《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၇]အရိပ်မှုတ်ပလွေ|အရိပ္မႈတ္ပေလြ
Advertisement
"ကျန်းရွေ့ကပြစ်တင်ရှုံ့ချခံရပြီး သူဖုန်းစားက သူ့ရဲ့မှော်အစွမ်းတွေကိုထုတ်ပြလာ၏။"
..........................................................................
ကျန်းရွေ့ကသူမကိုကြည့်လိုက်ပြီး သူ့ဝတ်ရုံကိုရုတ်တရက်ပြန်ညှိကာ ရှောင်နဥ်အာအားခေါင်းငုံ့အရိုအသေပေးလာသည်။
ရှောင်းနဥ်အာတောင့်တင်းသွားရကာ ပြောမိသည်။
"နင်ဘာလုပ်တာလဲ။"
ကျန်းရွေ့ကရှက်တက်တက်နှင့်ပြောသည်။
"ရှောင်းရှစ်ကျဲ၊ ရှုရှစ်ရှုန်းတောင်အောက်ဆင်းသွားတာက အစ်မကိုဝမ်းနည်းစေမှန်း ကျွန်တော်သိပါတယ်။ ဒါကြောင့်မို့ အစ်မကျွန်တော့်ကိုမကျေမနပ်ဖြစ်နေတာ။ တကယ်လို့ ကျွန်တော်သာအဲ့ဒီ့အချိန်တုန်းကအချိန်မီမရှင်းပြခဲ့ဘူးဆိုရင် ရှစ်စွင်းကရှစ်ရှုန်းကိုအထင်လွဲသွားပြီး ဒီလိုအကျိုးဆက်မျိုးတွေဖြစ်လာမှာမဟုတ်ဘူး။ ဒါကတကယ့်ကိုကျွန်တော့်အမှားပါ။ ဒါကြောင့်မို့ ကျွန်တော်ဒီမှာအပြစ်ဝန်ခံဖို့ရောက်လာတာပါ။"
တကယ်တမ်းတွင်မူ ရှောင်းနဥ်အာမှာသာမက ဂိုဏ်းထဲရှိဂိုဏ်းသားများတွင် ထိုအတွေးရှိကြသည်။ မည်သို့ဆိုစေကာမူ၊ ကျန်းရွေ့ကဒီလိုပွင့်ပွင့်လင်းလင်းပြောလာပြီး သူ၏စိတ်နေသဘောထားမှာ ရိုးသားပွင့်လင်းကာ မောက်မာခြင်းမရှိသဖြင့် လူတွေကိုသူ့အားပြစ်တင်ရှုံ့ရဖို့ရာ အရှက်ရသကဲ့သို့ခံစားသွားရစေပေမဲ့ ဆန့်ကျင်ဘက်ဖြစ်စွာပင် စိတ်ထားကောင်းသည်ဟု ထပ်ပေါင်းခံစားမိလိုက်ပေသည်။
သူ့အတွေးတွေကိုတည့်တိုးပြောချလာလိမ့်မည်ဟု ရှောင်းနဥ်အာမထင်ထားခဲ့မိပေ။ သူမပြန်ဖြေရန်မသင့်တော်သဖြင့် ကျန်းရွေ့ကိုလက်ညှိုးထိုးကာ ဒေါသတကြီးဆိုမိသည်။
"နင်"
သူမထိုစကားလုံးကိုပြောပြီးနောက် သူမအာစေးမိသွားရပေမဲ့ သူမရှေ့မှထွက်လာသောအသံကိုသူမကြားလိုက်ရသည်။ ထိုသူကအသံမြှင့်ကာ ပြောလာသည်။
"ဒီဝန်ခံချက်က သိပ်မရိုးသားဘူး။"
ပိုးသားဝတ်ရုံနှင့် ခါးတွင်ကျောက်စိမ်းခါးပတ်ဝတ်ထားသော လူရွယ်တစ်ယောက်ကသူတို့ဆီကိုလျှောက်လာသည်။ သူ၏ရုပ်ရည်ကား အနည်းငယ်အန္တရာယ်ရှိပုံပေါ်ပြီး ချောမောခန့်ညားလှပေ၏။
ဤလူသည်လည်း ဟယ်ဇီကျိုး၏တပည့်ဖြစ်ကာ ယင်းချန်ဟုအမည်ရပြီး သာမန်မိသားစု၏တော်ဝင်မိသားစုတွင်မွေးဖွားခဲ့ပြီး လော့ရှောင်း၊ ရှုလင်ကျားနှင့် ကျန်းရွေ့တို့ဟာ တူညီသောမိသားစုမှညီအစ်ကိုများဖြစ်ကြသည်။
ဤလူမည်သူဖြစ်ကြောင်းမှာ ထူးကဲသာလွန်လှပေသည်။ ပတ်ဝန်းကျင်ရှိအသံများက"ယင်းရှစ်ရှုန်း"ဟုခေါ်လာကြပြီး ကျန်းရွေ့ဟာလည်း ခပ်မြန်မြန်ခေါ်လေသည်။
"ရှစ်ရှုန်း"
ယင်းချန်ကသူ့ကိုစိုက်ကြည့်ကာ ခပ်ပေါ့ပေါ့ပြောသည်။
"ဟန်ဆောင်နေတာရပ်လိုက်တော့။"
ကျန်းရွေ့ချောင်းဟမ့်ကာ ပြောလိုက်သည်။
"ရှစ်ရှုန်းကလည်း ကျွန်တော့်ကိုတော်တော်လေးမုန်းနေတာပဲ။"
ယင်းချန်ကရှေ့ကိုကြည့်ကာ ဆိုသည်။
