《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၁၃]မြူခိုးမှုန်|ျမဴခိုးမႈန္
Advertisement
"မင်းသာမရှိရင် ငါကလောကကြီးကိုဖျက်ဆီးမဲ့မိစ္ဆာတစ်ကောင်ဖြစ်လာမှာ။"
..................................................................
သူ့မျက်နှာပေါ်တွင်မိန်းမောနေသောအကြည့်ရှိနေသည်ကို ရှုလင်ကျားမြင်လိုက်ရရင်း ၎င်းကိုဆွဲဖြုတ်ရန် သူ့လက်ဖဝါးကိုမြှောက်လိုက်ချိန်တွင် စနစ်ကအလျင်စလိုပြောလာသည်။
[ဒါကမိန်းမဝတ်မြေခွေးဝတ်စုံပဲ! ဒါကိုဝတ်တာက မင်းရဲ့ဒဏ်ရာပြန်ကောင်းလာတဲ့အရှိန်ကိုကူညီပေးတယ်! ဒါကမင်းရဲ့ဒဏ်ရာကိုသက်သာစေတဲ့အရှိန်ကို ၃၀ရာခိုင်နှုန်းတောင်မြှင့်တင်ပေးတာနော်! ကျေးဇူးပြုပြီးတော့ အဖိုးတန်တဲ့ပစ္စည်းတွေကိုတန်ဖိုးထားပါ!]
ထိုအမည်နာမသည်ကား ရှုလင်ကျားအတွက် အခြားသောရက်စက်သည့်တိုက်ကွက်တစ်ခုပင်။ သူမျက်မှောင်ကြုတ်လျက်ပြောလိုက်သည်။
"ငါကယောက်ျားရင့်မာကြီးလေ။ ဒီလိုမိန်းကလေးဝတ်မြေခွေးဝတ်စုံကိုဘာလို့ဝတ်ရမှာလဲ။ မြန်မြန်ချွတ်လိုက်စမ်း၊ ငါလုံးဝဝတ်မှာမဟုတ်ဘူးနော်!"
သူ့မျက်နှာကသွားပြီ၊ ဒဏ်ရာပြန်ကောင်းလာဖို့မလိုတော့ဘူး။ သေလိုက်၊ ဖျက်ဆီးပစ်လိုက်စမ်း!
စနစ်ကဘာမှမလုပ်ပေးနိုင်ပေ။ အဆုံးတွင် သူ့ရှေ့ရှိမြေခွေးလေးသည် သူ့ဆရာသခင်ကိုစိန်ခေါ်ပြီး ထွက်လာရဲသောစစ်သည်တော်တစ်ယောက်ဖြစ်သဖြင့် သူ့ကိုဖိအားပေးဖို့နည်းလမ်းမရှိ။
၎င်းပြောရုံသာပြောလိုက်သည်။
[ဒါကအစ်မရှောင်ကျန်းဆီက မင်းကိုကျေးဇူးတင်တဲ့လက်ဆောင်လေ။ ဒါကသူတို့ရဲ့နှလုံးသားကိုကိုယ်စားပြုတယ်။ ဒါကိုလွှင့်ပစ်တာက မင်းမယဥ်ကျေးရာမရောက်သွားဘူးလား။]
ရှုလင်ကျားစကားမပြောဘဲ သူ့လက်ဖဝါးနုနုနှစ်ဖက်မှာ ဖဲပြားပေါ်ကကြိုးတွင်ရှိနေလျက်သားဖြင့် စနစ်ကဆက်ပြောလာသည်။
[ခုနကရင်းနျန်ကမင်းနဲ့ကစားချင်ပေမဲ့ မင်းကမကစားချင်တော့ သူမကိုငိုအောင်လုပ်မိသလိုဖြစ်သွားတယ်။ မင်းသာဒီဖဲပြားကိုလွှင့်ပစ်လိုက်မယ်ဆိုရင် သူတို့ရဲ့နှလုံးသားတွေပစ်ချခံလိုက်ရတယ်လို့ သူတို့တွေခံစားသွားရမှာပဲ။ ဒီကလေးမလေးနှစ်ယောက်ကအရမ်းသနားစရာကောင်းတာ၊ မင်းတောင့်ခံနိုင်လို့လား။]
ရင်းနျန်ငိုသံ၏အစွမ်းကားရှိနေဆဲဖြစ်ပြီး သူ့နားထဲတွင်ပဲ့တင်သံထပ်လာသကဲ့သို့ပင်။
ရှုလင်ကျားခပ်ပြတ်ပြတ်ပြောလိုက်သည်။
"အခြားမိသားစုတွေမှာငိုရတာမကြိုက်တဲ့ကလေးမလေးတွေရှိတာပဲကို။ သူတို့အကြိမ်အနည်းငယ်လောက်ငိုပြီးရင် ကျင့်သားရသွားလိမ့်မယ်။ ငါကတော့လုံးဝမဝတ်နိုင်ဘူးပဲ။"
စနစ်သည်ရင်းနျန်ငိုသံ၏အသံမှတ်တမ်းကိုဖွင့်ပြလာချေ၏။
ရှုလင်ကျား: "..."
