《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၄]ကျားယွီ ရှုထုန်|က်ားယြီ ရႈထုန္
Advertisement
"မြေခွေးတစ်ကောင်ရဲ့လူမှုကျင့်ဝတ်က အမြှီးကိုလှုပ်ယမ်းပြတာပဲ"
______________________________________________________
မိန်းကလေးရပ်သွားတာကိုမြင်လိုက်ရရင်း မြေခွေးလေးဟာလည်းရပ်တန့်လိုက်ပြီး ခေါင်းလေးကိုမော့ကာ သူမအား စိုစွတ်သောမျက်လုံးဝိုင်းဝိုင်းလေးများဖြင့်ကြည့်လာပေသည်။
မည်သည့်မိန်းကလေးကမျှထိုကဲ့သို့ပုံစံမျိုးကိုမတောင့်ခံနိုင်ပေ။ မိန်းကလေးကခက်ခက်ခဲခဲရှေ့ကိုလျှောက်လာလိုက်ပေမဲ့ မြေခွေးလေး၏ညာဘက်ရှေ့ခြေဖဝါးပေါ်တွင် သွေးစွန်းနေသည်ကို သူမရုတ်တရက်မြင်လိုက်ရသည်။
သူမမြန်မြန်လေးဆောင့်ကြောင့်ထိုင်ချကာ လက်ဖဝါးလေးကိုကြည့်လိုက်သည်။
"မင်းဒဏ်ရာရထားတာလား။ နာနေလားဟင်။"
ရှုလင်ကျားသည်တောင်ထွတ်ပေါ်တွင်ဓားဆွဲထုတ်လိုက်တုန်းက ဒဏ်ရာရသွားခဲ့ကာ သူ၏ညာဘက်လက်တွင်အပေါက်သေးသေးလေးတစ်ပေါက်ကျန်ရစ်ခဲ့၏။ ငါကိုယ့်ကိုယ်ကိုတောင်ဂရုမစိုက်နိုင်ခဲ့ဘူး။ မြေခွေးအဖြစ်ပြောင်းသွားပြီးနောက် အမွှေးမှာအလွန်ဖြူဖွေးလှသဖြင့် သွေးကွက်ကအနည်းငယ်သိသာနေပေသည်။
သို့ပေမဲ့ မိန်းကလေးမှာမြေခွေးလေးအကူအညီတောင်းနေသည်ဟု ထင်လိုက်မိသဖြင့် အဝတ်ထဲမှလက်ကိုင်ပုဝါအဟောင်းတစ်ခုကိုခပ်မြန်မြန်ထုတ်ကာ ဖြန့်လိုက်ပြီး သူ၏ဒဏ်ရာကိုပတ်တီးစီးပေးရန် ရှုလင်ကျား၏ရှေ့ခြေဖဝါးနှစ်ဖက်ကိုမလိုက်သည်။
ရှုလင်ကျားကရိုးသားစွာပူးပေါင်းပေးလိုက်ပေမဲ့ တကယ်တမ်းတွင်မူ မိန်းကလေး၏ဘေးတွင်ချထားသောဓားငယ်လေးကိုကြည့်ဖို့ရန် အခွင့်ရေးယူနေခြင်းပင်။
သူကပဲဆတ်ဆတ်ထိမခံဖြစ်နေလားတော့ သူမသိပေ။ ဓားကား မိန်းကလေး၏ဝယ်ယူခြင်းခံလိုက်ရပြီးနောက် ဓားအသက်ရှုသံတွင် နာကျည်းမှုနည်းပါးသွားပုံပေါ်ကာ သို့ပေမဲ့ဝမ်းနည်းမှုနှင့်ဒေါသတို့အနည်းငယ်ပိုလာသည်။
မတူညီသောဓားတစ်လက်ချင်းစီတွင် ၎င်း၏ကိုယ်ပိုင်သီးခြားဓားရှုရှိုက်သံရှိသည်။ သို့ပေမဲ့ ဤကဲ့သို့များပြားရှုပ်ထွေးသောစိတ်ခံစားချက်များကိုတော့ သူပထမဆုံးမြင်ဖူးခြင်းပင်။
ယေဘုယျအားဖြင့် ဓားပေါ်တွင်မိစ္ဆာဝိညာဥ်ခပ်ဖျော့ဖျော့ရှိနေပြီး ၎င်းမှာပြင်းထန်သည့်အရာဖြစ်ပုံမပေါ်။
သာမန်လူသားတစ်ယောက်အတွက် ဤကဲ့သို့မိစ္ဆာပစ္စည်းမျိုးကိုကိုင်ဆောင်ဖို့ဆိုတာ မကောင်းလှ။ သို့ပေမဲ့ သူသာဓားကိုယူပြေးသွားမယ်ဆိုရင် အရမ်းများမသေမျိုးဆန်သွားမလား။
ထိုအကြောင်းစဥ်းစားပြီးနောက် ဒဏ်ရာမှာပတ်တီးစီးပြီးသွားလေပြီ။
မိန်းမငယ်လေးကရှုလင်ကျား၏လက်ဖဝါးလေးကို မြေပြင်ပေါ်သို့ဂရုတစိုက်ချကာ ရေရွတ်သည်။
"ဒီလိုပုံစံနဲ့မင်းလမ်းလျှောက်နိုင်သေးရဲ့လား။"
ရှုလင်ကျားသည် မံမီအဖြစ်သို့စည်းနှောင်ထားသောသူ၏ရှေ့ခြေဖဝါးကိုမကာ ကြည့်လိုက်ပြီး ကလေးနှစ်ယောက်ကမိန်းကလေး၏အနောက်သို့ခြေဖျားထောက်ကာလျှောက်လာသည်ကို ရုတ်တရက်မြင်လိုက်ရပြီး ၎င်းတို့အနက်တစ်ယောက်မှာလက်ထဲတွင်မှင်ခွက်တစ်ခွက်ကိုင်ထားပြီး မျက်စိတစ်ဖက်မှိတ်ပြကာ သူမ၏ခေါင်းပေါ်လောင်းကျရန်ကြိုးစားနေပေသည်။
သူ့နံဘေးရှိလူရွယ်မှာဒါကိုမြင်လိုက်ရပြီး ဤရိုင်းစိုင်းသောကလေးများကတကယ်ပဲမဆီလျော်ဟု ခံစားမိသည်။ သူမျက်မှောင်ကြုတ်ကာ အော်မလို့ပြင်လိုက်ချိန်တွင် လျှပ်တပြက်အဖြူရောင်အရိပ်လေးကိုမြင်လိုက်ရသည်။