"တကယ်လား။ ဒါဖြင့်ရင် အထင်စလွဲတဲ့အချိန်တုန်းက မင်းဘာလို့ချက်ချင်းရှေ့ထွက်ပြီးမရှင်းပြခဲ့တာလဲ။ သူ့ကိုဒီမှာနေဖို့ဘာလို့များအသည်းအသန်ကြိုးစားမဆွဲဆောင်ခဲ့တာလဲ။ အရူးကောင်ရိလင်းနောက်မှာပုန်းနေပြီး အကုန်လုံးအခြေကျသွားမှ မင်းတောင်းပန်စကားနည်းနည်းလေးဆိုလိုက်တာနဲ့ မင်းကလူကောင်းတစ်ယောက်ဖြစ်လာပြီလို့ ထင်နေတာလား။"
သူလှောင်ရယ်လိုက်သည်။
"ဟန်ဆောင်တာက ရွံစရာမကောင်းဘူးလို့မဆိုလိုဘူးရယ်။"
ယင်းချန်သည်အပြင်မှခုနကလေးတင်ပြန်လာသည်ဖြစ်ကာ သူတံခါးဝကိုရောက်ရှိလာချိန်တွင် ရှုလင်ကျားကားထွက်သွားပြီဖြစ်သဖြင့် တရားစီရင်ရေးဟောခန်းမထဲက အဆင့်ဆင်းမေးမြန်းခြင်းဖြစ်စဥ်ကိုသူမမှီလိုက်ပေ။
သူကားစိတ်အခြေအနေဆိုးဝါးနေပြီး အထက်စီးဆန်ရခြင်းကိုနေသားကျနေပြီဖြစ်သည်။ ဤစကားလုံးများမှာအလွန်အဆိပ်ပြင်းလွန်းလှသဖြင့် နားထောင်နေသူများမှာ ကျန်းရွေ့အားမျက်နှာသာမပေးဘဲ သေသည်အထိဝပ်တွားခယချင်မိသည်။
ကျန်းရွေ့ဟာလည်း ယင်းချန်၏စိတ်နေသဘောထားနှင့် မြင့်မားသောအဆင့်အတန်းအပါအဝင် သူနှင့်အငြင်းပွားခြင်းကား သူ့ကိုယ်သူညှင်းပန်းနှိပ်စက်ရာရောက်မှန်း သိနေသဖြင့် သူ့ဝတ်ရုံလက်ထဲတွင်လက်သီးတင်းတင်းဆုပ်မိကာ သူ့ခေါင်းကိုတရိုတသေငုံ့ရင်း ပြောရလေသည်။
"ကျွန်တော်ပါ...ကျွန်တော်ပဲအမှားလုပ်ခဲ့မိတာ။ အစ်ကိုပြောလို့ပြီးသွားရင် ကျေးဇူးပြုပြီးကျွန်တော့်ကိုခွင့်လွှတ်ပေးပါနော်၊ ရှစ်ရှုန်း။"
ယင်းချန်ကဆိုသည်။
"လုပ်စမ်းပါကွာ။ ဘယ်ဟာကပြောဖို့မသင့်တော်လို့လဲဟ။ မင်းကစကားပြောအရမ်းကောင်းတယ်လို့ငါထင်တယ်။ မင်းကသေချာပေါက်ရိုးရှင်းမနေဘူး။ ဒီလိုနေရာမျိုးမှာမင်းရဲ့လှည့်ကွက်တွေကိုလာမသုံးနဲ့။ မင်းကငါ့ရဲ့လင်ရှောင်းဂိုဏ်းကို ပျက်စီးစေချင်တာပဲ!"
သူပြောလို့ပြီးသည့်နောက် သူကစိတ်မရှည်စွာလက်ခါလိုက်သည်။
"ဂိုဏ်းချုပ်ကစိတ်အခြေအနေမကောင်းဘူး။ မနက်ဖြန်မနက်အတန်းမရှိဘူးလို့ သူငါ့ကိုအခုပဲပြောလိုက်တယ်။ သွားကြတော့။"
သူဘာကြောင့်စိတ်အခြေအနေကောင်းမနေကြောင်းကို သင်လွတ်လပ်စွာတွေးနိုင်ပေ၏။ ယင်းချန်သည်ပြောပြီးသွားသည့်နောက် အလွန့်အလွန်မထီမဲ့မြင်စွာလှောင်ပြောင်ရယ်မောလိုက်ပြီး မည်သူ့ကိုမှမကြည့်ဘဲလျှောက်ထွက်သွားတော့သည်။
ရှောင်းနဥ်အာကြောင်အသွားပြီးနောက် လိုက်သွားကာ ယင်းချန်၏ဝတ်ရုံလက်ကိုလှမ်းဆွဲလိုက်သည်။
"ယင်းရှစ်ရှုန်း၊ နေပါအုံး! ဂိုဏ်းချုပ်ကိုအစ်ကိုသွားတွေ့ပြီးပြီလား။ ရှုရှစ်ရှုန်းပြန်လာမှာတဲ့လားဟင်။ အစ်ကိုလုပ်နိုင်တာတစ်ခုခုများရှိလား။ ဟေး!"
"ဟင့်အင်း။ ဘယ်သူကသူ့ကိုသွားဖို့ပြောလို့လဲ! ရှုလင်ကျားကမသွားချင်ခဲ့လို့လား။"
ယင်းချန်ကသူ့ဝတ်ရုံလက်ကိုဒေါသတကြီးပြန်ဆွဲကာ ဆိုသည်။
"သူပြန်ကောင်းတဲ့အခါကျရင် ငါနဲ့တိုက်ခိုက်ပါ့မယ်လို့ သူငါ့ကိုပြောခဲ့တယ်လေ။ ဒါပေမဲ့ ငါပြန်လာတော့ သူ့ကိုတွေ့တောင်မတွေ့လိုက်ရဘူး! ငါဘယ်လိုလုပ်သိမှာလဲ။ မင်းသူ့ကိုသွားမေးမှပဲရလိမ့်မယ်!"
ရှောင်းနဥ်အာကဒေါသဖြင့်ပြောသည်။
"ဒီနေ့အစ်ကို့မှာနောက်ထပ်ပြိုင်ပွဲတစ်ခုရှိသေးတယ်မလား။ အစ်ကိုသူ့ကိုမေးနိုင်တယ်ဆိုလို့ ညီမအစ်ကို့ကိုရှာရတာလေ!"
