《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၃]ပင်လယ်ထဲတွင်ပျံဝဲနေသောဖုန်မှုန့်|ပင္လယ္ထဲတြင္ပ်ံဝဲေနေသာဖုန္မႈန့္
Advertisement
___________________________________________________
"ရှစ်တိ!"
ရှုလင်ကျားတစ်ယောက်တောင်ထွတ်ဂိတ်တံခါးဝမှလျှောက်ထွက်လာသည့်တစ်ခဏတွင် တစ်စုံတစ်ယောက်ကသူ့အားခေါ်လာသည်ကို သူကြားလိုက်ရသည်။
သူလှည့်ကြည့်လိုက်ရာ သိပ်မဝေးသည့်အနောက်တွင်ရပ်နေသောလူတစ်ယောက်ကိုမြင်လိုက်ရပြီး အရပ်ရှည်၊သွယ်လျလျနှင့် ဆီးနှင်းသဖွယ်ဖြူလွသောဝတ်ရုံကိုဝတ်ဆင်ထားကာ ယင်းကား ရှစ်ရှုန်းလော်ရှောင်းဖြစ်ပေ၏။
ဤရှစ်ရှုန်းသည် အမြဲတစေကျန်းမာရေးမကောင်းသည်ဖြစ်ရာ တံခါးအတွင်းရှိအကြီးအသေးကိစ္စအဝဝကိုသာကိုင်တွယ်လေ့ရှိသည်။ များသောအားဖြင့် သူဟာအေးချမ်းသောစိတ်နှင့်နောက်ဆုတ်နေလေ့ရှိပြီး သန့်ရှင်းစင်ကြယ်သဖြင့် ပြစ်ဒဏ်ပေးဟောခန်းမထဲတွင်ရှိမနေပေ။
သူသတင်းရလိုက်သဖြင့်စိုးရိမ်သွားမိရာ ဒီကိုအလျင်စလိုရောက်ရှိလာရခြင်းပင်။
ရှုလင်ကျားနောက်လှည့်လာသည်ကိုမြင်လိုက်ရပြီးနောက် လော်ရှောင်းတစ်ယောက်သူ့အားသိမ်းသွင်းဖို့ရန်များများစားစားမပြောဘဲ သူ့လက်ကိုတိုက်ရိုက်မြှောက်ကာ သူ့အားမှော်အိတ်တစ်လုံးပေးလိုက်ပြီး ယင်းထဲတွင် ငွေအဆောင်စာရွက်ကဲ့သို့သော လိုအပ်မည့်အရာတချို့ပါဝင်သည်။
ရှုလင်ကျားသည်မှော်အိတ်အားလှမ်းယူလိုက်ကာ ခပ်ဖွဖွပြုံးလိုက်ပြီး သူ့နှလုံးသားထဲရှိမြူနှင်းမှုန်မှာချက်ချင်းပျောက်ကွယ်သွားသည်ကို ရုတ်ခြည်းခံစားမိလိုက်သည်။
သူဝတ်ရုံလက်ကိုကွေးကာ သူ့လက်တွေကိုစုလိုက်ပြီး လော်ရှောင်းအားခေါင်းငြိမ့်အရိုအသေပေးလိုက်သည်။
လော်ရှောင်းဟာလည်းခေါင်းငြိမ့်ကာ ပြန်လည်အရိုအသေပေးလာသည်။ ညီအစ်ကိုနှစ်ဦးသားသည်တစ်ယောက်နှင့်တစ်ယောက်တစ်အောင့်မျှကြည့်နေကြကာ မည်သူကမျှဘာမှမဆို။ အနည်းငယ်ခါးကိုင်းလိုက်ပြီးနောက် ရှုလင်ကျားပြန်လှည့်ကာ တောင်ထွတ်ဂိတ်ဝကိုကျော်လွန်၍လှမ်းကာ တောင်အောက်သို့ခြေလှမ်းကျဲများဖြင့်ဆင်းသွားသည်။
လော်ရှောင်းသည်ရှုလင်ကျား၏ကျောပြင်ကိုမမြင်ရတော့သည်အထိ ထိုနေရာတွင်ရပ်နေပြီးနောက် တောင်ထွတ်ဆီပြန်လှည့်လာလိုက်သည်။
သူသည်တောင်ထွတ်ပေါ်သို့တက်လာကာ သို့ပေမဲ့ မြစ်ကမ်းဘေးရှိပွဲကြည့်စင်ပေါ်တွင် ဟယ်ဇီကျိုးတစ်ယောက်လက်ရန်းရှေ့တွင် တစ်ယောက်တည်းရပ်နေလျက် အဝေးမှရှုလင်ကျားထွက်သွားသည်ကို အေးစက်သောမျက်နှာထားဖြင့်ကြည့်နေလေသည်။
လော်ရှောင်းအသံပျောက်ရှသွားရသည်။
"ရှစ်စွင်း?"
