《မြေခွေးရှစ်တိနှင့်ဗီလိန်ရှစ်ရှုန်း || ဘာသာပြန်》[၁]အိပ်မက်ကမ္ဘာ|အိပ္မက္ကမၻာ
Advertisement
_______________________________________________________________
ပြတင်းပေါက်အပြင်ဖက်၌၊ ကောင်းကင်ယံကား ကြည်လင်ရှင်းသန့်နေကာ လေထုမှာလည်း နွေးထွေးပြီး ငှက်ငယ်လေးများမှာ သစ်ရွက်များအောက်ခြေရှိပန်းပွင့်ဖက်များကြားထဲမှ တကျီကျီတကျာကျာတေးဆိုနေကြသည်။ ဤကား နွေဦးပင်ဖြစ်ချေ၏။
ပြတင်းပေါက်အတွင်းတွင်မူ ကြီးကျယ်ခမ်းနားသောပြစ်ဒဏ်စီရင်ခြင်းဟောခန်းမကြီးတစ်ခုကား တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ နေရောင်ခြည်ပင်ဤနေရာသို့ရောက်ရှိလာသောအခါ ဖျော့တော့အေးစက်လာပြီး နေရာတိုင်းတွင်အပ်ကျသံသာကြားရလုနီးပါးပင်။
ရှုလင်ကျားသည် အနုစိတ်ဒီဇိုင်းများနှင့်ပုံဖော်ထားသော ပြတင်းပေါက်ဘောင်မှအဝေးကိုကြည့်ကာ တစ်ခုခုတွေးနေမိ၏။
——သူကား 'တန့်ရှန်း'ဟုခေါ်သော မသေမျိုးကျင့်ကြံရေးဝတ္ထုထဲတွင် နေထိုင်နေခဲ့ခြင်းဖြစ်ကာ သူကား အဓိကဇာတ်ဆောင်အတွက်အထူးပြုသော အမြှောက်စာဇာတ်ကောင်တစ်ခုဖြစ်သည်။
သူ၏တည်ရှိမှုသည် အဓိကဇာတ်ဆောင်၏သိမ်မွေ့သောစရိုက်အားနိုးထစေကာ ဆိုးဝါးသောအရာများအားလုပ်ဆောင်ပြီးနောက် စင်မြင့်ပေါ်မှထွက်ခွာသွားမှသာ တစ်ဖက်လူကပိုမြင့်မားသောအဆင့်သို့တက်ရန် သူ့အားနင်းချသွားနိုင်မည်ဖြစ်သည်။
"ရှုရှစ်ရှုန်း၊ ဂိုဏ်းချုပ်ကအမိန့်ပေးလိုက်တယ်။ ကျေးဇူးပြုပြီး စစ်ဆေးမေးမြန်းဖို့အတွက် အတွင်းခန်းမထဲကိုဝင်လာခဲ့ပါတဲ့။"
အနက်ရောင်ဝတ်ရုံဝတ်ထားသော ပြစ်ဒဏ်ပေးခန်းမ၏ဂိုဏ်းသားကား သူ့ကိုဖိတ်ကြားရန်အလျင်စလိုထွက်လာခဲ့သည်။ ရှုလင်ကျားခေါင်းအသာငြိမ့်ပြကာ "ဒုက္ခပေးမိပြီ။"ဟုပြောလိုက်ပြီး အရင်ဝင်သွားလိုက်သည်။
သူဖြတ်သွားသောအခါ၊ ဂိုဏ်းသားနှစ်ယောက်မှာကူကယ်ရာမဲ့စွာဖြင့် မျက်ဝန်းထဲတွင်သနားသောအကြည့်နှင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။
လင်ရှောင်းဂိုဏ်းတွင် ရှုလင်ကျားအားမသိသူမရှိ။
——
လင်ရှောင်းချီဇုန်ဂိုဏ်းချုပ်၏တိုက်ရိုက်တပည့်ဖြစ်ကာ နှစ်ပေါင်းများစွာမျှဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ပြီး ဓားရေးကျွမ်းကျင်သောဉာဏ်ကြီးရှင်တစ်ယောက်လည်းဖြစ်ပေသည်။
သူကား မတူညီကွဲပြားသောဓားတို့၏ဝိညာဥ်အရှိန်အဝါများကိုအာရုံခံနိုင်သော စွမ်းရည်နှင့်မွေးဖွားလာခဲ့သဖြင့် မင်ကျန့်တောင်ထွတ်တွင် လူငယ်မျိုးဆက်၏ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ကာ တစ်သောင်းသောဓားဝိညာဥ်များကိုကိုင်တွယ်ရလေသည်။
ဂိုဏ်းထဲရှိဂိုဏ်းသားများက ဤလူအကြောင်းပြောကြသော် သူတို့အားလုံးအလွန်စိတ်ဝင်စားမိကြသည်။ ဤကား ရှုလင်ကျား၏မောက်မာကာ သွေးအေးသောစရိုက်ကြောင့်တင်မဟုတ်ဘဲ သူ့လိုမဖြစ်နိုင်ကြသောကြောင့်ပင်။
သို့ပေမဲ့ ဤကဲ့သို့မောက်မာသောပုဂ္ဂိုဟ်ကား လွန်ခဲ့သောနှစ်နှစ်ခန့်က မိစ္ဆာနှင်ရာ၌အန္တရာယ်ထဲကျရောက်သွားခဲ့သည်။ သူသည် အလွန်အမင်းဒဏ်ရာရသွားခဲ့ကာ သူနိုးလာခဲ့သည့်လွန်ခဲ့သောတစ်လအထိ သူပုန်းရှောင်နေခဲ့ရသည်။ သူ၏ချီပျက်ဆီးသွားခြင်းမှာ ပြန်ပြင်ဖို့ရန်ခဲယဥ်းလှပြီး သူ၏စွမ်းရည်များအားလုံးဆုံးရှုံးရလုနီးပါးပင်။
သူ၏နေရာ၊ ရာထူးနှင့် မှော်လက်နက်များပင် လွန်ခဲ့သောတစ်နှစ်ကျော်ခန့်ကလင်ရှောင်းဂိုဏ်းသို့ဝင်ရောက်လာခဲ့သော ဉာဏ်ကြီးရှင်ကျန်းရွေ့၏မျိုးဆက်သစ်ကပိုင်ဆိုင်ကြသွားလေပြီ။
ယခုကိစ္စတွေကိုပိုဆိုးသွားစေရန် ရှုလင်ကျားဟာ တံခါးခေါက်ရမည့်စည်းမျဥ်းကိုလည်း ချိုးဖောက်လိုက်မိသည်။