နှစ်ယောက်သားအငြင်းပွားနေကြသည်။ သူတို့သည်ပြဿနာရှာသွားပြီး စကားပြောပြီးနောက်တွင်တော့ တကွဲတပြားထွက်သွားကြ၏။ လေထုမှာထူးဆန်းနေပြီး တစ်အောင့်မျှမပြောအပ်ပေ။ အခြားသူတွေကလည်း သူတို့၏အစ်ကို၊ အစ်မများ၏မကျေနပ်ချက်များတွင် မပါဝင်နိုင်ကြပေ။ သူတို့ဟာလည်းထွက်သွားဖို့ခွင့်တောင်းသွားကြပြီး သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင် ကျန်းရွေ့အားတစ်ယောက်တည်းမတ်တပ်ရပ်လျက်ချန်ရစ်ထားခဲ့ကြသည်။
ကျန်းရွေ့သည်ခေါင်းကိုနှိမ့်ချစွာဆက်ငုံ့ထားကာ တစ်ခဏမျှရပ်မြဲရပ်နေပြီးသည့်နောက် သူ့ဝတ်ရုံလက်ထဲတွင်တင်းတင်းဆုပ်ထားသောသူ့လက်သီးများကို ဖြေးညှင်းစွာထုတ်လိုက်ပေ၏။
ယင်းချန်၊ တကယ်ပဲ။
သို့သော် သူယင်းချန်ကိုဘာမှလုပ်ရန်စိတ်မကူးထားသကဲ့သို့ သူ့ကိုတစ်ခုခုလုပ်ရန် သူ့တွင်အင်အားလည်းရှိမနေ။
ရှုလင်ကျားထွက်သွားသော်လည်း ဤဂိုဏ်းထဲတွင် သူကခြေချစရာနေရာရရှိသေးရုံသာဖြစ်ကြောင်း ကျန်းရွေ့နှလုံးသားထဲတွင်ကောင်းကောင်းကြီးသိပေသည်။ လုပ်စရာအလုပ်တွေအများကြီးရှိနေဆဲပင်။
သူ့ကိုရှောင်းနဥ်အာမတွေ့ချင်ရသည့်အကြောင်းရင်းကို သူသိပေမဲ့ သူမကိုသူစကားပြောချင်ရသည့်အကြောင်းမှာ ထန်တရားရုံး၏အထောက်အပံ့ကို သူလိုချင်သောကြောင့်။ အကယ်၍ သူသာ ရှောင်းနဥ်အာ၏သူ့အပေါ်သဘောထားကို ပြောင်းလဲလိုက်နိုင်လျှင် အနာဂတ်မှာပို၍အဆင်ပြေသွားလိမ့်မည်ဖြစ်ကာ သူ့အတွက်အကူအညီကြီးကြီးမားမားဖြစ်လာလိမ့်မည်ပင်။
ထို့ကြောင့် အခုအရေးအကြီးဆုံးအရာကား သွမ့်ဟောင်ရန်ကိုရှာရာတွင် ရှင်းဇုန်တွင်ကူညီဖို့ကြိုးစားရန်ဖြစ်သည်။ ထို့နောက်တွင် ရှောင်းနဥ်အာပြောလိုက်သည့်ဓားကိုရရှိရန်ပင်။
ကျန်းရွေ့ကြိုပြောထားရသည့်အကြောင်းရင်းမှာ သူအဲ့ဒါကိုရယူရန်ဆုံးဖြတ်ထားသောကြောင့်။
သူလင်ရှောင်းဂိုဏ်းကိုရောက်လာကတည်းက ဤကဲ့သိုအခြေအနေမျိုးနှင့် မကြာမကြာကြုံတွေ့ခဲ့ရသည်။ သူလိုချင်တာရှိရင် အစပိုင်းမှာသူမပိုင်ဆိုင်ဘူးဆိုရင်တောင်မှ အဆုံးတွင်တော့ သူ့လက်ထဲကိုသေချာပေါက်ရောက်ကိုရောက်လာလိမ့်မည်ပင်။
ဥပမာအားဖြင့်ဆိုရသော် ဓားရေးပါရမီရုတ်တရက်နိုးထလာခြင်း ၊ ဤကဲ့သို့အဆင့်အတန်း ၊ ဂိုဏ်းချုပ်၏အနှစ်သက်ခံ ၊ အခြားဂိုဏ်းသားများ၏ချစ်ခြင်းမေတ္တာကဲ့သို့သော...
လူငယ်ဘဝအတွက် အနာဂတ်မှာ သူ့အတွက်စောင့်မျှော်နေသော ပိုကောင်းသည့်အရာများစွာရှိနေသည်ဟု သူယုံကြည်မိသည်။
သို့ဖြစ်၍ သွမ့်ဟောင်ရန်ကိုရှာဖွေရာတွင်ကူညီရန် ကျန်းရွေ့တစ်ယောက်အောင်မြင်ဖို့သေချာသထက်သေချာနေလေသည်။ ရှုလင်ကျားအတွက်ကတော့ ၎င်းကသူ့ရောင်ဝါထဲတွင် တဖြည်းဖြည်းချင်းမေ့ပျောက်ခံရပါလိမ့်မည်။
သူ့ဒဏ်ရာ၏အဖြစ်မှန်နှင့်အတူ...အပြင်လူတွေဘယ်တော့မှသိလို့မရမည့်ထိုလျို့ဝှက်ချက်...
ကျန်းရွေ့သည်သူ၏ဝတ်ရုံလက်ခေါက်ကိုပြန်ဆန့်လိုက်၏။ သူခေါင်းမော့လိုက်သော် သူ၏သိမ်မွေ့သောအမူအရာကိုပြန်လည်ထိန်းသိမ်းထားလိုက်ပြီဖြစ်ကာ သိုင်းလေ့ကျင့်ရေးကွင်းပြင်၏အပြင်ဖက်သို့လှည့်ထွက်လာလိုက်သည်။
.....
မှောင်မည်းနေသောတစ္ဆေခြောက်စံအိမ်ကြီးထဲတွင်မူ ညခင်းမှာတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
ရှောင်းကျန်းတစ်ယောက်မနက်ခင်းစောစောစီးစီးတွင်ထလာပြီး ကြိုးစားရင်းကြိုးစားကြည့်ပေမဲ့ သူမလည်တိုင်ပေါ်ရှိဓားမှာဖယ်ရှားဖို့ခက်နေသေးကြောင်း သိလိုက်ရသဖြင့် သူမတွင်ရွေးချယ်စရာမရှိပါဘဲ ဆက်သာဝတ်ထားလိုက်ရသည်။
ထိုဖြစ်ရပ်အပြီး သူမညီမလေးကိုအိမ်တွင်တစ်ယောက်တည်းမထားခဲ့ရဲတော့ပေ။ သူမကိုယာယီဂရုစိုက်ခဲ့ပေးသော စိတ်ရင်းကောင်းသည့်အဘွားအိုကြီးထံတွင်ရင်းနျန်ကိုပို့ထားလိုက်ပြီး သူမကတော့ခေါက်ဆွဲဆိုင်ကိုအလျင်စလိုသွားကာ တကယ်တမ်းတွင် မနေ့ညကသူမကိုတစ်စုံတစ်ယောက်ကာကွယ်ပေးခဲ့ကြောင်းကို သတိမပြုမိပေ။
ညီအစ်မနှစ်ယောက်စလုံးထွက်သွားသည်ကိုမြင်လိုက်ရရင်း ရှုလင်ကျားဟာလည်း တစ္ဆေခြောက်စံအိမ်ကြီး၏ဝင်ပေါက်ဝရှိသစ်ပင်ကြီးပေါ်မှခုန်ဆင်းလိုက်သည်။
မနက်စောစောနေရောင်ခြည်ကားကိုယ်ပေါ်သို့ပျင်းရိစွာဖြာကျနေပြီး လမ်းဘေးပျံကျစျေးသည်တို့၏အော်ခေါ်သံနှင့် အစားအသောက်ရနံ့များမှာ လမ်းမနှင့်ခပ်လှမ်းလှမ်းကပင်ကြားနိုင်လေကာ တစ်နှစ်ပတ်လုံးတိတ်ဆိတ်ရှင်းလင်းနေတတ်သောလင်ရှောင်းတောင်ထွတ်နှင့် လုံးဝခြားနားလှသည်။
ရှုလင်ကျားအစတုန်းကစိုးရိမ်နေမိပေမဲ့ ယခုမူကူကယ်ရာမဲ့စွာဖြင့်အနည်းငယ်ပျော်ရွှင်မိသကဲ့သို့ပင်။ သူသည်လမ်းမပေါ်ရှိစားသောက်ဆိုင်ကိုသွားကာ ဆိုင်ရှင်ကိုပြောလိုက်သည်။
"တဆိတ်လောက်။ ကျွန်တော့်ကိုသေရည်နှစ်ခရားပေးပါခင်ဗျ!"
