《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၈]လေတစ်ချက်အဝှေ့|ေလတစ္ခ်က္အေဝွ႕
Advertisement
........................................................................
ဤသူဖုန်းစားအိုကြီးဟာ သွမ့်ဟောင်ရန်၏အယောင်ဆောင်ပုံစံဖြစ်နိုင်သည်။ သို့သော် သူတစ်ခုခုကိုသေချာပေါက်သိနေသည်။
တစ်ဖက်လူကသတင်းပေးသွားပြီဆိုမှတော့ သူဖိတ်ကြားခံရသည်ကိုစိတ်မရှိပေ။
နေကျသွားသော် သူတစ္ဆေခြောက်စံအိမ်ကြီးကို တစ်ဖန်ပြန်လာခဲ့သည်။
ရှောင်ကျန်းသည်ရင်းနျဥ်အားအဝေးသို့ယာယီပို့ထားလိုက်ပြီး သူမကိုယ်၌ကတော့ခေါက်ဆွဲဆိုင်တွင်ကူညီပေးနေသဖြင့် သူမအိမ်ပြန်မလာပေ။ ဤအခိုက်အတန့်တွင် စံအိမ်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး ယင်စွမ်းအားတို့လွှမ်းခြုံနေပေသည်။ ဤကား တစ္ဆေခြောက်သောစံအိမ်ကြီးအစစ်အမှန်ဖြစ်၏။
ရှုလင်ကျားနံရံမှခုန်ကျော်မသွားတော့ဘဲ ဂိတ်တံခါးဝဆီတည့်တည့်မတ်မတ်လျှောက်သွားကာ သားရေဖြင့်လုပ်ထားသောအရုပ်ကိုပစ်လိုက်ရာ "ဖောက်"ခနဲမြည်သံကိုသာကြားလိုက်ရပြီး သားရေ၏အပိုင်းအစငယ်လေးမှာ တံခါး၏အလည်ဗဟိုထံထိုးစိုက်သွားချေသည်။
ရှုလင်ကျားမျက်ခုံးပင့်ကာ ရွတ်ဖတ်လိုက်သည်။
"စိတ်အစွဲက တစ္ဆေဂိတ်တံခါးဝမှတဆင့်ဖြတ်သွားပြီး သေဆုံးသွားခဲ့သောရုပ်ကြွင်းများက ယင်နှင့်ယန်ကိုခွဲခြားထားသည်။ တစ်ခုတည်းသောမှန်မှော်တံခါးပွင့်လာပြီး မှောင်မိုက်သောမီးအိမ်က ငိုကြွေးမြည်တမ်းပေလိမ့်မည်။"
သူ့စကားလုံးများနောက်မှလိုက်၍ တံခါးနှစ်ချပ်ကျွီခနဲပွင့်သွားကာ အစေခံအမျိုးသမီးတစ်ဦးအတွင်းမှထွက်လာပြီး အပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။
"သခင်ပြန်လာပြီပဲ။ သခင်မနဲ့သခင်လေးက ညစာစားဖို့သခင့်ကိုစောင့်နေကြတယ်ရှင့်။"
ရှုလင်ကျားအနောက်မှအသံတစ်သံထွက်လာသည်။
"အင်း၊ အထဲဝင်ကြတာပေါ့။"
သူလှည့်ကြည့်လိုက်ရာ အမျိုးသမီးအစေခံကသူ့ကိုမြင်နိုင်ခြင်းမရှိဘဲ သူ့အနောက်တွင်ရှိသောယောက်ျားကိုပြောနေခြင်းပင်။
ထိုယောက်ျားကား ချောမောခန့်ညားပြီး မျက်နှာပေါ်တွင်အပြုံးတစ်ပွင့်ရှိနေကာ သူ့မျက်နှာကိုအတော်လေးရင်းနှီးကျွမ်းဝင်လှသည်။ သူရှင်းဇုန်ကိုအလုပ်ကိစ္စနှင့်မကြာခဏသွားလေ့ရှိချိန်တွင် ၎င်းကိုအကြိမ်အနည်းငယ်မျှမြင်ဖူးသည်ကို ရှုလင်ကျားမှတ်မိသွားရပြီး ၎င်းမှာသွမ့်ဟောင်ရန်ဖြစ်ပေ၏။
ထိုနှစ်ယောက်အနောက်ကိုသူလိုက်ဝင်သွားလိုက်ပြီး သူရှာနေသောဓားမှာနံရံပေါ်တွင်ချိတ်ဆွဲထားသည်ကို သူတစ်ချက်ကြည့်ရုံဖြင့်မြင်လိုက်ရကာ ဓားကား အရှည်၃ပေ နှင့် လက်တစ်ချောင်းစာအကျယ်ရှိသည်။
ရှုလင်ကျားအကြိမ်အနည်းငယ်စိုက်ကြည့်မိသည်။
သွမ့်ဟောင်ရန်၏ဇနီးဖြစ်သောနတ်သမီးဝမ်ယန်နှင့် ၅နှစ်၊ ၆နှစ်အရွယ်ကလေးလေးတစ်ယောက်သည် အငွေ့တထောင်းထောင်းထနေသောစားစရာများအပြည့်နှင့် စားပွဲရှေ့တွင်ထိုင်နေကြကာ သူ့ပြန်အလာကိုစောင့်နေကြ၏။
ကလေးလေး၏မျက်ခုံး၊ မျက်လုံးများမှာ သူ့အမေနှင့်တူပြီး သူ၏ရုပ်ရည်သွင်ပြင်မှာအလွန်နူးညံ့လှသည်။ ကံအကြောင်းမလှစွာဖြင့် သူ၏မျက်လုံးများမှာထိုင်းမှိုင်းနေပြီး သူ၏မျက်နှာထားမှာထုံထိုင်းလှကာ ၎င်းဟာမူမမှန်ကြောင်း အကြည့်တစ်ချက်တည်းဖြင့်သိသာလှသည်။
အစေခံအမျိုးသမီးဟာခပ်မြန်မြန်ပြန်ဆုတ်သွားပြီး သူမယောက်ျားပြန်လာတာကိုမြင်လိုက်ရသော် နတ်သမီးဝမ်ယန်ကအပြုံးတစ်ပွင့်ဖြင့်ထရပ်လာပြီး စွပ်ပြုတ်တစ်ပန်းကန်ထည့်ပေးကာ ဒေါသတကြီးဆိုသည်။
"ရှင်ပြန်လာတဲ့အချိန်ကိုလဲကြည့်အုံး။ စားစရာတွေအေးကုန်တော့မယ်။"
သွမ့်ဟောင်ရန်ကပြုံးကာပြောသည်။
"ကိုယ်နောက်ကျမှပြန်လာလို့ မင်းကကိုယ့်ကိုအပြစ်တင်တယ်ပေါ့။ ဒါပေမဲ့ မင်းကိုယ့်ကိုခဏနေရင်ချီးကျူးရတော့မှာပါ။ ဒါဘာလဲကြည့်လိုက်အုံး။"
သူသည်ကျောက်စိမ်းပုလင်းတစ်ပုလင်းထုတ်ကာ စားပွဲပေါ်တင်လိုက်၏။ ဝမ်ယန်ဖွင့်ကြည့်လိုက်ရာ အထဲတွင်ဆေးလုံး၁၀လုံးကိုမြင်လိုက်ရသည်။ ဟသ်ာပဒ်ါးဆေးလုံးတွေပင်။
သူမအံ့သြပျော်ရွှင်သွားရသည်။
"ဒီဆေးကအဆင်သင့်ဖြစ်နေပြီပေါ့လေ?"
