《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၁၉] ကိုယ့်ကိုယ်ကိုဟားတိုက်မိခြင်း|ကိုယ့္ကိုယ္ကိုဟားတိုက္မိျခင္း
Advertisement
"စမ်းသပ်ချက်ကိုကျော်ဖြတ်နိုင်ပြီး ပြိုင်ဖက်ကင်းဓားသမားဖြစ်လာတဲ့အတွက် Hostကိုဂုဏ်ပြုပါတယ်!"
------------------------------------------------------------------------
ကိစ္စတွေကဒီလိုဖြစ်လာသော် ကျန်းရွေ့ဒီအတိုင်းရပ်ကြည့်မနေနိုင်တော့ပေ။
ဤနေရာတွင်ရိလင်းနှင့်အရင်းနှီးဆုံးလူတစ်ယောက်အနေဖြင့် တစ်ဖက်လူအပေါ်တွင် မည်သည့်မိစ္ဆာအငွေ့အသက်မျှသတိမထားမိပေ။ သူ့ကိုသူမတားမြစ်ရသည့်အကြောင်းရင်းကား မြေခွေးမျိုးနွယ်စုသခင်လေး၏လှုပ်ရှားမှုများကို သူတကယ်ရင်းနှီးနေသကဲ့သို့ခံစားမိသောကြောင့်ပင်။
ဓားချီစွမ်းအား၌ဤကဲ့သို့ထိန်းချုပ်နိုင်သောစွမ်းရည်ရှိဖို့ရာ သူကိုယ်တိုင်ပင်၎င်းကိုလုပ်ရန်မလွယ်ကူ၊ ကမ္ဘာပေါ်တွင်မည်သူကများ...ဤကဲ့သို့အခြေအနေမျိုးကိုအောင်မြင်နိုင်မည်နည်း။
သို့သော်...သူသံသယရှိသောတစ်ယောက်သာဆိုရင် ထိုသူကအသုံးမဝင်ဖြစ်နေပြီး ၎င်း၏အတွင်းဒဏ်ရာများမှာလည်းပြင်းထန်လေရာ မြေခွေးမျိုးနွယ်စု၏သခင်လေးဆိုလျှင်ပြောမနေတော့နှင့်။
ကျန်းရွေ့ပိုမိုစူးစမ်းလေလေ၊ သူပို၍အံ့သြလာမိလေလေပင်။
သူနောက်မှလိုက်သွားကာ အောက်ကိုခုန်ဆင်း၍ ရှုလင်ကျား၏အရှေ့တွင်ရပ်ကာ မေးလိုက်သည်။
"မင်သခင်လေး၊ ခင်ဗျားဘာလုပ်ချင်တာလဲဆိုတာမေးလို့ရမလားဗျ။"
ရှုလင်ကျားသည်ကျန်းရွေ့၏လက်မောင်းကိုတွန်းဖယ်၍ မထူးခြားမခြားနားပြောလိုက်၏။
"ဒီတောက်ဓမ္မပညာရှင်လူငယ်လေး၊ ဒါကမင်းနဲ့မဆိုင်တာမို့ စိုးရိမ်စရာမလိုပါဘူး။"
သူသာသူမည်သူမည်ဝါဖြစ်ကြောင်းကိုရိလင်းထံဝန်ခံလိုက်ရင် ကျန်းရွေ့၏သံသယကရှုလင်ကျားကိုရည်ညွှန်းတာထက် ပို၍ပင်လျော့နည်းသွားတာက ကိစ္စမရှိ။
သူသည်ကျန်းရွေ့ကိုရှောင်ကွင်း၍ ရိလင်းထံတည့်မတ်စွာလျှောက်သွားကာ သူ့ဝတ်ရုံအနားစကိုမ၍ ခါးကိုင်းကာ သူ့ကိုလက်ဆန့်ပေးလိုက်ပုံမှာ သူ့ကိုကူညီချင်သည့်နှယ်။
ရှုလင်ကျားထပ်မေးလိုက်သည်။
"မင်းနိုးပြီလား။"
ရိလင်းအနည်းငယ်လှုပ်ရှားသွားရပြီး သူ၏ကျောပြင်နှင့်ရင်ဘတ်တွင် စူးရှသောနာကျင်မှုကိုခံစားနေရပေသည်။ တစ်ဖက်လူကတကယ့်ကိုအကြင်နာတရားကင်းမဲ့သည်။ သူ့ဘာသာသူထလာချင်ပေမဲ့ အဆင်မပြေလှပေ။
သူ့ဘဝတွင်ပထမဆုံးအကြိမ်အနေဖြင့် လုံးဝအစိတ်စိတ်အမွှာမွှာအချေခံရသည့် ဤခံစားချက်ကို သူတွေ့ကြုံလိုက်ရပြီဖြစ်သည်။
သူ့ကိုပစ်ပေါက်ခဲ့သောပြိုင်ဖက်ကား သူ့ကိုအလွန်နိမ့်ချစွာစိုက်ကြည့်နေပေကာ သူ၏မသိမသာကော့တက်နေသောနှုတ်ခမ်းစွန်းတွင်မူ အထင်သေးစက်ဆုပ်မှုတစ်စွန်းတစ်စရှိနေပေသည်။
တစ်ဖက်လူ၏မျက်လုံးများဟာ သူငယ်စဥ်ကတောင်ထွတ်ပေါ်တက်လာတုန်းက ပထမဆုံးမြင်ခဲ့ရသောနှင်းကျအပြီးမနက်ခင်းနေရောင်ခြည်ကို သတိပေးနေချေသည်။
ထူးဆန်းစွာဖြင့် ရိလင်းလက်ဆန့်၍ ရှုလင်ကျား၏လက်ကိုဆုပ်ကိုင်လိုက်မိသည်။ ရုတ်တရက်ချင်းပင်၊ ထိုအိပ်မက်ဆီကိုသူပြန်ရောက်သွားသည်ဟုခံစားမိကာ ရေရွတ်ပြောဆိုမိသည်။
"ကျွန်တော်နိုးပြီ..."
