《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၁၇]ပျံဝဲနေသောအလင်း|ပ်ံဝဲေနေသာအလင္း
Advertisement
........................................................................
လူတွေကိုရိုက်နှက်ရာမှပိုက်ဆံရလာလိမ့်မည်ဟု ရှုလင်ကျားမထင်ထားမိသဖြင့် သူထွက်သွားဖို့ပြင်ရင်းတန့်သွားရသည်။
[အသိပေးချက်! ဇာတ်ကြောင်းအသစ်ဖြစ်စဥ်ဘားမှာ ၉၈ရာခိုင်နှုန်းကိုရောက်သွားပြီဖြစ်ပြီး ဇာတ်ရှိန်မြင့်တဲ့ဇာတ်အိမ်အထုပ်ကိုဖွင့်ရန် ပွိုင့်၂ခုသာကျန်ပါတော့တယ်!]
"ကောင်းပြီလေ။"
ရှုလင်ကျားသည်ဝတ်ရုံလက်များကိုလိပ်တင်ကာ ခေါင်းကိုလှည့်၍ အနောက်လှည့်ရန်ပြင်လိုက်၏။
"၂ခုပါပဲ။"
ရိလင်း၏မျက်နှာဘယ်ဘက်အခြမ်းကိုနောက်တစ်ချက်ထိုးလိုက်ရာ သူ့အတွက်တော့ ရိလင်းကိုရိုက်နှက်ရခြင်းကား အမြှီးလှုပ်ရမ်းခြင်းထက်ပို၍သက်တောင့်သက်တာရှိလှသည်။
စနစ်ကအလျင်စလိုတားလာသည်။
[ကျေးဇူးပြုပြီးမှတ်ထားပါ Host၊ အကြောင်းအရင်းရှိမှရိုက်နှက်တာကသာ ကံကောင်းမှုတန်ဖိုးကိုတိုးစေတာပါနော်။ အကြောင်းမရှိဘဲ စကားများရန်ဖြစ်ပြီးပြဿနာရှာတာက မကောင်းတဲ့အမူအကျင့်ပဲ။ ဆိုးဝါးတဲ့ပွိုင့်တွေနဲ့တိုက်ခိုက်ခံရဖို့လွယ်တယ်။
ပွိုင့်တွေအနှုတ်ခံလိုက်ရရင် ဟူအောင့်ထျန်းကလည်းအမွှေးကျွတ်သွားပါလိမ့်မယ်နော်။
....အဟမ်း၊ အမွှေးမရှိတဲ့မြေခွေးတွေက ပိုပြီးတော့တောင်ချစ်စရာကောင်းသွားနိုင်တယ်ရယ်!]
ရှုလင်ကျား: "..."
ရိလင်းကိုသာမန်ကာလျှံကာတိုက်ခိုက်၍မရ၊ ကျင်းဖေးထုန်ကလည်းအနားမှာမရှိလေရာ ရှုလင်ကျားတစ်ယောက်ဇာတ်ကြောင်းတိုးမြင့်မည့်အကြံကို ယာယီဘေးဖယ်ထားလိုက်ပြီး လူအုပ်ကြားထဲပြန်သွားလိုက်သည်။
ရိလင်းက သူမည်ဝါမည်ဝါဖြစ်ကြောင်းကို လူအများရှေ့တွင်ဖော်ထုတ်လာမည်ကို သူလုံးဝမစိုးရိမ်မိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းကရှုလင်ကျားကိုမည်သည့်ပြဿနာမှမဖြစ်စေပေမဲ့ ချင်းချိုးမြေခွေးမျိုးနွယ်စုကိုဆန့်ကျင်ရာရောက်သွားပေလိမ့်မည်။
ယခုတွင် ရှုလင်ကျားကယင်းကိုမျှော်ပင်မျှော်လင့်မိပေသည်။ အကြောင်းကား ဤနည်းလမ်းဖြင့်သာလျှင် ရိလင်းကိုရိုက်နှက်ခွင့်ရမည်မို့ပင်။
ရှုလင်ကျားပြန်လာသော် အရံအတားမှာတည်ထောင်ပြီးသွားပြီဖြစ်၍ ခပ်ဖျော့ဖျော့အရှိန်အဝါကပတ်ဝန်းကျင်တစ်ခွင်ကို ထွန်းလင်းပေးလျက်ရှိသည်။ ယခုမှသာလျှင် သူသတ်ခဲ့သောအနက်ရောင်အရိပ်ကား ပေ၂၀ထက်ပိုရှည်သည့်ကြီးမားသောလူဝံတစ်ကောင်ဖြစ်နေကြောင်း ရှင်းလင်းစွာမြင်လိုက်ရတော့သည်။ ဤအခိုက်အတန့်တွင် ၎င်း၏ဦးခေါင်းနှင့်ကိုယ်မှာသီးခြားကွဲလျက်ရှိပြီး ၎င်းဟာမြေပြင်ပေါ်တွင်လဲကျနေပေသည်။
