《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၁၈] တစ်ချိန်လုံး|တစ္ခ်ိန္လုံး
Advertisement
........................................................................
လူတစ်ယောက်၊ ဓားတစ်လက်တည်းနှင့် ရှုလင်ကျားသည် တွင်းထဲရှိမကောင်းဆိုးဝါးတစ်ဝက်နီးပါးကို ချက်ချင်းဆိုသလိုသုတ်သင်ပစ်လိုက်၏။ သူ၏လျင်မြန်ဖျတ်လတ်သောစိတ်၊ တိကျသောတွက်ချက်မှုနှင့် ဓားမကျေနပ်ချက်တို့ကိုထိန်းချုပ်ရာတွင်လိမ္မာပါးနပ်မှုရှိခြင်းတို့ဟာ အရမ်းတော်လွန်းလှသဖြင့် သူ့ကိုလူတိုင်းမြင်သွားကြပြီး နတ်ဘုရားပင်မိန်းမောသွားလောက်သည်။
ရွောင်သည်လက်ရှိတွင်လင်ရှောင်းရှင်းဇုန်၏ချီဂိုဏ်းမှဂိုဏ်းသားဖြစ်၏။ များသောအားဖြင့် သူကားဓားရေး၏ပထမဂိုဏ်းတွင်မွေးဖွားလာရသဖြင့် သွေးနားထင်ရောက်နေပေသည်။ ဤအခိုက် သူကူကယ်ရာမဲ့စွာဖြင့်အံ့သြမှင်သက်သွားရသည်။ ဤမြေခွေးမျိုးနွယ်စု၏သခင်လေးက ဤမျှစွမ်းဆောင်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။
သူတို့မတိုင်ခင်တုန်းကမျက်နှာလွှဲထားခဲ့ကြကာ အကယ်၍ သူတို့သာအကောင်းဆုံးမကြိုးစားမိရင် ပထမဓားရေးဂိုဏ်းဟုခေါ်သောလင်ရှောင်းဂိုဏ်းမှာ ဤတစ်ကြိမ်တွင်အရှက်ရစဖွယ်စွန့်ပစ်ခံအိမ်ဖြစ်သွားပေလိမ့်မည်။
ရှုလင်ကျားဖန်တီးလိုက်သောဓားမိုးမှာအနည်းငယ်အရှိန်လျော့သွားကြောင်းမြင်လိုက်ရသဖြင့် အခြားသူများကချက်ချင်းပင်ဟာကွက်ရှာတွေ့သွားကာ ခုန်ဆင်းလာခဲ့ကြသည်။
စုန့်ယွင်ပြောလိုက်သည်။
"မင်သခင်လေး၊ မင်းခဏနားလို့ရပါတယ်။ ကျွန်တော်တို့တွေမင်းကိုလာကူညီတာ။"
ဓားနာကျည်းချက်ကိုတမင်သက်သက်ရန်စသောနည်းလမ်းကား အရမ်းအများကြီးသုံး၍မရ၊ ၎င်းကတိုက်ခိုက်ဖို့လွယ်ကူပြီး နောက်တစ်ဆင့်ကတိကျသောသတ်ဖြတ်မှုပင်ဖြစ်သည်။
စနစ်မှရေတွက်ထားသောဂဏန်းကို ရှုလင်ကျားစိုက်ကြည့်၍ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ကျွန်တော့်အတွက်ကိုးကောင်ချန်ထားပေးထားပါ၊ မင်းကျန်တာသတ်လို့ရတယ်။"
သူပြောလိုက်ရင်းဖြင့် သူ့ခြေဖဝါးနှင့်လမ်းလျှောက်သွားပြီး တိမ်ပေါ်ခုန်တက်လိုက်သကဲ့သို့ သူ့လက်ချောင်းတွေကိုအတူတူစုကာ လေထဲတွင်ပျံဝဲနေသောတစ်ဖက်ကျိုးဓားကို လက်ချောင်းကြားထဲညှပ်၍ ပစ်လွှတ်လိုက်ရာ လူဝံကြီး၏လည်မျိုကိုရုတ်ခြည်းဖြတ်တောက်သွားပေသည်။
ဤတစ်ကြိမ်အခြားသူတို့၏အကူအညီဖြင့် ရှုလင်ကျားအခြားသူများကိုစိုးရိမ်နေစရာမလိုတော့ဘဲ သူလိုချင်သည့်စိတ်ဝိညာဥ်စားလူဝံအရေအတွက်ကိုသတ်လိုက်ရုံတင်ဖြစ်ကာ တိုက်ပွဲကအတော်လေးလွယ်ကူသွားချေသည်။
[28/30]
တာဝန်ပြီးမြောက်နှုန်းပိုမိုမြင့်မားလာသည်နှင့် ဇာတ်ကြောင်းအပေါ်ကန့်သတ်ချက်များမှာပိုမိုအားနည်းလာပေသည်။ ဤအခိုက် တွင်းအောက်ခြေရှိသူတို့၏အသက်ရှင်သန်နိုင်သောအချိန်မှာ မူရင်းစာအုပ်ကထက်ပို၍ သက်တမ်းအနည်းငယ်ရှည်လာသည်။
