《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂၀.၂] တင်းခဲ့ရင်းလီ|တင္းခဲ့ရင္းလီ
Advertisement
"အဓိကဇာတ်ဆောင်၏မူပိုင်ဇာတ်ကြောင်းလွှဲပြောင်းခြင်း + ဒီကနေ့၏ခွန်အားကြီးသောအမွှေးဖွာမြေခွေးလေး။"
(၂)
.................................................................
အနန္တမိစ္ဆာမျက်လုံးကား လျို့ဝှက်နယ်မြေထဲ၌ အနက်ရှိုင်းဆုံးဂူဖြစ်သည်။
ရှုလင်ကျားသည်ချန်းနဥ်ထံမှရိုးရှင်းသောစကားလုံးအနည်းငယ်ကြားဖူးခဲ့ပြီး ဤနေရာကိုသွယ်တန်းထားသောလမ်းမှာ အရမ်းကိုအကွေ့အကောက်များပြီး ရောက်ဖို့ရန်ခဲယဥ်းလှသည်ဟုဆို၏။ ၎င်းကိုထိုသို့ခေါ်ဆိုရခြင်းမှာ ပတ်ပတ်လည်ရှိကျောက်နံရံများဟာလူမျက်လုံးများကဲ့သို့သော ပုံသဏ္ဍာန်များဖြင့်ဖုံးကာလျက်ရှိကာ လူ့စိတ်ကိုအလွယ်တကူပျက်ယွင်းစေနိုင်ပြီး ထင်ယောင်ထင်မှားပုံရိပ်ယောင်များကိုဖြစ်ပေါ်စေနိုင်သောကြောင့်ပင်။
ဆန့်ကျင်ဖက်အနေဖြင့် ကျန်းရွေ့၏ဖောက်ခွဲမှုသည် မိစ္ဆာမျက်လုံးထံသွားရန် သူ့အတွက်အလွန်အဆင်ပြေသောလမ်းကြောကိုဖောက်ပေးလိုက်ပေ၏။
ရှုလင်ကျားသည်စနစ်မှပေးသောလမ်းကြောင်းအတိုင်းပြေးလာခဲ့ပြီး လမ်းထောင့်ကိုသွားကာ ရုတ်တရက်ကွေ့လိုက်သည်။
စနစ်ကသူ့ကိုကြည့်လိုက်ပြီး ဆန့်ကျင်ဖက်လမ်းကိုသွားရမည်ဟုပြောရန်ပြင်လိုက်ချိန်တွင် တစ်ဖက်လူကကျောက်စိမ်းရှေ့ကိုတည့်တည့်မတ်မတ်ပြေးသွားပြီး သူ့ကိုယ်သူရှင်းလင်းစွာကြည့်ရှုနေပေသည်။
စနစ်: [...တကယ်ချစ်စရာမကောင်းဘူးရယ်၊ ဗီလိန်ကဘာမှပြောမှာမဟုတ်ဘူးလို့ငါယုံတယ်!]
[ဗီလိန်ကအရမ်းရက်စက်တာ၊ အကောင်သေးသေးလေးတွေကိုဘယ်လိုလုပ်ပြီးသဘောကျမှာလဲနော်!]
လူသားများကငယ်စဥ်ဘဝတွင်အနက်ရှိုင်းဆုံးအရိပ်များချန်ရစ်ထားခဲ့ကြသည်ဟု သူကြားဖူးခဲ့သည်၊ ဖြစ်နိုင်တာကတော့ လူသားဖြစ်လာသောမြေခွေးများမှာလည်းအတူတူပင်ဖြစ်လောက်သည်။
လူသားဖြစ်မလာနိုင်ခင်တုန်းက ဂိုဏ်းထဲတွင် ရှုလင်ကျား၏နာကျင်ဖွယ်အတိတ်ကို၎င်းစိတ်ကူး၍ရသည်။
ရှုလင်ကျားသည်ကျောက်စိမ်းရှေ့တွင်ကျောပြင်ကိုကွေး၍ သားရဲတစ်ကောင်ခုန်အုပ်သကဲ့သို့ပြုမူကာ သွားကိုဖြဲ၍ ရက်စက်သယောင်ပြုမူလိုက်ပြီး သူအနည်းငယ်ခွန်အားကြီးလာပြီဟုခံစားမိကာ အရင်တစ်ခါတုန်းကဖဲပြားချည်ထားသောသူ၏ရူးနှမ်းနှမ်းအသွင်အပြင်ကို တစ်ဖက်လူမေ့သွားအောင်ပြုလုပ်ချင်နေမိ၏။
ထို့နောက် သူသည်ပို၍ရက်စက်ကြမ်းကြုတ်ပုံပေါ်အောင် အမွှေးများကိုလက်ဖဝါးများဖြင့်ဖွလိုက်ပြီး ထို့နောက်ကျင်းဖေးထုန်ရှိရာဘက်ကိုကြည့်လိုက်သည်။
မိစ္ဆာမျက်လုံးဂူအပြင်ဖက်ရှိလမ်းကား အကွေ့အကောက်များပြီး ခလုတ်ကန်သင်းများဖြင့်ပြည့်နေကာ နေရာတိုင်း၌အန္တရာယ်ရှိပေမဲ့ ဂူအတွင်း၌မူအရမ်းကိုကျယ်ပြောလှသည်။
ပတ်ပတ်လည်ရှိစိမ်းပြာရောင်ကျောက်နံရံများမှာ ခပ်ဖျော့ဖျော့အလင်းယိုင်လျက်ရှိပြီး ကျောက်တုံးပုံစံများကိုရောင်ပြန်ဟပ်နေကာ ကြောက်မက်ဖွယ်ကောင်းသောမျက်လုံးတစ်စုံပမာ အိပ်မက်တစ်ခုကိုတိတ်တဆိတ်ဖြစ်ပေါ်စေသည်။
ဂူကြမ်းပြင်မှာ ကျောက်စိမ်းနက်များဖြစ်တည်နေပြီး ရှည်ထွက်နေသောကျောက်တုံးများမှာ ထူးဆန်းသောပုံသဏ္ဍာန်များရှိကာ လှိုင်းနက်အစုအဝေးတို့ပမာ အတွင်းအကျဆုံး၌သဘာဝအလျောက်ဖြစ်တည်နေသောပလ္လင်ကိုဝန်းရံထားလျက်ရှိသည်။
လေထုထဲ၌မြူမှိန်ဖျော့ဖျော့ရှိနေပြီး ပလ္လင်ပေါ်ရှိအဖြူရောင်ပုံရိပ်ကိုဖုံးကွယ်ထားသည်။
ယင်းကားကျင်းဖေးထုန်ပင်။
သူသည်ပလ္လင်ပေါ်တွင်မှီထိုင်လျက်ရှိပြီး လက်တစ်ဖက်ပေါ်ခေါင်းတင်၍ မျက်လုံးများမှာမှိတ်ထားပုံပေါ်သည်မှာ အိပ်မောကျနေသည့်နှယ်။
