《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၁၂]သုန့်ဖုန်ရှင်းယွင်|သုန့္ဖုန္ရွင္းယြင္
Advertisement
"ဟူအောင့်ထျန်းတဖြစ်လဲ အောင့်ထျန်းမြေခွေးက မြေခွေးတွေအားလုံးကိုအမိန့်ပေးခိုင်းစေနိုင်တဲ့ မြေခွေးမျိုးကောင်းမျိုးသန့်ပဲ။"
...........................................................................
ကျင်းဖေးထုန်ခေါင်းအသာခါကာ ပြုံးလိုက်မိပြီးနောက် ပြောနေတာကိုရပ်လိုက်ပြီး မတိုက်တွန်းတော့ပေ။
"ရှုရှစ်တိကစိတ်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ကိုယ်မင်းကိုတားဖို့အကြောင်းပြချက်မရှိတော့ပါဘူး။"
ရှုလင်ကျားသည်ဓားရှည်ကိုသူ့ခါးတွင်လက်နောက်ပြန်ဖြင့်ချိတ်ကာ အရိုအသေပြု၍ထွက်သွားပေသည်။
သူထွက်သွားသည်နှင့် ခြံဝန်းတစ်ခုလုံးမှာတစ်ခဏမျှတိတ်ဆိတ်မှုကြီးစိုးသွားလေသည်။
ဤအချိန်တွင် တစ်စုံတစ်ယောက်ကသက်ပြင်းအသာချလာသည်။
ကျင်းဖေးထုန်နောက်လှည့်မကြည့်ဘဲ ပေါ့ပါးစွာပြောလိုက်၏။
"ယွမ်လီ၊ မင်းဘာဖြစ်နေတာလဲ။"
တခြားသောလက်အောက်ငယ်သားများမှာ သူနှင့်ခြေလှမ်း၃လှမ်းအကွာအတွင်းမလာရဲကြပေမဲ့ အညိုရောင်ဝတ်ရုံနှင့်ကိုယ်ရံတော်မှာ ကျင်းဖေးထုန်၏အနောက်တွင်တစ်ချိန်လုံးရပ်နေလျက်ရှိသည်။ ယွမ်လီခေတ္တမျှတုံ့ဆိုင်းသွားမိပြီး ပြောလိုက်သည်။
"အရှင်၊ ဓားရေးကျင့်ကြံတဲ့သူတွေက တကယ်ပဲစိတ်ခံစားချက်ရှိလို့မရဘူးလား။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"မလိုအပ်ပါဘူး။ ဒါပေမဲ့ စိတ်ခံစားချက်တွေကအရှေ့ကိုဆက်သွားမယ့်လမ်းကို ပိုပြီးခက်ခဲစေလိမ့်မယ်။ အချစ်သာရှိရင် လိုအင်ဆန္ဒ၊ နာကျင်မှု၊ သောကနဲ့ခါးသီးမှုတွေရှိလာလိမ့်မယ်။ နှလုံးသားထဲမှာစိတ်ရှုပ်ထွေးမှုတွေအများကြီးရှိလာလိမ့်မယ်။ မင်းဘာပဲလုပ်လုပ် သန့်စင်တဲ့နှလုံးသားကိုထိန်းသိမ်းဖို့ခက်တယ်။ မသန့်စင်တဲ့နှလုံးသားဆိုတာမရှိသင့်ဘူး။"
"..ဒါဆို သွမ့်ဟောင်ရန်ကသူ့ရဲ့တောက်ဓမ္မကျင့်ဖော်အတွက် အများကြီးပေးဆပ်ခဲ့တယ်လို့ပြောနေတယ်လေ။ ဒါပေမဲ့ သူကသူမကိုတကယ်မချစ်ခဲ့ဘူး။ သူ့ရင်ထဲမှာ ကျင့်ကြံရေးကသာအရေးကြီးဆုံးပဲ။"
ကျင်းဖေးထုန်ခပ်ဖွဖွပြုံးလိုက်သည်။
"ဟုတ်ရင်လဲဟုတ်မယ်၊ မဟုတ်ရင်လဲမဟုတ်ဘူးပေါ့။ တခါတလေကျရင် အစကတော့ငါအဲ့ဒါကိုအရမ်းသဘောကျတယ်၊ ဒါပေမဲ့ ငြီးငွေ့သွားပြီဆိုရင် အချစ်ကပျောက်ကွယ်သွားပြီပဲ။ တခါတလေမှာ အရမ်းမကြိုက်ပေမဲ့ အပြုံးတစ်ပွင့်နဲ့ တစ်ခဏတာရင်ခုန်ခြင်းက လူကိုမျက်ကန်းဖြစ်စေတယ်။ ဘယ်သူသိမှာလဲ...ဒါကြောင့်မို့ ကျင့်ကြံတဲ့လမ်းစဥ်က အညှာအတာကင်းမဲ့ခြင်းနဲ့ ချစ်ခြင်းပဲ။ ခံစားချက်ရှိတဲ့အရာတွေကိုမင်းကယ်တင်လို့ရတယ်။ ဒါပေမဲ့ ဘာစိတ်ခံစားချက်မှမရှိတာကအကောင်းဆုံးပဲ။"