ဟယ်ဇီကျိုးကသူ့ကိုအပြစ်မတင်ပေ၊ သို့ပေမဲ့မေးရုံသာမေးလာသည်။
"မင်းရဲ့ရှစ်တိအတွက် ဒဏ်ရာလိမ်းဆေးကိုရောပေးလိုက်ရဲ့လား။"
လော်ရှောင်းပြောလိုက်သည်။
"ဟုတ်။ ယွီလွီဆေးပြားပုလင်းနည်းနည်းလောက်ပေးလိုက်တယ်။"
"အံ့သြစရာပဲ" ဟယ်ဇီကျိုးကခပ်ပေါ့ပေါ့ပြောလာသည်။
"သူဘယ်နှရက်နေရင်ပြန်လာမလဲဆိုတာ ငါကြည့်ချင်သေးတယ်။"
ထိုကလေးတွင် မှော်လက်နက်မရှိ။ သူ့ဓားပင်ကျိုးသွားပြီဖြစ်ကာ သူ့စွမ်းရည်များမှာလည်းကုန်ခမ်းလုနီးပါးပင်။ ခေါင်းမာမာနှင့်ထွက်သွားပြီး ဒဏ်ရာမရဘူးဆိုတာကတော့ ထူးဆန်းလှပေသည်။
ဒါကသူ၏ခေါင်းမာသောစရိုက်အားချေမှုန်းရမည့်အချိန်ပင်။ ရှုလင်ကျားအပြင်မှာဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာကို ဟယ်ဇီကျိုးကြည့်ချင်ပါသေးသည်။
လင်ရှောင်းတောင်ခြေအားသူနောက်ဆုံးတွင်ရောက်ရှိလာသော် ရှုလင်ကျားရပ်လိုက်ကာ သက်ပြင်းရှိုက်လိုက်မိ၏။
ယခုလေးတင်ဖြစ်သွားခဲ့သည့်အရာအားလုံးကားအလွန်မြန်ဆန်ပြင်းထန်လှကာ သူ၏စိတ်ခံစားချက်များမှာဖြေးဖြေးချင်းအနည်ထိုင်လာပြီး စိတ်ကူးယဥ်ဆန်သောအာရုံတစ်စွန်းတစ်စက သူ့နှလုံးသားထဲတွင်ပေါ်ထွက်လာချေသည်။
သူတကယ်ပဲလင်ရှောင်းဂိုဏ်းမှထွက်လာခဲ့သည်။
ဤကား မတိုင်ခင်တုန်းကသူဘယ်တုန်းကမျှပြန်မလာခဲ့သောကြောင့်မဟုတ်။ သို့ပေမဲ့ သူ့တာဝန်ပြီးမြောက်သွားပြီးနောက် ချက်ချင်းပြန်လာသည့်အချိန်တိုင်းတွင် တစ်စုံတစ်ယောက်ကသူ့ကိုစောင့်နေပြီး သူ့ကိုရှာနေမည်ကို သူသိနေပေသည်။
အခုဆိုရင်အရာအားလုံးကပြောင်းလဲသွားခဲ့ရပြီ။ ငါ့မှာကမ္ဘာကြီးကိုချိုးဖောက်ချင်တဲ့မာနရှိနေပေမဲ့ ငါအတိတ်အကြောင်းတွေးလိုက်မိရင် ငါကူကယ်ရာမဲ့စွာနှင့်စိတ်ပျက်သလိုခံစားမိနေဆဲ။
အဓိကဇာတ်ကြောင်း၏ကနဦးအစဇာတ်ခုံတွင်ပေါ်လာသောအမြှောက်စာဇာတ်ကောင်အနေဖြင့် ရှုလင်ကျားတစ်ယောက်မူရင်းဇာတ်ကြောင်းထဲတွင် စောစီးစွာပျောက်ကွယ်သွားခဲ့ပေသည်။
အစွပ်စွဲခံလိုက်ရပြီးနောက် သူကားဂိုဏ်း၏ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသဖြင့် မကျေမနပ်ဖြစ်ကာ သူ၏စွမ်းရည်ကိုယာယီတိုးတက်စေသောဆေးကိုသုံးပြီး ကျန်းရွေ့ကိုလက်စားချေဖို့သွားခဲ့၏။
စာအုပ်တွဲတစ်ခုလေဟာနယ်ထဲတွင်ပေါ်ထွက်လာကာ စာမျက်နှာနှစ်ဖက်ဖြန့်ထားပြီး ထိုပေါ်တွင်မူလဇာတ်ကြောင်း၏အကြောင်းအရာမာတိကာများရေးသားထားပေသည်။
ရှုလင်ကျားမျက်မှောင်ကြုတ်လိုက်မိကာ တစ်ဖက်လူ၏နောက်ဆုံးစကားကမဖော်ပြနိုင်လောက်အောင်ထူးဆန်းနေသည်ကို ထက်ရှစွာခံစားမိလိုက်သည်။
၎င်းကိုရှင်းလင်းပီသစွာကြည့်ဖို့သူမကြိုးစားရသေးမီ စာကြောင်းမှာ မှင်ရည်နှယ် တဖြည်းဖြည်းချင်းမှုန်ဝါးသွားပေသည်။
ယခုမူ လိမ်လည်ပြောဆိုမှုကဖြေရှင်းပြီးသွားပြီဖြစ်ကာ နောက်ထပ်ဇာတ်ကြောင်းကလည်းသဘာဝကျကျပင်ပြောင်းလဲသွားသဖြင့် စာအုပ်ထဲတွင်ဇာတ်ကြောင်းအသစ်ပေါ်လာခဲ့သည်:
ရှုလင်ကျား: "..."
