《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၂]ရေခဲနှင့်နှင်းခဲ|ရေခဲနှင့်နှင်းခဲ
Advertisement
"ဒီခန္ဓာကိုယ်ကလုယက်ခံလိုက်ရပြီ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ဓားနှလုံးသားကတော့ ဖုန်မှုန့်တွေနဲ့မညစ်ထေးသေးဘူး။"
___________________________________________________________
အခွင့်အရေးကားတစ်ခဏသာရသည်။ ဤမျှအရေးကြီးသောအခိုက်အတန့်၌၊ ရှုလင်ကျားတစ်စုံတစ်ခုကိုရုတ်တရက်မှတ်မိသွားချေသည်။
-- ဟယ်ဇီကျိုးက ဝူကွေ့ချန်၏ဆန့်ကျင်ဘက်တောင်ထွတ်ပေါ်မှာရပ်ရန် လူငယ်လေးကိုခေါ်သွားပြီး ထူးခြားဆန်းကြယ်သောတားမြစ်နယ်မြေအား ငုံ့ကြည့်နေခဲ့သည်။
"..ပတ်ဝန်းကျင်နေရာတစ်ဝိုက်က လူတွေကျူးကျော်ဝင်ရောက်လာတာကိုကာကွယ်တဲ့ မှော်စက်ဝန်းနဲ့ဝန်းရံထားတာ။ တကယ်တော့ စက်ဝန်းဟာလည်းစိတ်ဝိညာဥ်ရှိတဲ့အရာတစ်ခုပဲ။ တကယ်လို့ မင်းသာအဲ့ဒါကိုစော်ကားခဲ့ရင် အဲ့ဒါကပြန်ကလဲ့စားချေလိမ့်မယ်.."
မှော်စက်ဝန်းပဲ! စကားမစပ်၊ သက်သေပြဖို့သော့ချက်ကဒီမှာပဲဟ!
ရှုလင်ကျားကရုတ်ခြည်းမျက်လုံးပင့်ကာ ပြောလိုက်သည်။
"မတိုင်ခင်ကကျွန်တော်တားမြစ်နယ်မြေကိုဘယ်တုန်းကမှမသွားခဲ့ဘူးဆိုတာကို ကျွန်တော်သက်သေပြနိုင်တယ်။"
ပြစ်ဒဏ်ပေးဟောခန်းမ၏အကြီးအကဲကစစ်မှန်ရိုးသားစွာပြောလာခဲ့သည်။
"မင်းသာတကယ်စွပ်စွဲခံရတာဆိုရင် မင်းမှာရှင်းပြချက်တစ်စုံတစ်ရာရှိသင့်တယ်။"
ရှုလင်ကျား: "တားမြစ်နယ်မြေတစ်ဝိုက်ကမှော်စက်ဝန်းဟာ လူတွေရဲ့ဓားစွမ်းအင်ကိုမှတ်မိနိုင်တယ်။ တကယ်လို့ ကျွန်တော်သာမှော်စက်ဝန်းကိုကျုးကျော်ခဲ့တယ်ဆိုရင် အဲ့ဒါကကျွန်တော့်ကိုသေချာပေါက်တွန်းကန်မှာပဲ။ တစ်နည်းပြောရရင် ကျွန်တော်အပြစ်ကင်းစင်ကြောင်း ကျွန်တော်သက်သေပြလို့ရတယ်။"
အစွမ်းမရှိတော့သော်ငြား သြဇာအာဏာကတော့ထူးခြားစွာသက်ရောက်နေဆဲပင်။ တစ်ခဏတာတိတ်ဆိတ်သွားပြီးနောက် ဂိုဏ်းသားအများအပြားမှာသူတို့၏လက်နှစ်ဖက်ထဲတွင်ဓားကိုယ်စီကိုင်လျက်သားဖြင့် တစ်ချိန်တည်းတွင်ထွက်လာကြကာ သူ့အားသူတို့၏ဓားများကိုငှားပေးချင်နေကြသည်။
ပြစ်ဒဏ်ပေးဟောခန်းမ၏အကြီးအကဲကသံသယဖြစ်စွာပြောလာသည်။
"မင်းရဲ့ယွမ်တန့်ကကုန်ခမ်းသွားပြီလေ။ မင်းရဲ့အစွမ်းအစတွေကလည်းပျောက်ဆုံးလုနီးပါးပဲ။ မင်းကိုယ်မင်းသက်သေပြဖို့ မင်းရဲ့ဓားချီစွမ်းအင်ကိုမင်းဘယ်လိုလုပ်ပြီးနှိုးဆွနိုင်မှာလဲ။"
ဤကား သူတံခါးမှဝင်လာကတည်းက ပထမဆုံးအကြိမ်အနည်းငယ်ပြုံးမိခြင်းဖြစ်ပေသည်။
ဤပုံမှန်မဟုတ်စွာချောမောလှပသောမျက်နှာကား ခပ်စစအပြုံးနှင့်တန်ဆာဆင်လိုက်ရာ သူ၏စိတ်နေသဘောထားထဲကအေးစက်မှုကို ချက်ချင်းလျော့ပါးသွားစေသည်။
ယင်းကားနွေဦးလေပြေနှင့်အတူလွင့်မျောနေသောနှင်းပန်းပွင့်နှယ်။ အရောင်ကဖျော့တော့သော်လည်း မျက်စိကျိန်းလောက်ဖွယ်ရာပင်။
ရှုလင်ကျားသည်ဘယ်လက်နှင့်ဓားကိုမြှောက်လိုက်ကာ ညာလက်နှင့်ချိပ်စည်းတစ်ခုဆွဲလိုက်ပြီး ဓားအိမ်ကိုလျှောချလိုက်ရာ ဓားဖျားကားဓားအိမ်ထဲမှလက်မဝက်မျှဖြေးဖြေးချင်းထွက်လာခဲ့သည်။
ဤကဲ့သို့ဓားဝိညာဥ်အမျိုးအစားမှာ သာမန်လူတို့ဆွဲထုတ်နိုင်သည့်အရာမဟုတ်။ ဤလက်မဝက်မျှဆွဲထုတ်လိုက်ရုံဖြင့် ရှုလင်ကျားမှာမောပန်းနေသည့်တိုင် သူ့စိတ်ဓာတ်ကားမာလေသည်။
သဲနာရီအတွင်းရှိသဲများမှာ နည်းသထက်နည်းလာခဲ့သည်။
မဖြစ်ဘူး၊ သူ့ရဲ့အကန့်အသတ်က ဒီနေရာမှာလုံးဝအဆုံးသတ်သွားလို့မဖြစ်။
ပြတင်းပေါက်အပြင်ဖက်ရှိကောင်းကင်ယံကား မျက်စိကျိန်းလောက်အောင်တောက်ပနေကာ နွေးထွေးသောနေရောင်ခြည်က ဟောခန်းမထဲသို့ဝင်ရောက်လာကာ ခန္ဓာကိုယ်ပေါ်ဖြာကျလာသည်မှာ ခန္ဓာကိုယ်အတွင်းရှိနှလုံးခုန်သံ၊ စစ်မှန်သောသူရဲကောင်းစိတ်ဓာတ်နှင့် စီးဆင်းနေသောသွေးကြောများကို ဖော်ပြနိုင်စွမ်းရှိသည့်နှယ်။
ဒဏ်ရာရထားသောမယ်ရီဒျန်မှာ တဆစ်ဆစ်ဖြင့်အလွန်နာကျင်နေသည်ကို သူခံစားနေရကာ လက်ရှိစိတ်ဝိညာဥ်စွမ်းအားမှာနောက်ဆုံးတွင်ကျစ်လျစ်ဖြစ်တည်လာပြီး ခန္ဓာကိုယ်၏အကန့်အသတ်ကိုထိုးဖောက်ကျော်လွှားကာ စွမ်းအင်ကိုတိုးတက်စေရန်တွန်းအားပေးလိုက်လေသည်!
