《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂၁.၁] မိန်းမငယ်လေး|မိန္းမငယ္ေလး
Advertisement
........................................................................
ရှုလင်ကျားတစ်အောင့်မျှတုံ့ဆိုင်းသွားမိပြီး ထို့နောက်တွင်အသံအကျယ်ကြီးတစ်သံကသူ့နားထဲတွင်ဒေါသအပြည့်ဖြင့်ရုတ်တရက်အော်ပြောလာပေသည်။
"မင်းမသိချင်ဘူးလား။ မြန်မြန်လိုက်ဖမ်းလေဟ!"
ဤအသံကားလူတွေကိုနားကန်းသွားစေနိုင်သည်။ ရှုလင်ကျားခေါင်းစောင်း၍ လှည့်ကြည့်လိုက်သည်။
အသက် ၁၆၊ ၁၇နှစ်အရွယ်ချောမောသောလူငယ်လေးတစ်ယောက်က လေထဲတွင်လွင့်မျောနေကာ သူ့မျက်နှာမှာစိုးရိမ်မှုနှင့်စိတ်ဆိုးဒေါသတို့အပြည့်ဖြင့် သူ့ကိုစိုက်ကြည့်လျက်ရှိသည်။
ဤလူငယ်လေးမှာမရင်းနှီးပုံပေါ်ပေမဲ့ သူ့ကိုယ်ပေါ်ကအပြာရောင်ဝတ်ရုံမှာ ဝေမုန့်ဓားနှင့်တစ်ရောင်တည်းပင်ဖြစ်သည်။ ယင်းကားဝေမုန့်ဓား၏ဓားဝိညာဥ်တဖြစ်လဲ သွမ့်ဟောင်ရန်၏ကံဆိုးသောသားအရင်းဖြစ်သည်။
မတိုင်ခင်တုန်းကသူဟာလည်းလက်စားချေဖို့ရန် ကိုယ်ထင်ပြလာခဲ့ပေမဲ့ ဤတစ်ကြိမ်၌မူ ဓားဝိညာဥ်ကိုယ်ထည်မှာထွင်းဖောက်မြင်နေရဆဲဖြစ်ကာ အရိပ်တစ်ခုလုံးမှာလည်းမှုန်ဝါးလျက်ရှိသည်။ ရက်အနည်းငယ်မျှဖြင့် သူသည်လျင်မြန်စွာပြန်သက်သာလာပြီး ယခုတွင်အလွန်လူသားဆန်နေပေသည်။
ရှုလင်ကျားပြောလိုက်သည်။
"ဝေမုန့်?"
သွမ့်ဟောင်ရန်မသေသေးမှန်း ဓားဝိညာဥ်သိလိုက်ရရာ သူအလျင်စလိုဖြစ်နေမိသည်။
"ငါ့မှာနာမည်ရှိတယ်၊ ဓားကိုတော့ဝေမုန့်ဓားလို့ခေါ်လို့ရတယ်၊ ငါ့ကိုတော့သွမ့်စဲ့လို့ခေါ်ကွ!"
သူသည်နောက်ဆုံးတွင်ဤစကားလုံးများကိုအော်ပြောလိုက်ပြီး သူ့စိတ်နှင့်ကိုယ်မှာပေါ့ပါးသွားသည်ဟု ရုတ်ခြည်းခံစားမိလိုက်သည်။
အစကတော့ သူသည်ထိုအရူးသွမ့်ဟောင်ရန်ကိုမုန်းတီးသောကြောင့် သူ့နာမည်သူသဘောမကျခဲ့ပေ၊ သို့သော် ရှုလင်ကျား၏နာမည်ပေးခြင်းအဆင့်ကိုမြင်လိုက်ရအပြီးတွင် သူဟာအရာရာတိုင်းတွင်နှိုင်းယှဥ်ခံရမည်ကိုစိုးရိမ်နေမိကြောင်း သွမ့်စဲသဘောပေါက်သွားရသည်။
----အဆိုးဆုံးမရှိဘူး၊ ပိုဆိုးတာပဲရှိတယ်!
ရှုလင်ကျားတစ်အောင့်မျှဆုံးဖြတ်ချက်မချလိုက်ပေ၊ သူ့ကိုကြည့်ရသည်မှာဝေမုန့်အတွက်ပျော့ပြောင်းနေသည့်ပုံပင်။
ယခုကအငြင်းပွားရမည့်အချိန်မဟုတ်သဖြင့် သွမ့်စဲ့ဒေါသကိုယာယီမျိုချကာ သူ့ကိုအလျင်စလိုတိုက်တွန်းလိုက်ရသည်။
"ခုနကလူကသွမ့်ဟောင်ရန်ဆိုတာကို ငါ့မျိုးရိုးကိုသုံးပြီးအာမခံတယ်။ သူမသေသေးဘူး၊ မြန်မြန်လိုက်ဖမ်းတော့လေ!"
ရှုလင်ကျားထူးဆန်းစွာပြောလိုက်သည်။
"ငါကသူ့ကိုဘာအတွက်လိုက်ဖမ်းနေရမှာလဲ။ သူကငါ့အဖေလည်းမဟုတ်ပဲနဲ့။"
သွမ့်စဲ့ပူပန်စွာပြောလိုက်သည်။
"အဲ့ဒါကိုပြောနေတာမဟုတ်ဘူး! သူရဲကောင်းကလမ်းပေါ်မှာထူးဆန်းတဲ့အရာတွေကိုမြင်တဲ့ရင် သူကအဲ့ဒါကိုဖော်ထုတ်ဖို့အဲ့ဒါတွေနောက်လိုက်သွားပြီး သစ္စာဖောက်ကိုအပြစ်ပေးရမှာပေါ့။ မိစ္ဆာတွေကိုရှင်းပစ်ပြီး သူရဲကောင်းစိတ်ဓာတ်ကိုမွေးမြူပြီးတော့ ဒဏ္ဍာရီလာပုံပြင်တစ်ပုဒ်ကိုအစပြုပြီး ဒီညစ်ညမ်းနေတဲ့လောကကြီးကိုကယ်တင်လိုက်စမ်းပါကွာ!"
"..."
ရှုလင်ကျားဟိုဖက်လှည့်၍ ဆန့်ကျင်ဖက်လားရာကိုလျှောက်သွားကာ မထူးခြားမခြားနားပြောလိုက်သည်။
"ငါကသူရဲကောင်းမဟုတ်ဘူး၊ စိတ်မဝင်စားဘူးရယ်။"
သွမ့်စဲ့ကဒေါသတကြီးဆိုသည်။
"ဘုရားရေ! မြေခွေးတစ်ကောင်ကစကားကိုဒီလိုပြောတယ်ပေါ့? မင်းငါ့ကိုမျက်နှာချိုသွေးသင့်တယ်၊ ငါ့မှာမင်းသုံးဖို့အတွက်စွမ်းအားကြီးဓားတစ်လက်ရှိတယ်နော်၊ ဒီအန္တရာယ်မရှိတဲ့ပြဿနာသေးသေးလေးကိုဖြေရှင်းဖို့ မင်းငါ့ကိုမကူညီသင့်ဘူးလားဟ?!"