မင်းဘာလို့ဒါအတွက်အသံသွင်းထားတာလဲ။ တစ်ခုခုတော့မှားနေပြီရယ်။
သူဘေးကိုစိုက်ကြည့်လိုက်ပြီး ရေထဲတွင်ရောင်ပြန်ဟပ်နေသည့်စိတ်ပျက်ဖွယ်ပုံရိပ်ကိုမျက်နှာလွှဲလိုက်ကာ ဖဲပြားကြိုးကိုတင်းတင်းချည်၍ လွှတ်လိုက်သည်။
ရှုလင်ကျားပြောလိုက်သည်။
"ငါ့အတွက်တော့ မြေခွေးဖြစ်လာတာက ရှက်ဖို့ကောင်းနေပြီးသား။ ငါဒီလိုမျိုးတစ်ခုခုဝတ်လိုက်ရင်တောင် ဒါကပန်းရောင်ကြီးဖြစ်နေတုန်းပဲလေ။ ငါဘယ်လိုလုပ်ပြီးအပြင်ထွက်သွားရမှာလဲ။"
စနစ်ကမြန်မြန်လေးပြောလာသည်။
[မလိုပါဘူး! ဒါကအချိန်အကန့်အသတ်နဲ့ပါ၊ ဒါကိုသုံးနာရီဝတ်ပြီးသွားတာနဲ့ မြေခွေးအသွင်ကအလိုအလျောက်ပျောက်သွားပါလိမ့်မယ်။ တကယ်လို့ မင်းသာဗီလိန်ရဲ့ကံကောင်းမှုတန်ဖိုးအချို့ရနိုင်မယ်ဆိုရင် အချိန်ကပိုပြီးတိုတောင်းသွားလေပါပဲ။]
[မင်းရဲ့ဒဏ်ရာပြန်ကောင်းသွားတဲ့အခါကျရင် မင်းရဲ့အစွမ်းကလည်းအများကြီးမြင့်တက်လာပြီးတော့ မင်းခန္ဓာကိုယ်ထွားရင်ထွားလာနိုင်တယ်! အဲ့ဒီ့အခါကျရင်ပိုမကောင်းသွားဘူးလား၊ ခန့်ညားပြီးရင်းခန့်ညားနေမှာနော်?]
ရှုလင်ကျားသည်မြစ်ထဲရှိမိမိ၏ပုံရိပ်ကိုတစ်ချက်စိုက်ကြည့်၍ မျက်လုံးမှိတ်လိုက်မိပြီး သူ့ခေါင်းကိုဝမ်းနည်းစွာဖြင့်အဝေးလွှဲလိုက်မိချေ၏။
ရှုလင်ကျားအေးစက်စက်ပြောလိုက်သည်။
"မင်းငါ့ကိုငတုံးလို့ထင်နေတာလား။"
ထိုစကားများကိုဘေးပို့ထားလိုက်ပြီး ရှုလင်ကျားတစ်ယောက်အရမ်းကိုမသိမ်မွေ့စွာဖြင့် မျက်လုံးလှိမ့်လိုက်မိပြီး ခေါင်းလှည့်ကာ ညအမှောင်ယံထံသို့ပြေးဝင်သွားတော့သည်။
ကံကောင်းထောက်မစွာဖြင့် ကျင်းဖေးထုန်ကား အဝေးမှာမဟုတ်။ စနစ်၏လမ်းညွှန်မှုအောက်တွင် ပီလော့နန်းတော်ရှိအဆောင်ကို ရှုလင်ကျားလွယ်လင့်တကူရှာတွေ့ခဲ့သည်။
သူဖြတ်သွားသော် ကျင်းဖေးထုန်မှာ ကြုံတောင့်ကြုံခဲဖြင့် အိပ်တစ်ဝက်၊ နိုးတစ်ဝက်အခြေအနေတွင်ရှိနေသည်။
တကယ်တမ်းတွင်မူ၊ သူ၏ကျင့်ကြံရေးပေါ်အခြေခံ၍ စားသောက်ခြင်းနှင့်အိပ်စက်ခြင်းကားမလိုအပ်တော့ဘဲ မအိပ်စက်ခြင်းဟာမည့်သည့်အကျိုးသက်ရောက်မှမဖြစ်စေပေ။ သို့သော် သူပင်ပန်းနွမ်းနယ်လာသောအခါ တစ်မှေးအိပ်ခြင်းဟာလည်းအကျိုးရှိလှသည်။
ညဥ့်ငှက်နှစ်ကောင်၊ သုံးကောင်မျှသည် ပြတင်းပေါက်အပြင်ဖက်တွင် တကျီကျီမြည်တမ်းနေကြလျက်။ တစ်ဝက်ပွင့်နေသည့်ပြတင်းပေါက်ကိုဖြတ်၍ အိပ်မက်တစ်ခုဝင်ရောက်လာခဲ့ပြီး နွေဦးလေညှင်းနှင့်ပန်းရနံ့များကလည်းအတူတကွလိုက်ပါလာလေသည်။
"ရှစ်ရှုန်း"
သူ့နားထဲတွင်တစ်ယောက်ယောက်လာအော်နေသည်ကို ကျင်းဖေးထုန်ကြားလိုက်ရပြီး ၎င်းကအပြုံးတစ်ပွင့်နှင့်ဆိုလာသည်။
"ကျွန်တော်အခုသွားတော့မယ်နော်။ ကျွန်တော်ပြန်လာတဲ့အခါကျရင် ကျွန်တော်နောက်ဆုံးတစ်ကြိမ်အိမ်ရောက်တုန်းက သစ်ပင်အောက်မှာမြှုပ်ထားခဲ့တဲ့သေရည်ကိုပါယူလာခဲ့မယ်။ အဲ့ဒီသေရည်အကြောင်းအရင်ပြောကြရအောင်၊ အဲ့ဒါကိုကျွန်တော်ကိုယ်တိုင်ချက်ထားတာမို့ ကောင်းကောင်း၊ မကောင်းကောင်း ရှစ်ရှုန်းကျွန်တော့်အတွက်သောက်ပေးရမှာနော်၊ တစ်စက်မှမချန်ရဘူး!"
