《Three Bears - 곰세마리》Three Bears - 13
Advertisement
“မနေ့ကပဲ ဂျီဝူးလေး မွေးပြီ သား”
လေဆိပ်ဆင်းဆင်းချင်း အမေက ဖုန်းဆက်လာသည်။ ဂျွန်ဂျောင်ကုတို့ အိန္ဒြေပင် မဆည်နိုင်။ ပါလာသမျှ အထုပ်အပိုးတွေ အကုန်လုံးကို လာကြိုသည့်လူထံ လက်လွှဲပေးခဲ့လိုက်ပြီး သူကတော့ ဆေးရုံကို တစ်ကိုယ်တည်း သုတ်ခြေတင်ကာ ပြေးတော့သည်။
ဆေးရုံဝန်းထဲ ရောက်တော့လည်း Suitကြီး တဖားဖားနဲ့ အမေပြောပြထားတဲ့ အခန်းနံပါတ်ဆီရောက်ဖို့အတွက်လည်း ခြေလှမ်းကျဲကြီးများဖြင့် အလောတကြီး လှမ်းခဲ့သည်။
"ဒီမှာ သား"
သူ့ကို စောင့်နေပုံရသည့် အမေက အခန်းလိုက်ရှာနေသည့်သူ့အား တံခါးဝကနေ လှမ်းခေါ်သည်။ အပြေးအလွှား လာခဲ့တာမို့ မောဟိုက်နေသည့် အသက်ရှူသံတွေကြားကပဲ အခန်းထဲကို လှမ်းကြည့်လိုက်မိပေမဲ့ သေချာမမြင်ရ။
"နှစ်ယောက်လုံး အထဲမှာ"
အသံထက် ခြေလှမ်းက စောနေခဲ့သည်။ ဝင်ဝင်ချင်း မြင်လိုက်ရတာက ကလေးချီထားသည့် အစ်ကိုကြီး။ ဆေးရုံကုတင်ပေါ် ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ပတ်ဂျီမင်း။
"လာပြီလား ဒီမှာ ဂျီဝူးလေ"
အချိန်မဆွဲ အစ်ကိုကြီးအနား သွားလိုက်ရင်း အနှီးထုပ်လေးကို ငုံ့ကြည့်လိုက်သည်။ အစ်ကိုကြီး လက်ပေါ်မှာ မျက်လုံးလေးမှိတ်ကာ ငြိမ်ငြိမ်လေး မှိန်းနေသည့် ကလေးပေါက်စလေး။
"ဂျီဝူးရေ ဒီမှာ မင်းဖေဖေရောက်လာပြီ"
မျက်လုံးဖွင့်မကြည့်။ သူ့ဟာသူ ပါးစပ်သေးသေးလေးကိုဟကာ ဝါးခနဲပင် သန်းဝေနေလိုက်သေးသည်။ စိတ်လှုပ်ရှားရပါသည်။ ကူးလုံးလေးရဲ့ မျက်လုံးတွေက ပတ်ဂျီမင်းနဲ့တူမလား၊ သူနဲ့ပဲ တူမလားဆိုတာကိုလည်း အထူးသိချင်လှသည်။
"ဂျီဝူး...ကူးလုံးလေး"
ဂျီဝူးလေး မျက်နှာနား တိုးကပ်သွားရင်း ခပ်တိုးတိုးဆိုလိုက်တော့ ခေါ်သံကြားတာကြောင့်ထင်၊ အကဲခတ်သလို မျက်လုံးလေးတစ်ဖက်ကို အရင်ဆုံး ဖွင့်ကြည့်လာသည်။ ဘယ့်နှယ့်ဟာလေးတုန်း။ အဖေအရင်းကိုတောင် ချေလိုက် မိုးလိုက်တာကွာ။
"Daddy လေ"
စကားဆုံးတော့ ဂျီဝူးက ခပ်ဖြည်းဖြည်းချင်း မျက်လုံးနှစ်ဖက်လုံး ဖွင့်ကြည့်လာသည်။ ဟော မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ပဲ။ ဟုတ်တယ် သူနဲ့တူတဲ့ မျက်လုံးဝိုင်းလေးတွေဟာ သူ့သား ဂျီဝူးဆီမှာ။
ဒါပေမဲ့.....ဒါပေမဲ့......