ရှုလင်ကျားကသူ့ကိုလျစ်လျူရှုကာ ခြေလှမ်းမရပ်ပေ။
သွမ့်စဲ့ပြောလိုက်သည်။
"မင်းဒီလိုလုပ်လို့ရှိရင် အနာဂတ်မှာငါမင်းကိုမကူညီပေးတော့ဘူး!"
ရှုလင်ကျားမျက်တောင်မပင့်ဘဲပြောလိုက်သည်။
"လုပ်ချင်တာလုပ်။ တစ်ခုတော့မမေ့နဲ့၊ မင်းငါ့ကိုသခင်အဖြစ်သတ်မှတ်ထားပြီးသားဆိုတော့ မင်းကငါတစ်ယောက်တည်းရဲ့အပိုင်ပဲဖြစ်လို့ရတယ်၊ ဓားဝိညာဥ်ရ။ ဒါပေမဲ့ ငါ့မှာဓားတွေအများကြီးရှိလို့ရတယ်ရယ်။"
သွမ့်စဲမှာသူ့ကိုဒေါသပေါက်ကွဲမိလုနီးပါးပင်။
သို့သော် နောက်တစ်ခဏတွင် သူတွေ့လိုက်ရသည်မှာ ရှုလင်ကျားကအနီးတဝိုက်တွင်ရပ်၍ ထွက်ပေါက်ရှာလိုက်ပြီးနောက် တည့်တည့်ပျံတက်ကာ လျို့ဝှက်နယ်မြေအပြင်ထွက်သွားတော့သည်။
သွမ့်စဲ့တစ်အောင့်မျှကြောင်အသွားရကာ ထို့နောက်တွင်ရှုလင်ကျား၏လက်ချောင်းများက လေထုထဲကိုထိလိုက်ရာ တောက်ပသောငွေရောင်ကြိုးတစ်ချောင်းရုတ်တရက်ပေါ်လာသည်ကို သူမြင်လိုက်ရသည်။
သွမ့်စဲ့ကပြောသည်။"...အာ၊ ခြေရာခံတဲ့နည်းလမ်း? မင်းခုနကသွမ့်ဟောင်ရန်ကိုယ်ပေါ်မှာ ခြေရာခံတဲ့နည်းလမ်းသုံးလိုက်တာလား။"
ရှုလင်ကျားပြောလိုက်သည်။
"အင်း။"
သွမ့်စဲ့ကဆိုသည်။
"ဒီတော့ မင်းခုနကငါ့ကိုတမင်သက်သက်ဒေါသထွက်အောင်လုပ်ခဲ့တာလား။"
ရှုလင်ကျားပြောလိုက်သည်။
"ဟုတ်တယ်။"
သွမ့်စဲ့: "ဟေး!"
ရှုလင်ကျားကူကယ်ရာမဲ့စွာရယ်မောလိုက်မိသည်။
"ကောင်းပြီ၊ မြန်မြန်သွားကြတာပေါ့ကွာ။"
သွမ့်စဲ့အော်ဟစ်လိုက်မိပြီး သူ့ကိုယ်သူဒေါသထွက်စရာကောင်းပြီး ရယ်စရာကောင်းသည်ဟုတွေးမိကာ သူ့ခန္ဓာကိုယ်ကိုတစ်ချက်ခါ၍ ဓားထဲကိုပြန်ဝင်သွားလိုက်သည်။
သွမ့်ဟောင်ရန်ထွက်သွားသည့်လမ်းကြောင်းအတိုင်း ရှုလင်ကျားလိုက်လာခဲ့သည်။
သူတို့နှစ်ဦးစလုံးဟာအလွန်အမင်းလျင်မြန်သောခြေလှမ်းများဖြင့် ကျွမ်းကျင်သူများဖြစ်ကြသည်။ သူ့နောက်လိုက်ဖမ်းရင်း ပျံသန်းလိုက်ပြီးနောက် သူတို့တွေချင်းချိုးကိုချန်ရစ်ထားခဲ့ကြသည်။
အခုနကလျို့ဝှက်နယ်မြေကား အလွန်တရာမှောင်မိုက်လှပြီး ကြောက်မက်ဖွယ်ကောင်းပေမဲ့ ဂူမှထွက်လာပြီးနောက်တွင်မူ မိုးကောင်းကင်ကတောက်ပလျက်ရှိကာ နေရောင်ခြည်မှာလည်းတောက်ပနေသည်။
သွမ့်ဟောင်ရန်၏ပုံရိပ်ကမြစ်ကမ်းပါးကိုဖြတ်သွားသည်ကို ရှုလင်ကျားမြင်လိုက်ရပြီး သူ့ဓားကိုမသုံးဘဲ ကန်ကိုလျှပ်တပြက်ဖြတ်သွားလိုက်သည်။
သူ့ဘေးရှိမိုးမခပင်မှာယိမ်းနွဲ့ကာဖြင့် တောင်တန်းစိမ်းများမှာစိမ်းမြလျက်ရှိကာ ကန်ရေမှာလည်းသလင်းကျောက်ပမာကြည်လင်နေပြီး တိမ်တိုက်နှင့်မိုးကောင်းကင်တို့ရောင်ပြန်ဟပ်လျက်ရှိကာ အရမ်းကိုလှပပေသည်။
သူ့ရှေ့ရှိပုံရိပ်နှင့်နီးကပ်လာသည်ကိုမြင်လိုက်ရရင်း ရှုလင်ကျားလမ်းဆက်လျှောက်ရင်းဖြင့် လေပြေကိုသူ့ဝတ်ရုံလက်ဖြင့်ဝေ့ဝဲဖယ်လိုက်ပြီး ရေနဂါးတစ်ကောင်ကငြိမ်သက်သောမြစ်ပေါ်တွင်ရုတ်တရက်ပေါ်လာကာ ရှေ့ကိုတည့်တည့်လှိမ့်လာပြီး သူ့ကိုတားဖို့ကြိုးစားလာသည်။
ရေထဲမှရေနဂါးထွက်လာတော့မည်နှင့်တစ်ပြိုင်နက်၊ အရှေ့ရှိတံတားအောက်တွင်လှေအသေးစားတစ်ခုပေါ်လာသည်။
လှေပေါ်တွင်ထိုင်နေသောယောက်ျားမှာ ခမောက်ဆောင်းထားပြီး ပလွေကိုကိုင်ကာ အေးအေးဆေးဆေးမှုတ်လျက်ရှိသည်။
ရှုလင်ကျားလှုပ်ရှားမှုထုတ်သုံးလိုက်တုန်းက သူ့စိတ်ဝိညာဥ်စွမ်းအားကိုသုံးလိုက်ပြီးသားဖြစ်ပြီး မြစ်တစ်စင်းလုံးပေါ်တွင်မည်သူမျှရှိမနေပေ။ ဤလှေကားထူးဆန်းသောအရှိန်အဝါနှင့်အတူ လေထဲမှထွက်ပေါ်လာသည့်ပုံပင်။