ပြစ်ဒဏ်ပေးဂိုဏ်းသားဟာ ဒါကိုတွေးမိပြီး ကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းအသာချမိသည်။
ဂိုဏ်းချုပ်က အစ်ကိုရှုကိုအရမ်းချစ်ပြီး ဒါကိုပေါ့ပေါ့ပါးပါးသတ်မှတ်ပါစေလို့ငါမျှော်လင့်မိတယ်။
*
ပြစ်ဒဏ်ပေးခန်းမထဲသို့ ရှုလင်ကျားဝင်သွားသောအခါ၊ တစ်ဖက်တွင်ပြစ်ဒဏ်ပေးခန်းမ၏ဆရာသခင်သုံးယောက်ထိုင်နေစဥ် အခြားတစ်ဖက်၌ ဂိုဏ်းချုပ်၊ ခန်းမဆရာသခင်များနှင့် သူတို့အနောက်တွင် သူတို့၏နီးစပ်သောတပည့်ဂိုဏ်းသားများရှိနေသည်ကို သူမြင်လိုက်ရသည်။
ထို့အပြင် လင်ရှောင်းတောင်ထွတ်သို့ ဧည့်သည်အဖြစ်ရောက်လာခဲ့သော အကြေးခွံမျိုးနွယ်စု၏သခင်လေးဖြစ်သူရိလင်းလည်းရှိနေပေသည်။
အပြင်လူကိုမြင်လိုက်ရသော် ရှုလင်ကျားမျက်လုံးအသာမှေးကျဥ်းလိုက်မိပြီး ဘာတွေဖြစ်နေမှန်းချက်ချင်းသိရှိသွားလေသည်။
သိပ်မကြာသေးခင်တုန်းက "ဟူအောင့်ထျန်းစနစ်"ဟုခေါ်သောတစ်စုံတစ်ခုသည် သူဟာစာအုပ်ထဲတွင်နေထိုင်နေခြင်းဖြစ်ကြောင်း ရှုလင်ကျားအားပြောပြလာသည့်အပြင် စာအုပ်၏ဇာတ်ကြောင်းအချို့တစ်ဝက်ကိုလည်း သူ့အားပေးလာခဲ့သေးသည်။
လွန်ခဲ့သောညက ကုသရေးမီးတိုင်ကိုရရန် အဓိကဇာတ်ဆောင်ကျန်းရွေ့သည် သူရှေ့မှာပင် ရိလင်းနှင့်အချိန်းအချက်ပြုခဲ့ပြီး လင်ရှောင်းဂိုဏ်း၏တားမြစ်နယ်မြေဆီကိုလျို့ဝှက်စွာသွားရောက်ခဲ့ကာ မှော်စက်ဝန်းအားမတော်တဆထိမိသွားပြီး အလန့်တကြားထွက်ခွာသွားခဲ့သည်။
ထို့နောက် လင်ရှောင်းဂိုဏ်း၏ဥပဒေစိုးမိုးရေးဂိုဏ်းသားများဟာ တားမြစ်နယ်မြေထဲတွင် အကြေးခွံမျိုးနွယ်စု၏မန္တာန်အသုံးပြုခြင်း၏ခြေရာလက်ရာများကို တွေ့ရှိသွားခဲ့ကာ သူတို့သည် ရိလင်းအား ကိစ္စအကြောင်းမေးမြန်းပြီး သူ့အားမည်သူဦးဆောင်သွားခဲ့ကြောင်းကို သိချင်နေကြပေသည်။
ကျန်းရွေ့ကိုကာကွယ်ဖို့အလို့ငှာ ထိုသူကား ရှုလင်ကျားဟု ရိလင်းကလိမ်ပြောခဲ့သည်။
ယခုအချိန်၌ အဓိကဇာတ်ဆောင်ကျန်းရွေ့က မပေါ်လာခဲ့ပေမဲ့ သူကတော့စစ်ဆေးမေးမြန်းခံနေရလေသည်။
*
တံခါးမှရှုလင်ကျားဝင်လာသည်ကိုမြင်နေရရင်း ခန်းမကတိတ်ဆိတ်နေကာ ရိလင်း၏မျက်ဝန်းထဲတွင်အံ့အားသင့်သောအကြည့်တစ်ချက်ဖြတ်ပြေးသွားခဲ့သည်။
သူနှင့်ရှုလင်ကျားသည် မတိုင်ခင်ကကြိမ်ဖန်များစွာတွေ့ဖူးခဲ့ပေမဲ့ သူတို့တစ်ယောက်နှင့်တစ်ယောက်မတွေ့ကြသည်မှာ တစ်ဖက်လူကဒဏ်ရာရကာ ပုန်းရှောင်နေခဲ့ကတည်းကပင်။
စိတ်ကူးထဲတွင် ဤလူကားတိမ်တွေထဲကျရောက်ကာ သူ့စွမ်းရည်အကုန်လုံးနီးပါးဆုံးရှုံးလိုက်ရသဖြင့် သူစိတ်ဓာတ်ကျကာ လောကကြီးကိုစိတ်ကုန်နေလောက်မည်ပင်။
သို့ပေမဲ့ သူ့ရှေ့ရှိရှုလင်ကျားမှာ မတိုင်ခင်ကကဲ့သို့ချောမောလှပနေကာ အရောင်ဆိုးရန်ခဲယဥ်းလှသည်။ သူကအတွင်းခန်းမသို့လျှောက်ဝင်လာခဲ့သည်။
လူရွယ်ကား အားအင်အပြည့်ဖြစ်ကာ အားနှင့်မာန်နှင့်ပင်။ ဤအမြင်အရ၊ သူကိုကြည့်ရသည်မှာ ဉာဏ်ကြီးရှင်ခေါင်းဆောင်ဖြစ်နေဆဲဖြစ်ပြီး ဘာမှမပြောင်းလဲသွားသည့်ပုံပင်။
ဤမျှခမ်းနားသောသွင်ပြင်နှင့် ရိလင်းပင်ကူကယ်ရာမဲ့စွာနှင့်မရေမရာဖြစ်သွားမိသည်။
သို့ပေမဲ့–
သူ၏မျက်နှာထားမှာဖြေးဖြေးချင်းတည်ငြိမ်သွားခဲ့သည်။ လူတွေ၏နှလုံးသားကားဘက်လိုက်တတ်သဖြင့် ကျန်းရွေ့ကိုအပြစ်တင်မခံနိုင်သည်ဖြစ်ရာ ဤတစ်ကြိမ်တွင်တော့ ရှုလင်ကျားအားသူစွပ်စွဲရုံသာတတ်နိုင်သည်။
တူညီသောပါရမီစွမ်းရည်တို့ကြောင့် ဂိုဏ်းထဲတွင် တားမြစ်နယ်မြေကျော့ကွင်းဆီသို့သွားသည့်ဝင်ပေါက်ကို ရှာဖွေနိုင်သောသူမှာ စီနီယာအချို့ကလွဲရင် လက်ရှိတွင်ဓားသမားနှစ်ယောက်ဖြစ်သော ရှုလင်ကျားနှင့်ကျန်းရွေ့သာရှိတော့သည်။