ဤအနန္တမိစ္ဆာမျက်လုံးဂူဟာ လျို့ဝှက်နယ်မြေတစ်ခုလုံးတွင်အန္တရာယ်အများဆုံးနေရာဖြစ်သည်။ မရေတွက်နိုင်သော ကျောက်မျက်လုံးအစုံတို့ကြည့်တာခံလိုက်ရသောလူများမှာ အတိတ်နှင့်လိုအင်ဆန္ဒ၏ပုံရိပ်ယောင်ထဲကိုကျရောက်ရန် အရမ်းကိုလွယ်ကူလှပြီး ဘယ်သောအခါမှထပ်မံနိုးထမလာချင်တော့ဟုပြောကြသည်။
သို့သော် ပင်ကိုယ်အားဖြင့်ဆိုလျှင် ကျင်းဖေးထုန်ကဲ့သို့ကျင့်ကြံရေးအဆင့်မြင့်မားသောတစ်စုံတစ်ယောက်အတွက်တော့ အဖမ်းခံရဖို့အဲ့လောက်မလွယ်ပေ။
သို့ပေမဲ့ ဤအခိုက်အတန့်တွင် ကျင်းဖေးထုန်ကဤနေရာတွင်ရှိနေပြီး ထိခိုက်မည်ကိုသိနေပေမဲ့ သူလုံးဝမခုခံဘဲ နက်ရှိုင်းသောပုံရိပ်ယောင်ထဲသို့သူကိုယ်သူကျရောက်ခွင့်ပေးကာ သူ့နှလုံးသားထဲကအနက်ရှိုင်းဆုံးလိုအင်ဆန္ဒကိုကြည့်နေပေသည်။
----ပုံရိပ်ယောင်ထဲ၌ သူ့နားထဲတွင်လေတိုးသံဖြတ်တိုက်သွားသည်။ သူကားတိမ်ဖြူနှင့်လေပြေတို့ဖြင့်ပျံသန်းလျက်ရှိသည်။ နေရောင်ခြည်ကသူ့ကိုယ်ပေါ်ကိုကျရောက်နေပေသည်။
သူ့နောက်တွင်တစ်ယောက်ယောက်ကစကားပြောလျက်ရှိပြီး ကြည့်ရသည်မှာသူ့အခြွေအရံဖြစ်ပုံပင်။
"..သခင်လေး၊ ဒီလိုသာဆိုရင် သခင်လေးမှာရှစ်တိတစ်ယောက်ရှိလာတော့မယ်။ သူကအသက်ငယ်ပေမဲ့ အရမ်းထူးချွန်ပြီးတော့ သာမန်ထက်ပိုတဲ့နောက်ခံအသိုင်းအဝိုင်းမျိုးရှိတယ်ဆိုပဲ။ အနာဂတ်မှာ သခင်လေးဆီကနေလေ့လာသင်ယူနိုင်တဲ့လူတွေရှိလာတော့မှာ၊ ဒီတော့ ပျင်းတယ်ဆိုပြီး သခင်လေးအမြဲတမ်းအထွန့်တက်စရာမလိုတော့ဘူး။"
တိမ်တိုက်များကြား၌တောင်ထွတ်တစ်လုံးရှိနေပြီး မသေမျိုးဆန်ကာ လှပသောသဘာဝရှုခင်းလည်းရှိသည်။
သူ့ဝတ်ရုံလက်ကိုတစ်ချက်ခါ၍ တောင်ထိပ်ပေါ်ဆင်းသက်ကာ သူ့ဓားကိုသူ့နောက်ကလူထံပစ်ပေး၍ကိုင်ထားခိုင်းလိုက်သည်။
သူကိုယ်တိုင်ပျင်းရိပျင်းတွဲပြောလာသည်ကို ကျင်းဖေးထုန်ကြားလိုက်ရသည်။
"ငါကဘယ်ကနေသင်ယူလို့ရမှာတုန်း။ ဆရာသခင်ကတပည့်လက်ခံလိုက်ပေမဲ့ သူကိုယ်တိုင်ကတော့ထပ်ပြီးထွက်ပြေးသွားပြန်ပြီ။ အဲ့အဖိုးကြီးကလေးထိန်းတာကိုကူညီဖို့ ငါစိတ်မဝင်စားဘူးရယ်!"
ထိုအချိန်တွင် သူအသံကားယခုကထက်ပို၍ဒေါသဖြစ်နေပုံပေါ်သည်။ အေးစက်သကဲ့သို့ အနိုင်မခံအရှုံးမပေးသောငယ်ရွယ်မှုအပြည့်နှင့်စိတ်ဝိညာဥ်တချို့ရှိနေပေသည်။
ထိုစကားလုံးများပြီးဆုံးသွားပြီးမကြာမီတွင် တောင်အနောက်ဖက်မှဓားတစ်လက်ပျံထွက်လာပြီး သူ့ရှေ့ရှိကျောက်တုံးပေါ်တွင်စိုက်သွားကာ ဓားပေါ်ရှိအပြာရင့်ရောင်ပန်းဖွားမှာအနည်းငယ်ခါရမ်းသွားချေသည်။
တစ်စုံတစ်ယောက်ကထေ့ငေါ့ပြောလာသည်။
"တကယ်လား။ ကြီးမြတ်တဲ့သူရဲကောင်းရေ၊ ခင်ဗျားပဲကလေးထိန်းရမလား၊ အနာဂတ်မှာအရှုံးပေးရမလားဆိုတာ ကျွန်တော်တို့ကြည့်ရသေးတာပေါ့!"
--နေအုံး၊ သူကဘယ်သူလဲ။
ငါသူ့ကိုတွေ့ဖူးလား။ ဒီအသံကဘာလို့ဒီလောက်ရင်းနှီးနေတာလဲ။
မှုန်ဝါးဝါးအိပ်မက်ထဲ၌ အရာရာတိုင်းကားမြူတစ်လွှာခံနေပုံရကာ သေချာမြင်ရဖို့မဖြစ်နိုင်ပေ။
ကျင်းဖေးထုန်သည်ရုတ်တရက်အရမ်းကိုပူပန်သွားရကာ အရှေ့ကိုအမြန်လျှောက်သွားပြီး စကားပြောနေသည့်လူငယ်လေးကိုသေချာကြည့်ဖို့ကြိုးစားနေမိ၏။
သို့သော်လည်း ခြေတစ်လှမ်းလှမ်းရုံသာရှိသေး၊ ကမ္ဘာကြီးမှာရုတ်တရက်တစ်ပတ်လည်သွားပုံရကာ မြင်ကွင်းကချက်ချင်းဆိုသလိုပြောင်းလဲသွားတော့သည်။
သူအသိစိတ်ပြန်ရလာသော် သူကားမျက်လုံးမှိတ်လျက်သားဖြင့်ကုတင်ပေါ်တွင်လဲလျောင်းနေသည်မှာ ရောဂါတစ်ခုခုမှပြန်ကောင်းလာသည့်နှယ်။
သူ့နှဖူးပေါ်လက်တစ်ဖက်တင်လာပြီး ပြန်ဖယ်သွားသည်။ ခုနကနှင့်တူညီသောအသံက အသံနိမ့်ကာမေးလာသည်။
"ဘယ်လိုနေလဲ၊ ရှစ်ရှုန်း?"