သူနားလည်သွားပြီ: ဇာတ်ကြောင်းကနောက်ဆုံးတွင်ပြောင်းလဲသွားကာ သူ၏သက်တမ်းအားလအနည်းငယ်မျှရှည်ကြာခွင့်ပေးခဲ့ပေမဲ့လို့ အမြှောက်စာဇာတ်ကောင်ဖြစ်ကြောင်းမပြောင်းလဲသရွေ့ ဤစာအုပ်ထဲရှိရှုလင်ကျားတည်ရှိမှု၏ရည်ရွယ်ချက်ကား အဓိကဇာတ်ဆောင်အတွက်အထောက်အပံ့ဖြစ်နေဆဲပင်။
စာမျက်နှာနောက်တစ်ရွက်လှည့်ကြည့်လိုက်ရာ အမည်မသိရင်းမြစ်မှလာသောမိစ္ဆာဓားသည် သူ၏သွေးအားသောက်သုံးပြီး အလွန်အံ့အားသင့်ဖွယ်ကောင်းလာကာ သူ၏ခက်ထန်မှုမှာလည်းလွန်စွာလျော့ကျသွားပြီး ထို့နောက်တွင် ယင်းဓားကားကျန်းရွေ့၏ဖမ်းဆီးခြင်းခံလိုက်ရကာ အဓိကဇာတ်ဆောင်၏လက်နက်များအနက်တစ်ခုအပါအဝင်ဖြစ်လာတော့သည်။
စနစ်ကသူ့အားအသိပေး၏။
စနစ်နှင့်တရားဝင်ပေါင်းစည်းလိုက်ပြီးနောက်တွင် ဒါကပထမဆုံးပေးလာသောမစ်ရှင်ဖြစ်သောကြောင့်ဖြစ်လိမ့်မည်။ ခက်ခဲမှုအဆင့်ကသိပ်မမြင့်ဘဲ ရှုလင်ကျားသည် သာလျှင်လိုအပ်ပေ၏။
ရှုလင်ကျား၏ကိုယ်ပိုင်ဓားကား နောက်ဆုံးအကြိမ်သူအပြင်းအထန်ဒဏ်ရာရသွားတုန်းက ကျိုးသွားခဲ့သည်။ သူသည် သစ်ကိုင်းတစ်ကိုင်းချိုးကာ ကလေးဘဝတုန်းကလေ့ကျင့်ခဲ့သောဓားရေးကိုလေ့ကျင့်လိုက်၏။
ဤနေရာရှိတောအုပ်သည်ထူထဲကာ နွေဦးနေရောင်ခြည်ကလင်းလက်တောက်ပနေပြီး အလင်းရောင်ကားစိမ်းလန်းစိုပြည်မှုအပြည့်ပင်။ သစ်ကိုင်းနှင့်သစ်ရွက်တို့၏အရိပ်များသူ့ဝတ်ရုံပေါ်တွင်ထင်ဟပ်နေသည်မှာ အတိတ်ကိုလွမ်းဆွေးဖွယ်ရာပင်။
ကံအကြောင်းမလှစွာဖြင့် ရှုလင်ကျား၏စိတ်ဝိညာဥ်စွမ်းအားကားပျက်ဆီးသွားပြီဖြစ်သဖြင့် ဤကဲ့သို့ဓားရေးမျိုးမှာသေစေနိုင်လောက်ခြင်းမရှိ။
သူသည်ဒဏ်ရာရထားပြီး ယခုလေးတင်ဓားကိုဆွဲထုတ်ခဲ့ချိန်တုန်းက သူအတော်လေးခြေကုန်လက်ပမ်းကျသွားခဲ့သည်။ ဓားရေးလေ့ကျင့်ပြီးနောက် သူကူကယ်ရာမဲ့စွာဖြင့်အသက်နည်းနည်းရှုလိုက်ရကာ သူ့ဝတ်ရုံလက်ကိုမြှောက်၍ ချွေးများကိုသုတ်လိုက်ရသည်။
စနစ်မျက်နှာပြင်၏ညာဘက်အပေါ်ထောင့်တွင် သိသာထင်ရှားခြင်းမရှိသောဘားတန်းတစ်ခုရှိနေပြီး အသေးစားဇာတ်ကောင်များတွင် "အဆင့်နိမ့်အမြှောက်စာဇာတ်ကောင် အဆင့်မြင့်အမြှောက်စာဇာတ်ကောင်"ဟူ၍ရှိပြီး အလယ်ဗဟိုရှိအနီရောင်လေထုကံကောင်းခြင်းတန်ဖိုးကား ၂၀%ပြည့်ရုံသာ။
အမျိုးသားအရံဇာတ်ကောင်ကဏ္ဍသို့ ကံကောင်းမှုတန်ဖိုးရောက်ရှိသွားမှသာလျှင် သူ၏အဆင့်အတန်းမှာအနည်းငယ်မြင့်တက်လာမည်ဖြစ်ကာ ဇာတ်ကြောင်း၏မကောင်းသောအကျိုးသက်ရောက်မှုမှာ သင့်တော်သလိုအားနည်းသွားပေလိမ့်မည်။
ထို့အပြင်၊ "ဖြတ်လျှောက်၊ အဆင့်နိမ့်အမျိုးသားအရံ၊ အဆင့်မြင့်အမျိုးသားအရံ၊ အရေးကြီးသောဇာတ်ကောင်များနှင့် အဓိကဇာတ်ဆောင်များ"အစရှိသဖြင့်ရှိနေသေးသည်။
တစ်ချိန်တည်းမှာပင်၊ အခုလေးတင်ရှုလင်ကျားကားမိစ္ဆာဓား၏သတ်ဖြတ်ခြင်းခံရမည်ဟု ဟောကိန်းထုတ်ထားခဲ့သောဇာတ်ကြောင်းအကြောင်းအရာမှာ ရေမျက်နှာပြင်ကဲ့သို့ တက်လိုက်ကျလိုက်ဖြစ်လာတော့သည်။
ရှုလင်ကျားသည် စနစ်မျက်နှာပြင်ဘောင်ကွက်ကိုကြည့်လိုက်ရာ ဒဏ်ရာရထားသောရင်ဘတ်နေရာကထုံထိုင်းသောနာကျင်မှုကိုသာ ခံစားမိလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့်ချောင်းအနည်းငယ်ဆိုးလိုက်မိ၏။
မိစ္ဆာဓားကား အခြားသူမရသွားသေးဘဲ သိပ်မဝေးသောမြို့ငယ်လေးတစ်မြို့တွင်ရှိနေသည်ဟု စနစ်ကအသိပေးလာသည်။
ရှုလင်ကျား၏စိတ်နေသဘောထားသည် အမြဲတစေတောက်ပသစ်လွင်နေ၍ သူ့စိတ်ကိုပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ပေါ်ကအားအင်မရှိသောခံစားချက်ကိုလျစ်လျူရှုထားလိုက်ပြီး တောင်အောက်သို့စဆင်းသွားလိုက်သည်။
ရုတ်ခြည်းပင်၊ သူ့ခန္ဓာကိုယ်ပေါ်ကိုနွေးထွေးမှုတစ်ခုဆန်တက်လာသည်ကို သူခံစားမိလိုက်သည်--
ရှုလင်ကျားလွှတ်ခနဲပြောမိသည်။
"ကျိုးပျက်သွားပြီ!"