ယွမ်လီကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းထပ်ချမိပြန်သည်။
ကျင်းဖေးထုန်သည်ရှုလင်ကျားထွက်သွားသောလားရာကိုကြည့်လိုက်မိကာ ကောင်းကင်ယံနှင့်နို့နှစ်ရောင်လမ်းကိုဆန့်ကျင်နေသော အဖြူရောင်ဝတ်နှင့်ချောမောလှပသောလူရွယ်တစ်ယောက်ကိုသာမြင်တွေ့ရလေ၏။
သူတီးတိုးရေရွတ်မိသည်။
"မိစ္ဆာဓားကစာနာစိတ်မရှိဘူး။ လူတွေမှာခံစားချက်တွေရှိတယ်။ မိစ္ဆာဓားကလူသတ်နိုင်တယ်...လူတွေကတော့ကြိုတင်ခန့်မှန်းလို့မရဘူးပဲ။"
စကားပြောလိုက်ပြီးနောက် ရပ်တန့်လိုက်ပေမဲ့ သူ့အနီးတစ်ဝိုက်တွင် သူ့နောက်လိုက်၍တစ်စုံတစ်ခုပြောနိုင်သောလူတစ်ဦးမျှမရှိ။ ထိုလက်အောက်ငယ်သားများမှာ နှုတ်ဆိတ်လျက်သားဖြင့် တရိုတသေရပ်နေကြပြီး တုန်ရင်နေကြလျက် ဘာကြောင့်မှန်းမသိကြပေ။
ကျင်းဖေးထုန်နောက်လှည့်ကာ သူတို့ကိုစိုက်ကြည့်၍ မေးလိုက်သည်။
"မင်းတို့ရှာလို့ပြီးပြီလား။"
"ဟုတ်ကဲ့၊ အရှင်။"
နန်းတွင်းအစောင့်တစ်ယောက်ထွက်လာပြီး တင်ပြသည်။
"သွမ့်ဟောင်ရန်ကိုစေ့စေ့စပ်စပ်ရှာဖွေခဲ့ပေမဲ့ ဘာမှမတွေ့ရပါဘူး။ ဒါပေမဲ့ လက်အောက်ငယ်သားတွေက စစ်သူကြီးယန်ပေါင်ကိုရှာတွေ့ခဲ့ပါတယ်။"
ကျင်းဖေးထုန်မေးပင့်ကာ သူ့ကိုခေါ်လာခိုင်းလိုက်သည်။ ၎င်းမှာ မတိုင်ခင်ကရှောင်ကျန်းကိုမိစ္ဆာဓားရောင်းခဲ့သောစျေးဆိုင်ပိုင်ရှင်ဖြစ်၏။
စစ်သူကြီးယန်ပေါင်သည်လွန်ခဲ့သောနှစ်ရာကျော်ခန့်ကသေဆုံးသွားခဲ့ပြီး သူ့အသက်ကိုဆက်ရန် မှော်အတတ်ကိုအတင်းအကြပ်အသုံးပြုခဲ့၏။ သူသည်ကြားရက်များတွင်သူမည်သူမည်ဝါဖြစ်ကြောင်းကိုဖုံးကွယ်ကာ စျေးများအကြားတွင်လှည့်လည်သွားလာလျက်ရှိသည်။
ဤလူကား တစ်ခါကသွမ့်ဟောင်ရန်နှင့်မိတ်ဆွေဆက်ဆံရေးတချို့ရှိခဲ့ပြီး တစ်ဖက်လူကသူ့ကိုမက်လုံးပေးကာဆွဲဆောင်ခဲ့သဖြင့် ယန်ပေါင်ကသူ့ကိုအနည်းငယ်မျက်နှာပေးကာကူညီဖို့ပူးပေါင်းခဲ့ပေမဲ့ ကျင်းဖေးထုန်သိသွားလိမ့်မည်ဟုမထင်ထားခဲ့မိပေ။
သူမကျေမနပ်အပြည့်ဖြင့်ပြောမိသည်။
"နန်းတော်သခင်ကျင်း၊ ယန်ပေါင်ကအရှင့်ကိုမဆန့်ကျင်ရဲပါဘူး။ ဒီကနေ့လုပ်ရပ်ကဘာကိုဆိုလိုတာပါလဲ။"
ကျင်းဖေးထုန်ပြောလိုက်သည်။
"လူတွေကိုအလွတ်မပေးဘူးလား။"
ယန်ပေါင်၏လက်မောင်းများကိုကိုင်ထားသောလက်တွေကိုလွှတ်ခိုင်းလိုက်ပြီးနောက် ကျင်းဖေးထုန်ပြုံး၍ ယဥ်ကျေးပျူငှာစွာပြောလိုက်သည်။
"ကျွန်တော့်ရဲ့လက်အောက်ငယ်သားတွေကမသိတတ်တာမို့ ကျွန်တော့်ကိုဗွေမယူပါနဲ့ဗျာ။ ဒီနေ့စစ်သူကြီးကိုကျွန်တော်ဖိတ်ကြားလိုက်ရတဲ့အကြောင်းရင်းက ကျွန်တော်အကြံဉာဏ်တချို့တောင်းချင်လို့ပါ။"
ယန်ပေါင်သတိချပ်ကာပြောလိုက်သည်။
"ဘာများလဲ။"