ရွှီခနဲမြည်သံနှင့်အတူ အေးစိမ့်စိမ့်အလင်းရောင်ဖြန့်ကျက်ထွက်ပေါ်လာကာ ဓားဖျားမှာတစ်လက်မထက်ပို၍အပြင်ထွက်လာခဲ့သည်။
သို့ပေမဲ့ ဤအခိုက်အတန့်တွင် လေထုထဲ၌မဖော်ပြနိုင်လောက်သောတွန်းအားတစ်ခုက လားရာအားလုံးမှတိုးဝင်လာခဲ့သည်။
ဤကား အဓိကဇာတ်ဆောင်ရောင်ဝါ၏အဟန့်အတားဖြစ်ပေသည်။
သို့ပေမဲ့အဲ့ဒါက သူ့ကိုခေါင်းငုံ့အောင်လုပ်ဖို့ရန်လုံလောက်ခြင်းမရှိ။
သူ့နှဖူးမှချွေးစေးများကျလာကာ သူ့လက်ချောင်းများမှသွေးများတစက်စက်ကျလာတော့သည်။
သွေးနှင့်ချွေးရှိနေကတည်းက ယင်းတို့ကိုစီးဆင်းခွင့်ပေးလိုက်တာအကောင်းဆုံးဖြစ်သည်။
နားထဲတွင်တစ်ခုခုကြေမွသွားကာ မဖော်ပြနိုင်လောက်သောဖိအားများမှာ မျက်စိတစ်မှိတ်အတွင်းတွင် ပျောက်ကွယ်သွားပြီး ချက်ချင်းပင် ဓားစွမ်းအင်၏ဖိနှိပ်ခြင်းခံလိုက်ရတော့သည်!
ဓားရှည်ကားဓားအိမ်ထဲမှဆွဲထုတ်ခြင်းခံလိုက်ရပေ၏!
ထိုတစ်ခဏမှာပင် သီးခြားစွမ်းအင်ပေါက်ကွဲထွက်လာကာ တရားစီရင်ခြင်းခန်းမထဲရှိပြတင်းပေါက်အောက်ခြေများမှာ တုန်ယင်သွားခဲ့ပြီး ခြံဝန်းထဲရှိပြစ်ဒဏ်ပေးခေါင်းလောင်းမြည်ဟည်းလာခဲ့ကာ ဘမ်းခနဲအသံကျယ်ကျယ်ကိုဖြစ်ပေါ်စေသည်။
တစ်ချိန်တည်းမှာပင်၊ အဝေးရှိတောင်ထွတ်ပေါ်မှ စိတ်ဝိညာဥ်အလင်းတစ်ခုပေါက်ထွက်လာကာ ထူထဲသောလေချွန်သံတစ်သံမြည်လာခဲ့ပြီး ပဲ့တင်သံထပ်သွားချေသည်။
"မှော်စက်ဝန်းထွက်ပေါ်လာတာပဲ!"
မည်သူအော်လိုက်မှန်းငါမသိ။
"မှော်စက်ဝန်းက အစ်ကိုရှုရဲ့ဓားစွမ်းအင်နဲ့ဟန်ချက်ညီညီထွက်ပေါ်လာခဲ့တာပဲ။ ဒါကြောင့်မို့ ကျူးကျော်ခဲ့တဲ့သူက သူမဟုတ်ဘူး!"
သဲနာရီထဲမှနောက်ဆုံးသဲတစ်ဆုပ်ကျဆင်းလာကာ ပြီးနောက်တွင်ပေါက်ကွဲထွက်သွားပြီး ပျောက်ကွယ်သွားပေသည်။
ရီလင်းသည်လည်းအလွန်အံ့သြမှင်သက်မိသဖြင့် သူ့မျက်လုံးတွေသူမယုံကြည်နိုင်ဘဲ ရုတ်ခြည်းမတ်တပ်ထရပ်မိချေသည်။
ရှုလင်ကျားသည် ဓားကိုဓားအိမ်ထဲပြန်ထည့်လိုက်ပြီး သူ၏လက်မောင်းများနာကျင်ကျိန်းစပ်နေသည်မှာ ပိဿာချိန်အများအပြားကိုသယ်လို့ပြီးသွားသည့်နှယ်။ သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှမရှိပါဘဲ ဓားအား အခုနကရှစ်တိထံသို့ ပြန်ပေးလိုက်သည်။
သူ့အားဓားငှားခဲ့သောဂိုဏ်းသားငယ်လေးမှာ ဂုဏ်ယူဝံ့ကြွားမှုအပြည့်နှင့် ခြေလှမ်းသေးသေးလေးများဖြင့်ပြေးထွက်လာကာ ခေါင်းငုံ့အရိုအသေပြုလိုက်ပြီး လက်နှစ်ဖက်လုံးဖြင့်ဓားကိုပြန်ယူကာ သူ့နားရွက်နှစ်ဖက်လုံးပင်နီစွေးနေတော့သည်။
ပတ်ဝန်းကျင်တစ်ခွင်တွင်တိတ်ဆိတ်မှုသာရှိသည်။
ရှုလင်ကျားက သူ့နှုတ်ခမ်းနားသို့သူ့လက်သီးဆုပ်ကိုကပ်ကာ ခေါင်းငုံ့ပြီး ချောင်းနှစ်ချက်ဆိုးလိုက်ကာ သူ၏ဒန်ထျန်းမှမြင့်တက်လာသော နွေးထွေးသည့်စီးကြောင်းတစ်ခုကိုခံစားမိလိုက်သည်။
မစ်ရှင်တာဝန်ပြီးမြောက်သွားပြီး ကံကြမ္မာအလှည့်အကြောင်းလည်းတိတ်တဆိတ်ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ သူ့အပေါ်ရှိဆိုးဝါးသောဇာတ်ကြောင်းသက်ရောက်မှုမှာ ယာယီအားနည်းသွားခဲ့လေပြီ။
ယခုလေးတင် သူ၏အကန့်အသတ်ကိုချိုးဖောက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့မိသည်။ အစတုန်းက သူ၏မယ်ရီဒျန်မှာဒဏ်ရာများစွာရှိနေခဲ့ပြီး မတ်တပ်ရန်ဖို့ပင်ခဲယဥ်းလုနီးပါးဖြစ်နေခဲ့သည်။ သို့ပေမဲ့ ခေတ္တမျှကြာပြီးသော် နာကျင်မှုမှာ အလိုအလျောက်ဖြစ်စွာအမြောက်အမြားသက်သာလာခဲ့ပေသည်။
အကယ်၍ သင်သာဒါကိုဒီလိုကြည့်လိုက်မယ်ဆိုရင် ၊ သူ့စွမ်းရည်ထဲတွင် ဒဏ်ရာပျောက်ကင်းသည့်မျှော်လင့်ချက်ရှိနေသည်ကို မြင်တွေ့ရလိမ့်မည်ပင်!