နောက်တစ်ခဏမှာဘဲ ချောမောလှပသောအရပ်ရှည်ရှည်ကောင်လေးပျောက်ကွယ်သွားပြီး သေးငယ်ကာ လက်ဖဝါးစာအရွယ်သာရှိသောအမွှေးထူထူဖြူဖြူလုံးလုံးခန္ဓာကိုယ်တစ်ခုပေါ်လာပေသည်။ နို့နှစ်ရောင်မြေခွေးလေး။
မြေခွေးဖြူလေးမှာ နေရာတွင်တောင့်ခဲနေသည်မှာ မြေခွေးရုပ်တုအဖြစ်ပြောင်းသွားသည့်နှယ်။ အမွှေးဖွာနုနုလေးများသာလေထဲတွင်ယိမ်းယိုင်လှုပ်ခါနေပေသည်။
တစ်အောင့်မျှကြာသော် မြေခွေးလေးသည် ၎င်း၏လက်ဖဝါးလေးကိုဆန့်ထုတ်လိုက်ပြီး နှဖူးပေါ်သို့စိတ်ပျက်လက်ပျက်တင်လိုက်မိကာ ၎င်း၏နားရွက်သေးသေးလေးနှစ်ဖက်ပင်မချင့်မရဲဖြင့်ငိုက်စိုက်ကျလာတော့သည်။
ဤကား ရှုလင်ကျား၏မူရင်းခန္ဓာကိုယ်ပင်ဖြစ်၏။
သူ့တွင်မြေခွေးသွေးပါသောကြောင့်ဖြစ်လိမ့်မည်။ သူ၏ယခင်ဘဝအတွေ့အကြုံနှင့်မိသားစုထံမှ ရှုလင်ကျား၏ထင်မြင်ချက်မှာမပြည့်စုံဘဲ ရှာဖွေဖို့မဖြစ်နိုင်ခဲ့ပေ။ သူသည်တောင်ထွတ်ပေါ်သို့ဟယ်ဇီကျိုး၏ကောက်မခြင်းခံခဲ့ရစဥ် သူကားမြေခွေးဖြူပေါက်လေးဖြစ်ပုံပေါ်ကာ ထို့နောက်တွင် လူသားတစ်ယောက်ပုံပေါ်ဖို့ရန် ဖြည်းဖြည်းချင်းလေ့လာသင်ယူခဲ့ရသည်။
သူကိုယ်တိုင်၏ဒီပုံစံကို သူတကယ်တကယ်မုန်းတီးမိ၏။
အတိတ်တုန်းက သူပုံစံမပြောင်းခင်၌ သူ့ပတ်ပတ်လည်တွင် သူ့အားနေ့စဥ်နေ့တိုင်းချစ်စရာကောင်းလိုက်တာဟုခေါ်နေသော လူစုတစ်စုရှိနေခဲ့သည်။ သူတို့သည်သူ၏အမွှေးအားထိတွေ့ရန်အမြဲတစေကြိုးစားလေ့ရှိသည်ဖြစ်ရာ ရှုလင်ကျားမှာသူတို့မမြင်အောင်ပုန်းရသည်အထိပင်။
နောက်ဆုံးတွင်သူလူသားတစ်ယောက်ဖြစ်လာသောအခါ သူဟာမြေခွေးတစ်ကောင်ဖြစ်ကြောင်း ထပ်မံဝန်ခံဖို့ရန်ငြင်းဆန်ခဲ့သည်။ ဤသည်ကား ရှက်ဖွယ်အကောင်းဆုံးသမိုင်းကြောင်းအဖြစ် သူသတ်မှတ်ထားမိသည်။
ယောက်ျားရင့်မာကြီးတစ်ယောက်သွေးနှင့်ချွေးထွက်နေတာကမှ အမှန်အကန်လုပ်ရမယ့်အရာလေ။ ချစ်စရာကောင်းတယ်ဆိုတာကဘာကြီးလဲ!