ဂိုဏ်းသားအသစ်ကျန်းရွေ့နှင့်ယှဥ်လျှင် ရှုလင်ကျားမှာလင်ရှောင်းတွင်ကြီးပြင်းလာခဲ့ကာ သူ့ရာထူးကိုလည်းဆုံးရှုံးလိုက်ရသေးသည်။ ဤပြစ်မှုကိုသူကျုးလွန်ခဲ့လျှင်ပင် ပြစ်ဒဏ်များများစားစားပေးခံရမည်မဟုတ်။
သူလုပ်ခဲ့တာကမမျှတသော်လည်း နတ်ဆိုးနှစ်ယောက်ကြားတွင်အနည်းငယ်လျော့ပါးသောသူကို ရွေးချယ်ဖို့ရန် သူ့မှာတရားမျှတမှုရှိပြီး ဤပြစ်မှုပြီးနောက်တွင် ရှုလင်ကျားကိုလျော်ကြေးပေးရန်သူနည်းလမ်းရှာရပေလိမ့်မည်။
ဒါကိုတွေးမိရင်း ရိလင်းသည် ရှုလင်ကျားအား မျက်ဝန်းထဲတွင်တောင်းပန်ခြင်းတစ်စွန်းတစ်စနှင့် ခေါင်းငြိမ့်ပြလိုက်မိသည်။
အကြေးခွံမျိုးနွယ်စု၏သခင်လေးတစ်ယောက်အနေဖြင့် သူကားသဘာဝကျကျပင် ချောမောပြီး ဥပဓိရုပ်ကောင်းမွန်ကာ သိမ်မွေ့ပေသည်။
ရှုလင်ကျားကသူ့ကိုစိုက်ကြည့်လိုက်ကာ သူ၏မျက်လုံးများမှာအေးစက်ပြီး အထင်အမြင်သေးနေပေသည်၊ သူပြန်လှည့်၍ ဟောခန်းမအလယ်ရှိဆံနွယ်ဖြူနှင့်လူရွယ်ထံအရိုအသေပေးလိုက်သည်။
"ရှစ်စွင်း"
ဤဆံနွယ်ဖြူနှင့်လူရွယ်ကား ငယ်ရွယ်ပုံပေါ်ပေမဲ့ သူဟာ တကယ်တမ်းတွင်ရှုလင်ကျား၏ဆရာသခင်ဖြစ်ကာ ချီဇုန်ဂိုဏ်းချုပ်တဖြစ်လဲ ဟယ်ဇီကျိုးဖြစ်ပေ၏။
သူသည် ခရမ်းရောင်ကျောက်စိမ်းသရဖူအား ခေါင်းပေါ်တွင်ဝတ်ဆင်ထားကာ သူ၏မျက်နှာမှာ မထူးခြားမခြားနားနှင့် ချောမောလှပပြီး ဝတ်ရုံအပြာဖျော့ဖျော့ကိုဝတ်ထားလေသည်။
သူရှုလင်ကျားကိုကြည့်လာသည့်အခါမှသာ သူ့မျက်ဝန်းထဲကအေးစက်မှုမှာအနည်းငယ်လျော့ပါးသွားခဲ့သည်။
"လင်ကျား၊ ထပါ။"
ရှုလင်ကျားဂါရဝပြုလိုက်ပြီးနောက် သူ့အားမတ်တပ်ထဖို့ရန်ကူညီပေးကာ အပေါ်အောက်ကြည့်ပြီး မျက်မှောင်ကြုတ်လျက်ရုတ်ခြည်းမေးမြန်းလာခဲ့သည်။
"မင်းရဲ့ဒဏ်ရာဘယ်လိုနေလဲ။ မင်းဆေးမသောက်ခဲ့ဘူးလား။ မင်းမျက်နှာအရောင်ကဘာလို့ဖြူဖျော့နေသေးတာလဲ။"
သူသည် ရှုလင်ကျားအားအမြဲတမ်းနှစ်သက်ခဲ့သည်ဖြစ်ရာ ဤကဲ့သို့အခြေအနေမျိုးမှာပင်သူ၏စိုးရိမ်ပူပန်မှုကိုဖုံးကွယ်မထား။
ရှုလင်ကျားအသာတန့်သွားမိသည်။
သူတွေးနေသည်မှာ သူဒဏ်ရာအပြင်းအထန်ရခဲ့ရာမှ နိုးထလာပြီးနောက် ဟယ်ဇီကျိုးက သူ၏နေထိုင်ရာနေရာဝမ်ကျန့်ဖုန်းတွင် ကျန်းရွေ့အားပြောင်းရွှေ့နေထိုင်ခွင့်ပေးလိုက်ပြီး စာအုပ်ထဲကနောက်လာမည့်ဇာတ်ကြောင်းဟာ သူကမှားယွင်းစွာစွပ်စွဲခံရပြီး အဓိကဇာတ်ဆောင်ကိုယ်စားအပြစ်တင်ခံရလိမ့်မည်ဟု ရှင်းလင်းစွာဖော်ပြထားသည်။
ငါ့မှာဆရာသခင်အတွက်မျှော်လင့်ချက်မရှိပေမဲ့ ဒီအချိန်ခဏလေးမှာ "စာအုပ်ထဲကဇာတ်ကြောင်း"ဟုခေါ်သောအရာကို ငါမယုံကြည်သင့်ဟု ငါကူကယ်ရာမဲ့စွာတွေးနေမိသည်။
"ချီဇုန်ရဲ့ရွှမ်းမင်တောင်ထွတ်ရဲ့ကိုးယောက်မြောက်တပည့်ဂိုဏ်းသား ရှုလင်ကျား။ လက်ရှိလင်းမျိုးနွယ်စုရဲ့သခင်လေးရိလင်းပြောတာက မနေ့ညသုံးနာရီ၁၅မိနစ်မှာ မင်းနဲ့သူက 'ဖုန်မှုန့်သို့ပြန်လမ်းမရှိ'တံခါးထဲကတားမြစ်နေရာကိုသွားခဲ့ပြီး မီးတိုင်ကိုယူတယ်၊ ပြီးတော့ မှော်စက်ဝန်းကိုထိမိပြီး တားမြစ်နယ်မြေထဲကဝိညာဥ်တွေကိုလွတ်မြောက်သွားစေတယ်တဲ့။"
ဤအကြောင်းစဥ်းစားနေစဥ်၊ သူ့ဘေးရှိပြစ်ဒဏ်ပေးခန်းမ၏အကြီးအကဲမှာ သူ့ပါးစပ်ကိုဖွင့်ကာ ပြောလာခဲ့ပြီးဖြစ်သည်။
"သက်သေကဒီမှာရှိနေပြီ။ မင်းအသနားခံချင်လား။"
ပြစ်ဒဏ်ပေးဟောခန်းမ၏ဂိုဏ်းသားမှာ လင်ဗန်းတစ်ချပ်နှင့်အတူသက်သေကိုတင်ပြလာခဲ့သည်။ ဤကား အဓိကဇာတ်ဆောင်နှင့်ရိလင်းအား ခိုးရန်ဆွဲဆောင်နေသောမီးတိုင်ဖြစ်ပေသည်။
ဤအချိန်တွင် ၎င်းမှာရှုလင်ကျား၏ဝိညာဥ်အရှိန်အဝါများရောယှက်နေလေသည်။
"ရိသခင်လေးရဲ့ထွက်ဆိုချက်အရ မီးတိုင်ပေါ်မှာကျန်ရှိနေတဲ့ဝိညာဥ်အရှိန်အဝါက မင်းရဲ့ချီစွမ်းအားပဲ။ အဲ့ဒါမှတားမြစ်နယ်မြေကိုသွားတဲ့ဝင်ပေါက်ကို မင်းရှာတွေ့နိုင်မှာလေ..."