မြူနှင်းထဲတွင် ကျင်းဖေးထုန်မသိလိုက်မသိဘာသာဖြင့်တိုက်တွန်းလိုက်သည်။
"မင်းပြန်လာတဲ့အခါကျရင်ဂရုစိုက်အုံး။ မင်းအစ်ကိုတွေရဲ့ထီးနန်းလုရာမှာမဝင်ပါမိစေနဲ့။ မင်းကသူတို့နဲ့ဆက်ဆံရေးကောင်းတယ်ဆိုတာငါသိတယ်။ ဒါပေမဲ့ မင်းကိုဘယ်သူပဲအကူအညီလာတောင်းတောင်း၊ မင်းနှလုံးသားပျော့ပြောင်းသွားလို့မရဘူးနော်။ ငါပြောတာကြားလား။"
တစ်ဖက်လူကလက်မခံဘဲ နှလုံးသားမဲ့သည့်အမူအကျင့်ဖြင့်ပြန်ဖြေလာသည်။
"ကောင်းပါပြီ၊ ရှစ်ရှုန်း။ ကျွန်တော့်မှာအသိစိတ်ရှိပါတယ်။"
သူတို့နှစ်ဦးကြားရှိဆက်ဆံရေးမှာ အလွန်လွယ်ကူပြီးရင်းနှီးလှသည်။ ထိုဆက်ဆံရေးမှာအလွန်နီးကပ်ကြောင်းသိသာလှပေသည်။ အကြောင်းပြချက်ဖြင့်ပြောလိုက်သောအခါ ၎င်းကအပြုံးတစ်ပွင့်ဖြင့်ပြန်ပြောလာပေမဲ့ ကျင်းဖေးထုန်ကတော့စိတ်ပူစွာဖြင့်နှစ်ကြိမ်တိတိထပ်ပြောမိပြန်သည်။
"မင်းရဲ့လုံခြုံရေးကိုအာရုံစိုက်ရမယ်နော်။ ငါပြောတာကြားရဲ့လား။"
သူပြောလိုက်သည်။
"ဘာတွေပဲဖြစ်လာဖြစ်လာ၊ မင်းကိုယ်မင်းကာကွယ်ရမယ်။"
တိတ်ဆိတ်ခြင်းကြီးစိုးသွားတော့သည်။
တစ်အောင့်မျှကြာပြီးသော် အသံတစ်ခုကရုတ်တရက်မေးလာသည်။
"ရှစ်ရှုန်း၊ ကျွန်တော်သေသွားရင် ရှစ်ရှုန်းငိုမှာလား။ သူများတွေငိုတာမြင်ရတာကိုကျွန်တော်အကြောက်ဆုံးပဲ။"
ကျင်းဖေးထုန်နှာမှုတ်ကာပြောလိုက်သည်။
"မင်းကလှလှပပလေးတွေးနေတာပဲ။ မင်းသာသေသွားရင် ငါကလောကကြီးကိုဖျက်ဆီးပစ်မဲ့ ကြီးမြတ်တဲ့မိစ္ဆာတစ်ကောင်ဖြစ်လာပြီး မြေကြီးပေါ်ကိုဒေါသတကြီးခုန်ချမှာ။ မင်းပြေးထွက်လာပြီး ငါ့ကိုဆူလို့ရမှာမဟုတ်တော့ဘူး။"
တစ်ဖက်လူကခပ်ဖွဖွရယ်မောလိုက်ပြီး ထို့နောက်တွင် တိတ်ဆိတ်သွားခဲ့သည်။
မင်းသေသွားရင်...
ငါကလောကကြီးကိုဖျက်ဆီးပစ်မဲ့မိစ္ဆာတစ်ကောင်ဖြစ်လာမှာ...
ကျင်းဖေးထုန်ရုတ်တရက်ထိတ်လန့်သွားရကာ လက်ဆန့်၍ အသံလာသည့်နေရာကိုထိတွေ့လိုက်ပေမဲ့ သူ့လက်ဖဝါးပေါ်ရှိစေးကပ်ကပ်သွေးကိုသာစမ်းမိသည်။
သွေးနံ့ကနှာခေါင်းထဲသို့တိုးဝင်သွားပြီး ရင်ဘတ်ဘယ်ဘက်အခြမ်းမှနာကျင်မှုတစ်ခုပေါက်ထွက်လာသည်မှာ နှလုံးသားတစ်ခုလုံးကိုစုတ်ဖြဲတော့မည့်နှယ်။
ကျင်းဖေးထုန်ချောင်းနှစ်ကြိမ်ဆိုးလိုက်မိပြီး မှေးနေရာမှမျက်လုံးဖွင့်ကာ သူ့လည်ချောင်းမှသွေးတစ်လုတ်ကိုပြန်မျိုချလိုက်သည်။
သူ့အောက်နှုတ်ခမ်းကိုဝတ်ရုံလက်ဖြင့်သုတ်လိုက်ပြီး ကုတင်ပေါ်တွင်တပ္မလ္လင်ခွေထိုင်ကာ သူ့အသက်ရှုနှုန်းကိုဖြည်းညှင်းစွာထိန်းညှိလိုက်ရသည်။
အပြင်လူများ၏အမြင်တွင်၊ ကျင်းဖေးထုန်ကား နွေးထွေးသောစိတ်နေသဘောထားနှင့် ထူးခြားသောအဆင့်အတန်းရှိ၏။ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဓားရေးကျွမ်းကျင်ပြီး ပီလော့နန်းတော်ထဲတွင်မြင့်မားသောရာထူးကိုရထားကာ ကျင့်ကြံရေးလောကရှိအဓိကကျသောအင်အားကြီးလူတွေအနက်တစ်ယောက်ဖြစ်သည်။ အရာရာတိုင်းဟာရှောရှောရှုရှုသွားနေသည်ဟု ပြော၍ရသည်။
မည်သို့ဆိုစေကာမူ၊ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင် သူ၏အတွင်းမိစ္ဆာစိတ်များမှာ မကြာမကြာပိုပို၍တိုက်ခိုက်လာပေသည်။ တစ်ခါတရံအိပ်မွေ့ချခံသကဲ့သို့ပင်ဖြစ်သွားတတ်ပြီး အိပ်မက်ဆိုးများအဆက်မပြတ်မက်လေ့ရှိသည်။
ခြောက်ခြားဖွယ်အကောင်းဆုံးအရာကား ကျင်းဖေးထုန်ကိုယ်၌ပင်လျှင် ဤမိစ္ဆာအတွင်းစိတ်၏အရင်းအမြစ်ကိုရှာရခက်နေပြီး သူ့အိပ်နေစဥ်တွင်ပေါ်လာသောအသံကဘယ်ကလာမှန်း သူမသိပေ။ သူ့စိတ်ထဲတွင် ထိုကဲ့သို့သောသူဘယ်တုန်းကမျှမရှိခဲ့ဖူးပေ...