သွမ့်ဟောင်ရန်ကဆိုသည်။
"မင်းယောက်ျားရဲ့အစွမ်းအစကို မင်းဘာလို့မယုံကြည်ရတာတုန်း။ ကိုယ်တို့သားကနေ့တိုင်းနေပိုကောင်းလာတော့မှာ။ နောက်နှစ်ကျရင် ကိုယ်တို့ကိုအဖေနဲ့အမေလို့ ခေါ်လို့ရရင်ရတော့မှာကွ။"
နတ်သမီးဝမ်ယန်မှာအလွန်ပျော်ရွှင်မိသဖြင့် သူမခင်ပွန်း၏လက်မောင်းအတွင်းသို့ မိန်းမငယ်လေးတစ်ယောက်ပမာ ခုန်ဝင်လိုက်မိပြီး သူ့ခါးကိုဖက်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ရှစ်ရှုန်း၊ ဒါအစ်ကို့အတွက်ခက်ခဲခဲ့မှာပဲ။"
အခန်းကားအစားအသောက်ရနံ့နှင့်ရယ်သံတို့ဖြင့်ပြည့်နှက်နေကာ မိသားစုသုံးယောက်မှာပျော်ရွှင်နေကြသည်။
ပင်မအခန်း၏အပြင်ဖက်တွင် ယောက်ျားလေးအစေခံတစ်ယောက်ကခြံဝင်းကိုသန့်ရှင်းရေးလုပ်နေပြီး အစေခံမိန်းကလေးနှစ်ယောက်မှာ လျှော်ရမည့်အဝတ်တွေကိုကိုင်ထားရင်း အတင်းတုပ်နေကြသည်။ လေပြေကား ပန်းပွင့်နှင့်သစ်ရွက်များနှင့်အတူဝေ့ခနဲတိုက်ခတ်သွားလျက် တရှဲရှဲမြည်သံများဖြစ်ပေါ်စေလေသည်။
အရာရာတိုင်းမှာအလွန့်အလွန်နွေးထွေးပျော်ရွှင်နေကြသည်မှာ သာမန်မိသားစုတစ်စုကဲ့သို့ပင်။
သို့ပေမဲ့ ဤပျော်ရွှင်မှုကား မှုန်ဝါးဝါးနှင့်အတုအယောင်ဖြစ်ပုံပင်။
အရာရာတိုင်းကတကယ်ပဲပျော်ရွှင်မှုနှင့်ထိုက်တန်ပါရဲ့လား။ လောကကြီးတွင် သာမန်လူတစ်ယောက်ဖြစ်ဖို့ ဘဝအတွက်အလုပ်ကြိုးစားဖို့ မကျေနပ်ချက်၊ နစ်နစ်မှုနှင့် ကူကယ်ရာမဲ့ခြင်းများစွာရှိနေလေကာ ထာဝရရှင်သန်သူမသေမျိုးအဖြစ်ရှိရခြင်းထက် တကယ်ရောပျော်ရွှင်ရရဲ့လား။
မဟုတ်ဘူး၊ တစ်ခုခုမှားနေတယ်။
ရှုလင်ကျားသည်ခြံဝင်းအလယ်သို့ဖြေးဖြေးချင်းပြန်ဆုတ်လာခဲ့ကာ စတင်ဖို့ပြင်လိုက်ချိန်တွင် တစ်ခုခုအဖြဲခံလိုက်ရသည့်အသံကိုကြားလိုက်ရ၏။
ဤအသံကား ညမိုက်တွင်ရှင်းလင်းပီသလျက်ရှိကာ
ထို့နောက် ၎င်းပတ်ပတ်လည်ရှိနေရာလပ်မှာတက်လိုက်ကျလိုက်ဖြစ်လာပြီး ဤနေရာကိုဆရာသခင်တစ်ယောက်ယောက်အတင်းအကြပ်ကျူးကျော်လာသည့်ပုံပင်။
ရှုလင်ကျားနံရံအနောက်ဖက်တွင်ပုန်းလိုက်ကာ သူ့ရှေ့ရှိမြင်ကွင်းတွင်အပေါက်တစ်ပေါက်မြင်လိုက်ရပြီး သွယ်လျသောလက်တစ်ဖက်ကထိုအပေါက်၏အစွန်းကိုကိုင်ထားသည်။
ထို့နောက်ချက်ချင်းပင်၊ ပန်းချီကားလိပ်လိုက်သကဲ့သို့ မြင်ကွင်းကားအတင်းအကြပ်အဖြဲခံလိုက်ရကာ ၎င်းနောက်ကွယ်ရှိနောက်ထပ်အနက်ရောင်နောက်ခံတစ်လွှာပေါ်လာပေသည်။
အဖြဲခံလိုက်ရသောနေရာကြားအလပ်မှ ဂုဏ်သိက္ခာရှိသောအပြုအမူနှင့်တစ်စုံတစ်ယောက်လျှောက်ထွက်လာသည်။ သူခါးမတ်လိုက်သော် လရောင်ကသူ့မျက်နှာပေါ်သို့ဖြာကျလာပေသည်။
ကျင်းဖေးထုန်ပါတကား။
----သူသည်လည်းသွမ့်ဟောင်ရန်အကြောင်းစုံစမ်းနေမှတော့ ဤနေရာကိုရှာတွေ့သည်မှာအံ့သြစရာမရှိ။ သို့ပေမဲ့ ပြောဖို့တော့ခက်သည်။
ရှုလင်ကျားမလှုပ်ရှားဘဲ ကျင်းဖေးထုန်အထဲဝင်လာတာကိုကြည့်နေလိုက်သည်။
