《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၁၅]စွင်းကျုံးသေရည်စိမ်း|စြင္းက်ဳံးေသရည္စိမ္း
Advertisement
"ရန်သူရဲ့လမ်းစဥ်ကကျဥ်းမြောင်းတယ်။ ဒီတော့ မျက်နှာကိုဖြတ်ရိုက်ဖို့ပြင်ထားပါ။"
........................................................................
ရှုလင်ကျားတစ်ယောက်မြေခွေးအသွင်ကိုပြောင်းလဲရန် ဖြစ်တောင့်ဖြစ်ခဲတက်ကြွလျက်ရှိသည်။ ဒီအဖြေက ချန်နဥ်ကိုကူညီလိုက်ရုံတင်သာမကဘဲ သူ့ကိုလည်းမျက်နှာသာများစွာပေးနေပေသည်။
ကံကောင်းထောက်မစွာဖြင့် ချင်းချိုးသည် မြေခွေးမျိုးနွယ်စု၏မွေးရပ်မြေဖြစ်၏။ ရှုလင်ကျားမြေခွေးအသွင်သို့ပြောင်းလဲအပြီးတွင် မကြာမီ၌အမွှေးလုံးပင်လယ်ထံသို့ သူ့ကျရောက်သွားတော့သည်။ ပုံမှန်ကဲ့သို့ "အရမ်းချစ်ဖို့ကောင်းလိုက်တာ"ဟုအပြောခံရမည့်အစားပေါ့။
မြေခွေးမျိုးနွယ်စုကအရမ်းကောင်းတယ်၊ သူသဘောကျတယ်။
မြေခွေးမျိုးနွယ်စု၏နည်းလမ်းအရ လူတိုင်းဝတ်ပြုဆုတောင်းပြီးနောက်တွင် ချန်နဥ်ကလျို့ဝှက်နယ်မြေထဲဝင်ရောက်ရန် လိုက်ပါသူများကိုစီစဥ်ခဲ့သည်။ ချင်းချိုးရှိမြေခွေးမျိုးနွယ်စုများလူသားအသွင်ပြန်လည်ရရှိပြီးနောက်မှသာလျှင်၊ သူတို့ထွက်ခွာလာခဲ့ကြသည်။
အမျိုးမျိုးသောမျိုးနွယ်စုများမှာပို့လိုက်သော ကူညီသူများအားလုံးရောက်ရှိနေပြီးနောက်၊ ရှုလင်ကျားကမန္တာန်တစ်ခုသုံး၍ မြေခွေးမျိုးနွယ်စု၏သခင်လေးအဖြစ်ဟန်ဆောင်ပြီး ချန်နျဥ်နှင့်အခြားသူများနှင့်အတူ လျို့ဝှက်နယ်မြေထံသွားလိုက်သည်။
လျို့ဝှက်နယ်ပယ်အပြင်ဖက်တွင် လူပေါင်းများစွာစုစည်းလျက်ရှိပြီး အများစုမှာရှုလင်ကျားနှင့်ရင်းနှီးသောမျက်နှာများဖြစ်ပေသည်။
ချင်းချိုး၏ကိုယ်ပိုင်ခွန်အားကမဆိုးလှ၊ သူရှာခဲ့သောကူညီသူများဟာလည်း ကျော်ကြားသောဂိုဏ်းတချို့မှဖြစ်ကြသည်။ ဤတစ်ကြိမ်၌မူ၊ စုစုပေါင်းဂိုဏ်း၈ဂိုဏ်းရောက်လာခဲ့ချေသည်။
ရှုလင်ကျားစိုက်ကြည့်လိုက်ရာ ရန်သူဟောင်းများဖြစ်ကြသောကျန်းရွေ့နှင့်ရိလင်းတို့ကိုတွေ့လိုက်ရသည်။
တစ်ချိန်တည်းတွင်ပင်၊ လူတိုင်းကသူ့ကိုပွင့်ပွင့်လင်းလင်း(သို့)တိတ်တခိုးကြည့်နေကြလျက်ရှိသည်။ အဆုံးတွင် ရှားရှားပါးပါးပေါ်လာခဲပြီး ထူးဆန်းသောနောက်ခံအသိုင်းအဝိုင်းရှိသော ဤမျိုးနွယ်စု၏သခင်လေးအကြောင်းကို လူတိုင်းသိချင်နေမိကြသည်။
ဒဏ္ဍာရီအရ၊ မြေခွေးမျိုးနွယ်စုခေါင်ဖြစ်သောမင်ချီဟာ ချစ်ကျွမ်းဝင်ခဲ့ပြီး သူ့က်ိုမွေးဖွားခဲ့သည်။ သူ့အဖေကမည်သူမှန်းမသိရသော်လည်း သူဟာ သာမန်ဟုမဆိုလိုပေ။
မင်ချီသည်နှစ်ပေါင်းများစွာအိပ်စက်နေခဲ့ပြီး သူမ၏တစ်ဦးတည်းသောကလေးမှာ ချင်းချိုးကိုဘယ်တုန်းကမျှတာဝန်ယူခြင်းမရှိခဲ့ပေ။ အကြောင်းပြချက်က တကယ့်ကိုစိတ်ဝင်စားစရာပင်။
သခင်လေးကဂိုဏ်းကိုလွှဲယူရန်ရည်ရွယ်ချက်မရှိဘဲ အခြားကျော်ကြားသောဆရာတစ်ယောက်ထံတွင်တပည့်ခံယူခဲ့သောကြောင့်ဟု အချို့လူတွေကဆိုကြပြီး တချို့ကတော့ သူဟာသာမန်အမှိုက်တစ်ခုသာဖြစ်ကာ အောင်မြင်နိုင်စွမ်းမရှိဟု ထင်ကြေးပေးနေကြသည်။ ထို့အပြင်၊ သူသေသွားပြီဟု ပြောကြသောသူများစွာရှိကြပြီး အများစုကတော့ သူ့အဖေမိသားစု၏ခေါ်သွားခြင်းခံရသည်ဟု ဆိုကြသည်။
မတူညီသောထင်မြင်သုံးသပ်ချက်များအောက်တွင် ဒီကနေ့မတိုင်မီအထိ ဒါဟာလူစင်စစ်တစ်ယောက်လုံးကိုမြင်နေရသည်ဟု သတ်မှတ်၍ရသည်။