သူကရိုးရှင်းစွာဆိုလာသည်။
"ဒီလိုဆိုရင် ကျွန်တော်လင်းရှန်ကိုပြန်ပြီး ဆေးပင်တစ်ခုခုယူလာလို့ရမရကြည့်လိုက်အုံးမယ်၊ ပြီးရင်ပြန်လာခဲ့မှာမို့ အစ်ကိုဒီမှာအရင်နေခဲ့နော်။"
ထို့နောက်တွင် သူထပ်ပြီးထွက်သွားပြန်သည်။
သိသိသာသာကိုပင်၊ မင်းမျက်လုံးဖွင့်လိုက်သောအခါ တစ်ဖက်လူ၏သွင်ပြင်ကိုရှင်းလင်းပီသစွာမြင်နိုင်ပေသည်၊ သို့သော် မျက်တောင်များမှာအလွန်လေးလံလွန်းလှသဖြင့် သူဘယ်လောက်ပဲဖွင့်ဖွင့် မင်းလုံးဝကိုဖွင့်၍မရပေ။
ကျင်းဖေးထုန်စိုးရိမ်သွားရကာ သူ့လက်ကိုဆန့်၍ကုတင်ပေါ်စမ်းလိုက်ပြီး တစ်ဖက်လူ၏ဝတ်ရုံလက်ကိုဆုပ်ကိုင်လိုက်သည်။
"ကိုယ့်ကိုမထားသွားနဲ့!"
သူလွှတ်ခနဲပြောလိုက်မိသည်။
"ကိုယ်ဆေးသောက်ဖို့မလိုဘူး၊ မင်းကိုကိုယ့်ဘေးမှာပဲနေစေချင်တယ်။"
ဝတ်ရုံလက်အစွန်းကသူ့လက်ချောင်းများထံမှလျှောထွက်သွားသည်။
"ပတောက်--"
မြူများမှငွေ့ရည်ဖွဲ့လာသောရေတစ်စက်မှာဂူထိပ်ဖျားမှကျလာခဲ့ကာ ကျင်းဖေးထုန်ရုတ်တရက်နိုးလာတော့သည်။
သူ့နှလုံးသားထဲ၌ အိပ်မက်ထဲကလက်ကျန်စိတ်ပျက်မှုနှင့်စိုးရိမ်မှုတို့ရှိနေဆဲဖြစ်ပေမဲ့ လူတွေကသဘာဝအလျောက်သတိဝီရိယရှိကြသည်။
သူသည်ပုံရိပ်ယောင်ထဲတွင်ပိတ်မိပြီး နိုးလာခဲ့သည်မှာ ခုနကရေစက်ကြောင့်မဟုတ်ပေ။
ဂူတစ်ခုလုံးကား သူ၏အသိစိတ်နှင့်ရစ်ပတ်ထားပေသည်။ အပေါ်ယံမျက်နှာပြင်တွင်မည်သည့်လှုပ်ရှားမှုတစ်စုံတစ်ရာမျှမရှိပုံပေါ်သော်လည်း တစ်စုံတစ်ခုကသူ့အနားတိတ်တိတ်လေးချဥ်းကပ်လာသည်ကို ကျင်းဖေးထုန်ခံစား၍ရသည်။
ကြည့်ရတာတော့...သားရဲတစ်ကောင်ကောင်က မြေကြီးပေါ်ညင်သာစွာနင်းချကာ တစ်လှမ်းပြီးတစ်လှမ်းဖြင့် ပလ္လင်ဆီသို့တဟုန်ထိုးပြေးလာနေသည်။
ကျန်ရှိသောနူးညံ့မှုမှာသူ့မျက်ခုံးနှစ်ဖက်ကြားတွင်ပျောက်ကွယ်သွားပြီး ကျင်းဖေးထုန်သာမန်ကာလျှံကာစိုက်ကြည့်ပြီး ပလ္လင်ပေါ်ကထကာ သူ့လက်ထဲတွင်စိတ်ဝိညာဥ်စွမ်းအားများကိုစုစည်း၍ ရောက်လာသူရှိရာဖက်ကိုကြည့်လိုက်သည်။
မှိန်ဖျော့ဖျော့အလင်းရောင်ထဲတွင် သေးသေးကွေးကွေးနှင့် မြေခွေးဖြူတစ်ကောင်ကပလ္လင်ပေါ်ကို ကျော့ကျော့မော့မော့ဖြင့်တက်လာသည်ကို သူမြင်လိုက်ရသည်။
ကျင်းဖေးထုန်: "..."
ဒီမြေခွေးထပ်လုပ်ပြန်ပြီ။
ဒီလျို့ဝှက်နယ်မြေထဲကို ဒီမြေခွေးရောက်လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။
ဒီမြေခွေးကဘာလဲ။ မကောင်းဆိုးဝါးလား။ သားရဲလား။ ဒါမှမဟုတ် ချင်းချိုးမြေခွေးမျိုးနွယ်စုကလား။
ကျင်းဖေးထုန်သည်အစကတည်းကနက်နဲကာ သံသယများသောလူတစ်ယောက်ဖြစ်၍ အကြိမ်အနည်းငယ်တွေ့ဆုံမှုကပင် ဤမြေခွေးနှင့်ပတ်သတ်ပြီး
သူ့ကိုထူးထူးဆန်းဆန်းနှင့်ခုခံချင်စိတ်ဖြစ်အောင်လုပ်နေပေသည်။
တစ်ဖက်လူဘာလုပ်ချင်မှန်းသူမသိပေ၊ ထို့ကြောင့် ပလ္လင်၏လက်တန်းပေါ်ကို မြေခွေးပေါက်လေးခုန်တက်လာသည်ကို တိတ်တဆိတ်ကြည့်နေလိုက်သည်။
ရှုလင်ကျားဟာလည်းအရမ်းကိုသတိထားကာ စနစ်ကိုမေးလိုက်သည်။
"မင်းငါ့ကိုဘာလုပ်စေချင်တာလဲ။"
သူတစ်ခါတည်းခုန်တက်မသွားရသည့်အကြောင်းရင်းမှာ ကျင်းဖေးထုန်ကသူ့ကိုထိခိုက်အောင်လုပ်ချင်သည်ဟုထင်သွားပြီး တိုက်ကွက်သုံးလာမည်စိုးသဖြင့် သူထိုနေရာတွင်တစ်အောင့်ကြာရပ်၍ သူကိုထိခိုက်စေလိုသည့်ရည်ရွယ်ချက်မရှိကြောင်းပြလိုက်သည်။
စနစ်ကမြေခွေးလေး၏ခန္ဓာကိုယ်ကိုကြည့်၍ သူအတွေးလွန်နေသည်ဟုတွေးမိသည်။
[Hostကိုဗီလိန်ရဲ့ဘေးမှာအမွှေးတိုင်တစ်တိုင်စာကြာအောင်တစ်မှေးအိပ်ဖို့ပြောချင်ပါတယ်၊ ဒါမှ ဗီလိန်ဟာအိပ်မက်ဆိုးကနိုးလာပြီးနောက်မှာ အဖော်ပြုပေးခံရခြင်းရဲ့နွေးထွေးမှုကိုခံစားနိုင်မှာဖြစ်တယ်။]
အိပ်မက်ဆိုး?