ပြစ်ဒဏ်ပေးဟောခန်းမ၏အကြီးအကဲကပြောလာသည်။
"သက်သေတွေအားလုံးကမင်းကိုညွှန်ပြနေတာ၊ ရှုလင်ကျား။ မင်းဒါကိုဘယ်လိုရှင်းပြရမလဲဆိုတာကိုတွေးကြည့်ဖူးရဲ့လား။"
ဟုတ်တာပေါ့၊ ဒါကရှင်းပြဖို့ရန်ခက်ခဲပေသည်။ ရှုလင်ကျားကသူ့စိတ်ကိုပြောင်းလိုက်ကာ ဟယ်ဇီကျိုး၏သဘောထားကိုစမ်းသပ်ရန်ရိုးစင်းစွာအခွင့်ရေးယူပြီး ပြောလိုက်သည်။
"ခင်ဗျားတို့ကအပြစ်တင်ဖို့ပြင်ဆင်ထားရင်တော့ သက်သေတွေကိုအတုလုပ်လို့ရတာပဲလေ။ ဒီဂိုဏ်းသားကဘာမှမလုပ်ထားတာမို့ ဘာမှအသနားခံစရာမလိုပါဘူး။"
သူသည် ဟယ်ဇီကျိုးအားကြည့်ကာ ပြောလိုက်၏။
"ရှစ်စွင်း၊ ကျွန်တော်က ကျွန်တော့်ရဲ့အပြစ်ရှိစိတ်ကို အလိမ်အညာတွေနဲ့ဆင်ခြေပေးတတ်တဲ့သူမျိုးမဟုတ်မှန်း ရှစ်စွင်းသိပါတယ်။"
Advertisement
သူ့တွင် ဖီးနစ်မျက်ဝန်းတစ်စုံရှိကာ ဆုံးဖြတ်ချက်ခိုင်မာပြီး ယုံကြည်ချက်ရှိကာ စူးရှပြတ်သားပေသည်။
တကယ်တမ်းတွင် ရှုလင်ကျားတစ်ယောက်တိတ်တဆိတ်အသက်အောင့်ထားမိမှန်း မည်သူမျှမသိကြ။
ခေတ္တမျှစောင့်ဆိုင်းပြီးနောက် ဟယ်ဇီကျိုးကလက်မြှောက်ကာ သူ့ပခုံးကိုဖျစ်ညှစ်လာသည်။
သူ၏လေသံထဲတွင် ရှင်းရှင်းလင်းလင်းကို မတိုင်ခင်ကကဲ့သို့ တူညီသောချစ်ခြင်းမေတ္တာနှင့်စိုးရိမ်ပူပန်မှုရှိနေဆဲဖြစ်ပေမဲ့ သူပါးစပ်ဟလာသည့်အခါ အကြောင်းအရာကတော့:
"လင်ကျား၊ ရိသခင်လေးမှာမင်းနဲ့ရန်ငြှိုးမရှိပါဘူး။ အဲ့တော့ချောက်ချစရာအကြောင်းမရှိဘူးလေ။ မင်းသာမင်းအမှားကိုသိရင် ပြန်ပြင်လို့ရပါတယ်။ မင်းသာမင်းရဲ့အရင်ဆုံးတိုက်ခိုက်မှုကိုသတိရသေးရင် မင်းထပ်မပြောသင့်တော့ဘူး။"
ပြစ်ဒဏ်ပေးဟောခန်းမ၏အကြီးအကဲမှာ သူ၏တပည့်အားဗြောင်ကျကျကာကွယ်ခြင်းအပေါ် အနည်းငယ်မျှမကျေမနပ်ဖြစ်သွားမိသည်။
"ဂိုဏ်းချုပ်!"
