်ကိုဆုံးရှုံးလိုက်ရသော (သို့) သေခြင်းနှင့်ရှင်ခြင်းကိုတွေ့ကြုံခံစားခဲ့ရသော လူအများစုမှာဤနေရာကိုမတော်တဆဝင်မိဖို့အလားအလာရှိသည်။
သူမသေချာသောအရာတစ်ခုကား ရှုလင်ကျားနှင့်သူ့ထံတွင် မတူညီသောအကြံဉာဏ်နှင့်ကွာခြားသောအတွေ့အကြုံများရှိနေလေရာ ဤကဲ့သို့ညှို့ယူဖမ်းစားနိုင်သောနေရာကို အတူတူဝင်လာမိသည်မှာ အရမ်းကိုတိုက်ဆိုင်လွန်းလှသည်ပင်။
သူတို့ကစားပွဲမှာအတူထိုင်နေကြလို့လား။
သူမတွင်သံသယရှိ၊ရှိမရှိကို အမှုမထားဘဲ ကျင်းဖေးထုန်၏အဖြေကမှန်ကန်သွားပေသည်။ ကောင်မလေးကမည်သည့်မေးခွန်းမျှထပ်မမေးတော့ပေ။ စာရွက်နက်ဖြင့်ပြုလုပ်ထားသော သူမ၏တောင့်တင်းတင်းမျက်လုံးများမှာ ကျင်းဖေးထုန်နှင့်ရှုလင်ကျားအပေါ်တွင်အကြိမ်အနည်းငယ်မျှဝေ့ဝဲသွားပြီးနောက် သူမကတခစ်ခစ်ရယ်မောလိုက်သည်။
"ရေရှည်စာချုပ်ချုပ်ဖို့ဆိုတာခက်ခဲတယ်။ ဒါအတွက်မေးဖို့ကလည်းခက်တယ်။ နောက်ပြန်လှည့်ကြည့်လိုက်ရင် ဗလာချည်းဖြစ်နေမှာပဲ။ အံ့သြစရာမရှိပါဘူးလေ၊ အံ့သြစရာမရှိပါဘူး။"
သူမဟာလည်းစွမ်းဆောင်ရည်ရှိသူဖြစ်ပေရာ
ထိုစကားများကကျင်းဖေးထုန်နှင့်ရှုလင်ကျား၏ နှလုံးသားတစ်စုံကိုတိုက်ရိုက်ထိမှန်လာသည်။
ကျင်းဖေးထုန်၏မျက်လုံးများမှာအေးစက်သွားပေမဲ့ သူ့မျက်နှာထားကတော့မပြောင်းလဲပေ။ ရှုလင်ကျားမှာမအောင့်အီးထားနိုင်တော့ဘဲ လှောင်ပြုံးပြုံးလိုက်မိကာ အတော်လေးအထင်သေးသွားမိသည်။
မိန်းကလေးကဆိုသည်။
"ရှင်တို့လူကယ်ချင်လား။ မွေးရက်ကိုပြောပြလေ။"
ကျင်းဖေးထုန်သည်မတော်တဆအလား ချောင်းအသာဟမ့်ကာ သူ့နှဖူးကိုလက်ချောင်းများဖြင့်တို့ထိလိုက်၏။
ရှုလင်ကျားသူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ မှင်တံကိုကောက်ကာ မိန်းကလေးပစ်ပေးလာသောစက္ကူပိုက်ဆံပေါ်တွင် မွေးနေ့စာလုံးများကိုရေးလိုက်သည်။
သူနှင့်ကျင်းဖေးထုန်သည်သေရည်သောက်ခြင်းအားဖြင့် သူတို့၏မိတ်ဆွေသူငယ်ချင်းဟောင်းများကို တကယ်သတိမရကြသော်လည်း ကွယ်လွန်သွားသူမှာအဆင်သင့်တစ်ယောက်ရှိနေပေကာ ၎င်းကတော့အရင်ကမြေခွေးမျိုးနွယ်စုသခင်လေးယောင်ဆောင်ခဲ့သော မင်ရှောင်းဖြစ်ချေ၏။
သူ့ပုံပန်းသွင်ပြင်ကိုပြောင်းလဲရန်ရုပ်ဖျက်နည်းလမ်းကို ရှုလင်ကျားသုံးလိုက်ချင်ပေမဲ့ ဤတစ်ကြိမ်တွင်သူ၏မွေးရက်ကိုသိဖို့လိုပေသည်။