သို့သော် ကံကောင်းစွာဖြင့် သူ့တွင်နက်နဲသောအခြေတည်ဆောက်ခြင်းနှင့် သာမန်ထက်သာလွန်သောအာရုံစူးစိုက်နိုင်စွမ်းရှိသဖြင့် အသက်ရှုရာတွင်ပြန်လည်သက်သာလာစေရန် အချိန်အကြာကြီးမကြာမြင့်ခဲ့ပေ။
ထိုစဥ်၊ ပြတင်းပေါက်၌ ခပ်ဖွဖွတံခါးခေါက်သံထွက်ပေါ်လာသည်။
၎င်းမှာ သူ့အခြေအနေကိုဂရုစိုက်ဖို့လာသောလက်အောက်ငယ်သားတစ်ယောက်ဖြစ်မည်ဟု ကျင်းဖေးထုန်တွေးမိလိုက်ပြီး ထိုအချိန်တွင်သူလည်းပဲရေနည်းနည်းဆာနေပေသည်။
သူ့အသက်ရှုနှုန်းကိုညှိရန်မျက်လုံးမှိတ်လျက်သားဖြင့် သူပြောလိုက်သည်။
"ဝင်ခဲ့။"
ပြတင်းပေါက်မှာကျွီခနဲမြည်သံနှင့်အတူတွန်းဖွင့်ခြင်းခံလိုက်ရသည်။
တစ်ခုခုမှားနေသည်ဟုကျင်းဖေးထုန်ခံစားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ နေ့ခင်းတုန်းကသူတွေ့ခဲ့သောမြေခွေးဖြူလေးကား ပြတင်းပေါက်ဘောင်ပေါ်တွင်ရပ်နေသည်ကို သူမြင်လိုက်ရသည်။
ဤတစ်ကြိမ်၌မူ၊ သူ့နားရွက်ပေါ်တွင်ပန်းရောင်ဖဲပြားတစ်ခုတပ်ထားပြီး ၎င်းမှာသူ့အားပို၍ချစ်စရာကောင်းစေကာ နူးညံ့စေလေသည်။
မြေခွေးလေးသည်လက်ဖဝါးတစ်ဖက်ဖြင့်ပြတင်းပေါက်ကိုတွန်းဖွင့်လာပြီး ယိုင်တိယိုင်တိုင်လျှောက်ဝင်လာချေ၏။ အခန်းထဲပြန်လာအပြီးတွင် နောက်ပြန်လှည့်မကြည့်ပေ။ သူ့အမြှီးကိုတစ်ချက်ခါလိုက်ရာ ပြတင်းပေါက်တံခါးမှာ"ဖောက်"ခနဲဟူ၍ပြန်ပိတ်သွားရော့သည်။
ဤမြေခွေးကိုမည်ကဲ့သို့ပျိုးထောင်ထားလဲဆိုတာကို ဘုရားပဲသိပေလိမ့်မည်။ ဒါပေမဲ့ ၎င်းထံတွင် ရွာထဲကိုဝင်လာသည့်လူဆိုးလူမိုက်တစ်ယောက်၏မောက်မာမှုရှိနေသည်။
---ဟုတ်တာပေါ့၊ အဲ့ဒီ့ပန်းရောင်ဖဲပြားကိုမဝတ်ထားရင် ပိုကောင်းလိမ့်မယ်။
ကျင်းဖေးထုန်သူ့ကိုတိတ်တိတ်လေးကြည့်နေမိသည်။
[ထုတ်ပြန်လာသောတာဝန်: လောကကြီးတွင်အရိုးသားဆုံးအလုပ်မှာ "ရေနွေးသောက်ခြင်း"ဖြစ်တယ်။ ကျေးဇူးပြုပြီးတော့ "ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာရထားတဲ့"ဗီလိန်အတွက် နွေးထွေးပြီးရိုးသားတဲ့ရေနွေးတစ်ခွက်လောင်းထည့်ပေးလိုက်ပါ!]