ခြောက်ခြားစရာအကောင်းဆုံးအရာကား သူသည်သွေးနှောဖြစ်သောကြောင့် သူ၏မြေခွေးပုံစံမှာမကြီးထွားလာဘဲ မြေခွေးပေါက်လေးအသွင်အဖြစ်အမြဲတမ်းဖြစ်နေလိမ့်မည်ဟု ဟယ်ဇီကျိုးကပြောခဲ့ခြင်းပင်။
သူသည် ဝံပုလွေ၊ ဝက်ဝံ၊ မြွေ...ဖြစ်ရမည်ကိုပိုလိုလားသည်။ ဤမြေခွေးထက်ဘယ်အရာကမှပို၍အင်အားမကြီးနိုင်။
ရှုလင်ကျားသည်အရွယ်ရောက်လာသောအခါ သူ၏မူရင်းခန္ဓာကိုယ်ကိုပြန်ပြောင်းဖို့ရန် မကြိုးစားကြည့်ခဲ့သလောက်ပင်။ သို့ပေမဲ့ သူ့ဆန္ဒတွေနောက်လည်းမလိုက်ခဲ့ပေ။ ယခုတွင်သူဒဏ်ရာရထားပြီး ဒါကပေါ့သေးသေးမဟုတ်။ သူ၏ရုပ်ပိုင်းဆိုင်ရာအားအင်မှာ သူ့အသွင်ကိုတကယ်ပဲထိန်းသိမ်းနိုင်စွမ်းမရှိလေတော့...
စနစ်ကရှုလင်ကျား၏စိတ်ကိုမြင်နိုင်ပုံပင်။
[Hostကတာဝန်တွေကိုပြီးမြောက်ဖို့ကြိုးစားရလိမ့်မယ်။ အဲ့ဒါမှကံကောင်းခြင်းတန်ဖိုးတွေတိုးလာပြီး ဒဏ်ရာကလည်းမြန်မြန်သက်သာလာမှာ!]
ရှုလင်ကျားစိတ်အေးသွားကာ ရွေးချယ်စရာမရှိပါဘဲ သူ့စိတ်ဝိညာဥ်ကိုပြသဖို့ရန် သူ့လက်ဖဝါးကိုသုံးပြီး သူ၏ငိုက်ကျနေသောနားရွက်များကိုပြန်ထောင်လိုက်ကာ သိပ်မဝေးသောနေရာတွင်ရှိသည့်မြို့ဆီသို့ ပြေးဆင်းသွားလိုက်၏။
လက်ရှိမြေခွေးခန္ဓာကိုယ်ကအဆင်မပြေသော်လည်း အချိန်တွေကိုမနှောင့်နှေးစေချင်။ အရင်ဆုံးမြို့ကိုသွားကြည့်လိုက်ရအောင်။
ရှုလင်ကျားတစ်ယောက်မြို့ထဲကိုရောက်သွားသော် ညနေဆောင်းနေလေပြီ။ မြို့ကသိပ်မကြီးသော်လည်း လမ်းမတွင်ပျားပန်းခတ်မျှလှုပ်ရှားနေသောလူတွေရှိနေ၏။
ရှုလင်ကျားသည်မြေခွေးခန္ဓာကိုယ်အဖြစ်သို့ပြောင်းလဲသွားသည့်တိုင် ဓားအသက်ရှုသံကိုအာရုံခံနိုင်သောသူ၏သဘာဝစွမ်းရည်မှာရှိနေဆဲပင်။
သူ၏သေးငယ်ကာပျော့ပြောင်းလွယ်သောခန္ဓာကိုယ်ပေါ်မှီခိုရင်း
လမ်းတစ်လျှောက်လုံးရှိတံစက်မြိတ်နှင့်နံရံများတစ်လျှောက် ပြေးလာခဲ့ကာ တစ်ချိန်တည်းမှာဘဲ အမျိုးမျိုးသောရောထွေးနေသည့်အသက်ရှုသံများကို ဂရုတစိုက်သတိထားနေပေသည်။
စူးရှကာခါးသီးသောအမုန်းတရားကို သတိမထားမိခင်အထိ ရှုလင်ကျားမရပ်တန့်ခဲ့ပေ။
ပြတင်းပေါက်ဘောင်ပေါ်တွင်ရပ်နေရင်း သူသည်ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ လမ်းမဘေးနှစ်ဖက်စလုံးတွင် ဆိုင်ခင်းငယ်များနှင့်ပျံကျစျေးသည်များရှိနေသည်ကိုမြင်လိုက်ရ၏။ လူတွေဝင်လိုက်ထွက်လိုက်နှင့် မုန်းတီးမှုကဘယ်ကလာသလဲဆိုတာ ပြောဖို့ခက်သည်။
Advertisement
မြို့တော်၏လမ်းမပေါ်တွင် ကိုးရိုးကားယားနိုင်သောလူနည်းစုနှင့်တွေ့ကြုံရမည်မှာ မလွဲဧကန်ပင်။ တစ်ယောက်ယောက်ကသူ့ကိုချစ်ဖို့ကောင်းသည်ဟု ထပ်ပြီးပြောလာမည်ကို ရှုလင်ကျားစိုးရိမ်မိသဖြင့် ပြတင်းပေါက်ဘောင်မှခပ်မြန်မြန်ခုန်ချကာ သလဲသီးပန်းအိုးနောက်သို့ခုန်ဝင်လိုက်သည်။
သူသည် အမွှေးလုံးလေးအဖြစ်ကွေးနေလိုက်ကာ သူ၏နားရွက်နှစ်ဖက်ထိပ်လေးကိုသာဖော်ထားပြီး ခေါင်းလေးကိုစောင်းကာ သူ့ရှေ့ရှိဆိုင်ခင်းအမျိုးမျိုးကိုတိတ်တိတ်လေးစူးစမ်းနေလိုက်၏။
ဘယ်ဘက်တွင် ကိတ်မုန့်၊ သစ်အယ်သီးနှင့် ရန်ချွန်းခေါက်ဆွဲဆိုင်တို့ရှိကာ ညာဘက်ရှိ ဆံထိုး၊ စာအုပ်နှင့် စာရွက်ဆိုင်တို့မှာ မိစ္ဆာဓားနှင့်လုံးလုံးမျှမဆိုင်ပုံပင်။
ရှုလင်ကျားတစ်ယောက်ဘေးပတ်ဝန်းကျင်ကိုကြည့်မည်အပြု၊ သိပ်မဝေးသောနေရာမှရယ်သံကိုကြားလိုက်ရသည်။ ကလေးများစွာ၏အသံများကအော်ဟစ်နေလေသည်။
"ကြည့်၊ ကြည့်၊ မသန်စွမ်းကဒီမှာပဲ! သရဲခြောက်တဲ့အိမ်မှာနေတဲ့မသန်စွမ်းပဲ!"