သူ့ရှေ့ရှိကျောက်နံရံနောက်ကွယ်၌ ပေပေါင်းများစွာနက်သောတွင်းကြီးတစ်တွင်းရှိနေကာ ထိုကဲ့သို့ကြီးမားသောလူဝံတစ်ဒါဇင်မှာ တွင်းနက်၏အောက်ခြေတွင်ပြေးလွှားလျက်ရှိသည်။
အထဲသို့ဝင်လာသောအလင်းရောင်ကိုခံစားမိလိုက်ရအပြီးတွင် ၎င်းတို့မှာပို၍အနားမယူဘဲ ခုန်၍အော်ဟစ်ဟိန်းဟောက်လာကြတော့သည်။
အကယ်၍ ၎င်းတွင်းကိုပိတ်ဆို့ရန် လက်ဦးမှုရယူ၍အရံအတားမတည်ဆောက်ခဲ့ပါက ဤမကောင်းဆိုးဝါးများခုန်ထွက်လာကာ ခုနကပိုးကောင်များကဲ့သို့ သူတို့ကိုအမဲလိုက်လာမှာစိုးသည်။
၎င်းတို့၏ခြေဖဝါးအောက်တွင် အရိုးအပုံလိုက်ရှိနေပြီး နေရာတိုင်းတွင်ပျက်စီးနေသောလက်နက်များရှိနေကာ ထိုထဲတွင်ဓားများလည်းရှိ၍ ဓား၊ လှံရှည်၊ ကြာပွတ်များကဲ့သို့သောလက်နက်များလည်းရှိ၏။
ဤနေရာ၌ဘုန်းတော်ကြီးဘယ်လောက်များများ နှစ်ရာချီ၊ ထောင်ချီအမြှုပ်ခံခဲ့ရကြောင်း သူမသိပေ။
ဤဓားများကား သူတို့သခင်၏သေဆုံးမှုတို့ကိုသက်သေပြလျက်ရှိပြီး တစ်ဖန်ကျိုးပဲ့ပျက်ဆီးသွားပြီးနောက် နှစ်ပေါင်းများစွာ၌ဤနေရာတွင်အပစ်ခံခဲ့ရကာ ၎င်းတို့ထံတွင်ဖြစ်တည်နေသောနာကျည်းမှုကား သဘာဝကျကျပင်အသေးအမွှားကိစ္စမဟုတ်။
သူတို့ရှေ့ရှိမြင်ကွင်းကိုလူတိုင်းမြင်လိုက်ကြရပေမဲ့ မည်သူတစ်ဦးတစ်ယောက်ကမျှတစ်အောင့်ကြာစကားတစ်ခွန်းမဆိုမိကြပေ။
ရှုလင်ကျားထွက်သွားသော် ရိလင်းသည်ထိုနေရာတွင်ခေတ္တမျှရပ်နေမိပြီး သူ့မျက်နှာပေါ်ကဖူးရောင်မှုကိုလျှော့ချရန် သူ့စိတ်ဝိညာဥ်စွမ်းအားကိုသုံးလိုက်အပြီးတွင် သူဖြည်းညှင်းစွာပြန်လျှောက်လာကာ တွင်းအောက်ခြေကိုဖူးယောင်နေသောမျက်နှာဖြင့်ကြည့်လိုက်သည်။
ရွှယ်ထိုင်ကရှုလင်ကျား၏နံဘေးတွင်ရပ်နေပြီး သူ့ကိုအနည်းငယ်ပိတ်ဆို့ရန်ဘေးကိုမသိမသာလှည့်လိုက်ရင်း သူ့ကိုအလင်းပေးရန်အဖြူရောင်မီးတောက်ကိုကိုင်ထားလျက်ရှိသည်။
သူကရှုလင်ကျားကိုပျော့ပြောင်းစွာပြောပြလာသည်။
"သခင်လေး၊ ကျွန်တော်ဒါကိုမှတ်မိတယ်ဗျ။ ဒီအရာက ဝိညာဥ်စားလူဝံပဲ။ ဒါကစိတ်နာမ်မရှိပေမဲ့ ဒေါသကြီးပြီးကြမ်းကြုတ်တယ်။ လူတွေရဲ့သေခါနီးခန္ဓာကိုယ်ကိုစုပ်ယူရတာကြိုက်တယ်၊ စိတ်ဝိညာဥ်စွမ်းအားကိုပေါ့။ တစ်ကိုယ်လုံးကသံလိုမာကျောပြီး အားနည်းချက်ကလည်ပင်းပဲ။"