[ကြုံရာကျပန်းရရှိလာသောပစ္စည်းများ: ပြိုင်ဘက်ကင်းဓားလက်စွဲစာအုပ် (တစ်ဝက်တွဲ)]
ခွန်အားကြီးသောဓား၏ဓားအိမ်မှ အနည်းငယ်ကွဲအက်သောအသံထွက်ပေါ်လာပုံမှာ တစ်စုံတစ်ခုထွက်ကျလာသည့်နှယ်။
ရှုလင်ကျားတည့်တိုးလွှတ်ပေးလိုက်ရာ ရိလင်းတစ်ယောက်ဟာဆိုရင်ဖြင့်သူ၏ပြန်လည်ပစ်ချခြင်းခံလိုက်ရပေတော့သည်။
ရိလင်း: "..."
ကျန်းရွေ့ခုနကကြောင်အသွားခဲ့ပေမဲ့ သူအလျင်စလိုပြေးလာပြီး သူ့ကိုကူညီပေးလိုက်သည်။
အခြားသူများကလည်းသူ့ကိုအရမ်းစိုးရိမ်နေကြသဖြင့် သူတို့ကအခြေအနေကိုမေးမြန်းရန် အကုန်လုံးဝန်းရံစုဝေးလိုက်ကြသည်:.
"ရိသခင်လေး၊ အဆင်ပြေရဲ့လား။"
"ခင်ဗျားခုနကမိစ္ဆာအဖြစ်ကျရောက်သွားတာဗျ၊ ဒါကတကယ်အန္တရာယ်များတယ်ရယ်။ ကံကောင်းစွာနဲ့ မင်သခင်လေးကအချိန်မီရှာတွေ့သွားပြီး ကူညီပေးလိုက်ပေလို့ပဲ!"
ရိလင်း: "..."
ဒီကနေ့မှာသူ့ရဲ့နှုတ်နည်းမှုအကုန်လုံးသုံးလို့ကုန်သွားတော့မည်ပင်။
ရှုလင်ကျားနှင့်တိုက်ခိုက်ရင်း...မဟုတ်ဘူး၊ တစ်ဖက်သတ်ကြီးအရိုက်ခံရတာဟုပြောသင့်သည်၊ ထိုမတိုင်ခင်တွင် ရိလင်းကသူတကယ်ပြုစားခံခြင်းမဟုတ်ဟု စကားအနည်းငယ်ပြောဖို့ကြိုးစားခဲ့ပေမဲ့ ယခုတွင်သူဘာစကားမျှမပြောချင်တော့ပေ။
သေချာပေါက်ကိုသူ့အမှားမဟုတ်၊ လောကကြီးကမူမမှန်ခြင်းသာ။
"ရိသခင်လေး"
ကျန်းရွေ့ကအသံနိမ့်နိမ့်ဖြင့်အလောတကြီးမေးလာသည်။
"ခင်ဗျားတို့နှစ်ယောက်ဘာလို့တိုက်ခိုက်နေခဲ့တာလဲ။ အရင်ကပဋိပက္ခရှိခဲ့လို့လား။ သူနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်လို့ခင်ဗျားထင်လား...။"
"သူကရှုလင်ကျားပဲ။"ဟူသည့်စကားလုံးများမှာသူ့နှုတ်ခမ်းထံရောက်လာခဲ့ပေမဲ့ သူတစ်ဖန်တန့်သွားရသည်။ ကျန်းရွေ့၏အကြည့်ကိုရိလင်းရှောင်တိမ်း၍ ပြောလိုက်သည်။
"ဟင့်အင်း၊ ငါမသိဘူး။"
ကျန်းရွေ့လေးနက်စွာတွေးလိုက်မိပေမဲ့ သူပြုံးရုံသာပြုံးကာ ဆက်မမေးလိုက်တော့ပေ။
သူတို့စိတ်အခြေအနေများမှာမည်မျှပင်ရှုပ်ထွေးနေပါစေ၊ ဤခရီးကားမကျရှုံးသွားခဲ့ပေ။ တွင်းအောက်ခြေတွင်ကြီးရင့်နေသော ရင်းလန်မြက်ပင်အပင်၂၀ထက်ပိုပြီးရှိနေပေသည်။
သူတို့လမ်းကိုလာရှုပ်မည့်ဝိညာဥ်စားလူဝံတစ်ကောင်မျှမရှိဘဲ လူတိုင်းကဆေးပင်ကိုအောင်မြင်စွာရရှိလာကြပြီး အရိုးဖြူများအပြည့်နှင့်တွင်းနက်ကြီးကိုချန်ရစ်ကာ ပြားဝပ်သောမြေပြင်ထံသို့ပြန်လာခဲ့လိုက်ကြသည်။