ရှုလင်ကျားအနည်းငယ်အံသြသွားမိပေမဲ့ ကျင်းဖေးထုန်၏ကျင့်ကြံရေးနှင့်ပင်ကိုယ်စရိုက်ဖြင့်ဆိုလျှင် ထိုအိပ်မက်တို့ကြောင့်ဒုက္ခရောက်လိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။
ဤတာဝန်ကမခက်ခဲပေ။ သူသည်ခြေဖဝါးလေးများဖြင့် ကျင်းဖေးထုန်၏ဝတ်ရုံလက်ပေါ်တမင်သက်သက်တက်နင်းချလိုက်၏။ တစ်ဖက်လူကဘာမှမပြောကြောင်းမြင်လိုက်ရရင်း ရှုပ်ထွေးသောပုံစံတို့ဖြင့်တန်ဆာဆင်ထားသော ကျင်းဖေးထုန်၏ဝတ်ရုံလက်ကျယ်ပေါ်တွင်လှဲချကာ တိတ်တိတ်လေးကွေးနေလိုက်သည်။
ကျင်းဖေးထုန်တစ်အောင့်မျှအောက်စိုက်ကြည့်လိုက်ပြီး ဤမြေခွေးလေးကအိပ်ဖို့နွေးထွေးသည့်နေရာရှာချင်ရုံသာဖြစ်သည်ကိုတွေ့ရှိလိုက်သည်။
ထို့နောက်မတိုင်ခင်အထိ၊ သူ့မျက်နှာမှာအနည်းငယ်တောင့်တင်းနေသည်ဟု သူခံစားမိပြီး အပြုံးမှာပျောက်ကွယ်သွားရသည်။
ကျင်းဖေးထုန်လက်ဖျောက်တီး၍ နဂိုဖန်တီးထားသောစိတ်ဝိညာဥ်စွမ်းအားကိုဖျောက်လိုက်သည်။
---အတိအကျပင်၊ သူထိုတစ်ခဏတွင်တကယ်မလှုပ်ချင်မိပေ။
သူမြေခွေးလေး၏နားရွက်ကိုထိလိုက်သည့်အရင်တစ်ခါတွင် ၎င်း၏ချဥ်းကပ်မှုကိုသူခုခံနိုင်စွမ်းနည်းပါးသွားခဲ့သည်။ ယခုတွင်ဤကဲ့သို့အမွှေးဖွာမြေခွေးသေးသေးလေးကခေါင်းအုံးပမာကွေးနေပြီး သူ၏စည်းချက်မှန်မှန်အသက်ရှုသံကိုခံစားရင်းဖြင့် ကြောက်မက်ဖွယ်နယ်မြေထဲရှိညအမှောင်ယံထဲတွင် အနည်းငယ်ပို၍တိတ်ဆိတ်နေပုံရသည်။
ကျင်းဖေးထုန်၏စိတ်ခံစားချက်များအနည်မထိုင်သွားမီ သူသည်ရိုးရှင်းစွာဖြင့်ပလ္လင်ပေါ်ကျောပြန်မှီကာ ပျင်းရိပျင်းတွဲဖြင့်သူ့နှဖူးပေါ်လက်တင်၍ မျက်လုံးမှိတ်လိုက်၏။
တစ်မှေးအိပ်လိုက်ရင်း ခုနကအိပ်မက်အကြောင်းကိုပြန်တွေးလိုက်သည်။
အိပ်မက်ထဲကလူကဘယ်သူလဲ။ ငါသူ့ကိုမြင်လိုက်ရတဲ့အချိန်မှာ ငါ့နှလုံးသားကဘာလို့များအရမ်းကိုပျော်ရွှင်၊ ခါးသီးနေတာများလဲ။
သူ့မှာရွေးချယ်စရာမရှိပါဘဲ အလွန်အမင်းတန်ဖိုးထားပြီး အရေးကြီးသောတစ်စုံတစ်ရာကိုဆုံးရှုံးလိုက်ရသည့်နှယ်။
ဒါကိုစဥ်းစားမိရင်း ဆူညံသောနှလုံးခုန်သံကသူ့စိတ်ထဲတွင် တဖြည်းဖြည်းချင်းပဲ့တင်သံထပ်လာကာ ထို့နောက်ပိုမိုကြီးထွားလာပေသည်။
ယင်းကားမိစ္ဆာအတွင်းစိတ်ပင်၊ ၎င်းကဤကဲ့သို့မသင့်လျော်သောအခိုက်အတန့်မျိုးတွင် ထပ်ဖြစ်လာပြန်သည်။
Advertisement
မရေတွက်နိုင်သောစကားအခွန်းများကထပ်လျက်ရှိပြီး ထူထဲသောအမုန်းတရားအဖြစ်ပြောင်းလဲသွားကာ အဆိပ်ရည်များပန်းထုတ်နေသောစပါးအုံမြွေကြီးတစ်ကောင်နှယ် ဖြေးညှင်းစွာဆန်တက်လာပေသည်။
"ကျစ်! ဟန်ဆောင်နေတာရပ်လိုက်စမ်းပါ! မင်းအစစ်အမှန်ကလူတိုင်းရဲ့မျက်လုံးထဲကသိမ်မွေ့ပြီး ရိုးဖြောင့်တဲ့အကြည့်မဟုတ်ဘူး။"
"မင်းဒီလောကကြီးကိုမုန်းတယ်၊ ဒီလောကကြီးကမှောင်မိုက်၊ အေးစက်ပြီး ညစ်ညမ်းတယ်လို့ မင်းအမြဲတွေးနေခဲ့တာ။ ဒီလောကကြီးထဲကအရာအားလုံးကိုမင်းဖျက်ဆီးပစ်ချင်တယ်!"