___မိန်းကလေး၏အရှေ့တွင်ရှိနေသောမြေခွေးဖြူလေးကား အပေါ်ကိုခုန်ကာ မိန်းကလေး၏ပုခုံးပေါ်သို့တိုက်ရိုက်ခုန်တက်လိုက်ပြီး မှင်ခွက်သယ်ထားသောကောင်လေး၏လက်မောင်းပေါ်သို့ခုန်အုပ်ကာ မှင်ခွက်အားလက်တစ်ဖက်ဖြင့်မှောက်ချပစ်လိုက်၏။
ရှုလင်ကျားသည်မျက်မှောက်တွင်မြေခွေးတစ်ကောင်ဖြစ်နေရင်တောင်မှ သာမန်လူတွေကိုရိုက်နှက်ဖို့ရန်လုံလောက်တာထက်ပိုပြီး ဤလက်ဖဝါးမှာပေါ့သေးသေးတော့မဟုတ်။
မှင်ရည်များကကောင်လေး၏မျက်နှာထံသို့ ပန်းကန်လုံးနှင့်အတူစင်သွားကာ သူ့အားနာကျင်စွာအော်သွားစေပြီး သူ၏နှာခေါင်းရိုးမှာယောင်ကိုင်းလာပေသည်။
ကောင်လေး၏မျက်လုံးများသည်မှင်ရည်များနှင့်ဖုံးအုပ်နေပြီး သူ့လက်မောင်းများကိုကြုံရာကျပန်းဝှေ့ရမ်းကာ ရှုလင်ကျားအားပစ်ထုတ်လိုက်၏။
ရှုလင်ကျားသည်လမ်းမပေါ်တွင်အလွန်သိသာမထင်ရှားသဖြင့် သူလည်းပဲလွှင့်ဝဲလိုက်ကာ သူ့နံဘေးရှိပြတင်းပေါက်ဘောင်ပေါ်တွင်ခြေချရန်ကြံရွယ်ထားသည်။
ထိုအခိုက် အပင်စောင်းမှလက်တစ်ဖက်ထွက်လာပြီး သူ့အားမြဲမြံစွာဖမ်းဆုပ်လာ၏။
နှစ်ဦးသားထိတွေ့မိသည့်တစ်ခဏ၊ နွေရာသီညနေခင်းတွင်ကြာပန်းရနံ့နှင့်အတူ ရုတ်တရက်တိုက်ခတ်လာသောလေရူးတစ်သုံနှယ် ခန္ဓာကိုယ်တစ်ခုလုံးမှာချက်ချင်းပင်အသက်ရှုသံများစီးဆင်းသွားပေသည်။
ဤကား သူ့အားထိုးနှက်နေခဲ့သောသူ၏ရင်ဘတ်ရှိအတွင်းဒဏ်ရာကိုပင် တစ်အောင့်မျှသက်သာသွားစေသည်။
ရှုလင်ကျားသည်သွယ်လျကာလှပသောလက်ထဲမှမတ်တပ်ရပ်ကာ တစ်ဖက်လူ၏လက်ဖဝါးထဲမှမော့ကြည့်လိုက်ရာ သူ့ကိုဖမ်းလိုက်သောသူမှာလူငယ်တစ်ယောက်ဖြစ်နေကြောင်း မြင်လိုက်ရသည်။
ကျင့်ကြံရေးလောက၌၊ ချောမောခန့်ညားသောအမျိုးသားများနှင့် လှပသောအမျိုးသမီးများအမြဲတစေပေါများလှပြီး ရှုလင်ကျား၏ရုပ်ရည်သွင်ပြင်မှာပို၍ပင်ထူးခြားလှ၏။ သို့ပေမဲ့ သူသည်မောက်မာလှကာ သူ၏အလှတရားထဲတွင်မိန်းမောနေလျှင်ပင် ၊ ဤလူငယ်လေးယခုဝတ်ထားသည်မှာ ချမ်းသာကြွယ်ဝသောအဆင့်အတန်းမျိုးပင်။
သူကားနှုတ်ဆိတ်လျက်မျက်လွှာချထားပြီး သိမ်မွေ့၊တည်ငြိမ်အေးဆေးကာ ညှို့အားပြင်းလှပြီး တောက်ပသောအလင်းရောင်ကသူ၏နူးညံ့ကာ အပြစ်အနာအဆာကင်းသောမျက်နှာကိုတန်ဆာဆင်ပေးနေသည်မှာ ကြယ်တွေအပြည့်နှင့်ကောင်းကင်ယံအောက်တွင် တိတ်တဆိတ်စီးဆင်းနေသောမြစ်တစ်စင်းအလား။
ကျယ်ပြောသောရေမျက်နှာပြင်အောက်တွင်ပိတ်မိနေသော ရေစီးကြောင်းနှင့်ရေလှိုင်းများအနေဖြင့် ၎င်းတို့မှာအပြင်လူနှောင့်ယှက်စော်ကားခွင့်မရှိ။
သူ့အနောက်ရှိနန်းတော်အစောင့်များသည် တိတ်တိတ်လေးရပ်နေသည်မှာ တစ်ဦးတည်းဖြစ်နေသည့်နှယ်။
ရှုလင်ကျားသူ့ဘာသာသူတွေးလိုက်သည်။
"ရှားပါးလိုက်တာ။ သူကတကယ်ကိုငါသိတဲ့တစ်ယောက်ပဲ။"
ကျင်းဖေးထုန် ၊ လင်ရှောင်းဂိုဏ်း၏တခြားဂိုဏ်းခွဲဖြစ်သောနှလုံးသားဂိုဏ်း၏ပထမဆုံးသောတပည့်၊ ပြောရမည်ဆိုလျှင် ဤလူအား ရှစ်ရှုန်းဟု သူခေါ်ရလိမ့်မည်ပင်။
ကျင်းဖေးထုန်သည် ဒဏ္ဍာရီလာထူးခြားဆန်းကြယ်သော ပီလော့နန်းတော်ထဲတွင်မွေးဖွားလာခဲ့၏။ သူကား လင်ရှောင်းကျောင်းတော်တွင်ပညာသင်သွားပြီးမကြာမီမှာဘဲ ထွက်သွားခဲ့သည်။ သူသည် ပီလော့နန်းတော်လက်အောက်ရှိ ဟောခန်းမဆယ်ခုအနက်တစ်ခုဖြစ်သော မေ့လျော့ခံနန်းတော်ကိုအုပ်စိုးခဲ့ရ၏။ ထိုစဥ်ကတည်းက လူတွေရှေ့တွင်ပေါ်လာသည်မှာရှားပါးလှပေသည်။
ထို့ကြောင့်၊ နှစ်ဦးသားသည်တူညီသောရင်းမြစ်မှဖြစ်သော်လည်း ရှုလင်ကျားမှာကျင်းဖေးထုန်နှင့်အကြိမ်အနည်းငယ်သာတွေ့ဖူးပြီး စကားပြောဖို့ရန်အခွင့်အရေးအလွန်နည်းပါးလှသည်ဖြစ်ရာ သူတို့မှာတစ်ဦးနှင့်တစ်ဦးအလွန်မရင်းနှီးပါပေ။
ဒီလူကိုငါတွေ့လိုက်ရချိန်မှာ ထူးဆန်းတဲ့ခံစားချက်တစ်ခု...