ထို့ကြောင့် အခုနကရှုလင်ကျား၏ဓားချက်ကား မလျင်မြန်သကဲ့သို့မပြင်းထန်သော်လည်း ပြိုင်ဖက်၏အဓိကနေရာကိုတိကျစွာရွေးချယ်လိုက်နိုင်သဖြင့် သူ၎င်းကိုသတ်လိုက်နိုင်ခြင်းပင်။
မဟုတ်လျှင် ဤအရာကကိုင်တွယ်ရန်ပို၍ပင်ခက်ခဲလာမည်မှာ တွင်းအောက်ခြေရှိဓားနှင့်အရိုးများကသက်သေပင်။
ရွှယ်ထိုင်းပြောပြီးသွားသော် သူခေတ္တတုံ့ဆိုင်းသွားပြီး ထို့နောက်ပြောလိုက်သည်။
"ဒါပေမဲ့ ဝိညာဥ်စားလူဝံတွေက ရင်လန်းရနံ့ကိုအကြိုက်ဆုံးပဲ။ သူတို့ဒီမှာစုဝေးနေတယ်ဆိုတော့ အောက်မှာရင်လန်းကိုရှာတွေ့တယ်လို့ဆိုလိုတာပဲ။"
ဆေးဖက်ဝင်အပင်သုံးမျိုးရှိပြီး ကျန်းရင်လန်းမှာ တစ်ခုအပါအဝင်ပင်။
ဤဆေးဖက်ဝင်အပင်မျိုးကား ရှေးခေတ်ကာလများတွင်သာတည်ရှိပြီး ယခုတွင်ကမ္ဘာပေါ်မှာရှာတွေ့ရန်ခက်ခဲလှပေသည်။ ၎င်းတွင် စိတ်ဝိညာဥ်စွမ်းအားတိုးစေပြီး ဒဏ်ရာပျောက်ကင်းစေသော ထူးခြားအံ့သြဖွယ်အကျိုးသက်ရောက်မှုများရှိသည်။ ၎င်းကိုရှာတွေ့လိုက်ပြီးနောက် မြေခွေးမျိုးနွယ်စုတင်စိတ်လှုပ်ရှားရုံသာမက အခြားသူများကလည်းသဘာဝကျကျပင်မလိုချင်ဘဲမရှိပေ။
ရွှယ်ထိုင်းပြောလိုက်ပြီးနောက် သူ၏ခြေဖဝါးမှာမသိမသာအကန်ခံလိုက်ရသည်ကို ခံစားမိလိုက်သည်။ သူတည်ငြိမ်စွာနောက်ဆုတ်ကာ ရွှယ်ရုန်ကိုလှည့်ကြည့်၍ မေးလိုက်သည်။
"မင်းဘာလုပ်တာလဲ။"
ရွှယ်ရုန်တိုးတိုးလေးပြောလိုက်သည်။
"ညီလေး၊ မင်းဘာလို့သခင်လေးကိုပြောပြလိုက်တာလဲ။ အကြီးအကဲချန်နဥ်မပြောခဲ့ဘူးလား၊ သခင်လေးကိုကာကွယ်ပြီး သူ့ကိုမစွန့်စားစေနဲ့တဲ့လေ။ သူကမျိုးနွယ်စုခေါင်ကိုနှိုးဖို့အလျင်လိုနေပြီး ဆေးသွားယူနေတုန်းမှာ ဒဏ်ရာရသွားရင် ငါဘာလုပ်ရတော့မလဲ။"
ရွှယ်ထိုင်းပြောလိုက်သည်။
"သခင်လေးရဲ့စိတ်နေစိတ်ထားက ငါတို့ထင်ထားတာနဲ့မတူဘူးလို့ထင်တယ်။ မင်းအန္တရာယ်ရှိတဲ့အခါကျရင် သူကမင်းကိုဆွဲပြီးသူ့အနောက်မှာပို့ထားလိမ့်မယ်။ သူကသွေးနဲ့သစ္စာရှိတဲ့ယောက်ျားတစ်ယောက်ပဲ။ ငါသူ့ကိုအရမ်းလေးစားတယ်။ မျိုးနွယ်စုခေါင်ကသူ့အမေလေ၊ သူ့ကိုဒီကိစ္စတွေဖြေရှင်းခွင့်ပေးလိုက်တာက လေးစားမှုတစ်ခုပဲ။"
ရွှယ်ရုန်ထိုအကြောင်းစဥ်းစားလိုက်မိပေမဲ့ သူမငြင်းဆန်နိုင်ပေ။
"မင်းပြောတာမှန်တယ်၊ ငါလည်းသခင်လေးကိုအရမ်းသဘောကျတယ်ကွ။ သူသာဆန္ဒရှိရင် အကုန်အဆင်ပြေတယ်။ ဘာပဲဖြစ်ဖြစ်ပါ၊ သူဘာပဲလုပ်ချင်လုပ်ချင် ငါတို့ခွန်အားအကုန်လုံးနဲ့သူ့ကိုကာကွယ်ကြတာပေါ့။"
ရွှယ်ထိုင်းသက်တောင့်သက်တာဖြစ်စွာပြုံးလိုက်သည်။