ရှုလင်ကျားမှာတည်ငြိမ်စွာရှိလျက်သားဖြင့် ပေါ့ပါးစွာပြောလိုက်သည်။
"ရီသခင်လေး၊ မင်းဘာပြောအုံးမလဲ။"
ရိလင်းသည်ဘယ်လိုအမြန်ပြန်ဖြေရမှန်းမသိပေ။
"ဒါက..."
သူမဖြေနိုင်သည်ကိုမြင်ရရင်း ရှုလင်ကျားပြက်ရယ်ပြုလိုက်ကာ သူ့မျက်လုံးပြောင်းလဲသွားပေသည်။
"ဒီတော့ ကျွန်တော်ကတားမြစ်နယ်မြေကိုမင်းနဲ့အတူသွားခဲ့တယ်လို့ မင်းထွက်ဆိုခဲ့တယ်နော်။ မနေ့ညကသံအမတ်ကမူးဝေပြီး ရုတ်တရက် ကျွန်တော့်ကိုမမှတ်မိတာလား၊ မဟုတ်ရင် မင်းမှာမျက်စိမမြင်တာလိုမျိုး ရောဂါပုန်းတစ်ခုခုရှိနေပြီး မကြာသေးခင်ကမှရောဂါကြီးလာလို့များလား။"
လူတိုင်းမှာမျက်နှာချင်းဆိုင်အလှောင်ခံနေရကာ သူတို့၏မျက်နှာပေါ်တွင်ခက်ထန်မှုများပေါ်ထွက်လာပြီး ဒေါသတကြီးပြောမိချေသည်။
"ရှုလင်ကျား!"
ထိုအချိန်တွင် တစ်စုံတစ်ယောက်ကစကားလုံးနှစ်လုံးကိုပြောလာခဲ့သည်။
"အဓိပ္ပါယ်မရှိလိုက်တာ။"
-ပြောလိုက်သည့်တစ်ယောက်ကား ဟောခန်းမထဲတွင်တစ်ချိန်လုံးထိုင်နေခြင်းပင်။ ညာဘက်ရှိဆံပင်ဖြူနှင့်အဖိုးအိုပါတကား။
သူကား ချန်ချုန်းရွှမ်ဖြစ်ကာ ပြစ်ဒဏ်ပေးဟောခန်းမ၏အကြီးအကဲတို့၏ခေါင်းဆောင်ဖြစ်ပြီး ယခုအချိန်မတိုင်မီအထိ စကားတစ်ခွန်းမဆိုခဲ့ပေ။
ရိလင်းကအရင်ဆုံးသည်းခံလိုက်ရကာ မျက်နှာကျက်မှတွဲလောင်းကျနေသောဓားတစ်လက်နှယ် ခံစားနေရပြီး ချက်ချင်းပင်ချွေးသီးများကျလာရသည်။
ချန်ချုန်းရွှမ်၏"အဓိပ်ပါယျမရှိလိုကျတာ"ဟူသောစကားက သူ့ကိုရန်စနေပေသည်။
"ရိလင်း၊ ကျုပ်ကမင်းကိုအဝေးကဧည့်သည်တစ်ယောက်လို့မြင်ပြီး မင်းကိုအမြဲတမ်းတယဥ်တကျေးဆက်ဆံခဲ့တယ်။ မင်းကအပြစ်တင်ခံရတာမဟုတ်မှန်း မင်းကိုယ်မင်းပြန်မေးကြည့်လိုက်အုံး။ ဒါပေမဲ့လည်း မင်းကဘာမှမပြောဘဲ လင်ရှောင်းရဲ့တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ကျုပ်ကိုလီဆယ်ပြောခဲ့သေးတယ်။ ဂိုဏ်းသားတွေကိုပို့လိုက်တာက တကယ့်ကိုလှည့်စားနေတာပဲကိုး!"