သို့သော် မစ်ရှင်တာဝန်လုပ်ဆောင်နေရင်းဖြင့် ဤဓားများအပေါ်ရှိနာကျည်းချက်မှာ ပိုမိုကြီးမားလာသည်ကို ရှုလင်ကျားရှင်းလင်းစွာခံစားမိပြီး ၎င်းမှာကိုင်တွယ်ဖို့ရန်ပို၍ခက်ခဲလာပေသည်။
ဒါကအလိုအလျောက်အလုပ်လုပ်နေသည့်ဇာတ်ကြောင်း၏ ထိန်းမရနိုင်သောတွန်းအားဖြစ်ကြောင်းကို သူသိသည်။ တိုးတက်မှုကအနည်းငယ်လမ်းကြောင်းသွေဖည်ပြီး တည်ငြိမ်သွားရင်တောင်မှ ယင်းကလက်ရှိလူတိုင်းကိုကြိုတင်စီမံထားသောအဆုံးသတ်ဆီသို့တွန်းပို့ပစ်လိုက်မည်ပင်။
ရှုလင်ကျားနောက်ဆုံးတွင်သူ့ဓားကိုတစ်ဖန်ပြန်ဆွဲထုတ်၍ ဝိညာဥ်စားလူဝံကြီးကိုလက်နောက်ပြန်ဖြင့်ခေါင်းဖြတ်ပစ်လိုက်သည်။
ပစ်မှတ်အနည်းငယ်ကျန်ရှိနေသေးသည်ကိုမြင်လိုက်ရရင်း ဝိညာဥ်စားလူဝံတစ်ကောင်ကတွင်းအောက်ခြေမှခုန်ထွက်၍ အရိုင်းဆန်စွာပြေးလာတော့သည်။
မြေခွေးမိန်းကလေးတစ်ယောက်ကသူမ၏ကြာပွတ်ကို အလျင်စလိုမြှောက်၍ ၎င်းကိုလွှဲရိုက်လိုက်ပေမဲ့ ရှုလင်ကျားကတားမြစ်လိုက်သည်။
"ခဏစောင့်အုံး။"
သူအသက်အောင့်ကာပြောလိုက်သည်။
"အားလုံးပဲ၊ နောက်ဆုံးတစ်ကောင်ထွက်လာပါ..."
သူပြော၍မပြီးသေးမီ ရှုလင်ကျားရုတ်တရက်မျက်လုံးပင့်လိုက်မိသည်။
ကျန်းရွေ့၏အသံကအပြင်ဖက်မှထွက်လာသည်ကို သူကြားလိုက်ရသည်။
"ဒီနေရာကဘာလဲ။ ဓားနာကျည်းချက်ကိုကျွန်တော်အာရုံခံမိတယ်.."
ကျန်းရွေ့၏အဖွဲ့ကယခုလေးတင်မှရောက်ရှိလာပြီး သူတို့အရံအတားမတည်ရသေးမီ အထဲကိုလျှောက်ဝင်လာပေသည်။
ဝိညာဥ်စားလူဝံတစ်ကောင်ခုန်ထွက်လာပြီး ကျန်းရွေ့ကအရင်ဆုံးတုံ့ပြန်နိုင်သွားသည်။ သူဘာမှမလုပ်ရသေးခင် သူ့ဦးခေါင်းထက်တွင်လေတစ်ချက်တိုက်သွားသည်။ နဂါးဖြူတစ်ကောင်ကကောင်းကင်ကိုဖြိုခွင်း၍ပျံဝဲလာပြီး ၎င်း၏ကြီးမားသောကိုယ်ခန္ဓာကသူ့ကို ဝိညာဥ်စားလူဝံထံမှခွဲထုတ်လိုက်ပေသည်။
၎င်း၏အမြှီးကားနောက်ဆုံးသောလူဝံ၏လည်မျိုကိုရစ်ပတ်လိုက်ပြီး ၎င်းကိုချက်ချင်းသတ်ပစ်လိုက်သည်။
ဤကဲ့သို့ပြောင်းလဲမှုဖြစ်ပျက်လာလိမ့်မည်ဟု မည်သူမျှမထင်ထားမိကြပေ။ လုပ်ရပ်အစဥ်လိုက်မှာအလွန်အမင်းမြန်ဆန်လှပြီး ရှုလင်ကျားပြော၍မပြီးသေးမီ ဓားရိုးကိုကိုင်ထားသောလက်မမြှောက်ရသေးမီ ပစ်မှတ်ကသေဆုံးသွားပြီးဖြစ်လေသည်။
ထိုအခိုက်ဘာမှချဲ့ကားပြောနေစရာမလို၊ သူ့မျက်လုံးများမည်းမှောင်သွားလုနီးပါးပင်။
ထို့နောက်ချက်ချင်းပင်၊ ဒေါသဆူပွက်လာကာ လူဝံသေကိုနှစ်ပိုင်းဖြစ်ရန်စိတ်အားထက်သန်မှုကိုဖြစ်သွားစေသည်။
တာဝန်ကမပြီးဆုံးသေးပေ၊ စနစ်ကစူးရှစွာဟမ့်ခနဲပြုလာသည်။
တစ်ချိန်တည်း၌ ကျန်းရွေ့၏အသံကသူ့ခေါင်းအထက်ရှိထွက်ပေါက်မှပေါ်ထွက်လာသည်။
"ရိသခင်လေး? ခင်ဗျားရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်ဗျာ၊ ခင်ဗျားအဆင်ပြေရဲ့လား။ အောက်ဖက်ကတောက်ဓမ္မပညာရှင်တွေကိုတက်လာဖို့ မြန်မြန်ခေါ်လိုက်ပါအုံး၊ တွင်းအောက်ခြေကဓားကျိုးရဲ့နာကျည်းမှုကြီးထွားလာတာကို ကျွန်တော်ခံစားမိတယ်။ ပိုပိုများလာပြီဗျ!"