"ဂျီဝူးရေ အဲ့ဒါ မင်းအဖေလေကွာ။ အဖေကို ဘယ်လိုကြီး ကြည့်နေတာလဲ ဒီကလေးကတော့"
ကလေးပေါက်စလေးက သူ့အဖေဖြစ်တဲ့ ဂျွန်ဂျောင်ကုအား တစ်ခုခု အလိုမကျသလို မျက်လုံးလေးတွေနဲ့ အသေအချာ စိုက်ကြည့်လာတာမို့ အစ်ကိုကြီးက ပြောရင်းကပဲ တဟားဟား အော်ရယ်တော့သည်။ အစက မရယ်မိအောင် ထိန်းသေးပေမဲ့ ဂျွန်ဂျောင်ကုကို လှမ်းကြည့်နေတဲ့ မှုန်ကုတ်ကုတ် ဂျွန်ဂျီဝူးရုပ်က ကြည့်လေ ကြည့်လေ မရယ်ဘဲကို မနေနိုင်။
"အဲ့ဒါ မင်းအဖေအရင်းပါကွ"
ဂျွန်ဂျောင်ကုတစ်ယောက် သူ့ကို မျက်မှောင်ကြီးကုတ်ပြီး အသေအချာကြည့်နေတဲ့ သားဖြစ်သူကြောင့် ရယ်ရမလား၊ ငိုရမလားပင် မသဲကွဲ။ အစ်ကိုကြီးကတော့ ဂျီဝူးကိုကြည့်ပြီး အားရပါးရ ခွီနေတာ မျက်ရည်ပင် ထွက်ကျမတတ်။
ထိုအချိန်မှာပဲ ပတ်ဂျီမင်းလည်း သူတို့အသံတွေကြောင့် နိုးလာပုံရသည်။ နိုးနိုးချင်း မြင်ကွင်းထဲ ကလေးကိုချီကာ အကျယ်ကြီး အော်ရယ်နေတဲ့ အစ်ကိုကြီးကိုကြည့်ရင်း ဘာဖြစ်နေမှန်း ချက်ချင်း သဘောမပေါက်သေး။
အစ်ကိုကြီးဘေးမှာ ရပ်နေတဲ့သူ့ကိုမြင်သွားတော့ ဤသို့မေးလာသည်။
"ပြန်ရောက်ပြီလား"
"အင်း အခုပဲ"
စကားမပြန်၊ ခေါင်းပဲ လှမ်းငြိမ့်ပြသည်။ ပြီးတာနဲ့ ချက်ချင်း ကုတင်ပေါ် ထထိုင်လာသည်။
"အတော်ပဲ အငယ်လေး။ ဒီမှာ ဂျီဝူးကို ကြည့်ပါဦး"
"ဘာဖြစ်လို့လဲ"
အနားကပ်ပြလာသည့် အစ်ကိုကြီးလက်ထဲက သားကို ငုံ့ကြည့်လိုက်တော့ ဂျီဝူးက ဂျွန်ဂျောင်ကုအား အလိုမကျသလို မျက်မှောင်ကြီးကုတ်ပြီး အပီအပြင် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ အော် ဒီကလေးကတော့။
ကုတင်ခြေရင်းက ဂျွန်ဂျောင်ကုကို လှမ်းကြည့်လိုက်တော့လည်း ခုပဲ ရယ်မလို၊ ခုပဲ ငိုမလို မျက်နှာထားဖြင့် သူ့ကိုကြည့်နေတဲ့ သားမျက်နှာကြောင့် ရဲရဲတင်းတင်း ပွေ့မချီရဲရှာ။ သားအဖနှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုက အစ်ကိုကြီး ရယ်လည်း ရယ်ချင်စရာပါပဲ။
"ပေး အစ်ကိုကြီး"
မနေနိုင်တော့သည့် သူကပဲ သားကို အစ်ကိုကြီးဆီကနေ လက်ပြောင်းချီလိုက်ပြီး ဂျွန်ဂျောင်ကုလက်ထဲ ထည့်ပေးဖို့ပြင်လိုက်သည်။ သူ့လုပ်ရပ်ကြောင့် ချက်ချင်း ပြာယာခတ်သွားသည့် ဂျွန်ဂျောင်ကုခမျာ သူ့လက်ထဲ ထည့်ပေးလာသည့် သားကို သတိထားပြီး အနူးညံ့ဆုံး အသာအယာ ပွေ့ချီလာသည်။
"ဂျီဝူး....ကူးလုံးလေး Daddy ကို စိတ်ဆိုးနေတာလား။ ဘာကိုစိတ်ဆိုးနေမှန်းမသိပေမဲ့ တောင်းပန်ပါတယ်ကွာ နော်။ Daddy ကို အဲ့လိုကြီးမကြည့်ပါနဲ့"
အတန်ကြာအောင် စကားတွေ တတွတ်တွတ် ပြောပြီး၊ ချော့မော့ပြီးတော့မှ စိတ်ကျေနပ်သွားသည့်ဟန် ဂျီဝူးလေးက ပုံမှန်ပြန်ဖြစ်သွားကာ ဂျွန်ဂျောင်ကုလက်ထဲ နေသားကျသွားတော့သည်။ ဒေါသအိုးက မွေးလာလို့လားမသိဘူး၊ ဂျီဝူးကပါ ဂျစ်တူးလေး။ ဒါတောင် အခုမှ မွေးကင်းစရှိသေးတယ်။
"ဂျီဝူးက မင်းနဲ့တစ်ရုပ်တည်းပဲ ဂျောင်ကု"