ချန်ချုန်းရွှမ်က အကြေးခွံမျိုးနွယ်စု၏သခင်လေးကိုမျက်နှာသာမပေးတော့ဘဲ ဟယ်ဇီကျိုးအားပြောလိုက်သည်။
"ဆရာသခင်၊ အကြေးခွံမျိုးနွယ်စုက ကျုပ်တို့ကိုရှင်းပြသင့်တယ်။"
ဟယ်ဇီကျိုးကားအမြင်ကျယ်သဖြင့် ချန်ချန်းရွှမ်၏စကားများအားခေါင်းငြိမ့်ပြလိုက်ပေမဲ့ ရှုလင်ကျားအားကြည့်လိုက်ပေသည်။
ဤကလေးကားမြေခွေးအသွင်ပြောင်းလဲသွားသည့်အခါ လက်ဖဝါးစာအရွယ်ခန့်သာရှိ၏။ သူမြေခွေးလေးကိုကောက်မလိုက်သော် ၎င်းအားသူ့လက်မောင်းကြားထဲသို့ချီပိုးလိုက်ရုံသာ။ မြေခွေးခန္ဓာကိုယ်တစ်ခုလုံးကား အမွှေးဖွာလျက်ရှိ၏။ အကယ်၍ သူသာအားပို၍ထည့်လိုက်လျှင် မြေခွေးလေးအားခြေမွမိမည်ကို လူတွေကစိုးရွံ့နေခဲ့ကြသည်။
သို့ပေမဲ့ သူ၏စရိုက်မှာ ကောင်းမွန်စွာနာခံပြုမူတတ်သည့်မြေခွေးပုံစံနှင့် လုံးဝခြားနားလှသည်။ သူကား သွေးအေးကာ စူးရှခက်ထန်၊ မောက်မာလှပြီး အချစ်အမုန်းတို့ကင်းစင်ကာ သူ့မျက်ဝန်းထဲတွင်ခံစားချက်စိုးစဥ်းမျှမရှိ။
သူ့အတွက်တော့ ဤကဲ့သို့တရားမမျှမတမှုမျိုးဟာ စင်စစ်ကို နစ်နာချက်တစ်ခုဖြစ်နေလေရာ သူ့ကိုယ်သူထိခိုက်စေဖို့ပင်မတုံ့ဆိုင်းဘဲ အရာရာတိုင်းအတွက်တရားမျှတမှုအား သူရှာဖွေရလိမ့်မည်။
ဟယ်ဇီကျိုးသက်ပြင်းချကာ သူ့အသံကိုပျော့ပြောင်းလိုက်သည်။
"လင်ကျား၊ မင်းရဲ့ရှစ်စွင်းကို ဒီကိစ္စကိုင်တွယ်ဖြေရှင်းစေချင်ရဲ့လား။"
ရှုလင်ကျားဘာမှပြောလာခြင်းမရှိသည်ကို မြင်ရရင်း သူတီးတိုးပြောမိသည်။
"ရိလင်းနဲ့လင်းမျိုးနွယ်စုက မင်းကိုပွင့်ပွင့်လင်းလင်းပြောပါလိမ့်မယ်။ တောင်းပန်ပါတယ်လို့ပေါ့။ အကြေးခွံမျိုးနွယ်စုက ရေမိစ္ဆာကိုဖယ်ရှားဖို့ လင်ရှောင်းဂိုဏ်းဆီကိုမှော်လက်နက်ငှားဖို့ပြန်လာခဲ့တာ။ ဒီတော့ ငှားသွားတဲ့မှော်လက်နက်ကိုပဲပြန်ယူပါရစေ၊ ဟုတ်ပြီလား။"
ရိလင်းကရုတ်ခြည်းလက်သီးဆုပ်ကာ သူ့မျက်နှာအရုပ်ဆိုးသွားရသည်။
လင်ရှောင်းဂိုဏ်း၏မှော်လက်နက်အများအပြားကား ကမ္ဘာတစ်ဝှမ်းလုံးတွင်ထင်ရှားကျော်စောလှပြီး မိစ္ဆာတွေကိုနှိမ်နင်းဖို့ရန်ရတနာများကိုအသုံးပြုခြင်းကလည်း သူ့ခရီး၏ပထမဆုံးဦးစားပေးခြင်းပင်။ သွားစမ်းပါ!
သူတောင်းပန်ကာ ဟယ်ဇီကျိုးအားသက်ညှာပေးဖို့တောင်းဆိုချင်ပေမဲ့ သူ၏မောက်မာမှုဖြင့်နေသားကျနေသဖြင့် သူ့မျက်နှာကိုသုတ်မပစ်လိုက်နိုင်ပေ။
Advertisement
ထိုတဒဂ်တွင်-
အပြင်ကတစ်စုံတစ်ယောက်မှာကျယ်လောင်စွာပြောလာပေသည်။
"ကျွန်တော်ကသာ တားမြစ်နယ်မြေထဲကိုချိုးဖောက်ဝင်ခဲ့တဲ့သူပါ။ အစ်ကိုရှုနဲ့ဘာမှမဆိုင်ပါဘူး!"
အဓိကဇာတ်ဆောင်ကျန်းရွေ့တစ်ယောက်နောက်ဆုံးတော့ပေါ်လာခဲ့ပြီပင်။
သတင်းကိုအခုလေးတင်မှကြားလိုက်ရသည့်နှယ် သူသည်အသက်မရှုဘဲပြေးလာကာ စကားတစ်ခွန်းမဆိုဘဲ ဒူးထောက်ချလိုက်ပြီး စိတ်အားထက်သန်စွာရှင်းပြ၏။
"ရှစ်စွင်း၊ လေးစားရပါသောအကြီးအကဲများအားလုံးခင်ဗျ၊ ဒီတပည့်ပြောတာကအမှန်ပါ။"
ချန်ချန်းရွှမ်ကပြောသည်။
"မင်းဘာပြောမလို့လဲ။"
ကျန်းရွေ့ကဆိုသည်။
"လွန်ခဲ့တဲ့တစ်နှစ်တုန်းက ကျွန်တော်ကျင့်ကြံနေတုန်း မိစ္ဆာလမ်းစဥ်ကိုမတော်တဆရောက်သွားခဲ့တယ်။ တပည့်ချီဖောက်ပြန်တာကိုကူညီဖို့ ရှစ်စွင်းကအားနည်းသွားခဲ့တယ်။ ဒီကိစ္စက ကျွန်တော့်ကိုအမြဲတမ်းဝမ်းနည်းစေခဲ့တာ။ မီးတိုင်ကရှစ်စွင်းကိုကုသပေးနိုင်တယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ ဒဏ်ရာရပြီးနောက်မှာ ကျွန်တော်နည်းနည်းဝေခွဲမရဖြစ်နေခဲ့တယ်။ ဒါကြောင့်မို့ မီးတိုင်ကိုရဖို့တားမြစ်နယ်မြေထဲကို ကျွန်တော်ဝင်ချင်ခဲ့တာပါ။"
ရိလင်းအသံပျောက်သွားရသည်။
"ဟေး! မပြောနဲ့လေ!"
