《Three Bears - 곰세마리》Epilogue
Advertisement
“곰세마리가 한 집에 있어”
Gom se-ma-ri-ga han-jib-e iss-eo
ဝက်ဝံသုံးကောင်သီချင်းကို ဆိုနေသည့် ဂျွန်ဂျီဝူးရဲ့ အသံသေးသေးလေးက ညနေစောင်း နေဝင်ဆည်းဆာအချိန်မှာ အိမ်ကလေးထဲ ပျံ့လွင့်လို့နေသည်။
လေယာဉ်ရုပ်ကလေးနဲ့ ဟိုပြေး ဒီပြေး ဆော့ကစားရင်း မဆုံးနိုင်အောင် ထပ်ခါထပ်ခါ ဆိုနေသည့် ဝက်ဝံသုံးကောင်သီချင်းကို ဂျီဝူးက အများကြီး သဘောကျတယ်ထင်ပါ့။
“ဂျီဝူး သားအဖေကို သွားနှိုးလိုက်ဦး”
“ဟုတ်!”
အကျယ်ကြီး ပြန်ဖြေရင်း သူ့အဖေကို နှိုးဖို့အတွက် အခန်းထဲ လုံးနေအောင် ပြေးဝင်သွားသည့် ကူးလုံးလေး။
“Abeoji ထ ထ”
ကုတင်ဘေးကနေ မထမချင်း တဂျီဂျီ လာနှိုးနေသည့် ဂျီဝူးကို လျှပ်တပြက် ကုတင်ပေါ်ဆွဲတင်လိုက်တော့ လှစ်ခနဲ သူ့လက်ထဲ ပါလာသည်။ ပြီးသည်နှင့် ကိုယ်လုံးလုံးလေးကို အတင်းဖျစ်ညှစ်ကာ တိုးဖက်လိုက်တော့ နှုတ်ခမ်းက အော်တိုဆူလာသည်။
“ထမင်းစားဖို့ Appa စောင့်နေတယ်လို့”
“လေယာဉ်မောင်းမလား”
“မောင်းမယ်!”
လေယာဉ်တွေနဲ့ပတ်သတ်လာရင် သူ့Appaဆူမှာလည်း မကြောက်တော့သလို၊ အကုန်လုံးကို မေ့သွားတတ်သည်အထိ ဂျီဝူးရဲ့ လေယာဉ်တွေအပေါ် ရူးသွပ်မှုက မခေလှပါ။ အရုပ်ဝယ်ရင်လည်း တခြားအရုပ်တွေထက် လေယာဉ်ရုပ်ကိုပဲ လက်လှမ်းတတ်သူ။
ဒါကြောင့်လည်း ဂျီဝူးလေး ကြီးလာရင် လေယာဉ်မှူးလုပ်ဖို့က သေချာသလောက်နီးပါး။ ပတ်ဂျီမင်းကိုယ်တိုင်ကလည်း flight attendant တစ်ယောက်ဖြစ်ခဲ့ဖူးတာဆိုတော့ မျိုးရိုးဗီဇအရ ပိုးပါတယ်ပဲ ပြောရမလား။
“အင်ဂျင်စဖွင့်ပါပြီ ဒတ် ဒတ် ဒတ်”
သားကို ဝမ်းဗိုက်ပေါ်တင်ကာ လေယာဉ်မောင်းတမ်း ကစားပေးတော့ တခစ်ခစ်ရယ်မောရင်း သဘောတွေကျနေလိုက်တာများ။ ဒီလိုနဲ့ သားအဖနှစ်ယောက် အပြင်မှာ ဂျီမင်းစောင့်နေတာကိုပါ သတိမရတော့ဘဲ ကစားနေလိုက်ကြတာ ထမင်းမေ့ ဟင်းမေ့။
“ထင်တဲ့အတိုင်းပဲ”
တံခါးဝဆီက အသံထွက်လာသည်။ ကြည့်လိုက်တော့ အပေါက်ဝမှာ လက်ပိုက်ရပ်ရင်း သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည့် ပတ်ဂျီမင်း။
“Abeoji က လေယာဉ်မောင်းမလားဆိုလို့ သားလည်း မောင်းမယ်လို့ ပြောလိုက်တာ”
ပတ်ဂျီမင်းနဲ့ သူ့အပေါ်ထားသည့် ဂျီဝူးရဲ့ သဘောထားက ငယ်ငယ်ကတည်းက မတူ။ မတူဆို မွေးကင်းစကတည်းက သူ့ကို မျက်စောင်းထိုးပြီး လောကကြီးထဲ ရောက်လာခဲ့သူမလား။
အခုလည်း ဂျီမင်းကို မြင်သည်နှင့် လေယာဉ်ရုပ်ကိုဆွဲယူပြီး ကုတင်ပေါ်က ပြေးဆင်းသွားကာ လေယာဉ်မောင်းမလားလို့ မေးမိတာကစလို့ ဖြစ်ကြောင်းကုန်စင်ကို ခရေစေ့တွင်းကျ ပြန်ပြောပြနေတော့သည်။ သဘောက သူ စကားနားထောင်ပါတယ်ပေါ့။
“ထမင်းစားမယ်။ မြန်မြန်ထွက်ခဲ့။ ဒီတစ်ခါ ကြာရင် ထပ်မစောင့်တော့ဘူး”
ပြောစရာရှိတာ ပြောပြီး လှည့်ထွက်သွားသည့် ပတ်ဂျီမင်းနောက် သားက သူ့ကိုတောင် လှည့်မကြည့်ဘဲ ကောက်ကောက်ပါအောင် လိုက်သွားသည်။ ဒီအခါ သူလည်း ထမင်းဝိုင်း နောက်မကျစေရန် မျက်နှာသစ်ပြီး အနောက်ကနေ အမီလိုက်ရတော့သည်။
“ထမင်းဆို”
“အဲ့ဒါ သားအတွက်။ သားက ပါစတာစားချင်တယ်ဆိုလို့ ပြင်ပေးထားတာ”
ပါစတာပန်းကန်ရှေ့မှာ မိန့်မိန့်ကြီးထိုင်နေသည့် သားလုံးလုံးလေးကို အသည်းယားစွာ ခေါင်းဖွလိုက်မိသည်။ လေယာဉ်တွေပြီးရင် ဂျီဝူးအကြိုက်ဆုံးက ပါစတာဖြစ်မယ်။
အင်း ပါစတာပြီးရင်တော့ ဝက်ဝံသုံးကောင်သီချင်းပေါ့။
“မင်းရော စားဦးမလား”
“စားမယ်လေ”
သားနဲ့ အတူတူစားချင်တာမို့ စားမယ်ပြောလိုက်ပေမဲ့ သူ့စကားကြောင့် သားက သူ့ကို မှုန်ကုတ်ကုတ် ကြည့်လာသည်။ ထိုသို့ကြည့်လည်းပြီးရော ဤသို့ ပြောလာပြန်သည်။
“Abeoji ကို မကျွေးနဲ့ Appa”
“ဘာဖြစ်လို့လဲ”
“ဂျီဝူးဟာတွေပါ စားသွားလိမ့်မယ်”
“ဂျီဝူးအတွက်က ရှိပြီးသားပါ။ မပူနဲ့ ဟုတ်ပြီလား”
“အာ့ဆို ဂျီဝူးကို နှစ်ပန်းကန်ထည့်ပေး”
ပေါက်ပေါက်ရှာရှာ တွေးတတ်သည့် ဂျီဝူးလေးက သူ့ Abeoji က ၎င်းရဲ့ပါစတာတွေကို စားသွားမှာ တကယ်ကြီး စိုးရိမ်နေပုံရသည်။ ဂျီမင်းလည်း သားအလိုကျ ပါစတာနောက်တစ်ပွဲပြင်ကာ သားရှေ့မှာ နှစ်ပန်းကန် ချပေးလိုက်တော့ ပျော်ရွှင်သွားတော့သည်။
“ယူပြီးရင် ကုန်အောင်တော့ စားရမယ်နော်”
“ဟုတ်ကဲ့!”