ဟယ်ဇီကျိုးကမငြင်းဆန်နိုင်စွာပြောသည်။
"သူကရွှမ်းမင်တောင်ထွတ်ရဲ့တပည့်ဂိုဏ်းသားဖြစ်နေတယ်ဆိုမှတော့ ငါပဲကိုင်တွယ်ပါရစေ။"
ဒါက ဇာတ်ကြောင်းပဲ။
ဆရာသခင်ကသူ့ကိုမယုံကြည်ပေ၊ ရည်ရွယ်ချက်ရှိရှိပဲဖြစ်ဖြစ် မရည်ရွယ်ဘဲဖြစ်ဖြစ် အဓိကဇာတ်ဆောင်အားကာကွယ်ပေးနေလေသည်။
သူ့အားလင်ရှောင်းတောင်ထွတ်ပေါ်ကို သူ့ဆရာသခင်ပထမဆုံးခေါ်လာသည့်အချိန်ကို သူရုတ်တရက်သတိရသွားသည်။
သူ့ကိုယ်ပေါ်တွင် မြေခွေးမျိုးနွယ်၏သွေးရှိကာ ဟယ်ဇီကျိုးနှင့်တွေ့စဥ်တုန်းက သူဟာမြေခွေးအသွင်နှင့်ဖြစ်သည်။ ဆရာသခင်က သူ့ကိုဝတ်ရုံလက်ကျယ်ထဲတွင်ဝှက်ထားကာ ဝတ်ရုံလက်၌သစ်တော်ပန်းရနံ့ဖျော့ဖျော့ရှိနေခဲ့သည်။
အသွင်ပြောင်းလဲပြီးနောက် ဆရာသခင်သည် သူ့အား ဓားရေး၊ စာပေနှင့် ကျင့်စဥ်များသင်ကြားပေးခဲ့ကာ လူသားတစ်ယောက်ဖြစ်ခြင်း၏စည်းမျဥ်းဥပဒေသများကို သူ့အားပြောပြခဲ့သည်။ သူသည် သူ့အား လင်ရှောင်းဟွာကိုကြည့်ရန် မင်ကျန့်တောင်ထွတ်ပေါ်သို့ခေါ်လာခဲ့ပြီး သူအရွယ်ရောက်လာသောအခါ ဝမ်ကျန့်ဝိညာဥ်ကိုလွှဲပြောင်းယူဖို့ရန် ဤနေရာကိုလာရလိမ့်မည်ဟုလည်း ပြောခဲ့သေးသည်။
သူပထမဆုံးကိုင်ဆောင်ရသည့်ဓားကား ဆရာသခင်၏လက်နှစ်ဖက်နှင့်ပုံသွင်းပေးခဲ့ခြင်းဖြစ်ကာ ယင်းဓားမှာ ထိုမတော်တဆမှုအတွင်းမကျိုးပဲ့သွားခင် နှစ်နှစ်အသုံးပြုခဲ့ခြင်းခံခဲ့ရသည်။
သူသည် ဆရာသခင်အား ဖခင်တစ်ယောက်သဖွယ်သတ်မှတ်ထားကာ သူ့အားရိုသေလေးစားပြီး ချစ်မြတ်နိုးခဲ့၏။ သို့ပေမဲ့ ဓားသိုင်းပါရမီရှင်ဖြစ်သောကျန်းရွေ့တစ်ယောက် ဟယ်ဇီကျိုး၏ဂိုဏ်းထဲဝင်ရောက်လာပြီး ရှုလင်ကျား၏စွမ်းရည်များပျက်ဆီးသွားကတည်းက အရာရာတိုင်းကိုကြည့်ရတာ ပြောင်းလဲသွားသည့်ပုံပင်။
ဟယ်ဇီကျိုးက ကျန်းရွေ့၏ကျင့်ကြံရေးကိုအလုံးစုံအာရုံစိုက်ထားကာ သူ့အားနေရာတိုင်းတွင်အကြိုက်ဆောင်ပေသည်။
သူလုပ်ခဲ့သည့်အရာရာတိုင်းဟာ အဓိကဇာတ်ဆောင်အတွက် အနှောင့်အယှက်အဖြစ် ခစားရန်ပင်။ ထိုအချိန်ကတည်းက သူဟာအစားထိုးခံလိုက်ရလေပြီ။
ဤတစ်ကြိမ်ကဲ့သို့ပင်၊ ရိလင်းကကျန်းရွေ့ကိုကာကွယ်ကာ သူ့ကိုစွပ်စွဲခဲ့သည်။ ကျန်းရွေ့ဟာလည်းတားမြစ်နယ်မြေထဲသို့ဝင်ပေါက်ကို ရှာနိုင်မှန်း ဟယ်ဇီကျိုးသိနေခဲ့ပေမဲ့ သူဒါကိုထုတ်မပြောခဲ့ပေ။
ရာထူး၊ အဆင့်အတန်း၊ စားစရာနှင့်အဝတ်အထည်ကုန်ကျစရိတ်၊ ဒါတွေအားလုံးကိုပြန်ရုပ်သိမ်းသွားလို့ရသည်။ ဒါပေမဲ့ ဆက်ဆံရေးကရော?
ဒါဖြင့် စိတ်ရှိတိုင်းလျှောက်ပေးပစ်လို့ရသည့်စျေးပေါသောတစ်စုံတစ်ရာကို သူမလိုချင်ဘူး!
ရှုလင်ကျားချက်ချင်းပင်ခြေနှစ်လှမ်းနောက်ပြန်ဆုတ်ကာ သူ့ပုခုံးပေါ်ကဟယ်ဇီကျိုး၏လက်မှရုန်းထွက်လိုက်သည်။
[ခက်ခဲသောဘဝဒဿနိကအကြောင်းအရာအစ: "ဒီတော့အချစ်လည်းပျောက်ကွယ်သွားလိမ့်မယ်ပေါ့၊ ဟုတ်တယ်မလား။"
စနစ်အသက်သွင်းနေပါပြီ။]
ဖောက်မြင်နိုင်သောသဲနာရီတစ်ခုက လေထုအလယ်ထဲတွင်ပေါ်လာကာ အချိန်စမှတ်နေလေသည်။
ဟူအောင့်ထျန်းစနစ်ကသူ့ကိုအသိပေးလာသည်:
[ကံကြမ္မာဇာတ်အလှည့်အပြောင်းကပေါ်ပေါက်လာပါပြီ။ ကျေးဇူးပြုပြီး သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အခွင့်အရေးရှာပြီး မကျေနပ်ချက်တွေကိုရှင်းလင်းပြီးတော့ ဟူအောင့်ထျန်းစနစ်အတွက်လမ်းဖွင့်ပေးပါ။!]
ကံကြမ္မာကိုပြောင်းလဲဖို့အခွင့်အရေးရှာရမယ်?
တကယ်တမ်းတွင် တာဝန်ဟုခေါ်သောအရာဟုတ်ဟုတ်၊ မဟုတ်ဟုတ်ကိစ္စမရှိ။ အခြားသူတွေ၏ဘဝတွင် သူ့ကိုယ်သူခြေနင်းခုံအဖြစ်မခံနိုင်ပေ။
ရှုလင်ကျားသည် ဟယ်ဇီကျိုး၏လက်အားရုတ်တရက်အဝေးဆွဲထုတ်လိုက်ရာ လက်ရှိလူတိုင်းအားထိတ်လန့်အံ့သြသွားစေ၏။
ဟယ်ဇီကျိုးကား ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သွေးအေးသောစရိုက်သဘောထားရှိသည်။ လူနည်းစုကသာသူ့အားအလွန်စိုးရိမ်ပူပန်စေလေသည်။ အကယ်၍တစ်ယောက်ယောက်သာဆိုလျှင် ပျော်ရွှင်ဖို့ရန်အလွန်နောက်ကျသွားပေလိမ့်မည်။ သူ့မျက်နှာပေါ်၌မနှစ်မြို့ဟုရေးထွင်းထားလေသည်။
ဟယ်ဇီကျိုး၏မျက်နှာမှာ ဒေါသတစ်စွန်းတစ်စနှင့် အနည်းငယ်မည်းမှောင်သွားတော့သည်။
"လင် ကျား!"
သူပြောပြီးနောက် သူအရမ်းတင်းမာသွားသည်ဟု ခံစားမိကာ ဖြေးဖြေးချင်းပြောလိုက်သည်။
"ခေါင်းမမာစမ်းနဲ့။"
လေထုထဲရှိရှေ့မတိုး၊ နောက်မဆုတ်သာအခြေအနေကိုမြင်နေရရင်း အခြားဂိုဏ်းသားများစွာကမြန်မြန်မတ်တပ်ထရပ်ကာ ဖြားယောင်းပြောဆိုလာခဲ့သည်။
"ရှစ်ရှုန်း၊ ရှစ်စွင်းကအမြဲတမ်းမျှတပြီး စည်းကမ်းကြီးတယ်။ ဒီနေ့ဒီလိုမျိုးကိုင်တွယ်ဖြေရှင်းဖို့ကခက်ခဲတယ်ဗျ။ ဒီတော့ထပ်ပြီးဆန့်ကျင်မနေပါနဲ့တော့..."