ရှုလင်ကျားအသံလာရာကိုကြည့်လိုက်ရာ လမ်းမရှည်ကြီး၏အခြားတစ်ဖက်မှလျှောက်လာသော ၁၆နှစ်၊ ၁၇နှစ်မိန်းကလေးတစ်ယောက်ကိုမြင်လိုက်ရသည်။
သူမသည် အဖာများနှင့်အကြမ်းထည်အဝတ်အစားကိုဝတ်ထားကာ သပ်ရပ်ပြီးလှပပုံပေါ်ပေမဲ့ ကံမကောင်းစွာနှင့် ခြေတစ်ဖက်ကမသန်စွမ်းပေ။
ကလေးများကသူမနောက်မှလိုက်လာပြီး လက်ခုပ်တီးကာရယ်မောဆဲဆိုနေစဥ်၊ လမ်းပေါ်ရှိလူတွေမှာမိန်းကလေးများ ရည်ရွယ်ချက်ရှိရှိ၊ မရည်ရွယ်ဘဲရှောင်ဖယ်သွားကြသည်မှာ သူတို့သည်ရွံရှာနေသည့်နှယ်။
မိန်းကလေးသည်မဝံ့မရဲဖြင့်သူမ၏ခေါင်းကိုငုံ့ထားကာ ပြန်လည်ချေပခြင်းမပြုဘဲ ဆိုင်ခန်းတစ်ခုဆီလျှောက်သွားကာ ရပ်တန့်လိုက်၏။
ရှုလင်ကျားတစ်ချက်ကြည့်လိုက်ရာ ထိုဆိုင်ခန်းသည်ကျောက်စိမ်းအဆင်တန်ဆာများဖြင့်ပြည့်နေသည်ကိုမြင်လိုက်ရပြီး ၎င်းတို့မှာဤမိန်းကလေးတတ်နိုင်သည့်တစ်စုံတစ်ရာဖြစ်ပုံမပေါ်။
ဆိုင်ခန်းပိုင်ရှင်မှာလည်းသိသိသာသာကိုသူ့လိုပင်တွေးနေသည်။ သူသည်မျက်လုံးများပင့်ကာ ပျင်းရိပျင်းတွဲပြော၏။
"မိန်းကလေး၊ ကျုပ်ဒီမှာဘယ်တော့မှအကြွေးမရောင်းဘူး။"
မိန်းမငယ်လေးကဆိုသည်။
"ကျွန်...ကျွန်မက ကျွန်မအမေစိတ်အေးသွားအောင်လို့ ဗုဒ္ဓဆင်းတုတော်အတွက်ဆွဲသီးဝယ်ချင်လို့ပါ။ စျေးအပေါဆုံးကိုကျွန်မဝယ်ချင်တယ်။ ကျွန်မ...သစ်သားလိုချင်တယ်။"
စျေးဆိုင်ပိုင်ရှင်ကရယ်မောကပြောသည်။
"သစ်သား? ဒါကစန္ဒကူးပဲ၊ ငွေတစ်ရာကျတယ်။ မင်းလိုချင်လား။ မင်းဘာသာမင်းထင်းခုတ်ပြီး ကိုယ့်ဟာကိုယ်ပဲပုံဖော်လိုက်ပါတော့လား။ အဲ့ဒါကစျေးအပေါဆုံးပဲ!"
သူပြောပြီးနောက် မိန်းကလေးကရှက်ရွံ့ကာပြောစရာစကားမဲ့နေသည်ကိုမြင်လိုက်ရရင်း သူခေါင်းခါကာသက်ပြင်းချလိုက်သည်။
"ကောင်းပြီ။ မင်းနဲ့မင်းညီမက အဲ့ဒီ့သရဲအိမ်ကြီးထဲမှာနေ့တိုင်းနေနေတာကို မြို့ထဲမှာမသိတဲ့သူမရှိဘူး။ နတ်ဘုရားတွေကိုစိတ်အေးအောင်လုပ်မယ်? ဟမ့်၊ ကျုပ်အထင်တော့ မင်းကတစ္ဆေနဲ့တွေ့ပြီး မိစ္ဆာဝိညာဥ်ကိုဖယ်ရှားချင်နေတာပဲဖြစ်ရမယ်!"