မြေခွေးမိသားစုကားလှပသည်။ ရှုလင်ကျားမှာ ဖြူဖပ်ဖြူလျော်မျက်နှာနှင့် မိန်းမဆန်သောမျက်နှာသွင်ပြင်တို့ကိုအယောင်ဆောင်ထားရသည်။ ဒါက သူကိုယ်တိုင်၏မျက်နှာသွင်ပြင်လောက်မကောင်းသော်လည်း သူဟာ ပထမတန်းစားချောမောလှပသော အမျိုးသားတစ်ယောက်ဖြစ်နေဆဲပင်။ သူကအရမ်းကိုငယ်ရွယ်လွန်းနေသဖြင့် သိပ်ပြီးခန့်ညားပုံမပေါက်သည်ကတော့ သနားစရာကောင်းလှသည်။ ဤမျက်နှာသွင်ပြင်မှာ မျိုးနွယ်စုခေါင်၏ရုပ်ရည်နှင့်ဆင်တူလှပေသည်။
ရှုလင်ကျားသည်သူ့မျက်နှာကိုပြသဖို့ရန်ဤနေရာကိုရောက်လာရခြင်းဖြစ်သဖြင့် အခြားသူတွေဘာတွေးနေလဲဆိုတာကိုသူအရေးမစိုက်ပေ။ သူရှေ့တိုးကာ မျက်နှာနည်းနည်းပြလိုက်ပြီး ထို့နောက်တွင်ချန်နျဥ်နှင့်အတူယှဥ်ပြိုင်ရန်လက်မြှောက်၍ ဘေးကိုရွှေ့လိုက်သည်။
ချန်နျဥ်ကရှေ့တိုး၍ လျို့ဝှက်နယ်ပယ်ကိုဖွင့်သည့်နည်းလမ်းနှင့် အတွင်းရှိအခြေခံအချက်အလက်အား အမျိုးမျိုးသောဂိုဏ်းမှလူများကိုရှင်းပြသည်။ တစ်ပြိုင်နက်တည်းပင်၊ သူဟာ မြေခွေးမျိုးနွယ်စု၏ခေါင်းဆောင်များကို ဂိုဏ်းတစ်ခုချင်းစီအတွက်စီမံပေးသည်။ ချန်နဥ်က ကိစ္စကိုကိုင်တွယ်ရာတွင် စွမ်းရည်ပြည့်ဝကာ အစီအစဥ်တကျရှိပေသည်။
ဤကဲ့သို့မြင်ကွင်းကိုမြင်လိုက်ရရင်း ရှုလင်ကျားကားမြင်ကွင်းကိုထောက်ပံ့ရန် ဒီအတိုင်းပေါ်လာသောပြယုဂ်တစ််ခုသာဖြစ်သည်ကို မျက်လုံးကောင်းသောမည်သူမဆိုမြင်နိုင်ကြသည်။
တစ်ဖက်တွင်မူ၊ ကျန်းရွေ့ကသူ့ကိိုစိတ်ဝင်တစားဖြင့်ခေတ္တမျှတိတ်တဆိတ်ကြည့်နေမိပြီး သူ့မျက်လုံးတစ်ချက်လက်သွားကာ ရှုလင်ကျားကိုစကားသွားပြောရန်ပြင်လိုက်ချိန်တွင် သူ့နောက်မှတစ်ယောက်ယောက်က"ဟေး"ဟုပြောလာသည်ကို သူကြားလိုက်ရသည်။
ကျန်းရွေ့လှည့်ကြည့်လိုက်ရာ ၎င်းမှာ ရိလင်းဖြစ်ကြောင်းမြင်လိုက်ရသည်။
နောက်ဆုံးတစ်ကြိမ်ရှုလင်ကျားကိုချောက်ချခြင်းပေါ်သွားပြီးနောက်၊ ရိလင်းမှာတောင်ပေါ်မှလင်ရှောင်းဂိုဏ်း၏မောင်းထုတ်ခံရလုနီးပါးဖြစ်ခဲ့ရပြီး သူတို့နှစ်ဦးသားမှာဘယ်တော့မှထပ်မတွေ့ဖြစ်ခဲ့ကြပေ။ သူရိလင်းကိုပြုံးပြကာ နှုတ်ဆက်လိုက်သည်။
"ရိသခင်လေးလည်းဒီမှာရှိနေတာပဲ။"
"ဟုတ်တယ်။"
ရိလင်းကသူ့ကိုကြည့်၍ စိုးရိမ်တကြီးပြောလာသည်။
"ချီဇုန်ကဒီတစ်ခေါက်မင်းကိုပို့လိုက်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ လျို့ဝှက်နယ်ပယ်ထဲမှာအဆိပ်ရှိတဲ့ပိုးကောင်တွေနဲ့ သားရဲတိရစ္ဆာန်တွေအများကြီးရှိပြီး အရမ်းအန္တရာယ်များတယ်လို့ ငါကြားဖူးတယ်။ အထဲကိုဝင်ပြီးရင် မင်းငါ့နောက်လိုက်ခဲ့လေ၊ အချင်းချင်းဂရုစိုက်ကြတာပေါ့။"
ကျန်းရွေ့ဟာသတစ်ဝက်နှောကာခေါင်းခါလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ကျွန်တော်ဒါကိုမကိုင်တွယ်နိုင်ပဲနေမလားဗျာ? ပြီးတော့ ရိသခင်လေးနောက်လိုက်တာထက်စာရင် မင်သခင်လေးနောက်လိုက်တာကပိုကောင်းတယ်လေ။"
ဤမင်သခင်လေးဆိုသည်မှာ ရှုလင်ကျားကိုဖော်ညွှန်းခြင်းဖြစ်ပြီး သူ့မိခင်၏မျိုးရိုးနာမည်ကိုယူထားသော မြေခွေးမျိုးနွယ်စုသခင်လေးတဖြစ်လဲ မင်ရှောင်းဟုအမည်ရပေသည်။
ရိလင်းကဆိုသည်။
"ဘာလို့လဲ။"
ကျန်းရွေ့ရှင်းပြလိုက်သည်။
"ကျွန်တော်အခုလေးတင်သတိထားလိုက်မိတာ။ သူကသူ့ကိုယ်သူသိပ်အရေးမစိုက်ပေမဲ့ မြေခွေးမျိုးနွယ်စုကတော့သူ့လုံခြုံရေးကိုဂရုစိုက်နေတုန်းပဲ။ ကျွန်တော်တို့ကမင်သခင်လေးနဲ့တူညီတဲ့လမ်းမှာရှိနေသရွေ့ ကျွန်တော်တို့တွေသေချာပေါက်ကိုအန္တရာယ်ကြုံတွေ့တာနည်းလေပေါ့ဗျာ။"
သူပြောရင်း အသံကိုအနည်းငယ်နိမ့်လိုက်သည်။