အမှန်ပင်၊ ရန်သူ၏လမ်းကားကျဥ်းမြောင်းလှ၏၊ ရန်သူဟောင်းကရန်သူဟောင်းကိုမုန်းတီးလိမ့်မည်ပင်၊ ဤနဂါးဖြူကားရိလင်း၏မူရင်းခန္ဓာကိုယ်ပင်။
ကျန်းရွေ့အန္တရာယ်ဖြစ်လိမ့်မည်ကို သူစိုးရိမ်မိသဖြင့် ဘာဆိုဘာမှအရေးမစိုက်တော့ဘဲ နောက်ဆုံးသောဝိညာဥ်စားလူဝံကိုတိုက်ရိုက်သတ်ပစ်လိုက်ခြင်း။
သူအကုန်မှန်တယ်၊ ဒါပေမဲ့ သူမကြာခင်အဆင်ပြေသွားလိမ့်မယ်!
လမ်းတစ်လမ်းပိတ်သွားပေမဲ့ ရှုလင်ကျားကဤတာဝန်အတွက်ကူကယ်ရာမဲ့နေလိမ့်မည်ဟု မဆိုလိုပေ။
ယခုလေးတင်စနစ်တာဝန်ထုတ်ပြန်လိုက်တုန်းက စနစ်ဟာ"သားရဲအကောင်သုံးဆယ်ကိုအနိုင်ယူရန်"ဟုသာပြောသွားကြောင်း သူသတိထားမိခဲ့ပြီး ၎င်းတို့ကိုသတ်ပစ်ရမည်ဟုမပြောခဲ့ပေ။
ထိုအချိန်တုန်းက ရှုလင်ကျားဤပန်းတိုင်နှင့်ပတ်သတ်၍ သိပ်များများစားစားအရေးမစိုက်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဝိညာဥ်စားလူဝံများဟာသဘာဝအလျောက်ဒေါသကြီးကြပြီး လူ့သဘာဝစရိုက်ကိုနားမလည်ကြသဖြင့် သူတို့ကိုမသတ်ဖို့ကသေချာပေါက်မဖြစ်နိုင်ပေ။
သို့သော်ယခု၌မူ...ဝိညာဥ်စားလူဝံကထူးဆန်းသောသားရဲဖြစ်ပြီး လူသားအသွင်ပြောင်းနိုင်သောနဂါးဟာလည်း ထူးဆန်းသောသားရဲပင်ဖြစ်ကာ ရိလင်းကသူ့ပစ်မှတ်ကိုသတ်ခဲ့ရင် ၎င်းကိုကိုင်တွယ်ရန်သူ့ကိုယ်သူအသုံးချရပေမည်။
သဲနာရီမှသဲများကုန်တော့မည်ကိုမြင်လိုက်ရရင်း ရှုလင်ကျားဒါကိုမရှင်းပြဘဲ "ပေးဆပ်ရမည့်အချိန်တစ်ထောင်"တိုက်ကွက်ကိုတိုက်ရိုက်ထုတ်သုံး၍ အပေါ်ခုန်တက်ကာ ရိလင်းကိုထိုးချလိုက်သည်။
ဤဓားတိုက်ကွက်ကားသူကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်ကာ လင်ရှောင်းဂိုဏ်း၏ဂိုဏ်းသားများမှာလုံးဝမမြင်ဖူးခဲ့ကြပေ။ လူတိုင်းမတုံ့ပြန်နိုင်မီ ဓားအလင်းကပျံ့နှံ့လာပြီး ဘေးဖက်များမှလှိုင်းများထွက်လာကာ နဂါးဖြူကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လိုက်သည်ကို သူတို့မြင်လိုက်ကြရသည်။
ကျန်းရွေ့ကိုကယ်လိုက်ရသဖြင့် ရိလင်းအရမ်းကိုစိတ်သက်သာရာရသွားကာ မတိုင်ခင်ကရှုလင်ကျားပြောခဲ့သည်ကိုဂရုမစိုက်တော့ပေ။ သူ့ခန္ဓာကိုယ်ကိုပြကာ လူအုပ်ကိုစကားပြောရန်ပြင်လိုက်သည်နှင် ဤအန္တရာယ်ရှိသောဓားကြောင့် သူ့အကြေးခွံများကွာသွားလုမတတ်ပင်။
ကျန်းရွေ့မျက်လုံးမှေးစင်းလိုက်မိကာ ရိလင်းတစ်ယောက်၎င်းဓားကိုကတိုက်ကရိုက်ရှောင်၍ ရှုလင်ကျားကိုလှည့်ကြည့်ကာ အလန့်တကြားပြောမိသည်။
"မင်းရူးနေပြီပဲ!"