သေရည်နှစ်ခရားကိုသယ်လာရင်း ရှုလင်ကျားတစ်ယောက်မနေ့ကရှောင်ကျန်းကိုတွေ့ခဲ့သောလမ်းမဆီသွားလိုက်သည်။
မနေ့ကစျေးဆိုင်ခင်းပြီး ဓားတွေရောင်းသည့်လူမပေါ်လာသေးသည့်တိုင် မနေ့ကလမ်းမပေါ်တွင်လှဲနေခဲ့သောသူဖုန်းစာအိုကြီးကို သူတွေ့လိုက်ရသည်။
မတိုင်ခင်ကသူသည်ခေါက်ဆွဲဆိုင်ပိုင်ရှင်အမျိုးသမီးကိုစကားပြောခဲ့တုန်းက တစ္ဆေအိမ်ကြီးထဲတွင်နေထိုင်သွားခဲ့သော ထို"မသေမျိုးမိသားစု"အကြောင်းဖော်ညွှန်းသွားပြီးနောက် သူတို့အားလုံး"သေဆုံးသွားကြသည်"ဟုပြောခဲ့ပေသည်။ သူပြောနေခဲ့ပုံမှာ အတွင်းလူတစ်ယောက်ကဲ့သို့ပင်။
ရှုလင်ကျားသည်သူဖုန်းစားအိုကြီးဆီသို့လျှောက်သွားရာ ၎င်းကအကျီရင်ဘတ်ပွင့်လျက်သားဖြင့်အိပ်နေကာ ဗိုက်ပေါ်တွင်တင်ထားသောလက်၊ သူ့ရင်ဘတ်နှင့်ဝမ်းဗိုက်ပေါ်ရှိကြွက်သားတို့မှာ တောင့်တင်းနေသည်ကို မြင်လိုက်ရသည်။
သူစကားတစ်ခွန်းမဆိုပေမဲ့ ၎င်းဘေးတွင်ရပ်ကာ တစ်ဖက်လူအားတစ်အောင့်မျှသေသေချာချာကြည့်နေပြီး သူ့မျက်လုံးတွေက ၎င်း၏လက်ချောင်းများမှတစ်ဆင့်ရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်းဆင်းသက်သွားကာ သူ၏မျက်နှာထားကား တဖြည်းဖြည်းနှင့်ရွှတ်နောက်နောက်ပုံပေါ်လာလေသည်။
Advertisement
လမ်းသွားလမ်းလာတစ်ဦးမှာ မြင့်မြတ်သောဝတ်ရုံနှင့်ဤကဲ့သို့ချောမောသောလူငယ်တစ်ဦးက သူဖုန်းစားအိုကြီး၏ခန္ဓာကိုယ်အားစိုက်ကြည့်နေသည်ကို မြင်လိုက်ရရင်း ကြက်သီးတွေထလာပြီး မျက်လုံးကိုအလျင်စလိုအုပ်ကာ ထွက်ပြေးသွားတော့သည်။
သူဖုန်းစားကားတစ်ခဏမျှအိပ်နေပြီး လှည့်လာပေမဲ့ မနိုးလာသေးသဖြင့် ရှုလင်ကျားက၎င်းဘေးတွင် သူ့ဝတ်ရုံနှင့်တိုက်ရိုက်သာထိုင်ချလိုက်ပေသည်။
သူသည်သေရည်တစ်ခရားကိုဖွင့်လိုက်ကာ သူဖုန်းစားအိုကြီး၏မျက်နှာဘေးတွင်တင်ထားလိုက်၏။ နောက်တစ်အိုးကိုတော့သူ့ဘာသာသူကိုင်ထားလိုက်ပြီး ခေါင်းကိုမော့ကာ အငုံအနည်းငယ်သောက်လိုက်ပြီး လမ်းမပေါ်ရှိလူတွေသွားတာလာတာကိုကြည့်နေလိုက်သည်။
သေရည်ရနံ့ကလေပြေတစ်လျှောက်နှာခေါင်းထဲသို့တိုးဝင်လာပြီး သူဖုန်းစားအိုကြီးကမျက်နှာကိုရှုံ့လိုက်ကာ ယခုတော့နိုးလာခဲ့လေပြီ။ မျက်လုံးမဖွင့်လာခင် ရေရွတ်မိသည်။
"ဘာအရသာလေးပါလိမ့်။ သေရည်ကောင်းပဲ။ ဒါသေရည်အကောင်းစားပဲ။"
သေရည်ခရားကသူ့မျက်နှာနှင့်တိုက်မိပြီး အဝေးရွေ့သွားသည်။
သူဖုန်းစားအိုကြီးကနေရာအလွတ်ယူလိုက်ပြီးနောက် ရုတ်တရက်ထထိုင်ကာ ရှုလင်ကျားအားမျက်လုံးမှေးစင်းကြည့်လာပြီး ပြောသည်။
"မင်းငယ်ရွယ်ချောမောပြီး ကောင်းကောင်းမွန်မွန်ဝတ်စားထားတဲ့သခင်လေး။ မင်းဒီမှာဘာထိုင်လုပ်နေတာတုန်း။ သူဖုန်းစားကိုဖျော်ဖြေဖို့မင်းဒီမှာရှိနေတာလားကွဲ့။"
ရှုလင်ကျားသည်သူ့ကိုမကြည့်ဘဲသေရည်နောက်တစ်ငုံသောက်ကာ ဆို၏။
"ဟုတ်တယ်။ ကျွန်တော်ပျင်းနေလို့။ ဒါကခင်ဗျားအတွက်။ ကျွန်တော်နဲ့အတူထိုင်သောက်ပြီး စကားစမြည်ပြောပေးရင်ရော ဘယ်လိုလဲ။"
ပန်းကန်လုံးအပဲ့ဆီကိုရွှေသစ်ရွက်များပစ်ထည့်လိုက်ရာ ရွှေရောင်အလင်းကလူတွေကိုမျက်စိကျိန်းသွားစေသည်။
သူဖုန်းစားအိုကြီးကရွှေသစ်ရွက်တစ်ခုကိုကောက်ကာ သူ့ပါးစပ်ထဲတွင်ကိုက်ကြည့်လိုက်ပြီးနောက် ရယ်မောလာသည်။
"သခင်လေး၊ မင်းပိုက်ဆံအများကြီးဖြုန်းတီးလိုက်တာပဲ။ စကားဝိုင်းကောင်းကောင်းမဟုတ်မှာကိုကျုပ်ကြောက်မိတယ်။"