အစ်ကိုကြီးက ပတ်ဂျီမင်းကို လှမ်းကြည့်ရင်း မျက်ခုံးပင့်ကာ ပြောလာသည်။ အစ်ကိုကြီးပြောသလိုပါပဲ။ မျက်လုံးဝိုင်းဝိုင်းတွေ၊ နှုတ်ခမ်းပါးပါးလေးတွေနဲ့ ကူးလုံးလေး ဂျီဝူးက ကြည့်လိုက်တာနဲ့ သူ့သားမှန်း တန်းသိသာစေသည်။
ဂျီမင်းကတော့ အစ်ကိုကြီးစကားကို မကြားချင်ယောင်ဆောင်ကာ အကြည့်လည်း လွှဲထားလေသည်။ လွှဲဆို ပြောတာ အမှန်ဖြစ်နေတာကိုး။
"မင်းက ခရီးတွေချည်းထွက်နေရလို့ ဂျီဝူးက စိတ်ဆိုးနေတာဖြစ်မယ်"
Advertisement
"အဲ့လိုလား"
သားကို ငုံ့ကြည့်လိုက်တော့ မျက်လုံးမှိတ်ကာ ပါးစပ်လေးလှုပ်စိလှုပ်စိနဲ့ သူ့လက်ပေါ်မှာ ဇိမ်ပြေနပြေ ထပ်မှိန်းနေသည်။ အခုတော့လည်း သူ မဟုတ်တော့သလိုပါလား။ လွန်ခဲ့သည့် မိနစ်အနည်းငယ်ကထိ သူ့ကို မကြည့်တကြည် စိုက်ကြည့်နေခဲ့တဲ့ မျက်မှောင်ကုတ်ကုတ်လေးတွေနဲ့ ကလေးလေးမဟုတ်တော့ပြီ။
ဒီကလေးသေးသေးလေးက သူ့ကလေးလေးတဲ့။ သူနဲ့ သူ့ရန်ဖက် ပတ်ဂျီမင်းရဲ့ အသွေးအသားလေး။ အချစ်မဟုတ်တဲ့ အမုန်းတွေကလည်း ချည်နှောင်လိုက်တာများ ကူးလုံးလေး ဂျီဝူးပါ ဖြစ်တည်လာတဲ့အထိ။
"မင်းရော အဆင်ပြေရဲ့လား"
"အင်း ဒီလိုပဲ"
လှမ်းမေးလိုက်တော့ ကုတင်ပေါ်ကလူက ထမင်းစားရေသောက်လေသံဖြင့် ဖြေလာသည်။ ထပ်ပြီး ဘာဆက်မေးရမယ်မသိ။ အတည်အတံ့တွေ တစ်ခါမှလည်း မပြောဖူးတာမို့ မတော် စကားမှားသွားမှာလည်းစိုးပြီး ဘာမှထပ်မပြောတော့ဘဲ ငြိမ်နေလိုက်ရသည်။
ဂျီဝူးလေးဟာလည်း
အခုထက်ထိ သူ့လက်ထဲမှာ ငြိမ်လို့။
__________________
ရှစ်လခန့်ကြာသော် -
မှေးခနဲ အိပ်ပျော်သွားချိန် သူ့ကိုယ်ပေါ်ကို တစ်ယောက်ယောက်က အားနဲ့ တက်ဖိထားသလို ခံစားလိုက်ရကာ အသက်ရှူလို့လည်း မဝတော့တာကြောင့် လန့်နိုးလာခဲ့သည်။
မျက်လုံးပွင့်ပွင့်ချင်း မြင်လိုက်ရတာက သူ့ရင်ဘတ်ပေါ်မှာ မှောက်ခုံလေး အိပ်ပျော်နေသည့် ဂျီဝူး။ ဂျီဝူးအတွက် အိပ်ရာသက်သက် လုပ်ထားပေးပေမဲ့လည်း အလည်လေးက လစ်ရင်လစ်သလို အဖေဖြစ်သူရဲ့ ရင်ဘတ်ပေါ်ပဲ တက်တက်အိပ်လေ့ရှိသည်။
ဘေးဘက်တွေကို ကြည့်လိုက်တော့လည်း ဂျီဝူးဆော့ထားသည့် အရုပ်တွေက သူတို့ပတ်ပတ်လည်မှာ ပြန့်ကြဲနေသည်။ သူ ခဏမှေးမိချိန် ဂျီဝူးလေးလည်း ဆော့ရင်း မောပြီး အိပ်ပျော်သွားဟန်တူသည်။ ပတ်ဂျီမင်းသာသိရင် ကလေးကို သေချာမထိန်းရကောင်းလားဆိုပြီး ဆဲခံထိဦးမယ်။
ဒါပေမဲ့ သူတို့အိပ်ပျော်နေတာက သားအတွက် သေချာ အန္တရာယ်ကင်းအောင် ပြင်ဆင်ပေးထားသည့် နေရာလေးမှာမို့ တော်ပါသေးသည်။ ဂျီဝူးလေးကို သူ့ရင်ဘတ်ပေါ်ကနေ အိပ်ရာခင်းပေါ် နေရာပြောင်းသိပ်ဖို့ပြင်တော့ အလည်လေးက ထုံးစံအတိုင်း မျက်လုံးလေးတစ်ဖက် အရင်ဖွင့်ကြည့်သည်။
ပြီးနောက် သူ့ကိုမြင်တော့ စိတ်ချသွားဟန် မျက်လုံးပြန်မှိတ်ကာ ပြန်အိပ်လေသည်။ သေချာကြည့်တော့မှ အိပ်တာတောင် လက်ထဲက အရုပ်လေးကို မချသည့် ကူးလုံးလေး ဂျီဝူး။ ဂျီဝူး သဘောအကျဆုံး အပြာရောင်လေယာဉ်အရုပ်လေးကို လက်သီးဆုပ်သေးသေးလေးထဲကနေ ဖြည်ယူလိုက်ပြီး အရုပ်ပုံးထဲ လှမ်းထည့်လိုက်သည်။