စက်ရုပ်သံကရုတ်တရက်ထွက်ပေါ်လာသည်။
အဆင့်နိမ့်အမြှောက်စာဇာတ်ကောင်မှ အဆင့်မြင့်အမြှောက်စာဇာတ်ကောင်သို့ တာဝန်ဘောင်ကွက်ပေါ်ကယူနစ်ဘားပင်အနည်းငယ်မြင့်တက်သွား၏။
ရှုလင်ကျားမထင်မှတ်ထားမိစွာပြောလိုက်သည်။
"စနစ်?"
သူအခုဘာတာဝန်မှမလုပ်ရသေးဘူးလေ။ ဒါဆိုဘာလို့များတိုးလာရတာလဲ။
စနစ်၏လေသံကားပုံမှန်ထက်အနည်းငယ်ပို၍စိတ်လှုပ်ရှားနေပေသည်။
[ကောင်းလိုက်တာ၊ အကြီးမြတ်ဆုံးဗီလိန်လေ! အကောင်းစားအထောက်အပံ့ကြီးပေါ့!]
၎င်း၏လေသံမှာ စနစ်ကဆိုင်အိုကြီး၏ဆန့်ကျင်ဖက်ဖြစ်သော ကြက်ကင်အကြောင်းပြောနေသည်ဟု ရှုလင်ကျားအားတစ်အောင့်မျှတွေးမိသွားစေသည်။
သူပြောလိုက်သည်။
"ကျင်းဖေးထုန်က...ဗီလိန်လို့မင်းပြောလိုက်တာလား။"
"တန့်ရှန်း"ဝတ္ထုဇာတ်ကြောင်းကား အလွန်ကြွယ်ဝလှပြီး သူရရှိခဲ့သည့်ဇာတ်ညွှန်းအတိုအထွာမှာ သူကိုယ်တိုင်နှင့်ဆက်နွယ်နေလောက်မည်ပင်။ ကျင်းဖေးထုန်ဆီမှာဖြစ်သွားသောကိစ္စနှင့်ပတ်သတ်၍ သူအထူးတလှယ်အာရုံစိုက်မနေတော့။
စနစ်ကပြောသည်။
[ကျင်းဖေးထုန် ၊ ဝတ္ထုစာအုပ်ထဲကအကြီးမြတ်ဆုံးဗီလိန်။]
[ဗီလိန်နှင့်ထိတွေ့ဆက်ဆံခြင်းဟာ အမြှောက်စာဇာတ်ကောင်ပေါ်က ဆိုးဝါးတဲ့ဇာတ်ကြောင်းသက်ရောက်မှုကိုလျော့ကျစေနိုင်ပြီး ကံကောင်းမှုတန်ဖိုးကိုမြင့်တက်လာနိုင်စေပါတယ်။]
ဒါကနားလည်ဖို့လွယ်သည်။ အဆုံးတွင် ဗီလိန်များကား အဓိကဇာတ်ဆောင်များဖြစ်သည်ပင်။ ဗီလိန်နှင့်များများဆက်ဆံလေလေ ၊ အဓိကဇာတ်ဆောင်၏ရောင်ဝါကိုပယ်ဖျက်ဖို့ရန်လွယ်ကူလေလေပင်။
စနစ်ကဆိုသည်။
ရှုလင်ကျား: "...အိပ်မက်မက်နေလိုက်။"
သူကလက်ရှိမှာကံဆိုးပြီး မြေခွေးအသွင်ကိုယာယီထိန်းထားရပေမဲ့ သူ့ရဲ့အပြောင်းအလဲမရှိတဲ့မျက်နှာသေနဲ့ သိမ်မွေ့တာ၊ မျက်နှာသေနဲ့မောက်မာတာကို သူထိန်းကိုထိန်းသိမ်းထားပြီး အကြင်နာတရားမရှိတဲ့မြေခွေးတစ်ကောင်ပဲဖြစ်ရမှာ။ သူဘာလို့မြေခွေးလာဖြစ်နေရတာလဲ။ အမြှီးလှုပ်ပြရမယ်တဲ့လား?!
ရှုလင်ကျားသည်ဒါကိုမျက်နှာသေဖြင့်တွေးနေမိပြီး ကျင်းဖေးထုန်၏လက်ဖဝါးအား အဝတ်စီးထားသောလက်ဖဝါးလေးဖြင့် မသိလိုက်မသိဘာသာပွတ်သပ်နေမိကာ သူ၏ကံကောင်းမှုတန်ဖိုး၂ပွိုင့်တိုးလာသည်ကိုသာ ကြားနေရပေ၏။
ကျင်းဖေးထုန်မှာလက်ဖဝါးယားလာပြီး မြေခွေးကိုလွှင့်ပစ်မိမတတ်ပင်။
ရှုလင်ကျားကိုသူဒီမှာလာတွေ့သည်ကား တိုက်ဆိုင်မှုသက်သက်မျှသာ။
ကျင်းဖေးထုန်သည် အများအားဖြင့် ဝေးလံသောပီလော့နန်းတော်တွင်နေထိုင်၏။ သူ့မျက်နှာကိုပြခဲကာ သာမန်လူများသူ့ကိုဘယ်အချိန်နောက်ဆုံးမြင်ခဲ့လဲဆိုတာကို မတွေးတတ်တော့ပေ။ ယခုတွင် သူသည် သစ္စာဖောက်ကိုအမဲလိုက်ဖို့ ရှင်းထုန်ကိုကူညီရန်ပေါ်လာခဲ့ခြင်းပင်။
မထင်မှတ်ထားစွာဖြင့် ငါဒီမြို့ကိုပထမဆုံးရောက်လာချိန်မှာ ငါဘာလုပ်ရမယ်မှန်းမသိပေမဲ့ မြေခွေးကလေထဲမှကျလာခဲ့သည်။
ကျင်းဖေးထုန်သည်ဒါကိုဖမ်းလိုက်တုန်းက သက်ရှိဖြစ်နေသည်ဟုမထင်ထားခဲ့ဘဲ သူ့မျက်နှာအနည်းငယ်ပြောင်းလဲသွားရသည်။
ဤမြင်ကွင်းကိုမြင်လိုက်ရရင်း ပီလော့နန်းတော်ရှိ နန်းတွင်းအစောင့်တပ်သားများမှာ ကူကယ်ရာမဲ့စွာအသက်အောင့်လိုက်မိကြသည်။
သူတို့၏အရှင်သည်အပြင်ပန်းတွင်နူးညံ့သိမ်မွေ့ပုံပေါ်ပေမဲ့ တကယ်တမ်းတွင်သူဟာရာထူးအမြင့်ကိုရထားသည်မှာအကြာကြီးရှိနေပြီဖြစ်ကာ သူသည်အလွန်ကျက်သရေရှိလှ၏။ သူသည် လူတွေနှင့်ပြောဆိုဆက်ဆံရသည်ကိုမနှစ်သက်သဖြင့် မည်သူကမျှသူ့ခွင့်ပြုချက်မရှိဘဲ ကြားရက်များတွင်သူ့ကိုလာမတွေ့ရဲ။
ယခုမူ သူကမြေခွေးကိုထိလိုက်တယ်လေ!