ကျန်းရွေ့ကပြောသည်။
"ဒီကိစ္စက အစကတည်းက ရိသခင်လေးနဲ့မဆိုင်ပါဘူး။ ကျွန်တော်သူ့ကိုလမ်းမှာတွေ့ခဲ့တာ။ မိတ်ဆွေတစ်ယောက်ရဲ့ဖြောင့်မတ်မှန်ကန်မှုကိုကျော်လွန်ပြီး သူ့ကိုပါခေါ်သွားဖို့ ရိသခင်လေးကတောင်းဆိုခဲ့ရုံပဲ။ ဒါပေမဲ့ အဲ့ဒီနောက်အဖြစ်အပျက်တွေက အဲ့ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တွေးမိဖို့နေနေသာသာ ကျွန်တော်လုံးဝထင်ထားမိတဲ့ကိစ္စပဲ။ ရှုရှစ်ရှုန်းကို ကျွန်တော့်ကိုယ်စားအပြစ်ခံခိုင်းခဲ့တယ်လေ။"
သူ့ကိုကြည့်ရတာရှက်ရွံပြီး တောင်းပန်ချင်ပုံရသည်။
"ရိသခင်လေးကသူ့တာဝန်ကိုပုခုံးထမ်းပြီးသားပဲ။ သူကဒါတွေအားလုံးကိုကျွန်တော့်ကိုကာကွယ်ဖို့လုပ်ခဲ့တာပါ။ ဒါကြောင့်မို့ ဒါကကျွန်တော့်အမှားမဟုတ်ဘူး။ ကျွန်တော့်ကိုအပြစ်ပေးလို့ရပါတယ်။ ကျွန်တော်ကလည်းရှုရှစ်ရှုန်းကိုတောင်းပန်ဖို့ ဒီနေရာကိုရောက်လာခဲ့တာပါ။"
ရှုလင်ကျားသူ့ဓားကိုဆွဲထုတ်လိုက်စဥ်က ကျန်းရွေ့တစ်ယောက်မပေါ်လာခဲ့သေးသည့်တိုင် တရားစီရင်ခြင်းဟောခန်းမထဲကိုသူရောက်နေပြီးသားပင်။ ရှုလင်ကျားကားသူ၏အဓိကဇာတ်ဆောင်တစ်ယောက်၏ကံကောင်းမှုဖြင့် ဖိနှိပ်ခံလိုက်ရသဖြင့် ဓားကိုဆွဲထုတ်ရန်ကျရှုံးလုနီးပါးဖြစ်ခဲ့ရသည်။ ပြီးတော့ ယခုတွင်ကျန်းရွေ့ကဤနေရာကိုရောက်လာလေပြီ။ လူတိုင်းကသူ့ကိုကြည့်နေကြသည်။ ကျန်းရွေ့ကလေးနက်စွာစကားပြောနေပြီး ရှုလင်ကျားအားထပ်ခါထပ်ခါတောင်းပန်နေပေသည်။ ဟယ်ဇီကျိုးကဒါကိုခေတ္တမျှကြည့်နေပြီး မျက်မှောင်ကြုတ်၏။
"ကောင်းပြီ၊ ဒါကိုမေ့လိုက်တော့။"
ဤကဲ့သို့ပေါ့ပါးလှသောစကားမှာ ရှုလင်ကျား၏ရုန်းကန်မှုနှင့်ကြိုးစားအားထုတ်မှုများအား ရယ်ချင်စဖွယ်ဖြစ်သွားစေသည်။
ကျန်းရွေ့ကိုကြည့်နေရင်း ရိလင်းကပြစ်ဒဏ်ကိုခေါင်းခံဖို့ရန်ပြေးထွက်လာပြီး ဟောခန်းမ၏အရေးကြီးသောအကြီးအကဲများပင် သူတို့ကိုတာဝန်ခံခိုင်းမည်ဟု မပြော။ ဒါကဘဝလား။ ရှုလင်ကျားလက်သီးတင်းတင်းဆုပ်လိုက်မိရာ ယခုလေးတင်ဓားဆွဲထုတ်ရာမှကျန်ရစ်ခဲ့သောဒဏ်ရာမှာ ထပ်မံနာကျင်လာတော့သည်။ မဟုတ်ဘူး၊ သူဒါကိုမယုံကြည်ပေ။ ကျန်းရွေ့၏မူရင်းအကျင့်စရိုက်က လူထုရှေ့တွင်ဖော်ထုတ်မခံရပေမဲ့ ဤအချိန်တွင်သူ့ရှေ့ရှိအရာရာတိုင်းက ကံကြမ္မာဟာတိတ်တဆိတ်ပြောင်းလဲနေသည်ကို သက်သေပြနေပေသည်။ သူ့ကိုယ်ပိုင်ဘဝကိုသူထိန်းချုပ်နိုင်ကတည်းက ဒီလိုရွှံ့ဗွက်အိုင်ထဲမှာ ဘာကြောင့်များသူ့ကိုယ်သူထောင်ချောက်မိခံရမည်နည်း။ ငါ့ကိုစွန့်ပစ်ခဲ့တဲ့သူတွေနှမြောတသသဖြစ်နေစရာမလို။ ဟယ်ဇီကျိုးက ကျန်းရွေ့ကိုလက်ဝေ့ပြလိုက်ပြီး သူ့ကိုဘေးတွင်ရပ်ဖို့အမူအရာပြလိုက်ကာ ထို့နောက်တွင်ရှုလင်ကျားကိုကြည့်လာပြီး ထိုအကြောင်းတွေးမိကာ သာယာသောအသံဖြင့်ဆိုသည်။
"လင်ကျား၊ ဒီနေ့မင်းကိုမှားယွင်းစွပ်စွဲခဲ့မိတယ်။ တကယ်လို့ မင်းမှာတောင်းဆိုစရာတစ်ခုခုရှိရင် မင်းပြောလို့ရတယ်။"
သူကလက်ကိုညင်သာစွာဝှေ့လိုက်ရာ ကျောက်စိမ်းပုလင်းအသေးလေးတစ်လုံးက ရှုလင်ကျားရှေ့သို့ပျံဝဲလာချေသည်။
ဟယ်ဇီကျိုးကပြောသည်။
"ဒီဟာက မဟူရာကျောက်ဆေးပြားတွေပဲ၊ မင်းဒဏ်ရာအတွက်ကောင်းတယ်။ ဒီဆေးပြားတွေက ဒီဆရာသခင်ကိုယ်တိုင်မင်းအတွက်အထူးတလှယ်ဖော်ပေးထားတာ။ ယူသွားချည်တော့။"
ရှုလင်ကျားဆေးကိုမယူဘဲ နောက်ဆုတ်လိုက်သည်။ သူရှေ့တစ်လှမ်းတိုးကာပြောလိုက်သည်။
"ဒီတပည့်မှာတောင်းဆိုစရာမရှိပါဘူး။"
ဟယ်ဇီကျိုးကနွေးထွေးစွာပြောသည်။
"ပြောသာပြောပါ။"
ရှုလင်ကျားဗြောင်ကျကျပြောလိုက်သည်။
"ကျွန်တော်ဒီနေရာကထွက်သွားချင်တယ်။"
ဟယ်ဇီကျိုး၏မျက်နှာကချက်ချင်းအေးစက်သွားသည်။
"မင်းဘာပြောလိုက်တယ်?"