သူ့ကိုကြည့်ရတာဘာမှမလုပ်ဘဲ လမင်းအောက်တွင် လမ်းလျှောက်ထွက်သည့်နှယ် အေးအေးဆေးဆေးစိမ်ပြေနပြေလျှောက်နေသည့်ပုံပေါ်ပေမဲ့ ကျင်းဖေးထုန်အရှေ့ကိုလျှောက်လှမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိမြင်ကွင်းအားလုံးမှာလျင်မြန်စွာပြောင်းပြန်ဇောက်ထိုးဖြစ်သွားရင်း ပြာအဖြစ်ပြောင်းသွားကာ လောကကြီးကဖျက်ဆီးခံလိုက်ရပြီး ထို့နောက်တစ်ဖန်ပြန်လည်ဖြစ်တည်လာကာ ဖုံးကွယ်ထားသည့် အကျည်းတန်သောမြင်ကွင်းဖြစ်ရပ်နောက်တစ်လွှာကို အဆုံးတွင်ဖော်ပြလာပေသည်။
မျက်နှာပြင်ပေါ်ကအရံအတားကိုချိုးဖျက်လိုက်ရင်း မြင်ကွင်းကဆောင်းရာသီဖြစ်လာသည်။
ရှုလင်ကျားသည်မူးဝေမှုကိုခဏတာခံစားလိုက်ရပြီး ထို့နောက် သူ့ရှေ့တွင်ရှိနေသောအလွန်အမင်းထိတ်လန့်ကြောက်ရွံ့စွာအော်ဟစ်နေသောအမျိုးသမီးတစ်ယောက်၏အသံကိုကြားလိုက်ရ၏။
"လူသတ်နေပါတယ်ရှင့်!"
သူကဓားတစ်လက်ကိုင်ထားလျက်သားဖြစ်နေသည်ကို ရှုလင်ကျားသိလိုက်ရပြီး အလင်းမှိန်မှိန်အောက်တွင် စကြ်ံလမ်းဆီသို့ဆင်းလာခဲ့သည်။
သူ့ရှေ့တွင်မူ အမျိုးသမီးတစ်ယောက်အလျင်စလိုပြေးနေလေသည်။
သူမသည်မတိုင်ခင်ကသွမ့်ဟောင်ရန်အားအပြုံးတစ်ပွင့်ဖြင့်နှုတ်ဆက်ခဲ့သောအစေခံအမျိုးသမီးဖြစ်ပေ၏။ သို့သော် ယခုမူသူမတွင်ဝေးဝေးပြေးဖို့အချိန်မရှိတော့ဘဲ ဓားတစ်ချက်ဝှေ့ယမ်းလိုက်သော် သူမခေါင်းကမြေပြင်ပေါ်သို့ရုတ်ခြည်းလိမ့်ကျသွားတော့သည်။
ဖြစ်စဥ်တစ်ခုလုံးကားတိုတောင်းပုံပေါ်ပေမဲ့ အိပ်မက်ဆိုးစင်စစ်ဖြစ်၏။ ဒါက ရှုလင်ကျားတစ်ယောက်ယောက်ကိုသတ်တာပထမဆုံးအကြိမ်မဟုတ်ပေမဲ့ မှော်စွမ်းအင်အသုံးမပြုနိုင်သည့်အပြစ်ကင်းသောလူတစ်ယောက်ကိုသတ်သည်မှာ ပထမဆုံးအကြိမ်ပင်။
သူ့ကိုယ်သူရပ်တန့်သွားတာကိုသူခံစားမိလိုက်ပြီး သူ၏အနည်းငယ်ယိမ်းယိုင်နေသောခန္ဓာကိုယ်အား ဓားရှည်ဖြင့်ထောက်ကန်ထားရင်း ပင့်သက်ရှိုက်လိုက်မိကာ ဓားပေါ်ကသွေးစက်တို့မှာတစ်စက်ပြီးတစ်စက်ကျနေပေသည်။
ကျင်းဖေးတုန်တစ်ယောက်သိပ်မဝေးသော စကြ်ံလမ်း၏နံဘေးတွင်ရပ်ရင်း မြင်ကွင်းအဖြစ်အပျက်ကိုပေါ့ပါးစွာကြည့်ရှုနေသည်ကို ရှုလင်ကျားမျက်လုံးထောင့်မှမြင်လိုက်ရသည်။
သူ့မျက်လုံးတွေကား သွေးအေးပြီး ဗလာနတ္ထိဖြစ်နေသည်မှာ စိတ်ခံစားချက်ကင်းမဲ့သောရုပ်ထုပမာ။
ဤတစ်ကြိမ်တွင် သူဟာသွမ့်ဟောင်ရန်၏အမြင်ကဖြစ်နေမှန်း ရှုလင်ကျားသဘောပေါက်သွားသည်။ သူသည် တစ်ဖက်လူ၏အသွေးနှင့်အသားကိုယူပြီး ဤနေရာကိုဝင်လာခဲ့သဖြင့် သူကားသွမ့်ဟောင်ရန်နှင့် တူညီသောနှလုံးသားအားဝေမျှခံစားရလိမ့်မည်ပင်။
ထို့အပြင် ကျင်းဖေးထုန်ကအရံအတားကိုသူ့ဘာသာသူချိုးဖောက်၍ အထဲကိုအတင်းအကြပ်ဖောက်ဝင်လာခဲ့သဖြင့် သူဟာသာမန်ကြည့်ရှုသူတစ်ယောက်သာဖြစ်သောကြောင့် ပုံရိပ်ယောင်ထဲမှလူတို့၏လှည့်စားခြင်းခံရလိမ့်မည်မဟုတ်။
သွမ့်ဟောင်ရန်သည်အစေခံအမျိုးသမီးကိုသတ်ပစ်လိုက်ရုံတင်မက နေရာတိုင်းတွင်လည်းရှာဖွေပြီး အိမ်ထဲရှိအစေခံများအားလုံးကိုသတ်ဖြတ်ခဲ့သဖြင့် သူ့ကိုယ်ပေါ်တွင်သွေးများစိုရွှဲနေပေသည်။
ပုရွက်ဆိတ်အနည်းငယ်ကိုသတ်ဖြတ်ရခြင်းကား သူ့အတွက်မခဲယဥ်း။ သို့သော် တစ်ဖက်လူ၏နှလုံးခုန်နှုန်းမှာ ရင်ဘတ်ထဲမှခုန်ထွက်တော့မည့်အလား အလွန်မြန်ဆန်နေသည်ကို ရှုလင်ကျားခံစားမိပြီး သူပင့်သက်ရှိုက်လိုက်မိပေသည်။