တစ်ဖက်လူ၏ဓားမှာခုနကလူဝံကို တိုက်ခိုက်တာထက်ပို၍မြန်ဆန်ပြီးအကြင်နာတရားကင်းမဲ့သည်ဟု သူခံစားမိလိုက်သည်။ မင်းဘာလုပ်တာလဲ?!
သူ့ဘေးရှိလူများမှာဘာကြောင့်မှန်းမသိသဖြင့် ကျန်းရွေ့ပြောလိုက်သည်။
"မင်သခင်လေး၊ ဒါကရိသခင်လေးပါ။"
ရှုလင်ကျားကတဟုန်ထိုးပြေး၍တိုက်ခိုက်လာပြီး ဗလာနတ္ထိဖြေလိုက်သည်။
"ကျွန်တော်သိတယ်၊ သူပြုစားခံထားရတာ။"
ကျန်းရွေ့: "?"
လူတိုင်းတောင့်တင်းသွားကြသည်။
ရိလင်း: "ကျွန်တော်မဟုတ်..."
ရှုလင်ကျားသူ့ကိုကြားဖြတ်ပြောလိုက်သည်။
"နဂါးဖြူရဲ့အမြှီးက ဝိညာဥ်စားလူဝံကိုထိလို့မရဘူး။ တကယ်လို့ သွားထိမိရင် ပြုစားခံလိုက်ရလိမ့်မယ်။ မင်းပြုစားခံလိုက်ရပြီ!"
ရိလင်း: "..."
ဤအကြောင်းပြချက်ကားတကယ့်ကိုအပေါ်ယံမျှသာဖြစ်သည်။ ပေါက်ကရစကားများဟာပေါက်ကရသာဖြစ်ပြီး ယုတ္တိမရှိနိုင်ပေ၊ သို့သော် ရှုလင်ကျား၏စကားလုံးများကအေးစက်ကာဒေါသပါနေပြီး သူကရေခဲရိုက်မျက်နှာဖြင့်ပြောလာလေရာ ယင်းကားသူနောက်နေသည်ဟု လူတွေကိုတကယ်မစဥ်းစားမိစေပေ။
ကျန်းရွေ့ပင်မိန်းမောသွားရပြီး ကူကယ်ရာမဲ့စွာဖြင့်ခေါင်းလှည့်၍ မြေခွေးမျိုးနွယ်ဝင်တစ်ယောက်ကိုမေးလိုက်မိသည်။
"အဲ့လိုလား။"
မြေခွေးလူသားမှာဤစာသားကိုတစ်ခါမှမကြားဖူးပေမဲ့ သခင်လေး၏စကားများကမမှားနိုင်သဖြင့် သူတည်ငြိမ်စွာပြောလိုက်သည်။
"ဟုတ်တယ်။"
အခြားတစ်ဖက်ရှိရွှယ်ရုန်နှင့်ရွှယ်ထိုင်ဟာလည်း သူတို့ဖက်ရှိကျင့်ကြံသူများကိုအတည်ပြုပေးလိုက်သည်။
"သခင်လေးပြောတာအမှန်ပဲ။"
ဤလူများကပို၍ပင်ယုံကြည်ကိုးကွယ်နေကြပြီး အစကတော့သခင်လေးဟာလူဖျင်းလူညံ့တစ်ယောက်ဟု သူတို့ထင်ခဲ့ကြပေမဲ့ ဘေးချင်းကပ်ရပ်တိုက်ခိုက်ကြအပြီးတွင် သူတို့နက်ရှိုင်းစွာယုံကြည်ကိုးကွယ်မိကြသည်၊ သူ့စကားတွေကိုသူတို့ဘယ်လိုလုပ်ပြီးသံသယဝင်မိမှာလဲ!