သူပြောကာ သေရည်သောက်လိုက်သည်။ ရှုလင်ကျားကဘာမှမပြောသကဲ့သို့ တားလဲမတားဘဲ မေးရုံသာမေးလိုက်သည်။
"ခင်ဗျားလုပ်ချင်ရဲ့လား။"
"လုပ်တာပေါ့။ ကျုပ်ကသူဖုန်းစား၊ မင်းသာကံကြမ္မာကိုပြောင်းလဲပစ်ဖို့ဘာမှမလုပ်ရတာလဲ။"
သူဖုန်းစားအိုကြီးကနှုတ်ခမ်းကိုဖိကိုက်ကာ ပြောသည်။
"မင်းဘာသိချင်တာလဲ။"
ရှုလင်ကျား: "မြို့အနောက်ဖက်တစ္ဆေခြောက်တဲ့အိမ်ကြီးကို ဘယ်သူစဆောက်ခဲ့တာလဲ။ အဲ့ဒီ့အိမ်ထဲမှာဘယ်သူသေသွားတာလဲ။"
သူဖုန်းစားအိုကြီးမှာမိန်းမောသွားပြီးနောက် ပြုံးလိုက်သည်။
"မင်းမေးတော့မယ်လို့ကျုပ်ထင်သားပဲ။ ဒါမေးခွန်းအကုန်ပဲလား။ နှစ်ပေါင်းများစွာ ကျုပ်မျက်စိနဲ့တပ်အပ်မမြင်ခဲ့ရပေမဲ့ မြို့ထဲကလူအိုကြီးတွေဆီကနေကျုပ်ကြားခဲ့ရတာ။"
သူ့အတွက်မူ ဤလျို့ကျားမြို့လေးထဲတွင် မြို့အနောက်ဖက်၌နေထိုင်သော အလွန်မှော်ဆန်သောလူတစ်ယောက်ရှိခဲ့ကြောင်းကို အသက်ကြီးရင့်သောလူများစွာသိကြသည်။ ရှန်းချန်၊ သူ့တွင်လည်း ဇနီးလှလှလေးနှင့် ချစ်လှစွာသောသားတစ်ဦးရှိ၏။
ဤမသေမျိုးပထမဆုံးစရောက်လာတုန်းက တစ်မိသားစုလုံးသည်သိသာထင်ရှားခြင်းမရှိသောအပြာရောင်အဝတ်စနှင့်မြင်းလှည်းတစ်စီးပေါ်တွင်ထိုင်နေကြခြင်းပင်။ မြို့ထဲရှိလူတွေဟာလူစိမ်းကိုသိပ်မနှစ်သက်ကြပေ။ သူတို့သည် ဤမိသားစုအား ကလေးရှိသည့်သာမန်စုံတွဲဟုသာ မှတ်ယူထားခဲ့ကြပြီး သိပ်ပြီးတော့အာရုံမထားခဲ့ပေ။
မြင်းလှည်းကား အနောက်ဖက်ရှိခြောက်သွေ့သောနေရာအလွတ်တွင်ထားထားပြီး သုံးယောက်သားသည်တည်းခိုခန်းမရှာသည်မှာ မြင်းလှည်းထဲတွင်ပဲနေထိုင်ဖို့ရန်စီစဥ်ထားသည့်အလား။
သို့သော် နောက်တစ်နေ့စောစီးသောမနက်ခင်းတွင် နေရာအလွတ်ထဲ၌ခန့်ညားသောအိမ်ကြီးတစ်လုံးဆောက်လုပ်ထားသည်ကို လူတွေအံ့သြမှင်သက်ဖွယ်တွေ့လိုက်ရတော့သည်။ အိမ်ရှင်မကတံခါးဝတွင်ရပ်နေရင်း ပြုံးလျက်သားဖြင့် ခြံဝင်းအတွက် ကြွေထည်များကိုနေရာချထားရန် ညွှန်ကြားနေပေသည်။
ဤကဲ့သို့အံ့သြဖွယ်ဖြစ်ရပ်ကား တစ်မြို့လုံးတစ်ခွင်ပျံ့နှံ့သွားပြီး လူတိုင်းကထိုအကြောင်းစိတ်ဝင်စားမှုဖြင့်ပြောနေကြသဖြင့် ဤမိသားစု၏ဇစ်မြစ်ဟာ မှော်ဆန်သောနည်းလမ်းဖြင့် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာခဲ့ကြသည်။
သို့ပေမဲ့ ယင်းမှာ လူတွေ၏စိတ်ကူးနှင့်ကွဲပြားလှသည်။ ဤမိသားစုသုံးယောက်သည် ကမ္ဘာကြီး၏မီးရှူးမီးပန်းများကိုမစားရုံတင်သာမက၊ သာမန်လူတွေနှင့်မခြားသည့်ဘဝတွင်နေထိုင်ကြပေမဲ့ ကလေးကိုကြည့်ရသည်မှာနာမကျန်းဖြစ်နေသည့်ပုံပေါ်ပြီး သူသည် ရက်အနည်းငယ်မျှမကြာခဏအပြင်ထွက်လေ့ရှိပြီး ကလေးကိုကုသဖို့ရန်အကောင်းဆုံးကြိုးစားခဲ့၏။
သွမ့်ဟောင်ရန်သည်သူ့သားကိုကုသချင်သဖြင့် မိစ္ဆာမှော်အတတ်ကိုတိတ်တဆိတ်ရှာဖွေခဲ့ကာ ဂိုဏ်း၏စည်းမျဥ်းများကိုချိုးဖောက်ခဲ့လေသည်။
ရှုလင်ကျားမေးလိုက်သည်။
"ရောဂါပျောက်သွားလား။"
သူဖုန်းစားအိုကြီးကသေရည်နောက်တစ်ငုံသောက်ကာ ပြန်ဖြေသည်။
"သိပ်တော့မရှင်းဘူး။ ရောဂါကိုကုခဲ့တယ်ဆိုတာပဲကျုပ်သိတယ်။ ဒါပေမဲ့ မဖြစ်သင့်တာက ၇နှစ်၊ ၈နှစ်ကြာပြီးတဲ့နောက်မှာ ကလေးပိုကောင်းလာတာကိုမမြင်ရဘူး။ သူအသတ်ခံလိုက်ရတယ်လေ။"
ရှုလင်ကျားပြောမိသည်။
"အသတ်ခံလိုက်ရတယ်?"