အဆုံး၌ အရာရာတိုင်းကအဓိပ္ပါယ်ရှိမနေခဲ့ပေ။ ရှုလင်ကျားမျက်ခုံးပင့်ကာ သူတို့အားလျစ်လျူရှုထားလိုက်သည်။
သူ့ရှေ့ရှိသဲနာရီထဲတွင်သဲရှင်များကအဆက်မပြတ်လျှောကျနေကာ သဲကျလာသည့်အချိန်တိုင်း သဲနာရီကပို၍ထိုးဖောက်မြင်သာလာသည်ကို မြင်လိုက်ရသည်။
စနစ်၏ပြောကြားချက်အရ ၎င်းပျောက်ကွယ်သွားသည်နှင့် ကံကြမ္မာကနဂိုလမ်းကြောင်းကိုပြန်ရောက်သွားပေလိမ့်မည်။
သူ- ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်ဘူး။
_________________________________________________________________
Updateကတော့ မှန်မမှန်မသိသေးပါဘူး...ဝူးဝူး...ဖတ်ရတာရှုပ်နေရင်ပြောနော်...နောက်ကျရှင်းသွားလိမ့်မယ်.....
________________________________________________
!zawgyi!
"ဘဝရဲ႕အေသြးအသားက ကင္းၿမီးေကာက္ထဲမွာရွိတယ္။ အားထုတ္ႀကိဳးပမ္းရေသာအလုပ္က ႏြေဦးရာသီတြင္သစ္ပင္စိုက္ရာမွလာသတဲ့။"
-နလန္ရွင္းတိရဲ႕ 'ခါငွက္ေကာင္းကင္ဘုံ'။
_______________________________________________________________
ျပတင္းေပါက္အျပင္ဖက္၌၊ ေကာင္းကင္ယံကား ၾကည္လင္ရွင္းသန့္ေနကာ ေလထုမွာလည္း ႏြေးေထြးၿပီး ငွက္ငယ္ေလးမ်ားမွာ သစ္႐ြက္မ်ားေအာက္ေျခရွိပန္းပြင့္ဖက္မ်ားၾကားထဲမွ တက်ီက်ီတက်ာက်ာေတးဆိုေနၾကသည္။ ဤကား ႏြေဦးပင္ျဖစ္ေခ်၏။
ျပတင္းေပါက္အတြင္းတြင္မူ ႀကီးက်ယ္ခမ္းနားေသာျပစ္ဒဏ္စီရင္ျခင္းေဟာခန္းမႀကီးတစ္ခုကား တိတ္ဆိတ္ၿငိမ္သက္လ်က္ရွိသည္။ ေနေရာင္ျခည္ပင္ဤေနရာသို႔ေရာက္ရွိလာေသာအခါ ေဖ်ာ့ေတာ့ေအးစက္လာၿပီး ေနရာတိုင္းတြင္အပ္က်သံသာၾကားရလုနီးပါးပင္။
ရႈလင္က်ားသည္ အႏုစိတ္ဒီဇိုင္းမ်ားႏွင့္ပုံေဖာ္ထားေသာ ျပတင္းေပါက္ေဘာင္မွအေဝးကိုၾကည့္ကာ တစ္ခုခုေတြးေနမိ၏။
သူကား 'တန့္ရွန္း'ဟုေခၚေသာ မေသမ်ိဳးက်င့္ႀကံေရးဝတၳဳထဲတြင္ ေနထိုင္ေနခဲ့ျခင္းျဖစ္ကာ သူကား အဓိကဇာတ္ေဆာင္အတြက္အထူးျပဳေသာ အျမႇောက္စာဇာတ္ေကာင္တစ္ခုျဖစ္သည္။
သူ၏တည္ရွိမႈသည္ အဓိကဇာတ္ေဆာင္၏သိမ္ေမြ႕ေသာစရိုက္အားနိုးထေစကာ ဆိုးဝါးေသာအရာမ်ားအားလုပ္ေဆာင္ၿပီးေနာက္ စင္ျမင့္ေပၚမွထြက္ခြာသြားမွသာ တစ္ဖက္လူကပိုျမင့္မားေသာအဆင့္သို႔တက္ရန္ သူ႕အားနင္းခ်သြားနိုင္မည္ျဖစ္သည္။
"ရႈရွစ္ရႈန္း၊ ဂိုဏ္းခ်ဳပ္ကအမိန့္ေပးလိုက္တယ္။ ေက်းဇူးျပဳၿပီး စစ္ေဆးေမးျမန္းဖို႔အတြက္ အတြင္းခန္းမထဲကိုဝင္လာခဲ့ပါတဲ့။"
အနက္ေရာင္ဝတ္႐ုံဝတ္ထားေသာ ျပစ္ဒဏ္ေပးခန္းမ၏ဂိုဏ္းသားကား သူ႕ကိုဖိတ္ၾကားရန္အလ်င္စလိုထြက္လာခဲ့သည္။ ရႈလင္က်ားေခါင္းအသာၿငိမ့္ျပကာ "ဒုကၡေပးမိၿပီ။"ဟုေျပာလိုက္ၿပီး အရင္ဝင္သြားလိုက္သည္။
သူျဖတ္သြားေသာအခါ၊ ဂိုဏ္းသားႏွစ္ေယာက္မွာကူကယ္ရာမဲ့စြာျဖင့္ မ်က္ဝန္းထဲတြင္သနားေသာအၾကည့္ႏွင့္ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္မိၾကသည္။
လင္ေရွာင္းဂိုဏ္းတြင္ ရႈလင္က်ားအားမသိသူမရွိ။
လင္ေရွာင္းခ်ီဇုန္ဂိုဏ္းခ်ဳပ္၏တိုက္ရိုက္တပည့္ျဖစ္ကာ ႏွစ္ေပါင္းမ်ားစြာမွ်ဂိုဏ္းေခါင္းေဆာင္ျဖစ္ခဲ့ၿပီး ဓားေရးကြၽမ္းက်င္ေသာဉာဏ္ႀကီးရွင္တစ္ေယာက္လည္းျဖစ္ေပသည္။
သူကား မတူညီကြဲျပားေသာဓားတို႔၏ဝိညာဥ္အရွိန္အဝါမ်ားကိုအာ႐ုံခံနိုင္ေသာ စြမ္းရည္ႏွင့္ေမြးဖြားလာခဲ့သျဖင့္ မင္က်န့္ေတာင္ထြတ္တြင္ လူငယ္မ်ိဳးဆက္၏ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာခဲ့ကာ တစ္ေသာင္းေသာဓားဝိညာဥ္မ်ားကိုကိုင္တြယ္ရေလသည္။
ဂိုဏ္းထဲရွိဂိုဏ္းသားမ်ားက ဤလူအေၾကာင္းေျပာၾကေသာ္ သူတို႔အားလုံးအလြန္စိတ္ဝင္စားမိၾကသည္။ ဤကား ရႈလင္က်ား၏ေမာက္မာကာ ေသြးေအးေသာစရိုက္ေၾကာင့္တင္မဟုတ္ဘဲ သူ႕လိုမျဖစ္နိုင္ၾကေသာေၾကာင့္ပင္။