လေယာဉ်ရုပ်လေးကို ဘေးမှာတင်ကာ ပါစတာတွေကို အားပါးတရ စားနေသည့် ဂျီဝူးကြောင့် နှစ်ယောက်လုံး စိတ်ချမ်းသာရသည်။ အဖေအရင်းကိုတောင် မထင်ရင် မထင်သလို ပြိုင်ဖက်လို ပြုမူတတ်သည့် ဂျီဝူးလေးကို ဂျွန်ဂျောင်ကုကတော့ ဘယ်တုန်းကမှ မငြိုငြင်ရှာပါ။
သူ့ရင်သွေး၊ သူ့သားဆိုတဲ့ အသိလေးနဲ့တင် ဂျွန်ဂျီဝူးတို့က မွေးကတည်းက ဂျွန်ဂျောင်ကုရဲ့ အလိုလိုက်ခံ အသည်းတုန်လေး ဖြစ်နေခဲ့တာ။
“ပါစတာက စားကောင်းလား ဂျီဝူး”
“ကောင်းတယ်”
“ပါစတာလုပ်ကျွေးတဲ့ Appa ကိုရော ချစ်လား”
“ချစ်တယ်”
“လေယာဉ်တွေကိုရော သဘောကျလား”
“သဘောကျတယ်”
“ဝက်ဝံသုံးကောင်သီချင်းကိုရော ကြိုက်လား”
“ကြိုက်တယ်”
“ဒါဆို.... Abeoji ကိုရော ချစ်လား”
“မချစ်ဘူး မုန်းတယ်”
သားအဖြေကိုကြားတော့ ထမင်းစားနေရင်း ပတ်ဂျီမင်းက ခွိခနဲ ထရယ်သည်။ စကားပြောတတ်ပါပြီဆိုကတည်းက ဘယ်လိုပဲ အငိုက်ဖမ်းပြီး မေးပါစေ သားက ဂျွန်ဂျောင်ကုကိုဆို အမြဲ မချစ်ဘူး၊ မုန်းတယ်ချည်းသာ ဖြေတတ်သည်။
တစ်ခါတလေ သားအိပ်နေတုန်း နှိုးပြီး တစ်ရေးနိုးထမေးလည်း သားက ထိုအတိုင်းသာ တစ်လုံးမှ မလွဲအောင် ပြန်ဖြေသည်။ သားကို သူနဲ့ပတ်ဂျီမင်းချည်ခဲ့တဲ့ ကြိုးကလေးက အချစ်မဟုတ်ဘဲ အမုန်းဖြစ်နေခဲ့တာကြောင့်ထင်ပါတယ်။
Advertisement
“တကယ်မချစ်ဘူးလား”
“မုန်းတယ်”
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ဂျီဝူး ပြန်ဖြေနေတာက တကယ့်ကို အရိုးသားဆုံး။ သားက သူ့ကိုသာ မေးတိုင်း မုန်းတယ်ပြောပေမဲ့ ပတ်ဂျီမင်းကိုတော့ အတော်လေး ချစ်ရှာသည်။ ဂျီမင်းဘာပြောပြော သေချာနားထောင်တတ်ပြီး သူ့အနားထက် ဂျီမင်းအနား ပိုကပ်သည်။
တစ်ခါတလေ ဒီလိုတောင် တွေးမိတဲ့အထိပဲ။ ရုပ်ကတော့ သူနဲ့တူပြီး စိတ်ကလေးက ပတ်ဂျီမင်းနဲ့ သွားတူနေပါလားဆိုပြီး။ သားအဖနှစ်ယောက် အပြိုင်အဆိုင် သူ့ကိုမုန်းလိုက်ကြတာများ ဝက်ဝက်ကွဲ။
“Gom se-ma-ri-ga han-jib-e iss-eo”
ထမင်းစားပြီးသွားတော့ ဂျောင်ကုက ပန်းကန်တွေဆေးနေချိန် ဂျီမင်းကတော့ သားကို ရင်ခွင်ထဲထည့်ကာ ဝက်ဝံသုံးကောင် သီချင်းကို ရုပ်ပြစာအုပ်လေးကြည့်ရင်း သားနဲ့အတူ ဆိုပေးနေသည်။
“ကြည့်ပါဦး ဝက်ဝံလေး ဘယ်နှကောင်ရှိတာလဲ”
“သုံးကောင်”
“ဟုတ်ပါ့ သုံးကောင်ရှိတာ။ ဂျီဝူးက တော်လိုက်တာ”
“Appaဝက်ဝံရယ်၊ Abeoji ဝက်ဝံရယ်၊ ကလေးလေးဝက်ဝံရယ်”
“ဟုတ်လား”
အတတ်ကလေး ဂျွန်ဂျီဝူးက ခေါင်းတငြိမ့်ငြိမ့်နှင့် ရင်ခွင်ထဲကနေ သူ့ကို မော့ကြည့်ပြီး ရယ်ပြနေသည်။ သားက သူ့ရဲ့ အေးချမ်းရာလေးပဲ။ ရံဖန်ရံခါ ဂျွန်ဂျောင်ကုနဲ့ သူနဲ့ စကားနိုင်လုတဲ့အချိန်တိုင်းမှာလည်း သူ မှားမှား မှန်မှန် သားက အမြဲတမ်း သူ့ဘက်က။