စျေးဆိုင်ပိုင်ရှင်ကပြောကာ လက်ဆန့်ပြီး သူ့ရှေ့ရှိပစ္စည်းများကိုတစ်အောင့်မျှကောက်ကိုင်လိုက်ပြီး မိန်းကလေးကိုပစ္စည်းတစ်ခုပစ်ပေးလိုက်သည်။
"ကောင်းပြီ၊ ငွေပြား၂ပြားမှတ်ထားလိုက်မယ်။"
အသံကအလွန်ကျယ်လောင်လွန်းလှသဖြင့် ရှုလင်ကျားမှာအစကတည်းကထိုနေရာကိုအာရုံရောက်နေပြီးဖြစ်ကာ ၎င်းကိုသာမန်ကာလျှံကာကြည့်လိုက်သည်၊ သို့ပေမဲ့ စျေးဆိုင်ပိုင်ရှင်ကထိုအရာကိုဆွဲထုတ်လိုက်သည်နှင့် ယခုသူသတိထားမိခဲ့သောအမုန်းတရားကား ရှင်းလင်းပြတ်သားကာ သန်မာလာသည်ကို သူရုတ်ခြည်းခံစားမိလိုက်သည်။ ဤရှုထောင့်မှနေ၍ တစ်ဖက်လူကဘာကိုင်ထားမှန်းသူမမြင်ရပေ၊ ထို့ကြောင့် ရှုလင်ကျားသည်ပန်းအိုးထဲမှမြန်မြန်လေးခုန်ထွက်လိုက်ကာ ထိုဆီကိုနှစ်လှမ်းတိုးသွားလိုက်၏။ မိန်းကလေးက စျေးဆိုင်ပိုင်ရှင်ဆီမှ လက်ချောင်းတစ်ချောင်းစာအရွယ်ရှိသောဓားတစ်ချောင်းကိုယူလိုက်သည်ကို ငါမြင်လိုက်ရသည်။
ဓားအိမ်ကား ပါးလွှားသောရေခဲပြာရောင်ဖြစ်ကာ ထိပ်ဖျားတွင်ယင်ယန်ပုံစံထွင်းထားပြီး အတွင်းရှိဓားသွားမှာ အပြာရင့်ရောင်ဖြစ်ကာ ဓားအသက်ရှုသံကဓားအိမ်ထဲတွင်စီးဆင်းနေပေသည်။ ဤကား ရှားပါးကာ လှပသောလက်နက်တစ်ခုဖြစ်သင့်၏။ ရလဒ်အနေဖြင့် ၎င်းမှာ ယခုမူမိန်းမငယ်လေး၏လက်ထဲတွင် ကစားစရာတစ်ခုကဲ့သို့ကိုင်ထားခြင်းခံနေရကာ ဓားရိုးမှာလည်းချိတ်ဆွဲရန်အတွက် ပုတီးစေ့များနှင့်ပန်းပွင့်ကြိုးတစ်ချောင်းချည်ထားသေးသည်။
သူ့ကိုသတ်သွားခဲ့သောမိစ္ဆာဓားက ဤကဲ့သို့ပင်ဖြစ်ကြောင်း ရှုလင်ကျားမြင်လိုက်ရသော်၊ မဖော်ပြနိုင်လောက်သော ပန်းပွင့်နီကိုဆင်မြန်းထားသည့် ကမ္ဘာပေါ်တွင်အကြီးဆုံးဗီလိန်တစ်ယောက်ကိုမြင်လိုက်ရသည့်နှယ် သူခံစားလိုက်ရပေသည်။
ဤမိန်းကလေးကနဦးဝယ်ချင်သည်ကဤပစ္စည်းမဟုတ်ပေမဲ့ ဤဓားငယ်လေးကိုသူမလက်ထဲတွင်ကိုင်လိုက်သည့်တစ်ခဏ၊ သူမ၏နှလုံးသားထဲတွင် ပျော်ရွှင်မှုနှင့်မြတ်နိုးမှုကို သူမခံစားလိုက်ရသည်မှာ ပျောက်ဆုံးသွားသောရတနာတချို့ကို သူမရလိုက်သည့်အလား။
ထို့နောက် သူမပြောလိုက်သည်။
"ဟုတ်။ ဒါဖြင့် ကျွန်မဒါကိုလိုချင်တယ်။"
ဤဓားက ဘာကြောင့်ပိုသေးလာမှန်းသူမမသိသော်လည်း ဤဓားကားမူလဇာတ်ကြောင်းထဲတွင်သူ့ကိုသတ်သွားသောဓားဖြစ်ကြောင်း ရှုလင်ကျားသုံးသပ်မိသည်။ အစတုန်းက ဓားကိုယူပြီး ဖျက်ဆီးရန်သာလိုအပ်ကာ ဇာတ်ကြောင်းကသဘာဝကျကျပြောင်းလဲသွားမည်ဖြစ်ကာ သိပ်တော့မခက်ခဲပေ။ သို့သော် ယခုမူရှုလင်ကျားသည် သွားသေးသေးလေးများနှင့်မြေခွေးတစ်ကောင်ဖြစ်နေပေမဲ့ သူကားမိန်းမငယ်လေးကိုဆွဲပင်မဆွဲနိုင်သည်ဖြစ်ရာ တစ်ဖက်လူကဓားယူသွားသည်ကို ကြည့်နေရုံသာတတ်နိုင်သည်။ သူကူကယ်ရာမဲ့စွာဖြင့် သူ့အနောက်ရှိနံရံအား သူ့အမြှီးဖြင့်ခပ်ကြမ်းကြမ်းရိုက်ချပစ်လိုက်မိ၏။
မိန်းကလေးသည်ဓားကိုရလာပြီး သူမ၏လက်ထဲတွင်ကိုင်ထားကာ အရှေ့ကိုလျှောက်လာခဲ့ပြီး သူမ၏ခြေသလုံးကိုတစ်ခုခုလာထိနေသည်ဟု ရုတ်တရက်ခံစားမိလိုက်သဖြင့် ငုံ့ကြည့်မိလိုက်ရာ ကူကယ်ရာမဲ့စွာဖြင့် နူးညံ့ညံ့"အို"ဟုထွက်သွားရသည်။
-------ဤကား သူမ၏နံဘေးမှလမ်းလျှောက်နေသော လက်ဖဝါးအရွယ်မြေခွေးဖြူလေးဖြစ်ချေ၏။
ဤမြေခွေးလေးသည် အလွန်လှပကာ တစ်ကိုယ်လုံးတွင်ဖွာဖွာနုနုအမွှေးဖြူလေးများရှိနေပြီး ၎င်း၏ခြေလှမ်းများနှင့်အတူ လေထဲတွင်တုန်ရီနေရင်း မာနကြီးပုံဖြင့် ကျော့မော့တင့်တယ်စွာလျှောက်နေလေသည်။
အမြှီးကြီးကား၎င်း၏အနောက်တွင်လှုပ်ခါနေပြီး အမြှီးထိပ်ဖျားတွင် တစ်ကိုယ်လုံးရှိအမွှေးအရောင်နှင့်ကွဲလွဲစွာ အညိုရောင်အမွှေးစုလေးရှိနေသည်မှာ ပို၍ဖျတ်လတ်တက်ကြွပြီးပျော်ရွှင်မြူးထူးနေသည့်ပုံပေါ်နေ၏။
တကယ်ပဲ...