"သခင်လေးကမင်းကိုပြန်ပြီးမကာကွယ်စေနဲ့ပေါ့။ သူ့ဆရာကဘယ်မှာလဲဆိုတာငါမသိပေမဲ့ သူ့အစွမ်းအစကတကယ့်ကိုမယုံကြည်နိုင်စရာကောင်းတယ်လို့ထင်တယ်။"
သူတို့သာမက ချီဇုန်ဂိုဏ်းသားများဟာလည်း ခုနကမုန့်ခုန်ကိုကယ်လိုက်သည့်ရှုလင်ကျား၏ကြင်နာမှုကိုမမေ့ဘဲ စုန့်ယွင်ကစိတ်အားထက်သန်စွာဝင်ပြောလာသည်။
"မင်သခင်လေး၊ အန္တရာယ်များတာက အန္တရာယ်များတာပဲပေါ့။ လူအများကြီးနဲ့ဆိုရင်လုပ်ရလွယ်တယ်။ အကုန်လုံးအောက်ဆင်းပြီး အတူတူပူးပေါင်းကြရင် လူဝံတွေကိုသတ်ပြီးဆေးယူဖို့ အရမ်းကြီးမခက်ခဲလောက်ဘူးရယ်။"
မုန့်ခုန်ချောင်းခြောက်ဆိုးကာ သူ့မျက်နှာကအနည်းငယ်ပူနွေးနေပေမဲ့ သူလည်းပဲပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော်တို့အကောင်းဆုံးလုပ်ပါ့မယ်။"
ရိလင်းကသူ့ဘေးကိုကြည့်၍ သူ့ရင်ထဲတွင်ပို၍သတိဝိရီယရှိလာသည်။
ရှုလင်ကျားသည်သူမည်သူမည်ဝါဖြစ်ကြောင်းမထုတ်ပြသော်လည်း ဤတစ်ခဏလေးအတွင်းတွင် လူပေါင်းများစွာ၏ယုံကြည်အားကိုးမှုကိုရသွားပြီဖြစ်၏။ လူတွေရဲ့နှလုံးသားကို သူတမင်တကာလာဘ်ထိုးလိုက်တာများလား။
သူဘာလုပ်ဖို့ကြိုးစားနေတာလဲ။ သူကသူ့ကိုလက်စားချေလာရင် သူကဒါနှင့်ထိုက်တန်သည်၊ သို့သော် ရှုလင်ကျားကကျန်းရွေ့ကိုပြဿနာသွားရှာမည်ကို ရိလင်းစိုးရိမ်နေမိရုံသာ။
သူ့နှလုံးသားကပရမ်းပတာဖြစ်နေပြီး သူ့မျက်ဝန်းထဲတွင်ကြောက်ရွံ့သောအကြည့်ရှိနေပေမဲ့ ရှုလင်ကျားကသူ့ကိုပြန်ကြည့်၍ မေးလာသည်ကို သူမြင်လိုက်ရသည်။
"ရိသခင်လေး၊ မင်းဘာတွေတွေးနေတာများလဲ။"
သူ့ပုခုံးကိုတွန်းရင်း သူမေးလိုက်သည်။
"ရိသခင်လေး၊ ကျွန်တော်မင်းကိုမေးစရာရှိတယ်။"
ရိလင်း: "..."
သူသာအချိန်မီသတိကပ်ထားပြီး သူ့ခြေထောက်ပေါ်မြဲမြံစွာရပ်မိနေခဲ့ဘူးဆိုရင် ရှုလင်ကျားကသူ့ကိုထိုအခိုက်တွင်ကျောက်နံရံထဲတွန်းချနိုင်သွားရင် သူရှုလင်ကျားကိုပါအောက်ဆွဲချလို့ရလိမ့်မည်မဟုတ်။
[လူတွေကိုဗီလိန်နှလုံးသားနဲ့ဆက်ဆံတာကိုတားမြစ်ထားပါတယ်! အဖွဲ့ဝင်များစွာအတွက် အဓိကဇာတ်ဆောင်အုပ်စုကိုတွန်းဖယ်ခြင်း၊ ကံကောင်းမှုတန်ဖိုး: +2!]
[တင်! ဇာတ်ရှိန်မြင့်ဇာတ်အိမ်အထုပ်ပွင့်သွားပါပြီ!]
ရှုလင်ကျားသည်မှန်ကန်သောလောင်းကြေးကိုထပ်လိုက်ပြီး ရိလင်းမည်သို့တုံ့ပြန်မည်ကိုစိတ်မဝင်စားတော့သဖြင့် သူလက်ရုတ်၍ စနစ်ပေါ်တွင်ယခုလေးတင်မှပွင့်လာသော ဇာတ်ကြောင်းအသစ်ကိုစကြည့်လိုက်၏။
ရှုလင်ကျား: "..."