တုံ့ဆိုင်းမှုမရှိဘဲသူရေးချလိုက်သည်ကို မိန်းကလေးမြင်လိုက်ရရာ စကားပြောတာရပ်ပြီး သူမနေရာဆီပြန်သွားလိုက်သည်။
ရှုလင်ကျားသည်စက္ကူပိုက်ဆံကိုကျင်းဖေးထုန်ထံပေးလိုက်ပြီး နှစ်ဦးသားအကြည့်ချင်းဖလှယ်လိုက်ကြသည်။
ရှုလင်ကျားကားအမြဲတစေစိတ်ဓာတ်သန်မာသောလူတစ်ယောက်ဖြစ်ကာ ထိုမိန်းကလေးကသူမ၏စကားများကိုမလေးစားပေမဲ့ သူချက်ချင်းပြန်မတိုက်ခိုက်လိုက်ပေ။ သူအနည်းငယ်စိတ်ပျက်နေမိဆဲဖြစ်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းများအသာကုတ်ကျသွားလေရာ အနည်းငယ်ကလေးဆန်ပုံပေါက်သွားသည်။
ကျင်းဖေးထုန်၏နှလုံးသားမှာမသိမသာလှုပ်ခတ်သွားရပြီး သူလွှတ်ခနဲပြောလိုက်မိပြီးသားပင်။
"ကိုယ်အနောက်ဖက်ကိုသွားမယ်။"
အနောက်ဖက်ကားအသက်လဲလှယ်သောနေရာဖြစ်ပြီး တစ်ခုတည်းသောအန္တရာယ်ရှိရာအရပ်လည်းဖြစ်သည်။
ရှုလင်ကျားအလေးအနက်ပြောလိုက်သည်။
"ဟင့်အင်း၊ ကျွန်တော်သွားမယ်။"
ကျင်းဖေးထုန်တန့်သွားကာ ထို့နောက်ပြုံး၍ပြောလိုက်သည်။
"ကောင်းပြီ။"
သူဘာမှထပ်ပြောမနေတော့ဘဲ ရှုလင်ကျားအရှေ့ရှိမြောက်ဖက်ထောင့်တွင်ရပ်လိုက်သည်။
ဤကဲ့သို့အခမ်းအနား၏စည်းမျဥ်းကား ယင်ဓာတ်ကိုယန်ဓာတ်ထက်မကျော်စေရပေ၊ ပြောရလျှင် သက်ရှိလူအရေအတွက်နှင့်ထောင့်အလွတ်အရေအတွက်မှာ အနည်းဆုံးတော့တစ်ဝက်စီရှိရမည်ပင်။
အသက်လဲလှယ်ခြင်းအခမ်းအနားမှာအခြေခံအားဖြင့် လူသုံးဦးလုပ်ဆောင်ရပေမဲ့ လူငယ်နှစ်ယောက်ဖြစ်သောရှုလင်ကျားနှင့်ကျင်းဖေးထုန်မှာ တကယ်တမ်းတွင်လုံလောက်ပေသည်။
ရှုလင်ကျားနှင့်ကျင်းဖေးထုန်တို့မတ်တပ်ရပ်လိုက်ပြီးနောက်၊ ထိုမိန်းကလေး၏"--အဆင့်တစ်၊ တစ်ပတ်လှည့်ပြီးတော့ စက္ကူပိုက်ဆံကိုပစ်ပြီး အုတ်ဂူရှေ့တွင်အမွှေးတိုင်ကိုမီးရှို့ပါ။"ဟူသောစကားကိုနားထောင်၍ သူတို့လက်ထဲရှိစက္ကူပိုက်ဆံကိုမြှောက်ပစ်ကာ အရှေ့ကိုပြိုင်တူနေရာလဲလိုက်ကြသည်။
အခမ်းအနားစင်စစ်စတင်သောအခိုက်အတန့်တွင် အနည်းငယ်ဟသွားသောလည်တိုင်ကော်လာမှ လေပြင်းတစ်ချက်ဖြတ်တိုက်ဝင်ရောက်လာသည်ကို ရှုလင်ကျားခံစားမိလိုက်သည်။ လေထဲတွင်ခပ်သင်းသင်းရနံ့ရှိနေပုံမှာ ပန်းညှိုးတစ်ပွင့်ပမာ။
တစ်ချိန်တည်းမှာပင်၊ သူ့ကိုတွန်းလိုက်သည့်မမြင်နိုင်သောအားတစ်ခုရှိနေပုံပေါ်ကာ သူ့အစွမ်းအစကိုသူ့ဘာသာသူလုပ်ဆောင်ရန်ကန့်သတ်လိုက်သည်။