"ပြီးတော့ နည်းနည်းကြာရင် ဓားစမ်းသပ်ရေးညီလာခံနေ့ရောက်လာတော့မှာ။ မြေခွေးမျိုးနွယ်စုမှာဖိတ်ကြားလွှာတွေရှိမှတော့ မျိုးနွယ်စုသခင်လေးတစ်ယောက်အနေနဲ့ သူ့မှာအရင်တုန်းကဘာအောင်မြင်မှုမှမရှိခဲ့ဘူးလေ။ ဒီတော့ ဒီဂုဏ်သတင်းကိုသူဘယ်လိုလုပ်ပြီးလွဲချော်ခံရနိုင်မှာလဲ။ ကျွန်တော်သူ့ခွန်အားအစစ်ကိုစမ်းသပ်ဖို့အခွင့်ရေးယူချင်တယ်။ တကယ်လို့ သူသာပြိုင်ဖက်ဖြစ်လာခဲ့ရင် ကျွန်တော်ပြင်ဆင်ထားဖို့လိုတယ်လေ။ ကျေးဇူးပြုပြီး သူ့ကိုစောင့်ကြည့်ရာမှာကျွန်တော့်ကိုကူညီပေးပါအုံးနော်။"
ရိလင်းရယ်မောလိုက်မိသည်။
"လူတိုင်းကမင်းလိုမဟုတ်ဘူးပဲ။ မင်းကတော့ဓားကိုချစ်နေတာများအရူးတစ်ပိုင်းပဲ။ သူကဓားမသုံးရင်ရောဘယ်လိုလုပ်မတုန်း။"
ကျန်းရွေ့ကယုံကြည်ချက်အပြည့်ပင်။
"မဟုတ်ဘူး။ ဒီလောကကြီးမှာဓားနဲ့သက်ဆိုင်တာမှန်သမျှကိုကျွန်တော်ဘယ်လိုလုပ်ပြီးရှာမတွေ့ပဲနေမှာလဲ။ သူ့မှာဓားရေးကိုအာရုံခံနိုင်တဲ့စွမ်းရည်ရှိတယ်။ သူကသေချာပေါက်ကိုဓားသမားတစ်ယောက်ပဲ။"
ရိလင်းကူကယ်ရာမဲ့စွာဖြင့်လေးစားသွားရသည်။
"မင်းရဲ့ပါရမီစွမ်းရည်ကတကယ်မှန်တာပဲ။"
ကျန်းရွေ့ခပ်ဖွဖွပြုံးလိုက်သည်။
တကယ်တမ်းတွင်၊ နောက်ဆက်တွဲစကားများကိုသူမပြောလိုက်ပေ။ တစ်ဖက်လူကဓားသမားတစ်ယောက်ဖြစ်နိုင်ကြောင်းသတိထားမိပြီးနောက် သူ့စိတ်ဝိညာဥ်အာရုံကိုမသိမသာထုတ်လွှတ်၍ ဤလူ၏ဓားအသက်ရှုသံနှင့်ကျင့်ကြံရေးအကြောင်းသိချင်နေမိသည်။ သို့ပေမဲ့ ၎င်းကိုအာရုံခံရန် အရမ်းကိုဝေဝေဝါးဝါးနှင့်ခက်ခဲလှပေသည်။
ဤအခြေအနေမျိုးတွင် ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။ တစ်ဖက်လူကအရမ်းကိုအားနည်းတာ...ဒါမှမဟုတ်ရင် တစ်ဖက်လူကသူ့ထက်အများကြီးပို၍သန်မာတာပင်။
ထို့ကြောင့် ကျန်းရွေ့တွင်၎င်းကိုဖော်ထုတ်ရန်အကြံပေါ်လာခြင်းဖြစ်သည်။
အရာအားလုံးဟာအစီအစဥ်တကျဖြစ်နေပြီးနောက် လူတိုင်းသည်လျို့ဝှက်နယ်ပယ်ထဲသို့တရားဝင်ဝင်သွားလိုက်ကြ၏။
ဤလျို့ဝှက်နယ်ပယ်ကား လူလုပ်ဂူမဟုတ်။ ဝင်ပေါက်မှာသဘာဝအလျောက်ဖြစ်ပေါ်လာသည့်ဂူပေါက်ပင်။ ဂူအတွင်းတွင်အေးစိမ့်လျက်ရှိပြီး ဘေးနှစ်ဖက်စလုံးရှိအစိမ်းရောင်ကျောက်များပေါ်တွင်အလင်းယိုင်နေသော အပြာရောင်အလင်းတို့မှာ လေထုထဲတွင်မျောလွင့်နေသည့်စိုစွတ်သောမြူခိုးများနှင့်ရောယှက်လျက်ရှိသည်။
ကျဥ်းမြောင်းသောနေရာကြောင့် တစ်ခဏမျှဓားပျံစီးလို့မရနိုင်။ လူတိုင်းကဖိနပ်ထူထူးများကိုဝတ်ဆင်ထားကြရသည်။ သူတို့ဝင်သွားပြီးမကြာမီတွင် အရမ်းကိုတိမ်သောရေကွက်ကိုနင်းမိသည်။
ရေကွက်ကား အရောင်အသွေးစုံလင်လှသောသဘာဝစိတ်ဝိညာဥ်ကျောက်တုံးများဖြင့်ပြည့်နှက်နေပြီး နေရာတိုင်းတွင်ကြယ်လေးများပမာလင်းလက်တောက်ပလျက်ရှိသည်။
စိတ်ဝိညာဥ်ကျောက်တုံးများဟာစျေးကြီးသည်၊ သို့ပေမဲ့ ဤဂိုဏ်းကြီးတပည့်ဂိုဏ်းသားများ၏မျက်လုံးထဲတွင် ၎င်းတို့ဟာဘာမှမဟုတ်။ လူတိုင်း၏မျက်စိထဲတွင် ၎င်းတို့ဟာမည်သူမျှကောက်ဖို့မတန်ဘဲ သူတို့အားလုံးသည်အတွင်းထဲကိုဝင်၍ ပိုမိုရှားပါးသောအရာများကိုမြင်ချင်ကြသည်။
ဤနေရာရှိမြေပြင်အနေအထားမှာရှုပ်ထွေးသည်ဟုပြော၍ရပြီး သင်သာအတွင်းထဲကိုသွားလိုက်သော် လမ်းပေါ်တွင်လမ်းဆုံကိုမြင်ရမည်ဖြစ်ကာ သင်ဟာအုပ်စုနှစ်စုခွဲလိုက်ရပေလိမ့်မည်။ ကျန်းရွေ့သည်ရှုလင်ကျားအနောက်လိုက်ချင်ပေမဲ့ သူ့ဘေးရှိချန်နျဥ်၏လှမ်းဆွဲခြင်းခံလိုက်ရကာ အပြုံးတစ်ပွင့်ဖြင့်ပြောလာပေသည်။
"ကျန်းတောက်ကျန့်၊ မင်းကျွန်တော့်နောက်လိုက်မလား။ အဖွဲ့ဖွဲ့ကြမယ်လေ?"