သူဘယ်လိုသေသွားမှန်းသူသိချင်နေမိတုန်းပဲ၊ ဒါပေမဲ့ ဒီစာသားနှစ်ကြောင်းကိုမြင်လိုက်ရတော့ သူဘာမှပြောစရာမလိုတော့ဘူး။
-----သူဤလတ်ဆတ်သောအလောင်းဆီလာချင်တာက သူ၏အထောက်အပံ့များအနက်တစ်ခုဖြစ်ကိုဖြစ်ရမည်။
နောက်တစ်ပိုင်းကား ရှုလင်ကျား၏ခန့်မှန်းချေကိုအတည်ပြုပေးလာသည်။
[ကျန်းရွေ့နှင့်အခြားသူများသည် ဝေဝေဝါးဝါးမျက်နှာနှင့်အလောင်းများအကြားတွင် အချိန်အကြာကြီးရှာဖွေခဲ့ကြရာ နောက်ဆုံးတွင်သက်ရှိလူတစ်ယောက်ကိုရှာတွေ့၏။
ကျန်းရွေ့ထိတ်လန့်တကြားပြောလိုက်သည်။
"ရိသခင်လေး၊ ခင်ဗျားရဲ့ဒဏ်ရာဘယ်လိုနေလဲ။ ခင်ဗျားတောင့်ခံနိုင်သေးလား။"
ရိလင်းပြောလိုက်သည်။
"ကံမကောင်းစွာနဲ့ မြေခွေးမျိုးနွယ်စုသခင်လေးနဲ့အခြားသူတွေအကုန်သေသွားကြပြီ။ အဟွတ်... ကျွန်တော်ဝိညာဥ်စားလူဝံသတ်တာခံရတော့မလိုဖြစ်နေတဲ့အချိန်မှာ သူတို့တွေသေကုန်ကြပြီ၊ ဒါပေမဲ့ တွင်းအောက်ခြေကစစ်သည်တော်တွေရဲ့နာကျည်းချက်အောက်မှာ ကျွန်တော်သေသွားခဲ့တာ.. ကျွန်တော်ရဲ့ကံကောင်းမှုကြောင့်သာမဟုတ်ရင် ကျွန်တော်အခွင့်ရေးရပြီးလွတ်လာမှာမဟုတ်ဘူး။"
ကျန်းရွေ့နောင်တရမိသည်။
"ဒါတကယ်ဝမ်းနည်းစရာပဲ။"
ရိလင်းကသူ၏ရင်ဘတ်ထဲမှခရမ်းရောင်မြက်ပင်တစ်ပင်ထုတ်၍ သူ့ကိုတုန်တုန်ရီရီဖြင့်ကမ်းပေးလာသည်။
"ဒါကရင်းလန်အပင်ပဲ။ ဒါအတွက်နဲ့ လူအများကြီးအသက်တွေပေးဆပ်သွားကြတာ။ မင်းဒါကိုသိမ်းထားရမယ်နော်။"]
"ဇာတ်ရှိန်မြင့်ဇာတ်ကြောင်းအထုပ်"ကား အဓိကဇာတ်ဆောင်၏ဇာတ်ရှိန်ကိုရည်ညွှန်းခြင်းပင်။ သို့ပေမဲ့ ယင်းဟာလည်းကျိုးကြောင့်သင့်၏၊ အမြှောက်စာဇာတ်ကောင်၏ဇာတ်ရှိန်မဖြစ်နိုင်ပေ။
ရှုလင်ကျားသည်ကျန်းရွေ့ကိုမနာလိုဖြစ်လုမတတ်ပင်။
အခြားသူများကသံလမ်းပေါ်တက်နင်း၍ ကြည့်စရာမရှိသဖြင့် နောက်ဆုံးတွင် တစ်စုံတစ်ခုအတွက်အလဲအလှယ်အနေဖြင့် သူ့အသက်ကိုယူဆောင်သွားခဲ့ပြီး သူကတော့လူတိုင်းမရနိုင်သည့် ကြီးမားသောအပေးအယူကိုလွယ်လင့်တကူကောက်ရခဲ့သည်။
သို့သော် ဒါကအရေးမကြီး၊ အရေးကြီးသည်က ဤဇာတ်ကြောင်းအရဆိုရင် ရိလင်းမှလွဲ၍ ရှုလင်ကျားနှင့်အခြားသူတို့၏သေခြင်းတရားမှာ မျက်မှောက်တွင်သိပ်မဝေးတော့ပေ။
Advertisement
ထိုအခိုက် ဇာတ်ကြောင်းကိုပြောင်းလဲရန် ဒုတိယအခွင့်အလမ်းရောက်လာပေသည်။
[ထုတ်ပြန်လာသောတာဝန်: သားရဲအကောင်သုံးဆယ်ကို အမွှေးတိုင်သုံးတိုင်စာအတွင်းမှာအနိုင်ယူလိုက်ပါ၊ ထိုမှသာ ဒီစာပိုဒ်ရဲ့ဇာတ်ကြောင်းကိုပြောင်းလဲဖို့အခွင့်ရေးရမှာဖြစ်တယ်။]
စနစ်ဖြစ်စဥ်ဘားတန်းမှာ [0/30]ဟုပြသလျက်ရှိပြီး သဲနာရီမှာလည်းလေထုအလယ်တွင်တစ်ဖန်ပေါ်လာပေသည်။
မုန့်ခုန်ကသူ့နှာခေါင်းနှင့်မျက်လုံးတစ်စုံကိုပင့်လိုက်ပေမဲ့ သူ့အသက်ကိုရှုလင်ကျားကယ်လိုက်ပြီးနောက်တွင် သူ့အမှားကိုဝန်ခံ၍ကျေးဇူးတင်ရန် သူ့ပါးစပ်ကိုမဟနိုင်ပေ၊ သို့သော် သူ့အသက်ကိုပြန်ဆပ်ရန်စိတ်ဆုံးဖြတ်ထားမိသည်။