သူ့မျက်နှာကိုအဖက်ဆယ်ရန်အတွက် ဒေါသကြီးပြီးခွန်အားကြီးပုံပေါက်ဖို့ ရှုလင်ကျားအကောင်းဆုံးကြိုးစားခဲ့တာ အောင်မြင်သွားပုံပေါ်သည်။ အဘယ်ကြောင့်ဆိုသော် ကျင်းဖေးထုန်မှာမလှုပ်မယှက်နှင့်စကားလည်းမပြောနိုင်ဘဲ သိသိသာသာကိုခြိမ်းခြောက်ခံလိုက်ရပုံပေါ်သဖြင့် သူဒါကိုတော်တော်လေးကျေနပ်သွားရသည်။
ပြတင်းပေါက်ဘောင်မှစားပွဲထံသို့ခုန်သွားသည့်မြေခွေးလေးကို ကျင်းဖေးထုန်ကြည့်နေမိသည်။ ၎င်းသည်အတော်လေးသန်မာကာ ကျော့မော့တင့်တယ်လျက်ရှိပြီး ထို့နောက်တွင် သူကလက်ဖက်ရည်အိုးကိုသူ့လက်ဖဝါးဖြင့်ထိ၍ ကျင်းဖေးထုန်ကိုစိုက်ကြည့်လာပြန်သည်။
သူ့ကိုကြည့်ရတာမေးနေသည့်ပုံပင်။
"ခင်ဗျားရေသောက်ချင်နေတာမလား။"
"..." ကျင်းဖေးထုန်ကြိုးစားကြည့်လိုက်မိသည်။
"အင်း?"
စကားပြောပြီးနောက်၊ သူ့၏အတွင်းဖက်မိစ္ဆာမှာပို၍ဆိုးဝါးလာသည်ကို သူခံစားလိုက်ရသည်။ -- ဦးနှောက်အထိပင်မြင့်တက်လာပေသည်။
သို့သော် မြေခွေးလေးသည် စားပွဲပေါ်ရှိလက်ဖက်ရည်ခွက်အလွတ်ကို တကယ်ကြီးဆွဲယူ၍ လက်ဖက်ရည်အိုး၏နှုတ်ခမ်းဝနှင့်တေ့လိုက်၏။ ထို့နောက် သူ့လက်ဖဝါးကိုမြှောက်၍ လက်ဖက်ရည်အိုးလက်ကိုင်ပေါ်ကိုတွန်းလိုက်ရာ အိုးထဲရှိရေများစီးကျလာသည်။
Advertisement
ခွက်ထဲတွင်ရေပြည့်တော့မည့်အခါ၊ မြေခွေးလေးကသူ့အမြှီးကိုတိုက်ရိုက်လိပ်လိုက်ပြီး ခွက်ကိုသူ့နောက်ကျောပေါ်တွင်တင်ကာ အိပ်ရာခေါင်းရင်းဆီကိုခုန်လာပေမဲ့ ရေတစ်စက်ပင်ဖိတ်မကျသွားခဲ့ပေ။
သူသည်ခွက်ကိုကျင်းဖေးထုန်ထံသို့တွန်းပို့လာသည်မှာ "သောက်လေ!"ဟုပြောနေသည့်အလား။
ကျင်းဖေးထုန်မျက်လုံးအသာဖွင့်ကာ ခွက်ကိုယူ၍ မြေခွေးလေးကိုထပ်ကြည့်လိုက်မိပြီး နှုတ်ဆိတ်သွားရသည်။
ဒါကမြေခွေးအစစ်ရောဟုတ်ရဲ့လား။
[ကံကောင်းမှုတန်ဖိုး: +50]
[တာဝန်၂: ဗီလိန်ကိုနားရွက်ဖွာဖွာလေးနှစ်ဖက်လှုပ်ပြပြီး မိမိုက်တဲ့မြေခွေးတစ်ကောင်ရဲ့ဂုဏ်မာနကိုပြသလိုက်ပါ!]
ဤရေကိုကျင်းဖေးထုန်သောက်ခြင်း၊ မသောက်ခြင်းကို ရှုလင်ကျားအရေးမစိုက်ပေ။ မစ်ရှင်တာဝန်ကပြီးဆုံးသွားပြီး သူ့ရည်မှန်းချက်ပန်းတိုင်ကလည်းအလွန်ရှင်းလင်းလှသည်။ သူကဒီသောက်ပန်းရောင်ဖဲပြားကိုမြန်မြန်လေးပျောက်သွားစေရုံသာဖြစ်သည်။
သို့သော် ဤပစ္စည်းကားအလွန်တရာအရုပ်ဆိုးလှသော်လည်း တကယ်ထိရောက်ကြောင်း သူပြောရလိမ့်မည်။ ဤတစ်ကြိမ်တွင်ချီကံကောင်းမှုတန်ဖိုးမြင့်တက်လာသော် သူ၏ဒဏ်ရာပြန်ကောင်းမှုနှုန်းဟာလည်းအရှိန်မြင့်တက်လာသည်ကို ရှုလင်ကျားရှင်းလင်းစွာခံစား၍ရသည်။
ကျင်းဖေးထုန်သည် လက်ဖက်ရည်ခွက်ကိုအောက်ချ၍ အိပ်ရာခေါင်းရင်းတွင်ထိုင်နေရင်း ခေါင်းလေးစောင်းလျက် သူ့ကိုကြည့်နေသောမြေခွေးဖြူလေးကိုမြင်လိုက်ရသဖြင့် သူလည်းပဲသူ့ကိုကြည့်လိုက်သည်။
ဤမြေခွေးကားစိတ်ဝိညာဥ်ဆန်လှပြီး ၎င်းဟာ တကယ့်ကိုစိတ်ဝိညာဥ်တစ်ခုဖြစ်လိမ့်မည်ဟု ကျင်းဖေးထုန်အမြဲတစေသံသယဖြစ်မိသည်။ သို့သော် ၎င်း၏အသက်ရှုခြင်းနှင့်အသွေးအသားကိုခြုံငုံအကဲဖြတ်မိရာ သူ့တွင်ထူးဆန်းမှုအနည်းငယ်ပင်ရှာ၍မရ။
ပြောရလျှင်၊ ၎င်းဟာ ဉာဏ်ကောင်း၍ အထုံပါရမီပါသောမြေခွေးတစ်ကောင်ဟုသာလျှင် ရှင်းပြ၍ရသည်။