သူတောင်ထွတ်ပေါ်တွင်ရှိနေတုန်းက ရိလင်းသည်ရှုလင်ကျားကိုမဟုတ်မမှန်စွပ်စွဲပြောဆိုခဲ့ပြီး လူကြားထဲတွင်အဖြစ်မှန်ပေါ်သွားခဲ့သော် လင်ရှောင်းချီဇုန်၏ဂိုဏ်းသားများမှာသူ့အပေါ်ကောင်းမွန်သောအမြင်မရှိကြပေ။ စုန့်ယွင်နှင့်အခြားသူများကသူနှင့်တစ်ဖွဲ့တည်းဖြစ်သော်လည်း သူ့ကိုစကားမပြောကြပေ။
ယခုမတိုင်ခင်အထိ၊ သူတို့သည်အလျင်စလိုပြေးလာပြီး ရှုလင်ကျားကိုကူညီကာ ရိလင်းကိုအလယ်တွင်ထား၍ဝန်းရံပြီး သူဟာ"ပြုစားခံရ"ပြီးနောက် လွတ်မြောက်အောင်ကြံစည်ရုန်းကန်ခြင်းမှပိတ်ဆို့ထားကြ၏။
မုန့်ခုန်ရဲဆေးတင်ကာ ရှုလင်ကျားကိုမေးလိုက်သည်။
"မင်သခင်လေး...ကျွန်တော်တို့ကူညီပေးဖို့လိုတာတစ်ခုခုရှိလား။"
ရှုလင်ကျားသည်သူ့ကိုအခြားသူများလုယက်ခွင့်မပေးတော့ဘဲ ငြင်းပယ်လိုက်၏။
"မိစ္ဆာဖြစ်သွားတဲ့သူတွေက လူတွေအများကြီးဝိုင်းအုံလေ ပိုပြီးတော့ထကြွလေလေပဲ။ ကျွန်တော့်ဘာသာကျွန်တော်လုပ်ပါရစေ။"
ရိလင်းကားနဂါးဖြူအဖြစ်ပြောင်းလဲလိုက်အပြီးတွင် သူ၏ကြီးမားသောကိုယ်ခန္ဓာအတွက် တွင်းထဲတွင်လှည့်ရန်အဆင်မပြေပေမဲ့ ထိုအစားအရှုံးကိုခံစားလိုက်ရသည်။ အခွင့်အရေးရှာ၍ အနောက်ကိုပျံသန်းကာ လူအသွင်ပြောင်းလဲလိုက်ရသည်။
ဤအသွင်ပြောင်းလဲနေသောကွာဟချက်၌ ရှုလင်ကျားကပျံသန်းလာပြီး သူ့ရင်ဘတ်ကိုကန်၍ သူ့ကိုချက်ချင်းဖမ်းဆီးလာသည်။
ရှုလင်ကျားသည်သူ့ကိုစွပ်စွဲခဲ့သောလူကိုလုံးဝမျက်နှာသာမပေးသဖြင့် ရိလင်းတစ်ယောက်ကျောက်နံရံ၏အခြားတစ်ဖက်ကို တိုက်ရိုက်အကန်ခံလိုက်ရပြီး ဆိုးဝါးစွာရိုက်ခတ်မိတော့သည်။
ရှုလင်ကျားသူ့ကိုလေးနက်စွာမေးလိုက်သည်။
"မင်းနိုးပြီလား။"
အဆုံးတွင် ရိလင်းကသူမည်သူမည်ဝါဖြစ်ကြောင်းကိုသိနေပြီး ရှုလင်ကျားနှင့်ပတ်သတ်၍ သူတကယ်စိတ်မကောင်းဖြစ်မိသောကြောင့် သူဟာ သူရှေ့တွင်တစ်ဝက်ပုနေပြီး ဤကဲ့သို့လူစားမျိုးရှေ့တွင် သူအနည်းငယ်သေးနုတ်နေသလိုခံစားမိသည်။
သူ့ဒေါသကိုပြင်းထန်စွာဖိနှိပ်၍ သူ့ရင်ဘတ်ကိုဆုပ်ကိုင်ထားရင်းမြေပြင်ပေါ်မှခုန်ထကာ အံကြိတ်ပြီးပြောလိုက်သည်။
"မင်သခင်လေး၊ သေချာကြည့်၊ ကျွန်တော်အပြုစားမခံထားရဘူး!"