သူ၏စိတ်နေစိတ်ထားကား ပိုမိုအကောင်းမြင်လာပြီး သူပြောလိုက်သည်။
"အခုဆေးပင်သွားမယူခင် ဒီလူဝံတွေအကုန်လုံးကိုသတ်ပစ်ဖို့ ကျွန်တော်တို့တွေနည်းလမ်းရှာရမယ်။"
ရှုလင်ကျားပြောလာတာကိုသူကြားလိုက်ရသည်။
"ဒါဖြင့် ကျွန်တော်အရင်ဦးဆောင်သွားပါရစေ။"
မုန့်ခုန်ခေါင်းလှည့်ကြည့်လိုက်ရာ တစ်ဖက်လူကတည့်မတ်စွာခုန်သွားပြီး တွင်းနက်ထဲခုန်ဝင်သွားသည်ကို မြင်လိုက်ရပေသည်။
သူခြောက်ခြားသွားရသည်။
ရှုလင်ကျားကသူ့လက်ကိုပြရုံသာဖြစ်သော်လည်း သူကလှုပ်ရှားမှုတစ်ကွက်သာပြုလုပ်လာပြီး ဒုတိယအနေဖြင့် သူဟာကံကောင်းစွာဖြင့် ကြီးမားသောလူဝံ၏လည်ပင်းကိုချိုးလိုက်နိုင်ခြင်းဖြစ်ကာ သူ၏ခွန်အားမှာမရှင်းလင်းပေ။ ဤအခိုက်တွင် သူဟာရုတ်တရက်ခုန်သွားပြီး သူ့ကိုယ်သူသတ်မိလုနီးပါးဖြစ်ကာ လူတိုင်းကိုကြောက်ရွံ့သွားစေသည်။
"သခင်လေး!"
မုန့်ခုန်ဟာလည်းမသိလိုက်မသိဘာသာဖြင့်လက်ဆန့်၍ ဆွဲကိုင်လိုက်မိပေမဲ့ သူမဖမ်းမိလိုက်ပေ။
သူ့နှလုံးသားရုတ်ခြည်းအေးစက်သွားရကာ သူထိုအကြောင်းမစဥ်းစားချင်ပေ။ သူသည်တွင်းအစွန်ကိုခုန်ကာ အထဲကိုခုန်ချလိုက်ပေမဲ့ စုန့်ယွင်ကသူ့ကိုလှမ်းဆွဲ၍ သူ့ခေါင်းကိုဖိချထား၏။
"သေချာကြည့်စမ်းပါ၊ ပြဿနာမရှာနဲ့!"
မုန့်ခုန်အောက်ငုံ့ကြည့်လိုက်ရာ ရှုလင်ကျား၏ခန္ဓာကိုယ်ကတည့်တည့်ကျသွားကြောင်း မြင်လိုက်ရသည်။
တွင်းထဲရှိကြီးမားသောလူဝံမှာ ဤကဲ့သို့သေကြောင်းကြံစည်ခြင်းမျိုးကို တစ်ခါမျှမမြင်ဖူးလေရာ အရမ်းကိုစိတ်လှုပ်ရှားသွားမိသဖြင့် အပေါ်ခုန်တက်ကာသူ့ထံတဟုန်ထိုးဦးတည်လာသည်။
အချိန်ကားအကန့်အသတ်နှင့်ပင်၊ ရှုလင်ကျားကလျင်မြန်သော်လည်း သူ့စိတ်ကပို၍ပင်မြန်ဆန်သဖြင့် သူအောက်ဆင်းလာသည့်တစ်ခဏတွင် သူတွက်ချက်လိုက်ပြီးသားဖြစ်သည်။
သူသည်ကြီးမားသောအကောင်များ၏ဝန်းရံခံထားရသည်ကိုမြင်လိုက်ရရင်း သူမရှောင်တိမ်းဘဲ လက်ဦးမှုယူ၍ဘေးကိုခုန်ကာ အနီးဆုံးလူဝံ၏လက်မောင်းကိုဆွဲကိုင်ပြီး အခြေအနေကိုအခွင့်ကောင်းယူ၍ ဖိချကာ လှန်လိုက်ရာ သူ့ခန္ဓာကိုယ်ကိုလွှဲ၍ ၎င်းခန္ဓာကိုယ်တစ်ခုလုံးကိုလွှင့်ပစ်လိုက်သည်။
လေထဲတွင်အနောက်လှန်လိုက်သော် ရှုလင်ကျားကဤစောင်းလျှောကိုယ်နေဟန်ထားဖြင့်ရှိနေရင်း ဓားချိပ်စည်းတစ်ခုဖော်ကာ လူဝံ၏လည်မျိုကိုရွယ်လိုက်သည်။
လူဝံကြီး၏လည်မျိုမှာ လျှပ်တပြက်ပင်သွေးရွှဲသွားပြီး ချက်ချင်းသေသွားတော့သည်။
ရှုလင်ကျားသည်လူဝံအုပ်ကြီးထဲမှထွက်ရန် အခွင့်အရေးယူ၍၎င်း၏အလောင်းကိုကန်လိုက်ပြီး တွင်းအောက်ခြေသို့တိုက်ရိုက်ကျသွားပေ၏။
စနစ်မျက်နှာပြင်က[1/30]ဖြစ်လာသည်။