ဤလောကကြီးထဲတွင် မကောင်းဆိုးဝါးမိစ္ဆာအချို့မှာ မွေးရာပါမိစ္ဆာများဖြစ်ကြပြီး သွေးမှအမွေရခြင်းဖြစ်သည်။ ၎င်းတို့အတော်အသင့်အရွယ်ရောက်သော် ၎င်းတို့ဟာသဘာဝကျကျဖြင့် လူသားအသွင်ပြောင်းလဲနိုင်ကြပြီး သိုင်းပညာများကိုလေ့ကျင့်နိုင်ကြသည်။ ထို့အပြင် သာမန်မျိုးနွယ်များလည်းရှိကြပြီး ၎င်းတို့မှာမတော်တဆဖြစ်လာခဲ့ကြကာ ကောင်းကင်ဘုံနှင့်မြေကြီး၏အဆီအနှစ်ပေါ်တွင်မှီခိုအားထားကြသည် (သို့) သူတို့ဘာသာသူတို့ကျင့်ကြံကြသည့်စိတ်ဝိညာဥ်စွမ်းအင်ရှိသောလူများကို အဆီအနှစ်အဖြစ် အမှီပြုရှင်သန်လေ့ရှိကြသည်။
ဤမြေခွေးကသူ့ခန္ဓာကိုယ်မှအရှိန်အဝါတချို့ယူ၍ လူသားအသွင်အဖြစ်သို့ပြောင်းလဲချင်ရုံသာဖြစ်လိမ့်မည်ဟု ကျင်းဖေးထုန်ခန့်မှန်းမိသဖြင့် သူလည်းလိုက်လျောညီထွေနေပေးလိုက်တော့သည်။
သူ၏ခန့်မှန်းချက်များဟာ အမှန်တရားနှင့်သိပ်မဝေးဟုပြော၍ရသည်။
ကျင်းဖေးထုန်ကအနည်းငယ်ခါးကိုင်းလိုက်သဖြင့် သူနှင့်မြေခွေးလေး၏မျက်လုံးများဟာတစ်တန်းတည်းဖြစ်သွားပြီး သူ့ကိုမေးလိုက်သည်။
"မင်းငါ့ကိုရှာဖို့ ဒီအဆောင်ကိုရည်ရွယ်ချက်ရှိရှိလာခဲ့တာလား။"
ရှုလင်ကျားသူ့မေးခွန်းကိုလျစ်လျူရှုလိုက်သည်။
သူသည် နာခံသောကိုယ်နေဟန်ထားဖြင့်ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်ရုံသာထိုင်နေလျက်။ ဖော်ပြ၍မရနိုင်သည့်လေးနက်သောမျက်နှာထားနှင့်အတူ သူ့မျက်လုံးတွေကိုမှိတ်ကာ သက်ပြင်းရှိုက်လိုက်၏။
ထို့နောက် ကျင်းဖေးထုန်၏အကြည့်အောက်တွင် သူ၏အမွှေးဖွာသောနားရွက်သေးသေးလေးနှစ်ဖက်ကို ခပ်တည်တည်ဖြင့်လှုပ်ပြလိုက်သည်။
[ကံကောင်းမှုတန်ဖိုး: +5]
ထိုနားရွက်သေးသေးလေးနှစ်ဖက်ပေါ်ရှိအမွှေးဖွာနုနုလေးတို့မှာ ခမ်းနားစွာလှုပ်ယမ်းသွားပြီး ပန်းရောင်တချို့နှင့်နားရွက်တစ်ဖက်တွင်ချိတ်ထားသောဖဲပြားကိုပါ လှုပ်ရှားနေသည့်အမူအရာနှင့်အတူပြသလာပေသည်။
မြေခွေးဖြူလေးသည်နားရွက်လှုပ်ခါပြပြီးနောက် ခေါင်းမော့၍ ကျင်းဖေးထုန်ကို ဝိုင်းစက်သောမျက်လုံးနက်နက်လေးများဖြင့်ကြည့်လာသည်မှာ ချီးကျူးခံချင်နေသည့်နှယ်၊ အရမ်းကိုချစ်စရာကောင်းလွန်းသဖြင့် ကမ္ဘာပေါ်ရှိမည်သူမဆိုငြင်းဆန်ရန်ခဲယဥ်းလှသည်။
ထိုအချိန်တွင် ကျင်းဖေးထုန်အများကြီးမတွေးမိဘဲ သူ့လက်ကိုမသိလိုက်မသိဘာသာဆန့်ထုတ်၍ ရှုလင်ကျား၏နားရွက်ကိုညင်သာစွာပွတ်သပ်လိုက်မိသည်။
သူသည်အသန့်ကြိုက်သူတစ်ယောက်ဖြစ်ပြီး ငယ်စဥ်ကတည်းကလွန်စွာတန်ဖိုးထားခြင်းခံခဲ့ရ၏။ သူကားသန့်ရှင်းမှုနှင့်ပတ်သတ်၍ အမြဲတစေချေးများလေ့ရှိပြီး အခြားသူတွေကိုထိတွေ့ရသည်ကိုမကြိုက်။
နောက်ကျတော့ မိစ္ဆာအတွင်းစိတ်ပေါ်လာသောအခါ သူ့အိပ်မက်များထဲတွင်တစ်စုံတစ်ယောက်ကို ကျင်းဖေးထုန်ကြိမ်ဖန်များစွာလက်ဆန့်လိုက်ပေမဲ့ အချိန်တိုင်းတွင်သူ့လက်ဖဝါးပေါ်၌သွေးများပေကျံလာခဲ့ပြီး သူ့ပြဿနာအားပို၍ပင်ဆိုးဝါးသွားစေသည်။
သူ့လက်ချောင်းက မြေခွေးလေး၏နားရွက်ထိပ်ဖျားကိုထိသွားသော် ကျင်းဖေးထုန်အရင်ဆုံးတုံ့ပြန်လိုက်မိပြီး လျှပ်တပြက်ခုခံကာကွယ်မှုကသူ့နှလုံးသားထဲတွင်သဘာဝအလျောက်ဖျတ်ခနဲပေါ်လာသည်။
သို့သော် ထို့နောက်တွင်မူ၊ ခြောက်သွေ့သောအမွှေးနုနှင့် ကိုယ်အပူချိန်နွေးနွေးကိုသူခံစားမိလိုက်ပြီး သူ့လက်ထဲတွင်ကိုင်ထားသောနားရွက်သေးသေးလေးမှာ သူ့လက်ဖဝါးကိုပွတ်တိုက်လျက်ရှိကာ ဘဝ၏ရင်ခုန်သံစည်းချက်များပမာ အလွန်ပင်လန်းဆန်းသစ်လွင်လှသည်။
အရမ်းကြီးတော့....စိတ်ပျက်စရာမကောင်းဘူးပဲ...