ရှုလင်ကျားမျက်မှောင်အသာကြုတ်၍ သူ့လက်ကိုနောက်ပြန်ဖိချလိုက်ရာ ရေနဂါးကိုရေထဲပြန်ကျသွားစေပြီး အနီးတဝိုက်ရှိရေများကိုလှိုင်းသွားစေကာ လှေမှာလည်းပြင်းထန်စွာတုန်ခါသွားတော့သည်။
လှေပေါ်ကလူမှာပလွေကိုကိုင်၍ အပေါ်ခုန်လိုက်ပြီး သူ့ခန္ဓာကိုယ်မှာဝေ့ဝဲသွားကာ သူ့စိတ်ဝိညာဥ်စွမ်းအားမှာလည်းထွက်ပေါ်လာပြီး ကျောချမ်းမှုကိုစူးရှစွာမြင့်တက်လာစေသည်။
ဤလူကားသေချာပေါက်ကိုရှားပါးသောဆရာတစ်ဆူပင်။
ရှုလင်ကျား၏မျက်လုံးများအေးစက်သွားရကာ သူ့ဓားကိုလက်နောက်ပြန်ဆွဲထုတ်လိုက်သည်။
ဓားသွားကားနေရောင်ခြည်အောက်တွင် အေးစိမ့်သောရောင်ဝါဖျတ်ခနဲလက်သွားပြီး ထို့နောက်၎င်းဟာဓားအိမ်ထဲမှလုံးဝဆွဲထုတ်ခံလိုက်ရတော့သည်။ မရေတွက်နိုင်သောဓားချီစွမ်းအင်များရုတ်တရက်ပေါက်ထွက်လာပြီး လှိုင်းထလာသောရေစက်များနှင့်ရောယှက်သွားကာ ပိုက်ကွန်တစ်ခုဖြစ်လာပြီး သူတို့နှစ်ဦးကြားတွင်တည်ရှိနေပေသည်။
ရှုလင်ကျားသည်ဝါးကျိုးပမာ ရေမျက်နှာပြင်ပေါ်ခုန်လိုက်ရာ နှစ်ဦးသားမှာတစ်ပြိုင်နက်တည်းပင်လှေပေါ်ဆင်းသက်လိုက်ကြ၏။
ပုံရိပ်များယိမ်းယိုင်သွားသည့်အခိုက်အတန့်တွင် ရှုလင်ကျား၏ဓားဖျားကတစ်ဖက်လူ၏ခါးထံထိုးနှက်လိုက်သည်။ ကွာခြားမှုအနည်းငယ်သာရှိကြောင်းမြင်လိုက်ရရင်း ထိုလူကသူ့လက်ကောက်ဝတ်ကိုချက်ချင်းဆုပ်ကိုင်ကာ သူ့ကိုတစ်လက်မမျှလှုပ်၍မရအောင်လုပ်လိုက်သည်။
ရှုလင်ကျားမရပ်တန့်ဘဲ တစ်ဖက်လူ၏ရင်ဘတ်ကိုသူ့ညာလက်ဖြင့်ထိုးလိုက်သည်။ ထိုလူဟာလည်းသူ့လက်သီးနှင့်တွေ့ဆုံရန် အခြားလက်တစ်ဖက်ကိုမြှောက်လိုက်ပြီး သူ့လက်သီးကိုလက်ဝါးဖြင့်ဆုပ်လိုက်သည်။
ရှုလင်ကျားတစ်အောင့်ကြာရုန်းကန်ပေမဲ့ မလှုပ်ခတ်သွားပဲနှင့် သူ့လက်မောင်းတွင်နာကျင်မှုကိုခံစားမိလိုက်ကာ အနည်းငယ်တောင့်ခဲသွားရသည်။ တစ်ဖက်လူကအရမ်းကိုမာကြောလိမ့်မည်ဟု သူမထင်ထားမိပေ။
သို့သော် သူ့စိတ်ကလျင်မြန်စွာပြောင်းလဲသွားကာ သူ့ကိုထိန်းချုပ်ထားသောထိုလူကိုကြည့်လိုက်ပြီးနောက် သူ့လက်တွေမှာညီတူညီမျှစိတ်မရှည်ဖြစ်လာပြီး သူရုတ်တရက်အကြံတစ်ခုထွက်လာသည်။
မြူထူသောမိုးကောင်းကင်အောက်တွင် ရှုလင်ကျားခေါင်းမော့ကာ အသက်ရှုသွင်းလိုက်ပြီး သူ့ရှေ့ရှိရေတစ်စက်ကိုမှုတ်ထုတ်လိုက်သည်။
ရေစက်မှာဆန့်ကျင်ဖက်လားရာသို့ရုတ်ခြည်းပျံဝဲသွားပြီး တစ်ဖက်လူ၏မျက်ခုံးကိုထိမှန်သွားသည်။
ဤရှေ့မတိုးနောက်မဆုတ်သာအခြေအနေ၌ ရှုလင်ကျားကထူးဆန်းသောတိုက်ကွက်ကိုရုတ်တရက်ပြုလုပ်လိုက်ရာ သူ့ကိုထိန်းချုပ်ထားသောဆရာတစ်ဆူပင်အကာအကွယ်မဲ့သွားပြီး သူ့ခေါင်းကိုလှည့်ကာရှောင်တိမ်းလိုက်ပေမဲ့ သူ့ခေါင်းပေါ်ကခမောက်မှာပြုတ်ကျသွားကာ ချောမောခန့်ညားသောမျက်နှာတစ်ခုထွက်ပေါ်လာသည်။
တစ်ဖက်လူ၏ရုပ်ရည်သွင်ပြင်ကိုရှုလင်ကျားရှင်းလင်းစွာမြင်လိုက်ရပြီး တစ်အောင့်မျှကြောင်အသွားမိပြီးနောက်၌ သူ့ရင်ထဲတွင်ရုတ်ခြည်းပြက်ရယ်ပြုလိုက်မိသည်။
------သူ့ကိုတားလာသည့်ပုဂ္ဂိုလ်ကား ကျင်းဖေးထုန်ပင်။
ခုနကလေးတင်ပင်၊ သူဟာလျို့ဝှက်နယ်မြေထဲတွင်ရှိနေသေးပေမဲ့ ယခုသူ့ရှေ့တွင်ဆုံတွေ့ပြန်ရာ တကယ့်ကိုမြန်ဆန်လှပေသည်။
ကျင်းဖေးထုန်၏ဉာဏ်နီဉာဏ်နက်ဖြင့်ဆိုလျှင် သွမ့်ဟောင်ရန်မသေသေးမှန်းမသိဘဲနေလိမ့်မည်မဟုတ်၊ ဒါမှမဟုတ် ယင်းကဤလူကြံစည်ထားတာပင်ဖြစ်လိမ့်မည်။ ဒီလူဘာကိုကစားချင်နေတာလဲ။