'Abeoji မှားတာ' ၊ 'Abeoji အဲ့လိုမပြောသင့်ဘူး' ဆိုတာချည်း ထပ်အောင်ပြောပြီး သူကပါ ရောငိုတတ်သေးသည်။ ဒါပေမဲ့ သားကို သူ့ထက် ဂျွန်ဂျောင်ကုက ပိုချစ်ပါသည်။
သားမျက်နှာ ညှိုးတော့မယ်ပြင်တိုင်း ဂျွန်ဂျောင်ကုကပဲ အရင်ဆုံး အလျှော့ပေးသွားတတ်တာမို့ စကားများရရင်တောင် ခဏလေးနဲ့ ပြန်ပြေလည်သွားတတ်မြဲ။ သားကို ဒီလောက်အထိချစ်တဲ့ သူ့အဖေကို သားက ဘာကြောင့်များ မချစ်ဘူး၊ မုန်းတယ်ပဲ ပြောရတာလဲ။
အဖြေကို ဂျီမင်း အခုထိ စဉ်းစားမရပါ။
“ဂျီဝူးလေး”
“ဟုတ်”
“Abeoji ကို ဘာလို့မချစ်တာလဲ။ Abeojiက သားကို ဒီလောက်ချစ်တဲ့ဥစ္စာ”
သား ငြိမ်ကျသွားသည်။ ဝက်ဝံသုံးကောင် ရုပ်ပြစာအုပ်လေးကိုပဲ စိုက်ကြည့်နေပြီး ဘာမှပြန်မပြော။
“Abeoji က သားကို ဆူဖူးလား”
“မဆူဖူးဘူး”
“ရိုက်ရော ရိုက်ဖူးလား”
“မရိုက်ဖူးဘူး”
“သားလိုချင်တာတွေရော မဝယ်ပေးလို့လား”
“ဝယ်ပေးတယ်”
“အဲ့ဒါတောင်မှ ဂျီဝူးလေးက Abeojiကို မချစ်ဘူးလား ဟင်”
“ဂျီဝူးက Appa ကိုရော Abeoji ကိုရော ချစ်ပါတယ်”
“ဒါဆို ဘာလို့ အမှန်အတိုင်းမဖြေတာလဲ။ Appaတို့ရဲ့ ဂျီဝူးလေးက လိမ်တတ် ညာတတ်နေပြီလား”
“သား....သား အမှန်အတိုင်းဖြေချင်ပေမဲ့ မရလို့”
ဂျီဝူးလေးရဲ့အသံက တဖြည်းဖြည်းနဲ့ တိမ်ဝင်သွားသည်။ ကြည့်ရတာ ကလေးလေး ဝမ်းနည်းပြီး ငိုတော့မယ်ထင်ပါတယ်။
“အဆင်ပြေတယ်။ ကိစ္စမရှိဘူး ဂျီဝူးလေး”
ဘယ်အချိန်က သူတို့အနောက်မှာ ရောက်နေမှန်းမသိတဲ့ ဂျောင်ကုက ဝင်ပြောလာသည်။ ပြီးနောက် သူ့ရင်ခွင်ထဲ ထည့်ထားတဲ့ ဂျီဝူးလေးရဲ့ ရှေ့တည့်တည့်က ကြမ်းပြင်မှာ ထိုင်ချလိုက်ရင်း ဂျီဝူးရဲ့ မျက်ရည်တွေကို အသာအယာ သုတ်ပေးလာသည်။
“သား ပြောဖို့အဆင်မပြေရင် မပြောနဲ့ ဟုတ်ပြီလား။ Abeoji က ဘယ်လောက်ကြာကြာ စောင့်နိုင်တာမို့၊ စောင့်ပေးမှာမို့ ဂျီဝူးဘက်က အတင်းကြီး မကြိုးစားလည်း ရတယ်”
ဂျီဝူးက မျက်ရည်စတွေကြားမှ နှာရှုံ့ရင်း နှုတ်ခမ်းလေးမဲ့တဲ့တဲ့ဖြင့် သူ့အဖေကို ခေါင်းငြိမ့်ပြသည်။ ဂျီမင်းသည် မျက်စိရှေ့က သားအဖနှစ်ယောက်ကို ကြည့်ပြီး အတွေးတစ်ခုရသွားသည်။
“ဒါဆို Appa တစ်ခုပြောပြမယ် ဂျီဝူးလေး”
ရင်ခွင်ထဲက သားဆံပင်လေးတွေကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ပြုံးလိုက်သည်။ ဂျွန်ဂျောင်ကုကတော့ သားလက်လေးနှစ်ဖက်ကို ထွေးဆုပ်ထားခဲ့သည်။
“Appa တို့တွေ အမုန်းကို အချစ်အနေနဲ့ ပြောင်းပြီး သတ်မှတ်လိုက်လို့ ရတာပဲလေ။ သားက မုန်းတယ်လို့ ပြောတိုင်း Abeoji ဘက်က ချစ်တယ်လို့ ပြောင်းသတ်မှတ်ရင်ရော အဆင်ပြေမလား”
“ဟုတ် Appa”
“အဲ့ဒါဆို ဒီနေ့ကစ အဲ့လိုပြောင်းသတ်မှတ်မှာမို့ ဂျီဝူးလေး စိတ်ကြိုက်ဖြေလို့ရသွားပြီ”
“ဟုတ်ကဲ့!”