"ရှစ်စွင်းသိထားသင့်တာက..."
ရှုလင်ကျားမျက်လုံးအသာမှိတ်လိုက်သည်။
"ကျွန်တော့်ဘဝမှာကျွန်တော်အမုန်းဆုံးက သူများတွေကိုမော်ကြည့်ပြီး သနားစရာဘဝနဲ့နေရမှာကိုပဲ။"
သူမျက်လုံးဖွင့်လိုက်ကာ သူ့မျက်လုံးများမှာဆောင်းဦးရေလှိုင်းများသဖွယ်ကြည်လင်သန့်စင်နေပြီး အနည်းငယ်သွေးအေးနေပေမဲ့ ထိုမျက်ဝန်းထဲတွင်တုံ့ဆိုင်းမှုနှင့်အားနည်းခြင်းစိုးစဥ်းမျှမရှိ။
သူပြောလိုက်သည်။
"ဒီကနေ့တောင်ထွတ်ပေါ်မှာကျွန်တော်တရားမျှတမှုကိုမမြင်ခဲ့ရဘူး။ ဒါကြောင့်မို့ ရှုလင်ကျားကဒီနေရာမှာမနေချင်တော့လို့ ကျွန်တော်ထွက်သွားဖို့တောင်းဆိုမိရုံပါပဲ။"
အဓိကဇာတ်ဆောင်ကရိုးသားစွာတောင်းပန်လာခဲ့ပြီး သူ၏သဘောထားကားအလွန်အမင်းနိမ့်ချနေပေသည်၊ သို့ပေမဲ့ သူကတော့အလွန်ရန်မူတတ်ပြီး ရက်စက်သောဇာတ်ပို့ဇာတ်ကောင်၏ပုံရိပ်နှင့်ကိုက်ညီပေ၏။
လူအစုအဝေးကြီးမှာဟောခန်းမထဲတွင်ဤကဲ့သို့ပုန်ကန်သောစကားများကိုပြောလာသဖြင့် ထိတ်လန့်အံ့သြသွားကြသည်။
ရှုလင်ကျားကား ငယ်စဥ်ကလေးဘဝကတည်းက အလွန်တရာပါရမီရှိလှပြီး သူ့ဆရာသခင်များ၏အလိုလိုက်ဖျက်ဆီးခြင်းခံခဲ့ရသည်ကို ကြားဖူးနားဝရှိပြီးသားပင်။
အကြီးအကဲတစ်ယောက်ကဆူပူသည်။
"မောက်မာလိုက်တာ!"
ရှုလင်ကျားကဒါတွေကိုစိတ်ကုန်နေပြီဖြစ်ကာ စကားလုံးများကသူ့ပါးစပ်မှထွက်ကျလာခဲ့သည်။ သူလက်နောက်ပစ်လျက်သားဖြင့် ရိုးစင်းစွာပြုံးလိုက်သည်။
"သတိတရားမှာ သတိရှိတာရဲ့ကောင်းကျိုးရှိတယ်။ မောက်မာတာမှာလည်း မောက်မာတဲ့သဘောရှိတယ်လေ။"
ဟယ်ဇီကျိုး၏မျက်နှာနစ်မြုပ်သွားကာ သူ့အားအေးစက်စွာကြည့်နေသည်။
"မင်းဘာပြောနေလဲဆိုတာ မင်းသိသေးရဲ့လား။"
ရှုလင်ကျားကပြောသည်။
"အင်း"
အဓိကဇာတ်ဆောင်နှင့်ရန်ဖြစ်ဖို့ သူ့ကိုယ်သူဒီနေရာမှာအကျဥ်းချဖို့ရာ သူ့တွင်စိတ်ဝင်စားမှုရှိမနေ။
ယခုလေးတင် ဟယ်ဇီကျိုးက သူလုပ်ချင်တာလုပ်ဖို့သူ့ကိုပြောခဲ့သည်။ ဒါကရှားပါးသောအခွင့်အရေးဖြစ်နေလေရာ သူအရှုံးမပေးနိုင်ပေ။
ကျန်းရွေ့ကအလွန်သောကရောက်ကာ ခပ်မြန်မြန်ပြောလာခဲ့သည်။
"ရှစ်ရှုန်းအထင်မလွဲပါနဲ့နော်။ ရှစ်စွင်းအချစ်ဆုံးကအစ်ကိုပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်ကဆင်းရဲတဲ့အသိုင်းအဝိုင်းကဆိုတော့ ကျွန်တော့်ကိုယ်ကျွန်တော်ပိုဂရုစိုက်ရမယ်လေ။ ကျွန်တော့်ဘာသာကျွန်တော်လေးလံတဲ့ပြစ်ဒဏ်ကိုခံဖို့ ကျွန်တော်ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီးတော့ ဒေါသထပ်မထွက်ပါနဲ့နော်။"
ရှုလင်ကျားသည်ဤထမင်းပွဲကိုဘယ်တော့မှမစားပေ။ သို့ပေမဲ့ အပြုံးတစ်ဝက်မျှဖြင့် သူ့မျက်နှာပေါ်အကြည့်တစ်ချက်ဝေ့ဝဲသွားလိုက်သည်။
"မင်းသာအပြစ်ဒဏ်ခံရရင် အဲ့ဒါကဘာလို့လဲဆိုတော့ မင်းကတားမြစ်နယ်မြေထဲကိုအခွင့်မရှိဘဲဝင်သွားပြီး မှားယွင်းတဲ့တစ်စုံတစ်ခုလုပ်ခဲ့တာကြောင့်ပဲ။ အဲ့ဒါက ငါတောင်အောက်ဆင်းလို့မရတာနဲ့ ဘာဆိုင်လို့လဲ။"
ကျန်းရွေ့တစ်ယောက်စကားလုံးများပျောက်ရှသွားပေသည်။
ဟယ်ဇီကျိုးကဆိုသည်။
"အားရွေ့၊ ဒါကမင်းနဲ့မဆိုင်ဘူး။ အရင်ဆုံးဘေးဖယ်နေချည်။"
သူသည် ကျန်းရွေ့အားကာကွယ်နေဆဲဖြစ်သည်ကို မြင်နေရရင်း သူ့အနီးတဝိုက်ရှိသာမန်တပည့်ဂိုဏ်းသားလေးများမှာ အကြည့်ချင်းဖလှယ်မိလိုက်ကြပြီး တစ်အောင့်မျှစိတ်မကျေမနပ်ဖြစ်မိကြသည်။
ကျန်းရွေ့တစ်ယောက်တောင်ထွတ်ပေါ်တက်လာစဥ်ကတည်းက လင်ရှောင်းဂိုဏ်းတစ်ခုလုံးတွင် သူ့အားမကြိုက်သောသူအလွန်အနည်းစုသာရှိသည်။ ဤရှစ်တိကနေရာတိုင်းတွင်ကောင်းမွန်လှသည်ဟု သူတို့အားလုံးခံစားမိခဲ့ကြသည်။
သို့ပေမဲ့ ဤတစ်ခဏတွင် ကိစ္စတစ်ခုလုံးအားလူတိုင်းမြင်ခဲ့ကြရပြီး ရုတ်တရက်ချင်းပင် သူတို့စိတ်တို့ရုတ်ခြည်းရှင်းလင်းလာသည်ဟု ခံစားချက်ရနေပေသည်။
အစ်ကိုရှုစွပ်စွဲခံနေရတုန်းက ညီလေးကျန်းကထွက်မလာခဲ့ပေ။ အမှန်တရားပေါ်ထွက်လာသည့်အချိန်မှသာ သူကရှင်းပြဖို့ထွက်လာခဲ့လေသည်။
ဆရာသခင်နှင့်အကြီးအကဲများအားလုံးဟာ အတိတ်တုန်းက ရှုရှစ်ရှုန်းကိုအချစ်ဆုံးဖြစ်ခဲ့ကြသည်။ သို့ပေမဲ့ ကျန်းရှစ်တိရောက်လာသော် သူကသိသိသာသာကိုဘက်လိုက်ခံနေရပြီး သူတို့ကရှုရှစ်ရှုန်းကိုဖယ်ထုတ်ဖို့ကြံရွယ်နေကြသည်!