သို့သော်လည်း ရှုလင်ကျား၏တာဝန်ကကျရှုံးလုနီးပါးဖြစ်သွားသည့်အချက်ကြောင့် အချိန်တချို့တော့နှောင့်နှေးသွားပေသည်။ ဤအခိုက်၊ တောင်ခြေရှိဓားကျိုးဓားပဲ့တို့၏နာကျည်းချက်နှင့်အကြွင်းအကျန်များဟာ ပိုမိုပျံ့နှံ့လာပြီး ထွက်ပေါက်များစွာ၌ အရံအတားအလွှာတစ်လွှာပင်ဖြစ်ပေါ်လာကာ သူစိမ်းတို့၏ထွက်ခွာခြင်းကိုတားမြစ်လျက်ရှိသည်။
ပုံမှန်ဆိုရင် ဒီနာကျည်းချက်အရံအတားများကို အတင်းအကြပ်ချိုးဖောက်ထွက်သွားလိုက်လို့ရပေမဲ့ ဤနယ်ပယ်ကားအန္တရာယ်များနှင့်ပြည့်နေသဖြင့် တစ်ယောက်ယောက်သာကောင်းကောင်းမထိန်းချုပ်နိုင်ရင် အမည်မသိမကောင်းဆိုးဝါးအသစ်များကို ဆွဲဆောင်သွားနိုင်ပေကာ (သို့) တချို့သောအဖိုးတန်အပင်များကိုလည်း ပျက်စီးသွားစေနိုင်သည်။ ထို့ကြောင့် ကျွမ်းကျင်စွာကိုင်တွယ်ရန်လိုအပ်သည်။ အသင့်တော်ဆုံးတစ်ယောက်သာလုပ်ရပေမည်။
ကျန်းရွေ့သည်ရှုလင်ကျားကိုတိတ်တိတ်လေးထပ်မံစိုက်ကြည့်လိုက်ပြီး ခပ်ဖွဖွပြုံးကာ ရုတ်တရက်မတ်တပ်ထရပ်၍ တက်ကြွစွာပြောလိုက်၏။
"အားလုံးကကြိုးကြိုးစားစားလုပ်ခဲ့ပြီးပြီဆိုတော့ ဒီအရံအတားကိုကျွန်တော့်ကိုအပ်ထားလိုက်ရင်ရောဘယ်လိုလဲ။"
စုန့်ယွင်၊ မုန့်ခုန်နှင့်အခြားသူများဟာ မင်ကျန့်တောင်ထွတ်မှဖြစ်သော်လည်း ကျန်းရွေ့နှင့်ဆက်ဆံရေးမှာဘာသိဘာသာဖြစ်ကာ သူတို့ပြန်မဖြေလိုက်ပေ။
အခြားတစ်ဖက်၌ ကျန်းရွေ့၏နံဘေးတွင်ရပ်နေသောချီဇုန်ဂိုဏ်းသားမှာ အပြုံးတစ်ပွင့်ဖြင့်ပြောလာသည်။
"အရမ်းကောင်းတယ်! ကျန်းရှစ်ရှုန်းက ဓားအသက်ရှုသံတွေကိုထိန်းချုပ်နိုင်ပြီး အာရုံခံနိုင်တဲ့စွမ်းရည်နဲ့မွေးလာခဲ့တာပဲ၊ သူကလွန်ခဲ့တဲ့နှစ်နှစ်က မင်ကျန့်တောင်ထွတ်ပေါ်မှာ ဓားတစ်သောင်းဝိညာဥ်ကိုလည်းထိန်းချုပ်နိုင်ခဲ့တယ်လေ။ ရှစ်ရှုန်းသာလုပ်မယ်ဆိုရင် ကျွန်တော်မျက်စိအရသာခံပြီးကြည့်ပါ့မယ်ဗျ။"
အဆုံး၌ ဂိုဏ်းကြီးများစုဝေးနေသောဤကဲ့သို့အချိန်မျိုးတွင် လူတိုင်းကအပြင်ပန်းတွင်ဘာမှမပြောသော်လည်း စိတ်ထဲမှတိတ်တိတ်လေးနှိုင်းယှဥ်နေလိမ့်မည်မှာမလွဲဧကန်ပင်။