သို႔ေပမဲ့ ဤကဲ့သို႔ေမာက္မာေသာပုဂၢိုဟ္ကား လြန္ခဲ့ေသာႏွစ္ႏွစ္ခန့္က မိစ္ဆာႏွင္ရာ၌အႏၱရာယ္ထဲက်ေရာက္သြားခဲ့သည္။ သူသည္ အလြန္အမင္းဒဏ္ရာရသြားခဲ့ကာ သူနိုးလာခဲ့သည့္လြန္ခဲ့ေသာတစ္လအထိ သူပုန္းေရွာင္ေနခဲ့ရသည္။ သူ၏ခ်ီပ်က္ဆီးသြားျခင္းမွာ ျပန္ျပင္ဖို႔ရန္ခဲယဥ္းလွၿပီး သူ၏စြမ္းရည္မ်ားအားလုံးဆုံးရႈံးရလုနီးပါးပင္။
သူ၏ေနရာ၊ ရာထူးႏွင့္ ေမွာ္လက္နက္မ်ားပင္ လြန္ခဲ့ေသာတစ္ႏွစ္ေက်ာ္ခန့္ကလင္ေရွာင္းဂိုဏ္းသို႔ဝင္ေရာက္လာခဲ့ေသာ ဉာဏ္ႀကီးရွင္က်န္းေ႐ြ႕၏မ်ိဳးဆက္သစ္ကပိုင္ဆိုင္ၾကသြားေလၿပီ။
ယခုကိစၥေတြကိုပိုဆိုးသြားေစရန္ ရႈလင္က်ားဟာ တံခါးေခါက္ရမည့္စည္းမ်ဥ္းကိုလည္း ခ်ိဳးေဖာက္လိုက္မိသည္။
ျပစ္ဒဏ္ေပးဂိုဏ္းသားဟာ ဒါကိုေတြးမိၿပီး ကူကယ္ရာမဲ့စြာျဖင့္သက္ျပင္းအသာခ်မိသည္။
ဂိုဏ္းခ်ဳပ္က အစ္ကိုရႈကိုအရမ္းခ်စ္ၿပီး ဒါကိုေပါ့ေပါ့ပါးပါးသတ္မွတ္ပါေစလို႔ငါေမွ်ာ္လင့္မိတယ္။
*
ျပစ္ဒဏ္ေပးခန္းမထဲသို႔ ရႈလင္က်ားဝင္သြားေသာအခါ၊ တစ္ဖက္တြင္ျပစ္ဒဏ္ေပးခန္းမ၏ဆရာသခင္သုံးေယာက္ထိုင္ေနစဥ္ အျခားတစ္ဖက္၌ ဂိုဏ္းခ်ဳပ္၊ ခန္းမဆရာသခင္မ်ားႏွင့္ သူတို႔အေနာက္တြင္ သူတို႔၏နီးစပ္ေသာတပည့္ဂိုဏ္းသားမ်ားရွိေနသည္ကို သူျမင္လိုက္ရသည္။
ထို႔အျပင္ လင္ေရွာင္းေတာင္ထြတ္သို႔ ဧည့္သည္အျဖစ္ေရာက္လာခဲ့ေသာ အေၾကးခြံမ်ိဳးႏြယ္စု၏သခင္ေလးျဖစ္သူရိလင္းလည္းရွိေနေပသည္။
အျပင္လူကိုျမင္လိုက္ရေသာ္ ရႈလင္က်ားမ်က္လုံးအသာေမွးက်ဥ္းလိုက္မိၿပီး ဘာေတြျဖစ္ေနမွန္းခ်က္ခ်င္းသိရွိသြားေလသည္။
သိပ္မၾကာေသးခင္တုန္းက "ဟူေအာင့္ထ်န္းစနစ္"ဟုေခၚေသာတစ္စုံတစ္ခုသည္ သူဟာစာအုပ္ထဲတြင္ေနထိုင္ေနျခင္းျဖစ္ေၾကာင္း ရႈလင္က်ားအားေျပာျပလာသည့္အျပင္ စာအုပ္၏ဇာတ္ေၾကာင္းအခ်ိဳ႕တစ္ဝက္ကိုလည္း သူ႕အားေပးလာခဲ့ေသးသည္။
လြန္ခဲ့ေသာညက ကုသေရးမီးတိုင္ကိုရရန္ အဓိကဇာတ္ေဆာင္က်န္းေ႐ြ႕သည္ သူေရွ႕မွာပင္ ရိလင္းႏွင့္အခ်ိန္းအခ်က္ျပဳခဲ့ၿပီး လင္ေရွာင္းဂိုဏ္း၏တားျမစ္နယ္ေျမဆီကိုလ်ိဳ႕ဝွက္စြာသြားေရာက္ခဲ့ကာ ေမွာ္စက္ဝန္းအားမေတာ္တဆထိမိသြားၿပီး အလန့္တၾကားထြက္ခြာသြားခဲ့သည္။
ထို႔ေနာက္ လင္ေရွာင္းဂိုဏ္း၏ဥပေဒစိုးမိုးေရးဂိုဏ္းသားမ်ားဟာ တားျမစ္နယ္ေျမထဲတြင္ အေၾကးခြံမ်ိဳးႏြယ္စု၏မႏၱာန္အသုံးျပဳျခင္း၏ေျခရာလက္ရာမ်ားကို ေတြ႕ရွိသြားခဲ့ကာ သူတို႔သည္ ရိလင္းအား ကိစၥအေၾကာင္းေမးျမန္းၿပီး သူ႕အားမည္သူဦးေဆာင္သြားခဲ့ေၾကာင္းကို သိခ်င္ေနၾကေပသည္။
က်န္းေ႐ြ႕ကိုကာကြယ္ဖို႔အလို႔ငွာ ထိုသူကား ရႈလင္က်ားဟု ရိလင္းကလိမ္ေျပာခဲ့သည္။
ယခုအခ်ိန္၌ အဓိကဇာတ္ေဆာင္က်န္းေ႐ြ႕က မေပၚလာခဲ့ေပမဲ့ သူကေတာ့စစ္ေဆးေမးျမန္းခံေနရေလသည္။
*
တံခါးမွရႈလင္က်ားဝင္လာသည္ကိုျမင္ေနရရင္း ခန္းမကတိတ္ဆိတ္ေနကာ ရိလင္း၏မ်က္ဝန္းထဲတြင္အံ့အားသင့္ေသာအၾကည့္တစ္ခ်က္ျဖတ္ေျပးသြားခဲ့သည္။
သူႏွင့္ရႈလင္က်ားသည္ မတိုင္ခင္ကႀကိမ္ဖန္မ်ားစြာေတြ႕ဖူးခဲ့ေပမဲ့ သူတို႔တစ္ေယာက္ႏွင့္တစ္ေယာက္မေတြ႕ၾကသည္မွာ တစ္ဖက္လူကဒဏ္ရာရကာ ပုန္းေရွာင္ေနခဲ့ကတည္းကပင္။
စိတ္ကူးထဲတြင္ ဤလူကားတိမ္ေတြထဲက်ေရာက္ကာ သူ႕စြမ္းရည္အကုန္လုံးနီးပါးဆုံးရႈံးလိုက္ရသျဖင့္ သူစိတ္ဓာတ္က်ကာ ေလာကႀကီးကိုစိတ္ကုန္ေနေလာက္မည္ပင္။
သို႔ေပမဲ့ သူ႕ေရွ႕ရွိရႈလင္က်ားမွာ မတိုင္ခင္ကကဲ့သို႔ေခ်ာေမာလွပေနကာ အေရာင္ဆိုးရန္ခဲယဥ္းလွသည္။ သူကအတြင္းခန္းမသို႔ေလွ်ာက္ဝင္လာခဲ့သည္။
လူ႐ြယ္ကား အားအင္အျပည့္ျဖစ္ကာ အားႏွင့္မာန္ႏွင့္ပင္။ ဤအျမင္အရ၊ သူကိုၾကည့္ရသည္မွာ ဉာဏ္ႀကီးရွင္ေခါင္းေဆာင္ျဖစ္ေနဆဲျဖစ္ၿပီး ဘာမွမေျပာင္းလဲသြားသည့္ပုံပင္။
ဤမွ်ခမ္းနားေသာသြင္ျပင္ႏွင့္ ရိလင္းပင္ကူကယ္ရာမဲ့စြာႏွင့္မေရမရာျဖစ္သြားမိသည္။
သို႔ေပမဲ့
သူ၏မ်က္ႏွာထားမွာေျဖးေျဖးခ်င္းတည္ၿငိမ္သြားခဲ့သည္။ လူေတြ၏ႏွလုံးသားကားဘက္လိုက္တတ္သျဖင့္ က်န္းေ႐ြ႕ကိုအျပစ္တင္မခံနိုင္သည္ျဖစ္ရာ ဤတစ္ႀကိမ္တြင္ေတာ့ ရႈလင္က်ားအားသူစြပ္စြဲ႐ုံသာတတ္နိုင္သည္။