လုံးဝမတရားဘူး! တစ်စုံတစ်ယောက်ကကူကယ်ရာမဲ့စွာအော်ပြောလာခဲ့သည်။
"ရှုရှစ်ရှုန်း၊ မသွားပါနဲ့! ကျွန်တော်အစ်ကိုတစ်ယောက်ကိုပဲ မင်ကျန့်တောင်ထွတ်ရဲ့ဓားသခင်အဖြစ်သတ်မှတ်နိုင်မယ်!"
အကုန်လုံးမိန်းမောသွားကြသည်။
ဒါက သူတောင်ပေါ်ကိုပထမဆုံးတက်လာကတည်းက အခြားသူတွေဆီမှသူ့ကိုယ်သူဆီသို့စိတ်ပျက်မှုမျိုးကို ခံစားရသည်မှာပထမဦးဆုံးပင်။
ကိစ္စတွေကဘာကြောင့်များဒီလိုတိုးတက်သွားလဲဆိုတာကို ကျန်းရွေ့နားမလည်နိုင်တော့ပေ။
ကနဦးအစ၌ သူသည်မတ်တပ်ရပ်ပြီး သူ့အမှားကိုဝန်ခံဖို့ရာလက်ဦးမှုယူခဲ့ရသည်။ ဆရာသခင်ကိုဂုဏ်ယူစေဖို့ရန်မီးတိုင်ကိုသူယူချင်မိသည်။ တစ်ဖက်တွင်လည်း ရှုလင်ကျားကအရိုအသေမဲ့ကာ ရန်လိုတတ်ပေသည်။
မည်သို့ဆိုစေကာမူ၊ တစ်ဖက်လူကယခုတွင်တောင်အောက်ဆင်းရန် တကယ်တောင်းဆိုနေပြီး ဇာတ်ကြောင်းအောက်ခြေကအစကိုဆွဲထုတ်ဖို့လှုပ်ရှားမှုတစ်ခုပြုလုပ်ကာ သူ့အခြေအနေကိုချက်ချင်းအရှက်ရသွားစေပြီး သူ၏အပတ်တကုတ်ကြိုးစားအားထုတ်မှုများကိုလည်း မြောက်မြားစွာကျဆင်းသွားစေ၏။
တကယ်လို့ ငါသာစောစောစီးစီးသိခဲ့ရင် ရိုးရိုးသားသားအပြစ်ဒဏ်ခံလိုက်ရတာပိုကောင်းလိမ့်မှာပဲ။
ဟယ်ဇီကျိုးကလက်အသာမြှောက်ကာ သူ့ပတ်ဝန်းကျင်ရှိအသံများအားလုံးကိုရပ်တန့််စေလိုက်သည်။
"လင်ကျား"
သူ့အသံထဲတွင်နက်ရှိုင်းသောဒေါသရှိနေသည်။
"မင်းတကယ်ပဲဆရာ့ရဲ့စကားကိုနားမထောင်တော့ဘူးလား။ မင်းဒေါသထွက်နေတာဖြစ်ရမယ်။"
ရှုလင်ကျားဆိုလိုက်သည်။
"ဘာပြောရအုံးမှာလဲ။ ဒီတပည့်ကအကုန်ပြောလိုက်ပြီးသားပဲလေ။"
ဟယ်ဇီကျိုးကဒေါသဖြင့်ရယ်သွမ်းကာ အော်ပြောလာသည်။
"ကောင်းပြီ။ မင်းထွက်သွားချင်တယ်ဆိုရင်လည်း သူ့ကိုဘယ်သူမှတားခွင့်မရှိဘူး။ သူအပြင်မှာဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာ ငါကြည့်ပါအုံးမယ်!"