ဤကဲ့သို့ကြောက်မက်ဖွယ်ရာမြင်ကွင်းနှင့် သူတို့အိပ်မက်ပင်မမက်ရဲကြပေ။
သွားပြီ၊ မြေခွေးလေးရေ၊ မင်းတော့သွားပြီဟ။
သူတို့၏စိုးရိမ်ပူပန်မှုများဟာအပိုလုပ်နေခြင်းမဟုတ်။ ကျင်းဖေးထုန်တစ်ယောက်ဒါကိုသူ့လက်နှင့်ဖမ်းလိုက်မှန်းသိလိုက်ရချိန်တွင် ရွံရှာနေပြီဖြစ်ကာ သူ၏ပထမဆုံးတုံ့ပြန်မှုကားဒီအရာကိုသူ့လက်ထဲမှဖယ်ထုတ်ခြင်းပင်။
သို့ပေမဲ့ သူလက်တွေ့မလုပ်ရသေးခင်မှာဘဲ မြေခွေးကရှေ့တစ်လှမ်းတိုးကာ နူးညံ့သောလက်ဖဝါးသေးသေးလေးအား သူ့လက်ကောက်ဝတ်ပေါ်သို့နင်းချလိုက်ပြီး ခေါင်းမော့ကာ သူ့အားဂုဏ်ယူစွာကြည့်လာပေသည်။
ကျင်းဖေးထုန်: "..."
သို့ပေမဲ့ မဖော်ပြနိုင်လောက်သောတုံ့ဆိုင်းမှုကား ဤအကောင်သေးသေးလေးသူ့လက်ဖဝါးပေါ်တွင်ရပ်နေသည့်အထိအတွေ့ကို ခံစားမိဖို့ရန်လုံလောက်နေလေပြီ။
မြေခွေးကသူ့လက်ပေါ်တွင်ရပ်နေပြီး သူ၏သွင်ပြင်က သူ၏နက်မှောင်သောမျက်လုံးထဲတွင်ရောင်ပြန်ဟပ်နေသည်။
တိရစ္ဆာန်သေးသေးလေးတို့၏ နူးညံ့ပျော့ပြောင်းသောခန္ဓာကိုယ်၊ နွေးထွေးသောကိုယ်အပူချိန်၊ အသက်ရှုသံနှင့် နှလုံးခုန်သံကား ပဲ့ကြွေလွယ်သောသဘောနှင့် ဘဝ၏အလှတရားကိုဆောင်ကျဥ်းပေး၏။
ကျင်းဖေးထုန်ဟာလည်းသူ့ကိုကြည့်နေသည်။
တစ်ဖက်တွင် နားရွက်ဖွာဖွာလေးများ၊ နှာခေါင်းလုံးလုံးနှင့် အမြှီးဖွာဖွာကြီးတစ်ခုရှိနေသော်လည်း...အရမ်းသေးနေတာကလွဲရင် မင်းသူ့ကိုဘယ်လောက်ပဲကြည့်ကြည့်၊ သူကမြေခွေးပေါက်စလေးတစ်ကောင်ဖြစ်နေပေ၏။
သို့သော် တစ်ဖက်လူ၏မျက်လုံးထဲတွင်ရုန်းကန်မှုနှင့် ကြေကွဲမှုကို သူမြင်နေရသည်ဟု သူတကယ်ပဲခံစားမိသည်။
Advertisement
ရှုလင်ကျား: "..."
ကျင်းဖေးထုန်: "???"
နှစ်ဖက်စလုံးသည်ပြောစရာစကားမဲ့ကာ ဆက်သွယ်ဖို့ရန်ကြိုးစားနေကြ၏။
တစ်အောင့်မျှကြာသော် မြေခွေး၏အမြှီးကြီးကတည့်မတ်စွာထောင်လာသည်မှာ စစ်ကြေငြာနေသည့်အလံတစ်လံနှယ်။
မကြာမီမှာဘဲ နောက်ထပ်'ကလစ်'ဟူသောအသံထွက်လာကာ အမြှီးပြန်ကျသွားတော့သည်။
သူဘာလုပ်နေမှန်းတော့ငါမသိဘူး။ ဒါပေမဲ့ နည်းနည်းတော့...ချစ်ဖို့ကောင်းသလိုပဲ။
[ကံကောင်းမှု: +5]
___ဒါကအမြှီးလှုပ်ပြလိုက်တယ်လို့ ယူဆလို့ရတယ်မလား။
ရှုလင်ကျားကမသေချာမရေရာတွေးမိသည်။
သူအမြှီးကိုတဖျတ်ဖျတ်လှုပ်ခါမပြနိုင်ပေ၊ ဒီလိုမျိုးကြိုးစားတာတောင် အကန့်အသတ်ရောက်နေလေပြီ။
ရှုလင်ကျားအစတုန်းကအရှုံးမပေးချင်ပေမဲ့ ကျင်းဖေးထုန်နှင့်နီးစပ်ဖို့သူကြိုးစားလိုက်တုန်းက သူ့တစ်ကိုယ်လုံးပို၍သက်တောင့်သက်သာဖြစ်ကာ ပေါ့ပါးလာကြောင်း တွေ့လိုက်ရပြီး ဗလာသက်သက်ဒန်ထျန်းပင် သိပ်သည်းသောစိတ်ဝိညာဥ်စွမ်းအားဖြစ်သွားသည့်ပုံပေါ်သည်။
သူ့ဘေးတွင်လည်းသူ့ကိုအဆက်မပြတ်လှုံ့ဆော်နေသောစနစ်ရှိပေသည်။
[အမြှီးလှုပ်ပြလိုက်ရုံပဲလေ၊ Hostဘယ်သူမှန်းသူတို့မသိပါဘူးဆို!]
[Hostအမြှီးလှုပ်လိုက်တဲ့ပုံက တကယ်တော့အရမ်းချစ်စရာမကောင်းပါဘူး။ တော်တော်လေးခန့်ညားတာပါ!]
[ရန်သူရဲ့ရန်သူကမိတ်ဆွေပဲ။ သူကဗီလိန်လေ၊ Hostနဲ့အတူဆိုရင်!]