သူဖုန်းစားအိုကြီးကခပ်ပေါ့ပေါ့ဆိုသည်။
"ကျုပ်နောက်မှအဲ့အကြောင်းကြားခဲ့ရတာ။ ကြည့်ရတာတော့ မသေမျိုးအကြီးအကဲက သူ့မိသားစုနဲ့အတူလွတ်မြောက်သွားခဲ့တဲ့ပုံပဲ။ မသေမျိုးကျင့်ကြံသူတွေက မင်းသိတဲ့အတိုင်း ချစ်လို့မရဘူးလေ။ သူတို့ကစည်းမျဥ်းတစ်ခုခုကိုချိုးဖောက်ခဲ့တယ်လို့ ကျုပ်ထင်တယ်။ သူ့ဂိုဏ်းကလူတွေက သူတို့ကိုလိုက်ဖမ်းပြီး သတ်ပစ်လိုက်တယ်လေ။"
သူသေရည်တစ်ငုံမျိုချလိုက်သည်။
"အဆုံးမှာတော့ ကြည့်ရတာသူ့ဇနီးနဲ့ကလေးအသတ်ခံလိုက်ရတဲ့ပုံပဲ။ မသေမျိုးအကြီးအကဲလွတ်မလွတ်တော့မသိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူဘယ်တော့မှပြန်မလာခဲ့ဘူးလေ။ ဒီတော့ ကမ္ဘာပေါ်ကအရာတွေကမသေချာမရေရာဆုံးပဲ။"
ရှူလင်ကျားခေါင်းငုံ့ကာ တွေးလိုက်မိသည်။
သူသည်လမ်းမဘေးတွင်ထိုင်နေရင်း သူ၏ခမ်းနားသောဝတ်ရုံမှာလမ်းပေါ်တွင်ပျံ့ကြဲနေပြီး သူ့ဒူးခေါင်းတွေပေါ်လက်တစ်ဖက်တင်ထားရင်း တခြားတစ်ဖက်ကသေရည်ခရားကိုကိုင်ထား၏။
သူ၏ကိုယ်ဟန်အနေအထားကား ပေါ့တီးပေါ့ပြက်နိုင်ပြီး မသပ်မရပ်ဖြစ်နေပေမဲ့ သဘာဝ၏ကောင်းချီးပေးခံထားရသောထိုမျက်နှာလေးမှာ ဤကဲ့သို့ကိုယ်နေဟန်ထားနှင့်ပင်လျှင် သူသည်စိတ်ကူးယဥ်ဆန်ပုံပေါ်လှပြီး ဖြတ်သွားဖြတ်လာများမှာ သူ့အားကူကယ်ရာမဲ့စွာဖြင့်အကြိမ်အနည်းငယ်မျှကြည့်သွားကြသည်။
ရှုလင်ကျား၏သွေးအေးသောစရိုက်၊ အထက်စီးဆန်ခြင်းတို့ကြောင့် လူတွေသူ့အနားမချဥ်းကပ်လာရဲတာကြောင့်မဟုတ်လျှင် သူ့ကိုပစ်ပေါက်လာသောမိန်းကလေးတို့၏ပန်းပွင့်များမှာ ကြမ်းပြင်တစ်ခွင်ပျံ့ကြဲနေမည်ကိုစိုးရွံ့မိသည်။
ဖိနပ်ရောင်းသည့်အမျိုးသမီးအိုကြီးမှာ တစ်အောင့်မျှကြည့်နေပြီး သူတို့နှစ်ဦးသား၏စိတ်ဝင်စားဖွယ်ရာစကားဝိုင်းကိုကြားလိုက်ရပြီးနောက် သူမကူကယ်ရာမဲ့စွာဖြင့်အပျော်တမ်းဝင်ပြောလိုက်မိသည်။
"ဟုတ်တယ်။ မသေမျိုးအကြီးအကဲတွေကရှားပါးတယ်လို့ အဒေါ်လည်းကြားမိတယ်ကွဲ့။ သူ့မှာသူ့ဇနီးနဲ့ကလေးအကြောင်းဘာမှအပြစ်ပြောစရာမရှိဘူး။ ဆေးဝါးစုဆောင်းဖို့ သူဒဏ်ရာတွေနဲ့အိမ်ပြန်လာတာ အကြိမ်တော်တော်များများပဲ။ တခါတလေကျရင် သူသုံးလို့မရတဲ့ဆေးဖက်ဝင်အပင်တွေရှိတယ်လေ။ သူကအဲ့ဒါတွေကိုသူများတွေကိုပေးပစ်တော့ လူအများစုကသူ့ကိုကြည်ညိုကြတာပေါ့။"
သူမကဆိုသည်။
"နောက်ပိုင်းမှာအိမ်ကြီးခြောက်ကပ်သွားတာသနားစရာပဲ။ အဲ့ဒီ့အိမ်ထဲမှာမိသားစုနှစ်စုထက်ပိုပြီးသေဆုံးသွားခဲ့ကြတာ။ မသေမျိုးအကြီးအကဲကိုဘယ်သူမှထပ်ပြီးမမြင်ကြရတော့ဘူးလေ။"
ရှုလင်ကျားမေးလိုက်သည်။
"ဒါဖြင့် ကျွန်တော်အဒေါ့်ကိုမေးပါရစေ။ ဆုံးသွားတဲ့မိသားစုနှစ်စုကနောက်တော့ဘယ်လိုသေသွားခဲ့တာလဲ။ အဲ့ဒီ့နတ်သားအကြီးအကဲနဲ့တစ်ခုခုများဆိုင်နေတာလား။"
ဖိနပ်ရောင်းသူကပြန်ဖြေသည်။
"သူတို့ဘယ်လိုသေသွားလဲဆိုတာကို ပြောဖို့ခက်တယ်ကွဲ့။ အချိန်ကတော်တော်လေးတောင်ကြာနေပြီလေ။ ဒါပေမဲ့ သူတို့တွေအကုန်လုံးကဆင်းရဲတဲ့သူတွေပဲ။ သူတို့မှာသွားစရာနေရာမရှိတော့ ဒီအိမ်ကြီးကမကောင်းမှန်း သူတို့မတွေးခဲ့ကြဘူးလေ။"
သူမကခေါင်းခါပြီး သက်ပြင်းချလာသည်။
"အို၊ ဒီလိုမျိုးမသေမျိုးအကြီးအကဲဆိုတာသိပ်ကိုရှားတာ။ အဆုံးမှာတော့ လူကောင်းတွေကလည်းချီးမြှောက်မခံရပါဘူးလေ..."