ကျင်းဖေးထုန်ဖြေးဖြေးချင်းပြောလိုက်သည်။
"သွမ့်ဟောင်ရန်က ခင်ဗျားကိုမိစ္ဆာဓားရောင်းပေးဖို့ပြောလိုက်တယ်ဟုတ်၊ အဲ့ဒီ့အတွက် ခင်ဗျားဘာပြန်ရလိုက်လဲ။"
ယန်ပေါင်မိန်းမောသွားရကာ ရုတ်တရက်နားလည်သွားပြီး ကူကယ်ရာမဲ့စွာရယ်မောလိုက်မိသည်။
"ကောင်းပြီလေ။ နန်းတော်သခင်ကျင်းခင်ဗျ၊ ကျုပ်ပြောမယ်။ ရှင်းဇုန်ကဒီစစ်သူကြီးကိုဖိတ်ကြားဖို့မင်းကိုဘာကြောင့်ပြောခဲ့တာလဲ။ ကြည့်ရတာတော့ အရက်သမားရဲ့ရည်ရွယ်ချက်က အရက်သောက်ဖို့မဟုတ်ဘဲ မှော်စာအုပ်ရဲ့တည်နေရာကိုသိချင်လို့လည်းဖြစ်နိုင်တယ်လေ။"
ကျင်းဖေးထုန်သူ့ကိုပေါ့ပါးစွာကြည့်လိုက်သည်။
ယန်ပေါင်၏မျက်လုံးများဖျတ်ခနဲလက်သွား၏။
"ကျုပ်ပြောလိုက်ရင် ကျုပ်ကအသုံးမဝင်တော့ဘူးဖြစ်သွားမှာ။ အရှင်ကျုပ်ကိုမသတ်မှန်းဘယ်လိုလုပ်သိနိုင်မှာလဲ။ တကယ်လို့အကျိုးအမြတ်လိုချင်ရင် အရင်ဆုံးစေ့စပ်ဆွေးနွေးရမယ်မဟုတ်ပါလား။"
ကျင်းဖေးထုန်သူ့ထံမှအကြည့်လွှဲလိုက်သည်။ သူသက်ပြင်းချလျက် ပြောလိုက်သည်။
"ကံမကောင်းစွာနဲ့ ခင်ဗျားကြည့်ရတာမသိသေးတဲ့ပုံပဲ။"
ယန်ပေါင်တောင့်ခဲသွားရကာ မျက်ဝန်းထဲတွင်ထိတ်လန့်မှုတစ်စွန်းတစ်စဖြတ်ပြေးသွားပြီး သူကိုယ်သူခုခံကာကွယ်ရန်အချိန်မရလိုက်မီ ကျင်းဖေးထုန်ကလက်တစ်ဖက်တည်းနှင့်တိုက်ခိုက်လာသည်။
သူ့လက်ဝါးကား သူ့ကိုမထိသွားပေမဲ့ လက်ဝါးအားမှာယန်ပေါင်ကိုထိခတ်သွားကာ သူ့ဘဝသူချက်ချင်းလက်ခံလိုက်ရတော့သည်။
ပတ်ဝန်းကျင်ရှိလက်အောက်ငယ်သားများမှာတစ်ပြိုင်နက်တည်းခေါင်းငုံ့ထားကြပြီး ကျင်းဖေးထုန်ကလက်ရုတ်ကာ ပျင်းရိပျင်းတွဲပြောလိုက်သည်။
"အလောင်းကိုစီလိုက်တော့။ သွားကြမယ်။"
သူလှည့်ထွက်ကာ သူ့ဝတ်ရုံရှည်ကားတဖျတ်ဖျတ်လွင့်ခါလျက် ညလေကိုဆန့်ကျင်၍သီဆိုလိုက်သည်။
"သုန့်ဖုန်၊ ရှီသုန့်ဖုန်၊ ငါ့အတွက်တိမ်တိုက်တွေကိုအနောက်ဖက်ကိုလာဖို့တိုက်ခတ်လိုက်စမ်းပါ။ မင်းမလာခဲ့ရင် ပန်းပွင့်တွေကြွေကျပြီး ရေညှိတွေတက်သွားတော့မယ်ကွယ်.."*
.....
ရှုလင်ကျားသည်တစ္ဆေခြောက်စံအိမ်ကြီးထံမှထွက်ခွာလာပြီး မြို့ထဲမှတိုက်ရိုက်ထွက်သွားချင်ပေမဲ့ သူ့လက်မောင်းထဲတွင်တစ်စုံတစ်ခုကိုစမ်းမိသော် သူတုံ့ဆိုင်းမိသည်။
အထူးတဆန်းဖြင့် သူ့ခြေလှမ်းတွေကိုလှည့်ကာ ထိုအစား အခြားဦးတည်ရာဖက်သို့လျှောက်သွားမိချေသည်။
သိပ်မဝေးသောအိမ်၏အပြင်ဖက်တွင် ကလေးမလေးတစ်ယောက်ကခြံဝန်းတံခါးဝတွင်ရပ်နေရင်း ဘယ်ညာကြည့်လျက်သားဖြင့်၊ ရှုလင်ကျားခေါ်လိုက်သည်။
"ရင်းနျန်"
ထိုကလေးမလေးလှည့်လာရာ ၎င်းမှာရင်းနျန်ဖြစ်၏။
သူမသည်ရှုလင်ကျားမြင်လိုက်ရသော်အရမ်းပျော်ရွှင်သွား၍ သူ့ဆီပြေးလာပြီး အော်ခေါ်လေသည်။
"မသေမျိုးအစ်ကိုကြီး!"