သားက သူ့အစီအစဉ်ကို သဘောကျသွားသည်ထင်ပါ့။ အရင်ကလို အသံကျယ်ကျယ် စူးစူးလေးနဲ့ ပြန်ဖြေလာပြီး ပြန်ရယ်ပြုံးလာကာ အငိုလည်း ချက်ချင်း တိတ်သွားခဲ့သည်။
မျက်ဝန်းနှစ်စုံဟာ အကြည့်ချင်းစုံသွားခဲ့ရသည်။ ဂျွန်ဂျောင်ကုရဲ့ အမေးကို ခေါင်းလည်းမငြိမ့်မိသလို ခေါင်းလည်းမခါမိ။ ဆိတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းတစ်မျိုးပဲတဲ့။
ဂျွန်ဂျောင်ကုဘက်က ဒီသဘောတရားကို နားလည်သဘောပေါက်လိမ့်မယ်လို့ သူ ယုံကြည်လိုက်မိသည်။ အဆုံးမှာတော့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိရင်း သူတို့နှစ်ယောက်လုံး ခပ်ပါးပါးလေး ပြုံးဖြစ်ခဲ့ကြပါသည်။
ငါ မင်းကို
မုန်းလိုက်တာ....။
အိမ်ကလေးထဲမှာတော့ ဂျီဝူးဆိုနေတဲ့ ဝက်ဝံသုံးကောင် သီချင်းလေးဟာ တိုးလာလိုက် ကျယ်သွားလိုက်။
မာမိတ် နည်းနည်းရှင်းချင်တာလေးတွေ ပြောပြမယ်နော်။ ဂျွန်ဂျီဝူးက လူဝင်စားလေးပါ။ ဘယ်သူလဲဆိုတာတော့ သေချာဖတ်ကြည့်ရင် ရိပ်မိကြမယ်လို့ထင်ပါတယ်။
နောက်ပြီး ချစ်တယ်လို့ မပြောကြတာကြောင့်နဲ့ စိတ်မတင်မကျဖြစ်စရာမလိုပါဘူး။ သူတို့ရဲ့ သဘောတရားနဲ့ Languageကိုက မုန်းတယ်ပြောပြီး တစ်ယောက်ကိုတစ်ယောက် attach ဖြစ်နေတာမျိုးပါ။
Advertisement
ဒီဇာတ်လမ်းရဲ့ မုန်းတယ်ဆိုတာ သူတို့အတွက်တော့ ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ အတူတူပါပဲ။ ချစ်တယ်လို့ ပြောမှ တရားဝင်ချစ်ကြတယ်ဆိုတာမျိုး ပုံသေမဖြစ်စေချင်တာလည်း ပါပါတယ်။ ဒါကြောင့် ဘာမှ ထပ်မတွေးပါနဲ့နော်။
နောက်ဆုံးအနေနဲ့တော့ လိုအပ်တာတွေရှိရင် နားလည်ပေးပါ။ အဆင်မပြေတာတွေရှိရင် သည်းခံဖတ်ပေးပါ။ သဘောကျပေးသူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။
Your mermaid ❤️
“곰세마리가 한 집에 있어”
Gom se-ma-ri-ga han-jib-e iss-eo
ဝက္ဝံသုံးေကာင္သီခ်င္းကို ဆိုေနသည့္ ဂြၽန္ဂ်ီဝူးရဲ႕ အသံေသးေသးေလးက ညေနေစာင္း ေနဝင္ဆည္းဆာအခ်ိန္မွာ အိမ္ကေလးထဲ ပ်ံ႕လြင့္လို႔ေနသည္။
ေလယာဥ္႐ုပ္ကေလးနဲ႔ ဟိုေျပး ဒီေျပး ေဆာ့ကစားရင္း မဆုံးႏိုင္ေအာင္ ထပ္ခါထပ္ခါ ဆိုေနသည့္ ဝက္ဝံသုံးေကာင္သီခ်င္းကို ဂ်ီဝူးက အမ်ားႀကီး သေဘာက်တယ္ထင္ပါ့။
“ဂ်ီဝူး သားအေဖကို သြားႏႈိးလိုက္ဦး”
“ဟုတ္!”
အက်ယ္ႀကီး ျပန္ေျဖရင္း သူ႔အေဖကို ႏႈိးဖို႔အတြက္ အခန္းထဲ လုံးေနေအာင္ ေျပးဝင္သြားသည့္ ကူးလုံးေလး။
“Abeoji ထ ထ”
ကုတင္ေဘးကေန မထမခ်င္း တဂ်ီဂ်ီ လာႏႈိးေနသည့္ ဂ်ီဝူးကို လွ်ပ္တျပက္ ကုတင္ေပၚဆြဲတင္လိုက္ေတာ့ လွစ္ခနဲ သူ႔လက္ထဲ ပါလာသည္။ ၿပီးသည္ႏွင့္ ကိုယ္လုံးလုံးေလးကို အတင္းဖ်စ္ညႇစ္ကာ တိုးဖက္လိုက္ေတာ့ ႏႈတ္ခမ္းက ေအာ္တိုဆူလာသည္။
“ထမင္းစားဖို႔ Appa ေစာင့္ေနတယ္လို႔”
“ေလယာဥ္ေမာင္းမလား”
“ေမာင္းမယ္!”