အမြဲတစေတသီးတသန့်နေတတ်သောဤဆရာတူအစ်ကိုကား နောက်ဆုံးတွင် ကမ္ဘာကြီးကိုဖျက်ဆီးရန်ကြံရွယ်နေသော ဗီလိန်တစ်ယောက်ဖြစ်လာလိမ့်မည်ကို တွေးမိရင်း ရှုလင်ကျား၏နှလုံးသားမှာအနည်းငယ်လှုပ်ခတ်သွားရသည်။
ဤမတော်တဆအပြင် "ကမ္ဘာကြီး၏အဆုံးသတ်မှကြွေကျလာခဲ့သောတူညီသည့်လူများ"ဆိုသည့်ရင်းနှီးမှုအနည်းငယ်ကို ငါကူကယ်ရာမဲ့စွာတွေးလိုက်မိသည်။
သူသည် ကနဦးအစတုန်းက ကောင်းကင်ဘုံ၏အနှစ်သက်ခံသားတော်တစ်ပါးဖြစ်ခဲ့ပြီး လူထောင်ပေါင်းများစွာ၏ယုံကြည်ကိုးစားခြင်းခံခဲ့ရပေမဲ့ သူနိုးလာသော် လူတိုင်းကသူ၏ဆွေမျိုးများကိုသစ္စာဖောက်ကာ ထွက်သွားကြပြီး သူကား အဆုံးသတ်မကောင်းသည့်အမြှောက်စာဇာတ်ကောင်ဖြစ်ရန် ကံဇာတာပါလာကြောင်းကိုလည်း သိခဲ့ရ၏။ ဤခံစားချက်မှာအရမ်းကိုမဖော်ပြလောက်ဖွယ်ရာ။
ဤကဲ့သို့ကံမကောင်းအကြောင်းမလှသောအခြေအနေနှင့် ရင်ဆိုင်ရစဥ်တွင် သူနှင့်ကံကြမ္မာတူသောလူစားကိုရှာတွေ့ရန်ခဲယဥ်းလှသည်။
ရှုလင်ကျား၏နှလုံးသားပြေလျော့သွားကာ စနစ်ကသူ့ကိုဆက်လက်ဆွဲဆောင်နေသဖြင့် သူ၏မြင့်မြတ်သောအမြှီးကိုဗလာနတ္ထိလှုပ်ရမ်းလိုက်ပေမဲ့ ကံကောင်းမှုတန်ဖိုးမှာလွယ်ကူစွာမြင့်တက်လာခဲ့သည်။
လူတစ်ယောက်နှင့်မြေခွေးတစ်ကောင်ဟာ သူတို့၏နှလုံးသားထဲတွင် ကိုယ်ပိုင်အတွေးများရှိနေကြသည်။ အပြင်လူများအတွက်မူ ဒါဟာ "ခွဲခြား၍မရနိုင်"။
ထို့အပြင်၊ ဤမြေခွေးသည်အရမ်းကိုလူသားဆန်လွန်းလှပြီး မြေခွေးအသက်ရှုသံကနေငါခံစားမိတာက ၎င်းဟာမိစ္ဆာမကောင်းဆိုးဝါးတစ်မျိုးမျိုးမှအသွင်ပြောင်းလာတာမဟုတ်သည်က အရမ်းကိုသြချဖွယ်ရာပင်။
ကျင်းဖေးထုန်၏လက်အောက်ငယ်သားလူငယ်လေးမှာ အရမ်းကိုစိတ်ဝင်တစားကြည့်မိကာ မအောင့်အီးနိုင်တော့ပေ။ ဘေးမှသူ့လက်ကိုဆန့်ထုတ်လိုက်ပြီး မြေခွေးလေး၏ခေါင်းကိုထိဖို့ကြိုးစားလိုက်သည်။
"အရှင်ကတော့တကယ့်ကိုအရှင်ပါပဲ။ မြေခွေးတောင်မလွန်ဆန်နိုင်ဘူး..."
မြေခွေးလေးမှာသူ့ကိုထိခွင့်မပေးဘဲ ခေါင်းကိုစိတ်မရှည်စွာလှည့်လာကာ သူ့လက်အား လက်သည်းများဖြင့်တွန်းထုတ်လိုက်ကာ လက်ပြန်ရုတ်လိုက်ပြီး ကျင်းဖေးထုန်၏လက်ပေါ်သို့ထပ်မံနင်းလိုက်ပြန်၏။
လူငယ်လေး: "..."
သူကတကယ်ပဲသူဖြစ်နေတုန်းပဲကိုး။ မြေခွေးတောင်သူ့ကိုသဘောမကျဘူး။
သူ့ဘေးရှိလူနည်းစုမှာကျင်းဖေးထုန်ကိုဟန့်တားထားကြသည်။ သူတို့သည်ရယ်ချင်ပေမဲ့ မရယ်ရဲသဖြင့် ခေါင်းငုံ့ကာအောင့်အီးထားမိ၏။
ဒီတစ်ကြိမ်၌မူ၊ နောက်ထပ်အနက်ရောင်ဝတ်နန်းတွင်းအစောင့်က တည်ငြိမ်စွာပြောလာသည်။
"အရှင်၊ ဒီမြေခွေးရဲ့အမြှီးကိုကြည့်ကြည့်ပါအုံး၊ အရမ်းကိုအထူးတဆန်းလှုပ်ယမ်းနေတာဗျ။ တခါတလေကျရင် အမြှီးကအပေါ်ကိုညွှန်ပြပြီး တစ်ခါတရံကျရင် အောက်ကိုကျသွားပြန်ရော။ သူကတစ်ခုခုကိုစောင်းပါးရိပ်ခြည်ပြောနေတာများလား။"
"ဟုတ်တယ်။ မြေခွေးအမြှီးဒီလိုလှုပ်တာကိုကျွန်တော်တစ်ခါမှမမြင်ဖူးဘူး။ တကယ်ထူးဆန်းတယ်နော်။"
"ထိပ်ဖျားက ပီလော့ကိုရည်ညွှန်းပြီး အောက်ဖက်က ဟွမ်ချွမ်းကိုဆိုလိုတာဖြစ်နေမလား။"
ရှုလင်ကျား: "..."