သူမြေခွေးအသွင်နှင့်တုန်းက သူ့ထံမှကံကောင်းမှုတန်ဖိုးတချို့ရနိုင်ရင်တောင်မှ ရှုလင်ကျားကဒီလူကိုမျက်စိမှိတ်ယုံကြည်လိမ့်မည်ဟုမဆိုလိုပေ။
အဆုံးတွင်၊ ဝတ္ထုတစ်အုပ်လုံးထဲတွင် ကျင်းဖေးထုန်သည်လောကကြီးကိုဖျက်ဆီးချင်နေသော နောက်ဆုံးဗီလိန်တစ်ယောက်ဖြစ်လေရာ သူ့အတွင်းစိတ်မှာအပြင်ပန်းပုံစံကဲ့သို့ နွေးထွေးပြီးအန္တရာယ်မပေးသည့်ပုံဖြစ်လိမ့်မည်မဟုတ်။
သူဟာယခုတွင်မြေခွေးမျိုးနွယ်စု၏သခင်လေးမင်ရှောင်းအဖြစ် အသွင်ပြောင်းထားသည်ကို ရှုလင်ကျားသတိရနေသေးသည်။ သူနှင့်ကျင်းဖေးထုန်ကတစ်ခါမျှမတွေ့ဖူးပါဟု အကြောင်းပြ၍ရသည်။
သူမေးလိုက်သည်။
"ခင်ဗျားကဘယ်သူလဲ။ ခင်ဗျားဘာကြောင့်ကျွန်တော့်လမ်းကိုပိတ်ရတာလဲ။"
ကျင်းဖေးထုန်သည် ရှုလင်ကျား၏လက်ကောက်ဝတ်ကိုကိုင်ထားဆဲဖြစ်ကာ အဖြေပေးမလာသည်မှာ သူ့စိတ်ပျောက်ဆုံးနေသည့်အလား။
မိုးမခရနံ့နှင့်လေညှင်းမှာတိုက်ခတ်သွားပြီး ခုနကမှငြိမ်သက်သွားသောရေမျက်နှာပြင်ကို တိမ်ကောသောလှိုင်းငယ်လေးများဖြစ်ပေါ်သွားစေသည်။
တစ်အောင့်ကြာသော် ကျင်းဖေးထုန်ပြုံးလိုက်မိသည်။
သူ၏နှုတ်ဆိတ်သောမျက်နှာထားမှာညှို့ငင်နေသောဆွဲအားတစ်မျိုးမျိုးပါဝင်ပုံပေါ်ပေမဲ့ သူပါးစပ်ဟလိုက်သောအခါဝယ် နွေဦးလေညှင်းကတောင်တန်းစိမ်းများကိုတိုက်ခတ်သွားပြီး လေပြေကိုတစ်ဖန်ပြန်ဆောင်ကျဥ်းလာသည်။
"ဒီနေ့ရာသီဥတုသာယာတာကိုကိုယ်မြင်လိုက်ရတော့ တစ်ယောက်တည်းဖောင်စီးပြီး အလှအပရှုခင်းတွေကိုကြည့်ချင်နေမိတာ။ ဒါပေမဲ့ ကိုယ်လှေပေါ်ရောက်တော့ လူရိပ်တစ်ရိပ်ကလူတွေကိုထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ကိုယ့်ရှေ့မှာဖျတ်ခနဲပေါ်လာတာကို ကိုယ်မြင်လိုက်ရတယ်လေ။"
ကျင်းဖေးထုန်ကရှုလင်ကျား၏လက်ကိုလွှတ်ပေးကာ သူ့လက်ကိုဖြန့်၍ တစ်ခုခုလှမ်းပေးသည်။
"အဲ့ဒီ့အချိန်တုန်းက ကိုယ်ဒီအရာနဲ့တိုက်ခိုက်ခံလိုက်ရတာပဲ၊ ကိုယ်လိုက်ဖမ်းဖို့ထွက်ကြည့်လိုက်တော့ မင်းကိုမြင်လိုက်ရတာပဲ၊ ဒါကြောင့်မို့ကိုယ်တိုက်ခိုက်လိုက်မိတာ။ ကြည့်ရတာတော့...နားလည်မှုလွဲသွားတဲ့ပုံပဲ?"
ရှုလင်ကျားသည်ကျင်းဖေးထုန်၏လက်ထဲကိုတစ်ချက်ကြည့်လိုက်ရာ အဆိပ်ရည်သုတ်ထားသောငွေအပ်အချို့ကိုမြင်လိုက်ရပြီး အပ်၏ထိပ်ဖျားမှာအနည်းငယ်အပြာရောင်သန်းနေပေ၏။
ဒါကသွမ့်ဟောင်ရန်၏ပစ္စည်းဟုတ်၊မဟုတ် သူမပြောနိုင်ပေမဲ့ ဝေမုန့်ဓားကသူ့လက်ထဲတွင်တုန်ခါလာပုံမှာ သူ၎င်းကိုသိသည့်နှယ်။
Advertisement
ရှုလင်ကျားတစ်အောင့်မျှအာရုံခံလိုက်သော် သွမ့်ဟောင်ရန်ပေါ်သုံးထားခဲ့သောခြေရာခံနည်းလမ်းပျောက်ကွယ်သွားသည်ကိုသိလိုက်ရသည်။
သူပို၍ပင်သံသယဖြစ်မိကာ အေးစက်စွာပြောလိုက်သည်။
"ကျွန်တော်လည်းဒီလူကိုလိုက်ဖမ်းနေတာ။"
ကျင်းဖေးထုန်ကတောင်းပန်စွာဖြင့်ဆိုသည်။
"ကိုယ်တကယ်တောင်းပန်ပါတယ်။ ကိစ္စကဒီလိုဆိုမှတော့ အဲ့ဒီ့လူကိုပြန်ဖမ်းဖို့ ကိုယ်ဘာလို့မကူညီပဲနေရမှာလဲ။ သူဘယ်လောက်ကောက်ကျစ်မှန်းမြင်လိုက်ရတော့ ကိုယ်တို့နှစ်ယောက်အချင်းချင်းဂရုစိုက်ရင် အန္တရာယ်ကင်းလောက်တယ်။"
သူ့လေသံကဖြေးညှင်းစွာဖြင့် အပြုံးတစ်ပွင့်နှင့်အတူစကားပြောလာသော် သူဟာရည်မွန်ပြီးတည်ငြိမ်ပုံပေါက်၍ လူတွေကိုခံစားချက်ကောင်းမွန်စေဖို့ရာအလွန်လွယ်ကူသည်။
ရှုလင်ကျားပြောလိုက်သည်။
"ကျွန်တော်ခင်ဗျားရဲ့နာမည်ကိုမမေးရသေးဘူးနော်?"