နာရီကို ကြည့်မိတော့ ညနေ လေးနာရီထိုး။ ဆိုကာမှ ဒေါသအိုးကိုလည်း မတွေ့ရ။ ညနေကြီး ဘယ်ထွက်သွားလဲမသိ။ ရေခဲသေတ္တာထဲက ရေသန့်တစ်ဗူးဆွဲထုတ်ကာ ကောက်မော့နေတုန်း ဖုန်းတစ်ကောလ်က သူ့ဆီဝင်လာသည်။ ရိုအာ့ဆီကပဲ။
"ပြောပါ ရိုအာ"
တစ်ဖက်က ဘာပြောလိုက်လဲတော့မသိ။ ဖုန်းကိုင်ထားသည့် ဂျွန်ဂျောင်ကုရဲ့လက်တွေက တင်းခနဲ။ မျက်နှာထက်မှာလည်း အဓိပ္ပါယ်ဖမ်းရခက်သည့် အရိပ်အယောင်တွေ ပြေးလွှားကုန်သည်။ သေချာတာကတော့ သတင်းကောင်းမဟုတ်နိုင်ပြီ။
"ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါဆို ကျွန်တော် ဖုန်းချလိုက်တော့မယ်"
ဖုန်းချပြီးပြီးချင်းမှာပဲ အိမ်အပြင်ကို သူ လှမ်းကြည့်လိုက်သည်။ ထိုသို့ ကြည့်နေစဉ် အချိန်ကိုက်ဆိုသလို ကားတစ်စီးက သူတို့အိမ်ကလေးရှေ့ ထိုးစိုက်လာပြီး ထိုကားပေါ်က ဆင်းလာသူဟာ ပတ်ဂျီမင်း။ ဟော ပြုံးလို့ ရွှင်လို့ ရယ်လို့ မောလို့။
ကားတစ်ဖက်ခြမ်းစီမှ ဆင်းလာသူက တခြားလူတော့မဟုတ်။ ပတ်ဂျီမင်း လက်မထပ်လိုက်ရသည့် သူ၏ အကောင်းစားကြင်ဖက် ဥက္ကဌဂျန်သာ ဖြစ်သည်။ ဂျွန်ဂျောင်ကုရဲ့ မေးကြောတွေ တင်းခနဲ။
ဆိုးလ်ကို ဥက္ကဌဂျန် ပြန်ရောက်နေပြီလို့ ဟိုတလောကမှ သတင်းကြားထားရတာ။ သူတို့ကတော့ အချင်းချင်း အဆက်အသွယ်တွေပါ ပြန်လုပ်နေကြပြီပဲ။ မြန်လိုက်တာလို့ လွယ်လွယ်လေး ထင်ကြေးမပေးချင်ပေမဲ့ အခုက သူ့မျက်စိရှေ့တည့်တည့်ကြီးမှာ။ ပြီးတော့ သူတို့အိမ်ရှေ့ တည့်တည့်ကြီးမှာ။
သိပ်အတင့်ရဲလွန်းတယ်။
"ပြန်လာပြီလား။ နောက်ပြီး ပျော်မှပျော်ရဲ့လား"
အိမ်ကလေးထဲ ဝင်ဝင်ချင်း ဆီးမေးခံလိုက်ရတာမို့ စိတ်မကြည်နေရတဲ့ကြားထဲ ဘာလဲဟလို့တောင် ရေရွတ်လိုက်မိသည်။
"သားရော"
"ငါမေးတာကိုသာ ဖြေစမ်းပါ"
"အခုမှပြန်ရောက်တာကို ဘာတွေလာကျပ်နေတာလဲ ဂျွန်ဂျောင်ကု"
"ငါနဲ့ကွာရှင်းချင်နေတာမလား"
ဂျီမင်းရဲ့ လှုပ်ရှားမှုတွေ တန့်သွားရသည်။ ဂျွန်ဂျောင်ကုက ဒါကို ဘယ်လိုသိနေတာလဲဆိုပြီး လှမ်းကြည့်လိုက်တော့ ဟက်ခနဲ တစ်ချက်ရယ်ရင်း 'ဟုတ်နေတာပဲ' ဟု ပြန်ပြောလာသည်။
"မဟုတ်မှ ဥက္ကဌဂျန်နဲ့ ပြန်တွဲချင်လို့များလား"
"ပေါက်ကရမပြောစမ်းနဲ့ ဂျွန်ဂျောင်ကု"
ရောက်ရောက်ချင်း စကားများရပြန်ပါပြီ။ အဆင်ပြေသလို၊ မပြေသလိုနဲ့ပဲ ရှေ့ဆက်လာခဲ့သည့် ဒီအိမ်ထောင်ရေးမှာ သူတို့နှစ်ယောက် ပေါင်းသင်းလာတာ အခု ဂျီဝူးပင် အသက်ရှစ်လရှိခဲ့ပြီ။
ထုံးစံအတိုင်း ရန်လည်းဖြစ်၊ စကားလည်းများကြပေမဲ့ ပြဿနာလို့မခေါ်ထိုက်တဲ့ စကားနိုင်လုချင်ရုံ ပြိုင်ဆိုင်မှုလေးတွေသာ။ သို့သော် ဒီတစ်ခေါက်ကတော့ အရှေ့နဲ့မတူစွာ မဆိုင်သည့် ဥက္ကဌဂျန်ပါ ပါဝင်လာတာမို့ စိတ်တိုသွားရသည်။