ရှုလင်ကျားသည်ဘယ်သောအခါမှခွန်အားအကုန်ထုတ်မသုံးပေ။ အဘယ်ကြောင့်ဆိုသော် ယင်းကစိတ်ဝိညာဥ်စွမ်းအားအရမ်းကုန်မည်စိုးသောကြောင့်။ သို့ပေမဲ့ သူထိုသို့ဆိုသော်လည်း လှုပ်ရှားမှုတစ်ကွက်သုံးလိုက်သောအခါ သူ့ရင်ဘတ်ရှိဒဏ်ရာမှထုံထိုင်းသောနာကျင်မှုကိုလည်း သူခံစားလိုက်ရပြီး သူမြေပြင်ပေါ်ဆင်းသက်လိုက်သော် အနည်းငယ်တောင့်တင်းသွားရကာ သူ့ဓားကိုဓားအိမ်ထဲမှဆွဲထုတ်လိုက်သည်။
ဓားဖျားပေါ်ကသွေးကိုတစ်နှစ်ပတ်လုံးလျက်နေခဲ့ရသော သူတို့လိုလူတွေအတွက် အရှိန်ကအသက်ပင်။ ဒါကဓားကိုဆွဲထုတ်ရုံသာဖြစ်သော်လည်း နည်းနည်းလေးနှေးသွားပါက တစ်ဖက်လူကအခွင့်ရေးယူပြီးမင်းကိုသတ်လိုက်မည်ပင်။
ထို့ကြောင့် ဂိုဏ်းသားများအားလုံးစသင်ရသော် မင်းကမည်မျှပင်ပါရမီရှိနေပါစေ ပထမဆုံးလေ့ကျင့်ရမည့်အရာကား ဓားဆွဲထုတ်ခြင်းပင်။
ရှုလင်ကျားအတွက်မူ၊ ရာစုနှစ်များစွာလေ့ကျင့်ခဲ့မှုက ဤလှုပ်ရှားမှုကိုအရိုးထဲထိတိုင်နက်ရှိုင်းစွာအမြစ်တွယ်စေပြီးသားပင်၊ ဒဏ်ရာဟောင်းမပြောနှင့် သူ့မှာနောက်ဆုံးထွက်သက်တစ်မျှင်ပဲကျန်ရှိလျှင်ပင် ဓားဆွဲထုတ်မည်သာဖြစ်၏။
ရှုလင်ကျားသည်အခြားသူများရှေ့တွင်အားနည်းချက်မပြချင်သဖြင့် သူ့ဒူးကိုကွေးကာ ဒူးထောက်ချလိုက်ပြီး သူ့လက်ထဲရှိဓားရှည်မှာအလင်းပမာလျင်မြန်စွာဖြင့် မြေကြီးထဲသို့စိုက်ဝင်သွားချေ၏။
"မကျေနပ်ချက်နဲ့ကန့်ကွက်ချက်တွေကိုလက်ခံဖို့ သတ်ဖြတ်ပြီး အမိန့်အာဏာတွေကိုနာခံပါ၊ စတော့!"
ဓားတစ်လက်ကားသတ်ဖြတ်ရန်အမိန့်ပေးခံလိုက်ရပြီး ဓားပေါင်းများစွာမှာအခေါ်ခံလိုက်ရသည်။ ရှုလင်ကျား၏လှုပ်ရှားမှုမှာစိတ်ဝိညာဥ်စွမ်းအင်တစ်ဝက်မကုန်သွားပေမဲ့ နှစ်ပေါင်းများစွာမြှုပ်နှံခံထားရသောလူသေထောင်ပေါင်းများစွာကို ချက်ချင်းဆိုသလိုနှိုးဆွလိုက်ပေသည်။
မရေတွက်နိုင်သောဓားကျိုးဓားပဲ့တို့မှာအပေါ်ပျံတက်လာပြီး ကြီးမားသောအလင်းကွန်ရက်တစ်ခုဖြစ်ပေါ်လာကာ အရမ်းကာရောတိုက်ခိုက်လာတော့သည်။
ဤအရှိန်လျော့သွားခြင်းကိုအခွင့်ကောင်းယူ၍ ရှုလင်ကျားလည်းသက်ပြင်းရှိုက်ကာ အပေါ်ခုန်တက်ပြီး သူ့ခြေဖဝါးအောက်တွင်ခပ်ဖွဖွလှည့်ကာ ဓားကွန်ရက်ကိုလွယ်လင့်တကူရှောင်တိမ်းလိုက်သည်။
ဆန့်ကျင်ဖက်အနေဖြင့် မဖွံ့ဖြိုးသောဉာဏ်နှင့်ထိုကြီးမားသောလူဝံတို့မှာ ခွန်အားကြီးပြီးအရေထူရင်တောင်မှ သူ၏တိကျသောဝေဖန်ပိုင်းခြင်းနိုင်စွမ်းနှင့် ရှောင်ရှားနိုင်သောစွမ်းရည်မရှိသဖြင့် ၎င်းတို့ဟာကြုံရာကျပန်းတိုက်ခိုက်မှုအောက်တွင် အပေါ်ခုန်လိုက်၊အောက်ကျလိုက်ဖြစ်နေတော့သည်။
တချွင်ချွင်မြည်သံကားဒလဟောရွာသွန်းနေသောမိုးပမာ၊ သွေးနံ့မှာတဖြည်းဖြည်းချင်းပျံ့နှံ့လာပေသည်။
စနစ်ပေါ်ရှိဂဏန်းအရေအတွက်မှာ အဆက်မပြတ်ပြောင်းလဲသွားပြီး နောက်ဆုံးတွင်[21/30]မှာရပ်သွားချေသည်။
ဤအခိုက်အတန့်တွင် သဲနာရီထဲရှိအချိန်မှာမပြီးဆုံးသေးသည့်တိုင် ရှုလင်ကျားကရှောင်နေသောအရှိန်ကို မသိမသာနှေးချလိုက်ပေသည်။
___________________________________________
!zawgyi!