ကျင်းဖေးထုန်ကလက်တွေကိုစုကာ အပြုံးတစ်ပွင့်ဖြင့်ဆိုသည်။
"ကျင်းဖေးထုန်ပါ။"
တစ်ဖက်လူကနာမည်အစစ်ကိုပြောလာလိမ့်မည်ဟု ရှုလင်ကျားတကယ်မထင်ထားမိပေ၊ ထို့ကြောင့် သူ့ကိုကြည့်ကာမျက်ခုံးပင့်၍ပြုံးလိုက်သည်။ သူလက်နှစ်ဖက်စုကာပြောလိုက်သည်။
"ခင်ဗျားကပီလော့နန်းတော်ရဲ့အရှင်သခင်ဖြစ်နေတာကိုး။ ဒါပေမဲ့ ကျွန်တော်အရိုအသေမဲ့သွားမိပါတယ်။ ကျွန်တော်ကချင်းချိုးကပါ။"
"မြေခွေးမျိုးနွယ်စုရဲ့သခင်လေး..."
ကျင်းဖေးထုန်ပြုံးလိုက်မိကာခေါင်းအသာငုံ့၍ဘာမှမပြောပေ။ သူယုံ၊မယုံကိုသိနေရင်းဖြင့် သူလက်မြှောက်ကာပြောလိုက်သည်။
"မင်သခင်လေး၊ ကြွပါခင်ဗျ။"
သူတို့နှစ်ဦးစလုံးသည်တစ်ဖက်လူနှင့်ပတ်သတ်ပြီးတွေးနေကြကာ အပြန်အလှန်သတိထား၍သံသယဝင်နေမိကြ၏။ အပေါ်ယံတွင်တော့ သူတို့ကယဥ်ကျေးလျက်ရှိကာ သွမ့်ဟောင်ရန်၏ခြေရာကိုအတူတူသွားရှာကြသည်။
ကျင်းဖေးထုန်က သွမ့်ဟောင်ရန်၏အတုအယောင်ရုပ်လုံးကိုလျစ်လျူရှုကာ သူ့ကိုရည်ရွယ်ချက်ရှိရှိထွက်ပြေးခွင့်ပေးလိုက်သည်ဟု ရှုလင်ကျားခပ်ဖျော့ဖျော့ခံစားမိသည်။
"ကျင်းဖေးထုန်ကသွမ့်ဟောင်ရန်နှင့်နှစ်ပေါင်းများစွာတိတ်တခိုးချစ်ကျွမ်းဝင်နေခဲ့ပြီး သူ၏လွတ်လပ်ခွင့်ကိုပြန်ပေးဖို့တောင့်မခံနိုင်"ဟု မင်းသာထင်ကြေးပေးလိုက်ရင် ယင်းကကျင်းဖေးထုန်ကတစ်ခုခုကိုရှာဖွေဖို့ သွမ့်ဟောင်ရန်ကိုအားထားချင်နေသည်ဟုဆိုလိုခြင်းပင်။
တစ်ဖက်လူကသူ့ကိုလက်ဦးမှုရယူ၍ဖိတ်ခေါ်လာမှတော့ သူ့ကိုကြည့်ချင်နေမှာလည်းသူစိုးရိမ်မိလေရာ ရှုလင်ကျားမှာရိုးရှင်းစွာဖြင့်အသေးစိတ်တစ်ချက်ကြည့်လိုက်မိသည်။
အဆုံးတွင် ဤလူကိုသူမြင်ချင်သည်ဖြစ်စေ၊မမြင်ချင်သည်ဖြစ်စေ၊ ကျင်းဖေးထုန်နှင့်အတူရှိခြင်း၏အကြီးမားဆုံးကောင်းကျိုးမှာ သူ့စိတ်ဝိညာဥ်စွမ်းအားကုန်ခမ်းသွားသောအခါတွင် မြေခွေးအသွင်ဖြစ်လာမည်ကိုစိုးရိမ်နေစရာမလိုတော့သည်ကို သူဝန်ခံရပေလိမ့်မည်။ ရုတ်တရက်ချမ်းသာသွားသည့်နှယ် အရမ်းကိုနှစ်ခြိုက်ဖွယ်ကောင်းလှသည်။
နှစ်ယောက်သားသည်ချင်းချိုး၏အနီးဆုံးမြို့တော်၏အပြင်ဖက်ကိုခပ်မြန်မြန်ရောက်ရှိလာကြ၏။
မြို့တော်၏ဂိတ်တံခါးထိပ်ဝတွင်ရေးထွင်းထားသော "ဝူချန်"ဟူသည့်စာလုံးနှစ်လုံးကို ကျင်းဖေးထုန်မော့ကြည့်လိုက်ပြီး သူ့မျက်လုံးမှာအနည်းငယ်တောက်ပသွားရသည်။
သူကရှုလင်ကျားကိုပြောသည်။
"မင်သခင်လေး၊ ဒီမှာအခြားလမ်းမရှိတော့ဘူး။ အဲ့ဒီ့လူကမြို့တော်ထဲကိုဝင်သွားတာဖြစ်နိုင်ချေများတယ်။ မြို့ထဲဝင်ပြီးတစ်ချက်လောက်သွားကြည့်ကြရအောင်လား။"
ဟုတ်တာပေါ့၊ ချင်းချိုးကဝူချန်ကိုဘယ်တုန်းကမျှမဝင်ခဲ့ဖူးပေ။ ဤမြို့တော်ကားမြေခွေးမျိုးနွယ်စု၏ကောင်းချီးပေးခြင်းခံထားရကာ ရှားပါးပြီးထူးခြားသောဆေးဖက်ဝင်အပင်အမျိုးအစားအစုံအလင်ဖြင့် ကြွယ်ဝချမ်းသာသည်။ ဝင်ထွက်သွားလာနေသောကုန်သည်များစွာရှိပေမဲ့ ယင်းကားအလွန်မဂ်လာရှိကာ သက်ဝင်လှုပ်ရှားလျက်ရှိသည်။
သူမြို့ထဲဝင်ပြီးနောက်မကြာမီ၌ သူ့ဘယ်ဘက်ရှိနံရံပေါ်တွင်ပုံတူပန်းချီတစ်ခုကို ရှုလင်ကျားမြင်လိုက်ရသည်။
လူအများစုကစုရုံးကာ ဆွေးနွေးနေကြသည်။
"သနားစရာပဲ၊ လူငယ်လေးကအရမ်းချောတာကို၊ အသက်ငယ်ငယ်လေးနဲ့သေသွားရတယ်လို့ကွာ။"