ရှုလင်ကျားမေးလိုက်သည်။
"မင်းဒီမှာဘာလုပ်နေတာလဲ။"
ရင်းနျဥ်ကပြောသည်။
"သမီးမမလာခေါ်တာကိုစောင့်နေတာ။"
ရှုလင်ကျားပြောလိုက်သည်။
"အခုလေးတင်မင်းအစ်မကိုတွေ့ခဲ့တယ်။ သူမမှာဒီညလုပ်စရာရှိနေတာမို့ မနက်ဖြန်ကျမှပြန်လာလိမ့်မယ်။"
ရင်းနျန်ဒါကိုကြားလိုက်ရသော် အရမ်းကိုစိတ်ပျက်သွားရပြီး သူမခေါင်းလေးကိုငုံ့ကာ သူမအဝတ်အစား၏ထောင့်စွန်းကိုသူမလက်ချောင်းများဖြင့်ဆုပ်ချေနေရော့သည်။
"
ရှုလင်ကျားလက်ဆန့်ကာ သူမရှေ့တွင်ဖြန့်ပြလိုက်သည်။
သူ့လက်ဖဝါးထဲတွင်မူ မတိုင်ခင်ကသူမကိုင်ထားခဲ့သောဖယောင်းတိုင်ခေါင်းလေးပင်။
ရင်းနျန်မျက်လုံးများချက်ချင်းပြူးကျယ်သွားကာ အံ့သြတကြီးဆိုလာသည်။
"ဒါသမီးရဲ့ဖယောင်းတိုင်လေးပဲ! သမီးရှာတွေ့ပြီ!"
ရှုလင်ကျားပြောလိုက်သည်။
"ဟုတ်တယ်။ ငါရှာတွေ့ခဲ့တာ။ အခုမင်းကိုပြန်ပေးမယ်လေ။"
ရှုလင်ကျားသူမကိုဖယောင်းတိုင်ပြန်ပေးလိုက်ပြီး ရင်းနျန်သူမပိုက်ဆံအိတ်လေးကိုခါးတွင်ချိတ်လျက်သားဖြင့် နောက်ဆုတ်ကာဆိုသည်။
"ဒါကသမီးမမအတွက်။ ဟုတ်ပြီ။ သွားဆော့ကြရအောင်နော်။"
စနစ်ကရုတ်တရက်"တင်"ဟုအသံထွက်လာသည်။
[မတော်တဆရရှိလာသောအိုင်တမ်: အစ်မရှောင်ကျန်း၏ကျေးဇူးတင်သောလက်ဆောင်- ဒဏ်ရာပျောက်ကင်းစေသောမြေခွေးဖဲပြား။]
ရှုလင်ကျားအံ့အားသင့်စွာဖြင့်သူ့မျက်ခုံးတွေကိုပင့်၍ သူမကိုကြည့်လိုက်မိသည်။
ရင်းနျဥ်ကိုကြည့်ရတာပျော်နေပုံရပြီး သူမလက်ထဲတွင်တစ်ခုခုကိုင်ထားကာ ပြီးနောက် သူမလက်မောင်းသေးသေးလေးနှစ်ဖက်ကိုဖြန့်ပြပြီး သူ့ခြေထောက်တွေကိုဖက်ရန် သူ့ဆီခုန်ဝင်လာပေသည်။
ရှုလင်ကျားသည်ဤကဲ့သို့အရာသေးသေးလေးများဖြင့်အဆက်အဆံလုပ်ရာတွင်သိပ်မကောင်းလှ။ စကားလုံးအနည်းငယ်ကိုခြောက်ကပ်ကပ်ပြောရတာတောင် သူ့အကန့်အသတ်လွန်နေပြီဖြစ်သည်။ ဤကလေးမလေးက သူမ၏ကျေးဇူးတင်ခြင်းကို ထိုကဲ့သို့စိတ်အားထက်သန်စွာဖြင့်ဖော်ပြလာသည်ကိုမြင်လိုက်ရရင်း သူ့ဦးခေါင်းခွံချက်ချင်းထုံလာကာ နောက်ဆုတ်လိုက်မိသည်။
သူမကိုသူမဖက်ချင်။ သဘာဝကျစွာပင်၊ တခြားသူတွေကသူ့ဝတ်ရုံအစွန်းကိုတောင်ထိခွင့်မရကြ။ ရင်းနျန်ကလေထဲတွင်ခါယမ်းသွားပြီး မြေကြီးပေါ်ပြုတ်ကျလုမတတ်ဖြစ်သွားရကာ ခဏမျှကြောင်အသွားပေသည်။
အသက်ငယ်ငယ်လေးဖြင့် သူမသည် "ယောက်ျားတစ်ယောက်ပိုလှလေလေ၊ ပို၍အကြင်နာတရားကင်းမဲ့လေလေ"ဟူသောစာကြောင်း၏အမှန်တရားကိုသိလိုက်ရကာ လောကကြီးကအနည်းငယ်ရက်စက်သည်ဟု သူမတကယ်ပဲခံစားမိလိုက်သဖြင့် "ဝူး"ဟုငိုလိုက်မိတော့သည်။
ရှုလင်ကျားမျက်လုံးများဝိုင်းစက်သွားရသည်။
ခြံဝန်းထဲရှိအဖိုးအိုတစ်ယောက်၏အသံထွက်လာကာ မေးတော့သည်။
"အို၊ ရင်းနျန်ဘာဖြစ်တာလဲကွဲ့။"
သူပြဿနာရှာလိုက်မိပြီဟုရှုလင်ကျားတွေးမိကာ ခြောက်ကပ်ကပ်ချောင်းဟမ့်လိုက်ပြီး လှည့်ကာပြေးထွက်လာမိသည်။ ဒါဟာ သူ့ဘဝတွင်ကလေးတစ်ယောက်ချော့ရာမှာ အရှုံးဖြင့်အဆုံးသတ်သွားရသည့်ပထမဆုံးအကြိမ်ပင်။
ကလေးငိုသံဖြင့်အများအပြားနှိပ်စက်ခံခဲ့ရပြီးနောက် သူဘာမှထပ်မလုပ်ရဲတော့ဘဲ မြို့ထဲမှထွက်လာလိုက်တော့သည်။
လမ်းပေါ်တွင် ရှုလင်ကျား စနစ်မျက်နှာပြင်ကိုခေါ်လိုက်ပြီး သူ့ကြောင့်ပြောင်းလဲသွားသောဇာတ်ကြောင်းကိုကြည့်ချင်မိသည်။