သဘာဝကျကျပင်၊ ချန်နဥ်ဟာလည်းကျန်းရွေ့နှင့်မနီးစပ်ချင်ပေ။ ကျန်းရွေ့နှင့်ပြောဆိုဆက်ဆံမှုများစွာလုပ်ရမည်ကို ရှုလင်ကျားတစ်ယောက်သေချာပေါက်ကိုမကြိုက်လောက်မည်ကို သူသိနေသဖြင့် အံကြိတ်၍ ညီအစ်ကိုတစ်ယောက်အနေဖြင့် သူ့ကိုယ်သူစတေးလိုက်ရသည်။
ကျန်းရွေ့ကမငြင်းဆန်နိုင်သဖြင့် ရိလင်းကိုမျက်စိတစ်ဖက်မှိတ်ပြ၍ ရှုလင်ကျားကိုအာရုံစိုက်ရာတွင်သူ့ကိုကူညီပေးရန်အချက်ပြလိုက်သည်။ ထို့နောက် သူပြုံးကာ ချန်နဥ်ကိုပြောလိုက်သည်။
"ဒါကကျွန်တော်တကယ်လိုချင်တာပေါ့ဗျာ။"
လင်ရှောင်းချီဇုန်မှ ဤတစ်ကြိမ်တွင် ကျန်းရွေ့မှဦးဆောင်၍ စုစုပေါင်းလူငါးယောက်လာခဲ့ပြီး ကျန်းရွေ့ကချန်နဥ်ဆီသွားသည်ကိုမြင်လိုက်ရသဖြင့် ဂိုဏ်းသားတွေထဲမှ မုန့်ခုန်ဟုအမည်ရသောတစ်ယောက်မှာ မစဥ်းစားဘဲသူ့နောက်လိုက်သွားလိုက်သည်။
သူ၏ရှစ်ရှုန်းစုန့်ယွင်ဟာလည်းခြေမြန်လက်မြန်ပင်၊ သူ့ကိုလှမ်းဆွဲကာမေးလာသည်။
"မင်းဘာလုပ်တာလဲ။ ငါတို့အကုန်လုံးလိုက်သွားလို့ရှိရင် ဒီအဖွဲ့ထဲမှာလူနည်းသွားမှာပေါ့။ အဲ့ဒါဆို မျက်နှာလည်းပျက်ရလိမ့်မယ်။ ဒီမှာပဲနေစမ်းပါကွာ။"
မုန့်ခုန်ကအသံနိမ့်လိုက်သည်။ သူ့အသံကိုကြားလိုက်ရအပြီးတွင် သူစိတ်မရှည်စွာပြောမိသည်။
"ဒီဘိုးဘေးလေးနဲ့ကျွန်တော်တစ်ဖွဲ့ထဲမဖြစ်ချင်ဘူး။ သူ့လက်ထဲမှာလကိုင်ထားတဲ့ပုံစံနဲ့ သူ့ကိုယ်နေဟန်ထားကိုကြည့်လိုက်အုံး၊ ကျွန်တော်တို့ဒုက္ခတွေ့တဲ့အခါကျရင်သူကူညီနိုင်မှာမဟုတ်ဘူး။ သူခလုတ်တိုက်မိရင် ကျွန်တော်တို့ပါဆွဲချခံရလိမ့်မယ်။"
စုန့်ယွင်ပြောလိုက်သည်။
"အေးပါ၊ သူကမင်းကိုမစော်ကားပါဘူး။ မင်းဘာလို့မလိုမုန်းထားနေရတာလဲ။ ဘာမှမပြောနဲ့တော့။"
အနည်းဆုံးတော့ သူကမုန့်ခုန်ကိုရပ်တန့်ရန်သိမ်းသွင်းခဲ့သည်။ သို့ပေမဲ့ သူခေါင်းလှည့်လိုက်သော် ရှုလင်ကျားကသူတို့ဘက်ကိုကြည့်နေသည်ကိုမြင်လိုက်ရသည်။ သူတို့ပြောတာကိုသူကြား၊မကြားသွားတော့မသိပေ။
စုန့်ယွင်တစ်ယောက်အနည်းငယ်ရှက်ရွံ့သွားရသဖြင့် ဘာမှပြောစရာမရှိတော့ပေ။
"မင်သခင်လေး...အာ၊ မစိုးရိမ်ပါနဲ့။ ခဏကြာရင် ကျွန်တော်တို့တွေဖြေဆေးရှာဖို့အတူပူပေါင်းလုပ်ဆောင်ပြီး မျိုးနွယ်စုခေါင်ကိုတတ်နိုင်သလောက်ကူညီပေးမှာပါဗျာ။"
ဤတပည့်ဂိုဏ်းသားများသည်မင်ကျန့်တောင်ထွတ်မှဖြစ်ကြပြီး စုန့်ယွင်ကဲ့သို့သော၊ မုန့်ခုန်အစရှိသဖြင့်...သူတို့သည်လည်းရှုလင်ကျားဘက်မှဖြစ်ကြ၏။ သို့သော် ယခုတွင်ရှုလင်ကျားကလုံးဝကိုတခြားသူတစ်ယောက်အဖြစ်ဟန်ဆောင်ထားသဖြင့် သူတို့မမှတ်မိကြပေ။
Advertisement
ရှုလင်ကျားပြောလိုက်သည်။
"မင်းရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်။"
သူပြောလို့အပြီးတွင် တန့်သွားကာ မေးလိုက်မိသည်။
"မင်းတို့ရဲ့ဂိုဏ်းချုပ်ရောဘယ်လိုနေလဲ။"
ဤမေးခွန်းကားအနည်းငယ်ပြတ်သားပုံရပေမဲ့ ၎င်းကရှုလင်ကျားဟုသာစုန့်ယွင်တွေးမိသည်။ သူတခြားအကြောင်းကိုစိုးရိမ်နေသဖြင့် များများစားစားသိပ်မတွေးလိုက်ပေ။
"မင်သခင်လေးမေးတာကိုဖြေရရင် အကုန်လုံးအဆင်ပြေပါတယ်ဗျ။"
ရှုလင်ကျားခပ်ဖွဖွပြုံးလိုက်ပြီး ဖြူဖျော့ကာလှပသောမျက်နှာသွင်ပြင်ကပီပြင်လာကာ တီးတိုးရေရွတ်မိသည်။
"ကောင်းပါတယ်လေ။"
သူတို့အုပ်စုသည်ညာဘက်လမ်းကိုလှမ်းလိုက်ကြ၏။
သူတို့ဝေးဝေးမသွားရသေးခင် ယင်လေပြေကားထူးဆန်းသောတဝီဝီမြည်သံတစ်လျှောက် ဓားတစ်လက်သဖွယ်တိုက်ခတ်လာသည်ကို လူတိုင်းခံစားလိုက်ကြရသည်။
ဤအချိန်အထဲကိုအတူတူဝင်လာခဲ့ကြသော မြေခွေးလူသားများမှာ သခင်လေးကိုကောင်းကောင်းဂရုစိုက်ရန် ချန်နဥ်၏တာဝန်ပေးခြင်းခံထားရသည်။ ယခုတွင်အန္တရာယ်တစ်ခုရောက်လာသည်ကိုမြင်လိုက်ရရင်း သူတို့အားလုံးချက်ချင်းမြင့်မားစွာသတိချပ်လိုက်ကြသည်။
လူငယ်လေးတစ်ယောက်ကအရမ်းကိုလျင်မြန်စွာတုံ့ပြန်လာပြီး ရှုလင်ကျားရှေ့တွင်ချက်ချင်းဝင်ရပ်ကာ အော်ပြောလာသည်။
"သခင်လေး၊ ဂရုစိုက်!"