ေလယာဥ္ေတြနဲ႔ပတ္သတ္လာရင္ သူ႔Appaဆူမွာလည္း မေၾကာက္ေတာ့သလို၊ အကုန္လုံးကို ေမ့သြားတတ္သည္အထိ ဂ်ီဝူးရဲ႕ ေလယာဥ္ေတြအေပၚ ႐ူးသြပ္မႈက မေခလွပါ။ အ႐ုပ္ဝယ္ရင္လည္း တျခားအ႐ုပ္ေတြထက္ ေလယာဥ္႐ုပ္ကိုပဲ လက္လွမ္းတတ္သူ။
ဒါေၾကာင့္လည္း ဂ်ီဝူးေလး ႀကီးလာရင္ ေလယာဥ္မႉးလုပ္ဖို႔က ေသခ်ာသေလာက္နီးပါး။ ပတ္ဂ်ီမင္းကိုယ္တိုင္ကလည္း flight attendant တစ္ေယာက္ျဖစ္ခဲ့ဖူးတာဆိုေတာ့ မ်ိဳး႐ိုးဗီဇအရ ပိုးပါတယ္ပဲ ေျပာရမလား။
“အင္ဂ်င္စဖြင့္ပါၿပီ ဒတ္ ဒတ္ ဒတ္”
သားကို ဝမ္းဗိုက္ေပၚတင္ကာ ေလယာဥ္ေမာင္းတမ္း ကစားေပးေတာ့ တခစ္ခစ္ရယ္ေမာရင္း သေဘာေတြက်ေနလိုက္တာမ်ား။ ဒီလိုနဲ႔ သားအဖႏွစ္ေယာက္ အျပင္မွာ ဂ်ီမင္းေစာင့္ေနတာကိုပါ သတိမရေတာ့ဘဲ ကစားေနလိုက္ၾကတာ ထမင္းေမ့ ဟင္းေမ့။
“ထင္တဲ့အတိုင္းပဲ”
တံခါးဝဆီက အသံထြက္လာသည္။ ၾကည့္လိုက္ေတာ့ အေပါက္ဝမွာ လက္ပိုက္ရပ္ရင္း သူတို႔ႏွစ္ေယာက္ကို စိုက္ၾကည့္ေနသည့္ ပတ္ဂ်ီမင္း။
“Abeoji က ေလယာဥ္ေမာင္းမလားဆိုလို႔ သားလည္း ေမာင္းမယ္လို႔ ေျပာလိုက္တာ”
ပတ္ဂ်ီမင္းနဲ႔ သူ႔အေပၚထားသည့္ ဂ်ီဝူးရဲ႕ သေဘာထားက ငယ္ငယ္ကတည္းက မတူ။ မတူဆို ေမြးကင္းစကတည္းက သူ႔ကို မ်က္ေစာင္းထိုးၿပီး ေလာကႀကီးထဲ ေရာက္လာခဲ့သူမလား။
အခုလည္း ဂ်ီမင္းကို ျမင္သည္ႏွင့္ ေလယာဥ္႐ုပ္ကိုဆြဲယူၿပီး ကုတင္ေပၚက ေျပးဆင္းသြားကာ ေလယာဥ္ေမာင္းမလားလို႔ ေမးမိတာကစလို႔ ျဖစ္ေၾကာင္းကုန္စင္ကို ခေရေစ့တြင္းက် ျပန္ေျပာျပေနေတာ့သည္။ သေဘာက သူ စကားနားေထာင္ပါတယ္ေပါ့။
“ထမင္းစားမယ္။ ျမန္ျမန္ထြက္ခဲ့။ ဒီတစ္ခါ ၾကာရင္ ထပ္မေစာင့္ေတာ့ဘူး”
ေျပာစရာရွိတာ ေျပာၿပီး လွည့္ထြက္သြားသည့္ ပတ္ဂ်ီမင္းေနာက္ သားက သူ႔ကိုေတာင္ လွည့္မၾကည့္ဘဲ ေကာက္ေကာက္ပါေအာင္ လိုက္သြားသည္။ ဒီအခါ သူလည္း ထမင္းဝိုင္း ေနာက္မက်ေစရန္ မ်က္ႏွာသစ္ၿပီး အေနာက္ကေန အမီလိုက္ရေတာ့သည္။
“ထမင္းဆို”
“အဲ့ဒါ သားအတြက္။ သားက ပါစတာစားခ်င္တယ္ဆိုလို႔ ျပင္ေပးထားတာ”
ပါစတာပန္းကန္ေရွ႕မွာ မိန႔္မိန႔္ႀကီးထိုင္ေနသည့္ သားလုံးလုံးေလးကို အသည္းယားစြာ ေခါင္းဖြလိုက္မိသည္။ ေလယာဥ္ေတြၿပီးရင္ ဂ်ီဝူးအႀကိဳက္ဆုံးက ပါစတာျဖစ္မယ္။
အင္း ပါစတာၿပီးရင္ေတာ့ ဝက္ဝံသုံးေကာင္သီခ်င္းေပါ့။
“မင္းေရာ စားဦးမလား”
“စားမယ္ေလ”
သားနဲ႔ အတူတူစားခ်င္တာမို႔ စားမယ္ေျပာလိုက္ေပမဲ့ သူ႔စကားေၾကာင့္ သားက သူ႔ကို မႈန္ကုတ္ကုတ္ ၾကည့္လာသည္။ ထိုသို႔ၾကည့္လည္းၿပီးေရာ ဤသို႔ ေျပာလာျပန္သည္။
“Abeoji ကို မေကြၽးနဲ႔ Appa”
“ဘာျဖစ္လို႔လဲ”
“ဂ်ီဝူးဟာေတြပါ စားသြားလိမ့္မယ္”
“ဂ်ီဝူးအတြက္က ရွိၿပီးသားပါ။ မပူနဲ႔ ဟုတ္ၿပီလား”
“အာ့ဆို ဂ်ီဝူးကို ႏွစ္ပန္းကန္ထည့္ေပး”
ေပါက္ေပါက္ရွာရွာ ေတြးတတ္သည့္ ဂ်ီဝူးေလးက သူ႔ Abeoji က ၎ရဲ႕ပါစတာေတြကို စားသြားမွာ တကယ္ႀကီး စိုးရိမ္ေနပုံရသည္။ ဂ်ီမင္းလည္း သားအလိုက် ပါစတာေနာက္တစ္ပြဲျပင္ကာ သားေရွ႕မွာ ႏွစ္ပန္းကန္ ခ်ေပးလိုက္ေတာ့ ေပ်ာ္႐ႊင္သြားေတာ့သည္။
“ယူၿပီးရင္ ကုန္ေအာင္ေတာ့ စားရမယ္ေနာ္”
“ဟုတ္ကဲ့!”