သွမ့်ဟောင်ရန်ဓားကိုင်လျက်သားဖြင့် လေသာဆောင်ဆီသို့ဖြေးဖြေးချင်းလျှောက်လာခဲ့သည်။ အခန်းထဲဝင်ဖို့တံခါးကိုတွန်းမဖွင့်လိုက်မီ နတ်သမီးဝမ်ယန်ကအခန်းထဲမှခပ်မြန်မြန်ထွက်လာပေသည်။ သူ့ပုံစံကိုမြင်လိုက်ရရင်း သူမမျက်လုံးများပြူးကျယ်သွားသည်။
"ရှင်--"
သွမ့်ဟောင်ရန်ကသူ့ဇနီးကိုပြောသည်။
"ငါအကုန်လုံးသတ်ပစ်လိုက်ပြီ။ မဟုတ်ရင် လင်ရှောင်းဂိုဏ်းကလူတွေငါတို့ကိုဖမ်းမိသွားလိမ့်မယ်။ငါတို့နေရာကို တစ်ယောက်ယောက်ပြောပြလိုက်တာဖြစ်လိမ့်မယ်။"
ဝမ်ယန်ကဆိုသည်။
"ဒါပေမဲ့ သူတို့တွေကအပြစ်မဲ့တဲ့သူတွေလေ! ရှင်သူတို့မှတ်ဉာဏ်တွေကိုဖျက်လိုက်လို့ရတာပဲကို!"
သွမ့်ဟောင်ရန်ကပြောသည်။
"ငါသူတို့မှတ်ဉာဏ်တွေကိုမှော်အစွမ်းရဲ့ဖျက်လိုက်လို့ရတယ်။ ဒါပေမဲ့ တခြားသူတွေကရောသူတို့ကိုမှတ်ဉာဏ်ပြန်သွင်းပေးလိုက်လို့မရနိုင်ဘူးလား။"
နတ်သမီးဝမ်ယန်၏အသံကတုန်ယင်သွားသည်။
"ဒါပေမဲ့..."
"တော်လောက်ပြီ!"
သွမ့်ဟောင်ရန်၏စိတ်ခံစားချက်မှာပြင်းထန်နေပြီး ရုတ်တရက်အော်ငေါက်လိုက်သည်။
"ငါနေ့တိုင်းစိုးရိမ်နေတာကိုမင်းသိတယ်။ လမ်းပေါ်မှာအကြိမ်အနည်းငယ်လောက်အကြည့်ခံရတာတောင် အချိန်အကြာကြီးထိတ်လန့်နေခဲ့ရတာကွ! ဒါပေမဲ့ ငါအပြင်ကိုပြေးထွက်ဖို့လိုနေတာက ဘာလို့လဲဆိုတော့ မင်းရဲ့သားအရူးကဆေးသောက်ဖို့လိုနေတာကြောင့်ပဲ! မင်းဘယ်လိုလုပ်ပြီးငါ့ကိုအပြစ်လာတင်ရတာလဲ!"
သူသည်ကုတင်ပေါ်တွင်ထိုင်နေသောကောင်လေးကိုလက်ညှိုးထိုးကာ ဒေါသတကြီးပြောဆိုတော့၏။
"သူ့အတွက်ကြောင့်မဟုတ်ရင် တစ်ယောက်ယောက်ကငါ့နောက်လိုက်လာနိုင်မှာလား။ ငါကအခုထွက်ပြေးရတာနဲ့ပဲအဆုံးသတ်တော့မယ်!"
သွမ့်ဟောင်မှာသိသိသာသာကိုတစ္ဆေဝင်ပူးခံနေရပြီး ဒေါသပုံချပြီးနောက် နတ်သမီးဝမ်ယန်ကစကားပြောရပ်လိုက်ကာ သူ့ကိုတိတ်တဆိတ်သာကြည့်နေပေသည်။
သွမ့်ဟောင်ရန်အသက်ရှုလိုက်ကာ အဝေးကိုကြည့်လိုက်ပြီး သူ့လက်တွေကိုစိတ်မရှည်စွာခါလိုက်သည်။
"ကောင်းပြီ။ အထုပ်ပြင်တော့။ ငါတို့မြန်မြန်ထွက်သွားကြမယ်။"
သူတို့ယူသွားရမည့်အရေးအကြီးဆုံးပစ္စည်းများမှာ မှော်လက်နက်များနှင့်ဆေးပစ္စည်းများသာ။ ဝမ်ယန်သည်တစ်ခဏမျှအထုပ်ပြင်နေပြီးနောက် သွမ့်ဟောင်ရန်ကိုရုတ်ခြည်းနောက်ကျောပေးကာ ပြောလိုက်သည်။
"တကယ်တော့ ရှင်ပြောချင်တာက ရှင့်မှာကျွန်မသာမရှိရင် ရှင်အခုချိန်ဒီလိုမျိုးဖြစ်နေမှာမဟုတ်ဘူးလို့လေ၊ ဟုတ်တယ်မလား။ တကယ်လို့ ရှင်သာကျွန်မနဲ့ တောက်ဓမ္မကျင့်ဖော်ကျင့်ဖက်မဖြစ်လာခဲ့ဘူးဆိုရင် ရှင့်လိုအကျော်အမော်မသေမျိုးအကြီးအကဲက အခုလိုအရှက်တကွဲရှောင်ပြေးနေရမှာမဟုတ်ဘူး။"
Advertisement
သွမ့်ဟောင်ရန်တန့်သွားကာ ပြောလိုက်သည်။
"အခုမှဒါတွေကိုပြောလို့အကျိုးရှိမလာဘူး။"
သူစကားလမ်းကြောင်းလွှဲသင့်ပေမဲ့ သူ့ဇနီး၏စကားများကိုသူမငြင်းပယ်ခဲ့ပေ။ ဝမ်ယန်၏မျက်လုံးထဲတွင်မျက်ရည်များရှိနေကာ မျက်တောင်ခတ်လိုက်ပြီးနောက် ပြောလိုက်သည်။
"ဟင့်အင်း၊ ကျွန်မပြောချင်တယ်၊ ရှင်နောင်တရနေတယ်ဆိုရင်လည်း ကျွန်မတို့ပြန်သွားကြတာပေါ့!"