ရှုလင်ကျားပြောလိုက်သည်။
"မင်းပြုစားခံထားရတယ်။"
မြေခွေးမျိုးနွယ်စု၏လူများကသံယောင်လိုက်သည်။
"မဖြစ်နိုင်တာ၊ ဘယ်နဂါးဖြူရဲ့အမြှီးမဆိုဝိညာဥ်စားလူဝံကိုထိလိုက်တာနဲ့ ပြုစားခံလိုက်ရမှာပဲ။"
Advertisement
စုန့်ယွင်ကညင်သာစွာသိမ်းသွင်းသည်။
"ရိသခင်လေး၊ မင်သခင်လေးကလည်းမင်းကောင်းဖို့အတွက်လုပ်ပေးနေတာရယ်။ စိတ်အေးအေးထားပါဗျာ၊ မင်းကိုယ်မင်းမိစ္ဆာကြောင့်အပျက်စီးမခံလိုက်ပါနဲ့။"
သူ၏ကျိန်ပြောနေသောမျက်နှာကိုမြင်လိုက်ရရင်း ဘာကဘာမှန်းရိလင်းမသိတော့၊ ရှင်းလည်းမရှင်းပြနိုင်ဘဲ ရှုလင်ကျားကသူ့ကိုဓားဖြင့်ထိုးလာပြီဖြစ်သည်။
"ရိသခင်လေး၊ ထပါတော့!"
ရိလင်းစိတ်ထဲတွင်ပြောမိသည်: ငါပြောတာကိုငါရှင်းမပြနိုင်ဘူး၊ ငါပဲနေမကောင်းဖြစ်နေတာလား မင်းပဲဖျားနေတာလား ငါမသိတော့ဘူးရယ်။ ကိစ္စကဒီလိုဆိုမှတော့ ငါမင်းကိုအရင်ယုံလိုက်မယ်။
ခုနကသူရှုလင်ကျားကန်တာခံလိုက်ရသော်လည်း တစ်ဖက်လူ၏လှုပ်ရှားမှုများကသေသပ်ပီရိပြီး စိတ်ဝိညာဥ်စွမ်းအားမပါကြောင်း ရိလင်းထက်ရှစွာသတိပြုမိသည်။
ခုနကသူမည်မျှသည်းခံလိုက်မှန်းရိလင်းခံစားမိပြီး သူမတိုက်ချင်ပေ၊ မဟုတ်ရင် ရှုလင်ကျားကဒဏ်ရာအကြီးအကျယ်ရထားပြီး သူ့လက်အောက်မှာဘယ်လိုလုပ်ပြီးလှည့်ကွက်အနည်းငယ်သုံးနိုင်မှာလဲ။
သို့ပေမဲ့ ရှုလင်ကျားကရန်လိုနေပြီး သူမည်ဝါမည်ဝါဖြစ်ကြောင်းကိုသူသိသွားကတည်းက သူ့ကိုပစ်မှတ်ထားနေလေရာ ရိလင်းကူကယ်ရာမဲ့စွာဖြင့်ဒေါသထွက်သွားရပြီး သူ့ဓားကိုလက်ပြန်ဆွဲထုတ်၍ တစ်ဖက်လူ၏ဓားနှင့်တွေ့ဆုံလိုက်သည်။
သို့သော် တိုက်ခိုက်မှုအပြီးတွင် သူ့ခန့်မှန်းချက်လုံးဝမှားယွင်းနေကြောင်း ရိလင်းသိလိုက်ရသည်။
ဝတ္ထုစာအုပ်ထဲတွင် အဓိကဇာတ်ဆောင်ကျန်းရွေ့၏အရေးကြီးသောဇာတ်ပို့များထဲကတစ်ယောက်အနေဖြင့် အကြေးခွံမျိုးနွယ်စု၏သခင်လေးတစ်ယောက်ဖြစ်ကာ သူကားမညံ့ဖျင်းဘဲ ကျင့်ကြံရေးလောကတွင်ထိပ်တန်းအဆင့်ကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်၍ရပေသည်။
သူသည်ရှုလင်ကျားနှင့်အရင်ကလုံးဝမတိုက်ခိုက်ဖူးပေမဲ့ သူ့လက်ကိုစသုံးလိုက်သည်နှင့် ရှုလင်ကျားကဒဏ်ရာရထားပြီး စိတ်ဝိညာဥ်စွမ်းအားများကိုလွယ်လင့်တကူသုံး၍မရသောအခြေအနေဖြင့် ရိလင်းကိုအနိုင်ရဖို့လွယ်ကူလိမ့်မည်မဟုတ်။
သို့ပေမဲ့ ယခုတွင် သူတို့ကဓားနာကျည်းချက်အပြည့်နှင့်တွင်းကြီးထဲ၌ရှိနေခြင်းပင်။
နှစ်ယောက်သားအပြန်အလှန်တိုက်ခိုက်ကြသော် သူတို့သည်တစ်ဖက်လူ၏လှုပ်ရှားမှုကိုသတိထားနေရရုံသာမက တွင်းအောက်ခြေရှိဓားနာကျည်းမှုတိုက်ခိုက်ချက်များကိုပါ ရှောင်နေရပေ၏။
သို့သော် တိကျစွာအသုံးချလိုက်ရင် ဤခွန်အားကြီးသောအင်အားမှာလည်း အားသာချက်တစ်ခုဖြစ်နိုင်သည်။
အစကရိလင်းတိုက်ခိုက်လိုက်တုန်းက ရှုလင်ကျား၏လှုပ်ရှားမှုများမှာသိမ်မွေ့ပြီးအားနည်းကာ ခွန်အားသုံးရဲပုံမပေါ်သဖြင့် သူလှုပ်ရှားကာတိုက်ခိုက်လိုက်ပြီး သူအလျင်အမြန်အနိုင်ရလိမ့်မည်ဟုတွေးမိလေသည်။