ဤတစ်ကြိမ်တွင်ငါမြင်လိုက်ရတာက၊ သူမိစ္ဆာဓားကြောင့်ဒဏ်ရာရရှိပြီး သွေးထွက်သေဆုံးသွားခဲ့ကြောင်း ဝတ္ထုစာအုပ်ထဲရှိဖော်ပြချက်ကား မှင်ရည်တိမ်တိုက်ဖြစ်လာခဲ့ပေမဲ့ အကြောင်းအရာအသစ်ထပ်မပေါ်လာတော့ဘဲ မှင်ရည်ကယိုစီးကျနေကာ လော့ကျနေပေသည်။
[Hostက"အဆင့်မြင့်အမြှောက်စာဇာတ်ကောင်"အဖြစ်အဆင့်မြှင့်လိုက်တော့ ဇာတ်ကြောင်းကိုပြန်လည်ပြင်ဆင်ပြီးသွားပါပြီ။]
စနစ်ကရှင်းပြသည်။
[ဒါပေမဲ့ တကယ်လို့ Hostကဖြစ်နိုင်သမျှမြန်မြန်လေးအဆင့်မြှင့်ချင်တယ်ဆိုရင် ရရှိလာမယ့်ပွိုင့်က ဇာတ်ကြောင်းကိုပြောင်းလဲဖို့မဟုတ်ဘဲ ဝတ္ထုထဲကအရေးပါတဲ့ဇာတ်ကြောင်းတွေမှာ တတ်နိုင်သမျှများများပါဝင်ဖို့ဖြစ်သွားမှာပါ။]
Advertisement
ဒါကနားလည်ဖို့လွယ်သည်။
ရှုလင်ကျားကမြင့်မားသောဖွဲ့စည်းပုံနှင့်ကျော်ကြားသောဓားတစ်လက်ကိုရလိုက်သကဲ့သို့ပင်၊ သူ၏အဆင့်မှာများပြားစွာတိုးတက်မြင့်မားလာမည်ဖြစ်ပြီး ဝတ္ထုထဲရှိဇာတ်ကောင်တွင်ကောင်းကျိုးများများရှိလေလေ၊ မင်းပါဝင်ရမည့်ဇာတ်ကြောင်းဟာပို၍စိတ်လှုပ်ရှားစရာကောင်းလေလေပင်။ မင်းပတ်ပတ်လည်တွင်နောက်လိုက်များပေါများလာလိမ့်မည်။ မင်းမှာပိုပြီးရှိလေလေ၊ မင်းရဲ့အဆင့်အတန်းကပိုအရေးကြီးလေလေပင်။
စနစ်ကပြောသည်။
[ဥပမာပြောရရင် နောက်လာမဲ့ဓားစမ်းသပ်ရေးညီလာခံကလည်း ဝတ္ထုထဲကအရေးပါဆုံးဇာတ်ကြောင်းတွေထဲကတစ်ခုဖြစ်တယ်။]
ဓားစမ်းသပ်ရေးညီလာခံကား နှစ်ပေါင်း၂၀တိုင်းတွင်တစ်ကြိမ်ကျင်းပလေ့ရှိ၏။ ဂိုဏ်းတစ်ဂိုဏ်းချင်းစီတွင်ပါဝင်၍ရသောလူအရေအတွက်အကန့်အသတ်ရှိသည်။ ညီလာခံတွင်ထိပ်ဆုံးဆုရသည်နှင့် ရလာမည့်ဂုဏ်သတင်းကျော်ကြားမှုနှင့်ဆုလာဘ်များမှာ အင်မတန်ကြီးမြတ်လှသည်ပင်။
မူရင်းဝတ္ထုစာအုပ်ထဲတွင် အဓိကဇာတ်ဆောင်ကဂိုဏ်းထဲမှလျှောက်ထွက်လာပြီး လောကကြီးတစ်ခွင်လုံးတွင်ထင်ရှားကျော်စောလာသည်မှာ ဤညီလာခံအပြီးတွင်ဖြစ်၏။
ချီဇုန်၏ဓားရေးပါရမီရှင်တစ်ယောက်အနေဖြင့် စနစ်မပြောရင်တောင် ရှုလင်ကျားကညီလာခံကိုတက်ရန်ဆုံးဖြတ်ထားပြီးသားပင်။
သို့ပေမဲ့ ဒီကြားထဲတွင်ကိစ္စတော်တော်များများဖြစ်ပျက်သွားခဲ့ပြီး သူ့စိတ်ဝိညာဥ်သွေးကြောများလည်းပျက်စီးသွားခဲ့ရကာ သူလည်းပဲချီဇုန်မှထွက်သွားလိမ့်မည်ဟု မည်သူတွေးမိအံ့နည်း။
ဓားစမ်းသပ်ရေးညီလာခံအတွက်ဖိတ်ကြားချက်များကား အဖိုးထိုက်တန်ပြီးကန့်သတ်ချက်ရှိသည်ဖြစ်ရာ ယခုတွင်သူကချီဇုန်၏နံဘေးရှိထိုင်ခုံကိုမပိုင်ဆိုင်တော့သဖြင့် သူတခြားနည်းလမ်းရှာရလိမ့်မည်ပင်။
စနစ်ကစိတ်အားထက်သန်စွာတိုက်တွန်းလာ၏။
[ဟူအောင့်ထျန်းရဲ့လမ်းစဥ်ကိုပြောရရင် Hostဒီပြဿနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။]
ဤစကားလုံးကို၎င်းပြောသည်အားရှုလင်ကျားကြားမိတာအတော်ကြာပြီဖြစ်ပြီး ယခုအခိုက်အတန့်တွင် သူကူကယ်ရာမဲ့စွာမေးလိုက်မိသည်။
"နေအုံး၊ ဟူအောင့်ထျန်းက..ဘာကြီးလဲ။"
[ဟူအောင့်ထျန်းတဖြစ်လဲ အောင့်ထျန်းမြေခွေးက မြေခွေးတွေအားလုံးကိုအမိန့်ပေးခိုင်းစေနိုင်တဲ့ မြေခွေးမျိုးကောင်းမျိုးသန့်ပဲ။]
[ဒီမြေခွေးတွေကအကောင်သေးပြီး မတူညီတဲ့အမွှေးအရောင်တွေရှိတယ်။ ဒါပေမဲ့ သူတို့မှာ အရမ်းကိုကြီးမြတ်တဲ့အကြည့်တွေ၊ အံ့သြစရာကောင်းတဲ့ပင်ကိုယ်စွမ်းရည်တွေ၊ ရှုပ်ထွေးတဲ့နောက်ခံအသိုင်းအဝိုင်းတွေနဲ့ ညှို့အားပြင်းပြီးတော့ အသည်းယားစရာကောင်းတယ်။ ပြီးတော့ ချစ်ဖို့...]