သွမ့်ဟောင်ရန်ကဆိုသည်။
"ဘယ်ကိုလဲ။"
"ဂိုဏ်းကိုပြန်သွားမယ်!"
ဝမ်ယန်၏လေသံမှာတဖြည်းဖြည်းချင်းခိုင်မာလာပြီး သွမ့်ဟောင်ရန်၏လက်ကိုသူမဆွဲလိုက်သည်။
"ကျွန်မဆုံးဖြတ်ပြီးသွားပြီ၊ အတူပြန်သွားကြရအောင်ပါ၊ ကျွန်မတောင်းဆိုပါတယ်၊ ဂိုဏ်းချုပ်ကရှင့်ကိုအရင်လိုလေးစားနေတုန်းပဲလေ၊ သူအရမ်းမရက်စက်လောက်ပါဘူး။ ပြန်သွားပြီး ကျွန်မတို့အမှားတွေကိုဝန်ခံကြမယ်၊ အပြစ်ဒဏ်ခံလိုက်ကြတာပေါ့၊ ဒါက နေ့တိုင်းကြောက်လန့်နေရတာထက်စာရင် ပိုကောင်းပါတယ်!"
သွမ့်ဟောင်ရန်သူမကိုခါချကာ ပြောလိုက်သည်။
"မင်းရူးနေပြီပဲ! ငါသာပြန်သွားလိုက်ရင် အပေါ့ဆုံးအပြစ်ဒဏ်တောင်မှ ဖျက်သိမ်းခံလိုက်ရပြီး ငါ့တစ်ကိုယ်လုံးဖျက်ဆီးခံရမှာကွ။ လုံးဝမဖြစ်နိုင်ဘူး!"
နတ်သမီးဝမ်ယန်ကဆိုသည်။
"ဒါပေမဲ့ ရှင်ဒီလိုမျိုးပြေးနေအုံးမယ်ဆိုရင် ရှင့်နှလုံးသားထဲကအစိုင်အခဲကပိုပိုပြီးနက်သထက်နက်လာမှာ! ရှင်ကရှင်နဲ့မတူတော့ဘူး၊ ကျွန်မရှင့်ကိုမသိတော့သလိုပဲ!"
သွမ့်ဟောင်ရန်ခြေနှစ်လှမ်းဆုတ်လိုက်မိကာ အသံနက်ကြီးဖြင့်ပြောလိုက်သည်။
"ထပ်မပြောနဲ့တော့၊ သန့်ရှင်းရေးလုပ်ပြီးရင် ငါ့ကိုခေါ်လိုက်။ ပြီးတာနဲ့သွားကြမယ်။"
နတ်သမီးဝမ်ယန်ကအခိုင်အမာဆိုသည်။
"ကျွန်မအခုပဲဆုံးဖြတ်ပြီးသွားပြီ၊ ရှင်လက်ခံခံ မခံခံ ကျွန်မကတော့ပြန်သွားမှာပဲ၊ ဒါမှမဟုတ် ကျွန်မဘာသာကျွန်မပြန်သွားလိုက်မယ်။ ရှင့်ကိုဒီထက်ပိုပြီးဆွဲမချတော့ဘူး။ ရှင့်ဘေးမှာကျွန်မတို့မရှိရင် ရှင်တစ်ယောက်ထဲကိုသူတို့ရှာဖို့်မလွယ်ပါဘူး။"
သွမ့်ဟောင်ရန်ဘာမှမပြောတော့ဘဲ လှည့်ထွက်လာလိုက်ပြီး သူ့ကိုယ်ပိုင်စာကြည့်ခန်းဆီပြန်လာခဲ့သည်။
သူတံခါးမှဝင်လာလိုက်ပြီးနောက် သူ့လက်ကိုမြှောက်ကာ သူ့ရှေ့ရှိစားပွဲကိုမှောက်လိုက်ပြီး ထို့နောက်အခန်းထဲသို့ဒေါသတကြီးပြန်လျှောက်လာခဲ့သည်။
သွမ့်ဟောင်ရန်၏စိတ်အခြေအနေကို ရှုလင်ကျားအာရုံခံနိုင်၏: စိုးရိမ်ပူပန်မှုများ၊ စိတ်ရှုပ်ခြင်း၊ မချင့်မရဲဖြစ်ခြင်းနှင့် အကြောက်တရားများ...