"မင်းဘာကြောင့်သည်းခံနေမှာလဲ။ မင်းရဲ့ခွန်အားနဲ့မုန်းတီးမှုက ဒီထက်ပိုတယ်ဆိုတာမင်းသိပါတယ်! မင်းရဲ့နှလုံးသားစေရာအတိုင်းသွားလိုက်စမ်းပါ! မင်းလုပ်ချင်တာလုပ်လေ၊ မကောင်းဘူးလား။"
"သွားတော့--- သွား---"
ကျင်းဖေးထုန်ရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးများမှာအေးစက်လျက်ရှိပြီး ပတ်ပတ်လည်ရှိကျောက်နံရံပေါ်က အမူအရာကင်းမဲ့သောမျက်လုံးအစုံများကိုရောင်ပြန်ဟပ်နေသည်။
သူ့နှလုံးသားထဲတွင်အေးစက်စွာတီးတိုးဆိုလိုက်သည်။
"တကယ်လား။"
သူ၏အေးစက်သောစကားလုံးများနောက်လိုက်၍ ပဲ့တင်သံထပ်နေသောအသံမှာ တစ်ယောက်ယောက်က၎င်းလည်မျိုကိုညှစ်နေသည့်နှယ် နှောင့်ယှက်ခံလိုက်ရသည်၊ သို့ပေမဲ့ ၎င်းကထွက်သွားရန်ဆန္ဒမရှိသေးဆဲဖြစ်ကာ စူးရှသောအော်သံတစ်သံပြုလာသည်။
ကျင်းဖေးထုန်သည်မျက်နှာအမူအရာကင်းမဲ့စွာဖြင့်မျက်လုံးထပ်မှိတ်လိုက်မိ၏။
သူ၏မိစ္ဆာအတွင်းစိတ်မှာတစ်နေ့ပြီးတစ်နေ့ပိုမိုဆိုးဝါးလာပြီး သူကုသမှုရှာတွေ့ရင်တောင် ဖြေရှင်း၍မရပေ။
သိသာစွာပင်၊ သူသာလိုချင်သရွေ့ ဤကမ္ဘာပေါ်ရှိအဖိုးတန်ပြီး ရှားပါးသောရတနာအကုန်လုံးဟာ သူ့ရှေ့ကိုလွယ်လင့်တကူရောက်လာလိမ့်မည်ပင်၊ သို့သော် သူ့ဘဝတွင်ကြီးမားသောချို့ယွင်းချက်တစ်ခုရှိပုံပေါ်ကာ ထိုဟာတာတာဖြစ်နေမှုကြီးမှာဖြည့်တင်း၍မရနိုင်ပေ။
တစ်ယောက်ယောက်ကသူ့ကိုစောင့်နေသည်ဟု သူအမြဲတစေခံစားနေရပေမဲ့ တစ်ဖက်လူကမည်သူမှန်းမသိသကဲ့သို့ ထိုသူဘယ်လိုပုံစံရှိမှန်းပင်မသိပေ။ ဤအကြောင်းရင်းအတွက် ကျင်းဖေးထုန်နည်းလမ်းစုံသုံးပြီး အဖြေရှာဖို့ရန်အိပ်မက်ဆိုးနယ်မြေကိုပင်သွားခဲ့ပေမဲ့ ကံမကောင်းစွာဖြင့် ထိုသူဘယ်လိုပုံစံရှိမှန်း သူမသိရသေးပေ။ အိပ်မက်ထဲကကောင်လေး၏ပုံပန်းသွင်ပြင်ကို သူမြင်ချင်မိသည်။
ဤအချိန်မှာ သူ့နှလုံးသားကတိတ်ဆိတ်လျက်ရှိပြီး မိစ္ဆာ၏စကားအချို့မှာလုံးဝကျိုးကြောင်းမဆီလျော်တာမဟုတ်ဟု သူရုတ်တရက်ခံစားမိချေသည်။
ဤကမ္ဘာကြီးပေါ်တွင် ကူကယ်ရာမဲ့သောအရာများစွာရှိသည်။ ဤလောကကြီးထဲတွင်ဒီအတိုင်းနေပြီး စည်းမျဥ်းတို့ဖြင့်ဘောင်ခတ်ခံနေမည့်အစား ဒီကမ္ဘာမှရုန်းထွက်ဖို့ကြိုးစားတာပိုကောင်းလိမ့်မည်ပင်။
မင်းရဲ့လက်ထဲမှာအရာရာတိုင်းကိုကိုင်ထားသရွေ့ ဘယ်အရာကမှမင်းကိုမထားသွားတော့ဘဲ မင်းလိုချင်တဲ့လူကိုအမြဲရှာတွေ့နိုင်ပေသည်။
ကျင်းဖေးထုန်လက်ဖြန့်၍ တစ်ဖန်လက်ဆုပ်လိုက်မိသည်မှာ ပုံရိပ်ယောင်ထဲတွင်လျှောထွက်သွားခဲ့သောဝတ်ရုံလက်ကိုဆုပ်ကိုင်ချင်သည့်နှယ်။
[အမွှေးတိုင်တစ်တိုင်စာအချိန်ပြည့်သွားပါပြီ၊ ကံကောင်းမှုတန်ဖိုး၂၀ထပ်ပေါင်းထည့်လိုက်ပါပြီ။]
စနစ်ကတာဝန်အသစ်ထပ်ထုတ်ပြန်လာသည်။
[ဗီလိန်နဲ့လက်ဝါးချင်းငါးချက်ရိုက်ပြီး လောကကြီးရဲ့ရန်သူဖြစ်ရခြင်းရဲ့အထီးကျန်မှုကို ဖယ်ထုတ်ပစ်လိုက်ပါ။]
ဤတစ်ကြိမ်တာဝန်က ရှုလင်ကျားအတွက်လက်ခံဖို့လွယ်သည်။ သူမတုံ့မဆိုင်းဘဲခေါင်းလှည့်လိုက်ရာ ဘေးတွင်အနည်းငယ်ဆန့်ထုတ်ထားသော ကျင်းဖေးထုန်၏လက်ကိုမြင်လိုက်သည်။ ထို့ကြောင့် သူ့လက်ဖဝါးကိုဆန့်ကာ ကျင်းဖေးထုန်၏လက်ဝါးပေါ်ပုတ်လိုက်သည်။ တစ်ကြိမ်။
ကံကြမ္မာ၏နှိပ်စက်ညှင်းပန်းခြင်းခံရသော ဗီလိန်နှင့်အမြှောက်စာဇာတ်ကောင်တို့မှာ နားလည်မှုတချို့ရှိပုံပေါ်သည်။ ဒါကစိတ်ပိုင်းဆိုင်ရာသက်ရောက်မှုလားတော့မသိ။ လက်ဝါးချင်းရိုက်တာအောင်မြင်သွားသည့်အခိုက်၌ ရှုလင်ကျားချက်ချင်းလန်းဆန်းသွားချေသည်။
မတိုင်ခင်ကလျို့ဝှက်နယ်ပယ်ထဲတွင်တစ်လမ်းလုံးပြေးလာရသည့်မောပန်းနွမ်းနွယ်မှုကား ယူပစ်သလိုပျောက်ကွယ်သွားပြီး ဒဏ်ရာပေါ်ကနာကျင်မှုအများစုမှာအရှင်းပျောက်သွားတော့သည်။ သူ့ကိုယ်ပေါ်ကအမွှေးများမှာအမြစ်မှထိပ်ဖျားအထိ ခွန်အားအပြည့်ဖြစ်နေသည်ကို ရှုလင်ကျားခံစားမိလိုက်သည်။
သူထပ်လုပ်နိုင်တယ်!