အရမ်းချစ်ဖို့ကောင်းလိုက်တာ။
__________________________________________________________________
ဟဲဟဲ...MLကလာတော့မှာပါ။ သိပ်မကြာတော့ဘူး။ မရှင်းတာရှိရင်မေးလို့ရတယ်နော်။ see you later!
_______________________________________
!zawgyi!
___________________________________________________
"ရှစ်တိ!"
"ရှစ်စွင်း?"
Advertisement
- In Serial6 Chapters
Twisted Skies
After his master's death, Thurain leaves his rural home behind and travels to Heliana, the cramped city founded on the scientific progress of cultivation. Under a fake name, he aims to enter the Elemental Path Sect, the place of his master's death, to find both his killers, and closure. However, surrounded by the strange and horrible wonders of Heliana and its mixture of heroes and villains, his master's death is not the only murder he may have to solve. --- First attempt at a xianxia novel from me. To shake things up from the usual formula, the setting is more steam-punk than you might expect, and there are elements of murder mystery mixed in with the standard formula (though I'm not entirely sure yet how far to go with it.) I wrote this a while ago for NaNoWriMo, only posting it now for various reasons. Enjoy. Also, cover is highly temporary. I'll probably replace it with something nicer eventually.
8 85 - In Serial6 Chapters
Dragon souls
This story is aboutt 7 teenagers that think that there is a better life, a better world then the one that they live in. But you wold think that it was all wrong, that there is no other world that could replace this one. But this story is not about facts and legends, it’s about this other world, this other dimension that you would never know was there. It’s about how these seven young people came to find this world and what they found in it was nothing that you could believe could happen... The main character is a dipshit and he has friends that hang around him for some reason maybe because he is special. :-? He wishes to be somewhere else like in a set of big plump breasts. Instead he ends up in a world where the lizards breathe fire and have wings... Well he's fucked (the characters have not much of a description. so I have created the characters so that whoever is reading this can imagine what the characters look like for themselves. I have done it this way because I find it easier to imagine the characters facual apperiences when I read a book and I do believe that other people would agree with what I have said.)
8 135 - In Serial87 Chapters
Her Heart Keeper ✔
《An Indian Romantic Love Story》《Under Editing 》She is not ready for this marriage but then she doesn't have a choice like always.He fell in love with her the moment he saw her and wants her as his. She is broken.He wants to heal her. She has shut everyone away from her life. He wants to break all those walls that she has built all these years.Will he be able to heal her and bring back the girl he fell in love with? Will he get successful in getting back his little bunny? Join the journey of Maya and Avinav who are bounded together by a beautiful bond of marriage.
8 176 - In Serial30 Chapters
Just for the Summer (TodoBakuDeku)
•Rankings•#1 in todobakudeku#1 in tododeku #1 in myheroacademia ~~~~~~~~~~~~~~~~~~~~~~Izuku Midoriya get's stuck in the UA dorms over summer break. His mother was going on a long term trip with her best friend of many years, Mitsuki Bakugou. That also meant, he'd be stuck with Kacchan all summer. To add fuel to the fire, Todoroki was also staying behind, having no desire to return home to his father.Tokoyami is there to, but the three boys hardly notice him. He notices them though. Them, and all there strange behavior towards each other. Imagine his confusion when the summer break ends and so does the boys' 'friendliness' towards each other. Was it Just for the Summer?
8 157 - In Serial23 Chapters
Flutterdash: Star Player
Fluttershy is a quiet, shy girl at Canterlot High. Her friend Rainbow Dash is the exact opposite, loud, extroverted, and a star athlete. When these two best friends fall in love, can they survive the trials that come with being a couple in high school?
8 120 - In Serial32 Chapters
friends with benefits? Vinnie hacker
COMPLETED!! ⚠️smut⚠️bad language⚠️you get invited to move into the hype house! you meet the gorgeous vinnie hacker and stuff goes down until something bad happens...#8 vinniehacker#6 vinnie
8 134