ဝမ်ယန်၏စကားများကသွမ့်ဟောင်ရန်၏နှလုံးသားထံရိုက်ခတ်လာသည်။ သူလည်းဤကဲ့သို့ဘဝမျိုးကိုစိတ်ကုန်နေပြီဆိုပေမဲ့ သူပြန်သွားပြီးရင်မဆိုင်နိုင်ပေ။
ရှုလင်ကျား၏နှလုံးသားဖြေးညှင်းစွာနစ်မြုပ်သွားပြီး သူတစ်ခါမျှမတွေးခဲ့ဖူးသည့်ဖြစ်နိုင်ချေတစ်ခုကို ရုတ်ခြည်းတွေးမိသည်။
သွမ့်ဟောင်ရန်၏ဓားကတစ်ယောက်ယောက်ကိုမသတ်ခဲ့လောက်ပေ - သူ့အတွေးတို့ပြောင်းလဲသွားသည်နှင့် သူ့လက်ကထိန်းကွပ်မှုကင်းမဲ့စွာဆန့်ထွက်လာပြီး အပြာရောင်ဓားရှည်ကိုကိုင်လိုက်ရာ ချက်ချင်းအလျှင်းပင် သူကလူသတ်ချင်စိတ်အပြည့်ဖြစ်လာသည်။
သွမ့်ဟောင်ရန်ကဤကဲ့သို့ဓား၏ဝင်စီးခြင်းခံလိုက်ရကာ တံခါးအပြင်ဘက်ကိုတစ်လှမ်းပြီးတစ်လှမ်းလျှောက်လာပြီး သူ့နှလုံးသားထဲရှိရုန်းကန်ခြင်းနှင့် တုံ့ဆိုင်းမှုဟာ သူ၏ခြေလှမ်းနှင့်အတူရွေ့လျားနေပြီး တဖြည်းဖြည်းချင်းခိုင်မာလာချေသည်။
ရှုလင်ကျားသူ့နောက်ကိုအလိုအလျောက်လိုက်သွားမိပေမဲ့ သူ့နှလုံးသားထဲရှိသံသယမှာ ပို၍နက်ရှိုင်းလာပေသည်။
သူ့လက်ထဲကဓားရှည်၏စူးရှရှအော်သံကို သူကြားနိုင်သည်မှာ ဓားပေါ်တွင်ဒေါသပုံချဖို့ရန်ခက်ခဲသောနာကျည်းမှုများစွာရှိနေသည့်နှယ်။ ထို့ကြောင့် သူ၏ဆန့်ကျင်ခုခံမှုကို ဤနည်းလမ်းဖြင့်သာပြသနိုင်ပေသည်။
ဘယ်လိုလုပ်ပြီးတော့ ပုံရိပ်ယောင်ထဲကဓားမှာ ဒီလိုစစ်မှန်၊ လေးကန်တဲ့ဓားရှုရှိုက်သံရှိနေရတာလဲ။
ဒါကမမှန်ဘူး။
သွမ့်ဟောင်ရန်သည် သူဖုန်းစားယောင်ဆောင်ကာ ထိုအမှန်တစ်ဝက်စကားများကိုပြောပြီး ရှုလင်ကျားအား ဇာတ်လမ်းတစ်ပုဒ်လုံးသိစေပြီး ပုံရိပ်ယောင်ပြဖို့နေရာရှာခဲ့သည်။
ဒီတော့ သူဘာလို့များအများကြီးတွေးခဲ့မိတာလဲ။
ရှုလင်ကျားအတွေးအပြည့်ဖြင့်မျက်လုံးဝင့်လိုက်ရာ ကျင်းဖေးထုန်တစ်ယောက်သူ့ရှေ့တွင်မတ်တပ်ရပ်လျက် သူ့လက်တွေကိုအပေါ်အောက်ကိုင်ထားရင်း သူ့ရှေ့ကမြင်ကွင်းကိုတိတ်တိတ်လေးကြည့်နေသည်ကို ရုတ်တရက်မြင်လိုက်ရသည်။
စကြ်ံလမ်း၏ဘေးနှစ်ဖက်တွင် ပိတ်ကျဲများဖြင့်ဖုံးထားသောမီးအိမ်များရှိနေပြီး ခြေလှမ်းအနည်းငယ်တိုင်းတွင် မီးအိမ်တစ်ခုရှိနေသည်။ လေပြေကမီးအိမ်များကိုအသာအယာတိုက်ခတ်သွားပြီး အလင်းမှိန်မှိန်ဟာ ရေလှိုင်းများပမာ ဒွိဟဖြစ်နေသောမျက်နှာထားနှင့်သူ့မျက်နှာကို တုန်ခါသွားစေသည်။
သွမ့်ဟောင်ရန်၏ပုံရိပ်ယောင်က ကျင်းဖေးထုန်ကိုမမြင်နိုင်ဘဲ လက်ထဲတွင်ဓားကိုင်လျက်သားဖြင့် သူ့ကိုတည့်တည့်မတ်မတ်ဖြတ်လျှောက်သွားချေသည်။
တစ်ချိန်တည်းမှာဘဲ သွမ့်ဟောင်ရန်ဟာလည်း အိပ်ခန်းတံခါးကိုကြမ်းတမ်းစွာတွန်းဖွင့်လိုက်သည်။ နတ်သမီးဝမ်ယန်ကဝတ်ရုံပြောင်းဝတ်လိုက်ပြီး သူ့ကိုစောင့်နေပေသည်။ သူမကမျက်နှာချေလည်းပြန်ပြင်ဖို့ထားသဖြင့် မျက်ရည်တစ်စပင်မမြင်ရ။
သူတို့၏ကလေးဖြစ်သော သွမ့်စဲမှာ သူမဘေးတွင်ရပ်နေသည်။ သူကအလွန်ပိန်ကာ သူ့အဖေကိုဗလာသက်သက်ကြည့်နေပေသည်။
သွမ့်ဟောင်ရန်ဝင်လာတာကိုမြင်လိုက်ရရင်း နတ်သမီးဝမ်ယန်ကထရပ်ကာ မေးလိုက်သည်။
"ရှင်စိတ်ဆုံးဖြတ်ပြီးသွားပြီလား။ ပြန်သွားကြမယ်လေ။ ရှင်သွားမယ်ဆိုရင် အတူပြန်သွားကြတာပေါ့။"
သွမ့်ဟောင်ရန်၏အသံကအနည်းငယ်အက်ရှနေသည်။
"ငါကန့်ကွက်ရင်တောင် ငါမင်းကိုမတားနိုင်ဘူးလေ။ ဟုတ်တယ်မလား။"
ဝမ်ယန်ဖြေလိုက်သည်။
"အင်း"
"ဒါဆို..."