"ငါကြားတာကတော့သူကအိပ်ပျော်သွားပြီး ဘယ်တော့မှနိုးမလာတော့ဘူးဆိုပဲ။ ဒီလိုအခြေအနေအများစုက ပုန်းကွယ်နေတဲ့ရောဂါတစ်ခုခုကြောင့်ပဲ။ အသက်ပါပါသွားတာလေ။"
ကမ္ဘာပေါ်တွင်နေ့စဥ်နေ့တိုင်းသေခြင်းနှင့်ရှင်ခြင်းဖြစ်ပျက်နေကာ လူငယ်လေး၏သေဆုံးမှုမှာဝမ်းနည်းစရာဆိုသော်လည်း ယင်းကထူးခြားနေတာမျိုးမဟုတ်ပေ။ ရှုလင်ကျားအကြည့်အနည်းငယ်ပိုကြည့်မိလိုက်သည့်အကြောင်းရင်းမှာ လူအုပ်ထဲတွင်ရပ်နေသောပန်းရောင်နှင့်အမျိုးသမီးတစ်ယောက်ကြောင့်ပင်။
သူမသည်အရပ်ရှည်ကာ ချောမောလှပပြီး ကျောပြင်ပေါ်တွင်ဓားရှည်တစ်လက်ချိတ်ထားကာ ပုံတူပန်းချီအားစူးစိုက်ကြည့်နေ၏။ သူမမျက်နှာထားကဗလာနတ္ထိဖြစ်နေလေရာ သူမမည်မျှပင်ဝမ်းနည်းနေမှန်းသူမမြင်ရပေ။
ရှုလင်ကျားသတိထားမိသွားသည့်အရာမှာသူမ၏ဓားရှည်ဖြစ်သည်။ ဤဓားက လင်ရှောင်းဂိုဏ်းသားများကိုဂိုဏ်းထဲစဝင်သည့်အချိန်တုန်းကပေးဝေသောဓားပင်။ ဓားရေးကိုသူတို့အနည်းငယ်တတ်မြောက်လာသောအခါ၊ သူတို့ကိုယ်ပိုင်ဓားကိုရွေးချယ်ခွင့်ရှိသည်။
သို့သော် ဤမိန်းကလေးကိုချီဇုန်တွင်သူတစ်ခါမျှမမြင်ဖူးပေ။ ထို့ကြောင့် သူမကရှင်းဇုန်ဂိုဏ်းသားတစ်ယောက်ဟုတ်၊မဟုတ် သူလည်းမသိပေ။
ပန်းရောင်နှင့်သူမ၏အနောက်တွင်မူ ငှားရမ်းထားသောအစောင့်များဖြစ်ပုံရသော ထွားထွားကြိုင်းကြိုင်းယောက်ျားကြီးအနည်းငယ်ရှိနေသည်။ သူမသည်တစ်အောင့်မျှတန့်သွားကာ ထို့နောက်တွင်ပုံတူပန်းချီကိုယူ၍ ထိုလူတွေကိုပြောလိုက်သည်။
"သွားကြမယ်၊ အလောင်းကိုကျွန်မနဲ့အတူယူလာခဲ့လိုက်။ ပြီးရင်ချင်းချိုးဆီသွားပို့ဖို့ကျွန်မကိုကူညီပေးပါ။"
ယောက်ျားကြီးတစ်ယောက်ကပုံတူပန်းချီကိုလှမ်းယူကာ လူအုပ်ကြီးကိုမောင်းထုတ်၍ ကျယ်လောင်စွာပြောလိုက်သည်။
"လမ်းဖယ်ကြ၊ စုရုံးမနေကြနဲ့! လူသေတစ်ယောက်ရဲ့ပုံတူပန်းချီကဘာများအရမ်းကောင်းနေလို့လဲ။"
ဤရှုထောင့်မှနေ၍ ပုံတူပန်းချီပေါ်တွင်ရေးဆွဲထားသည်ကို ရှုလင်ကျားဘာမှမမြင်ရပေ။ အရာရှိတစ်ယောက်ရောက်လာပြီး လူအုပ်ကြီးကိုခွဲလိုက်မှသာလျှင် ပုံတူပန်းချီကသူ့ရှေ့တွင်ဖျတ်ခနဲပေါ်လာတော့သည်။
ရှုလင်ကျားရုတ်ခြည်းတောင့်တင်းသွားရသည်။
ပုံတူပန်းချီပေါ်တွင်ရေးဆွဲထားသောလူမှာ သူအယောင်ဆောင်ထားသည့်မျက်နှာနှင့် တစ်ထပ်တည်းတူညီနေကြောင်း သူတွေ့လိုက်ရသည်။
ဒီအလောင်းက...ချင်းချိုးမျိုးနွယ်စုသခင်လေးမင်ရှောင်းအစစ်လား။
ရှုလင်ကျားကိုမြေခွေးမျိုးနွယ်စုသခင်လေးအဖြစ်အယောင်ဆောင်ရန် ချန်နဥ်ပြောလာတုန်းက၊ မျိုးနွယ်စုခေါင်မင်ချီဟာအိပ်ပျော်နေပြီး မျိုးနွယ်စုခေါင်၏သားအစစ်ဘယ်မှာရှိနေမှန်းလည်းမသိကြောင်း ပြောပြခဲ့သည်။ မျိုးနွယ်စု၏သံသယကိုပျောက်ပျက်စေရန်အလို့ငှာ မင်ရှောင်းဟုအမည်ရသောမြေခွေးတစ်ကောင်ကိုရှာဖွေခဲ့သည်။ လူငယ်လေးမှာငယ်စဥ်ကတည်းကသခင်လေးအဖြစ်ပြုစုပျိုးထောင်ခံခဲ့ရသည်။
သို့သော်လည်း မင်ရှောင်းကတော့မျိုးနွယ်စုထဲတွင်မကြာမကြာမရှိတတ်ပေ။ မကြာသေးခင်တုန်းက ချန်နျဥ်ဟာသူ့ထံမှဘာသတင်းမှမကြားရတော့သဖြင့် ရှုလင်ကျားကိုအရေးပေါ်အကူအညီတောင်းလိုက်ရခြင်းပင်။
ဒီတော့...မင်ရှောင်းကိုမြေခွေးမျိုးနွယ်စုရှာမတွေ့ရတဲ့အကြောင်းရင်းက သူကအပြင်မှာမတော်တဆဖြစ်သွားလို့ပေါ့?