တူညီေသာပါရမီစြမ္းရည္တို႔ေၾကာင့္ ဂိုဏ္းထဲတြင္ တားျမစ္နယ္ေျမေက်ာ့ကြင္းဆီသို႔သြားသည့္ဝင္ေပါက္ကို ရွာေဖြနိုင္ေသာသူမွာ စီနီယာအခ်ိဳ႕ကလြဲရင္ လက္ရွိတြင္ဓားသမားႏွစ္ေယာက္ျဖစ္ေသာ ရႈလင္က်ားႏွင့္က်န္းေ႐ြ႕သာရွိေတာ့သည္။
ဂိုဏ္းသားအသစ္က်န္းေ႐ြ႕ႏွင့္ယွဥ္လွ်င္ ရႈလင္က်ားမွာလင္ေရွာင္းတြင္ႀကီးျပင္းလာခဲ့ကာ သူ႕ရာထူးကိုလည္းဆုံးရႈံးလိုက္ရေသးသည္။ ဤျပစ္မႈကိုသူက်ဳးလြန္ခဲ့လွ်င္ပင္ ျပစ္ဒဏ္မ်ားမ်ားစားစားေပးခံရမည္မဟုတ္။
သူလုပ္ခဲ့တာကမမွ်တေသာ္လည္း နတ္ဆိုးႏွစ္ေယာက္ၾကားတြင္အနည္းငယ္ေလ်ာ့ပါးေသာသူကို ေ႐ြးခ်ယ္ဖို႔ရန္ သူ႕မွာတရားမွ်တမႈရွိၿပီး ဤျပစ္မႈၿပီးေနာက္တြင္ ရႈလင္က်ားကိုေလ်ာ္ေၾကးေပးရန္သူနည္းလမ္းရွာရေပလိမ့္မည္။
Advertisement
- In Serial7 Chapters
THE HOLY INFANT GABSTON "THE OLD VERSION"
In the year 2018 AD,the earth was flooded with demons.Suddenly,a bright light shined brightly in the midst of the darkness.A being manifested before the lowly demons,clad in holy aura.That marked the beginning of the holy war.AND HIS NAME WAS GABRIEL. (This novel does not contain any religious texts, nor does it contain any forms of statements meant to indoctrinate people) (This novel was made for fun with no harmful intentions)
8 71 - In Serial26 Chapters
I Am A Hero: In A Silent Way
A utopia endangered. A follow-up to Sheer Heart Attack. Now united, the group of heroes takes a train to travel to their destination in peace. But alas, it is not meant to be. Danger is inevitable, but it is not just contained in this new world of Eden.
8 133 - In Serial16 Chapters
Olympus
A man broken, and contemplating suicide. He's saved by a dear friend who refused to give up on him, and a game that allowed him to walk once more. The VR reality game called Olympus, set in a fantasy world revolving around Greek and Roman hystory. Join out hero as he learns the game as one of the first 5000 to test it, and experience it before the rest of the world. See his trials and tribulations, and his indomitable spirit as he deals with his reality with the aid of two friends who never allowed him to give up.[hr]Hey folks! This is my second fiction, decided to give VR a try. This won't be updated often until my first fiction, Blood Born is fully released to volume one. But when it is I'll be alternating between the two, and releasing daily for both fictions once I have a written plan for volume two in my first and primary fiction. I hope you enjoy this one however!
8 78 - In Serial200 Chapters
BNHA Memes & Stuff
This book is completed! LINK TO BOOK 2: https://www.wattpad.com/707688655-bnha-memes-stuff-2-1
8 165 - In Serial11 Chapters
10 Myths about Introverts
Introverts! Unite separately at your own homes.
8 334 - In Serial26 Chapters
Huh....... neat. (Apocalyptic Realm x male "Latino" reader)
This will be my second story so far. But don't expect to get chapter every week.
8 102