သွမ့်ဟောင်ရန်ကပြောသည်။
"သူ့မှာငါ့အသွေးအသားရှိတယ်လေ။ မင်းနဲ့ငါ့ကြားမှာတောက်ဓမ္မစာချုပ်ရှိတယ်။ တကယ်လို့ သူတို့ကငါ့ကိုရှာဖို့မင်းတို့ကိုအသုံးချလိုက်မယ်ဆိုရင် ငါဘယ်လိုလုပ်ရမလဲ။"
ဝမ်ယန်ကြောင်အသွားကာ ပြောမိသည်။
"ရှင်ဘာကိုဆိုလိုတာလဲ။"
သူတို့ပြောလို့မပြီးသေးခင်မှာဘဲ သွမ့်ဟောင်ရန်ဓားကိုမြဲမြံစွာဆုပ်ကိုင်လျက်မြှောက်လိုက်တာကို သူမမြင်လိုက်ရသည်။ သူမတွင်တုံ့ပြန်ဖို့အချိန်မရှိလိုက်မီ သွမ့်ဟောင်ရန်ကသွမ့်စဲ့၏ရင်ဘတ်ကို ဓားနှင့်ထိုးလိုက်ပေသည်။
ဓားကရင်ဘတ်ထဲကိုဖောက်ဝင်သွားပြီး သူတို့အကုန်ကျခံကာပျိုးထောင်လာခဲ့သောကလေးမှာ ချက်ချင်းအသတ်ခံလိုက်ရတော့သည်။
ဝမ်ယန့်၏မျက်လုံးများရုတ်ခြည်းပြူးကျယ်သွားရကာ သူမပါးစပ်တစ်ဝက်ဟလျက်သားဖြင့် သူမရှေ့တွင်ကလေးလဲကျသွားတာကို ကြည့်နေမိသည်။
အတော်ကြာပြီးနောက် သူမစူးရှစွာဖြင့်'အား'ဟုရုတ်ခြည်းအော်မိကာ အသံကစူးသထက်စူးလာကာ လူသားတစ်ယောက်၏အသံမဟုတ်သကဲ့သို့ပင်။
သွမ့်ဟောင်ရန်၏လက်တို့တုန်ယင်နေတာမရပ်တော့ဘဲ သူ့မျက်နှာမှာတစ္ဆေတစ်ကောင်ကဲ့သို့ဖြူစုပ်နေပေမဲ့ ဓားကိုတော့သေချာဆုပ်ကိုင်ထားကာ သွေးတွေကသူ့မျက်နှာပေါ်စင်လာပေသည်။
နတ်သမီးဝမ်ယန်မှာအရူးတစ်ယောက်ကဲ့သို့တဟုန်ထိုးပြေးသွားပြီး ကြမ်းပြင်ပေါ်ဒူးထောက်ချကာ သူမသား၏ရင်ဘတ်မှစိမ့်ထွက်နေသောသွေးများကို သူမလက်တွေနှင့်ပိတ်ဆို့ထားပြီး မန္တာန်အကုန်လုံးသုံးလိုက်ပေမဲ့ သွေးတွေကတော့တဖြည်းဖြည်းပျစ်ခဲလာပေသည်။
"ရှင်ဘာလုပ်တာလဲ!"
သူမသွေးရူးသွေးတန်းအော်လိုက်သည်။
"ရှင်ဘာလုပ်လိုက်တာလဲ!"
သွမ့်ဟောင်ရန်သည်ဓားကိုမြှောက်ကာ ဖြေးဖြေးချင်းအောက်ချလိုက်ပြီး ပြောလာ၏။
"ငါမင်းကိုမသတ်ဘူး။ မင်းနဲ့ငါ့ကြားကစာချုပ်ကိုပယ်ဖျက်လိုက်မယ်။ ပြီးရင် ငါတို့တွေကိုယ့်လမ်းကိုယ်သွားကြတာပေါ့။"
ဝမ်ယန်ကခေါင်းကိုချက်ချင်းမော့လာပြီး သူ့ကိုကြည့်သည်။ ဒီမတိုင်ခင်တုန်းက သူမ၏ပုံစံဟာအပြစ်ကင်းပြီး သိမ်မွေ့နူးညံ့နေခဲ့ပေမဲ့ ယခုတွင်မူ သူမ၏မျက်လုံးများမှာ အဆိပ်သုတ်ထားသော ထက်ရှသည့်ဓားသွားနှစ်ခုနှယ်၊ ၎င်းတို့ဟာ သွမ့်ဟောင်ရန်အပေါ်တွင်ရှင်သန်တော့မည့်အလား။ အခေါင်းပေါက်နှစ်ပေါက်မှကလော်ထွက်လာပုံမှာ အခုလေးတင်ငရဲမှတွားသွားတက်လာသောမိစ္ဆာဝိညာဥ်တစ်ကောင်ပမာ။
သွမ့်ဟောင်ရန်ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
နတ်သမီးဝမ်ယန်ကသွမ့်စဲ၏အလောင်းကိုကြမ်းပြင်ပေါ်ချထားလိုက်ပြီး သူမ၏ကိုယ်ပိုင်ဓားရှည်ကိုဆွဲထုတ်လာသည်။
နှစ်ယောက်သားသည်ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ညီအစ်ကိုမောင်နှမများဖြစ်ကြပေမဲ့ သွမ့်ဟောင်ရန်ကအလွန်စောစီးစွာဂိုဏ်းထဲစဝင်လာခဲ့ပြီး ဆယ်ကျော်သက်လူငယ်တစ်ယောက်အဖြစ် ကျော်ကြားခဲ့သည်။ ယှဥ်ပြောရလျှင် ဝမ်ယန်၏ကွန်ဖူးသိုင်းပညာမှာအလွန်သာမန်ဆန်ကာ သူမခင်ပွန်းအတွက်သင့်တော်သည့်ပြိုင်ဖက်မဟုတ်။ သူမဂရုမစိုက်ဘဲ စိတ်မနှံ့သကဲ့သို့တိုက်ခိုက်မိပေသည်။
သွမ့်ဟောင်ရန်ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ ခြံဝင်းထဲသို့လွှားခနဲခုန်သွားလိုက်သည်။
ဤအချိန်တွင် သူ၏အနေအထားမှာ ရှုလင်ကျားတစ်ယောက်ဓားရာကိုရှာတွေ့ခဲ့သည့်နေရာဖြစ်သော ထိုက်ဟုကျောက်တုံးကိုမျက်နှာချင်းဆိုင်လျက်သားပင်။
သူဟိန်းဟောက်လိုက်သည်။
"သူ့အသက်ကိုငါပေးခဲ့တာလေ။ ဒီတော့ ငါဘာလို့ပြန်မယူရမှာလဲ။ မင်းတို့သားအမိနှစ်ယောက်အတွက် ငါနှစ်ပေါင်းများစွာလုံလုံလောက်လောက်ပေးဆပ်ခဲ့ပြီးပြီမလား။ ငါ့ကိုထပ်ပြီးတွန်းအားမပေးနဲ့တော့!"
သူဓားမြှောက်လိုက်သည်။
"မင်းငါ့ကိုထပ်ပြီးတွန်းအားမပေးနဲ့တော့!"