"မင်သခင်လေး"
ထိုအခိုက်၊ ကျင်းဖေးထုန်ကခေါင်းလှည့်၍ သူ့ကိုပြောလာသည်။
"ဘာသဲလွန်စမှရှာမရမှတော့ အဲ့ဒီ့စားသောက်ဆိုင်ကိုသွားပြီးသတင်းရှာကြမလား။"
ရှုလင်ကျား၏ပထမဆုံးတုံ့ပြန်မှုမှာ ထိုပုံတူပန်းချီကိုကျင်းဖေးထုန်မမြင်စေရန်ဖြစ်သည်၊ ထို့ကြောင့် တစ်ဖက်လူခေါင်းလှည့်လာသော် သူဘေးကိုမသိလိုက်မသိဘာသာလှည့်၍ ထိုသူ၏အမြင်ကိုပိတ်ဆို့လိုက်သည်။
နှစ်ယောက်သားမှာအရင်ကဘေးချင်းကပ်လမ်းလျှောက်ဖူးကာ အကွာအဝေးကသိပ်မဝေးပေ။ ရှုလင်ကျားသည်သူ့ကိုယ်ကိုတစ်ဖက်သို့လှည့်ကာ အနီးကပ်သွားလိုက်သည်မှာ လက်ဦးမှုရယူ၍ကျင်းဖေးထုန်ဆီကိုခြေတစ်လှမ်းတိုးချင်သည့်နှယ်။
ကျင်းဖေးထုန်အနောက်လှည့်လိုက်သော် ရှုလင်ကျား၏မျက်ဝန်းတစ်စုံထဲကိုကြည့်မိသွားသည်။
ထိုအခိုက်အတန့်တွင် သူနောက်ထပ်ဘာပြောရမလဲဆိုတာ ရုတ်တရက်မေ့သွားရသည်။
နှစ်ယောက်သားမှာအပြန်အလှန်ကြည့်နေမိကြပြီး လေထုမှမဖော်ပြနိုင်လောက်အောင်ထူးဆန်းလျက်ရှိပုံမှာ သံသယနှင့်ဝေခွဲမရဖြစ်နေသည့်ပမာ။
တစ်အောင့်ကြာသော် ရှုလင်ကျားသည်ဘာမှမဖြစ်ခဲ့သည့်အလား မသိမသာအနောက်ဆုတ်ကာ လက်ကိုမြှောက်၍ စားသောက်ဆိုင်ဘက်ကိုညွှန်ပြလိုက်၏။
"ကောင်းပါပြီ၊ ကြွပါ။"
ကျင်းဖေးထုန်စိတ်ငြိမ်သွားကာ ပြုံး၍ခေါင်းငြိမ့်လိုက်သည်။
"အင်း။"
ထိုအခိုက်၊ သူ့မျက်လုံးကဘယ်ဘက်ကိုတည်ငြိမ်စွာဝေ့ဝဲသွားပြီး ထို့နောက်ပြန်ရုတ်သိမ်းလိုက်ကာ သူ့နှုတ်ခမ်းမှာမသိမသာဖြင့်ခပ်ဖျော့ဖျော့ကော့တက်သွားချေသည်။
ရှုလင်ကျားကသူ့နောက်မှခြေလှမ်းတစ်ဝက်နှေးချ၍လိုက်သွားလိုက်ပြီး ကျင်းဖေးထုန်၏အနောက်ကစိုက်ကြည့်နေမိသည်။
သူတို့နှစ်ဦးစလုံးသည်ကျင့်ကြံသူများဖြစ်ကြကာ ကျင့်ကြံရေးအဆင့်လည်းမြင့်မားသောကြောင့် အစာမစားလျှင်ပင်ဆာလောင်ပြီးမသေနိုင်ပေ၊ စားလိုက်ရင်လည်းကိစ္စမရှိပေ။
စားသောက်ဆိုင်အတွင်းကိုဝင်သွားလိုက်ပြီးနောက် နှစ်ဦးသားမှာထိုင်ခုံပေါ်မထိုင်ချမီ သေရည်ဝိုင်တစ်အိုးနှင့်အဆာပြေစားစရာမုန့်တချို့ကို သာမန်ကာလျှံကာမှာလိုက်သည်။
ကျင်းဖေးထုန်ကရှုလင်ကျားအတွက်သေရည်တစ်ခွက်ထည့်၍ ကမ်းပေးသည်။ ရှုလင်ကျားလှမ်းယူလိုက်ပေမဲ့ မသောက်ပေ။ သူခွက်ကိုလှည့်ကာပြောလိုက်သည်။
"နန်းတော်သခင်ကျင်း၊ ဒီမြို့မှာတစ်ခုခုထူးဆန်းတာရှိတယ်လို့ထင်လား။"
"အိုး?"
ရှုလင်ကျားပြောလိုက်သည်။
"ကျင့်ကြံသူတွေ၊ မကောင်းဆိုးဝါးမိစ္ဆာတွေနဲ့သာမန်လူတွေမှာ အကြောက်တရားကိုယ်စီရှိကြတာပဲ။ ကျွန်တော်မြို့ထဲမှာမြင်လိုက်ရတာက မိစ္ဆာတွေ၊ ကျင့်ကြံသူတွေနဲ့သာမန်လူတွေအကုန်လုံးကရောထွေးနေတာမှ အများပိုင်နေရာလိုပဲ။ ဒါကထူးဆန်းတယ်။"
သူငှဲ့ပေးသောသေရည်ကိုမသောက်သေးကြောင်းမြင်လိုက်ရရင်း ကျင်းဖေးထုန်ပြုံးလိုက်မိကာ သေရည်တစ်ငုံသောက်လိုက်ပေမဲ့ ရှုလင်ကျား၏အမေးကိုတိုက်ရိုက်မဖြေပေ။
သူကဆိုသည်။
"မင်သခင်လေး၊ မင်းကမြေခွေးမျိုးနွယ်စုခေါင်မင်ချီရဲ့တစ်ဦးတည်းသောသားလေ။ ဒီတော့ မြေခွေးမျိုးနွယ်စုမှာတစ်ခုခုဖြစ်သွားတာကို မင်းလည်းသိသင့်တယ်မလား။"
ရှုလင်ကျားတည်ငြိမ်စွာပြောလိုက်သည်။
"ကျွန်တော့်အမေကိုကျွန်တော့်အမေလို့ပဲမှတ်မိတယ်။ သူမအိပ်မောကျနေတဲ့အခြေအနေမျိုးမှာ ကျွန်တော်ငယ်ငယ်လေးကတည်းက မြေခွေးမျိုးနွယ်စုမှာမကြီးပျင်းခဲ့ရဘူးလေ။ မြေခွေးမျိုးနွယ်စုနဲ့ပတ်သတ်တဲ့ကိစ္စတချို့ကိုရော၊ ကျွန်တော်မသိတဲ့ကိစ္စတချို့ကိုရော ကျွန်တော်ကြားတော့ကြားမိတယ်။ ခင်ဗျားဘယ်ကိစ္စကိုပြောမှန်းကျွန်တော်မသိဘူးဗျ။"
သူ့စကားများကဒွိဟဖြစ်နေကာ ကျင်းဖေးထုန်ပြုံးလိုက်မိပြီး ဆက်ပြောလိုက်သည်။
"ကျွန်တော်ဆိုလိုတာက-- ရူရီကောင်းကင်ဘုံဘုရင်ကိုလေ။"
ရှုလင်ကျားရုတ်ခြည်းမျက်လုံးပင့်လိုက်မိသည်။
ဇုန်ဝူရှင်း၊ သူဤလူကိုတစ်ခါမှမမြင်ဖူးသော်လည်း ဤနာမည်ကလွန်ခဲ့သောနှစ်ရာချီတုန်းကမည်မျှကြောက်စရာကောင်းခဲ့မှန်း သူလည်းပဲသိသည်။ သူဒါကိုကြားလိုက်ရသော်သူ့မျက်နှာပြောင်းလဲသွားရသည်။
ထိုစဥ်ကသူ၏ရုပ်ရည်မှာ မရေတွက်နိုင်သောအကောင်းဆုံးထဲတွင် အကောင်းတကာ့အကောင်းဆုံးအဖြစ်သတ်မှတ်ခံခဲ့ရသည်။
ဇုန်ဝူရှင်းသည်"ရူရီကောင်းကင်ဘုံဘုရင်"ဟုအမည်တွင်သော်လည်း သူကားနတ်ဘုရားတစ်ပါးမဟုတ်ဘဲ မိစ္ဆာတစ်ကောင်ဖြစ်ချေ၏။
ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးစပွင့်လာသောဖရိုဖရဲကာလတွင် 'နူဝ'ကလူသားများကိုဖန်ဆင်းကာ စိတ်ဝိညာဥ်ဉာဏ်ပညာများကိုမြေကြီးထဲသို့ထိုးသွင်းခဲ့သည်။ သို့သော် ၎င်းနှင့်အတူ လူသားတို့၏နှလုံးသားထဲတွင်ဖယ်ရှားဖို့ခက်သော လောဘနှင့်မိစ္ဆာအတွေးများရှိသေးသည်။
ဤကဲ့သို့မကောင်းသောစိတ်ခံစားချက်များဖြင့် တချို့ဟာလူသားတို့၏ကိုယ်ထဲတွင်ချိပ်ပိတ်ခံလိုက်ရပြီး တချို့ကတော့ပျောက်ကွယ်သွားကြကာ ကမ္ဘာကြီးနှင့်အတူယှဥ်တွဲနေထိုင်ရင်း တဖြည်းဖြည်းနှင့်အချိန်တွေကြာလာသောအခါ အိပ်မက်ဆိုးဟူ၍ဖြစ်လာသည်။
အစကတော့ မိစ္ဆာများဟာမကောင်းသောစိတ်ခံစားချက်မျိုးစုံကိုသာလျှင် ပြုလုပ်နိုင်ကြသည်။ သူတို့သည်ရှင်သန်လိုစိတ်ကိုမှီခို၍ လူသားတို့၏နှလုံးသားထဲတွင်မိစ္ဆာအတွေးများကိုဖြစ်ပေါ်စေကာ လူသားတို့၏ခန္ဓာကိုယ်ကိုအပိုင်စီးကာ အချင်းချင်းသတ်ဖြတ်ဝါးမျိုကြသည်။