ယင်းကားနှစ်ဦးနှစ်ဖက်ကြားရှိစာချုပ်၏စွမ်းအားပင်ဖြစ်သည်။ အခမ်းအနားစတင်သောအခါ ၎င်းကအသက်လဲလှယ်မည့်အစီအစဥ်ကိုလက်ခံလိုက်သည်နှင့်ညီမျှသည်။ အကယ်၍ သင်ကစာချုပ်ကိုခွင့်ပြုချက်မရှိဘဲဖောက်ဖျက်လိုက်မယ်ဆိုရင် သင်အပြစ်ပေးခံရလိမ့်မည်ပင်။ နောက်ဆက်တွဲအကျိုးဆက်များမှာချူကျဲထံတွင်မြင်နိုင်ပေကာ ယင်း၏ခန္ဓာကိုယ်မှာအေးစက်သွားပြီဖြစ်သည်။
ဟုတ်တာပေါ့။ သူ့ကိုယ်ပိုင်အသက်ကိုအသုံးပြုပြီး မင်ရှောင်းနှင့်လဲလှယ်ရန် ရှုလင်ကျားမစီစဥ်ထားပေ။ သေခြင်းနှင့်ရှင်ခြင်းကားပြန်လည်ဝင်စားခြင်းစက်ဝန်းထဲတွင် အမြဲရှိနေပေကာ မြေအောက်လောကထဲတွင်ထိုကဲ့သို့သောအရာမျိုးရှိနေသည်ကအလွန်ထူးဆန်းလှသည်ပင်။ ဤကဲ့သို့မိစ္ဆာဥပဒေမျိုးဟာယုံကြည်၍မရပေမဲ့ ဤအခွင့်အရေးကိုအသုံးချ၍ မင်ရှောင်းကိုစုံစမ်းရမည်။
သေသွားရသည့်အဖြစ်အပျက်ကိုတော့ သူဒီကပြန်သွားရင် ချန်နျဥ်ကိုပြောပြလိုက်တာပိုကောင်းလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုရသော် ကစားနည်းကိုချိုးဖောက်ဖို့ သူတို့ကိုအချိန်ပေးလိုက်ခြင်းဖြစ်ကာ ဤစာသားလေးခွန်းသာလျှင်ရှိသည်။
လေးခွန်းမြောက်စာသားမတိုင်မီတွင် နေရာမှထွက်ခွာပြီး စက္ကူရုပ်ထုတစ်စုံကိုတိုက်ခိုက်တာက အရိုးရှင်းဆုံးနှင့်တည့်တိုးအဖြစ်ဆုံးနည်းလမ်းဖြစ်သည်၊ သို့သော် ပြဿနာကမူ ဤစက္ကူရုပ်ထုနှစ်ရုပ်မှာရုပ်သေးရုပ်မျှသာဖြစ်ပြီး ၎င်းတို့ကိုသတ်လိုက်တာကအဓိပ္ပါယ်မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် စာချုပ်ကိုဗြောင်ကျကျချိုးဖောက်တာကသာလျှင် ၎င်း၏ခွန်အားကိုချက်ချင်းအားနည်းသွားစေကာ ယင်းဘာမှလုပ်နိူင်တော့မည်မဟုတ်။
သေချာမစဥ်းစားရသေးမီ ဒုတိယစာသားကထွက်လာချေသည်။
"အဆင့်နှစ်၊ ဝမ်းနည်းခြင်းသီချင်းစတင်လာပြီး ငိုသံကညတစ်ခွင်ကိုထိုးဖောက်သွားတယ်။"
မတိုင်ခင်ကကဲ့သို့ပင်၊ ခပ်ဖျော့ဖျော့ငိုညည်းသံထွက်ပေါ်လာကာ သူ့အနားရှိယင်ဓာတ်များအနည်းငယ်ထူထဲလာသည်ကိုသာလျှင် ရှုလင်ကျားခံစားမိလိုက်ပြီး ငိုသံမှာထူးဆန်းသောတီးတိုးပြောသံနှင့်ရောယှက်နေပုံမှာ တစ်ယောက်ယောက်ကသူ့နားထဲတွင်စိတ်အားထက်သန်စွာဖြင့် တစ်ခုခုတီးတိုးပြောနေသည့်အလား။
________________________________
တန်းလန်း..ဟဲဟဲ..မနက်ဖြန်မှဆက်ကြတာပေါ့။
________________________________
!zawgyi!