ခုနကရှုလင်ကျားကျော်ကြားနေသည်ကိုကြည့်ရန် လင်ရှောင်းဂိုဏ်းကလူပေါင်းများစွာပို့လာခဲ့ပြီး သူ့ပတ်လည်ရှိလူများမှာ လောကကြီးကိုတစ်ခါမျှမမြင်ဖူးသည့်အလား စဥ်းစားတွေးတောခြင်းမရှိဘဲ သူ့ကိုယုံကြည်ကိုးကွယ်နေကြသဖြင့် သူတို့တွေအချိန်အတော်ကြာစိုးရိမ်ပူပန်နေခဲ့ကြရသည်။
မြေခွေးမျိုးနွယ်စုနှင့်ယှဥ်လျှင် လင်ရှောင်းဂိုဏ်းကားသိသာစွာပင်ဓားရေးဂိုဏ်းအရှင်သခင်ဖြစ်ကာ သူတို့၏ချီဇုန်မှာပြိုင်ဖက်ကင်းဉာဏ်ကြီးရှင်နှစ်ဦးကို မွေးထုတ်ပေးခဲ့သည်။ ရှုလင်ကျား(သို့)ကျန်းရွေ့ပင်ဖြစ်စေ၊ နှစ်ယောက်ထဲကတစ်ယောက်ဖြစ်နေသရွေ့ မြေခွေးမျိုးနွယ်စုသခင်လေးကဘယ်လိုလုပ်ယှဥ်နိုင်ပါ့မလဲ။
ဂိုဏ်းရဲ့မျက်နှာကိုပွင့်အောင်လုပ်ရမည်ပင်။
ကျန်းရွေ့၏လုပ်ဆောင်မှုကိုမြင်ရတာရှားပါးလှသဖြင့် သူ့နာမည်ကိုကြားလိုက်ရသောလူတိုင်းမှာ လန်းဆန်းတက်ကြွသွားကြပြီး မျှော်လင့်ချက်တို့ဖြင့်ပြည့်နှက်နေပေသည်။
ဆန့်ကျင်ဖက်အနေဖြင့် မုန့်ခုန်မှာရှုလင်ကျားအတွက်စိတ်မကောင်းဖြစ်နေမိပြီး သူ့မျက်နှာကိုတိတ်တိတ်လေးစိုက်ကြည့်၍ ရှုလင်ကျားမတုံ့ပြန်ကြောင်းမြင်လိုက်ရရင်း အသံနိမ့်ဖြင့်ရေရွတ်လိုက်မိသည်။
"သူကကြွားဝါဖို့အခွင့်ရေးရှာနေတာပဲ။ သူများတွေကအသက်ကိုရောင်းစားနေရတဲ့အချိန်မှာ သူကတော့ကျော်ကြားမှုခိုးချင်နေတယ်။"
စုန့်ယွင်ကကြုံတောင့်ကြုံခဲဖြစ်စွာသဘောတူ၍ သက်ပြင်းချလာသည်။
"လောကကြီးရဲ့အပြင်ဖက်မှာလူတွေအများကြီးရှိတယ်။ ပါရမီစွမ်းရည်တချို့ကိုလောကကြီးသိဖို့အတွက်နဲ့ အစွမ်းတွေထုတ်ပြဖို့မစောင့်နိုင်တော့ဘူးလေ။ ငါ့မှာဆိုမိသားစုတောင်မရှိဘူးရယ်။"
သူဤနေရာတွင်တစ်ခုခုကိုသတိရသွားကာ ထပ်ပေါင်းပြောလာသည်။
"စကားမစပ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ် ချီဇုန်ကိုကျင်းရှစ်ရှုန်းပြန်ပို့လာတဲ့သစ္စာဖောက်ရဲ့အလောင်းကလေ၊ ငါကြားတာတော့သူကဓားချီစွမ်းအင်နဲ့အသတ်ခံခဲ့ရတာဆိုပဲ။ ဒါကပိုပြီးတော့တောင်စွမ်းအားမကြီးဘူးလားဟ။"
ရှုလင်ကျားဒါကိုကြားလိုက်ရသော် ထိုနှစ်ယောက်ကိုစိုက်ကြည့်လိုက်မိသည်။
သူတို့ပါးစပ်ထဲက"ကျင်းရှစ်ရှုန်းပြန်ပို့လာသောသစ္စာဖောက်၏အလောင်း"ကား သွမ့်ဟောင်ရန်ကိုရည်ညွှန်းခြင်းပင်။