"မင်းရဲ့ အဲ့လို ဟိုလျှောက်စွပ်စွဲ ဒီလျှောက်စွပ်စွဲ လုပ်တတ်တဲ့ ပါးစပ်ကြီးကို အမုန်းဆုံးပဲ"
"မင်းမှန်နေရင် ငါလျှောက်စွပ်စွဲလည်း ဘာစိတ်ဆိုးစရာအကြောင်းရှိလဲ"
"ငါမှန်နေလို့ ပိုစိတ်တိုတာလေ အရူးကောင်ရဲ့"
တစ်ယောက်တစ်ခွန်း စကားများနေပေမဲ့ အသံတော့မကျယ်ရဲ။ သူတို့အသံတွေကြား ဂျီဝူးလေး လန့်နိုးသွားမှာစိုးတာကြောင့်ပင်။
"ငါ့ကို ရိုအာက အကုန်ဖုန်းဆက်ပြီး ပြောပြပြီးပြီ"
"ဟင်"
ဂျီမင်းမျက်လုံးတွေ ဝိုင်းခနဲ။ တဆက်တည်း သိလိုက်ရတာ မွန်ရိုအာက သူ့ကို သစ္စာဖောက်သွားပြီ။
"ငါ့ကိုသာ အထပ်ထပ် အရူးကောင်ဆိုပြီး ဆဲဆိုနေတာ။ တကယ်တမ်းရူးနေတာက မင်းဆိုတာရော သိရဲ့လား ပတ်ဂျီမင်း"
Advertisement
ပတ်ဂျီမင်းက သူရူးနေတာ သူ မသိဘူး။ ရိုအာဖုန်းဆက်လာတုန်းက သူ့နားသူတောင် မယုံနိုင်။ ညနေက ပျောက်သွားပါတယ်မှတ်နေတာ။ ဖြစ်ချင်တော့ ရိုအာနဲ့သွားတွေ့နေခဲ့တာတဲ့လေ။
"ပြောစရာရှိလို့ပါ"
"ဟုတ်ကဲ့။ ပြောပါ ဂျီမင်းရှီး"
"ဂျွန်ဂျောင်ကုနဲ့ ပြန်လက်ထပ်ပေးနိုင်မလား"
"ရှင်"
ရိုအာသည် မျက်လုံးအပြူးသားဖြင့် သူ(မ)ရှေ့မှာ ထိုင်နေသူအား ကြည့်လိုက်မိသည်။
"ရိုအာလည်း သိမှာပါ။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ လက်ထပ်ခဲ့ကြတာမဟုတ်ဘူးဆိုတာကို။ နောက်ပြီး သူ တကယ်သဘောကျတာက ရိုအာ့ကိုပါ"
ကျွန်မတော့ အဲ့လို မထင်ဘူးနော်လို့ ပြောလိုက်ချင်ပေမဲ့ ပြောမထွက်ခဲ့။ ဒုဥက္ကဌဂျွန်နဲ့ စေ့စပ်ပွဲဖျက်သိမ်းပြီးနောက်ပိုင်း လုပ်ဖော်ကိုင်ဖက်အနေနဲ့ သူ(မ)တို့ ရှေ့ဆက်ဖြစ်ခဲ့ကြသည်။
ထိုအချိန်ကာလတွေမှာ ဒုဥက္ကဌဘက်ကရော သူ့ဘက်ကရော မရိုးသားတဲ့ ဘာအနှောင်အဖွဲ့တစ်ခုမှ မပါဘဲ မိတ်ဆွေကောင်းတွေလိုပဲ နေခဲ့ကြတာ။ အဲ့လိုနေလာရင်း ရိုအာ သိလာရတာက ဒုဥက္ကဌရဲ့ ပတ်ဂျီမင်းနဲ့ ဂျီဝူးအပေါ်ထားတဲ့ သံယောဇဉ်တွေကိုပဲ။
ချစ်လို့ယူလိုက်ကြတာမဟုတ်ဘဲ ကလေးကြောင့်ဆိုတာ အဲ့တုန်းက ဂျောင်ကုကိုယ်တိုင် လာပြောပြလို့ ရိုအာလည်း သိခဲ့ပါတယ်။ ထိုအချိန်တုန်းက သူ(မ)ကို စေ့စပ်ပွဲဖျက်သိမ်းပေးဖို့ ပြောလာတဲ့ ဒုဥက္ကဌက ကိုယ့်အပေါ် အကြီးအကျယ် အားနာနေရုံကလွဲ သူ(မ)နဲ့ လွဲချော်ရလေခြင်းဆိုပြီး ဝမ်းနည်းကြေကွဲနေတာမျိုးမဟုတ်။
အဲ့ကတည်းက ဒုဥက္ကဌဘက်က သူ(မ)ကို အပြန်အလှန် သဘောကျနေခဲ့တာမျိုး မဟုတ်ဘူး၊ အဲ့လိုမျိုး တစ်ခါမှ မရှိခဲ့ဘူး ဆိုတာကို သိခဲ့လိုက်ရတာပဲ။ နောက်ပြီး ပတ်ဂျီမင်းနဲ့ အိမ်ထောင်ကျပြီး ဂျီဝူးလေးမွေးလာပြီးနောက်ပိုင်းတွေမှာ ဒုဥက္ကဌရဲ့ အရာရာတိုင်းက ထိုနှစ်ယောက်ကို ဦးစားပေးဖို့ချည်း။
ဒါကို အခု ဂျီမင်းက ဘာလို့ ဒီလိုတွေ လာပြောနေရတာလဲ။
"ရိုအာလည်း ဂျွန်ဂျောင်ကုကို အများကြီး သဘောကျတယ်မလား"
"ရှင်....အဲ့ဒါက"
"အမှန်တော့ ရိုအာနဲ့လက်ထပ်ပြီးရင် ဥက္ကဌရာထူးကို လွှဲပေးမယ်လို့ အန်ကယ်ဂျွန်က ပြောခဲ့ဖူးတယ်မလား။ ဒါပေမဲ့ ကြားထဲ မထင်မှတ်ထားတဲ့ ကိစ္စတွေကြောင့် အခုထိ ဒုဥက္ကဌနေရာမှာပဲ ရှိနေခဲ့တာ"