သူ့နာမည်ကရွှယ်ရုန်ဖြစ်ပြီး သူ့ဘေးရှိတစ်ယောက်မှာရွှယ်ထိုင်းဖြစ်ကာ ထိုနှစ်ယောက်ကညီအစ်ကိုဖြစ်သည်ဟု ချန်နျဥ်ကိုပြောပြခဲ့သည်ကို ရှုလင်ကျားမှတ်မိသွားသည်။
ဒါကရွှယ်ရုန်တစ်ယောက်ရှုလင်ကျားကိုပထမဆုံးအကြိမ်စကားပြောလာခြင်းပင်။ သူသည်အစကစိုးရိမ်နေပြီး သူ့အသံကကွဲအက်သွားကာ ထို့နောက်တွင်သူ့ညီအစ်ကို၏ဆွဲဆိတ်ခြင်းခံလိုက်ရပေ၏။
"မင်းသခင်လေးကိုထပ်ပြီးကြောက်အောင်လုပ်နေပြန်ပြီ။ သခင်လေးကအရင်တုန်းကဒီကိုတစ်ခါမှမရောက်ဖူးဘူးကွ။"
ရွှယ်ထိုင်းကအခြားမြေခွေးများကိုခေါ်၍ စက်ဝိုင်းသဏ္ဍန်ဝန်းရံလိုက်ကာ ရှုလင်ကျားကိုအလယ်တွင်ကာကွယ်ထားပြီး သူ့ကိုနှစ်သိမ့်စွာပြုံးပြလာသည်။
"သခင်လေး၊ အဆင်ပြေပါတယ်၊ မကြောက်နဲ့နော်။"
သူတို့၏သဘောထားမှာ ရှုလင်ကျားကိုဘာမှမသိသောကလေးတစ်ယောက်သဖွယ် နှစ်သိမ့်ချော့မြူလာကြပြီး ၎င်းမှာမရင်းနှီးမှုအနည်းငယ်ဖြင့်ရောထွေးလျက်ရှိသည်။
ရန်သူများမှာချဥ်းကပ်လာကြပြီဖြစ်သည်။
ရှုလင်ကျား၏မျက်နှာထားကားပို၍ရှုပ်ထွေးသွားရကာ သူစကားပြောရန်တုံ့ဆိုင်းသွားမိပေမဲ့ နောက်ဆုံးတွင်ပြောလိုက်သည်။
"အင်း"
ရိလင်းသည်သူဟာကျန်းရွေ့၏ယုံကြည်ခြင်းခံခဲ့ရသဖြင့် ရှုလင်ကျားကိုအာရုံစိုက်နေခဲ့၏။ ဤအခိုက်၊ မြေခွေးလူသားများက ကလေးတစ်ယောက်ကိုချော့မြူနေသည့်နှယ် သူ့ကိုဂရုစိုက်နေကြသည်ကို သူမြင်လိုက်ရပြီး မထီမဲ့မြင်ပြုံးလိုက်မိသည်။
သူ၏အဆင့်အတန်းနှင့်အခွင့်အရေးများပေါ်တွင် မည်သို့မှီခိုရမလဲဆိုတာကိုသာသိသည့်ဤကဲ့သို့လူစားမျိုးကို သူလုံးဝမနှစ်သက်ပေ။ ဒါဟာ ကျန်းရွေ့ကဆင်းရဲနွမ်းပါးစွာမွေးဖွားလာခဲ့ပေမဲ့ သူ၏လက်ရှိရာထူးကိုရောက်ဖို့ရန် တစ်ဆင့်ပြီးတစ်ဆင့်သူ့ပါရမီစွမ်းရည်ပေါ်မှီခိုအားထား၍ ကြိုးစားခဲ့ခြင်းက ရိလင်း၏နှလုံးသားကိုနက်ရှိုင်းစွာလှုပ်ခတ်သွားစေခဲ့သည့်အကြောင်းရင်းဖြစ်ပေသည်။
သို့သော် အဆုံးတွင် ဤကဲ့သို့သောလူမျိုးအရမ်းကိုနည်းပါးလှသည်။
ရိလင်းသည်ဤလူအပေါ်တွင်စိတ်ဝင်စားမှုပျောက်ဆုံးသွားပြီး ခေါင်းကိုခါ၍ လမ်းရှင်းရန်ထိုအဖွဲ့၏အရှေ့ကိုခြေလှမ်းကျဲဖြင့်လျှောက်သွားလိုက်ပြီး ဤအမှိုက်တစ်သိုက်တွင်ပါဝင်မည်မဟုတ်ကြောင်း ပြသလိုက်သည်။
လူတစ်စုသည်အရှေ့ကိုနည်းနည်းပို၍တိုးလိုက်သော် တဝီဝီမြည်သံကပိုမိုရှင်းလင်းပီသလာသည်။ မုန့်ခုန်ကလက်ထဲတွင်ဓားကိုင်၍ အရှေ့ကိုလှမ်းသွားကာ အနီးကပ်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာထားရုတ်ခြည်းပြောင်းလဲသွားရသည်။
သူအသံပျောက်သွားရသည်။
"ဒါကပိုးကောင်မဟုတ်လား။ ဘာလို့ဒီလောက်တောင်ကြီးရတာလဲ!"
လေပြင်းထဲတွင်ထူထဲသောပိုးကောင်ပျံအုပ်စုအစုလိုက်ရှိနေပသည်ကိုသူမြင်လိုက်ရပြီး ၎င်းတို့ဟာသူတို့ထံသို့ပျံဝဲလာနေကြသည်။
ဤပိုးကောင်များမှာ လက်သီးတစ်ဆုပ်စာအရွယ်ရှိပြီး ၎င်းတစ်ကိုယ်လုံးပေါ်တွင်အခွံမာတစ်ခုရှိကာ ၎င်း၏ပါးစပ်ရှေ့တွင်ချွန်မြသောအပ်သွားများရှိပြီး အပြာရောင်အလင်းဖျော့ဖျော့ထုတ်လွှင့်လျက်ရှိသည်။ ဒါကသေချာပေါက်ကိုလွယ်လင့်တကူဖြေရှင်းလို့ရသည့်အရာသေးသေးလေးမဟုတ်။
စုန့်ယွင်တောင့်တင်းသွားရကာ အလျင်စလိုပြောလိုက်သည်။
"အားလုံးပဲ၊ ဂရုစိုက်ကြ! ဒီပိုးကောင်မှာအဆိပ်ရှိနေမှာစိုးတယ်!"