သူ၏စိတ်နေသဘောထားမှာ သွေးအေးပြတ်သားပြီး သူ၏သွေးနှင့်ချွေးကိုဂုဏ်ယူကာ အလိုလိုက်ခံထားရသောကလေးတစ်ယောက်ကဲ့သို့ပြုမူခဲ့သည်။ ချစ်စရာကောင်းသည်ကိုရှက်ရွံ့သဖြင့် သင်သာမြေခွေးတစ်ကောင်ဖြစ်လာခဲ့လျှင်ပင် သိက္ခာအကျမခံသည့်ဂုဏ်မောက်သောမြေခွေးတစ်ကောင်ဖြစ်နေဆဲပါပင်။
ကနဦးအစတွင် ကံကောင်းမှုတန်ဖိုးကတကယ်ပဲမြင့်တက်လာတာကို ငါကြားလိုက်ရပြီး ငါခဏတာအပျော်လွန်သွားတာကြောင့် ငါ့နှလုံးသားထဲကထူးဆန်းမှုကြီးကိုလွှတ်ချလိုက်ပြီး ငါ့အမြှီးကိုအကြိမ်အနည်းငယ်လောက်လှုပ်ခါပြလိုက်တယ်။
ယခုမူ သူဟာလူကိုယ်တိုင်ထိုးနှက်ခံလိုက်ရပြီး သူ့ကိုပတ်ပတ်လည်ဝိုင်းကြည့်နေကြသဖြင့် ရှုလင်ကျားသူ့မျက်နှာကိုအဖက်မဆယ်နိုင်တော့ပေ။
အမြှီးကြီးကအပေါ်အောက်တောင့်ခဲနေသည်။ ဝန်းရံထားသောလူတွေက သူအပေါ်မြှောက်မလား၊ အောက်ချမလားဆိုတာကို ကြည့်ဖို့စောင့်ဆိုင်းနေကြသည်။ ရှုလင်ကျားခပ်ဖွဖွနှာမှုတ်လိုက်ကာ ကျင်းဖေးထုန်၏လက်ကိုကန်ခဲ့လိုက်ပြီး မြေကြီးပေါ်ခုန်ချကာ လှည့်ထွက်လာလိုက်တော့သည်။
လူတိုင်းကပြောမိကြသည်။
"အာ"
ကျင်းဖေးထုန်သည် မြေခွေးလေးတစ်ကောင်မရပ်တန့်ဘဲထွက်သွားသည်ကိုကြည့်နေရင်း ခပ်ဖျော့ဖျော့အပြုံးတစ်ပွင့်နှင့်ပြောလိုက်၏။
"တကယ်ထိန်းမနိုင်သိမ်းမနိုင်လေးပဲ။ တကယ်လို့ မင်းကိုလူတွေကဝန်းရံပြီးလက်ညှိုးထိုးနေမယ်ဆိုရင် ဘယ်သူကမှပျော်ရွှင်မှာမဟုတ်ဘူး။"
သူ၏လေသံမှာသိမ်မွေ့ကာ ပျင်းရိမှုတစ်စွန်းတစ်စပါနေပြီး ပြက်လုံးတစ်ခုနှယ်ပြောလာခဲ့ပေမဲ့ လက်အောက်ငယ်သားတို့မှာချက်ချင်းတိတ်ကျသွားကြကာ မည်သူကမျှစကားမပြောရဲကြတော့။
ကျင်းဖေးထုန်သည် လက်ကိုင်ပုဝါတစ်ခုကိုဖြေးညှင်းစွာထုတ်ကာ သူ့လက်ကိုသုတ်လိုက်ပြီး နံရံထောင့်တွင်ခပ်ကုပ်ကုပ်လေးရပ်နေကာ မြေခွေးလေးကိုကြည့်နေသောမိန်းကလေးတစ်ယောက်ကိုမြင်လိုက်၏။
ကျင်းဖေးထုန်ကသူမကိုနှုတ်ဆက်သည့်အနေဖြင့်ခေါင်းငြိမ့်ပြလိုက်ပြီး လှည့်ကာ သူ၏လက်အောက်ငယ်သားများကိုအမိန့်ပေးလိုက်သည်။
"သွားမယ်။"
အုပ်စုထွက်သွားတော့ မိန်းမငယ်လေးကခြေလှမ်းစိပ်စိပ်ဖြင့်လျှောက်လာပြီး ရှုလင်ကျားအားမေးသည်။
"မင်းအဆင်ပြေရဲ့လား။"
မိန်းမငယ်လေးသည်ရှုလင်ကျား၏ပတ်တီးစီးထားသောဒဏ်ရာကိုစစ်ဆေးကာ တီးတိုးပြောလာ၏။
"မင်းခုနကတို့ကိုကယ်ခဲ့တာလား။ ကျေးဇူးပါနော်။"
ရှုလင်ကျားကမျက်နှာသေနှင့်ပင်။
မိန်းကလေး၏ဖျော့တော့သောမျက်နှာထက်တွင် အပြုံးသေးသေးလေးတစ်ပွင့်ပေါ်လာကာ ရှုလင်ကျား၏နားရွက်အားညင်သာစွာပွတ်သပ်ပေးလာသည်။
"မင်းကအရမ်းချစ်စရာကောင်းတယ်။"
ရှုလင်ကျားသည် "ချစ်စရာကောင်းတယ်"ဟူသောစကားကိုကြားပြီး သူ့တစ်ကိုယ်လုံးပေါ်ကအမွှေးများပေါက်ကွဲလုမတတ်ပင်၊ သူမ၏လက်ကိုတွန်းထုတ်ရန် သူ့လက်ဖဝါးကိုမြှောက်လိုက်သည်။
သို့သော် မိန်းကလေး၏မျက်ဝန်းထဲကမျက်ရည်စတချို့ကိုမြင်လိုက်ရပြီးနောက် သူ့လက်ဖဝါးကိုဖြေးဖြေးချင်းပြန်ချကာ အရှက်ကွဲခြင်းကိုသည်းခံလိုက်သည့်နှယ် သူ့လည်ပင်းကိုဆွဲဆိတ်လိုက်ပြီး သူမအားသူ့ကိုအကြိမ်အနည်းငယ်ထိတွေ့ခွင့်ပေးလိုက်၏။
_______________________________________________________
အခုတလောပြောထားတဲ့အတိုင်း updateမှန်နေသောအခါ.....ဗက်ဟက်ဟက်
_________________________________________________________________
!zawgyi!