ရိုအာ့အတွက် အခုအကြိမ်က ပတ်ဂျီမင်းနဲ့ ပထမဆုံး တွေ့ဖူးတာဖြစ်သလို ပထမဆုံး စကားအကြာကြီး ပြောဖူးတာလည်းဖြစ်သည်။ ပြောတော့ အချင်းချင်း မတည့်ဘဲ မုန်းနေကြတာဆို။ အခုကျ ပတ်ဂျီမင်းက ဂျွန်ဂျောင်ကု ဥက္ကဌနေရာရဖို့အတွက် ကွာရှင်းပေးမဲ့အထိ။
ဟုတ်ပါတယ်။ သူ(မ) သဘောပေါက်လိုက်တော့ အဲ့အဓိပ္ပါယ်မျိုးပဲ။
"အန်ကယ်ဂျွန်ကလည်း ရိုအာ့ကို အခုထိ သဘောကျတုန်းမို့ အကယ်၍ လက်ထပ်လိုက်မယ်ဆိုရင်တောင် ပြဿနာမရှိလောက်ဘူးထင်တယ်"
"ပတ်ဂျီမင်းရှီး ကျွန်မပြောတာကို တစ်ချက် နားထောင်ပေးနိုင်မလား"
"ပြောပါ မွန်ရိုအာ"
"ဒုဥက္ကဌက ရှင်နဲ့ကွာပြီး ကျွန်မနဲ့ ပြန်လက်ထပ်လိုက်ရင် ဥက္ကဌကြီးဘက်က အရင်ကပြောထားတဲ့အတိုင်း ရာထူးလွှဲပေးနိုင်တယ်လို့တွေးမိပြီး ကျွန်မဆီလာခဲ့တာလား"
"အဲ့သဘောလည်း ပါပါတယ်။ နောက်ပြီး"
"ဒုဥက္ကဌ သဘောကျတာ ကျွန်မပါလို့ရော ထပ်ပြောဦးမလို့လား"
မွန်ရိုအာက သူပြောလာမည့် စကားတွေကို ရှေ့ကကြိုပိတ်သည်။ အင်း သိနေတော့လည်း သူ့ဘက်က ထပ်ပြောပြစရာ မလိုတော့တာပေါ့။
"ကျွန်မကို မချစ်တဲ့လူတစ်ယောက်ကို ကျွန်မ လက်ထပ်မှာမဟုတ်ဘူး"
"ဂျွန်ဂျောင်ကုက...."
"အဲ့ဂျွန်ဂျောင်ကုက ကျွန်မကို နည်းနည်းလေးတောင် မချစ်ဘူးလို့ အခုပြောနေတာ။ စေ့စပ်ပွဲကို ဖျက်သိမ်းရင် ဥက္ကဌရာထူးနဲ့ ဝေးသွားမယ်ဆိုတာလည်း သူရော ကျွန်မပါ သိတယ်။ နှစ်ယောက်လုံး သိတယ်။ သိခဲ့ကြတယ်။ ဒါပေမဲ့ အဲ့တုန်းက နည်းနည်းလေးတောင် တွန့်ဆုတ်မနေဘဲ ဖျက်သိမ်းခဲ့တာ။ အဲ့ဒါကိုရော ဂျီမင်းရှီး သိလား"
မေးလိုက်ပေမဲ့ နှုတ်ဆိတ်နေပြီး ပြန်မဖြေ။
"ကျွန်တော်တို့က မချစ်ကြဘူး။ မုန်းနေတာ။ နှစ်ယောက်လုံး ဒါတွေကိုပဲ အက်ကြောင်းထပ်နေအောင် ဆက်တိုက် ဆက်တိုက်ပြောနေကြပေမဲ့ ကျွန်မအတွက်တော့ ရှင်တို့မုန်းတာကြီးက တကယ်ကို အဆန်းပါလားရှင်"
မွန်ရိုအာ ဒေါသထွက်နေတာလား။ သူ(မ)ရှေ့က စားပွဲခုံကိုပါ လက်ဝါးနဲ့ တဖြန်းဖြန်းရိုက်ရင်း ပြောနေပုံကြည့်ရတာတော့ ဒေါသထွက်သွားတာ အမှန်ဖြစ်နိုင်တယ်။
"စိတ်မကောင်းပေမဲ့ ဒုဥက္ကဌကို ကျွန်မ ပြန်လက်ထပ်မှာမဟုတ်ပါဘူး။ နောက်ပြီး ရှင်တို့ပြောတဲ့ တစ်ယောက်ကိုတစ်ယောက် မုန်းနေကြတာဆိုတဲ့စကားကို ကျွန်မကတော့ အခုချိန်ကစပြီး ပြောင်းပြန်ပဲသတ်မှတ်လိုက်ပါပြီ။ ခွင့်ပြုပါဦး"
မွန်ရိုအာ ထထွက်သွားတော့ သူတစ်ယောက်တည်း စားပွဲဝိုင်းမှာ ထိုင်လျက် ကျန်ရစ်ခဲ့သည်။ ကြိုးစားကြည့်ပေမဲ့ အဆင်မပြေခဲ့။
"ငါ အဲ့ဥက္ကဌနေရာကို မရတော့ရော ဘာဖြစ်လဲ။ မင်းအတွက် သိမ်ငယ်စရာများ ဖြစ်နေတာလား။ ဒါမှမဟုတ် ဥက္ကဌဂျန်ထက် အဆင့်နိမ့်နေတယ်ဆိုပြီး ငါ့နဲ့လက်ထပ်ရတာ အဆင့်သိက္ခာကျသွားလို့လား"
"တစ်ခုမှ မဟုတ်ဘူး ဂျွန်ဂျောင်ကု။ မင်း ထင်ရာတွေပဲ စွတ်ပြောမနေနဲ့။ အဲ့ဒါက....."