သို့သော် သူသေသွားတုန်းက ရှုလင်ကျားထိုနေရာတွင်ရှိနေခဲ့သည်။ သွမ့်ဟောင်ရန်ကား သူ့သားအရင်းဓားဝိညာဥ်၏ထိုးသတ်ခြင်းခံခဲ့ရခြင်းပင်၊ သူကဘယ်လိုလုပ်ပြီးဓားချီစွမ်းအင်နဲ့ထပ်ထိုးသတ်ခံရပြန်တာလဲ။
သို့ပေမဲ့ ဤကိစ္စကရှုလင်ကျားနှင့်ဘာမှမဆိုင်။ သူတွေးလိုက်ပြီးမကြာမီတွင် ထိုအတွေးကိုဘေးဖယ်ထားလိုက်တော့သည်။
ကျန်းရွေ့ကဒါကိုတမင်သက်သက်လုပ်တာဖြစ်လောက်မည်။ သူသည်လူတွေရှေ့ကိုလျှောက်သွားကာ ချိပ်စည်းတစ်ခုဖော်ပြီး သူ့စိတ်ဝိညာဥ်စွမ်းအားကိုသုံး၍ ဓားစွမ်းအင်ကိုထိန်းချုပ်ကာ အရံအတားကိုစတင်ဖျက်ဆီးလိုက်ရာ လူပေါင်းများစွာ၏လေးစားမှုကိုဆွဲဆောင်သွားပေသည်။
ဤလှုပ်ရှားမှုကား အလွန်အမင်းစွမ်းအင်ပြည့်ဝသောထိန်းချုပ်မှုလိုအပ်သည်။ အရင်ကသာဆိုရင် ရှုလင်ကျားအတွက်မည်သည့်ပြဿနာမှရှိလိမ့်မည်မဟုတ်၊ သို့သော် သူဒဏ်ရာရလာခဲ့ကတည်းက အပြင်းထန်ဆုံးပြဿနာမှာ စိတ်ဝိညာဥ်စွမ်းအင်ဆက်တိုက်ဆုံးရှုံးခြင်းသာမက မယ်ရီဒျန်သွေးကြောများလည်းပျက်စီးနေခြင်းပင်။ အခြေတည်ဆောက်ပုံမှာတစ်ဝက်ပျက်စီးသွားပြီး ပြန်လည်ကောင်းမွန်ရန်ခက်ခဲလှပေသည်။
ရလဒ်အနေဖြင့် အရမ်းကိုပြင်းထန်စွာကျင့်ကြံခဲ့သည့် စိတ်ကျင့်စဥ်နှင့်လှုပ်ရှားမှုတိုက်ကွက်အများစုကို အသုံးပြု၍မရတော့ပေ။
ကျန်းရွေ့၏ခက်ထန်သောအကြည့်ကိုမြင်လိုက်ရရင်း ရှုလင်ကျားကူကယ်ရာမဲ့စွာဖြင့်သူ့ဒုက္ခတို့ကိုတွေးမိသွားရသဖြင့် သူအကြည့်လွှဲ၍ ဝေမုန့်ဓားကိုကောက်မကာ၎င်းကိုစစ်ဆေးလိုက်သည်။
ကြုံရာကျပန်းပစ္စည်းတစ်ခုရလာသည်ဟု စနစ်ကသူ့ကိုအသိပေးလာချိန်တွင် ဓားအိမ်ထဲတွင်ဆူညံသံတစ်သံကိုရှုလင်ကျားကြားလိုက်ရသည်။ ဤတစ်ကြိမ် သူဓားကိုဆွဲထုတ်ကြည့်လိုက်သော် ပါးလွှာသောအပြားတစ်ပြားထွက်ကျလာပေသည်။
သူ့လက်ထဲတွင်ကိုင်ကြည့်လိုက်ရာ ယင်းကကျောက်စိမ်းပြားသေးသေးလေးတစ်ခုဖြစ်ကြောင်း မြင်လိုက်ရသည်။
ဤကျောက်စိမ်းပြားကား အစိမ်းရောင်ဖောက်ထားပြီး ထူးကဲသောအရောင်နှင့် ထိလိုက်ရင်အေးမြလျက်ရှိသည်။
၎င်း၏အရှေ့တွင် ချိပ်ပိတ်သည့်အနေဖြင့် "မိုးကြိုးဓားသွား"ဟုစကားလုံး၄လုံးရေးသားထားကာ အနောက်ကမူထူထဲစွာပိတ်ထားပြီး ထူးဆန်းသောမန္တာန်ကဲ့သို့သောတစ်ခုခုရေးထွင်းထားပေသည်။
ရှုလင်ကျားသည်ဓားရေးနှင့်ထိတွေ့လာကတည်းက သူ၏စိတ်ကားပြတ်သားပြီး ဗလာနတ္ထိဖြစ်ကြောင်း ကြားသိခဲ့ရသည်။