သူပြောလိုက်ရင်း သူသည်ဓားဆွဲထုတ်ပြီးဖြစ်ကာ ခန္ဓာကိုယ်ကိုဝေ့ဝဲ၍ ပိုးကောင်တစ်ကောင်ကိုဓားစွမ်းအင်ဖြင့်ခုတ်ဖြတ်လိုက်သည်။
အခြားသူတွေကလည်းသူတို့ဓားကိုဝေ့ဝဲကာဖြင့် အရှေ့ကိုခက်ခက်ခဲခဲတိုးသွားကြရသည်။
ရှုလင်ကျား၏လက်ကသူ့ခါးပေါ်တွင်ရှိနေပြီးသားဖြစ်ပြီး သူဟာအချိန်မရွေးဓားဆွဲထုတ်တော့မည့်အမူအရာကိုပြုလုပ်ထားပေမဲ့ မြေခွေးလူသားများကိုသူ့ကိုအလွန်တင်းကြပ်စွာကာကွယ်ထားပြီး သူ့ကိုအရှေ့၊ အနောက်၊ ဘယ်၊ ညာမှ ပိတ်ဆို့ထားလျက်ရှိသဖြင့် သူ့အတွက်တိုက်ကွက်ထုတ်ဖို့ရန်နေရာရှိမနေပေ။
ရှုလင်ကျားကိုယ်၌ကလည်း သူ့ဘဝတွင် အခြားသူများ၏ကာကွယ်ဝန်းရံခြင်းခံခဲ့ရသည့် အတွေ့အကြုံရှိပြီးသားပင်။ အခြားသူများကသူ့အနောက်တွင်ဝင်မပုန်းရင် ပိုကောင်းလိမ့်မည်။ သူအနည်းငယ်ကြက်သေသေနေမိစဥ်၊ မြေခွေးလူသားများကတကယ့်ကိုရိုးသားပွင့်လင်းပြီး ချစ်စရာကောင်းသည်ဟု သူလည်းပဲခံစားမိသည်။
ရုတ်တရက်ချင်းပင်၊ ထိုအခိုက်အတန့်၌ အလွန်အမင်းသန်မာသောသတ်ဖြတ်လိုစိတ်ဖြင့်ဓားချီစွမ်းအင်လာနေသည်ကို ရှုလင်ကျားခံစားမိလိုက်ပြီး ၎င်းကသူ့ဘေးတွင်ဖျတ်ခနဲပေါ်လာကာ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားတော့သည်။
ယင်းကားတစ်ခဏတာလုံ့လစိုက်ထုတ်မှုဖြစ်သော်လည်း ဤခံစားချက်ကိုရှင်းလင်းစွာလေ့လာရန် သူ့အတွက်လုံလောက်မှုရှိသည်။ ၎င်းမှာ မရေတွက်နိုင်သောရောထွေးနေသည့်ဒေါသနှင့်အမုန်းတို့အတူတကွစုဝေးလျက်ရှိပြီး ကျယ်ပြန့်စွာပွင့်ထွက်လာတော့မည့်နှယ်။
ဒီနေရာ..ဒီနေရာရှိ တစ်နေရာရာမှာ ပုန်းကွယ်နေသည့်ချွန်မြသောဓားပေါင်းရာချီရှိနေပြီး သွားဖို့အဆင်သင့်ဖြစ်နေပေသည်။
ရှုလင်ကျားခေါင်းလှည့်ကာ အသက်ရှုအောင့်၍ ယခုအခိုက်အတန့်ရှိပရမ်းပတာအခြေအနေမှ ဤဓားစွမ်းအင်၏အရင်းအမြစ်ကိုသေချာဂရုတစိုက်အာရုံခံလိုက်တော့၏။
_____________________________________________(3624)words_________________________________________
ဒါလေးကိုupdateချိန်ကတော့မနက်ပိုင်းပါ။ မနက်ဖြန်မနက်ကျမှပြန်တွေ့ကြတာပေါ့။
________________________________________________
!zawgyi!
"ရန္သူရဲ႕လမ္းစဥ္ကက်ဥ္းေျမာင္းတယ္။ ဒီေတာ့ မ်က္ႏွာကိုျဖတ္ရိုက္ဖို႔ျပင္ထားပါ။"
........................................................................
ရႈလင္က်ားတစ္ေယာက္ေျမေခြးအသြင္ကိုေျပာင္းလဲရန္ ျဖစ္ေတာင့္ျဖစ္ခဲတက္ႂကြလ်က္ရွိသည္။ ဒီအေျဖက ခ်န္နဥ္ကိုကူညီလိုက္႐ုံတင္သာမကဘဲ သူ႕ကိုလည္းမ်က္ႏွာသာမ်ားစြာေပးေနေပသည္။
ကံေကာင္းေထာက္မစြာျဖင့္ ခ်င္းခ်ိဳးသည္ ေျမေခြးမ်ိဳးႏြယ္စု၏ေမြးရပ္ေျမျဖစ္၏။ ရႈလင္က်ားေျမေခြးအသြင္သို႔ေျပာင္းလဲအၿပီးတြင္ မၾကာမီ၌အေမႊးလုံးပင္လယ္ထံသို႔ သူ႕က်ေရာက္သြားေတာ့သည္။ ပုံမွန္ကဲ့သို႔ "အရမ္းခ်စ္ဖို႔ေကာင္းလိုက္တာ"ဟုအေျပာခံရမည့္အစားေပါ့။
ေျမေခြးမ်ိဳးႏြယ္စုကအရမ္းေကာင္းတယ္၊ သူသေဘာက်တယ္။
ေျမေခြးမ်ိဳးႏြယ္စု၏နည္းလမ္းအရ လူတိုင္းဝတ္ျပဳဆုေတာင္းၿပီးေနာက္တြင္ ခ်န္နဥ္ကလ်ိဳ႕ဝွက္နယ္ေျမထဲဝင္ေရာက္ရန္ လိုက္ပါသူမ်ားကိုစီစဥ္ခဲ့သည္။ ခ်င္းခ်ိဳးရွိေျမေခြးမ်ိဳးႏြယ္စုမ်ားလူသားအသြင္ျပန္လည္ရရွိၿပီးေနာက္မွသာလွ်င္၊ သူတို႔ထြက္ခြာလာခဲ့ၾကသည္။
အမ်ိဳးမ်ိဳးေသာမ်ိဳးႏြယ္စုမ်ားမွာပို႔လိုက္ေသာ ကူညီသူမ်ားအားလုံးေရာက္ရွိေနၿပီးေနာက္၊ ရႈလင္က်ားကမႏၱာန္တစ္ခုသုံး၍ ေျမေခြးမ်ိဳးႏြယ္စု၏သခင္ေလးအျဖစ္ဟန္ေဆာင္ၿပီး ခ်န္န်ဥ္ႏွင့္အျခားသူမ်ားႏွင့္အတူ လ်ိဳ႕ဝွက္နယ္ေျမထံသြားလိုက္သည္။
လ်ိဳ႕ဝွက္နယ္ပယ္အျပင္ဖက္တြင္ လူေပါင္းမ်ားစြာစုစည္းလ်က္ရွိၿပီး အမ်ားစုမွာရႈလင္က်ားႏွင့္ရင္းႏွီးေသာမ်က္ႏွာမ်ားျဖစ္ေပသည္။
ခ်င္းခ်ိဳး၏ကိုယ္ပိုင္ခြန္အားကမဆိုးလွ၊ သူရွာခဲ့ေသာကူညီသူမ်ားဟာလည္း ေက်ာ္ၾကားေသာဂိုဏ္းတခ်ိဳ႕မွျဖစ္ၾကသည္။ ဤတစ္ႀကိမ္၌မူ၊ စုစုေပါင္းဂိုဏ္း၈ဂိုဏ္းေရာက္လာခဲ့ေခ်သည္။
ရႈလင္က်ားစိုက္ၾကည့္လိုက္ရာ ရန္သူေဟာင္းမ်ားျဖစ္ၾကေသာက်န္းေ႐ြ႕ႏွင့္ရိလင္းတို႔ကိုေတြ႕လိုက္ရသည္။
တစ္ခ်ိန္တည္းတြင္ပင္၊ လူတိုင္းကသူ႕ကိုပြင့္ပြင့္လင္းလင္း(သို႔)တိတ္တခိုးၾကည့္ေနၾကလ်က္ရွိသည္။ အဆုံးတြင္ ရွားရွားပါးပါးေပၚလာခဲၿပီး ထူးဆန္းေသာေနာက္ခံအသိုင္းအဝိုင္းရွိေသာ ဤမ်ိဳးႏြယ္စု၏သခင္ေလးအေၾကာင္းကို လူတိုင္းသိခ်င္ေနမိၾကသည္။