ထို့နောက် ဇုန်ဝူရှင်းဟာဘုရင်တစ်ပါးပမာ မိစ္ဆာထောင်ပေါင်းများစွာမှမွေးဖွားလာခဲ့သည်။
Advertisement
- In Serial9 Chapters
Demons of Humanity
‼️ Long hiatus to improve myself‼️ Times were calm until terror struck, demons, the embodiment of evil, began attacking humanity. In response angels from the sky blessed and supported humans by granting them the power of magic. One man especially, a chosen one, almost single handedly fought the demons and became regarded as a hero. Decades later, demons continue to bring pain and suffering, but humans continue to fight back with their new powers. A child would come to understand the hatred towards demons after having his home ravaged by demons, losing his family in the process. Somehow, a miracle protected him, a mysterious man saved the child under him. Years pass, and the kid grew up talent and latent ability completely Separate from the rest, almost inhuman. And embarked on his revenge. *I dont own the art, its by Lee hu Kwang on Artstation the other image was found on Pinterest: 4b80b0bd7b86c5293ad1&_url=https%3A%2F%2Fwww.pinterest.ca%2Famp%2Fpin%2F408490628706086374%2F*
8 198 - In Serial21 Chapters
I Think I Got Stuck In My Favourite RPG :TFALM
After another night of drunken partying by himself, Dale wakes up to find that he is his character Azurith from an old MMO RPG he was playing the other night. Trapped in a magical world where elves, dwarfs and demons exist, he decides to play along and start a guild. Accompanied by a band of beautiful ladies, the self pro-claimed Booty-demon azurith will vanquish evil monsters, rebuild cities from scratch and make his guild or as he calls it, his "harem" famous across the world, but first, he will have to deal with all the stereotypes that came with becoming a demon. Writeathon challenge:"
8 149 - In Serial34 Chapters
Kiss of Tragedy
Juliet is the innocent freshman at university. Seth is the mysterious stranger. Too handsome to be real, he barely looks human. Most telling of all, he has three sets of bite marks down his throat. He denies being a vampire, though he openly admits he's nothing but trouble... until that fateful day when he kisses Juliet and her vision opens to show violence, death, a reality she can no longer run from, and a version of herself she didn't know existed.
8 160 - In Serial33 Chapters
Ashes of Hell
Nestor is a monk, he dedicated the entirety of his life to the church. Yet destiny was far crueler than what he could ever imagine. His arrival at lands of magic and madness will change his character forever. In the city most known to be housing damned souls will he stay true to his humanity? Chapters aren't very long since English isn't my first language. Around 1.2 k to 1.4 k. Chapter release will be on Wednesday, saturday and sunday. --> This schedule is on hold due to me being busy, for now I'll write when I can. Possible scenes of gore and violence ahead!!
8 176 - In Serial17 Chapters
Romance is Boring || Wilbur Soot x Reader
You recently moved to California with your mom and had to leave your friends and everything else behind. When you started attending your new school, you've suddenly met people you already knew. That's how everything started...[Okay, this is my first story ever so please don't judge me too hard. I'll try my best on this but I cannot promise you guys that this will be good...]Wilbur's Soot x ReaderLunchclub x Reader#363 in reader tag ( ͡° ͜ʖ ͡°)#173 in ff tag#538 in wilbursoot tag#29 in ghostbur tag#489 in dreamsmp tag#868 in mcyt tag#201 in sbi tag#82 in jschlatt tag
8 293 - In Serial26 Chapters
REJECTION
Have you ever fallen in love? I understand what rejection means yet forgetting how my heart uncontrollably beats... how a smile erases reason... how I wished for even one moment of acceptance...Have you ever fallen in love? I did. Still do.
8 167