သူတို့တိုက်ခိုက်ကြသော် သူမြင်လိုက်ရသည်မှာ တစ်ဖက်လူ၏လှုပ်ရှားမှုများက လှည့်ကာလှည့်ကာရွေ့လျားသွားရင်း သိမ်မွေ့ကာသက်တောင့်သက်တာဖြစ်နေသည်မှာ လျှောက်သွားနေရင်းကခုန်နေသောကောင်ငယ်လေးတစ်ယောက်ပမာ အရှေ့ကိုတဟုန်ထိုးပြေးလာမည့်အရိပ်အယောင်မရှိပေမဲ့ သူ၏ပုံရိပ်ကားဓားမိုးထဲတွင်အလွန်အမင်းလျင်မြန်လှပေသည်။
ရှုလင်ကျားသည်သူ့ခြေဖဝါးအောက်ကလားရာအတိုင်းနင်းချပြီး သူလှည့်လိုက်တိုင်း ဓားသွားပေါ်ကနာကျည်းချက်မှာ ပိုပိုစိမ့်ထွက်လာလိမ့်မည်ပင်။
ကြီးမားသောဖိအားမှာ လေးလံသောတောင်များဖိချနေသကဲ့သို့ ရိလင်းခံစားနေရပြီး တစ်တောင်ပြီးတစ်တောင်နှင့် ဘယ်တော့မှအဆုံးမသတ်နိုင်ပေ။
သူမိန်းမောသွားရကာ သူ့ရှေ့ရှိပြိုင်ဖက်အစစ်အမှန်ကို ရှင်းလင်းစွာမြင်လိုက်ရတော့သည်။ သူသေချာခံစား၍ရသည့်တစ်ခုတည်းသောအရာကား သူ့လက်ထဲရှိဓားမှာမြှောက်ဖို့ရန်ပိုမိုလေးလံခက်ခဲလာခြင်းပင်။
ထို့နောက် သူ့လက်ကောက်ဝတ်နာကျင်သွားကာ သူသည်ဓားဖြင့်အရိုက်ခံလိုက်ရပြီး မြေကြီးပေါ်လဲကျသွားရကာ ဓားရှည်တစ်လက်ကသူ့လည်တိုင်ပေါ်တင်လာပြီး တစ်ဖက်လူ၏သွေးအေးကာ အနိမ့်အကျမရှိသောအသံထွက်လာပေသည်။
"မင်းနိုးလာပြီလား။"
ရိလင်းအသံနိမ့်နိမ့်ပေးကာ လျစ်လျူရှူလိုက်သည်။ သူ့ကိုလျစ်လျူရှု၍ မြေကြီးပေါ်ကျနေသောဓားကိုသူ့ခြေချောင်းများဖြင့်မကာ အခြေအနေကိုအခွင့်ကောင်းယူ၍ ရှုလင်ကျားကိုဓားဖြင့်ရိုက်လိုက်သည်။
ရှုလင်ကျားလက်တစ်ဖက်မြှောက်၍ သူ၏ဓားသွားကိုလက်နှစ်ချောင်းဖြင့်ထိန်းညှပ်လိုက်သည်။
သူ၏ဇွဲလုံ့လကိုကယ်တင်ရန်အလို့ငှာ သူလက်နက်မပါဘဲမထွက်သွားနိုင်ပေမဲ့ ထိုအခိုက်တွင် သူ့လက်ချောင်းထိပ်များကဓားသွားနှင့်ထိမိသွားသော် ဓားချီစွမ်းအားထောင်ပေါင်းများစွာမှာ ရိလင်းကိုပြင်းထန်စွာရိုက်ခတ်ရန်ဦးတည်လာသည့်နှယ် ချက်ချင်းဆိုသလိုပေါက်ကွဲသွားပေသည်။
ဤတစ်ကြိမ်၌မူ၊ ရိလင်းတစ်ယောက်တကယ်ပင် ပေပေါင်းများစွာနောက်ပြန်ဝဲသွားပြီး သွေးတစ်လုတ်အန်ထွက်ကာ မြေပြင်ပေါ်လဲကျသွားသည်။
ဤအရှက်ရစဖွယ်သွင်ပြင်ကား သူ့မျက်လုံးကိုဖွင့်၍ လင်ရှောင်းတောင်ထွတ်ပေါ်တွင်လိမ်ပြောခဲ့တုန်းကကဲ့သို့ပင် ရယ်စရာကောင်းလှပေသည်။
အစတုန်းက သူဟာမြင့်မြတ်သောလူတစ်ယောက်ဟုထင်ခဲ့မိသဖြင့် အမည်းနှင့်အဖြူကိုဆန္ဒရှိသလိုပြောင်းလဲပြီး အခြားသူများကိုဖြစ်သွားစေသောဒုက္ခအခက်အခဲနှင့်ပတ်သတ်၍ တွေးတောခဲ့ခြင်းမရှိပေ။
ရှုလင်ကျားဓားကိုဓားအိမ်ထဲပြန်ထည့်ကာ အရိုးနှင့်ဓားကျိုးဓားပဲ့တို့ကို သူ့ခြေဖဝါးနှင့်တက်နင်း၍ ရိလင်းထံသို့တစ်လှမ်းချင်းလျှောက်သွားလိုက်၏။
___________________________________________
ဘာသာပြန်သူ၏ပြဇာတ်ငယ်:
ရှုလင်ကျား: "ငါကတကယ်တော့..."