"ေျမေခြးတစ္ေကာင္ရဲ႕လူမႈက်င့္ဝတ္က အျမႇီးကိုလႈပ္ယမ္းျပတာပဲ"
______________________________________________________
မိန္းကေလးရပ္သြားတာကိုျမင္လိုက္ရရင္း ေျမေခြးေလးဟာလည္းရပ္တန့္လိုက္ၿပီး ေခါင္းေလးကိုေမာ့ကာ သူမအား စိုစြတ္ေသာမ်က္လုံးဝိုင္းဝိုင္းေလးမ်ားျဖင့္ၾကည့္လာေပသည္။
မည္သည့္မိန္းကေလးကမွ်ထိုကဲ့သို႔ပုံစံမ်ိဳးကိုမေတာင့္ခံနိုင္ေပ။ မိန္းကေလးကခက္ခက္ခဲခဲေရွ႕ကိုေလွ်ာက္လာလိုက္ေပမဲ့ ေျမေခြးေလး၏ညာဘက္ေရွ႕ေျခဖဝါးေပၚတြင္ ေသြးစြန္းေနသည္ကို သူမ႐ုတ္တရက္ျမင္လိုက္ရသည္။
သူမျမန္ျမန္ေလးေဆာင့္ေၾကာင့္ထိုင္ခ်ကာ လက္ဖဝါးေလးကိုၾကည့္လိုက္သည္။
"မင္းဒဏ္ရာရထားတာလား။ နာေနလားဟင္။"
ရႈလင္က်ားသည္ေတာင္ထြတ္ေပၚတြင္ဓားဆြဲထုတ္လိုက္တုန္းက ဒဏ္ရာရသြားခဲ့ကာ သူ၏ညာဘက္လက္တြင္အေပါက္ေသးေသးေလးတစ္ေပါက္က်န္ရစ္ခဲ့၏။ ငါကိုယ့္ကိုယ္ကိုေတာင္ဂ႐ုမစိုက္နိုင္ခဲ့ဘူး။ ေျမေခြးအျဖစ္ေျပာင္းသြားၿပီးေနာက္ အေမႊးမွာအလြန္ျဖဴေဖြးလွသျဖင့္ ေသြးကြက္ကအနည္းငယ္သိသာေနေပသည္။
သို႔ေပမဲ့ မိန္းကေလးမွာေျမေခြးေလးအကူအညီေတာင္းေနသည္ဟု ထင္လိုက္မိသျဖင့္ အဝတ္ထဲမွလက္ကိုင္ပုဝါအေဟာင္းတစ္ခုကိုခပ္ျမန္ျမန္ထုတ္ကာ ျဖန့္လိုက္ၿပီး သူ၏ဒဏ္ရာကိုပတ္တီးစီးေပးရန္ ရႈလင္က်ား၏ေရွ႕ေျခဖဝါးႏွစ္ဖက္ကိုမလိုက္သည္။
ရႈလင္က်ားကရိုးသားစြာပူးေပါင္းေပးလိုက္ေပမဲ့ တကယ္တမ္းတြင္မူ မိန္းကေလး၏ေဘးတြင္ခ်ထားေသာဓားငယ္ေလးကိုၾကည့္ဖို႔ရန္ အခြင့္ေရးယူေနျခင္းပင္။
သူကပဲဆတ္ဆတ္ထိမခံျဖစ္ေနလားေတာ့ သူမသိေပ။ ဓားကား မိန္းကေလး၏ဝယ္ယူျခင္းခံလိုက္ရၿပီးေနာက္ ဓားအသက္ရႈသံတြင္ နာက်ည္းမႈနည္းပါးသြားပုံေပၚကာ သို႔ေပမဲ့ဝမ္းနည္းမႈႏွင့္ေဒါသတို႔အနည္းငယ္ပိုလာသည္။
မတူညီေသာဓားတစ္လက္ခ်င္းစီတြင္ ၎၏ကိုယ္ပိုင္သီးျခားဓားရႈရွိုက္သံရွိသည္။ သို႔ေပမဲ့ ဤကဲ့သို႔မ်ားျပားရႈပ္ေထြးေသာစိတ္ခံစားခ်က္မ်ားကိုေတာ့ သူပထမဆုံးျမင္ဖူးျခင္းပင္။
ေယဘုယ်အားျဖင့္ ဓားေပၚတြင္မိစ္ဆာဝိညာဥ္ခပ္ေဖ်ာ့ေဖ်ာ့ရွိေနၿပီး ၎မွာျပင္းထန္သည့္အရာျဖစ္ပုံမေပၚ။
သာမန္လူသားတစ္ေယာက္အတြက္ ဤကဲ့သို႔မိစ္ဆာပစၥည္းမ်ိဳးကိုကိုင္ေဆာင္ဖို႔ဆိုတာ မေကာင္းလွ။ သို႔ေပမဲ့ သူသာဓားကိုယူေျပးသြားမယ္ဆိုရင္ အရမ္းမ်ားမေသမ်ိဳးဆန္သြားမလား။
ထိုအေၾကာင္းစဥ္းစားၿပီးေနာက္ ဒဏ္ရာမွာပတ္တီးစီးၿပီးသြားေလၿပီ။
မိန္းမငယ္ေလးကရႈလင္က်ား၏လက္ဖဝါးေလးကို ေျမျပင္ေပၚသို႔ဂ႐ုတစိုက္ခ်ကာ ေရ႐ြတ္သည္။
"ဒီလိုပုံစံနဲ႕မင္းလမ္းေလွ်ာက္နိုင္ေသးရဲ႕လား။"
ရႈလင္က်ားသည္ မံမီအျဖစ္သို႔စည္းႏွောင္ထားေသာသူ၏ေရွ႕ေျခဖဝါးကိုမကာ ၾကည့္လိုက္ၿပီး ကေလးႏွစ္ေယာက္ကမိန္းကေလး၏အေနာက္သို႔ေျခဖ်ားေထာက္ကာေလွ်ာက္လာသည္ကို ႐ုတ္တရက္ျမင္လိုက္ရၿပီး ၎တို႔အနက္တစ္ေယာက္မွာလက္ထဲတြင္မွင္ခြက္တစ္ခြက္ကိုင္ထားၿပီး မ်က္စိတစ္ဖက္မွိတ္ျပကာ သူမ၏ေခါင္းေပၚေလာင္းက်ရန္ႀကိဳးစားေနေပသည္။
သူ႕နံေဘးရွိလူ႐ြယ္မွာဒါကိုျမင္လိုက္ရၿပီး ဤရိုင္းစိုင္းေသာကေလးမ်ားကတကယ္ပဲမဆီေလ်ာ္ဟု ခံစားမိသည္။ သူမ်က္ေမွာင္ၾကဳတ္ကာ ေအာ္မလို႔ျပင္လိုက္ခ်ိန္တြင္ လွ်ပ္တျပက္အျဖဴေရာင္အရိပ္ေလးကိုျမင္လိုက္ရသည္။
___မိန္းကေလး၏အေရွ႕တြင္ရွိေနေသာေျမေခြးျဖဴေလးကား အေပၚကိုခုန္ကာ မိန္းကေလး၏ပုခုံးေပၚသို႔တိုက္ရိုက္ခုန္တက္လိုက္ၿပီး မွင္ခြက္သယ္ထားေသာေကာင္ေလး၏လက္ေမာင္းေပၚသို႔ခုန္အုပ္ကာ မွင္ခြက္အားလက္တစ္ဖက္ျဖင့္ေမွာက္ခ်ပစ္လိုက္၏။
ရႈလင္က်ားသည္မ်က္ေမွာက္တြင္ေျမေခြးတစ္ေကာင္ျဖစ္ေနရင္ေတာင္မွ သာမန္လူေတြကိုရိုက္ႏွက္ဖို႔ရန္လုံေလာက္တာထက္ပိုၿပီး ဤလက္ဖဝါးမွာေပါ့ေသးေသးေတာ့မဟုတ္။
မွင္ရည္မ်ားကေကာင္ေလး၏မ်က္ႏွာထံသို႔ ပန္းကန္လုံးႏွင့္အတူစင္သြားကာ သူ႕အားနာက်င္စြာေအာ္သြားေစၿပီး သူ၏ႏွာေခါင္းရိုးမွာေယာင္ကိုင္းလာေပသည္။
ေကာင္ေလး၏မ်က္လုံးမ်ားသည္မွင္ရည္မ်ားႏွင့္ဖုံးအုပ္ေနၿပီး သူ႕လက္ေမာင္းမ်ားကိုႀကဳံရာက်ပန္းေဝွ႕ရမ္းကာ ရႈလင္က်ားအားပစ္ထုတ္လိုက္၏။
ရႈလင္က်ားသည္လမ္းမေပၚတြင္အလြန္သိသာမထင္ရွားသျဖင့္ သူလည္းပဲလႊင့္ဝဲလိုက္ကာ သူ႕နံေဘးရွိျပတင္းေပါက္ေဘာင္ေပၚတြင္ေျခခ်ရန္ႀကံ႐ြယ္ထားသည္။
ထိုအခိုက္ အပင္ေစာင္းမွလက္တစ္ဖက္ထြက္လာၿပီး သူ႕အားၿမဲၿမံစြာဖမ္းဆုပ္လာ၏။
ႏွစ္ဦးသားထိေတြ႕မိသည့္တစ္ခဏ၊ ႏြေရာသီညေနခင္းတြင္ၾကာပန္းရနံ႕ႏွင့္အတူ ႐ုတ္တရက္တိုက္ခတ္လာေသာေလ႐ူးတစ္သုံႏွယ္ ခႏၶာကိုယ္တစ္ခုလုံးမွာခ်က္ခ်င္းပင္အသက္ရႈသံမ်ားစီးဆင္းသြားေပသည္။
ဤကား သူ႕အားထိုးႏွက္ေနခဲ့ေသာသူ၏ရင္ဘတ္ရွိအတြင္းဒဏ္ရာကိုပင္ တစ္ေအာင့္မွ်သက္သာသြားေစသည္။
ရႈလင္က်ားသည္သြယ္လ်ကာလွပေသာလက္ထဲမွမတ္တပ္ရပ္ကာ တစ္ဖက္လူ၏လက္ဖဝါးထဲမွေမာ့ၾကည့္လိုက္ရာ သူ႕ကိုဖမ္းလိုက္ေသာသူမွာလူငယ္တစ္ေယာက္ျဖစ္ေနေၾကာင္း ျမင္လိုက္ရသည္။
က်င့္ႀကံေရးေလာက၌၊ ေခ်ာေမာခန့္ညားေသာအမ်ိဳးသားမ်ားႏွင့္ လွပေသာအမ်ိဳးသမီးမ်ားအၿမဲတေစေပါမ်ားလွၿပီး ရႈလင္က်ား၏႐ုပ္ရည္သြင္ျပင္မွာပို၍ပင္ထူးျခားလွ၏။ သို႔ေပမဲ့ သူသည္ေမာက္မာလွကာ သူ၏အလွတရားထဲတြင္မိန္းေမာေနလွ်င္ပင္ ၊ ဤလူငယ္ေလးယခုဝတ္ထားသည္မွာ ခ်မ္းသာႂကြယ္ဝေသာအဆင့္အတန္းမ်ိဳးပင္။