ဤနာမည်ကားထူးခြားသည်ဟုသာသူခံစားမိပြီး စိတ်ထဲတွင်အနည်းငယ်"နှာမှုတ်"လိုက်မိသည်။
ရှုလင်ကျားလည်းကျောက်စိမ်းပြားကိုလက်ညှိုးထိုးကာ ၎င်းကိုစစ်ဆေးရန်အာရုံခံစားမှုအနည်းငယ်ထုတ်လွှတ်လိုက်သည်။
သူ၏မူလရည်ရွယ်ချက်မှာ ဤကျောက်စိမ်းပြားကဘာလဲဆိုတာကို ရှာဖွေရုံသာဖြစ်သည်။ သို့ပေမဲ့ ဤအသိစိတ်အမျှင်လေးဝင်ရောက်သွားပြီးမကြာမီတွင် ၎င်းကမူးဝေမှုအာရုံကိုရုတ်ခြည်းဖြစ်ပေါ်လာစေသည်။
ချက်ချင်းပင်၊ သူရှေ့ရှိအရာအားလုံးပျောက်ကွယ်သွားကာ သူကားနောက်တစ်ကမ္ဘာကိုဝင်ရောက်သွားပုံပင်။ သူ့ပတ်လည်ရှိလောကကြီးကား ၎င်း၏အလင်းရောင်၊ အနံ့အရသာ၊ အသံနှင့် အရောင်ပျောက်ဆုံးသွားပုံမှာ ဤခန္ဓာကိုယ်ကမျက်စိတစ်မှိတ်အတွင်းတွင် ၎င်း၏အထောက်အပံ့ကိုဆုံးရှုံးလိုက်ရသည့်အလား။
Advertisement
ဤကဲ့သို့ပရမ်းပတာနှင့်ဗလာသက်သက်အခြေအနေမျိုးတွင် ဤကောင်းကင်နှင့်မြေကြီးကားအဆုံးမဲ့ကျယ်ပြောကာ အရာရာတိုင်းကိုလက်ခံနိုင်ပုံရသည်။
နှလုံးသားမှာကောင်းကင်နှင့်မြေကြီးနှင့်ဆက်သွယ်လျက်ရှိပြီး စိတ်ခံစားချက်များကတက်လိုက်၊ကျလိုက်နှင့် ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုမှာကူကယ်ရာမဲ့ဖြစ်စွာဖြင့် အချစ်နှင့်အမုန်းတို့မှာ တစ်အောင့်ကြာခေါက်တုံ့ခေါက်ပြန်ပြေးလွှားလျက်ရှိကာ မိမိကိုယ်တိုင်ပင်ထိန်းချုပ်ရန်ခက်ခဲလှသည်။
ဤတုံ့ဆိုင်းမှုတစ်ခဏတွင် ဓားအလင်းရောင်ကတစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး ပြင်းထန်သောမိုးရွာသွန်းနေသည့်နှယ် ကောင်းကင်နှင့်မြေကြီးကိုဖုံးအုပ်လျက်ရှိသည်။
ရှုလင်ကျားသည်မြင်လည်းမမြင်ရသကဲ့သို့ ကြားလည်းမကြားရဘဲ လှုပ်ရှားမှုလုပ်ဆောင်ရန် သူ့အတွက်ပို၍ပင်ခဲယဥ်းလာ၏။ သူ့မသိစိတ်ပေါ်မှီခို၍ သူ့လက်ကိုမြှောက်ကာ သူ့ဓားကိုလွှဲရမ်း၍ ခုခံလိုက်သည်။ ချက်ချင်းဆိုသလိုပင်၊ သူသည်လှုပ်ရှားမှုရာပေါင်းများစွာလုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ဓားများမှာချက်ချင်းသေဆုံးသွားပြီး သူလည်းပဲချွေးသီးများစီးကျလျက်ရှိသည်။
ဓားမိုးကားအရှိန်လျော့သွားပြီး ခွန်အားလည်းမောပန်းလာရပေမဲ့ ဤအခိုက်အတန့်တွင် စွမ်းအားကြီးသောဓားပမာဏမှာကောင်းကင်ယံမှကျဆင်းလာတော့၏!