နောက်လိုက်တစ်သိုက်: "သခင်လေးဘာပြောပြောမှန်တယ်!"
ရှုလင်ကျား: "..." ငါဘာမှမပြောရသေးဘူးလေ။
___________________________________________
ရှုလင်ကျား..ဒုန်းဒုန်းဒုန်း!!! ဟဲဟဲ..updateကတော့မှန်လိုက်၊ မမှန်လိုက်နဲ့ပါပဲ။
________________________________
!zawgyi!
........................................................................
[28/30]
"ခဏစောင့်အုံး။"
Advertisement
- In Serial103 Chapters
Flock of Doves
Twelve years ago, after being pulled from a cage in a Russian military base, Kiromir brought Niala to his people thinking that her wings and funny words meant that she could be one of them, a Wildling warrior full of fire and magic. Now, she's the lone mockingbird in a flock of doves. Though, Gaffriel thinks she looks more like a woodpecker, but he's an idiot... a likeable idiot, but still an idiot. Can she really be one of them? Will they ever find her family, or did she make the best one for herself, already? When her stupid grandmother starts to bargain her future 'for the better of the flock,' things go all the right kinds of wrong [1st person, switching POV] [Book is completed and being edited] Cover art by Damien Birdyboi @BirdyBoiWonder on twitter Calligraphy by Sadcat SadCat#0732 on discord
8 95 - In Serial22 Chapters
Im Just a Normal Character
A university student who have arrived at home, and was about to start read a new novel he found, but was reincarnated.
8 232 - In Serial8 Chapters
Incarnation of Ice and Fire
Full Genre: Dark Fantasy, Romance, Harem, Action, Adventure, Drama, Psychological, Seinen, Mature, Supernatural, Tragedy Additional Tags: Antihero, Politics, Aristocracy, Intrigue, War, Medieval Era, Isekai, Possession, Age Progression, Cautious Protagonist, Engagement, Hard-working MC, Cunning MC, Androgynous MC, Murder, Violence, Slow Pace, Fan-made series, Rise to Power, Devils, Multiple POVs, Beastmen, Elves, Religion, Cults, Orcs, Goblins, Demons, 1st person narrative, 3rd person narrative, Weak to Strong, Chaotic Neutral MC, Magic, Heterochromatic Eyes, Bloodlines, Abnormal Harem, Butlers, Maids (Will not mention more as it will be a major spoiler :P) SynopsisThis person regained consciousness with no memories to help him at the start. There was no generic cliché meeting with a god, no stupid cheat skills given, no chunibyo status window, no “I will give you what you wish” from an idiot water goddess, not even a reincarnation. Just straight waking up in another world and worse; possessing a body owned by an orphan child. And there’s another problem, he doesn’t know if which is the real him. Is he: >the orphan child that gained the memories of a man from another world >or the man that gained the memories and body of an orphan. Follow the tales of a person that later got involved in the conflicts between heroes and villains. The person whom in order to survive, continues to struggle and fight against fate, destiny, the World… fighting against what is already written.[Fan-Fiction OVERHAUL Series of the Original Japanese Webnovel: Falling in Love with the Viillainess]
8 142 - In Serial15 Chapters
A Love Surreal
Known as the best couple. One is a famous actor, the other a promising singer.They've received multiple awards together.Everything about them is an epitome of a perfect love story. Are they really what they seemed behind the glamour? Or everything is just a facade to create a story of a love surreal?
8 182 - In Serial16 Chapters
to be together | chase davenport/reader
"I wanted to think we were destined in some way - to end up happy, to grow old, just to be together."Thanks to everyone who stuck with this.
8 167 - In Serial42 Chapters
Her Five Protectors
Athena is trying to adjust in her newfound freedom but she is forcefully ripped away from it. But sometimes everything happens for better!Cover made by @anne0tm0
8 219