ရှုလင်ကျား: "ဟင်?"
စနစ်: [...ပြီးတော့ ခွန်အားကြီးတယ်။ ဟူအောင့်ထျန်းဖြစ်လာတာက စာရေးသူမျက်နှာသာပေးတာခံရပြီး ထူးကဲတဲ့ဇာတ်ကြောင်းတွေရရှိပြီး မြေခွေးဘဝရဲ့ထိပ်ဆုံးကိုရောက်ရှိနိုင်တယ်!]
ဤရှုပ်ထွေးသောဖော်ပြချက်များထံမှသဲလွန်စတစ်ချို့ကို ရှုလင်ကျားဖမ်းဆုပ်မိလိုက်ပြီး ထိုအကြောင်းတွေးကာ မေးလိုက်သည်။
"ဒါဆို မင်းပြောတဲ့ဟူအောင့်ထျန်းက ဝတ္ထုထဲကအဓိကဇာတ်ဆောင်အဆင့်အတန်းမဟုတ်လား။ တကယ်လို့ ငါကအဲ့လိုအရာမျိုးဖြစ်လာခဲ့ရင် ကျန်းရွေ့ကရောဘယ်လိုလဲ။"
[Hostရဲ့မူရင်းဖွဲ့စည်းပုံအရဆိုရင် အဓိကဇာတ်ဆောင်ရာထူးကိုပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ ကျန်းရွေ့ရဲ့ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် အဓိကဇာတ်ဆောင်ရာထူးကိုလုယူသွားပြီး ဇာတ်ကြောင်းရဲ့လမ်းကြောင်းကိုပျက်စီးသွားစေတာကြောင့် Hostရဲ့အဆင့်အတန်းကိုလျော့ပါးပျောက်ဆုံးသွားစေတာရယ်။ ဒီစနစ်ကအကုန်ပြန်ပြင်ပေးမှာပါ။]
ရှူလင်ကျားနားလည်သွားသည်။
ပြောရရင် အကြောင်းပြချက်တချို့ကြောင့် သူပိုင်တဲ့ကံကောင်းမှုဟာ ကျန်းရွေ့ထံရောက်သွားပြီး နှစ်ယောက်သားကတူညီသောလမ်းစဥ်ကိုယူထားသဖြင့် ၎င်းလမ်းကြောင်းမှာတိုက်မိသွားတော့သည်။
....သူသာပြန်ပြီးအဆင်မြှင့်လိုက်ရင် ကျန်းရွေ့တစ်ယောက်အဆင့်ကျသွားပေလိမ့်မည်။
ဒါပေမဲ့ ကျန်းရွေ့ကသူ့ပန်းတိုင်ဘယ်တော့မှမဟုတ်။ သူ့လမ်းကိုလာမပိတ်သရွေ့ ၎င်းကရှုလင်ကျားအတွက်တော့ အရေးမပါသောလူတစ်ယောက်သာ။
သူတစ်ခဏမျှစဥ်းစားချင့်ချိန်ပြီးနောက် သူ့တွင်ရည်မှန်းချက်ပန်းတိုင်ရှိလာသည်။
---ချင်းချိုး၏အမြှီးကိုးချောင်းမြေခွေးဖြူမျိုးနွယ်စု။
ဓားစမ်းသပ်ရေးညီလာခံ၏ရည်ရွယ်ချက်ကား လူငယ်မျိုးဆက်များကိုဖိတ်ကြား၍ အပြန်အလှန်ဆက်သွယ်လေ့လာသင်ယူစေကာ ကမ္ဘာပေါ်ရှိကြယ်ပွင့်များကိုစုဆောင်းရန်ဖြစ်၏။ သူတို့သည် ဓားရေးဂိုဏ်းမှဘုန်းတော်ကြီးများကိုဖိတ်ကြားရုံတင်သာမက၊ ကမ္ဘာတစ်ဝှမ်းရှိဓားသုံးသောလူတိုင်းကိုပါဖိတ်ကြားခြင်းပင်။
မြေခွေးဖြူမျိုးနွယ်စုမှာ အမျိုးမျိုးသောပုံရိပ်ယောင်များကိုသာကျင့်ကြံ၍ လက်နက်သုံးသောသူသိပ်အများကြီးမရှိ။