ေလယာဥ္႐ုပ္ေလးကို ေဘးမွာတင္ကာ ပါစတာေတြကို အားပါးတရ စားေနသည့္ ဂ်ီဝူးေၾကာင့္ ႏွစ္ေယာက္လုံး စိတ္ခ်မ္းသာရသည္။ အေဖအရင္းကိုေတာင္ မထင္ရင္ မထင္သလို ၿပိဳင္ဖက္လို ျပဳမူတတ္သည့္ ဂ်ီဝူးေလးကို ဂြၽန္ေဂ်ာင္ကုကေတာ့ ဘယ္တုန္းကမွ မၿငိဳျငင္ရွာပါ။
သူ႔ရင္ေသြး၊ သူ႔သားဆိုတဲ့ အသိေလးနဲ႔တင္ ဂြၽန္ဂ်ီဝူးတို႔က ေမြးကတည္းက ဂြၽန္ေဂ်ာင္ကုရဲ႕ အလိုလိုက္ခံ အသည္းတုန္ေလး ျဖစ္ေနခဲ့တာ။
“ပါစတာက စားေကာင္းလား ဂ်ီဝူး”
“ေကာင္းတယ္”
“ပါစတာလုပ္ေကြၽးတဲ့ Appa ကိုေရာ ခ်စ္လား”
“ခ်စ္တယ္”
“ေလယာဥ္ေတြကိုေရာ သေဘာက်လား”
“သေဘာက်တယ္”
“ဝက္ဝံသုံးေကာင္သီခ်င္းကိုေရာ ႀကိဳက္လား”
“ႀကိဳက္တယ္”
“ဒါဆို.... Abeoji ကိုေရာ ခ်စ္လား”
“မခ်စ္ဘူး မုန္းတယ္”
သားအေျဖကိုၾကားေတာ့ ထမင္းစားေနရင္း ပတ္ဂ်ီမင္းက ခြိခနဲ ထရယ္သည္။ စကားေျပာတတ္ပါၿပီဆိုကတည္းက ဘယ္လိုပဲ အငိုက္ဖမ္းၿပီး ေမးပါေစ သားက ဂြၽန္ေဂ်ာင္ကုကိုဆို အၿမဲ မခ်စ္ဘူး၊ မုန္းတယ္ခ်ည္းသာ ေျဖတတ္သည္။
တစ္ခါတေလ သားအိပ္ေနတုန္း ႏႈိးၿပီး တစ္ေရးႏိုးထေမးလည္း သားက ထိုအတိုင္းသာ တစ္လုံးမွ မလြဲေအာင္ ျပန္ေျဖသည္။ သားကို သူနဲ႔ပတ္ဂ်ီမင္းခ်ည္ခဲ့တဲ့ ႀကိဳးကေလးက အခ်စ္မဟုတ္ဘဲ အမုန္းျဖစ္ေနခဲ့တာေၾကာင့္ထင္ပါတယ္။
“တကယ္မခ်စ္ဘူးလား”
“မုန္းတယ္”
မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႔ ဂ်ီဝူး ျပန္ေျဖေနတာက တကယ့္ကို အ႐ိုးသားဆုံး။ သားက သူ႔ကိုသာ ေမးတိုင္း မုန္းတယ္ေျပာေပမဲ့ ပတ္ဂ်ီမင္းကိုေတာ့ အေတာ္ေလး ခ်စ္ရွာသည္။ ဂ်ီမင္းဘာေျပာေျပာ ေသခ်ာနားေထာင္တတ္ၿပီး သူ႔အနားထက္ ဂ်ီမင္းအနား ပိုကပ္သည္။
တစ္ခါတေလ ဒီလိုေတာင္ ေတြးမိတဲ့အထိပဲ။ ႐ုပ္ကေတာ့ သူနဲ႔တူၿပီး စိတ္ကေလးက ပတ္ဂ်ီမင္းနဲ႔ သြားတူေနပါလားဆိုၿပီး။ သားအဖႏွစ္ေယာက္ အၿပိဳင္အဆိုင္ သူ႔ကိုမုန္းလိုက္ၾကတာမ်ား ဝက္ဝက္ကြဲ။
“Gom se-ma-ri-ga han-jib-e iss-eo”
ထမင္းစားၿပီးသြားေတာ့ ေဂ်ာင္ကုက ပန္းကန္ေတြေဆးေနခ်ိန္ ဂ်ီမင္းကေတာ့ သားကို ရင္ခြင္ထဲထည့္ကာ ဝက္ဝံသုံးေကာင္ သီခ်င္းကို ႐ုပ္ျပစာအုပ္ေလးၾကည့္ရင္း သားနဲ႔အတူ ဆိုေပးေနသည္။
“ၾကည့္ပါဦး ဝက္ဝံေလး ဘယ္ႏွေကာင္ရွိတာလဲ”
“သုံးေကာင္”
“ဟုတ္ပါ့ သုံးေကာင္ရွိတာ။ ဂ်ီဝူးက ေတာ္လိုက္တာ”
“Appaဝက္ဝံရယ္၊ Abeoji ဝက္ဝံရယ္၊ ကေလးေလးဝက္ဝံရယ္”
“ဟုတ္လား”
အတတ္ကေလး ဂြၽန္ဂ်ီဝူးက ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ ရင္ခြင္ထဲကေန သူ႔ကို ေမာ့ၾကည့္ၿပီး ရယ္ျပေနသည္။ သားက သူ႔ရဲ႕ ေအးခ်မ္းရာေလးပဲ။ ရံဖန္ရံခါ ဂြၽန္ေဂ်ာင္ကုနဲ႔ သူနဲ႔ စကားႏိုင္လုတဲ့အခ်ိန္တိုင္းမွာလည္း သူ မွားမွား မွန္မွန္ သားက အၿမဲတမ္း သူ႔ဘက္က။