လေထုကိုထပ်မံဖမ်းဆုပ်မိလိမ့်မည်ဟု ကျင်းဖေးထုန်ထင်ထားခဲ့ပေမဲ့ သူ့လက်ပေါ်ကို ဤကဲ့သို့နူးညံ့၊ နွေးထွေးပြီး အမွှေးနုများရှိသောလက်ဖဝါးသေးသေးလေးလာတင်လိမ့်မည်ဟု သူထင်မှတ်မထားခဲ့မိပေ။
ယင်းကားအိပ်မက်ထဲကပျော့ပြောင်းသောပိုးသားဝတ်ရုံလက်နှင့် လုံးဝကွာခြားသော်လည်း...
အိပ်မက်ထဲမှာ ၊ အိပ်မက်အပြင်ဖက်မှာ ။
အမည်မသိလူငယ် ၊ အမွှေးဖွာမြေခွေးလေး ။
အချည်းနှီးပုံရိပ်ယောင်နှင့်လှုံ့ဆော်မှုမရှိသောနာကျည်းချက်တို့မှ ကျင်းဖေးထုန်လုံးဝလွတ်မြောက်လာပြီး သူကြံ့ကြံ့မခံနိုင်ကြောင်းသိလိုက်ရသည်။
ထိုအခိုက်အတန့်မှာ သူလည်းပဲအဖော်သေးသေးလေးလိုအပ်ပုံပေါ်သည်။
သူအနည်းငယ်တမ်းတစွာဖြင့်သက်ပြင်းချလိုက်မိပြီး မြေခွေးလေးကိုငုံ့ကြည့်လိုက်သော် သူပြုံးမိဆဲပင်။
"မင်းဘာလုပ်နေတာလဲ။ ဒါမှမဟုတ် မင်းကိုယ့်ကိုတစ်ခုခုပြောချင်လို့လား။"
ကျင်းဖေးထုန်သည်လက်ဖဝါးသေးသေးလေးကို သူ့လက်ထဲတွင်ဖျစ်ညှစ်ကာ သက်ပြင်းခပ်ဖွဖွချလိုက်၏။
"ကိုယ်မင်းနဲ့တွေ့တာနှစ်ကြိမ်ရှိပြီ၊ မင်းနဲ့ကိုယ်ကလည်းအရင်ဘဝမှာဆက်နွယ်ခဲ့တာများလား။ မြေခွေးလေး၊ မြေခွေးလေးရေ၊ မင်းလုပ်နိုင်လား။ ကိုယ့်ရဲ့မရေမရာဖြစ်မှုတွေကိုမင်းရှင်းပြနိုင်လား၊ ကိုယ့်အိပ်မက်ထဲကအဲ့ဒီ့လူကဘယ်သူလဲ...ဘယ်သူများလဲ။"
သူ၏မျက်ခုံးများမှာအရမ်းကောင်းသဖြင့် သူကလူတွေကိုချစ်ခြင်းမေတ္တာဟူသည့်ခံစားချက်ကို အမြဲလိုလိုပေးစွမ်းလျက်ရှိသည်။ ဤအချိန်တွင် သူ့အသံကညင်သာပြီး သူ့နှုတ်ခမ်းပေါ်တွင်ဝမ်းနည်းမှုတစ်စွန်းတစရှိနေပေကာ သေစေနိုင်လောက်သောညှို့အားအနည်းငယ်ကို ထပ်ပေါင်းဖြည့်နေချေ၏။
ထိုအလှလေးကရှုလင်ကျားမပြောနှင့်၊ "ဝေမုန့်"ဟုခေါ်သောဓားရှည်အပေါ်တွင်သက်ရောက်မှုမရှိသည်မှာသနားစရာကောင်းလှသည်။
သူသည်ကျင်းဖေးထုန်အားသူ့လက်ဖဝါးကိုယာယီကိုင်ထားခွင့်ပြုလိုက်ပြီး သူ့ကံကောင်းမှုတန်ဖိုးက၃၀အထိတက်သွားကြောင်း အသိပေးချက်ကိုကြားလိုက်ရသော် ကူကယ်ရာမဲ့စွာဖြင့်အမြှီးလှုပ်ရမ်းလိုက်မိ၏။
ရှုလင်ကျားကစနစ်ကိုမေးလိုက်သည်။
"ငါနောက်ထပ်ဘာလုပ်ရအုံးမလဲ။"
စနစ်ကဆိုသည်။
[ဗီလိန်ရဲ့လက်ရှိအခြေအနေဟာဆိုရင် "စိတ်သက်သာရာရနေပြီး အနည်းငယ်စိတ်အားငယ်နေကာ တောက်ပပြီး ဝမ်းနည်းနေပါတယ်"၊ ဒီနေ့ရဲ့ကုသမှုကတော့ပြီးဆုံးသွားပါပြီ၊ နောက်ထပ်တာဝန်တွေကိုထုတ်ပြန်ပေးမှာမို့ အခုတော့မျှော်လင့်ထားလိုက်ပါအုံး။]
ကျင်းဖေးထုန်လက်ဆန့်၍ မြေခွေးလေး၏ခေါင်းပေါ်ကအမွှေးကိုဖြေးညှင်းစွာထိလိုက်မိသည်။
လူသားတို့၏နှလုံးသားကားကြိုတင်မှန်းဆ၍မရ။ တစ်ခါတရံကျရင် သူတို့၏အတွေးများကိုသူတို့ကိုယ်တိုင်ပင်နားမလည်ကြပေမဲ့ စိတ်ကောင်းဝင်ပြီး ယဥ်ကျေးစွာပြုမူတတ်လေ့ရှိကာ တိရစ္ဆာန်ဖြစ်ရခြင်းထက် ပို၍သန့်စင်ပေသည်။
ထို့နောက် သူမြင်လိုက်ရသည်မှာ မြေခွေးလေးကရုတ်တရက်မျက်နှာလွှဲ၍ သူ့လက်ကိုလက်ဖဝါးတစ်ဖက်ဖြင့်တုံ့ဆိုင်းမှုမရှိဘဲတွန်းဖယ်လာကာ ဟိုဖက်လှည့်၍ပလ္လင်ပေါ်ကထကာ နောက်လှည့်မကြည့်ဘဲပြေးသွားတော့သည်။
ကျင်းဖေးထုန်: "..."