"ဘာလဲ အဲ့ဒါက ဘာဖြစ်လဲ ဆက်ပြောလေ"
ဂျွန်ဂျောင်ကုဘက်က ကမှူးရှူးထိုးဖြစ်နေပေမဲ့လို့ ပတ်ဂျီမင်းကတော့ တစ်စုံတစ်ခုကို တွေးရင်း ခါတိုင်းထက် ငြိမ်သက်နေခဲ့သည်။ စက္ကန့်တွေ အနည်းငယ်ကုန်ဆုံးသွားပြီးနောက် ပတ်ဂျီမင်းက စကားပြန်စလာသည်။
"ပထမဆုံးအကြိမ် ငါ့ကိုယ်ငါ.....အပြစ်ရှိသလို ခံစားရလို့ အခုလို လုပ်မိလိုက်တာ"
ဒီတစ်ခါ သူ ငြိမ်ရမဲ့အလှည့်။ အပြစ်ရှိသလို ခံစားရလို့တဲ့။ ဘာကိုအပြစ်ရှိသလို ခံစားနေရလဲဆိုတာ ဂျွန်ဂျောင်ကု တကယ် နားမလည်။ ထိုသို့ နားမလည်တာကြောင့်လည်း ဘာပြန်ပြောရမယ်မသိပါ။
"ငါတို့ကြောင့် မင်းအိပ်မက်နဲ့ ပိုဝေးသွားတာလေ။ ငါနဲ့ဂျီဝူးကြောင့် အခုထိ ဥက္ကဌနေရာကို မရသေးဘဲ ဒီနှစ်တွေမှာ အသေအလဲ ပြန်ကြိုးစားနေရတာမလား"
ဂျွန်ဂျောင်ကုရဲ့ မျက်မှောင်တန်းတွေ တွ့န်ကွေးကုန်ရသည်။ သူနဲ့ပတ်ဂျီမင်းကြား တစ်ခုခုတော့ လွဲနေပြီ။
"ဒါပေမဲ့ မွန်ရိုအာနဲ့သာ ပြန်လက်ထပ်လိုက်ရင် ဥက္ကဌနေရာကို မင်း အလွယ်လေး ပြန်ရမှာပဲ"
"မင်းက ငါ့အတွက် တွေးပေးနေတာပဲ ပတ်ဂျီမင်း"
တိုးသက်သက်ပြောလာသည့် ဂျွန်ဂျောင်ကုရဲ့ စကားကို ငြိမ်နားထောင်ပြီး ပြန်မငြင်းမိ။
"ဒါပေမဲ့ မလိုဘူး ပတ်ဂျီမင်း။ တကယ် မလိုအပ်ဘူး။ ငါ အလုပ်ကြိုးစားတယ်ဆိုတာလည်း သားတစ်ယောက်အနေနဲ့ အဖေ့ယုံကြည်အားကိုးမှုကို ပျက်စီးစေခဲ့မိလို့၊ ပြီးတော့ ငါ့ရွေးချယ်မှုက မမှားဘူးဆိုတာကို ပြချင်လို့ ပိုကြိုးစားနေရုံပဲ။ ငါ ဥက္ကဌနေရာကို မက်မောပြီး လိုချင်လို့ နေ့နေ့ညည အလုပ်ကြိုးစားနေတာမဟုတ်ဘူး ဂျီမင်း"
"........"