'Abeoji မွားတာ' ၊ 'Abeoji အဲ့လိုမေျပာသင့္ဘူး' ဆိုတာခ်ည္း ထပ္ေအာင္ေျပာၿပီး သူကပါ ေရာငိုတတ္ေသးသည္။ ဒါေပမဲ့ သားကို သူ႔ထက္ ဂြၽန္ေဂ်ာင္ကုက ပိုခ်စ္ပါသည္။
သားမ်က္ႏွာ ညႇိဳးေတာ့မယ္ျပင္တိုင္း ဂြၽန္ေဂ်ာင္ကုကပဲ အရင္ဆုံး အေလွ်ာ့ေပးသြားတတ္တာမို႔ စကားမ်ားရရင္ေတာင္ ခဏေလးနဲ႔ ျပန္ေျပလည္သြားတတ္ၿမဲ။ သားကို ဒီေလာက္အထိခ်စ္တဲ့ သူ႔အေဖကို သားက ဘာေၾကာင့္မ်ား မခ်စ္ဘူး၊ မုန္းတယ္ပဲ ေျပာရတာလဲ။
အေျဖကို ဂ်ီမင္း အခုထိ စဥ္းစားမရပါ။
“ဂ်ီဝူးေလး”
“ဟုတ္”
“Abeoji ကို ဘာလို႔မခ်စ္တာလဲ။ Abeojiက သားကို ဒီေလာက္ခ်စ္တဲ့ဥစၥာ”
သား ၿငိမ္က်သြားသည္။ ဝက္ဝံသုံးေကာင္ ႐ုပ္ျပစာအုပ္ေလးကိုပဲ စိုက္ၾကည့္ေနၿပီး ဘာမွျပန္မေျပာ။
“Abeoji က သားကို ဆူဖူးလား”
“မဆူဖူးဘူး”
“႐ိုက္ေရာ ႐ိုက္ဖူးလား”
“မ႐ိုက္ဖူးဘူး”
“သားလိုခ်င္တာေတြေရာ မဝယ္ေပးလို႔လား”
“ဝယ္ေပးတယ္”
“အဲ့ဒါေတာင္မွ ဂ်ီဝူးေလးက Abeojiကို မခ်စ္ဘူးလား ဟင္”
“ဂ်ီဝူးက Appa ကိုေရာ Abeoji ကိုေရာ ခ်စ္ပါတယ္”
“ဒါဆို ဘာလို႔ အမွန္အတိုင္းမေျဖတာလဲ။ Appaတို႔ရဲ႕ ဂ်ီဝူးေလးက လိမ္တတ္ ညာတတ္ေနၿပီလား”
“သား....သား အမွန္အတိုင္းေျဖခ်င္ေပမဲ့ မရလို႔”
ဂ်ီဝူးေလးရဲ႕အသံက တျဖည္းျဖည္းနဲ႔ တိမ္ဝင္သြားသည္။ ၾကည့္ရတာ ကေလးေလး ဝမ္းနည္းၿပီး ငိုေတာ့မယ္ထင္ပါတယ္။
“အဆင္ေျပတယ္။ ကိစၥမရွိဘူး ဂ်ီဝူးေလး”
ဘယ္အခ်ိန္က သူတို႔အေနာက္မွာ ေရာက္ေနမွန္းမသိတဲ့ ေဂ်ာင္ကုက ဝင္ေျပာလာသည္။ ၿပီးေနာက္ သူ႔ရင္ခြင္ထဲ ထည့္ထားတဲ့ ဂ်ီဝူးေလးရဲ႕ ေရွ႕တည့္တည့္က ၾကမ္းျပင္မွာ ထိုင္ခ်လိုက္ရင္း ဂ်ီဝူးရဲ႕ မ်က္ရည္ေတြကို အသာအယာ သုတ္ေပးလာသည္။
“သား ေျပာဖို႔အဆင္မေျပရင္ မေျပာနဲ႔ ဟုတ္ၿပီလား။ Abeoji က ဘယ္ေလာက္ၾကာၾကာ ေစာင့္ႏိုင္တာမို႔၊ ေစာင့္ေပးမွာမို႔ ဂ်ီဝူးဘက္က အတင္းႀကီး မႀကိဳးစားလည္း ရတယ္”
ဂ်ီဝူးက မ်က္ရည္စေတြၾကားမွ ႏွာရႈံ႕ရင္း ႏႈတ္ခမ္းေလးမဲ့တဲ့တဲ့ျဖင့္ သူ႔အေဖကို ေခါင္းၿငိမ့္ျပသည္။ ဂ်ီမင္းသည္ မ်က္စိေရွ႕က သားအဖႏွစ္ေယာက္ကို ၾကည့္ၿပီး အေတြးတစ္ခုရသြားသည္။
“ဒါဆို Appa တစ္ခုေျပာျပမယ္ ဂ်ီဝူးေလး”
ရင္ခြင္ထဲက သားဆံပင္ေလးေတြကို ခပ္ဖြဖြ ပြတ္သပ္ေပးရင္း ၿပဳံးလိုက္သည္။ ဂြၽန္ေဂ်ာင္ကုကေတာ့ သားလက္ေလးႏွစ္ဖက္ကို ေထြးဆုပ္ထားခဲ့သည္။
“Appa တို႔ေတြ အမုန္းကို အခ်စ္အေနနဲ႔ ေျပာင္းၿပီး သတ္မွတ္လိုက္လို႔ ရတာပဲေလ။ သားက မုန္းတယ္လို႔ ေျပာတိုင္း Abeoji ဘက္က ခ်စ္တယ္လို႔ ေျပာင္းသတ္မွတ္ရင္ေရာ အဆင္ေျပမလား”
“ဟုတ္ Appa”
“အဲ့ဒါဆို ဒီေန႔ကစ အဲ့လိုေျပာင္းသတ္မွတ္မွာမို႔ ဂ်ီဝူးေလး စိတ္ႀကိဳက္ေျဖလို႔ရသြားၿပီ”
“ဟုတ္ကဲ့!”