မေ့လိုက်တော့၊ တိရစ္ဆာန်တွေကလည်းစိတ်အပြောင်းအလဲမြန်တာပဲ။
သူသက်ပြင်းချလိုက်မိကာ လက်ရုတ်၍မေးကိုထောက်လိုက်ပြီး မြေခွေးလေးပြေးထွက်သွားသည်ကိုကြည့်နေမိသည်။
သူ၏နံဘေးရှိနံရံပေါ်၌ လူရိပ်တစ်ရိပ်ဖြေးညှင်းစွာထွက်ပေါ်လာကာ ထို့နောက်တွင်မီးခိုးရောင်ဝတ်ရုံနှင့်လူတစ်ယောက်ကနံရံပေါ်ကလျှောက်ဆင်းလာပြီး ဒူးတစ်ဖက်ထောက်၍ အရိုအသေပေးလာသည်။
"ကျွန်တော်မျိုးအရှင့်ကိုအရိုအသေပေးပါတယ်။"
ကျင်းဖေးထုန်ကလက်ကိုအသာအယာမြှောက်လိုက်သည်။
မီးခိုးရောင်ဝတ်ရုံနှင့်ယောက်ျားမှာမတ်တပ်ထရပ်ကာ ခေါင်းငုံ့၍မေးလာသည်။
"ကျွန်တော်မျိုးရဲ့အရှင်...ဒီအစေခံကအဲ့ဒီ့မြေခွေးလေးကိုပြန်ခေါ်လာပေးဖို့လိုပါသလား။"
ကျင်းဖေးထုန်သည်သူ၏ဝတ်ရုံလက်ကျယ်ကို သာမန်ကာလျှံကာပြုပြင်၍ ပြောလိုက်၏။
"မင်းကိစ္စကိုပြော။"
သူကအစေခံဖြစ်ကြောင်း မီးခိုးရောင်ဝတ်ရုံနှင့်လူချက်ချင်းသိလိုက်ပြီး မြန်မြန်ပြောလိုက်ရသည်။
"ဟုတ်ကဲ့၊ ကျွန်တော်မျိုးရဲ့အပြစ်ကို ခန်းမအရှင်သခင်ခွင့်လွှတ်ပေးတော်မူပါ။ သွမ့်ဟောင်ရန်ကဟန်ဆောင်ထားတာဆိုတဲ့သတင်းကို ကျွန်တော်မျိုးရခဲ့ပါတယ်။"
ဒါဟာလည်းမျှော်လင့်ထားပြီးသားပင်၊ ကျင်းဖေးထုန်နှုတ်ခမ်းကော့တက်သွားရကာ အေးစက်သောအပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး မေးလိုက်သည်။
"လူကရောဘယ်သွားလဲ။"
မီးခိုးရောင်ဝတ်ရုံနှင့်ယောက်ျားကဆိုသည်။
"သူကအခုအနောက်တောင်အရပ်ကိုဦးတည်နေပါတယ်။ သူ့နောက်ကိုလိုက်ဖို့တစ်ယောက်ယောက်ကိုလွှတ်ထားပါတယ်။"
ကျင်းဖေးထုန်ခေါင်းအသာငြိမ့်လိုက်သည်။
မီးခိုးရောင်ဝတ်ရုံဖြင့်လူကပြောသည်။
"အဲ့ဒါအပြင် "မိုးကြိုးဓားသွား"ရဲ့အခြားတစ်ဝက်ကသွမ့်ဟောင်ရန်သုံးတဲ့ ဓားသွားပေါ်မှာရှိတယ်လို့ ဒီအစေခံကြားခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဒီအစေခံကညံ့ဖျင်းတာမို့ သူ့ဓားငါးချောင်းလုံးကိုတစ်လက်ပြီးတစ်လက်စစ်ဆေးခဲ့ပါတယ်။ ကျောက်စိမ်းပြားကို ကျွန်တော်မျိုးရှာမတွေ့ခဲ့ပါဘူး။"
ဒါကိုကြားလိုက်ရတော့ ကျင်းဖေးထုန်သူ့ကိုတစ်ချက်စိုက်ကြည့်၍ ပြောလိုက်သည်။
"သူ့မှာ ရေခဲပြာရောင်ဓားရှည်တစ်လက်ရှိသေးတယ်။"
မီးခိုးရောင်ဝတ်ရုံနှင့်ယောက်ျားကဦးခေါင်းညွှတ်ကာ ပြောလာသည်။
"ဟုတ်ကဲ့၊ ဒီအစေခံထပ်ပြီးသွားရှာလိုက်ပါ့မယ်။"
ထိုဓားဘယ်သူ့လက်ထဲမှာရှိမှန်းသူသိသည်။
ရှုလင်ကျား...