"စိတ်ဝင်စားဖွယ်ကောင်းသောဇာတ်ကြောင်းအထုပ်ကိုလော့ခ်ဖြည်ချခြင်း။"
........................................................................
"ကောင်းပြီလေ။"
"၂ခုပါပဲ။"
ရှုလင်ကျား: "..."
"မင်းဘာလုပ်တာလဲ။"
Advertisement
- In Serial12 Chapters
Sister Earth
A single Sister Earth observes human life from afar, silently lending a helping hand until one day she requires help from an unlikely ally.
8 126 - In Serial6 Chapters
A World In Motion
The world is great and so much remains shrouded in darkness. We can stand on the shoreline and see the outline far in the distance but too often we fail to grasp what goes on. We limit ourself to our immediate surrounding and claim our small piece of land to be the center of it all. A king meets his end so it falls upon the son to wield the power of the crown. What if things were different? What can i do to facility such changes? With a need for something the newly raised king embarks on a journey to find out just what is possible in this world, his world. Historical fiction - The world has the same principal rules as our own but from the perspective of culture/technology/and more its different. Multiple Lead Characters - With time more characters will become relevant so you will experience this world from different vantage points but it's all connected and with purpose. Drama - True depth to a story rests in the arms of character you grow to love or hate, their humanity. Drama is an inevitable feature of humanity so if i succeed in creating fictional humans then drama will surely follow. Action - Place one human in the same room as another and you'll eventually witness action. Action with all the blood and pain associated will it is a natural extension of the human experience. Welcome to my world. ------------------------------------------------------------------------------ Image by Peder Balke (1849) Nationalmuseum. Public domain.
8 154 - In Serial7 Chapters
Grey
Thousands of years ago there was a great breaking of the world. Few alive have the knowledge of why this was necessary, but in the end, the world was split into two. On the one side, a person lived in a world of controlled technology and evolution. On the other, even the basest creatures can alter the world's path. Then came a boy named Icarus, who preferred Fern, and didn't particularly want to be there. This is his story, and how he became a fable told from one village to the next.
8 160 - In Serial32 Chapters
Yore and Olds
The continent of Temuair houses wars, politics, dungeons, magics, and the most dangerous of them all, Aislings. The civilization of Hy-Brasyl is long gone, and the gods have departed from their shores. Millenniums pass and now another war has been wage. The question is, who are they fighting against and for what purpose? The many powers that rule this world are locked in a fierce competition. One of these powers stepped through an unethical barrier, striving for a greater power. A boy, who was preyed upon, fell towards their hands. His mind fell ill to revenge, hoping that one day he'll be free again. DISCLAIMER: This novel borrow elements from the lore and mythology of the game Dark Ages. The lore and mythology won't be a 1:1 copy, and most if not all will be tweaked for this novel. Many elements will also be added that is not included in Dark Ages. It should be easier to follow along if you're familiar with the lore, but it is not require, at all, to know a thing about it. I will explain things when needed, and hopefully it will be sufficient.
8 95 - In Serial7 Chapters
No Angels
The lone survivor of a cataclysmic bombing, Osin has always known that he was different from his caretaker and handler. However, when thrust into a mission that takes a turn for the worse, he uncovers secrets about his origin that change not just his view of the world around him but those beyond...
8 181 - In Serial10 Chapters
The Void Kingdom
Story of a young boy who wants accidents to occur so that he can die without attempting suicide. But his luck is heaven shattering, not giving him a single chance. However, after countless tries one day, he was finally involved in an accident but instead of killing him, the accident changed his life. It freaking changed his species! Moreover, the world isn't what it looks like! He is even saving another world and a fallen clan "Damn! I just wanted to die in an accident! Kill me already!"
8 190