(ပထမပိုင်း)
........................................................................
"ဒေါ်ဒေါ်..."
"မြန်မြန်လုပ်ပါကွယ်။"
"အဆင့်သုံး၊ သချိုင်းကခုံးနေပြီး လူတွေနဲ့သရဲတစ်ဆေတွေကိုခွဲခြားရခက်ခဲလှတယ်။"
Advertisement
- End2376 Chapters
Sovereign of the Three Realms
Synopsis: Jiang Chen, son of the Celestial Emperor, unexpectedly reincarnated into the body of a despised young noble, thus embarking on the path of the underdog trouncing all comers. No one has the right to call himself a genius in front of Jiang Chen, as no one has a better understanding of the heavens than the son of the Celestial Emperor. Genius? He who adheres to me shall ascend, those who oppose me can find solace in hell!Custom TL synopsis: Sentenced to death because of farting in the first chapter. ’nuff said.
8 690 - In Serial7 Chapters
From the Moon: Home
A daredevil performs his last jump: a leap into space. Everything has been planned out and prepped, but the universe has a way of waylaying us all.A geophysicist is winding up her last dig as part of a seismology and core-sampling project. So close to completion, she's ready to head home and build on the success of her trip.A vacationing moonborn is enjoying the absurdity of freedom on Earth. With just weeks left before returning home, they want one last chance to party and let loose. Updates weekly on Saturdays.
8 109 - In Serial71 Chapters
The Unknown
Fem!Harry. After saving the Philosopher's stone, Dahlia Potter soon discovers the world isn't as black and white as she believes it to be. She suddenly discovers the truth of her true parentage and is faced with the threat of not only Voldemort, but beings and people off realm, who would wish her harm, if they discovered who her father is.
8 155 - In Serial9 Chapters
Yggdrasil Story
Six-years-war has ended, by the strength of only one man. Everyone calls him "Swordmaster". Unfortunately, this is not the story of such time of glory, bloodshed and.....Ruby, interrupting: Sola, why don't you just tell them that this is the story of a man in a harem full of beautiful flower girls.Almond: Could you not disturb her? This is the most important part of our story, and it could decide the future of us all.Ruby: And I want to ask you why the novel cover doesn't have me on it? Since I'm the main heroine and all.Sola: I am so fed up with pen tool.. uh... better not talk about it. So, we used a photo of flowers instead, and I think you are not the main heroine.Almond: It's a budget cost too. Those artists charge us over US$200. We are broke. Plain and simple.Ruby: That's really expensive, huh.Sola: Could you girls stop talking? So, I can continue with the synopsis....Ruby: I don't understand why this is so important.Sola: Ruby, listen. If we don't have a good synopsis, people will not buy our book, and then.....Iris: Then what? I want to know it too.Sola: Then there will be no book 2.Iris: No book 2, so what? Why should I care?Sola: Our universe will collapse, and we will disappear forever..Iris: What did you say?Almond: Well, too late now. You talked too much. We have run out of writing space...Ruby: What!!!!!NO!!! I don't want to DIE!!!!You do something sis!!! I should have done that human thing with our lord when I still had a chance. Noooooooo......Iris: Buy it now. People!! Yes, I mean, you!! YES! YOU!!! BUUUUUUUUUYYYYYYYYYY....Iris is shouting as loud as if this is the last moment of her life, but no one listens.
8 148 - In Serial8 Chapters
Ex-Crown Prince favors the Villainess
"I request you to give up your position as the Crown Prince.""..."Arthur Zemira. After his mother's death, he gave up his position as crown prince to the son of the new empress to avoid civil war.Now as the first prince of the Zemira Empire, he himself went to live in an abandoned building located in a corner of the royal palace.Watch him grow, slowly making his way to capture the villainess.
8 135 - In Serial12 Chapters
No matter what other person you are, I'll do my best to keep you all safe in paradise.
You can only call someone a part of your family when they accept you for who you are and what you do, and when they never let you go. That was their philosophy since that day, that one fateful day and in that specific spot. Exactly that day neither one of them would ever forget not even in a hundred years. The day they met, the day they...
8 136