လင်ရှောင်းဂိုဏ်းကဲ့သို့သောဓားရေးဂိုဏ်းများအတွက်၊ သူတို့စဥ်းစားဖို့လိုသည်က ဖိတ်ကြားမှုတွေကိုဘယ်လိုပိုင်းခွဲရမလဲဆိုတာဖြစ်သည်။ သို့သော် ချင်းချိုးအတွက်မူ မည်သူမျှမတက်ရောက်နိုင်မည်ကို စိုးရိမ်ပူပန်နေလောက်သည်။
ရှုလင်ကျားကသူတို့အကြီးအကဲများနှင့်ကောင်းမွန်သောဆက်ဆံရေးရှိခဲ့ဖူးသဖြင့် သူဖိတ်ကြားမှုကိုလဲလှယ်နိုင်မလားဆိုတာကိုသွားကြည့်ရန် အပေးအယူလုပ်ဖို့ထိုနေရာကိုသွားဖို့ဆုံးဖြတ်လိုက်သည်။
သူသည်ချင်းချိုးမှမဟုတ်သော်လည်း ကမ္ဘာပေါ်ရှိမြေခွေးများဟာလည်းဆက်နွယ်နေပေ၏။
ရှုလင်ကျားစိတ်ပြင်ဆင်ပြီး ချိပ်စည်းတစ်ခုဖော်လိုက်ရာ ခွန်အားကြီးသောဓားရှည်ကလေထဲတွင်လွင့်မျောလာသည်။ သူဓားပေါ်ခုန်တက်ဖို့ပြင်လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်အားအင်ကုန်ခမ်းသွားသကဲ့သို့ရုတ်ခြည်းခံစားလိုက်ရကာ သူ့ခြေဖဝါးများမှာအောက်ခြေလွတ်သွားတော့သည်။
-----ခုနကသူကံကောင်းမှုတန်ဖိုးများထပ်ပေါင်းထည့်ခဲ့သော်လည်း၊ သွမ့်ဟောင်ရန်နှင့်တိုက်ပွဲကား အရမ်းကိုပင်ပန်းလှသည်။ ဤအခိုက်အတန့်တွင် ရှုလင်ကျားတစ်ယောက်ဓားကိုသုံးချင်ပေမဲ့ မြေခွေးအသွင်သို့ထပ်မံပြောင်းလဲသွားရပြန်သည်။
သူ့လက်ဖဝါးသေးသေးလေးနှစ်ဖက်ကိုအလျင်စလိုဆန့်လိုက်ပြီး ဓားကိုယ်ထည်ကိုဆုပ်ကိုင်လိုက်သဖြင့် သူ့ခန္ဓာကိုယ်ကလေထဲတွင်တန်းလန်းဖြစ်နေကာ သူ့အမြီးထိပ်ပင်အင်တိုက်အားတိုက်ထောင်မတ်လျက်ရှိသည်။
ခွန်အားကြီးသောဓားကိုယ်ထည်ကားတုန်ရီသွားရပြီး ရယ်သံနှင့်အတူတုန်ခါလျက်ရှိကာ မြေကြီးပေါ်သို့ရှုလင်ကျားတက်နင်းတာခံလိုက်ရသည်။
သူသည်အလွန်စိတ်ပျက်စွာဖြင့်ထိုနေရာတွင်တစ်အောင့်မျှရပ်နေမိကာ ဓားကိုဖယ်ထုတ်လိုက်ပြီး သူ့အမွှေးတွေကိုခါကာ သူ့လက်ဖဝါးလေးကိုမြှောက်၍သူ့နားကိုထိလိုက်ပြီး
"ဘာလဲ။"ဟုမေးလိုက်သည်။
စနစ်ကဆိုသည်။
[ပန်းရောင်ဖဲပြား]
ရှုလင်ကျားသည်ဖဲပြားကိုတစ်ခါမျှမမြင်ဖူးပေမဲ့ "ပန်းရောင်"နှင့်"လိပ်ပြာ"ကဘာမှန်းသိသည်။
သူ့ပုံစံကိုတစ်ချက်ကြည့်ရန်မြစ်ဆီကိုအလျင်စလိုပြေးသွားလိုက်ရာ ငြိမ်သက်သောရေကန်ထဲတွင်ပုံရိပ်ထင်နေသောမြေခွေးဖြူလေးတစ်ကောင်ကို မြင်လိုက်ရသည်။ မြေခွေးလေး၏မျက်လုံးနက်နက်များမှာ ဝိုင်းစက်နေပြီး ပန်းရောင်ဖဲပြားမှာ သူ့ညာဖက်နားရွက်တွင်ဘေးတစ်စောင်းချည်ထားသည်။ ကြိုးလေးများကလေထဲတွင်တဖျတ်ဖျတ်ခါနေလျက်ရှိသည်။
ရှုလင်ကျား: "..."