လူကောင်းတွေကချီးမြှောက်မခံရပေ ရှုလင်ကျားဒါကိုရုတ်ခြည်းမှတ်မိသွားရသည်။ သူဖုန်းစားအိုကြီးက ထိုစကားကို မနေ့ကပြောခဲ့သည်။
သူ့နှလုံးသားထဲတွင်အနည်းငယ်လှုပ်ခတ်သွားကာ ပြောမိသည်။
"အဒေါ်၊ 'ဒီလိုမျိုးနတ်သားအကြီးအကဲမျိုးကရှားတယ်'လို့အဒေါ်ပြောခဲ့တယ်နော်။ - သူကဘာလို့နတ်သားအကြီးအကဲနဲ့မတူရတာလဲ။ ပုံမှန်နတ်သားအကြီးအကဲဘယ်လိုမျိုးဖြစ်မယ်လို့ အဒေါ်ထင်လဲ။"
တစ်ဖက်လူကကြောင်အသွားသည်။
"ပုံမှန်မသေမျိုးတွေ... ပုံမှန်မသေမျိုးတွေကသူ့လိုမျိုးမဟုတ်ဘူး...ကြင်နာတတ်တဲ့လူတွေ။ ဟုတ်တယ်။ သူတို့ကကြင်နာတတ်တဲ့သူတွေပဲ။ ဘယ်လိုလုပ်ပြီးဒီလောက်ထိကြင်နာတတ်ရတာလဲ။"
သူမကဒူးခေါင်းကိုပုတ်လိုက်ကာ ရှုလင်ကျားကိုကြည့်လာပြီး ကူကယ်ရာမဲ့စွာထုတ်ပြောမိသည်။
"မင်းကသခင်လေးတစ်ယောက်လို့အဒေါ်ထင်မိတယ်။ ဒါပေမဲ့ မင်းက ဒဏ္ဍာရီထဲကသွေးအေးတဲ့နတ်သားနဲ့တူတယ်ကွဲ့။"
ရှုလင်ကျားမဖို့ပြင်လိုက်သည့်သေရည်ခရားမှာခေတ္တမျှတန့်သွားပြီး ခေါင်းလေးကိုစောင်းကာခဏတွေးလိုက်မိပေမဲ့ ထိုအစားရယ်မောလိုက်ကာ သူဖုန်းစား၏ပန်းကန်လုံးထဲကရွှေသစ်ရွက်နှစ်ရွက်ကိုယူပြီး သူမကိုကမ်းပေးကာ ပြောလိုက်သည်။
"အဓိပ္ပါယ်ရှိသားပဲ။ ဒါဖြင့် ကျွန်တော်...အဒေါ့်ကိုကျေးဇူးတင်ပါတယ်။ ချီးကျူးစကားကောင်းပဲ။"
အမျိုးသမီးအိုကြီးရောက်လာခဲ့တုန်းက ဆုလာဘ်အနည်းငယ်ကိုသူမမျှော်လင့်မိခဲ့ပေမဲ့ အခုသူမလိုချင်တာကိုသူမရသွားတော့ သူမဘဝတွင်တစ်ခါမျှမမြင်ဖူးသောငွေကြေးကိုမြင်လိုက်ရသဖြင့် သူမပျော်ရွှင်စွာဖြင့်မြန်မြန်လေးလှမ်းယူလိုက်မိသည်။ နှုတ်ဆက်စကားဆိုပြီးနောက် ရှုလင်ကျားနောင်တရသွားမည်ကိုစိုးသည့်နှယ် သူမထွက်သွားတော့သည်။
သူဖုန်းစားအိုကြီးက"ဟေး"ဟုဆိုကာ ပြောလာသည်။
"သခင်လေး၊ ဒါကကျုပ်ကိုပေးထားပြီးသားမဟုတ်လား။"
ရှုလင်ကျားမျက်လုံးပင့်လိုက်ပြီး
"အမှားတစ်ဝက်၊ အမှန်တစ်ဝက်နဲ့ အကုန်လုံးမှားနေတာတော့မဟုတ်ပေမဲ့ ကျွန်တော်ပိုက်ဆံတော့မနှုတ်ချင်ပါဘူး။"
သူဖုန်းစားအိုကြီးကဆိုသည်။
"မင်းက ကျုပ်ပြောတာမှားနေတယ်လို့ပြောနေတာလား။"
ရှုလင်ကျားခြေထောက်တစ်ဖက်ကိုကွေးလိုက်ပေမဲ့ သူ့ဒူးပေါ်လက်မောင်းတင်ထားပြီး သေရည်ကိုဖြေးဖြေးချင်းငုံလိုက်သည်။
"ခင်ဗျားသာထူးခြားတဲ့ကျင့်စဥ်ကိုမကျင့်ကြံဘူးဆိုရင် ချစ်ခြင်းမေတ္တာကိုတားမြစ်ထားတယ်ဆိုတဲ့ စကားပုံလုံးဝမရှိဘူး။ အဲ့ဒါထက် ဒီမိသားစုသုံးယောက်ကဂိုဏ်းကနေလိုက်ဖမ်းတာခံနေရတယ်ဆိုမှတော့ သူတို့ကဘာကြောင့်ကောင်းကောင်းမွန်မွန်ပုန်းပြီး တစ်နေရာရာမှာအခြေတကျသွားမနေတာလဲ။ ဒီဇာတ်လမ်းက အဓိပ္ပါယ်ကိုမရှိဘူး။"
သူဖုန်းစားကပြုံးကာဆိုသည်။
"မင်းကငယ်ပါသေးတယ်။ မင်းကအဓိပ္ပါယ်မရှိဘူးလို့ပြောလိုက်တာနဲ့ အဓိပ္ပါယ်မရှိတော့ဘူးလား။ နတ်သားတစ်ပါးဖြစ်ချင်တာနဲ့ သေမျိုးတစ်ယောက်ဖြစ်ချင်တာက တူလို့လား။ ကျုပ်ကချစ်လို့မရပေမဲ့ တားမြစ်ထားတာက လူသားတွေရဲ့သဘာဝပဲ။"
---မင်းရဲ့နှလုံးသားထဲမှာတစ်ခုခုရှိနေသောကြောင့် မင်းအမှားလုပ်မိမှာကိုစိုးရိမ်နေတယ်မလား။
အကယ်၍ သူ့မျက်ဝန်းထဲကသွေးအေးမှုကြောင့်မဟုတ်လျှင်၊ သူ့ဆရာ၏ဂိုဏ်းနှင့် ထိုအထင်လွဲမှုများ၊ ဖုံးကွယ်သိုဝှက်ထားခြင်းများကို သိပ်အရေးမစိုက်ခဲ့လို့ရှိလျှင်၊ သူအခုဘယ်လိုလုပ်ပြီးဒီနေရာမှာရှိနေပါ့မည်နည်း။
မည်မျှပင်ဂရုမစိုက်သကဲ့သို့ဟန်ဆောင်နေပါစေ နှလုံးသားကားကြည်လင်ရှင်းသန့်နေသဖြင့် လေးနက်သောခံစားချက်များက လွယ်လင့်တကူနာကျင်နိုင်သည်လား။
ရှုလင်ကျားအနောက်ကိုမသိမသာကိုင်းလိုက်သည်မှာ တစ်ဖက်လူအားပို၍ရှင်းလင်းစွာကြည့်ချင်သည့်အလား။ သို့သော် သူဖုန်းစားအိုကြီးကအနီးကပ်ကိုင်းလာပြီး ရှုလင်ကျား၏မျက်ဝန်းထဲကိုစိုက်ကြည့်ကာ ခပ်ဖျော့ဖျော့ဆိုသည်။
"တစ်ခါတလေကျရင် မင်းလှောင်အိမ်ထဲကနေထွက်လာတာနဲ့ မင်းအတောင်ပံတွေကိုဖြန့်လို့ရပြီလို့မင်းထင်နေလိမ့်မယ်။ တကယ်တော့ ခြေထောက်မှာချည်ထားတဲ့ကြိုးတစ်ချောင်းရှိနေသေးတယ်ကွ။ တကယ်လို့ တစ်ယောက်ယောက်သာကြိုးကိုဆွဲလိုက်ရင် နာနာခံခံနဲ့ပြန်သွားရမှာပဲ။ တချို့တံခါးတွေကဝင်လို့ပဲရပြီး ဒီဘဝမှာတော့ဘယ်တော့မှရုန်းထွက်လို့ရမှာမဟုတ်ဘူး။"
နှစ်ဦးသားသည်အပြန်အလှန်ကြည့်နေမိကြပြီး တစ်အောင့်မျှကြာသော် ရှုလင်ကျားပေါ့ပါးစွာဆိုလိုက်သည်။
"တကယ်လား။"
သူဖုန်းစားအိုကြီးကရယ်သွမ်းကာ ပြောလာသည်။
"ဟုတ်တာပေါ့။ နောက်ထပ်လျို့ဝှက်ပူးပေါင်းကြံစည်မှုကြောင့်သာမဟုတ်ရင် ဘယ်သူကဖမ်းထားတဲ့ငှက်ကိုလွှတ်ပေးမှာတဲ့လဲ။"