ကျင်းဖေးထုန်ပြုံးလိုက်မိကာ ပလ္လင်ပေါ်ကဆင်းလိုက်သည်။
"မလိုဘူး၊ သွားလို့ရပြီ။"
သူကမည်သည့်အမိန့်မှမပေးဘဲ သူ့စိတ်ကိုမည်သူမျှနားမလည်နိုင်ပေ၊ သို့ပေမဲ့ ထိုစကားများကိုညင်သာသောလေသံဖြင့်ကြားလိုက်ရအပြီးတွင် မီးခိုးရောင်ဝတ်ရုံနှင့်ယောက်ျားမှာစကားတစ်ခွန်းပင်မပြောရဲဘဲ ခါးကိုင်း၍ အနောက်ဆုတ်လိုက်သည်။
ရှုလင်ကျားသည်ဗီလိန်ကိုအသုံးချပြီးနောက် စွန့်ပစ်ခဲ့သည့်နှလုံးသားမရှိသောမြေခွေးလေးဖြစ်သော်လည်း သူ့နှလုံးသားထဲတွင်ကျင်းဖေးထုန်ကိုအမြဲလိုလိုသတိအနည်းငယ်ထားနေခဲ့ပေ၏။
တိုတောင်းသောတွေ့ဆုံမှုနှစ်ကြိမ်အပြီးတွင် ကျင်းဖေးထုန်ကားတစ္ဆေဆန်သောလူတစ်ယောက်ဖြစ်ကာ သူ့စိတ်ကကြိုတင်ခန့်မှန်း၍မရဘဲ သူ့၌လျို့ဝှက်သောလှုပ်ရှားမှုတချို့ရှိကာ သူဟာသေချာပေါက်ကိုလွယ်ကူသောပြိုင်ဖက်မဟုတ်ကြောင်း သူခံစား၍ရသည်။
သူသည်အလျင်မြန်ဆုံးအရှိန်ဖြင့်အနန္တမိစ္ဆာမျက်လုံးဂူထဲမှထွက်လာလိုက်ပြီး တန်းမထွက်သွားဘဲ အမှောင်ထဲတွင်စူးစမ်းနေမိ၏။
တစ်အောင့်ကြာသော် ကျင်းဖေးထုန်ဖက်တွင်မည်သည့်လှုပ်ရှားမှုမျှမရှိသည်ကို မြင်လိုက်ရမှသာ ရှုလင်ကျားစိတ်သက်သာရာရသွားသည်။
သူသည်ဘယ်၊ညာလျှောက်ကာ အဝိုင်းသဏ္ဍာန်ပတ်လျှောက်လိုက်၏။ အနီးဝန်းကျင်တွင်မည်သူမျှမရှိကြောင်းမြင်လိုက်ရရင်း ကျောက်နံရံအနောက်တွင်ဝင်ပုန်းလိုက်သည်။ မြေခွေးမျိုးနွယ်စု၏သခင်လေးမင်ရှောင်း၏ပုံပန်းသွင်ပြင်အဖြစ် သူပြန်ပြောင်းလိုက်ပြီး ငယ်ရွယ်ချောမောသောလူငယ်လေးတစ်ယောက်တစ်ဖန်ပြန်ဖြစ်သွားသည်။
ရှုလင်ကျားသူ့ဝတ်ရုံကိုဆန့်ကာ ကျောက်နံရံအနောက်မှပြန်လှည့်ထွက်လာလိုက်ပြီး ကျန်းရွေ့ကိုရှင်းထုတ်ရန် အဖွဲ့ဆီပြန်သွားဖို့ပြင်လိုက်သည်။
မမျှော်လင့်ထားစွာဖြင့် သူမော့ကြည့်လိုက်ပြီးမကြာမီတွင် သူနှင့်မျက်နှာချင်းဆိုင်နေသောလူတစ်ယောက်ကိုမြင်လိုက်ရကာ ၎င်းကအခြားတစ်ဖက်မှခိုးကြောင်ခိုးဝှက်ခေါင်းပြူထွက်နေပေသည်။
နှစ်ဦးသားမှာမျက်နှာချင်းဆိုင်တွေ့သွားကြပြီး တိုက်မိလုနီးပါးဖြစ်သွားရကာ သူတို့မျက်လုံးအစုံမှာတစ်ပြိုင်နက်တည်းပြူးကျယ်သွားရပေသည်။
သူ့ရှေ့ရှိလူကိုသူမြင်လိုက်ရသည့်အခိုက်တွင် ၎င်းကရွောင်ယိ(လင်ရှောင်းဂိုဏ်းသား)ဖြစ်နေသည်ကိုမြင်လိုက်ရပြီး ရှုလင်ကျားကူကယ်ရာမဲ့စွာအသံနိမ့်ဖြင့်လွှတ်ခနဲပြောလိုက်မိသည်။
"မင်းကဘယ်လိုလုပ်ပြီးတော့---"
တစ်ဖက်လူကားအချိန်အတန်ကြာပုန်းအောင်းနေခဲ့ပြီး နောက်ဆုံးတွင်အပြင်ထွက်လာခဲ့သည်။ သိသိသာသာကိုပင်၊ သူဟာဤတစ္ဆေနေရာတွင် တစ်စုံတစ်ယောက်နှင့်မျက်နှာချင်းဆိုင်တွေ့လိမ့်မည်ဟု မထင်ထားခဲ့မိဘဲ ရှုလင်ကျားကြောင့်လည်းကြောက်လန့်သွားရပေသည်။
Advertisement
- In Serial10 Chapters
A World Worth Fighting For
Before anyone even knew it, the world has suddenly became that like a game; as vicious monsters wandered the streets, they begun killing humans. Those who kill monsters will gained exp and levelling up. They will acquire special skills or abilities pertaining to their survival. The world has become fucked up and overrunned by monsters. A crazy modern dystopian fantasy that took place within the real world. How will our main protagonist and his friends will strive hard to survive within this harsh new world. ===Release Details=== Daily release - 1 chapter a day
8 139 - In Serial13 Chapters
Aurora's Sky
Aurora likes to think of herself as a female. Now, why does she have really no confirmation on her gender? Not because of a sudden awakening of her transgender self. It is probably mainly due to her being an Artificial Intelligence (AI) created simply for the game she governs - Heaven's Reach. Join our AI protagonist as we learn about her deeply emotional history and more about the world she governs. First time writing anything ever so please message me questions and opinions. Updates : I added two content warning tags Gore and Traumatising. Most spelling errors were addressed. I've updated the summary to let people know that we learn alot about the history of the A.I. Old Summary is below if you want to read it. It still applies its just I didn't want to mislead people into thinking that we are going to jump straight into the litRPG part. Aurora likes to think of herself as a female. Now, why does she have really no confirmation on her gender? Not because of a sudden awakening of her transgender self. It is probably mainly due to her being an Artificial Intelligence (AI) created simply for the game she governs - Heaven's Reach. Join our AI protagonist's life as she slowly discovers more about the world she governs than what meets her quantum - mechanical - information - passing optics and maybe much more.
8 133 - In Serial6 Chapters
Gaia's Shield
Countless years have passed and untold numbers of civilizations have risen only to fall. Ancient technology lies hidden within sprawling ruined cities. The world is dark still feeling the after effects from its previous rulers timely demise. The ever present blanket of snow will extinguish even the brighest man's future. With 12 summers under her belt Vyla feels like she were meant to do more. She learned how to forage and survive in her harsh homeland. Still there was something missing. All the hunting and following the caravan on the same path every year quickly loses its luster. Vyla knows that there is more to this world than what she's seen. Thanks to Mac who allowed me to use his artwork!Artstation: https://www.artstation.com/mac Tumblr: http://spacethatneverwas.tumblr.com/
8 121 - In Serial25 Chapters
Strongest Shinobi
Always wanting to be in the naruto universe a young man is taking there and has to live out his life in the naruto world knowing about all major and minor events, will the man be a hero to the world or the biggest villain. Only god knows that one.
8 128 - In Serial11 Chapters
SoulBound
What is Soul? A spirit or a spiritual part of a living being that which gave life to a shell which is the so called body. Is that it? Is that really what a soul is? What if its transferred to another body in another world like game? Would you like it? If you don't know the answer, then try reading this, maybe you'll have some idea if it happens to you. [Mature in the future chapters. """"MAYBE""""]
8 144 - In Serial26 Chapters
My mommy - IU || gxg / littlespace
Lily is high school student with a traumatic past. In order to cope, she goes into little space. When Lily is a little, she is timid and shy...but she can also get a little too naughty. Jieun is a beautiful actress and singer that is known by her stage name IU. During her hiatus, she roams around the city and bumps into Lily. Lily falls for her instantly, but does Jieun? ⚠️ Smut and Traumatic Flashbacks ⚠️
8 433