ရှုလင်ကျား၏အမွှေးများမှာ ခေါင်းထိပ်မှအမြှီးထိပ်ဖျားအထိတစ်ချောင်းချင်းတစ်ချောင်းချင်းထောင်လာပေတော့သည်။
သူသေလိုက်တော့မယ်။
__________________________________________________
မူရင်းစာရေးသူမှာပြောစရာရှိတယ်:
*လီပိုင်ရဲ့"ကွဲကွာနေသောအချိန်ပေါင်းများစွာ"
---------------------ပြဇာတ်ငယ်လေး-------------------
မြေခွေးဖြူလေးတစ်ကောင်နှင့်မြေခွေးနီလေးတစ်ကောင်မှာ စကားပြောရန်ခေါင်းချင်းဆိုင်နေကြသည်။ ၎င်းတို့မှာ မိမိကိုယ်ကိုယုံကြည်မှုရှိလွန်းသောမြေခွေးအကြီးအကဲနှင့် မြေခွေးအောင့်ထျန်းပင်ဖြစ်၏။
လီယွီကဆိုသည်။
"လုပ်ပါ ကျားတိရ။ အတိုက်အခိုက်သမားကောင်းတစ်ယောက်ဘယ်လိုဖြစ်ရမလဲဆိုတာကို ငါမင်းကိုပြောပြမယ်။ ပထမဆုံးအနေနဲ့ တစ်ယောက်ယောက်ကမင်းရဲ့နားရွက်တွေကိုထိလာပြီး ချစ်ဖို့ကောင်းလိုက်တာဆိုပြီးချီးကျူးလာရင် မင်းဘာလုပ်မှာလဲ။"
မြေခွေးဖြူကဓားကိုမြှောက်လိုက်ကာ-
"သူ့ကိုဖြတ်ပစ်လိုက်!"
လီယွီကပြောသည်။
"...မေ့လိုက်တော့။ ငါတို့ရဲ့ယူဆချက်တွေကမကိုက်ညီဘူးပဲ။ အတွေ့အကြုံတွေကိုလေ့လာသင်ယူဖို့ မင်း အားလင်းဆီသွားသင့်တယ်ရော်။"
____________________________________________________
ဒါလေးကupdateနည်းနည်းကျဲမယ်ရော်။ ဒီတစ်လ၊နှစ်လတော့ တစ်ပတ်နှစ်ပိုင်း၊ သုံးပိုင်းလောက်ပဲရှိမယ်။
__________________________________
!zawgyi!
...........................................................................
"ဟုတ်ကဲ့၊ အရှင်။"
Advertisement
- In Serial92 Chapters
21st Century Archmage
While on a school field trip in the Czech Republic, Kang Hyuk happens to stumble into a shop called “Archmage.” To his disbelief, the shop is actually owned by an archmage… from another world! Forced to become the Archmage’s disciple, Kang Hyuk is punted into the Kallian Continent, where might and magic overwhelm and wyverns fly high in the sky…
8 157 - In Serial11 Chapters
The War of Cinders - (Broken World)
"This world is as much the end of us, as it is the beginning of something completely new." - Unkown "My dear colleagues, esteemed thaumaturges and students, for over three thousand years we have endured the superstition of religious men, praying to so called gods, and calling us heretics. But today I am proud to tell you no more, because I will prove to all of you that these gods are nothing more than men with too much power!" This opening to a speech of the powerful Magi Suralzar was chiselled into the front gates of the greatest Thaumaturgical University of its time, for they have led to the most horrible and devastating catastrophe in human history.Now almost one-hundred years later the remnants of this world are thrown into another calamity, as the Sibalien Empire, led by Emperor Angus Bloomest the Third, seeks to subjugate each and every other nation for their almighty god. Follow a myriad of distinct individuals: A genderfluid Magi having lost their ambition, a steadfast Palladin who has only corruption on her mind, a lesbian Acolyte with more than a handfull of dirty secrets, a morally questionable Smith teaching a Golem? about life, a speach impaired assassin with out memory, . . .Each one of them has their own desires and motives, as they try to survive in these troubling times. They may have no knowledge of each other but their fates are about to intertwine in an epic world spanning adventure of love, hate, magic and the occasional murder.
8 71 - In Serial14 Chapters
Star Gazer
When the mist rolls in, most would either head inside, or brave it's perils via familiar terrain. But what if that mist holds secrets beyond which most could comprehend, let alone traverse? Mia, unequipped as she was, found herself in that very situation, but as danger approached, another came in time to save the girl from the unknown. Luke was a victim of the mist just as she was, and the pair had now begun a journey in a world home to only one of them from which a destiny was soon to be forged. ~~~~~ Star Gazer is high fantasy adventure set in a massive world within which our maturing duo of protagonists will be challenged to uncover truths few are aware are hidden at all. Elements of LitRPG are scattered within and function more as elements of certain character's abilities to read others, rather than a progression system by which our heroes will rely on. Updates will begin daily during premier week, but will slow down to 3 times weekly until further notice. Thank you for any and all support!
8 131 - In Serial35 Chapters
Hell's Gate
As an adopted girl from Japan, Celeste remembered vivid details of connecting with the spirit world that existed beyond our own. After years of therapy, she convinced herself that it was simply the product of a young girl's imagination. That is, until her life slowly shatters around her. Her family has kept something so shocking from her that it not only could destroy her life, but the worlds. With allies by her side and enemies at her heels, Celeste must fight her way through the secrets and lies that pave the roads of the world’s future.
8 243 - In Serial103 Chapters
She-Wolf
Selene Vulpes, the new girl at Beacon Hills High School. She didn't come alone to the school, she came with secrets. Many of them. She doesn't only have secrets, she knows some too. In a world where werewolves are a thing, will she be able to keep them all? Or will they get discovered one by one? And by who?
8 149 - In Serial46 Chapters
kill my mind - m. atsumu
𝐚𝐧𝐝 𝐢 𝐝𝐨𝐧'𝐭 𝐤𝐧𝐨𝐰 𝐰𝐡𝐚𝐭 𝐢'𝐝 𝐝𝐨 𝐰𝐢𝐭𝐡𝐨𝐮𝐭 𝐲𝐨𝐮 𝐧𝐨𝐰 ↳ in which something fake turns real
8 131