"ငါ အခု ပြောခဲ့တဲ့စကားတွေကို သေချာမှတ်ထားပေး။ ဒါပေမဲ့ မှတ်ထားတာအပြင် မင်းယုံပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့"
စကားဆုံးသည်နှင့် အခန်းထဲက ထွက်ကျလာသည့် သားအသံသဲ့သဲ့ ကြားလိုက်ရသည်။ ကြည့်ရတာ အိပ်ရာက နိုးလာပုံ။
"ခဏလေး"
ဂျီဝူးဆီ သွားဖို့ ပြင်နေသည့် ဂျွန်ဂျောင်ကုရဲ့ ခြေလှမ်းတွေကို လှမ်းတားလိုက်တော့ အလိုလို ရပ်သွားခဲ့သည်။
"ဥက္ကဌဂျန်နဲ့က....မင်းထင်သလို မဟုတ်ဘူး။ ပွဲတုန်းက မတက်ခဲ့ရတဲ့အကြောင်း ပြောရင်း လမ်းကြုံလို့ အိမ်လိုက်ပို့ပေးရုံပဲ။ ဒီအတိုင်း ငါတို့ကြားမှာ ဘာကိစ္စမှ မရှိဘဲ ရိုးရိုးသားသားဆိုတာ မင်းကို ပြောပြချင်လို့"
နောက်ပြန်လှည့်ကြည့်ပြီး မျက်လုံးချင်းဆုံလိုက်ကာ သူ ယုံပါတယ်ဆိုသည့်သဘော ခေါင်းငြိမ့်ပြလာသည်။ ဒီလိုနဲ့ပဲ ထိုညနေတွင် သူတို့ကြားက စကားဝိုင်းကို ထိုမျှနဲ့ အဆုံးသတ်ခဲ့ကြသည်။
သူတို့ အဆင်ပြေသွားတာလား၊ အဆင်ပြေရော ပြေခဲ့ကြလားတောင် မသိ။ သေချာတာကတော့ သူတို့တွေ ပြောင်းလဲနေကြပြီဆိုတာပါပဲ။
_____________________
နောက်ဆုံးတစ်ပိုင်းပဲ ကျန် 🥺
"ဒီမှာ သား"
"နှစ်ယောက်လုံး အထဲမှာ"
"ဂျီဝူး...ကူးလုံးလေး"
"Daddy လေ"
ဒါပေမဲ့.....ဒါပေမဲ့......
"ပြန်ရောက်ပြီလား"
"အင်း အခုပဲ"
"ဘာဖြစ်လို့လဲ"
"ပေး အစ်ကိုကြီး"
Advertisement
- In Serial8 Chapters
The Boss of Beginner’s Village
Accardi, the World of Chaos and Glory. A well-known virtual reality game, where players could enjoy a new life as magical beings, powerful heroes or even despicable villains. The game’s programmer, our protagonist, accepted a famous web novelist’s proposal and that’s how the story ‘The Rising of the Magic Swordsman’ was born. Counting with Accardi’s finely made world settings and the writer’s creativity on its peak, both the game and the novel became tremendously popular. But before our protagonist could enjoy this popularity or plot the writer’s murder for distorting the world of Accardi, she died. And then she reincarnated, in a place incredibly similar to her own game’s world. Well, it wasn’t. She didn’t know what god she offended, but the world she reincarnated into wasn’t her Accardi, but the novel’s. To make it even worse, she wasn’t just a mob character, but actually a future member of the protagonist’s harem. And although everything was ridiculously troublesome, there was one thing she couldn’t accept: the fact that in the novel, her precious beginner’s village would be destroyed! Since one of the game’s gold rules was ‘no death at the beginner’s village’, our protagonist takes her pride as the game’s programmer to protect the village! Along the way, several individuals join her to help her goal. But as time passes by, they realized... this lass isn’t normal, is she. So, welcome to Doveshire! Hmm? Are you a powerful master traveling around? An highly dangerous wanted criminal? This kingdom’s King? Well, it doesn’t matter! You are all welcome at our humble village! However... you know, right? No ~ troubles ~ allowed~ *everbody shivers* Expect chapters usually once a week, Saturday or Sunday.
8 191 - In Serial14 Chapters
The Immortal Cultivator Is An Otaku
The age of cultivation has finally descended unto the world. It was a bloody era, brutal for everyone; one to revere for the weak, one to oppress for the strong.In this new era, the forsaken scrap for food while the talentless put their hopes in the next generation.In this new era, the dauntless awaken through countless tortures while the gifted ascend through sheer enlightenment.In this new era, the rich eat medicinal pills like candy and repress those who possess solid foundations...Bloodlines, classes, skills, perks, and mana pool:Those were the five determinants for assessing the potential of young cultivators.Hibari, who was born in a prominent clan of exorcists, didn't show attunement for any of those.For seven years, he who was recognized as "trash" by his contemporaries, has lived the path of a recluse, spending his days watching anime or playing video games.Like any hot-blooded kid, the young man had dreamed of a golden finger.But a prayer he made on his fifteenth birthday would compromise the majesty of the heavens for eternity.The second: "I must have heard you wrong."Heaven's Dao:"The first Immortal Emperor was an Otaku..."The third: "..."The fourth: "..."
8 281 - In Serial10 Chapters
Just An Outlier
How unfair is it when Roa enters a new world with his friend's classmates, he is as weak as a regular person while everyone else is outrageously overpowered? Roa soons learns that he cannot even gain experience, leaving him to be forever cast as a failure by the people who summoned him.As the outlier of the group, he is thrown into an endless abyss when he tries to help the group. Cut off the road of a hero, what path will he take? Rather, what path will Roa forge when he learns that the world isn't as black and white as he thought?
8 65 - In Serial7 Chapters
What Do I Want
A book on a lonely "secret schizoid" writer who longs to search the ties between the real world and his own divine fantasies. He finds that through his unmindful efforts people have confided in the person behind his books, comics, and songs. He only wanted to be better. "But was it enough?" He finds friends along the way that guide him personally through his "story", as they think it. He feels closer and closer to what he doesn't understand. So close to achieving true potential, but the question still remains. . . . what does he want?
8 94 - In Serial20 Chapters
legends
a group of people with different goals, different views, different skills, literally...each trying to make a name for themselves travel together, forming bonds; helping each other through the ups and downs... who am i kidding ~eh~ each trying to work through broken hearts,backstabbing friends, each with their own demons... join us on the quest for legends
8 161 - In Serial10 Chapters
Help me please...
Mm yes cross over "Hey Tommy?""Isn't that, that dream guy you told us about?"
8 186