ဒ႑ာရီအရ၊ ေျမေခြးမ်ိဳးႏြယ္စုေခါင္ျဖစ္ေသာမင္ခ်ီဟာ ခ်စ္ကြၽမ္းဝင္ခဲ့ၿပီး သူ့က်ိုမွေးဖွားခဲ့သည်။ သူ႕အေဖကမည္သူမွန္းမသိရေသာ္လည္း သူဟာ သာမန္ဟုမဆိုလိုေပ။
မင္ခ်ီသည္ႏွစ္ေပါင္းမ်ားစြာအိပ္စက္ေနခဲ့ၿပီး သူမ၏တစ္ဦးတည္းေသာကေလးမွာ ခ်င္းခ်ိဳးကိုဘယ္တုန္းကမွ်တာဝန္ယူျခင္းမရွိခဲ့ေပ။ အေၾကာင္းျပခ်က္က တကယ့္ကိုစိတ္ဝင္စားစရာပင္။
သခင္ေလးကဂိုဏ္းကိုလႊဲယူရန္ရည္႐ြယ္ခ်က္မရွိဘဲ အျခားေက်ာ္ၾကားေသာဆရာတစ္ေယာက္ထံတြင္တပည့္ခံယူခဲ့ေသာေၾကာင့္ဟု အခ်ိဳ႕လူေတြကဆိုၾကၿပီး တခ်ိဳ႕ကေတာ့ သူဟာသာမန္အမွိုက္တစ္ခုသာျဖစ္ကာ ေအာင္ျမင္နိုင္စြမ္းမရွိဟု ထင္ေၾကးေပးေနၾကသည္။ ထို႔အျပင္၊ သူေသသြားၿပီဟု ေျပာၾကေသာသူမ်ားစြာရွိၾကၿပီး အမ်ားစုကေတာ့ သူ႕အေဖမိသားစု၏ေခၚသြားျခင္းခံရသည္ဟု ဆိုၾကသည္။
မတူညီေသာထင္ျမင္သုံးသပ္ခ်က္မ်ားေအာက္တြင္ ဒီကေန႕မတိုင္မီအထိ ဒါဟာလူစင္စစ္တစ္ေယာက္လုံးကိုျမင္ေနရသည္ဟု သတ္မွတ္၍ရသည္။
ေျမေခြးမိသားစုကားလွပသည္။ ရႈလင္က်ားမွာ ျဖဴဖပ္ျဖဴေလ်ာ္မ်က္ႏွာႏွင့္ မိန္းမဆန္ေသာမ်က္ႏွာသြင္ျပင္တို႔ကိုအေယာင္ေဆာင္ထားရသည္။ ဒါက သူကိုယ္တိုင္၏မ်က္ႏွာသြင္ျပင္ေလာက္မေကာင္းေသာ္လည္း သူဟာ ပထမတန္းစားေခ်ာေမာလွပေသာ အမ်ိဳးသားတစ္ေယာက္ျဖစ္ေနဆဲပင္။ သူကအရမ္းကိုငယ္႐ြယ္လြန္းေနသျဖင့္ သိပ္ၿပီးခန့္ညားပုံမေပါက္သည္ကေတာ့ သနားစရာေကာင္းလွသည္။ ဤမ်က္ႏွာသြင္ျပင္မွာ မ်ိဳးႏြယ္စုေခါင္၏႐ုပ္ရည္ႏွင့္ဆင္တူလွေပသည္။
ရႈလင္က်ားသည္သူ႕မ်က္ႏွာကိုျပသဖို႔ရန္ဤေနရာကိုေရာက္လာရျခင္းျဖစ္သျဖင့္ အျခားသူေတြဘာေတြးေနလဲဆိုတာကိုသူအေရးမစိုက္ေပ။ သူေရွ႕တိုးကာ မ်က္ႏွာနည္းနည္းျပလိုက္ၿပီး ထို႔ေနာက္တြင္ခ်န္န်ဥ္ႏွင့္အတူယွဥ္ၿပိဳင္ရန္လက္ျမႇောက္၍ ေဘးကိုေ႐ႊ႕လိုက္သည္။
ခ်န္န်ဥ္ကေရွ႕တိုး၍ လ်ိဳ႕ဝွက္နယ္ပယ္ကိုဖြင့္သည့္နည္းလမ္းႏွင့္ အတြင္းရွိအေျခခံအခ်က္အလက္အား အမ်ိဳးမ်ိဳးေသာဂိုဏ္းမွလူမ်ားကိုရွင္းျပသည္။ တစ္ၿပိဳင္နက္တည္းပင္၊ သူဟာ ေျမေခြးမ်ိဳးႏြယ္စု၏ေခါင္းေဆာင္မ်ားကို ဂိုဏ္းတစ္ခုခ်င္းစီအတြက္စီမံေပးသည္။ ခ်န္နဥ္က ကိစၥကိုကိုင္တြယ္ရာတြင္ စြမ္းရည္ျပည့္ဝကာ အစီအစဥ္တက်ရွိေပသည္။
ဤကဲ့သို႔ျမင္ကြင္းကိုျမင္လိုက္ရရင္း ရႈလင္က်ားကားျမင္ကြင္းကိုေထာက္ပံ့ရန္ ဒီအတိုင္းေပၚလာေသာျပယုဂ္တစ္္ခုသာျဖစ္သည္ကို မ်က္လုံးေကာင္းေသာမည္သူမဆိုျမင္နိုင္ၾကသည္။
တစ္ဖက္တြင္မူ၊ က်န္းေ႐ြ႕ကသူ႕ကိိုစိတ္ဝင္တစားျဖင့္ေခတၱမွ်တိတ္တဆိတ္ၾကည့္ေနမိၿပီး သူ႕မ်က္လုံးတစ္ခ်က္လက္သြားကာ ရႈလင္က်ားကိုစကားသြားေျပာရန္ျပင္လိုက္ခ်ိန္တြင္ သူ႕ေနာက္မွတစ္ေယာက္ေယာက္က"ေဟး"ဟုေျပာလာသည္ကို သူၾကားလိုက္ရသည္။
က်န္းေ႐ြ႕လွည့္ၾကည့္လိုက္ရာ ၎မွာ ရိလင္းျဖစ္ေၾကာင္းျမင္လိုက္ရသည္။
ေနာက္ဆုံးတစ္ႀကိမ္ရႈလင္က်ားကိုေခ်ာက္ခ်ျခင္းေပၚသြားၿပီးေနာက္၊ ရိလင္းမွာေတာင္ေပၚမွလင္ေရွာင္းဂိုဏ္း၏ေမာင္းထုတ္ခံရလုနီးပါးျဖစ္ခဲ့ရၿပီး သူတို႔ႏွစ္ဦးသားမွာဘယ္ေတာ့မွထပ္မေတြ႕ျဖစ္ခဲ့ၾကေပ။ သူရိလင္းကိုၿပဳံးျပကာ ႏႈတ္ဆက္လိုက္သည္။
"ရိသခင္ေလးလည္းဒီမွာရွိေနတာပဲ။"
"ဟုတ္တယ္။"
ရိလင္းကသူ႕ကိုၾကည့္၍ စိုးရိမ္တႀကီးေျပာလာသည္။
"ခ်ီဇုန္ကဒီတစ္ေခါက္မင္းကိုပို႔လိုက္လိမ့္မယ္လို႔ ငါမထင္ထားခဲ့မိဘူး။ လ်ိဳ႕ဝွက္နယ္ပယ္ထဲမွာအဆိပ္ရွိတဲ့ပိုးေကာင္ေတြနဲ႕ သားရဲတိရစ္ဆာန္ေတြအမ်ားႀကီးရွိၿပီး အရမ္းအႏၱရာယ္မ်ားတယ္လို႔ ငါၾကားဖူးတယ္။ အထဲကိုဝင္ၿပီးရင္ မင္းငါ့ေနာက္လိုက္ခဲ့ေလ၊ အခ်င္းခ်င္းဂ႐ုစိုက္ၾကတာေပါ့။"
က်န္းေ႐ြ႕ဟာသတစ္ဝက္ႏွောကာေခါင္းခါလိုက္သည္။
"မစိုးရိမ္ပါနဲ႕၊ ကြၽန္ေတာ္ဒါကိုမကိုင္တြယ္နိုင္ပဲေနမလားဗ်ာ? ၿပီးေတာ့ ရိသခင္ေလးေနာက္လိုက္တာထက္စာရင္ မင္သခင္ေလးေနာက္လိုက္တာကပိုေကာင္းတယ္ေလ။"
ဤမင္သခင္ေလးဆိုသည္မွာ ရႈလင္က်ားကိုေဖာ္ၫႊန္းျခင္းျဖစ္ၿပီး သူ႕မိခင္၏မ်ိဳးရိုးနာမည္ကိုယူထားေသာ ေျမေခြးမ်ိဳးႏြယ္စုသခင္ေလးတျဖစ္လဲ မင္ေရွာင္းဟုအမည္ရေပသည္။
ရိလင္းကဆိုသည္။
"ဘာလို႔လဲ။"
Advertisement
- In Serial586 Chapters
Second Life Ranker