ရှုလင်ကျားလက်နှစ်ဖက်လုံးဖြင့်ဓားများကိုကိုင်၍ သူ့လက်ကိုအတတ်နိုင်ဆုံးမြှောက်ကာ တားဆီးလိုက်သည်။
ကျန်းရွေ့သည်ရှုလင်ကျားမည်သူမည်ဝါဖြစ်ကြောင်းသံသယဝင်မိသဖြင့် ခုနကလက်ဦးမှုရယူ၍ထွက်တိုက်ရန်မေးမြန်းလိုက်ခြင်းပင်။ သို့ပေမဲ့ ဓားမကျေနပ်ချက်များကိုထိန်းချုပ်ပြီး သူ့တစ်ဝိုက်တွင်အဆက်မပြတ်ဖြစ်တည်လာသောအရံအတားကို စတင်ဖွင့်ဟလိုက်သည်နှင့် လက်ကျန်ဗရုတ်သုတ်ခအတွေးများကိုမတွေးနိုင်တော့ပေ။
ကျန်းရွေ့၏ချို့ယွင်းချက်ကား လေ့လာသင်ယူချိန်အရမ်းကိုတိုတောင်းသဖြင့် အခြေခံစွမ်းရည်နှင့်ကျင့်စဥ်အမျိုးမျိုးကိုလေ့ကျင့်မှုမှာ အလွန်အမင်းအားနည်းပေမဲ့ သူ၏ကောင်းကွက်မှာလည်းအရမ်းကိုသိသာလှသည်၊ ဒါက ပါရမီစွမ်းရည်ပင်။
ထို့အပြင်၊ သူသည်လင်ရှောင်းဂိုဏ်းထဲဝင်လာကတည်းက မှော်ဆေးပြားများစွာကိုသူ့ဘာသာသူအသုံးပြုခဲ့သည်။ ဤအချိန်တွင် ဤခွန်အားကခန့်မှန်းချေအောက်မနိမ့်ကျဘဲ သူ့ရှေ့ရှိပြဿနာကိုဖြေရှင်းရန် လုံလောက်သည်ထက်ပိုပေ၏။
သို့ပေမဲ့ လူတိုင်းအသက်အောင့်လိုက်မိကြရုံသာရှိသေး၊ သူ့ခန္ဓာကိုယ်ထဲရှိစွမ်းအားမှာရုတ်ခြည်းဆွဲယူခံလိုက်ရသည်ကို ကျန်းရွေ့ရုတ်တရက်ခံစားမိလိုက်သည်။
သူထိတ်လန့်သွားရကာ သူ့လက်ထဲရှိစိတ်ဝိညာဥ်စွမ်းအားမှာလမ်းလွဲသွားပေသည်။
ချက်ချင်းပင်၊ ဓားကျိုးဓားပဲ့များမှာရုတ်တရက်ထိန်းချုပ်မှုလွတ်သွားပြီး နာကျည်းမှုများပြန်လည်ပွင့်ထွက်လာကာ မျက်မှောက်ရှိလူတိုင်းကိုတိုက်ခိုက်လာပေသည်!
ယင်းကားလူတိုင်းကိုထိတ်လန့်သွားစေသည်။
ကျန်းရွေ့သည်ထိပ်ဆုံးသို့တက်လှမ်းရန် ရှုလင်ကျား၏ဂုဏ်သိက္ခာကိုချနင်းခဲ့၏။ လွန်ခဲ့သောနှစ်နှစ်တုန်းက သူ၏ဂုဏ်သတင်းမှာမသေးသည့်အပြင် ချီဇုန်မှလူတွေကလည်းသူ့ကိုမြှောက်ပင့်နေကြသဖြင့် လူတိုင်းကသူ့ကိုယုံကြည်ခဲ့ကြသည်။
ရလဒ်အနေဖြင့် ဤကဲ့သို့ဖြစ်လာပေသည်!
ကျန်းရွေ့ကိုယ်တိုင်လည်းထိတ်လန့်သွားကာ တစ်အောင့်မျှလန့်ဖြန့်သွားရပြီး အနောက်ကိုအမြန်ပြန်ဆုတ်၍ ပြန်တိုက်ခိုက်ရန်ဓားကိုဆွဲထုတ်လိုက်သည်။
တစ်ပြိုင်နက်တည်း၌ တရားထိုင်သောအခြေအနေတွင်နစ်မြှုပ်နေစဥ် ရှုလင်ကျားသိရှိခဲ့ရသောလှည့်ကွက်မှာလည်း ပြည့်ဝထင်ရှားလာပေသည်။
သူသည်ဉာဏ်အလင်းပွင့်လာရမှ ဤလှုပ်ရှားမှုကိုလုပ်လိုက်သဖြင့် သူ့တွင်အကြောက်တရားစိုးစဥ်းမျှရှိမနေပေ။ ဤလှုပ်ရှားမှုထဲတွင်ပါဝင်သောအကျပ်ကိုင်မှုမှာ ကြွကြွရွရွပင်ထင်ရှားလှသဖြင့် သောင်းကျန်းလာကြသည့်ကျန်းရွေ့၏ရန်စခြင်းခံလိုက်ရသောဓားအုပ်စုမှာ ချက်ချင်းဆိုသလိုဟန့်တားခံလိုက်ရသည်။
သူ့ရှေ့ရှိပရမ်းပတာများမှာငြိမ်ကျသွားပြီး လူတိုင်းကိုထွက်သွားရာမှတားဆီးနေသောအရံအတားမှာလည်း ပွင့်ဟသွားပေသည်။
ကျန်းရွေ့၏လက်ထဲရှိဓားမှာလည်းအပြင်ဆွဲထုတ်ခံလိုက်ရကာ လေထဲတွင်အေးခဲသွားတော့သည်။
___________________________________________
Ongoingလိုက်ပေးတဲ့သူတွေကိုထောက်တဲ့အနေနဲ့ daily updateနိုင်အောင်ကြိုးစားနေပါတယ်။ နောက်အပိုင်းတွေကစာလုံးရေတွေအရမ်းများလာပြီမို့ နေ့လယ်ခင်း၊ ညနေလောက်မှတင်ပေးနိုင်ပါလိမ့်မယ်။ အိုခေ၊ cmtတွေrpမပြန်တာစိတ်မဆိုးကြပါနဲ့လို့။ အကုန်ဖတ်ဖြစ်ပေမဲ့ ဘာပြန်လို့ပြန်ရမယ်မှန်းမသိတာရယ်၊ dataသမားမို့ ဘေလ်ချွေတာနေရတာမို့ ဘာမှမပြန်လိုက်တော့တာ။ ပြီးတော့ကိုယ်ကလည်း ဒီဇာတ်လမ်းကိုtranရင်းနဲ့ဖတ်သွားတာမို့လို့ ဘာမှကြိုသိနေတာမျိုးမရှိပါဘူးနော်။ ကိုယ်လည်းမင်းတို့နဲ့အတူဖတ်နေတာပါ။ မနက်ဖြန်မှတွေ့ကြတာပေါ့။
___________________________________________
!zawgyi!