အိပ်မက်ထဲမှသူယူဆောင်လာခဲ့သောသွေးနံ့မှာ ဘယ်အချိန်တုန်းကတိတ်တဆိတ်ပျောက်သွားမှန်း သူမသိပေ။
ဤကမ္ဘာကြီးပေါ်တွင် ညစ်ထေးသောအရာများစွာရှိသည်။
ဤကဲ့သို့ဟန်ဆောင်ကောင်းပြီး အလုပ်များသောလူကို သူကြည့်လိုက်မိသည့်အခါ၊ ကျင်းဖေးထုန်ကသူ့နားရွက်ကိုရုတ်တရက်ထိလာလိမ့်မည်ဟု ရှုလင်ကျားမထင်ထားခဲ့မိပေ။
သို့ပေမဲ့ ကျင်းဖေးထုန်၏လက်ကသူ့နားရွက်ကိုပွတ်သပ်လာသည်နှင့်တစ်ပြိုင်နက်၊ ကံကောင်းမှုတန်ဖိုးမှာလျင်မြန်စွာမြင့်တက်လာသည်မှာ ကောင်းကင်ပေါ်မှပိုက်ဆံမိုးရွာသွန်းလာသည့်နှယ်။
ဖဲပြား၏ကောင်းမှုကြောင့် ကံကောင်းမှုတန်ဖိုးအားလုံးမှာ ၃၀ရာခိုင်နှုန်းအားဖြင့်တွက်ချက်ခံရမည်ဖြစ်ပြီး ရှုလင်ကျားတစ်ယောက်တာဝန်ပန်းတိုင်ကို ချက်ချင်းဆိုသလိုပြီးမြောက်သွားလုနီးပါးပင်။
သို့သော် ဆိုရိုးစကားအရ ယောက်ျားတစ်ယောက်၏ဦးခေါင်းကိုလက်လွတ်စပယ်မထိသင့်။ ၎င်းက စည်းမျဥ်းဥပဒေသဖြစ်ပြီး အကျိုးအမြတ်ကြောင့်စိတ်မလှုပ်ရှားသင့်ပေ။
ရှုလင်ကျားသည်ကိုယ်ကျင့်တရားကောင်းမွန်သောအမူအရာဖြင့် ကျင်းဖေးထုန်၏လက်ကိုတွန်းဖယ်ကာ မတ်တပ်ရပ်၍ သူ့ခါးကိုကျက်သရေရှိစွာဆန့်လိုက်ပြီးနောက် လှည့်ထွက်ကာခုန်၍ စားပွဲပေါ်နင်းချပြီး ပြတင်းပေါက်ဘောင်ပေါ်ကိုခုန်ကာ ပြတင်းပေါက်ကိုတွန်းဖွင့်ပြီး ထွက်သွားလိုက်တော့၏။
ကုတင်ပေါ်ရှိခွက်ထဲကရေမှာ ပူနွေးနေဆဲဖြစ်ပြီး ဤမဖော်ပြနိုင်လောက်သော အကြင်နာတရားကင်းမဲ့သည့်မြေခွေးလေးဟာဆိုရင်ဖြင့် နောက်လှည့်မကြည့်ဘဲ ပြေးထွက်သွားချေပြီ။
သူ၏ကျောပြင်နှင့်ပတ်သတ်၍ မပြောပြတတ်သောတစ်စုံတစ်ခုရှိနေပေသည်...ရင်းနှီးကာ ဖျတ်လတ်တက်ကြွသောအကြည့်။
ကျင်းဖေးထုန်ထ၍ အိပ်ရာပေါ်မှထကာ ပြတင်းပေါက်ထံလျှောက်သွားလိုက်ရာ ပြတင်းပေါက်ဘောင်ပေါ်တွင်ပန်းရောင်ဖဲပြားသေးသေးလေးကိုတွေ့၍ ကောက်လိုက်သည်။
၎င်းကိုကြည့်နေစဥ်၊ ပြတင်းပေါက်အပြင်ဖက်၌ ရုတ်တရက်တံခါးခေါက်သံထွက်လာပြန်သည်။
ထို့နောက်ချက်ချင်းပင်၊ ပြတင်းပေါက်မှာတွန်းဖွင့်ခံလိုက်ရပြီး အမွှေးဖွာဖွာလက်ဖဝါးနုနုတစ်ဖက်က အထဲကိုတောင့်တင်းစွာတိုးဝင်လာပြီး ကျင်းဖေးထုန်ထံသို့ "လိုချင်သော"အမူအရာကိုပြုလုပ်နေပေသည်။
ကျင်းဖေးထုန်ကဖဲပြားကိုလက်ဖဝါးပေါ်တင်ပေးလိုက်ရာ ပြတင်းပေါက်အပြင်ဖက်ရှိမြေခွေးလေးမှာ မြေကြီးပေါ်ခုန်ချ၍ အရိပ်ပင်မကျန်ဘဲပျောက်ကွယ်သွားရော့သည်။
ကျင်းဖေးထုန်နောက်ဆုံးတွင်ကူကယ်ရာမဲ့စွာဖြင့်ရယ်မောလိုက်မိသည်။
သူခေါင်းခါ၍ ပြတင်းပေါက်ကိုပိတ်ကာ ရေနွေးအပြည့်ဖြင့်ခွက်ကိုကောက်မလိုက်ပြီး ခေတ္တမျှအောက်စိုက်ကြည့်နေပြီးသော် ဖြည်းဖြည်းချင်းတစ်ငုံသောက်လိုက်တော့သည်။
_____________________________________________________
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
ဒီတော့မနေ့ကရှုလင်ကျားထွက်သွားပြီးနောက်မှာ ကျင်းဖေးထုန်ကလီပိုင်ရဲ့"ကြာမြင့်သောခွဲခွာခြင်း"ကိုဆိုခဲ့တယ်။ ဒီအပိုင်းရဲ့အကြောင်းအရာကိုဂရုစိုက်ကြပါနော်။
________________________________________________(3816)words_____
!zawgyi!
..................................................................
ရှုလင်ကျား: "..."
Advertisement
- In Serial28 Chapters
The world traveler from the future
The world, under the guide of the System, was prospering. The Dungeons gifted untold riches to those brave enough to challenge them, and the System watched and helped those who were willing to complete its Quests. But not Charles. As soon as he appeared inside a dark cave, the system told him that he was an anomaly, that he was not worthy of its gifts. His mind was damaged. His AI companion was convinced that he was in a world of sword and magic. All around, schemers and manipulators tried to play their part in a story that was thousands of years old. Spanning entire planes and worlds. And yet, he only saw what he wanted to see. For a while, it worked. Slowly, but inevitably, it became impossible. The threat was too big to ignore, the evidence too strong. He was just a pawn in a game so large that it was impossible to comprehend. At its center, the System. The System was not what it seemed. It was a tyrant, or maybe just a tool created by someone or something so powerful that it could control entire worlds. And it had declared him its enemy. Many thanks to Damiano, who helps with the world building and the character building. Many thanks to Fuyu Dust for the cover art. One new chapter every Friday. Patreon - get early access to chapters weeks before they come out. Discord - chat with me and other creators.