သားက သူ႔အစီအစဥ္ကို သေဘာက်သြားသည္ထင္ပါ့။ အရင္ကလို အသံက်ယ္က်ယ္ စူးစူးေလးနဲ႔ ျပန္ေျဖလာၿပီး ျပန္ရယ္ၿပဳံးလာကာ အငိုလည္း ခ်က္ခ်င္း တိတ္သြားခဲ့သည္။
မ်က္ဝန္းႏွစ္စုံဟာ အၾကည့္ခ်င္းစုံသြားခဲ့ရသည္။ ဂြၽန္ေဂ်ာင္ကုရဲ႕ အေမးကို ေခါင္းလည္းမၿငိမ့္မိသလို ေခါင္းလည္းမခါမိ။ ဆိတ္ဆိတ္ေနျခင္းဟာ ဝန္ခံျခင္းတစ္မ်ိဳးပဲတဲ့။
ဂြၽန္ေဂ်ာင္ကုဘက္က ဒီသေဘာတရားကို နားလည္သေဘာေပါက္လိမ့္မယ္လို႔ သူ ယုံၾကည္လိုက္မိသည္။ အဆုံးမွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ေနမိရင္း သူတို႔ႏွစ္ေယာက္လုံး ခပ္ပါးပါးေလး ၿပဳံးျဖစ္ခဲ့ၾကပါသည္။
အိမ္ကေလးထဲမွာေတာ့ ဂ်ီဝူးဆိုေနတဲ့ ဝက္ဝံသုံးေကာင္ သီခ်င္းေလးဟာ တိုးလာလိုက္ က်ယ္သြားလိုက္။
မာမိတ္ နည္းနည္းရွင္းခ်င္တာေလးေတြ ေျပာျပမယ္ေနာ္။ ဂြၽန္ဂ်ီဝူးက လူဝင္စားေလးပါ။ ဘယ္သူလဲဆိုတာေတာ့ ေသခ်ာဖတ္ၾကည့္ရင္ ရိပ္မိၾကမယ္လို႔ထင္ပါတယ္။
ေနာက္ၿပီး ခ်စ္တယ္လို႔ မေျပာၾကတာေၾကာင့္နဲ႔ စိတ္မတင္မက်ျဖစ္စရာမလိုပါဘူး။ သူတို႔ရဲ႕ သေဘာတရားနဲ႔ Languageကိုက မုန္းတယ္ေျပာၿပီး တစ္ေယာက္ကိုတစ္ေယာက္ attach ျဖစ္ေနတာမ်ိဳးပါ။
ဒီဇာတ္လမ္းရဲ႕ မုန္းတယ္ဆိုတာ သူတို႔အတြက္ေတာ့ ခ်စ္တယ္ဆိုတဲ့ အဓိပၸါယ္နဲ႔ အတူတူပါပဲ။ ခ်စ္တယ္လို႔ ေျပာမွ တရားဝင္ခ်စ္ၾကတယ္ဆိုတာမ်ိဳး ပုံေသမျဖစ္ေစခ်င္တာလည္း ပါပါတယ္။ ဒါေၾကာင့္ ဘာမွ ထပ္မေတြးပါနဲ႔ေနာ္။
ေနာက္ဆုံးအေနနဲ႔ေတာ့ လိုအပ္တာေတြရွိရင္ နားလည္ေပးပါ။ အဆင္မေျပတာေတြရွိရင္ သည္းခံဖတ္ေပးပါ။ သေဘာက်ေပးသူတိုင္းကို ေက်းဇူးအထူးတင္ပါတယ္။
Your mermaid ❤️
Advertisement
- In Serial391 Chapters
The Supernatural Case of an Accidental Time Traveler
After waking up in the past, Lou Barret finds himself entangled with the supernatural. Eventually receiving the help of Scott Langston, a supernatural peacekeeper of sorts, and a witch named Elysif Avian. The three work together to keep the peace between the supernatural creatures of London and humans. Along the way, they search for the truth behind Lou’s ability to travel through time and prevent a masked man from getting his hands on him. This is also available on Webnovel and ScribbleHub so please follow it on them if you have either! If you like this story then please check out my other works.
8 758 - In Serial20 Chapters
Grin the Cheat
There was a time when heroes roamed between the Four Great Cities. They fought for kingdoms and princesses and they lived and died by their valour. Or so the stories say. The way the minstrels sing it, everyone had a swashbuckling good time. Nowadays, buckles are rarely swashed. All the great beasts have been slain, all the great treasures unearthed. Princesses are few and far between — the ones worth fighting over, anyway — and the kingdoms have been divvied up between the sons of sons of sons of the heroes of old. No valour required. Frankly, the hero business is in a sorry state. Luckily for Grin the Cheat, thieving and murder are thriving as usual. If you have a moment, please vote for this story at Top Web Fiction. No signup required, just press the button. Voting refreshes every week. Vote. Story is now available on my site Moodylit.com. You can buy the ebook on Kindle/EPUB
8 125 - In Serial203 Chapters
Death's Door
After he ended up in the realm of the Death, Nur became servant of the Angel of Death. Unlike what he hoped, this was by far not the end of his journey, but just the beginning. Kidnapped from his loved ones by the Goddess of Time, trapped nine hundred years in the past, and cursed with coming back in time every time he dies, Nur Finnerman is stuck in a mad loop that slowly drives him to lose his senses, his humanity, and lastly his sanity. A man with a heart of a hero slowly loses himself, piece by piece, until the only thing that remains is Darkness. From the weakest hero wannabe to the greatest villain. This is the journey of how an everyman became the fearsome fiend who frightens even the gods, the Dark Lord Buy Volume 1: https://www.royalroad.com/amazon/B07JMHMKTG Buy Volume 2: https://www.royalroad.com/amazon/B07JN777LF Donate Via PayPal- paypal.me/kuanyshbekovsayan I will be publishing at least a chapter per month
8 175 - In Serial18 Chapters
Spirit Realm: The Devil's Path
Spirit Realm, the world full of mystical energy. That is the name of this strange world which is home to many, many creatures. It is also a new home for one young man from Earth, who forged a contract with fate and reincarnated here. The world where various races reside—be it Dragons, Demons, Angels, Monsters... Nothing should be strange or unexpected in this world. Asura, a curious fella from Earth, came to this world with the help of fate—to the world from his dreams. Ever since he read the first fantasy book, it was his wish to come in a world like that. However, he is no mere visitor in this world—for in his new life, he is a being that represents disorder. He is a Devil - the only one of his kind. His soul was summoned by occultists while they were tinkering with the forbidden knowledge, giving him a chance to meet his lifelong partner - a little girl by the name of Xia. Their journey will be long, hard at times and fun at others, but as long as they are with each other, nothing is impossible. The new Demon King has been born, bearing the mysterious power nobody came in contact with before him. Just for possessing this power, a bunch of deities had cast their curse on him—that is how terrifying this power is. Let us witness the legend these two will make - their journey on The Devil's Path. /— — — — — — — — — — — — — — — —The cover image doesn't belong to me,Character: Lu - Elsword— — — — — — — — — — — — — — — —/
8 175 - In Serial11 Chapters
Astral Battle Summoner Academy
After having an unexpected wake-up call, Lui Wing finds himself not in the last place he excepted to be but in another body from another world. The universe he was reincarnated to was a world full of powerful Evolutionary Beast, and Cultivators known as Battle Summoners. Join Lui Wing on his cultivation journey to be a legend that rises above all ranks with the help of his newly acquired "Golden Finger" or the System. Turning his previous host's shelter into an extraordinary Battle Academy with him as a headmaster. What could go wrong with stealing eggs and crystals from beasts while trying not to die? Cover made by me
8 80 - In Serial15 Chapters
You Can Do It Chongyun! [School AU]
[COMPLETED ◌ March 16 2021](Warning, in this story both travelers have ships of both AmberxLumine, and DilucxAether. If you have a problem with such a minor part in the story please leave or ignore it. If you comment on it your comment will get deleted. Now, enjoy)Chongyun has a crush, and everyone except the one he has a crush on. His friends try to encourage Chongyun to ask Xingqiu out, but will he actually mange to do it? Valentine's Day will put this all to the test!
8 105