------------------------------------------------------------------------
"မင်းနိုးပြီလား။"
"ကျွန်တော်နိုးပြီ..."
[30/30]
[ဂုဏ်ပြုပါတယ်! မစ်ရှင်ပြီးဆုံးသွားပါပြီ၊ သေဆုံးမှုကိုလည်းရှောင်လွှဲလိုက်ပြီဖြစ်ပြီး ဇာတ်ကြောင်းအသစ်ထွက်ပေါ်လာပါပြီ!]
ရိလင်း: "..."
ရိလင်း: "..."
"ရိသခင်လေး"
"ဟင့်အင်း၊ ငါမသိဘူး။"
Advertisement
- In Serial167 Chapters
The Privateer
The void is a dangerous place. Full of pirates, man-eating aliens, and murderous machines. Yvian knew the risks, but she never imagined she'd have such a run of bad luck. Her ship broke down, pirates attacked, and she ended up chained to a bulkhead without her clothes. Just when she thought things couldn't get worse, he appeared. The monster of legends. The most terrifying being in the galaxy. The worst thing in all of the verse. A human. The void is a dangerous place. But that's where the money is.
8 490 - In Serial13 Chapters
Renascence Legacy
Nathair Degas dedicated his life to proving his Time Theory and the existence of parallel worlds. His information was theoretical. What he did not plan on was an explosion in his lab that made his theory a reality. He clenched and unclenched his small fist. Reincarnation was a work of fiction, yet it was happening to him now. Looking at the chickens walking outside, he stared at their feet. The snow melted as they walked. It was clear that he wasn’t in his original world. Nathair wanted to prove his theory. Not experience it. How would he adjust to this new reality, where everything was the same yet different? Familiar faces are placed in different situations and contexts. He would follow the path of magic to find the answers to the new questions he had.
8 135 - In Serial8 Chapters
The Pieces On The Board
In a world of Magic and Warlocks, one boy desperately attempts to survive a war. In the brewings of conflict, he will make multiple allies and multiple enemies. As things come to a head, our hero will have to make desperate decisions, and horrid sacrifices. Will he be able to survive long enough to find peace, or will the insurmountable odds wash over him, bringing nothing but an end in despair? Cover Art Made By: gej302
8 203 - In Serial101 Chapters
[Spanish] La Llave del Destino
[Spanish version of The Key of Destiny] [Join my Guilded to enhance your writing!] Armado con su ingenio y su (no) sentido común, Finnian es un Signo, el único que se interpone entre los malévolos planes del Señor de la Calamidad para controlar el mágico mundo de Elthea. Obligado a asumir un destino que podría ser fatal, Finnian se une con sus compañeros elthean, criaturas con diferentes poderes, con el fin de unir fuerzas y derrotar a esta amenaza. Juntos atravesarán bosques espeluznantes, serán perseguidos, casi devorados y lucharán para salvar sus vidas, aprendiendo que lo correcto y lo fácil no es siempre lo mismo. Porque esta historia no es solo donde un héroe nace, sino donde un villano también se alza.
8 113 - In Serial7 Chapters
Of Blood and Bones
In a land filled with terrible behemoths and towering leviathans, what place will man take? Will he hide high in frozen mountain fortresses eaking out a survuival amongst the frigid peaks? Or will he build and defend great nations surrounded by walls that reach to the sky? What does a people, or an individual, do to survive in this strange and hostile world? What powers may be found by those willing and brave enough to harness the blood and bones of the very gods that walk among them?
8 103 - In Serial6 Chapters
Careless God
A basic careless god. Playing with high school students in japan for fun. Despite the boring character that god plays, god makes things funnier by tormenting the students for fun. Giving powers to random students from other schools and telling them about the club of the students who he gave the power to fight each other.
8 145