ဟယ်ဇီကျိုးကဤကဲ့သို့မီးမျိုးမွှေးရဲသည်ကိုမြင်ရရင်း သူအလွန်စိုးရွံ့မိသဖြင့် အသက်ပင်ရှုမထုတ်ရဲပေ။
သို့ပေမဲ့ ရှုလင်ကျားကတော့တုံ့ဆိုင်းမနေ။ သူသည်သူ၏ဝတ်ရုံအားမကာ ဒူးထောက်ချလိုက်ပြီး သူ့ခေါင်းအထက်တွင်လက်တွေကိုမြှောက်ကာ သမာဓိရှိစွာပြောလိုက်၏။
"ရှုလင်ကျားက ရှစ်စွင်းကိုဂါရဝပြုပါတယ်။"
ရှုလင်ကျား၏အပြုအမူများကားလွန်ကျူးလှသည်ဖြစ်ရာ ဟယ်ဇီကျိုးတစ်ယောက်လက်ကိုမသိလိုက်မသိဘာဘာမြှောက်လိုက်မိသည်မှာ ဤခေါင်းမာလှသောတပည့်ကိုပြန်ဆွဲထားချင်သည့်နှယ်။
ထို့နောက်တွင် သူဘာလုပ်နေမိမှန်းသိရှိသွားကာ သူ့မျက်နှာအနည်းငယ်မည်းမှောင်သွားပြီး လေးလံစွာနှာမှုတ်လိုက်ကာ မျက်နှာလွှဲလိုက်တော့သည်။
ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ဟယ်ဇီကျိုးစကားပြောလိုက်ကတည်းက တပည့်ဂိုဏ်းသားများမှာဆန္ဒမရှိလျှင်ပင်အရှုံးပေးရုံသာတတ်နိုင်သည်။
ရှုလင်ကျားတစ်ယောက်တောင်ထွတ်ဂိတ်ဝဆီဦးတည်သွားသော ကျောက်တုံးခြေလှမ်းပေါ်နင်းချသွားသည်ကို သူတို့ကြည့်နေမိကြပြီး ပုံရိပ်ကားတဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားတော့သည်။
သူ့အနောက်တွင် ကောင်းကင်ယံမိုင်ထောင်ပေါင်းများစွာရှိနေကာ ကောင်းကင်ပြာ၏တိမ်တိုက်များမှာသူ့ရှေ့တွင်ရှိနေပေ၏။
သူကား သိသိသာသာကို စကားလုံးတစ်လုံးဖြင့် ဂိုဏ်းအားချန်ရစ်ထားခဲ့သာသူတစ်ယောက်ဖြစ်သည်၊ သို့ပေမဲ့ သူ့ကိုကြည့်ရတာ အကြောက်တရားနှင့်နောင်တစိုးစဥ်းမျှရှိပုံမပေါ်ဘဲ သဘောထားကြီးမှုအပြည့်ပါပင်။
ရိလင်းပင်ကူကယ်ရာမဲ့စွာဖြင့်အနည်းငယ်လိပ်ပြာမလုံဖြစ်မိသည်။
သူနှင့်ရှုလင်ကျားထံတွင် ပုံမှန်အားဖြင့်တော့ အငြှိုးအာဃာတများမရှိ။ လိမ်ညာပြောဆိုခြင်း၏မူလရည်ရွယ်ချက်ကား သူသဘောကျသည့်လူကိုကာကွယ်ပေးချင်မိရုံသာ။ သို့ပေမဲ့ တစ်ဖက်လူကလင်ရှောင်းဂိုဏ်းမှထွက်သွားလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။ အကျိုးဆက်များကား အတော်လေးလေးလံများပြားလှပေသည်။
သူရုတ်တရက်ဝေခွဲမရဖြစ်မိချေ၏။
_________________________________________________________________
တော်တော်ကြာသွားတယ်။ မျှော်နေတဲ့လူရှိလား။ ရှိရင် တစ်ရက်ခြား၊နှစ်ရက်ခြားလောက်တင်ပေးမယ်နော်။ တစ်ပတ်၄ရက်လောက်တော့ရလောက်မယ်ထင်တယ်။ ကိုယ်အပျင်းမတစ်ရင်ပေါ့။ ပြီးတော့ ကိုယ်ကရှုလင်ကျားနဲ့ရင်းနှီးအောင်လုပ်နေရသေးလို့ အပိုင်းတစ်ပိုင်းကိုထပ်ခါထပ်ခါပြန်ဖတ်ရသေးတယ်လေ။ မရှင်းတာရှိရင် မေးလို့ရတယ်နော်။
_______________________________________________________________________________
!zawgyi!
___________________________________________________________
Advertisement
- In Serial361 Chapters
My Special Ability is Perfect Replication
After transmigrating to this world where spiritual energy is revived, I realized that it’s a world rampaged by Direbeasts. But what is most exciting is that humans with special abilities do exist! It’s awesome to witness control of thunder and fire, titan’s transformation, limb regeneration, teleportation, telepathy, precognition and many more. And guess what? I have them all.
8 8482 - In Serial136 Chapters
Bloodshed
Every ship has its secrets. The Bloodshed was no different. As its name suggests, this ship had seen its fair share of bloodshed. Originally, the ship was christened The Star of Orion. Over time with all the battles it endured, it quickly became known as Blood of Orion. Eventually, that morphed into the name we know today. The Star of Orion was built as a trade ship but when she was captured by pirates, she was modified and outfitted with anywhere between 15 and 30 guns. She was captained by one of the most fearsome pirates to roam the northeastern coast of North America and the southern coast of Africa, Anwen Wolfe. Anwen was known as the Wolf of the Atlantic. She captured The Star of Orion on its way to London. Little is known about what happened in their final days on the high seas, until now.
8 1537 - In Serial23 Chapters
Pint-Sized Prompt-Fills: December 2017
An anthology of super short scenes involving magical aliens and suspicious dragonflies.
8 146 - In Serial9 Chapters
Beyond Evolution
Bam! Truck-kun, wtf?! I didn’t do anything wrong! Wait, are you god? I get to reincarnate in a fantasy world? I will even have super powers? With this will I finally be able to do all I want?! I will become cool, right? The whole universe will be within my grasp! Thank you, Truck-kun! I will never forget you. Wait, what?… Truck-kun… Screw you! ***** Disclaimer: All materials used in the cover are royalty-freeThis novel is not written with the intent to earn money and therefore a strict release schedule does not apply. I will try to upload the first 7 chapters with the regularity of one chapter every three days, after that the schedule is likely to change to one chapter per week. This would also entail that I will not be putting too much effort into writing this though I will attempt to maintain a decent quality. There will likely be no editing on my part, frankly, I don’t have too much time for this, but we’ll see how it goes.
8 325 - In Serial12 Chapters
Cursed Child of the Eternal Realm
Why? Why am I always the subject of misfortune? Is it me, or is it something else?As the Eternal Realm is plunged to an era of war as a result of the absence of the Overgod, Arterion Licht Christie starts his journey after the deaths of his parents. Enslaved and while lamenting his own misfortune that continues to haunt him, he is faced with an unexpected encounter that can possibly change his fate."What is it that you seek, cursed one? Power? Knowledge? Hope...? An answer, perhaps..."".. Eat this, and change your fate for eternity.."
8 121 - In Serial43 Chapters
Stuck With Him: Kai Parker
[Highest Rank #1 Kai 12/07/19][Highest Rank #245 Fanfiction 23/11/16][Highest Rank #6 Sarcasm 23/02/19]I scoffed, kicking his shin and he kicked me back harder. I hissed in pain, holding my shin. "Can you even die here?" I asked. He shook his head and I huffed. "Great."Kai winked, continuing to lick jam off his fingers. "Guess you're stuck with me, Ri." I fake smiled. "Oh the joys."And that ladies and gentleman was the day I met the one and only Kai Parker.
8 214