Advertisement
- In Serial26 Chapters
Rise of a Rogue Dungeon
Following the unfortunate, or fortunate birth of a Dungeon, in the world Ilyeus where Dragons claim the skies. Titans wander the world. Drakes boast their majestic pride. Wyrms sleep beneath the earth. Humans, Elves, Dwarves, Beast-kin, and many other sapient races mingle amongst each other, for good or bad. Gods descend among mortals with their Divine Vessels. The Dungeon treads unrestricted by the links other Dungeons have. Down a path never walked by any other Dungeon in the world of Ilyeus. Down, A Path of Freedom! A Path of Dominance! A Path of a Savior! A Path that would make Spirits shudder in fear! But first, it must survive, expand, evolve, and create an army that would do its bidding. This is my first time writing something like this, so if you see any grammar or spelling errors, pointing them out would be appreciated. Any constructive criticism is also appreciated! My update schedule is currently as I write them. So that means every time I finish writing a chapter, I will post it after it gets edited. I also release a chapter of A Lone Automaton's Journey To Find Its Operator infrequently as a side thing.
8 238 - In Serial23 Chapters
Fantastic Advancement
Waking up naked, alone, and confused, Vincent finds himself on an alien planet with an environment and rules he does not understand. Join him in his process of discovery and mastery of the inscrutable and ill-understood laws and principles that will come to govern his new life. Right now (Aug. 2019), each chapter is an average of ~3.5k words, and I update two or three times a week. NOTE: Cover art is a Creative Commons image, from https://www.photosforclass.com/search/insect/1 EDIT: I am not Kate Banner. I did not publish this work under the title "Advancing in a Legendary World".
8 219 - In Serial6 Chapters
Yin Demon
Auron was a young boy who joined a demonic sect. His only way to cultivate is through the creation of his own techniques for which he will become known as the very first necromancer cultivator.
8 294 - In Serial26 Chapters
Midnight: Dark Horizon
Two hundred fifty years ago, a meteor landed on the war-filled land of Nuria. Shards landed everywhere contaminating the fauna over time and awakening creatures. Now in the present time, something dark is rising up and it's up to a group of five to avenge what has been taken from them and stop the seeds of darkness from blooming. Map of Nuria
8 122 - In Serial13 Chapters
JoJo's Bizarre Adventure: Run the Jewels
College bomb-out Joules Jordan has nowhere to go. With his meal ticket drying up, he'll need to find his own way to survive. That is, if his ghostly companion will let him. Cursed with a Stand, the manifestation of his fighting spirit, Joules must navigate the strange new world he's suddenly been sucked into. But he'll have to be careful - the world is a dangerous place for a Stand user, and villains lurk behind every corner. Join Joules as he awakens to the mystical power of his Stand and embarks on his own Bizarre Adventure!
8 162 - In Serial17 Chapters
White Fur || Chat Blanc
Heart broken Chat Noir becomes akumatized and forms a rather unusual obsession with Marinette rather than her as his beloved Ladybug, consequently, making it hard for her to transform. With the frequent absent of Ladybug, the new Chat Blanc is able to meddle in whatever it is that he pleases. What hardships will they go through together in this difficult situation?More importantly, how did Chat resist the control of Hawkmoth as Chat Blanc? **Disclaimer- this does not follow events with the actual cannon Chat Blanc**
8 298