Yeon-woo had a twin brother who disappeared five years ago. One day, a pocket watch left by his brother returned to his possession. Inside, he found a hidden diary in which was recorded “By the time you hear this, I guess I will be already dead….”
8 116 - In Serial8 Chapters
The Green Egg
Sam is a simple man with simple wants; mastery of powerful magic and the secrets of the universe. What's so weird about that? This is not a grimdark story, though there are instances and chapters of potentially disturbing content. Updates flexibly, currently being rewritten.
8 227 - In Serial26 Chapters
Become Immortal
Five or more releases per week (mostly five- from monday to friday) If someone wants to draw a cover or even (better) the characters for me I will be eternally grateful. You can send your drawings to [email protected] Enjoy! ---------------------------------------------------------------------------------------------------------------------------------------------------------- Five martial brothers Dragon, Tiger, Hawk, Snake and Turtle, living their life on planet earth. Hitting a bottleneck in their training and seemingly unable to advance anymore, they decide to act after the methods of an old martial arts scripture. So they started killing. Not ordinary people, not innocents, but gang and organisation members all over the world. At some point they realized, that the promised breakthrough didn't come, but they continued killing the dangerous members of society even though that made them criminals too. Then, during one of their raids, they walk into a trap and get killed in the process. Surprisingly their souls didn't vanish after the destruction of their bodies. Does it have to do with the ancient martial scripture they read? Is it fate? They get transported through the whole universe and countless galaxies until they are sent down onto a different world, several thousand times larger then earth. That is the start of their journey. Will they become peerless experts, dominate their enemies and find true love? Or will fate decide their deaths?
8 267 - In Serial16 Chapters
Heart Of Stone
A tough life but I good future? Follow this young thief as he goes through trials and tribulations to try to keep his once peaceful life together after is is shattered and changed forever.
8 138 - In Serial11 Chapters
10 reasons to live
This book is short. and this is for the ones who felt as if giving up on the thing they should always treasure Life.
8 175 - In Serial46 Chapters
Moonlit Throne | Yoongi x Reader
"do you... trust me?" it's a low whisper, the king's soft lips pressed against the stuttering pulse in your throat. but you think, or maybe you hope, the implications are trying to delve much deeper into your heart. regardless, your answer has never wavered. "yes."Pairing: Joseon King Yoongi x readerGenre: Smut, Angst, Fluff, Historical AU, Joseon AU, Daechwita AU, Royal AU, Drabble SeriesContent warnings: explicit sexual content, descriptions of violence and blood, minor character death. further warnings will be specified in specific chapters.A note: Please pay attention to the dates, but read in the order that the drabbles are listed, not in chronological!
8 110