ရှုလင်ကျားခေါင်းစောင်းကာတွေးလိုက်ပြီး ပြုံးလိုက်သည်။
"အင်း၊ အဓိပ္ပါယ်ရှိသားပဲ။"
သူသည်သေရည်ခရားကိုကိုင်ထားကာ သူဖုန်းစားအိုကြီးကိုထိလိုက်ပြီး ပြောမိ၏။
"အရမ်းအံ့သြစရာကောင်းတာပဲ။ ဒီသေရည်သောက်ရတာတန်တယ်။"
နှစ်ယောက်သားသေရည်ခရားချင်းတိုက်လိုက်ပြီး သေရည်လက်ကျန်ကိုရှုလင်ကျားသောက်လိုက်သည်။
သေရည်ခရားကိုအောက်ချလိုက်သော် သူ့ရှေ့တွင်မည်သူမျှရှိမနေတော့။
လူသားပုံသဏ္ဍာန်အရိပ်ရုပ်သေးတစ်ရုပ်သာရှိနေပြီး သူ့ရှေ့ရှိမြေပြင်ပေါ်တွင်တိတ်တဆိတ်ချထား၏။
ရှုလင်ကျားအရုပ်ကိုဖြေးဖြေးချင်းကောက်လိုက်ပြီး သူရိန်နေမင်းဆီသို့မြှောက်ကာ ယင်းကိုမျက်လုံးမှေးစင်းပြီးကြည့်လိုက်သည်။
Advertisement
- In Serial1918 Chapters
Perfect World
Born into a unique world where villages fight to gain power and control, the main character, Shi Hao, is a genius blessed by the heavens born under the poorest of conditions. His clan, however, has a mysterious past. To rise up and become the genius he is meant to be, the clan goes through every effort to aid his cultivation as they battle through fanatical monsters and engage in power struggles with other clans. His journey will bring him through unknown lands until he is able to become a person that can truly shake the world.
8 1217 - In Serial21 Chapters
Flipping the Galaxy
What do you do when a random omnipotent being offers you the chance of a new life in another universe with free perks to boot? You accept it of course! Follow the journey of our protagonist as he gets reincarnated in the Star Wars universe with a couple of perks to help him along the way. (Halo elements present in the story)
8 212 - In Serial15 Chapters
A Powerful Duke In Another world
Sorai Hiroto, a 24-year-old guy was killed in a road accident. Meeting the god and having too much regret on himself, God Origin grants him another life. He now has to start in a cliche isekai novel like starting and vows to live a life he wanted with all his childhood fantasies that became a reality in this new world. Lyon Purgarian, a 13-year-old child who became a duke after his father's death is killed by the most unexpected foe, his aunt. Our protagonist gets reincarnated in his body to continue living as Lyon. Can he enjoy his life like he vowed or he would end up having regrets in this life as well?
8 106 - In Serial17 Chapters
Me A Magical Girl, Got Reborn in an Otome World As A Magical Girl
Also posted on scribblehub. Magical Girl Flare,Protector of cities from evilAlways foiling the plans of Dr. Crime.Fell down a rabbit hole to another world.Well, doesn't matter, she will continue to fight evil right?Maybe, perhaps, she certainly hopes soEven in another world filled with fantasy, people sometimes have to fight with inner demons.Besides, even Flare, who has been struggling with marks could see, the people of this world, should be left alone, for they were strange.Special Thanks toViniPaiva25 from scribblehubFor sharing the idea.
8 52 - In Serial7 Chapters
Love is Beyond everything (#BeHir one shot )
this story is one shot on behir this story is based on inter religion love & struggles😊😊😊😊short stories on #Behir on demand 😄-Love Sandhya 💖
8 108 - In Serial10 Chapters
Nagito X Reader Oneshots
Just because everyone loves this Bagel loving Psycho.°I do not own the art used in this book nor the cover picture I just simply edited it °I also don't own danganronpa or komaeda
8 106