8 391 - In Serial23 Chapters
Searcher
I was just like everyone else. At least, I thought so. Everyone grew up in a mansion with servants, trained to be a debutante, had a traveling archeologist for a father, and gave it all up to do whatever the hell they wanted. Right? Well that’s what I did. I was happy. As happy as a single twenty four year old girl can be living in an apartment selling shit online to pay the bills. Not actual shit, that's gross. No, I bought stuff from garage sales, thrift stores, and junk shops, and resold it in my online store. I was pretty good at finding stuff to peddle to my customers. I made rent every month and didn’t have to strip. I’m a bit too chunky to swing around a pole anyway. Life was great! Until two sexy men broke into my apartment and woke me up from the most erotic dream my sexually depraved mind could come up with. One was between my legs, the other was... Oh well, it was a dream and I didn’t even get to finish it. Those bastards! Now I’m supposed to believe my dead father wasn’t an archeologist, but some kind of paranormal agent working for a secret organization called The Guard. My ability to find items for my customers is just a perk inherited from him. And I’m supposed to use my inherited powers to save the world. All while these hunks of man flesh guard me from other paranormals out to get whatever the hell they think I have. A certain body part is dripping with excitement, literally. But my mind is saying “Hell No!”
8 136 - In Serial56 Chapters
SC to MC
Title short for: Side Character to Main CharacterHi guys, I'm Rota, a normal guy in a normal school but without a normal life. Reason? My best friend is a genius scientist who loves building maid robots. A new invention of his is not only going to involve me but the whole world this time.
8 226 - In Serial13 Chapters
Just Luck
In books of legends, there exists a tale of a person with the ability to change the world to hand down justice on those who inflict pain and suffering. In return, the person who wielded this power would live a life filled with misfortune. Parents would read this story to their children as a deterrent to bad behaviour but little did they know that this story was true. Genre: Action, Drama, Fantasy, Tragedy, Romance
8 300 - In Serial18 Chapters
Distractions (Scrutinized Tanner x reader Fanfiction)
THIS FANFICTION IS A TWO PACK OF ASS. STOP READING IT.Y/N was a very simple woman; calm, professional, and very unassuming. But when she's attacked by the local murderer, Tanner Grayton and then unknowingly forced to live with him, how will love find it's way into both of your hearts? (and undergarments)
8 158 - In Serial24 Chapters
LOVE IS NOT FORCED... IT HAPPENS BY ITSELF♥️♥️
here moran are married forcefully but how they clear their way to love this story is all about it....
8 94