____________________________________________________
တော်တော်ကြာသွားပြန်ပြီ။ စိတ်မပူပါနဲ့...အရှေ့ကပျက်သွားတဲ့၄ရက်အတွက် နောက်ရက်ကျရင်ပြန်တင်ပေးမှာပါ။ တစ်ရက်နှစ်ပိုင်းပေါ့...အဟမ်း..အဲ့ဒါထက်မေးစရာရှိလို့။
ကျင်းဖေးထုန်နဲ့ရှုလင်ကျားကြားကအသုံးအနှုန်းကိုပေါ့။ တရုတ်လိုကတော့ ရှစ်ရှုန်းနဲ့ရှစ်တိပဲဆိုပေမဲ့ မြန်မာမှုပြုလိုက်တဲ့ ဆရာတူအစ်ကို၊ ဆရာတူညီလေးဆိုတဲ့သဘောထွက်တယ်။ ဆိုပေမဲ့ ကျင်းကျင်းနဲ့ရှုရှုကဂိုဏ်းတူတယ်လို့ပြောလို့ရပေမဲ့ ဆရာကတော့မတူပါဘူး။ အဲ့ဒီ့တော့သူတို့နှစ်ယောက်ကြားကအသုံးအနှုန်းကို ဂိုဏ်းတူအစ်ကို၊ ဂိုဏ်းတူညီလေးလို့ပဲသုံးရမလား။ အစတုန်းကအတိုင်းပဲ ဆရာတူအစ်ကို၊ ဆရာတူညီလေးပဲသုံးရမလား။ ဒါမှမဟုတ်ရင် ရှစ်ရှုန်းနဲ့ရှစ်တိလို့ပဲသုံးလိုက်ရမလား။ အဲ့ဒါလေးမင်းတို့ဆီကအကြံလိုချင်လို့ရယ်။
_______________________________________________
!zawgyi!
"တစ်ဆေဖြတ်သန်းမှု၊ သေဆုံးသွားခဲ့သောရုပ်ကြွင်းများက ယင်နှင့်ယန်ကိုခွဲခြားထားကာ တစ်ခုတည်းသောမှန်မှော်တံခါးပွင့်လာပြီး မှောင်မိုက်သောမီးအိမ်က ငိုကြွေးမြည်တမ်းပေလိမ့်မည်။"
........................................................................
နေကျသွားသော် သူတစ်ဆေခြောက်စံအိမ်ကြီးကို တစ်ဖန်ပြန်လာခဲ့သည်။
"အင်း၊ အထဲဝင်ကြတာပေါ့။"
Advertisement
- In Serial97 Chapters
Saga of the Great Wolf
In the Dragon Seal Universe, humans worship the Celestial Court of the Dragon Gods. As per the edicts of the Celestial Court, humans Cultivate the Dao to seek strength and rise above their common roots. If they rise to one day serve the Dragon Gods directly, they have the chance to be initiated into the Greater Secrets of the Daos, which can allow them to live for millions of years. Coalescence, the Path to Transcendence, is considered a Heretical Art of the Demonic War Masters, whose evil empire was said to have been overthrown hundreds of millennia in the past by the Celestial Court. Wolves, a species that are said to have once served the War Masters, are listed by the Temple of the Celestial Court as one of the most corrupt of Demonic Beasts. They are killed on sight. Surrounded by the Demonic Wildlands and protected by the ancient Watch Towers, a number of human nations and empires thrive atop the Great Plateau. Cultivators rule over the general populace and the Temple of the Celestial Court rules over the Cultivators. Anyone caught practicing Coalescence is sentenced to death by torture. I am half human and half Wolf. Since I am already under a death sentence for my Bloodline, there is nothing to stop me from setting out on the Path of Coalescence. As I promised my mother, I will grow strong. When I am strong enough, I will destroy the Dragons and Dragon Gods. I will set this world, once known as Sirius, free from their chains. Releases will be on Tuesdays & Fridays.
8 228 - In Serial151 Chapters
In-game Item Storekeeper
Theodoric Shang Yinchao (???), a Chinese student was transported into a world where there are no such thing as Daoism, Foism, Ruism and etc. Binded along with him was a shop system that sells only ingame items. The world he was transported was not the only world he would be opening shop.Shang: Hi, Batman, do you want to buy Ironman schematics? Bruce Wayne:.... Shang: Hi, Hanabishi, do you want to learn real ninjustu? Hanabishi Recca:.... Shang: Hi, Xiao Yan, do you want the True Fire of Samadhi? Xiao Yan:....
8 198 - In Serial16 Chapters
Fate of The Godwin
Billy, an average undergraduate student was killed on his way to his girlfriend's house. His soul was sent to the god of another world and he was forced to help the god to kill a demon or his soul will be obliterated. Didn't want to die meaninglessly, he accepted the offer. He was reborn in another world as Robert Godwin. This was the beginning of his journey to the top. Release Schedule: A chapter every two days.
8 80 - In Serial30 Chapters
Gruff
Five years ago, the whole country knew Howl as the face of a national public safety initiative that encouraged kids to say no to drugs, keep away from firearms, and not talk to strangers. He had just made a dramatic exit from the corrupt pit of the Hot Type City Police Department and kicked off his own private investigative agency. He was geared up to start helping people for real. Then some punk put Howl’s nephew in the dirt, and everything came to a screeching halt. Now, after a long downward spiral, Howl is one half-empty bottle of scotch away from complete destitution. His shot at redemption comes just in time when a former model struts off the page of a golden-age girlie mag and into his office. Her missing son’s disappearance knocks Howl back into a world full of the drugs, guns, and predators he wasted his youth fighting. This time it will be different. He’s got nothing to lose but something to prove. This time, he will win.
8 203 - In Serial29 Chapters
FROM THE WHITE ROOM
A story of a boy named Nick who died unexpectedly due to a accident while thinking how wrong his life has been he died and how desperately he wished for a second chance. In an after dead experience a dream like state where there was white smoke surrounding him and nothing else suddenly he felt a voice calling for help in frustaion he helped that person as the person was thankful for the help for Nick's help and asked him if he had any wish to which Nick replied " A second chance to live " without a second change due to his lingering feeling during his time of death. The mysterious person said " Okay " and disappears and as Nick head started to pain he woke up and saw a lot of things were different but he will lead a life enjoying. How will his life goes from here ? Check this novel to find out.
8 200 - In Serial24 Chapters
Quiz [✓]
|| COMPLETED ||Quiz based on our very much loved Hindu epics, Ramayan and Mahabharat! 📌STARTED - 20th December 2020📌COMPLETED - 9th March 2021
8 211